← Chapters

ခွန်းယွင်တောင် အကြောက်တရားကို သိသေးတာပဲ

Vol. 77 Ch. 1067

ခွန်းယွင်တောင် အကြောက်တရားကို သိသေးတာပဲ

Vol. 77 Ch. 1067

မိုဝူကျိက ဒီလိုအချိန်မျိုး၌ အဘယ်ကြောင့် ရပ်တန့်ရမည်နည်း။ အဆင့် ၆ သေမင်းထောင်ချောက် အစီအရင်ကို အသက်သွင်းပြီးသွားပြီ ဖြစ်ရာ ပုဆိန်လှံရှည် အလင်းတန်းက နတ်ဘုရားဘုရင် ကျီတင်းဆီ ကျရောက်လာသည်။

နတ်ဘုရားဘုရင် ကျီတင်းက မိုဝူကျိသည် အရင်ဦးဆုံး တိုက်ခိုက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ချေ။ သူ့အမြင်၌ မိုဝူကျိက ပုရွက်ဆိတ်မျှသာ ရှိသေး၏။ နတ်ဘုရားဘုရင် ဟုန်ချီက မိုဝူကျိသည် လော့ဟွမ်စန်းကို သတ်နိင်ကြောင်းကို ပြောစဉ်က သူ မယုံခဲ့ပေ။ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးက နှစ်တစ်သောင်းအတွင်း လော့ဟွမ်စန်းကို သတ်နိုင်သည့်အထိ တိုးတက်လာသည်ဟု ပြောကြလျှင် မည်သူကမှ ယုံကြည်ကြမည် မဟုတ်ပေ။

နတ်ဘုရားဘုရင် ကျီတင်းက နတ်ဘုရားဘုရင် ဟုန်ချီ စကားများကို နားလည်ဖို့ ကြိုးစားနေစဉ် သူ့ဘေးပတ်လည်ရှိ အာကာပြင်မှာ တင်းကျပ်လာပြီး မရဏစွမ်းအားများ လွှမ်းခြုံသွားလေ၏။ နောက်အခိုက်အတန့်လေး၌ သူ့စွမ်းအားစက်ကွင်း တစစီ ကြေမွပျက်စီးသွားတော့မည့် အရိပ်အယောင်တို့ ကြီးစိုးလာသည်။ အဆိုးဆုံးပြောရလျှင် သူ့စိတ်စွမ်းအားများပင် လေးလံလာလေ၏။

“ ဝုန်း ” သဘာဝစွမ်းအားများ ပေါက်ကွဲလာမှုကို ခံစားမိသောကြောင့် နတ်ဘုရားဘုရင် ဟုန်ချီက မိုဝူကျိ၏ သေမင်းထောင်ချောက်အတွင်း ဝင်ကာ မိုဝူကျိ၏ ပုဆိန်လှံရှည်အား လက်သီးချက်ဖြင့် တားဆီးလိုက်သည်။

“ ဘုန်း” နတ်ဘုရားဘုရင် ဟုန်ချီ၏ လက်သီးချက်မှာ ချက်ချင်း ပျက်စီးသွားလေသည်။ မိုဝူကျိက လေဟုန်ဆန်မြစ်၏ တာအိုအရှိန်အဝါအား ရပ်တန့်လိုက်၏။ သူက နတ်ဘုရားဘုရင် ဟုန်ချီအား မထိခိုက်စေလိုပေ။ အမှန်တော့ မိုဝူကျိက သူ့သေမင်းထောင်ချောက် အစီအရင်အတွင်း  နတ်ဘုရားဘုရင် နှစ်ယောက်လုံးကို သတ်နိုင်စွမ်း ရှိသော်လည်း နတ်ဘုရားဘုရင် ဟုန်ချီသည် သစ္စာရှိသည့် အကြီးအကဲ တစ်ဦး ဖြစ်၏။ နတ်ဘုရားဘုရင် ဟုန်ချီက ကျီတင်းကို ကယ်လိုသည့် အကြောင်းအရင်းကိုတော့ မိုဝူကျိက ခန့်မှန်းမိပေသည်။

