အခန်း (၁၆၆)
Vol. 12 Ch. 166
"အဖေကတော့ ပေါက်တတ်ကရတွေ ပြောနေပြန်ပါပြီ...သမီးတို့က ညစာစားရုံသပ်သပ်ပဲအဖေ ထင်နေသလို မဟုတ်ဘူး..."
"အေးပါ အေးပါ...အဖေလည်း ဘယ်လိုမှ မထင်ပါဘူး..."ကျီအန်းထိုင် သူ့သမီးရှက်နေသည်ကို မြင်တော့ ပြုံးလိုက်ပြီး "အဖေ သမီးအမေနဲ့ အရင်သွားနှင့်တော့မယ်..."
ကျီချင်းရန်၏ မိဘများ ထွက်သွားပြီးနောက် လင်းရီ ဆိုဖာပေါ်တွင် အားရပါးရ ထိုင်ချလိုက်သည်။
"ဟူး...ချင်းရန် ချင်းရန်...မင်းကတော့ တကယ် မယုံရတာပဲ...အခုအန်ကယ်နဲ့ အန်တီတို့က ငါ့ကို လွယ်လွယ်ရတာနဲ့ စားမဲ့ကောင်လို့ ထင်သွားပြီ...ငါ့ရဲ့ ဂုဏ်သိက္ခာတွေတော့ သွားပြီ ထင်ပါရဲ့ကွာ..."
"ဘာတွေ လာပြောနေတာလဲ...ဒီမှာ နစ်နာသူက ငါပါနော်..."ကျီချင်းရန် မကျေမနပ် ပြောလိုက်သည်။
"ငါတော့ သွားပါပြီ..နောက်တစ်ခါ အမေတို့နဲ့တွေ့ရင် ဘယ်လို မျက်နှာချင်းဆိုင်ရမလဲတောင် မသိတော့ဘူး..."
"မင်းက ငါနဲ့လာမယှဉ်နဲ့...ငါ့ရဲ့ အပြစ်ကင်းစင်မှုက ပိုအရေးကြီးတယ်..."
"လင်းရီ..ငါ့အထင်တော့ နင်က တဖြည်းဖြည်းနဲ့ အရေ ပိုပိုထူလာသလိုပဲ..."
ကျီချင်းရန် သူမ အင်္ကျီလက်များကို ခေါက်တင်ပြီး ပြောလိုက်၏။
"ငါနင်နဲ့ စူပါမားကတ်တုန်းက မကျေပွဲတောင် ခုထိ မနွှဲရသေးဘူးနော်..."
"လာလေ..လာစမ်းပါ....ခုပဲ အပေါ်ထပ်က အိပ်ခန်းထဲမှာ သွားဖိုက်မယ် လာခဲ့..."
လင်းရီ ပြောလိုက်သည်။
"အိပ်ခန်းထဲ မဟုတ်ဘူး..ဆိုဖာပေါ်မှာပဲ.."
"ဘာကြီး..မင်းက ဆိုဖာပေါ်မှာ ချချင်တာလား...မင်းက နာမည်ကြီးတဲ့ ကျောင်းဆင်းမဟုတ်ဘူးလား..ဘာလို့ ငါ့ထက်တောင် အကွက်ဆန်းတွေ သိနေတာလဲဟ..."
"ကောင်စုတ် နင်ဖြစ်ချင်တာတွေ ဆွဲတွေးမနေနဲ့...ဒီနေ့တော့ နင့်ကို သင်ခန်းစာ ကောင်းကောင်းပေးမှ ဖြစ်တော့မယ်..."
ကျီချင်းရန်၏ မျက်နှာထက်တွင် ခပ်ဆိုးဆိုး အမူအရာများ ထွက်ပေါ်လာပြီး အေးတိအေးစက် အမျိုးသမီး CEO ပုံစံနှင့် လာလားမျှ မသက်ဆိုင်တော့ပေ။ ချိစ်အလုခံလိုက်ရသော ကြွက်စုတ်လေးကဲ့သို့ စိတ်တိုဒေါသထွက်နေပြီး လင်းရီနှင့် စတင် တိုက်ခိုက်တော့၏။
နှစ်ယောက်သား တတ်ကျွမ်းသမျှ ပညာများ ထုတ်သုံးနေချိန် ရုတ်တရက်ဆိုသလို လင်းရီ အင်္ကျီအိတ်ကပ်ထဲမှ အဖြူရောင် ဆေးဘူးလေးတစ်ဘူး ထွက်ကျလာခဲ့သည်။
"ဟမ်...ဘာလေးပါလိမ့်..."
