အပိုင်း(၅၀၅)
Vol. 34 Ch. 505
“တိတ်စမ်း”
ရှန်းအောင်ရှင်းက လေထဲ၌ ဒူးထောက်နေပြီး ထိုလူ၏ရှေ့၌လေလွင့်ခွေး
တစ်ကောင်ကဲ့သို့ဖြစ်နေသော သူ၏သားဖြစ်သူအားကြည့်လိုက်သည်။ သူ့သားသားသူဘယ်လောက်ချစ်ပါစေ အသုံးမကျသည့်သူ့သားအား
သူ၏လှံပုဆိန်ဖြင့် အပိုင်းပိုင်းလုပ်ပစ်ချင်မိသည်။
“သားမိုက်..ငါ့မှာမင်းလိုသားမျိုးမရှိဘူး”
ရှန်းအောင်ရှင်းမှာ ဒေါသမာန်ဟုန်တို့ဖြင့်တောက်လောင်နေသည်။ သူက ဒေါသတကြီးအော်ဟစ်လိုက်ပြီး ခရမ်းရောင်လျှပ်စီးတို့ဝန်းရံနေသည့် သူ၏လက်ထဲရှိလှံပုဆိန်အား ကောင်းကင်ထဲသို့ထိုးသွင်းလိုက်သည်။
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..”
ရုတ်တရက် ရှန်းဟွေ့မြို့အထက်ကောင်းကင်ထဲ၌
လျှပ်စီးများလင်းလက်လာပြီး မိုးချုန်းသံများက မြည်ဟိန်းနေသည်။ ရှန်းအောင်ရှင်း၏လျှပ်စီးများက ကောင်းကင်နှင့်မြေကြီး၏လျှပ်စီးများအား လှုံ့ဆော်နိုင်စွမ်းရှိပုံပေါ်သည်။ ထို့နောက်ရုတ်ခြည်း သိပ်သည်းထူထဲသော ခရမ်းရောင်လျှပ်စီးကြောင်းများက ကောင်းကင်ထဲမှကျဆင်းလာ၏။ ၎င်းတို့ကများပြားသိပ်သည်းနေပြီး ကောင်းကင်ထဲမှကျဆင်းလာသည်။ ၎င်းတို့ကရှစ်ဖုန့်ရှိသောဧရိယာသို့ ဆင်းသက်လာကြခြင်းဖြစ်သည်။
“ဟမ့်…ဒီတော့.. ခင်ဗျားက ခင်ဗျားသားရဲ့အသက်ကို မလိုချင်တော့ဘူးပေါ့.. အရမ်းကောင်းတယ်..ဒီသခင်လေးက ခင်ဗျားရဲ့စွမ်းအားကို ခင်ဗျားရဲ့အသုံးမကျတဲ့သားကို အဆုံးသတ်ပေးဖို့ အတွက် အသုံးပြုပေးမယ်”
ရှစ်ဖုန့်က ခေါင်းကိုမော့၍ကျဆင်းလာသော သိပ်သည်းများပြားသည့်လျှပ်စီးများအား ကြည့်ရင်း အေးအေးလူလူပြောဆိုလိုက်သည်။
ထို့နောက်ချက်ချင်း ရှစ်ဖုန့်က သူ၏ညာလက်အားဆန့်ထုတ်၍ ရှန်းယွမ်၏ဦးခေါင်းအား ဆုပ်ကိုင်လိုက်သည်။
ရှန်းယွမ်မှာ ရှန်းအောင်ရှင်းနှင့် ရှစ်ဖုန့်၏စကားတို့အား ကြားလိုက်သည်။ ထို့နောက် ရှစ်ဖုန့်ကရုတ်တရက်လက်ကို
ဆန့်ထုတ်လိုက်ပြီး သူ၏ခေါင်းအားဆုပ်ကိုင်လိုက်သည်ကို တွေ့လိုက်ရသည်။
ရှစ်ဖုန့်၏လက်အတွင်းမှ ရှန်းယွမ် မှာ သနားစဖွယ်အော်ဟစ်နေ၏။
“အဖေ.. အဖေ. သားကိုကယ်ပါ.. အဖေ.သားကိုကယ်ပါအုံး.အဖေ..”