သူက နတ်ဘုရားဘုရင် ဟုန်ချီအား နတ်ဘုရားကမ္ဘာ ပြန်လည်ကောင်းမွန်လာမည့် အကြောင်း ပြောပြထား၏။ သို့သော်လည်း နတ်ဘုရားဘုရင် ဟုန်ချီက သံသယဝင်နေဆဲ ဖြစ်၏။ အကယ်၍ နတ်ဘုရားကမ္ဘာ ပြန်လည် မကောင်းမွန်လာလျှင် နတ်ဘုရားဘုရင် ကျီတင်းကို သတ်လိုက်ခြင်းက နတ်ဘုရားနယ်မြေအတွက် ကောင်းမည် မဟုတ်ပေ။

နတ်ဘုရားဘုရင် ဟုန်ချီအပေါ် မိုဝူကျိ၏ သက်ညှာမှုကို နတ်ဘုရားဘုရင် ကျီတင်းက ခံစားမိလိုက်သည်။ သူက အစီအရင်မှ ဆုတ်ခွာဖို့ရာ မြန်မြန် နောက်ဆုတ်ဖို့ ကြိုးစားလိုက်၏။

သို့သော်လည်း သူ လှုပ်ရှားလိုက်သည်နှင့် မိုဝူကျိ၏ သေမင်းထောင်ချောက် အစီအရင်အတွင်းမှ အာကာပြင် စည်းမျည်းများသည်လည်း လှုပ်ရှားသွားကြသည်။ ထိုစဉ် နတ်ဘုရားဘုရင် ကျီတင်းက သေမင်းထောင်ချောက် အစီအရင်အတွင်း၌ နောက်တစ်ကြိမ် ပိတ်မိသွားပြန်သည်။

ဤသေမင်းထောင်ချောက် အစီအရင်မှာ ပိတ်လှောင်မှု အစီအရင် မဟုတ်ဘဲ မိုဝူကျိက သူ့အာကာပြင် သင်္ကေတများကို အသုံးပြု၍ ယာယီတည်ဆောက်ထားသည့် အရာတစ်ခုသာ ဖြစ်ပေသည်။ နတ်ဘုရားဘုရင် ကျီတင်းက ဆက်လက် မကြိုးစားရဲတော့ဘဲ မျက်နှာအရောင်မှာ  ဖြူဖျော့သွားလေ၏။ သူက သေမင်းထောင်ချောက် အစီအရင်ကို ဆက်လက် တိုက်နေပါက မိုဝူကျိ ဒေါသအား သွားဆွသလို ဖြစ်မည်ကို စိုးရိမ်မိလာသည်။ ထိုစဉ် နတ်ဘုရားဘုရင် ဟုန်ချီ သူ့အတွက် တောင်းဆိုပေးလျှင်ပင် မိုဝူကျိက သူ့အား သတ်ခြင်းမှ တားဆီးနိုင်တော့မည် မဟုတ်ပေ။

အမှန်တော့ မိုဝူကျိက ဘာမှမလုပ်တော့ဘဲ နတ်ဘုရားဘုရင် ဟုန်ချီအား ကြည့်ကာ  “ နတ်ဘုရားဘုရင် ဟုန်ချီ  … ခင်ဗျားကို ထောက်ထားပြီးတော့ လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခါတော့ ဒီလိုအဖြစ်မျိုး ရှိလာမှာ မဟုတ်ဘူး ”

“ တာအိုရောင်းရင်းမို ကျေးဇူးပါ ” နတ်ဘုရားဘုရင် ဟုန်ချီက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်ပြီး နတ်ဘုရားဘုရင် ကျီတင်းအား မိုဝူကျိ၏ အစီအရင်အတွင်းမှ ဆွဲထုတ်လိုက်သည်။

မိုဝူကျိက နတ်ဘုရားဘုရင် ကျီတင်းအား အေးစက်စက် ကြည့်လိုက်သည်။ သူက နတ်ဘုရားဘုရင် ကျီတင်း သူ့အား ဆက်လက် တိုက်ခိုက်မည်ကို စိတ်မပူပေ။ အကယ်၍ နတ်ဘုရားဘုရင် ဟုန်ချီသာ ကျီတင်းအား မိုဝူကျိကို တိုက်ဖို့ ခွင့်ပြုခဲ့လျှင် သူက နတ်ဘုရားဘုရင် ဟုန်ချီအပေါ် မှားယွင်း၍ အကဲဖြတ်မိခြင်းသာ ဖြစ်လိမ့်မည်။ နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာပြီးသည့်နောက် သူ့ကျင့်ကြံဆင့်က တိုးတက်လာဦးမည် ဖြစ်၏။ ထိုအခါ နတ်ဘုရားဘုရင် ကျီတင်းက သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပေ။