ကျီချင်းရန် သိချင်စိတ် ပြင်းပြစွာဖြင့် အဖြူရောင် ဆေးဘူးလေးကို ကောက်ကိုင်လိုက်သည်။
အဲ့တာကငါ့ထဲ ဘယ်လိုလုပ် ရောက်နေတာတုန်းဟ...
အဖြူရောင် ဆေးဘူးလေးကို မြင်တော့ လင်းရီ တခဏမျှ စိတ်ရှုပ်ထွေးသွားသည်။
ငါဖျားနေတာလဲမဟုတ်ဘဲနဲ့...ဘာလို့ ဆေးဘူးက ရှိနေတာပါလိမ့်...
စဉ်းစားရင်းဖြင့် လင်းရီ ရုတ်တရက် တစ်ခုခုကို ပြန်လည်အမှတ်ရသွားသောအခါ ရုတ်ချည်း အေးခဲသွားတော့၏။
အဲ့တာ မိုချင်း၀မ် မှာလိုက်တဲ့ သန္ဓေတားဆေးကြီး မဟုတ်ဘူးလားဟ...
ဝှက်သယ်ဖက်..ငါတော့ဂွမ်းပြီ...
လင်းရီ ခုမှ ဆေးဘူး ဘာလို့ သူ့အိတ်ကပ်ထဲ ရောက်နေလိုတာ နားလည်သွားတော့၏။ သူမိုချင်း၀မ်နှင့် အချင်းများခဲ့ပြီး ရန်ဖုန်းပါ ပါလာသောအခါ စကားဦးတည်ရာများ ပြောင်းလဲသွားပြီး ဆေးကို ပေးရန် မေ့ခဲ့လေသည်။
ထို့ကြောင့် သူ၏ မသိစိတ်က ဆေးဘူးကို အိတ်ကပ်ထဲသို့ အလိုအလျောက် ထည့်လိုက်ပြီး ခုလို ရုတ်တရက် ပြုတ်ကျလာလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့။
ငိုးပဲကွာ...နည်းနည်းလေး ပိုပြီး သတိကပ်လိုက်ရမှာ...
"လင်းရီ..နင် နေမကောင်းဘူးလား.."ကျီချင်းရန် ဆေးဘူးကို ကြည့်လိုက်ရင်း "ဒါနဲ့ ..ဒါကဘာဆေးကြီးလဲ..ငါတစ်နေရာရာမှာ မြင်ဖူးသလားလို့..."
အာ...
လင်းရီ သူမကို တားဆီးချင်နေသော်လည်း နောက်ကျသွားခဲ့ချေပြီ။
ဆေးညွှန်းကို ဖတ်ကြည့်ပြီးနောက် ကျီချင်းရန် အမူအရာရပ်တန့်သွားပြီး နေရာမှတင် အေးခဲသွားတော့၏။သူမ မျက်နှာမှာလည်း ရဲရဲနီလျက်ရှိသည်။
သူမ အနှစ်နှစ်ဆယ် သက်တမ်းတစ်လျှောက် ယခုလို ဆေးမျိုးကို ပထဆုံး မြင်ဖူးခြင်းပင်။
"လင်းရီ...နင်က ငါ့ဆီလာတာကို ဒီဆေး၀ယ်လာခဲ့တယ်ပေါ့..နင်ငါ့ကို ဘယ်လို မိန်းမလို့များ အောက်မေ့နေလဲ....."
"အာ...အထင်လွဲနေတယ်လို့ ပြောရင် မင်းငါ့ကို ယုံမှာလား..."
"ငါ့ ဖင်ကြီးကိုပဲ ယုံနေလိုက်..."ကျီချင်းရန် ဒေါသမီး ဟုန်းဟုန်းတောက်လျက် ပြောလိုက်သည်။
"ဟာ..အထင်လွဲနေတာပါဆိုကွာ....ဒါငါ့ကို
ကလိုင်းယန့် တစ်ယောက်က မှာလိုက်တာ..ဟိုရောက်မှ သူက မယူတော့ဘူးဆိုလို့ အိတ်ကပ်ထဲ ထည့်ထားမိတာ.."