ဤအချိန်၌ သူ့ဝန်းကျင်ရှိကမ္ဘာကြီးက အဆက်မပြတ်လည်ပတ်နေသည်
ကိုသူခံစားရသည်။ ရှစ်ဖုန့်ကြောင့်သူ၏ကိုယ်က အဝေးသို့လွင့်ပျံထွက်သွားသည်။ လေထဲ၌လည်နေရင်း ကျဆင်းလာသောခရမ်းရောင်
လျှပ်စီးကြောင်းများထဲမှ ပထမတစ်ခုထံသို့ဦးတည်သွားသည်။
“အား…”
“ယွမ်..ယွမ်အာ”
ရှန်းအောင်ရှင်းအနေဖြင့် သူ၏သားဖြစ်သူက သူမျှော်မှန်းထားသည့်အတိုင်း
နေထိုင်ခြင်းမရှိသောကြောင့်မည်မျှ မုန်းတီးပါစေ အစောပိုင်းကသူ့သားအား
မည်မျှဒေါသထွက်ခဲ့ပါစေ ထိုလူက သူ၏သားအား လျှပ်စီးကြောင်းထံသို့ပစ်လွှတ်လိုက်သည်
ကိုမြင်တွေ့လိုက်ရသောအခါတွင် ရှန်းအောင်ရှင်း၏နှလုံးသားတို့ နူးညံ့သွားသည်။ သူ၏လက်ထဲရှိ လှံပုဆိန်အားကိုင်ဆောင်ရင်း သူ့ကိုယ်အတွင်းရှိစွမ်းအား
အကုန်အားအသုံးပြု၍ လေထဲရှိသူ၏သားဖြစ်သူထံသို့
အလျှင်အမြန်ပျံသန်းလိုက်သည်။
“ဟမ့်….ခင်ဗျားပဲ ခင်ဗျားသားဒီအမှိုက်ကိုမလိုချင်ဘူးလို့ပြောခဲ့ပြီးတော့.. အခုတော့ အမှိုက်ကိုကယ်တင်ချင်တဲ့သူဖြစ်ချင်ပြန်ပြီ.. အခုသူ့ကိုကယ်ဖို့အတွက် အရမ်းနောက်ကျသွားပြီ”
ဟင်းလင်းပြင်အတွင်းပျံသန်းနေသော ရှန်းအောင်ရှင်းအားကြည့်၍ ရှစ်ဖုန့်ကအေးစက်စွာနှာမှုတ်လိုက်သည်။ ရှစ်ဖုန့်၏လက်အတွင်းမှ မီးခိုးရောင်အလင်းတစ်ခုလင်းလက်သွားပြီး လပြည့်ဓားကရှစ်ဖုန့်၏လက်
အတွင်း၌ပေါ်လာ၏။
ငရဲဘုံစွမ်းအားအား ဓားအတွင်းသို့ပေါင်းထည့်လိုက်သည်။ ဓားသွား၌အလင်းတစ်ချက်
လင်းလက်သွားပြီး ဓားအားရှန်းအောင်ရှင်း
ထံသို့ရှစ်ဖုန့်ပစ်လိုက်သည်။
“ဝှစ်ရှ်..ဝှစ်ရှ်..ဝှစ်ရှ်..ဝှစ်ရှ် …ဝှစ်ရှ်..”