နတ်ဘုရားဘုရင် ကျီတင်းက မိုဝူကျိသည် သေမင်းထောင်ချောက် အစီအရင် အသုံးမပြုလျှင် မိုဝူကျိက သူ့ပြိုင်ဖက် မဖြစ်နိုင်ကြောင်း အာရုံခံမိ၏။ ထိုသို့ဆိုလျှင်ပင် နတ်ဘုရားဘုရင် ကျီတင်းက မိုဝူကျိအား ဆက်လက်၍ မတိုက်ခိုက်ရဲတော့ပေ။

နတ်ဘုရားဘုရင် ဟုန်ချီက မိုဝူကျိအား ကျေးဇူးတင်ပြီးနောက် နတ်ဘုရားဘုရင် ကျီတင်းအား ဆွဲခေါ်သွားတော့သည်။ သူမ ဖခင်ဖြစ်သူက မိုဝူကျိအတွက် ပြိုင်ဖက် မဖြစ်ကြောင်း သိ၍ ယူကျန်းနာလည်း မိုဝူကျိနှင့် မည်သို့ ရင်ဆိုင်ရဲမည်နည်း။ သူမလဲ မြန်မြန် ထွက်သွားလေသည်။

“ ဝုန်း ဝုန်း ဝုန်း ” စည်းမျည်းအက်ကြောင်းမှ အသံကျယ်ကျယ် ထွက်ပေါ်လာကာ နတ်ဘုရားကျောက်များလည်း ပိုမို၍ ကြီးမားလာသည်။

မိုဝူကျိက မျက်မှောင်ကျုတ်ကာ နတ်ဘုရားကျောက်မိုးရွာသည်ကို လုယက်နေကြသည့် ကျင့်ကြံသူအုပ်လိုက်ကြီးကို ကြည့်လိုက်မိ၏။ သူက မိုးမြေ မီးပြင်းဖိုကို အသုံးပြု၍ ကံကြမ္မာကို မည်သို့ စုဆောင်းရမည်ကို တွေးတောနေသည်။

ခွန်းယွင်ဆီမှ ကံကြမ္မာ ထိပ်သီးရတနာများသည် ကံကြမ္မာ စုစည်းနိုင်ကြောင်း ကြားထားသော်လည်း သူက မည်သို့ လုပ်ရမည်ကို မသိပေ။

နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာသည့်အခါ သူက မိုးမြေ မီးပြင်းဖိုကို တစ်နေရာမှာ ချထားလိုက်ရုံပဲလား ….

ကံကြမ္မာက သူ့အလိုလို ရောက်လာမည်လား ….

မိုဝူကျိက သူ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် အိုးကြီးတစ်လုံး သယ်ဆောင်ထားသည့် ခွန်းယွင်ကို မြင်လိုက်ရသည်။

တစ်ချိန်တည်းဆိုသလို ခွန်းယွင်ကလည်း မိုဝူကျိအား သတိထားမိကာ မိုဝူကျိဘေး ရောက်လာသည်။ ထို့နောက် သူက မိုဝူကျိ နောက်ကျောမှ သမုဒ္ဒရာ ပန်းကန်လုံးအား စိုက်ကြည့်လိုက်ပြီးနောက် အားရပါးရ ရယ်မောလိုက်တော့သည်။

“ ညီအစ်ကို ဝူကျိ … အရင်တုန်းက ဝိဇ္ဇာနတ်ဘုရား လော့ရှု ဧည့်ခံပွဲတစ်ခု ကျင်းပပြီးတော့ ဧည့်သည်တွေကို ဖျော်ဖြေပေးဖို့ဆိုပြီး လူပြက်တွေကို ဖိတ်ခေါ်ခဲ့တာ မင်းလောက် မရယ်ရဘူး … ဟားဟား ”  ခွန်းယွင်က မနေနိုင်တော့ဘဲ အားရပါးရ အော်ရယ်လိုက်သည်။

