← Chapters

အခန်း (၁၆၇)

Vol. 12 Ch. 167

အခန်း (၁၆၇)

Vol. 12 Ch. 167

"အင်း သူတို့က ကြိုပြင်ထားပြီးပြီ ဆိုမှတော့ ရှင်ပဲ သိမ်းထားလိုက်လေ.."မင်ဟွေ့ ပြောလိုက်ပြီး "ဒီတစ်ခေါက်‌မလိုတော့ဘူး ဆိုပေမယ့် နောက်ကျ သူတို့ လိုရင် ပေးလို့ရမှာပေါ့..."

"အင်း ရှင်မပြောတာမှန်တယ်..."

အန်းထိုင် ထိုသို့ပြောရင်း သူ၏ အိတ်ကပ်ထဲမှ Durex နှစ်ဖာကို ထုတ်လိုက်သည်။

တစ်ဘူးကတော့ ပြိုင်စံရှား ပါးလွှာမှု ဖြစ်ပြီး နောက်တစ်ဘူးကတော့ လွင့်နေတယ် ဟုရေးထား၏။

လင်းရီ သူ၏ ယောက္ခထီးကြီးကို လက်မ ထောင်ပြလုနီးပါး ဖြစ်သွားခဲ့သည်။

ယောက္ခမကြီးက အရမ်း စဉ်းစားပေးတတ်တာပဲ...

"တကယ်တော့ အဖေတို့ ပြန်လာတာက မင်းတို့ အကာအကွယ် မသုံးမှာဆိုးလို့ ဒါတွေ ၀ယ်ပြီး လာပေးတာ...မင်းတို့က ကြိုပြင်ဆင်ပြီးထားမှတော့ ထားလိုက်တော့..အဖေတို့ သွားတော့မယ်..."

ကျီအန်းထိုင်မှ ပြောလိုက်၏။

"အဖေ အမေ ..တကယ်တော့..."

"တော် တော် တော်...."

မင်ဟွေ့ လက်ကာပြလိုက်ပြီး "ညည်းအဖေနဲ့ငါ အရင်သွားတော့မယ်...ကဲ လုပ်စရာရှိတာ ဆက်လုပ်ကြ..."

သို့နှင့် လူအိုကြီး စုံတွဲမှာလည်း လှည့်ပြီး ထွက်လာခဲ့လိုက်သည်။ သို့သော်လည်း စုန်မင်ဟွေ့မှာ မထွက်ခွာခင် စက္ကန့်အနည်းငယ်ခန့် အတွေးနက်နေခဲ့၏။

"ဘာလို့လဲ ရှင်မ ..စိတ်ပူလွန်းလို့ မထွက်သွားရက်တော့ဘူးလား.."ကျီအန်းထိုင် မေးလိုက်၏။

"အဲ့လို မဟုတ်ဘူး.."စုန့်မင်ဟွေ့ ပြောလိုက်ပြီး "တော့်သမီး ချင်းရန်က တအားပွင့်လင်းလွန်းတယ်...သူက အိပ်ရာပေါ် သွားမယ့်အစား ဆိုဖာပေါ်မှာပဲ နေချင်တယ်ဆိုတော့ အချိန်ရရင် မီးဖိုချောင်တွေ ရေချိုးခန်းတွေပါ သန့်ရှင်းပေးထားမှ တူတယ်..."

"အင်း...."

ကျီအန်းထိုင် တခဏမျှ စဉ်းစားလိုက်ပြီး "အဲ့လိုဆိုရင်တော့ သမက်ကလေးရဲ့ ကားကိုပါ သန့်ရှင်းပေးထားမှ တူတယ်..."