လပြည့်ဓားက လေထဲ၌တဝှီဝှီလည်ပတ်နေပြီး.. လေထုအားပိုင်းဖြတ်သော
အသံကိုထုတ်လွှတ်နေ၏။
“ဒါက..ဒီစွမ်းအားက”
ဟင်းလင်းပြင်ထဲသို့ပျံသန်းနေသော ရှန်းအောင်ရှင်းမှာ ဆန်းကြယ်သောစွမ်းအားအား သယ်ဆောင်၍ သူ့ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်လာသော လပြည့်ဓားကိုအာရုံခံမိလိုက်သည်။
ရုတ်ခြည်းရှန်းအောင်ရှင်း၏ နှလုံးသားထဲ၌ဘဝင်မကျသော
အန္တရာယ်အသိအာရုံတစ်ခုမြင့်တက်လာပြီး သူ့အားရွေးချယ်စရာမရှိစေဘဲ၎င်းအားတားဆီးစေလိုက်သည်။
“ဘန်း”
ခရမ်းရောင်လျှပ်စီးများဝန်းရံနေ
သောလှံပုဆိန်က ရုတ်တက်ရက်ကျဆင်းလာပြီး လပြည့်ဓားနှင့်ပစ်ဆောင့်မိကာ ကြွပ်ဆတ်သောအသံတစ်ခုအား ထုတ်လွှတ်လိုက်သည်။ သို့သော် ထို့နောက်ချက်ချင်းရှန်းအောင်ရှင်း၏ အမူအယာကကြီးစွာပြောင်းလဲသွားခဲ့သည်။
လှံပုဆိန်က လပြည့်ဓားနှင့်ပစ်ဆောင့်လိုက်သကဲ့သို့ ဆန်းကြယ်ပြီးအားကောင်းသောစွမ်းအားက ၎င်းထံမှလာနေသည်ကို ရှန်းအောင်ရှင်းခစားမိနိုင်သည်ဖြစ်သည်။ ဤစွမ်းအား၏အောက်တွင် ရှန်းအောင်ရှင်း၏ ကိုယ်မှာထိန်းချုပ်နိုင်ခြင်းမရှိဘဲ နောက်သို့လွင့်ထွက်သွားသည်။
“မဟုတ်ဖူး”
နောက်သို့လွင့်ထွက်သွားသော ရှန်းအောင်ရှင်း၌ လွန်စွာထိတ်လန့်သောအမူအယာတစ်ခု မျက်နှာထက်တွင်ဖြစ်ပေါ်နေသည်။ သူ၏ကိုယ်ကနောက်သို့ လွှင့်ထွက်သွားပြီး ယင်း၏ဆိုလိုချက်မှာသူ၏သားဖြစ်သူက………….
ရှန်းအောင်ရှင်းရုတ်တရက်သူ
၏ခေါင်းအားမော့လိုက်သည်။ဤအချိန်တင် သူပစ်လွှတ်လိုက်သောခရမ်း
ရောင်လျှပ်စီးကြောင်းက သူ၏သားဖြစ်သူ ရှန်းယွမ်အားထိမှန်သွားသည်ကို သူတွေ့လိုက်ရသည်။
“အား”
စူးစူးဝါးဝါးငယ်သံပါအောင်
အော်ဟစ်သောအသံက ဟင်းလင်းပြင်ထဲ၌ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ရှန်းယွမ်၏ကိုယ်မှာ သိပ်သည်းထူထဲသော လျှပ်စီးကြောင်း၏ ဝါးမျိုးခြင်းခံလိုက်ရသည်။
“ယွမ်..ယွမ်အာ….”
ရှန်းအောင်ရှင်း နှလုံးကြေကွဲဖွယ် အသားကုန်အော်ဟစ်လိုက်၏။ကမ္ဘာပေါ်တွင် အနာကျင်ရဆုံးသော အရာက
မိမိ၏သားဖြစ်သူ သေဆုံးသည်အားထိုင်ကြည့်ရခြင်းဖြစ်သည်။ ထိုထက်ပိုသည်ကား၎င်းက
သူ၏စွမ်းအားအောက်၌သေသွားရခြင်းဖြစ်၏။
ရုတ်တရက် ရှန်းအောင်ရှင်း၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်လာသည်။