သူက နတ်ဘုရားကမ္ဘာ၏ ကံကြမ္မာကို စုဆောင်းဖို့ အိုးတစ်လုံး သယ်ဆောင်ထားသည့်အတွက် မိုဝူကျိကလည်း သူ့အတိုင်း လိုက်လုပ်ကာ ပန်းကန်လုံးကြီး သယ်ထားလေသည်။ သူ့အိုးက ထောင်ထျဲ့အိုး ဖြစ်ပြီး စကြဝဠာကြီးထဲ၌ တစ်ခုသာလျှင် ရှိပေသည်။

မိုဝူကျိက ခွန်းယွင် ဘာကို ရယ်မောနေသည်ကို သိ၍ သက်ပြင်းသာ ချလိုက်သည်။ ခွန်းယွင်က ဤအရာသည် မိုးမြေ မီးပြင်းဖို ဖြစ်ကြောင်း ပြောနိုင်ဟန် မပေါ်ပေ။

“ အစ်ကိုခွန်းယွင် … ခင်ဗျားရဲ့ အိုးက ကံကြမ္မာကို ဘယ်လိုစုဆောင်းမှာလဲ ” မိုဝူကျိက ရယ်မောရင်း မေးလိုက်သည်။

ခွန်းယွင်က အရယ်ရပ်လိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ပေးလိုက်သည်

“ ဒါက မင်းအတွက် …. အရမ်းအံ့ဩဖို့ ကောင်းတာတော့ မဟုတ်ပါဘူး။ ညီအစ်ကို ဝူကျိ မင်းရဲ အစ်ကိုကြီးစကားကို နားထောင်ပြီး ကျင့်ကြံရေးနဲ့ နတ်ဝိညာဉ်သွေးကြော စုဆောင်းဖို့ပဲ အာရုံစိုက်ထားစမ်းပါကွာ ”

မိုဝူကျိက ကျောက်စိမ်းပေလွှာကို လက်ခံကာ ပြန်ဖြေလိုက်၏  “ ကျုပ်ရဲ့ ကံကောင်းမှု ပန်းကန်လုံးကို ကံကြမ္မာစုဆောင်းဖို့ ထားပြီးတော့ ကျုပ်က ကျင့်ကြံရေးလည်း လုပ်မယ်၊ နတ်ဝိညာဉ်သွေးကြောတွေကိုလည်း စုဆောင်းမယ် ”

ခွန်းယွင်က တအံ့တဩ ပြောလိုက်သည် “ မင်း ပြောတာ မှန်တယ် ”

“ အစ်ကိုခွန်းယွင်ကို မေးစရာ ရှိသေးတယ်။ စောစောလေးက ပြောလိုက်တဲ့ ဝိဇ္ဇာနတ်ဘုရား လော့ရှုဆိုတာ ဘယ်သူလဲ ”

ခွန်းယွင်က ခေါင်းခါလိုက်ရင်း အမူအယာ ပြောင်းလဲသွားတော့သည်။ သူက မိုဝူကျိ၏ မေးခွန်းကို ဖြေပင် မဖြေပေ။

မိုဝူကျိက ခွန်းယွင် ပခုံးကို ပုတ်ကာ

“ အစ်ကိုကို အဲဒီ လော့ရှု လူအိုကြီးက အနိုင်ကျင့်သွားတာလား။ ခင်ဗျားကြည့်ရတာ အနိုင်ကျင့်ခဲ့ရတဲ့ မင်းသမီးလေးကျလို့  … စိတ်မပူပါနဲ့ ခင်ဗျားရဲ့ ညီလေးက နောင်ကျ လော့ရှုကို တွေ့ရင် လက်စားချေပေးမှာပေါ့။ သူ့နားရွက် ဆွဲပြီးတော့ကို တောင်းပန်ခိုင်းပစ်မယ် ”

“ ဝုန်း ” မိုဝူကျိ ပြောနေစဉ် ကလေးလက်မောင်း အရွယ်ရှိ လျှပ်စီးမည်းမည်း တစ်ချက်က ကျရောက်လာသည်။

လျှပ်စီးချက်က ရေပုံးလောက် ကြီးလျှင်ပင် မိုဝူကျိအား ဘာမှမဖြစ်စေပေ။ သို့သော် ဤကလေးလက်မောင်း အရွယ်ရှိ လျှပ်စီးချက်က မိုဝူကျိအား အရိုးကျိုးစေကာ လွှင့်စင်သွားစေ၏။

“ ငါ မပါဘူး ….” ခွန်းယွင်က တုန်တုန်ယင်ယင်ဖြင့် အရိပ်အယောင်မကျန် ကွယ်ပျောက်သွားလေသည်။