လူအိုကြီး စုံတွဲနှစ်ယောက် ထွက်သွားပြီးနောက် အခန်းမှာ တိတ်ဆိတ်သွားပြီး လင်းရီ ဖိုသီဖတ်သီ ဖြစ်နေသော ကျီချင်းရန်ကို ကြည့်ကာ "သူတို့ သွားပြီဆိုတော့ ဆက်လုပ်ကြမလား..."လင်းရီ အလိုက်မသိစွာ မေးလိုက်သည်။

"ငါ့ဖင်ကြီးကိုပဲ ဆက်...အဲ နင်က ဘာဆက်လုပ်ချင်နေတာလဲ ကောင်စုတ်ရဲ့..."ကျီချင်းရန် လင်းရီ ခါးကို ဆွဲဆိတ်လိုက်ပြီး "သွား မီးဖိုချောင်ကို သွားတော့ ...ငါ အ၀တ်စား သွားလဲလိုက်ဦးမယ်..."

"မင်းပြောချင်တာက ဆိုဖာပေါ်မှာ စိတ်မပါတော့လို့ မီးဖိုချောင်ထဲ သွားမယ် ပြောတာ‌လား...."

"အင်း..."

"ကောင်းပြီလေ..."

ကျီချင်းရန် အပေါ်ထပ်တက်သွားပြီး စတော်ကင်နှင့် အင်္ကျီကို လဲကာ ညအိပ်၀တ်စုံနှင့် ပန်းရောင်အေပရွန်၀တ်ပြီး ပျော်ရွှင်နေသည့် ကြောင်ပေါက်လေးအလား အောက်ထပ်သို့ ခုန်ဆွခုန်ဆွဖြင့် ဆင်းလာခဲ့၏။

"ဟီးဟီး လင်းရီ ရော့..နင်ဒါ၀တ်ကြည့်.."

ကျီချင်းရန် သူမ၏ အေပရွန်ကို ချွတ်လိုက်ပြီး လင်းရီ ခါးတွင် ချည်ပေးလိုက်၏။

"ငါ၀ယ်ထားတာတော့ ကြာပြီ...ခုမှပဲ သုံးဖြစ်တော့တယ်.."

"ငါ အေပရွန် မ၀တ်ချင်တာတော့ မဟုတ်ဘူး..ဒါပေမယ့် တခြားအရောင် မလဲပေးချင်ဘူးလား..."

"ဘာလို့လဲ..ပန်းရောင်လေးက လှပါတယ်ဟဲ့...ငါလည်း ၀တ်မယ်လေ..ဆင်တူပေါ့ဟယ်"ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "သွားသွား..သွားချက်ပြုတ်တော့...ငါလည်း နင့်ကို ဟင်းသီးဟင်းရွက်တွေ ကူလှီးပေးမယ်..."

"အာ..ရပြီ..မင်းက ဘာမှ မလုပ်နဲ့ မင်းသမီးလေးလိုပဲ အဝေးက ရပ်ကြည့်နေ..တော်ကြာ ကူညီခါမှပဲ ပိုဆိုးနေဦးမယ်..."

"နင်ငါ့ကို အထင်စမောနေတာလား..."။

"ဟုတ်တယ်..အထင် စမောနေတာ..."

ကျီချင်းရန် : "....."

"ဟွန့်...စေတနာနဲ့ မတန်တဲ့ကောင်ကြီး..သွား တစ်ယောက်ထဲ ချက်တော့...နင့်ကို ဂရုမစိုက်တော့ဘူး..."

ကျီချင်းရန် ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး လင်းရီ ချက်ပြုတ်နေသည်ကို အခန့်သား ထိုင်ကြည့်နေလိုက်၏။

တစ်နာရီခွဲခန့် ကြာပြီးနောက် လင်းရီ ဟင်းပွဲ လေးမျိုးသယ်ပြီး ထွက်လာသည်ကို မြင်တော့ ကျီချင်းရန် မျက်လုံးများ လင်းလက်သွားခဲ့သည်။

"လင်းရီ..နင်က အရမ်းတော်တာပဲ..အချိန်ခဏလေးနဲ့ ဟင်းလေးမျိုးတောင် ချက်နိုင်တယ်ပေါ့..."