“သေစမ်း..သူတောင်းစားလေး.. ငါမင်းကိုသေချင်စိတ်တွေပေါက်လာတဲ့အထိ ဒုက္ခတွေအများကြီးခံစားရအောင်လုပ်ပြမယ်.. ငါမင်းအရေပြားကို အရှင်လတ်လတ် ဆွဲဖြဲပြီး မင်းရဲ့ အရွတ််တွေကို ဆွဲထုတ်ပစ်မယ်.. ငါမင်းကိုအပိုင်းပို်ငးဆွဲဖြဲပစ်မယ်..အား…”
ရှန်းအောင်ရှင်းလှံပုဆိန်အား
လက်ထဲ၌ကိုင်ထားရင်းကောင်းကင်ထဲသို့ အော်ဟစ်လိုက်သည်။ သူ၏ရှည်လျားသောဆံပင်များက လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေပြီး သူ၏မျက်လုံးများကရဲရဲနီနေသည်။ ဤအချိန်တွင် ခံ့ညားပြီး အရှိန်အဝါကြီးမားသော ရှန်းဟွေ့မြို့၏ အရှင်သခင်ဖြစ်သူမှဗာ အရူးနတ်ဆိုးတစ်ကောင်ကဲ့သို့ဖြစ်သွားသည်။
“ဝုန်း..ဝုန်း.ဝုန်း..ဝုန်း..ဝုန်း”
ရှန်းအောင်ရှင်း၏ ပြင်းထန်သောစိတ်ခံစားချက်များအား အာရုံခံမိသကဲ့သို့ ကောင်းကင်ထဲရှိခရမ်းရောင်လျှပ်စီးတို့က ပို၍ တောက်ပလင်းလက်လာသည်။
လပြည့်ဓားကရှန်းအောင်ရှင်း
နှင့်သူ၏လှံပုဆိန်အား လွင့်ထွက်သွားအောင်လုပ်နိုင်ခဲ့သော်လည်း လပြည့်ဓား၏စွမ်းအားတို့ကလည်း ရှန်းအောင်ရှင်း၏တိုက်ခိုက်မှုအောက်၌ ပျောက်ကွယ်သွားရသည်ဖြစ်သည်။ ၎င်းကရှစ်ဖုန့်၏ဘေးသို့
လျှင်မြန်စွာပျံသန်းလာပြီး ရှစ်ဖုန့်ကဘယ်လက်ဖြင့် ဖမ်းဆီးလိုက်သည်။
ရှန်းယွမ်၏ကိုယ်အားဖျက်ဆီးပြီးနောက် ခရမ်းရောင်လျှပ်စီးတို့က ရှစ်ဖုန့်၊ကျိမို့နှင့် ကျားဖြူတို့ထံသို့ ဆက်လက်၍ အရှိန်အဟုန်ဖြင့်ကျဆင်းလာသည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးအား
ဖျက်ဆီးပစ်နိုင်သောစွမ်းအားတို့ပါရှိပုံရ၏။?
ခရမ်းရောင်လျှပ်စီးက စွမ်းအားကြီးမားပုံရသော်လည်း ၎င်း၏စွမ်းအားက ကြယ်ခြောက်ပွင့် သူတော်စင်နယ်ပယ်အဆင့်
တွင်သာရှိသည်ဖြစ်သည်။ ၎င်းက အရေအတွက်နှင့်သိပ်သည်း
မှုတွင်သာသာလွန်ခြင်းဖြစ်၏။
ရှစ်ဖုန့်၏ညာလက်တွင် သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး ရှစ်ဖုန့်၏လက်အတွင်း၌ သွေးသောက်ဓားပေါ်လာသည်။
သူ့လက်ထဲရှိသွေးသောက်ဓားအား ပြင်းထန်သောလျှပ်စီးများဖြင့်ပြည့်နှက်နေသည့်ကောင်းကင်ထဲသို့ ထိုးညွှန်လိုက်သည်။ ရှစ်ဖုန့်ကအော်ပြောလိုက်၏။
“ငရဲဘုံကိုးခု ကောင်းကင်ခွဲဓား”
ထို့နောက်ချက်ချင်း ဧရာမအဖြူရောင်ဓားရိပ်ကြီးက ရှစ်ဖုန့်၏အထက်ကောင်း
ကင်ထဲ၌ပေါ်လာပြီးဓားသွား
ပုံစံတောင်တစ်လုံးကဲ့သို့ ရှစ်ဖုန့်နှင့် အခြားသူများအထက်၌ဖြစ်ပေါ်လာ၏။
“ဝုန်း..ဝုန်း.ဝုန်း..ဝုန်း..ဝုန်း..”