"ငါ့ကို မဟုတ်ကဟုတ်က အကြောင်းပြချက်တွေ လာမပေးနဲ့...ကြည့်နေ..ငါနင့်ကို ဘယ်လို ပညာပေးမလဲဆိုတာ"
ကျီချင်းရန်၏ မျက်နှာထက်တွင် ရှက်ရိပ်များက မိုးကောင်းကင်ပေါ်ရှိ တိမ်ရိပ်များကဲ့သို့ အုံ့ဆိုင်းနေသေး၏။
"ချင်းရန် မင်းငါ့ကို အရှုံးပေးလိုက်တာ ကောင်းမယ်နော်...ခုနေ ငါသာ လှုပ်ရှားလိုက်လို့ကတော့ မင်းကံကောင်းတော့မှာ မဟုတ်တော့ဘူး.."
"မဖြစ်နိုင်တာ..နင်ကြည့်ထားလိုက်..ဘယ်သူက ကြောက်ရမလဲဆိုတာ ပြပေးမယ်..."
ထိုသို့ပြောရင်း ကျီချင်းရန် လင်းရီပေါ် တက်လိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဆွဲချုပ်ထားလိုက်၏။ "ဟီးဟီး နင်ခုတော့ ဘာတတ်နိုင်သေးလဲ.."
"ချင်းရန် မင်းကတော့ အရိုက်ခံချင်နေတာပဲ.."
လင်းရီ သူ၏ လက်ကို ပြန်ဆွဲလိုက်သည်။ ကျီချင်းရန်၏ ချုပ်ထားမှုက လင်းရီ၏ ခွန်အားနှင့် ပြိုင်ရာတွင် မယှဉ်သာပေ။
ထို့နောက် ကျီချင်းရန် ၏ နူးညံ့သော ခါးဗိုက်သားလေးများကို အကြိမ်အနည်းငယ်ခန့်လောက် ကလိယား ထိုးလိုက်၏။
စောနက ရှူးရှူးဒိုင်းဒိုင်းဖြစ်နေသော ကျီချင်းရန်မှာ ချက်ချင်းဆိုသလို တခစ်ခစ် ရယ်မောသွားပြီး သူမတစ်ကိုယ်လုံးပင် ပျော့ခွေသွားတော့၏။
"နင်...လူညစ်...ဘာလို့ ကလိယားလာထိုးနေတာလဲဟဲ့..."ကျီချင်းရန်မှာ အရယ်လွန်နေပြီး လင်းရီ ဘာလုပ်နေလဲ ဆိုတာကိုပင် ဂရုမစိုက်နိုင်တော့။
"ဘာလဲ ကြောက်နေပြီလား...ခုမှ စပဲရှိသေးတာနော်..."
လင်းရီ ကျီချင်းရန်ကို ဆိုဖာပေါ် တွန်းချလိုက်၏။
ကျီချင်းရန်ကတော့ ရုန်းရန်ပင် အသာထား ရယ်ရလွန်း၍ မျက်ရည်ပင် ကျလုနီးနီး ဖြစ်နေပြီး ပျော့ခွေနေလေသည်။
လင်းရီ သူမ၏ စတော်ကင်များကို ဆွဲဖြဲလိုက်ပြီး ခြေဖဝါးနုနုလေးများကို ကလိယား ထိုးလိုက်၏။
"ခစ်ခစ်...အား...ခစ်ခစ်...."
"လင်းရီ ရပ်တော့လို့...ငါတောင့်မခံနိုင်ဘူး..."
"ဘာလဲ ..မခံနိုင်တော့ဘူးလား..."လင်းရီ အပြူံလေးဖြင့် ပြောလိုက်ပြီး "ငါခု အားတောင် သိပ်ထည့်ရသေးတာ မဟုတ်ဘူးနော်..."
"ပြောစမ်း...နောက်ခါ ခုလို ဆိုးဦးမှာလား..."
"တော်ပြီ မဆိုးရဲတော့ဘူးလို့...ရပ်ပါတော့နော်..."
"အဟမ်း အဟမ်း အဟမ်း..."