"လေးမျိုးတည်း မဟုတ်ဘူး..နောက်တစ်မျိုး ကျန်သေးတယ်..."

"မရတော့ဘူး..စားချင်နေပြီ..ရှလွတ်..."

"မစောင့်နိုင်ရင် နောက်ဆုံး ဟင်းတစ်ပွဲ မကျွေးဘူးနော်..."

"ငါလည်းမစားဘူး..."ကျီချင်းရန် သူမ၏ ခေါင်းပို ဒရမ်တီးသကဲ့သို့ အဆက်မပြတ် ခါရမ်းလိုက်ပြီး "နင့်ရဲ့ ဟန်ကျိုးငရုတ်ကောင်းနဲ့ အမဲသားရှိရုံရဲ့တင် လုံလောက်ပြီ ..."

"ရတယ်လေ...မင်းက မစားချင်ဘူးဆိုမှတော့ ငါပဲ စားလိုက်တော့မယ်..."

လင်းရီ မီးဖိုချောင်ထဲသို့ သွား၍ မိုက်ခရိုဝေ့ကို ဖွင့်လိုက်ပြီး ရွှေညိုရောင် ပူတင်းဗန်းလေးကို ထုတ်လိုက်သည်။

"နင် လုပ်ထားတာလား..."

"ဒါပေါ့.."လင်းရီ ပြုံးလိုက်ပြီး "ငါက မင်း အချိုပွဲတွေ ကြိုက်တတ်တယ်ဆိုလို့ လုပ်ပေးထားတာလေ..ခုတော့ မလိုတော့ဘူး ထင်ပါရဲ့..ငါပဲ ဆွဲလိုက်တော့မယ်နော်..."

"မလုပ်နဲ့...ငါစကားပြောမှားသွားတာ.ငါ့လည်း တစ်လုတ်လောက်လေနော်...နော်လို့...."

"ကိုယ့်ဘာကိုယ်လည်း ကြည့်လိုက်ဦး..ဒီလောက်၀နေတာတောင်မှ အချိုတွေ စားဦးမယ်ပေါ့...ခြေထောက်တုတ်တုတ်ကြီးတွေ ဖြစ်လာမှာ မကြောက်ဘူးလား"

"ရတယ် ..စတော်ကင် ၀တ်ထားရင် ခြေထောက်က အသားတွေ ဖုံးလို့ရတယ်လေ.."

"ဗိုက်ကျ‌တော့ကော..."

"ဗိုက်ချပ်အောင် ၀တ်တဲ့ဟာ ရှိတယ်လေ..."

လင်းရီ : "....."

"ပေးမှာလား မပေးဘူးလား..ဒီက အရမ်းစားချင်နေပြီနော်..."

လင်းရီ ရယ်မောလိုက်ပြီး ရွှေညိုရောင် ပူတင်းကို ကျီချင်းရန်ဘက်သို့ တွန်းပေးကာ"များများစား..အဲ့တာမှ အာဟာရမျှတပြီး ထွားသင့်တဲ့နေရာတွေ ထွားလာမှာ....."

"ရှီး....နှာဘူးစုတ်ကြီး..."

ကျီချင်းရန် လင်းရီကို ဆက်လက်ရန်တွေ့ချင်နေသော်လည်း ပူတင်းမျက်နှာကြောင့် လွှတ်ထားပေးလိုက်တော့သည်။ ထို့နောက် လတ်လတ်ဆက်ဆက် ဖုတ်ထားသော ပူတင်းကို အကြီးကြီး ကိုက်လိုက်၏။

"ယမ်မီ.. ယမ်မီ....."

ကျီချင်းရန် စားရင်း သူမလက်ကို စိတ်လှုပ်ရှားစွာ ရမ်းခါလိုက်ပြီး "အိုး..အရမ်းအရသာရှိတာပဲ..နင်လည်း စားကြည့်..."

"အဲ့လောက်ကောင်းတယ်ပေါ့...ငါတင်ပါးကို ခပ်ဆတ်ဆတ်ကလေး ရိုက်ပေးတာလောက် ကောင်းလို့လား...."