မိုဝူကျိအနေနှင့်  မိုးမြေ မီးပြင်းဖိုက  တန်ပြန်အားကို တားဆီးလိုက်သောကြောင့် အံ့အားသင့်မိသွားသည်။

ထိုအရာက မိုဝူကျိ၏ စွမ်းအားကို အာရုံမခံမိတော့သည့်အလား နောက်ဆုံး၌ သဏ္ဍာန်မဲ့ ကြောက်မက်ဖွယ် စွမ်းအားက လေဟာပြင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိက မီးပြင်းဖိုကို သိမ်းလိုက်ပြီး အဆုံးမဲ့ လေဟာနယ်ကြီးအား မကျေမနပ် ကြည့်လိုက်တော့သည်။ သူက ဝိဇ္ဇာရုပ်ခန္ဓာအဆင့် ရောက်မနေခဲ့လျှင် သူ လုပ်လိုက်သည့် ပြက်လုံးကြောင့် အမှန်တကယ် သေဆုံးသွားနိုင်၏။

မိုဝူကျိက လော့ရှုသည် ဤမျှအထိ ကြောက်စရာ ကောင်းလိမ့်မည်ဟု မသိပေ။ မိုဝူကျိက လော့ရှုသည် သူ့စကားများကို ကြားလိုက်သောကြောင့် အပြစ်ပေးခံရသည်ဟု မထင်မိပေ။ အကယ်၍ ဤသို့ ဖြစ်နေခဲ့လျှင် မိုဝူကျိက အသက်ဆုံးရှုံးနေရလောက်လေပြီ။ ဖြစ်နိုင်သည်က လော့ရှုသည် နတ်ဘုရားကမ္ဘာထဲ၌ သူ့အပိုင် ဖြစ်သော စည်းမျည်းစွမ်းအားတချို့ချန်ရစ်ထားခဲ့၍သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က သူ့အား အော်ငေါက်သည့်အခါ ထိုအရာက လျှပ်စီးချက်နှင့်အတူ စည်းမျည်းစွမ်းအားများကို ပေါင်း၍ စတင် တိုက်ခိုက်ခြင်း ဖြစ်၏။

ခွန်းယွင်က တစ်ခွန်းမှ မပြောရဲဘဲ ချက်ချင်း ထွက်ပြေးသွားလေသည်။ ခွန်းယွင် အမြင်၌ ဤလော့ရှုက မည်မျှ အားကြီးကြောင်း သိသာလှပေသည်။ မိုဝူကျိက ခွန်းယွင်လိုမျိုး မောက်မာသည့်သူကို ကောင်းကောင်း သိ၏။ ခွန်းယွင်လိုမျိုး လူအား ချက်ချင်း ထွက်ပြေးသွားစေဖို့ရာ လော့ရှုက အရမ်းကို အားကောင်းလွန်၍သာ မကလောက်ပေ။

မိုဝူကျိက ခွန်းယွင် ပေးခဲ့သည့် ကျောက်စိမ်းပေလွှာကို ထုတ်ကြည့်လိုက်၏။ မိတ်ဆက်ကား ကံကြမ္မာကို စုဆောင်းဖို့ရာအတွက် အစီအရင်တစ်ခု ခင်းကျင်းဖို့ လိုအပ်ကြောင်း ရေးသားထား၏။ ထိုအစီအရင်ကို မည်သို့ ခင်းကျင်းရမည်ကိုလည်း အသေးစိတ် ရှင်းပြထားသည်။

ခွန်းယွင်က ဤအစီအရင်ကို နေရာတိုင်း၌ ခင်းကျင်းနိုင်ကြောင်း ဆိုခဲ့ပြီး ကံကြမ္မာကို စုဆောင်းနိုင်မည့် ရတနာ ရှိနေသရွေ့ ဖြစ်သည်။ သို့သော်လည်း မိုဝူကျိက အရွက်မဲ့တောအုပ်နှင့် မျက်နှာချင်းဆို သူ့ကိုယ်ပိုင်နေရာလေးကိုသာ ရွေးချယ်လိုက်သည်။

ကမ္ဘာဦး စိတ်ဝိညာဉ် ဗဟိုချက်သည် အရွက်မဲ့တောအုပ်၌သာ တွေ့ရလေ့ ရှိ၏။ မိုဝူကျိ၏ အမြင်အရ အရွက်မဲ့တောအုပ်သည် ဖန်ဆင်းမှုအက်ကြောင်းနှင့် သေချာပေါက် ဆက်နွယ်နေပေလိမ့်မည်။