နှစ်ယောက်သား ကလိထိုးနေတုန်း အပြင်ဘက်မှ ချောင်းဟန့်သံကို ကြားလိုက်ရ၏။
နှစ်ယောက်လုံး ချက်ချင်း ရပ်တန့်သွားကြပြီး ...
တစ်ယောက်ယောက် ရှိနေတာလားဟ...
လင်းရီ ဆိုဖာပေါ်မှ ထလိုက်ပြီး ကျီချင်းရန်လည်း သူမ အင်္ကျီ တွန့်ကြေနေသည်များကို ပြန့်အောင် ပြုလုပ်လိုက်သည်။
ထို့နောက် သူမ ဘယ်သူ ရောက်နေလဲဆိုတာ သိချင်တော့၏။
တံခါးဖွင့်ကြည့်လိုက်ပြီး မည်သူရောက် နေလဲဆိုတာသိတော့ ကျီချင်းရန် ငိုချင်နေသော်လည်း မျက်ရည်များက ထွက်မလာခဲ့။
"အဖေ..အမေ..ဘာလို့ ပြန်လာခဲ့တာလဲဟင်..."
သူမတို့ သမီး ဆံပင်များ ဖွာလန်ကျဲနေပြီး စတော်ကင်များလည်း စုတ်ဖြဲခံထားရသည့်အပြင် အိပ်ခန်းထဲရှိ ဆူဆူညံညံ အသံများကိုပါ ထည့်တွက်ပါက ကျီအန်းထိုင်နှင့် စုန့်မင်ဟွေ့တို့ အားလုံးနည်းလည်သည် ဟူသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး "ဟူး..သမီး နင်တို့နှစ်ယောက်ကတော့လေ..အတော်လွန်တာပဲ..ခုထိ မှောင်တောင် မမှောင်သေးဘူး...ဘာလို့...."
စုန့်မင်ဟွေ့ ခါးသီးစွာ ပြုံးလိုက်ပြီး "မအောင့်နိုင်တော့ရင်လည်း အခန်းထဲသွားကြလေ..ညည်းအော်သံကြီးက ငါတို့ အပြင်ဘက်ထိတောင် ကြားနေရတယ် သိလား..."
"ဟုတ်ပါ့..အခင်းလည်း လဲပေးပြီးပြီကိုပဲ..ဘာလို့ ဆိုဖာပေါ်ကြီးလဲတဲ့..ငါတာ့ မင်းတို့ လူငယ်တွေကို နားမလည်တော့ပါဘူးအေ..."ကျီအန်းထိုင် ခေါင်းခါရမ်းရင်းပြောလိုက်၏။
"အန်ကယ်နဲ့ အန်တီ အထင်မလွဲပါနဲ့ဗျ...ကျွန်တော်က အခန်းထဲ သွားစို့လို့ ပြောပေမယ့် ချင်းရန်က ဆိုဖာပေါ်မှာပဲ ဆိုလို့ပါဗျ..."လင်းရီသူ့ဖြူစင်မှုကို ပြသလိုက်သည်။
"လင်း...လင်းရီ..နင် ဘာပေါက်တတ်ကရတွေ လျှောက်ပြောနေတာလဲ.."ကျီချင်းရန် ခေါင်းလေးငုံ့သွားခဲဲ့ပြီးသူမ မိဘများကို မျက်နှာချင်းဆိုင်ရန် ရှက်နေတော့၏။
"ပြီးတော့လည်း အမေတို့...သမီးကို အထင်လွဲမနေကြနဲ့ဦး..သူသမီးကို ယားအောင် လုပ်လို့ အဲ့လိုတွေ အော်နေတာ...အမေတို့ ထင်သလို မဟုတ်ဘူး..."
"အေးပါ အေးပါ..အဖေ့သမီးအရမ်းရှက်တတ်တာကို အဖေနားလည်တယ်..."ကျီအန်းထိုင် ပြောလိုက်၏။
ကျီအန်းထိုင်တွဲ့စုံတွဲ ရင်ထဲတွင်တော့တိတ်တဆိတ် သက်ပြင်းချနေကြသည်။ သူတို့ တွေးထားသည်မှာ သူမတို့သမီးလေးက အရမ်းရှေးရိုးဆန်သောကြောင့် မသိနားမလည်မှာကို စိုးရိမ်နေခဲ့၏။ သို့သော်လည်း သူမတို့ သမီးလေးက လင်းရီကို ဆိုဖာပေါ်သို့ လဲချကာ အခွင့်ရေး ယူလိုက်မယ်လို့တော့ ထင်မထားခဲ့။
ဟင်း..ဒါက အရမ်းကြီး....