ကျီချင်းရန် မျက်နှာ ရှက်ရိပ်သန်းသွားခဲ့သည်။

"ငါလည်း တစ်လုတ်လောက်မြည်း...."

"အာ..နေဦး..."

"ဘာလို့လဲ..."

"နင်စားလို့မရဘူး.."ကျီချင်းရန် ပူတင်း လေးခုကို ပြန်ယူလိုက်ပြီး "နင်လုပ်ထားတာက လေးခုတည်းလေ..ငါ့ဟာငါတောင် စားလို့မလောက်သာ...နင်က ကျန်တဲ့ ဟင်းပွဲတွေ စားလိုက်...ပန်းကြက်ဥ စွပ်ပြုတ်လေးလည်း ကောင်းမယ့်ပုံပဲ..နင်က စွပ်ပြုတ် များများသောက်ပေး..."

လင်းရီ : "...."

လင်းရီလုပ်ပေးသည့် ပူတင်းကိုစားရင်း ကျီချင်းရန် မျက်နှာထက်၌ ဖော်ပြရခက်ခဲသော ကျေနပ် နှစ်သက်သည့်အမူအရာအမျိုးမျိုး ပေါ်လာခဲ့၏။ သူမ၏ ပါးမှာ တစ်ချိန်လုံးပြုံးနေပြီး မျက်လုံးထဲတွင်လည်း ပျော်ရွှင်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေလေသည်။

"လင်းရီ..နင်က ဘာလို့ ဒီလောက်တောင် တော်နေရတာလဲ..နင်လုပ်သမျှက အကုန်စားကောင်းတယ်နော်..."

"တကယ်လား..ငါလုပ်တာ အရမ်းကောင်းတာလား....."

"ဟီးဟီး အရမ်းကောင်းတယ် သိလား..."

သူချက်ပေးသည့် အစားအသောက်တွေကပဲ ကောင်းလွန်းနေလို့လားတော့မသိ။ ကျီချင်းရန် ပူတင်းလေးခုနှင့် ထမင်းပန်းကန်ကြီး တစ်လုံး အပြောင် စားပစ်လိုက်သည်။ ကျီချင်းရန်၏ စားနိုင်သည့်အတိုင်းအတာက လင်းရီကို ထိတ်လန့်သွားစေခဲ့၏။

"စားဖိုမှူးကြီးလင်း..ဆိုဖာပေါ်မှာ လာအနားယူပါတော့ရှင်...ကျွန်မ ကျန်တာ သိမ်းဆည်းလိုက်ပါ့မယ်...

"အဲ့တာဆို ငါလည်း အားမနာတော့ဘူးနော်..."

"ဒါပေါ့ ရတယ် ငါက မျှတတဲ့လူပဲလေ..."

လင်းရီ ဆိုဖာပေါ်ထိုင်ပြီး TV ကြည့်နေတုန်း ကျီချင်းရန် ပိုနေသည့် အစားအသောက်များကို ရေခဲသေတ္တာထဲသို့ ထည့်ကာ အသီးများထုတ်ယူလိုက်ပြီး အပိုင်းအပိုင်းလေးများ လှီး၍ လင်းရီရှေ့သို့ ယူလာခဲ့ပေးလိုက်၏။

"အသီး‌မစားတော့ဘူး..ငါ့ကို ရေသန့်သန့်လေး တစ်ခွက်လောက်ပဲ ယူလာခဲ့ပေး"

ကျီချင်းရန် မျက်လုံးလှန်လိုက်ပြီး "မပူပါနဲ့တော်...ကျွန်မ ရေခဲသေတ္တာထဲမှာ စတော်ကင်တွေ မသိမ်းထားတော့ပါဘူးတဲ့ရှင်...တခြားနေရာမှာ ပြောင်းသိမ်းထားလိုက်ပြီ"

"အာ...အဲ့လိုလား..."