မိုဝူကျိက အဆင့် ၈ နတ်ဘုရားအစီအရင်ကို မခင်းကျင်းနိုင်သော်လည်း မိုးမြေ မီးပြင်းဖိုအား ထားမည့် အစီအရင်က အားနည်းသည် ဖြစ်စေ၊ အားကောင်းသည် ဖြစ်စေ အရေးမကြီးပေ။ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာသည့်အခါ မိုးမြေ၏ အဆုံးမဲ့ ကံကြမ္မာ ရရှိလာမည် ဖြစ်၏။ အစီအရင်က အားကောင်းနေလျှင်ပင် ကံကြမ္မာ ထိပ်သီးရတနာတစ်ခုက ကံကြမ္မာအားလုံးကို စုဆောင်းနိုင်စွမ်း ရှိမည် မဟုတ်ပေ။

မိုဝူကျိက အဆင့် ၇ အစီအရင် ခင်းကျင်းခဲ့သည်မှာ သူ့အနာဂတ်နှင့် သက်ဆိုင်နေသောကြောင့် ဖြစ်ပြီး ဤအခွင့်အရေးအား လုံးဝ လက်မလွှတ်နိုင်ပေ။

သူက အဆင့် ၇ ကံကြမ္မာ အစီအရင်ကို ခင်းကျင်းပေးပြီးနောက် အပြင်ဘက်၌ အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်နှင့်အတူ အဆင့် ၇ ကာကွယ်ရေး အစီအရင်ကိုပါ ခင်းကျင်းလိုက်သည်။

စည်းမျည်းအက်ကြောင်းက နတ်ဘုရားကျောက်များ ဆက်တိုက် ထုတ်ပေးနေဆဲ ဖြစ်သော်လည်း မိုဝူကျိက ထိုကျောက်များအတွက် တိုက်ခိုက်ဖို့ရာ စိတ်မဝင်စားပေ။ သူက ကာကွယ်ရေး အစီအရင်အတွင်း နေကာ ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးကို ထုတ်ယူလိုက်၏။

နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာပြီး နတ်ဝိညာဉ်သွေးကြောများ ထွက်ပေါ်လာသည့်အခါ သွေးသံရဲရဲ မည်မျှ ဖြစ်မည်ကို မခန့်မှန်းနိုင်ပေ။ ကျင့်ကြံသူ တစ်ယောက်အနေနှင့် ကျင့်ကြံရေး လှေကားထစ် တက်လှမ်းနိုင်မည့် သွေးဆောင်ခံရမှုကို မည်သူကမှ မကြောက်ရွံ့ကြပေ။ ကျင့်ကြံသူတိုင်းက ကျင့်ကြံရေး အရင်းအမြစ်များအတွက် အရူးအမူး တိုက်ခိုက်ကြပေမည်။

မိုဝူကျိက သာမာန်နတ်ဘုရားဘုရင်ကို မကြောက်သော်လည်း  အလယ်အလတ် နတ်ဘုရားဘုရင်အဆင့်နှင့်အထက်အား ရင်ဆိုင်ရလျှင် အရေးနိမ့်နိုင်ပေသည်။ ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးက ထိပ်တန်း ရတနာတစ်ခု ဖြစ်၏။ အကယ်၍ သူသာ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်မလာခင် ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးထဲမှ ပညာရပ် တစ်ခု၊ နှစ်ခုလောက် တတ်ကျွမ်းထားလျှင် သူ့က သေချာပေါက် အားကောင်းလာလိမ့်မည်။

ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးက သစ်ခေါက်နက် အပိုင်းအစတစ်ခုသာ ဖြစ်၏။ မိုဝူကျိက ထိုသစ်ခေါက်နက်ကို ဦးဆုံး သိမ်းထားလိုက်စဉ်က အသေးစိတ်ကို သတိမထားမိခဲ့ပေ။ ယခု နောက်တစ်ဖန် ပြန်ထုတ်ကြည့်သည့်အခါမှ အဆုံးမဲ့ ထိပ်တန်းအရှိန်အဝါကို ချက်ချင်း ခံစားလိုက်မိ၏။

***

All Chapters