အရင်က ဘာမှ နားမလည်လို့ အဖေ့ကိုပဲ မေးနေတဲ့ ငါ့သမီးလေး ဘယ်ရောက်သွားပြီလဲ...
"အဖေ...လင်းရီ သမီးကို ကလိယား ထိုးနေတာပါဆိုနေ...အထင်မလွဲနဲ့.."
ကျီချင်းရန် ခြေဆောင့်လိုက်ပြီး ခမ်းထော်၍ ပြောလိုက်လေသညါ။
"အေးပါ ဟုတ်ပါပြီ..အမေတို့လည်း အရွယ်ရောက်ပြီးသားတွေဆိုတော့ ငါ့သမီးပြောတကို နားလည်တယ် ဟုတ်ပြီလား...ဘာပဲပြောပြော သာမန်ပါပဲ သမီးရယ်ဘာမှ ရှက်စရာ မလိုဘူး..."စုန်မင်ဟွေ့ ပြောလိုက်ပြီး "မဟုတ်ရင် အမေက မြေး ဘယ်ချီရတော့မလဲကွဲ့..."
ထိုသို့ပြောရင်း သူမ ကျီအန်းထိုင်ကို တံတောင်ဖြင့်တွတ်၍ "ရှင်ပေးစရာရှိတာတွေပေး...ပြီးရင် မြန်မြန်လေးဂျောင်းတော့..ကလေးတွေ အချိန်က သိပ်အရေးကြီးတယ်..တော်ကြာ သူတို့ မီးတောက် လေးငြိမ်းသွားရင် ရှင်ဒီတစ်သက် မြေးမချီရပဲ နေဦးမယ်နော်..."
"ကြည့်ရတာတော့ ချီရမယ့် ပုံလည်း မပေါ်ပါဘူးကွာ..."ကျီအန်းထိုင် ငေးကြောင်နေသည့် လေသံဖြင့် ပြောလိုက်၏။
"ဟမ်...ဘာလို့ မချီရမှာလဲ သောက်အဘိုးကြီးကတော့ ပါးစပ်ပုပ်ကြီးနဲ့ လျှောက်ပြောနေပြန်ပြီ..."
"ဘွားကြီး..စားပွဲခုံပေါ်မှာ ဘာတင်ထားလဲဆိုတာ ကြည့်လိုက်ဦး..."
စုန်မင်ဟွေ့ ကျီအန်းထိုင် ညွှန်ပြသည့် နေရာကို လိုက်ကြည့်လိုက်ပြီး တားဆေးဘူးကြီးကို မြင်တော့ ကြက်သေသေသွားခဲ့သည်။
"သူမ အမူအရာ ချက်ချင်း ၀င်းလက်သွားပြီး "မဆိုးဘူး လူငယ်လေး...တကယ်မဆိုးဘူး.."
"မြင်လား...ငါဘာပြောထားလဲ.."ကျီအန်းထိုင်ပြောလိုက်ပြီး "လင်းရီက တကယ့်ကို စကားနားထောင်တဲ့ကောင်လေးပါလို့ ..သူက တို့သမီးလေးကို ဒုက္ခပေးမှာ မဟုတ်ဘူး..မင်းခုတော့ ယုံသွားပြီ မလား.."
"အင်း..တကယ်မဆိုးဘူး..ခုတော့ ချင်းရန်ကို သူ့လက်ထဲ အပ်ခဲ့ဖို့ စိတ်ချသွားပြီ..."
ချင်းရန် စိတ်ရှုပ်သွားခဲ့သည်။
ငါက ဘာကို ဒုက္ခရောက်မှာလဲ...
ပြီးတော့ လင်းရီက တကယ့် နှာဘူးကြီးဆိုတာ ရှင်းနေတာပဲလေ..
ဘာဆိုင်လို့ သူ့ကို ချီးကျုးနေကြတာလဲတဲ့...