"ကျွတ်...နင်ငါ့ စတော်ကင် ဖြဲတုန်းကတော့ စိတ်လှုပ်ရှားနေလိုက်တာများ..ခုကျတော့ ဘာတွေဇီဇာလာကြောင်ပြနေတာ..."

ထိုသို့ပြောပြီးနောက် ကျီချင်းရန် အပေါ်ထပ်သို့ တက်၍ အညိုရောင် စာဖိုင်ကြီး တစ်ခုနှင့် ပြန်ဆင်းလာခဲ့၏။

"ဘာကြီးလဲ.."

"ဖောင်ဒေးရှင်းအတွက် လုပ်ထုံးလုပ်နည်းတွေလေ..."

ကျီချင်းရန် ခေါင်းစည်းကြိုးကို သူမ ပါးစပ်ထဲ ကိုက်ထားလိုက်ပြီး ခေါင်းဖြီး၍ မြင်းမြီးပုံစံ ချည်ထားလိုက်သည်။

"ဖောင်ဒေးရှင်းအတွက် အကောင့်သစ် ဖွင့်ပြီးပြီဆိုရင် ငါ ဘဏ္ဍာရေးဌာနကို ၁၀ မီလီယမ် ထောက်ပံ့ပေးဖို့ ပြောထားတယ်..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ကူညီပေးလို့ ကျေးဇူးပဲ‌.ပါးစပ်လေးဟပါဦး စပျစ်သီးကျွေးချင်လို့.."

ကျီချင်းရန် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်ပြီး "၀င်အောင် ပစ်နော်..ငါ့ကိုသာ လာမှန်လို့ကတော့ နင့်ကို ကိုက်ပစ်မယ်..."

"မပူနဲ့..ငါက တက္ကသိုလ်တုန်းက ပစ်မလွဲတဲ့ ကြယ်ပွင့်ကစားသမားလေ..ပစ်ချက်တွေက သောက်ရမ်းတိကျတာ."

ထိုသို့ပြောပြီးနောက် လင်းရီ စပျစ်သီးကို ပစ်လိုက်သော်လည်း ပါးစပ်ထဲသို့ ၀င်မသွားခဲ့ပဲ မေးနှင့်ထိကာ အင်္ကျီကော်လံကြားထဲသို့ ရောက်သွားခဲ့၏။

"နင့်ပစ်ချက်တွေက အရမ်းတိကျပါတယ်ဆို..."

"အာ...ငါ့အမှားပါ..ငါ့အမှား..အထဲကျသွားတဲ့ စပျစ်သီးကို ကူရှာပြီး ထုတ်ပေးမယ်လေ."

"လစ်စမ်း...နင်ကတော့ အသားယူဖို့ပဲ တတ်တယ်..."

ကျီချင်းရန် တစ်ဖက်သို့လှည့်လိုက်ပြီး သူမ အင်္ကျီကြားထဲသို့ ကျထားသည့် စပျစ်သီးကို ထုတ်ပြီး စားပွဲပေါ် ပြန်တင်လိုက်သည်။

လင်းရီ ကောက်ပြီး ဝါးစားလိုက်၏။

"ဘာလို့စားလိုက်တာလဲ..အဲ့တာက ညစ်ပတ်နေပြီလေ...။"

"မညစ်ပတ်ဘူး..ဒီစပျစ်သီးက တခြားအလုံးတွေနဲ့ မတူဘူး..လွင့်ပစ်လိုက်မယ်ဆိုရင် နှမြောစရာကြီး..."

"ဘာတွေ ကွာနေလို့လဲ..တစ်ကိုင်းထဲကပဲ ခူးထားတာမဟုတ်ဘူးလား..."

"ဒီစပျစ်သီးက နို့အနံ့ရတယ်..ပြီးတော့ အရသာကလည်း အတော်လေးပြင်းတယ်...ဝေါင်း စိုးဂွတ်ပဲ..."

All Chapters