ထို့နောက်မရေတွက်နိုင်သော လျှပ်စီးကြောင်းများက အဖြူရောင်ဓားရိပ်ပေါ်သို့ ခြေဖွဖျက်ဆီးရန်ကျဆင်းလာသည်။
သို့သော် တောင်တစ်ခုကဲ့သို့ကြီးမား
သောအဖြူရောင်ဓားက လေနှင့်မိုးတို့၏ရိုက်ခက်မှုအားကြံ့ကြံခံရပ်တည်သကဲ့သို့ရပ်တည်နေ၏။
၎င်းကလဲပြိုကျမည့်အရိပ်အရောင်အားလုံးဝ ပြသခြင်းမရှိပေ။
“ဒါက..ကောင်းလိုက်တာ.. အရမ်းစွမ်းအားကြီးတာပဲ”
ရှစ်ဖုန့်၏နောက်၌ရှိနေသောကျိမို့က ကောင်းကင်ထဲမှကျဆင်း
လာသောပြင်းထန်သည့်လျှပ်စီးကြောင်းများနှင့် ဧရာမအဖြူရောင်ဓားကြီး
တို့အားကြည့်၍မှင်တက်နေမိသည်။
ဤစွမ်းအား၏အောက်၌ အကယ်၍ ဤစွမ်းအားကသာသူ့အားထိမှန်ခဲ့လျှင် သူကကြယ်ကိုးပွင့်ဘိုးဘေး
နယ်ပယ်တစ်ဘောက်ဖြစ်နေခဲ့လျှင်တောင်ရှန်းယွမ်ကဲ့သို့သူသည်လည်း အပိုင်းပိုင်းခြေမွပစ်ခံရမည်ကို သံသယဖြစ်ခြင်းမရှိပေ။
“သူကအရမ်းအစွမ်းထက်တာပဲ..ကျိရှောင်းရဲ့တိုက်ခိုက်မှုကို သူတားနိုင်ခဲ့တနာ မအံ့ဩတော့ပါဘူး”
“အား..အား..အား..အား..အား..အား”
ဤအချိန်တွင်ရှန်းအောင်ရှင်းမှာသားရဲရိုင်းတစ်ကောင်ကဲ့သို့ဖြစ်နေပြီး ရှစ်ဖုန့်ရှေ့သို့ပျံသန်းလာပြီးဖြစ်သည်။ ခရမ်းရောင်လျှပ်စီးများဝန်းရံလျှက်ရှိသော လှံပုဆိန်၌ ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်၏ စွမ်းအားအပြည့်အဝပါရှိလေသည်။၎င်းက ရှစ်ဖုန့်၏ဦးခေါင်းထံသို့ရုတ်တရက် ကျဆင်းလာ၏။
“သတ်”
ရှန်းအောင်ရှင်းကသူ့ထံသို့ဦး
တည်လာသည်အား တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ကထပ်မံအော်ဟစ်လိုက်သည်။ ငရဲဘုံကိုးစွမ်းအားအား
လပြည့်ဓားအတွင်းပေါင်းထည့်လိုက်သည်။ ထို့နောက် သူ၏လက်အတွင်းရှိလပြည့်ဓားအား ခရမ်းရောင်လျှပ်စီးများဝန်းရံနေသည့် လှံပုဆိန်ထံသို့ ခုတ်ပိုင်းချလိုက်သည်။
“ငရဲဘုံကိုးခု လှိုင်းခွဲဓား”
ရှစ်ဖုန့်ကအော်ပြောလိုက်သည်။ လပြည့်ဓား၌အဖြူရောင်လင်း
တစ်ခုတောက်ပနေပြီး ၎င်းက လှံပုဆိန်နှင့် ပစ်ဆောင့်သွားသည်။
“ဘန်း”
ကြီးစွာသောစွမ်းအားနှင့်
တိုက်ပွဲဝင်လက်နက်နှစ်ခုက တစ်ခုနှင့်တစ်ခုနောက်တစ်ကြိမ်ပြင်းထန်စွာ ပစ်ဆောင့်မိပြီး ကြွပ်ဆတ်သောအသံတစ်ခုထွက်ပေါ်လာသည်။ဤတစ်ကြိမ်တွင် ရှစ်ဖုန့်ကသူရပ်နေသောနေရာ၌သာရှိနေပြီး လုံးဝလှုပ်ရှားခြင်းမရှိပေ။
ရှန်းအောင်ရှင်းမှာမူ ရှစ်ဖုန့်၏ခုတ်ပိုင်းချက်ကြောင့် နောက်တစ်ကြိမ်ထပ်မံ၍
လွင့်ပျံသွားပြန်သည်။
“ဒါကခင်ဗျားရဲအိုမင်းနေတဲ့အသက်တွက် အဆုံးသတ်ပဲ”
နောက်သို့လွင့်ထွက်သွား
သောရှန်းအောင်ရှင်းအားကြည့်၍ ရှစ်ဖုန့်ကထပ်မံအော်ပြောလိုက်သည်။ လပြည့်ဓားအတွင်းသို့ ငရဲဘုံကိုးခုစွမ်းအားအား ထပ်မံပေါင်းထည့်လိုက်၏။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE