← Chapters

အခန်း (၁၆၈)

Vol. 12 Ch. 168

အခန်း (၁၆၈)

Vol. 12 Ch. 168

"နို့အနံ့..."

"နို့အနံ့..."ကျီချင်းရန် ‌ခေတ္တရပ်တန့်လိုက်ပြီး "ငါကျ ဘာလို့ မရပါလိမ့်..."

ထိုသို့ပြောပြီးနောက် သူမ မယုံသင်္ကာဖြင့် စပျစ်သီးတစ်လုံးကို ဖြုတ်၍ အနံ့ခံကြည့်လိုက်သည်။ သို့သော်လည်း လင်းရီ ပြောသည့် နို့အနံ့ကတော့ မရှိ။

ဟွန့်..ကောင်စုတ်က ငါ့လာလိမ်နေတယ်ပေါ့...

ဟမ်....နေစမ်းပါဦး...

သူမ လင်းရီပြောသည့် နို့နံ့ဟူသော စကား၏ အထာကို သတိပြုမိသွားဖို့ သိပ်မကြာလိုက်ပေ။...

"လင်းရီ...ကောင်စုတ်..နင်တော့ သေတော့မယ်..ငါ့ကိုတောင် လျှောက်စရဲတယ်ပေါ့..."

"ငါလား..."

လင်းရီကတော့ ကျီချင်းရန်ကို ခုမှ သဘောပေါက်လား သူသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ဟားတိုက် ရယ်မောနေတော့၏။

အင်း...ဒီကောင်မလေးကတော့ ကြောင်တောင်တောင်နဲ့ အတော်လေး ချစ်ဖို့တော့ကောင်းသား...

"ကျွတ်..နင်နဲ့ ရန်ဖြစ်ရမှာ ပျင်းသွားပြီ..."

လင်းရီ၏ အကြိမ်ပေါင်းများစွာ ကလူကျီစယ်ခြင်းကို ခံလိုက်ရပြီးနောက် ကျီချင်းရန် တဖြည်းဖြည်း နေသားကျလာခဲ့ပြီး အရင်ကလောက် အကဲပိုမနေတော့ချေ။

"အိုး ဒါနဲ့..နင်မနက်ဖြန် အားလား.."

"ငါက အဲဗားအားတယ်..ဘာလုပ်မို့..."

"ငါနင့်ကို လူနှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ ပြောထားတယ်မလား..မနက်ဖြန် နင်အားရင် သူတို့နှစ်ယောက်နဲ့ သွားတွေ့ခိုင်းမလို့...သူတို့ထဲက တစ်ယောက်ကတော့ ငါ့ကျောင်းတုန်းက ဂျူနီယာာညီမလေး ဟော်ယွမ်ယွမ်တဲ့..ရန် တက္ကသိုလ်ကနေပြီးတော့ စာရင်းကိုင်နဲ့PhD ရထားတာ..ပြီးတော့ မေ့ထွမ်ရဲ့ CFO အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသေးတယ်..

သူ့(မ) ကောင်းကြောင်းတွေ ပြောပြမယ်ဆိုရင်တော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲဟေ့..နင့်ဘာနင်သာ သွားကြည့်ကြည့်လိုက်..."

"နောက်တယောက်ကတော့ ငါနဲ့လည်း မရင်းနှီးဘူး..ဂျူနီယာ ညီမလေးက မိတ်ဆက်ပေးလို့သာသိတာ..သူ့နာမည်ကျတော့ ချီရှန်းကျောက်တဲ့ ...ပြောတာတော့ ဆီလီကွန်ဗယ်လီမှာ COOလုပ်ဖူးတယ်ဆိုပဲ...အရည်အချင်း ရှိမရှိကတော့ နင်ကိုယ်တိုင် တွေ့ကြည့်ပေါ့ဟယ်..ငါက သူနဲ့ တွေ့လို့ရအောင်ပဲ လုပ်ပေးလို့ရတာ..."

"မင်း သူတို့ လစာကို ဘယ်လိုပေးမယ်ဆိုတာကော ပြောထားသေးလား..."

"အဲ့လိုမေးခွန်းမျိုးက အရမ်း ထိရှလွယ်တယ်လေ..ငါဖုန်းထဲမှာ မမေးထားဘူး..အသေးစိတ်ကိုတော့ နင့်ဘာနင်ပဲ ကြည့်စီစဉ်လိုက်ပေါ့..."ကျီချင်းရန် ပြောလိုက်၏။

"အိုကေလေ....ဒါနဲ့ ဘယ်မှာ သွားတွေ့ရမှာ..."

"မနက်ဖြန်နေ့လည် ၁၂ နာရီ ငါ့ရုံးခန်းထဲမှာ....ရတယ်မလား...."

"ရတယ်..."

လင်းရီ နာရီကိုကြည့်လိုက်သောအခါ အတော်လေး ညနက်နေပြီဖြစ်ကြောင်း သတိထားမိသွားပြီး "ကဲ စားပြီးသောက်ပြီးပြီ ဆိုတော့ သွားတော့မယ်...မင်းလည်း စောစော နားတော့..."

"ငါနင်နဲ့ လိုက်လာတာဆိုတော့ မနက်ဖြန် ငါ့ကို လာခေါ်ဦးနော်..မဟုတ်ရင် တက္ကစီငှားနေရဦးမယ်..."

"အဲ့တာဆိုလည်း မပြန်တော့ဘူးလေ..မနက်ရောက်တာနဲ့ အတူသွားလိုက်ရုံပဲ မဟုတ်လား..."လင်းရီ ပြန်ထိုင်ချလိုက်သည်။

"ကောင်စုတ် နင့်မှာ အရှက်တရား မရှိဘူးလား..ငါက နင့်ကို ဒီမှာနေပါလို့တောင် မပြောရသေးဘူး..ပိုင်စိုးပိုင်နက်နဲ့ လာနေချင်သေးတယ်ပေါ့..."ကျီချင်းရန် စနောက်လိုက်သည်။

"နေမှာပဲကွာ...မကျေနပ်ရင် မင်းလည်း နေလို့ရတယ်..."

"ဟွန့် သနားလို့ ပေးနေလိုက်မယ်..."

ထိုသို့ပြောရင်း ကျီချင်းရန် ယုန်ပုံစံ ညှပ်ဖိနပ်စီး၍အပေါ်ထပ်သို့ တက်သွားခဲ့၏။

မကြာမီ ဒုတယထပ် လှေကားလက်ရန်းနားတွင် မတ်တပ်ရပ်ပြီး မီးခိုးရောင်နှင့် အပြာရောင် ညအိပ်၀တ်စုံကို ကိုင်ထားကာ "ဘယ်တစ်ခု ယူမလဲ..."

"မဖြစ်နိုင်တာ..ငါ ဒီမှာနေမယ်ဆိုတာ မသိသေးပဲနဲ့ ဘာလို့ ညအိပ်၀တ်စုံတွေ ကြို၀ယ်ထားတာလဲဟ..."လင်းရီ ပြောလိုက်ပြီး "မဟုတ်မှလွဲရော..ချင်းရန် မင်းက ငါ့ကို အကြံနဲ့ အိမ်ကို အလည်ခေါ်လိုက်တာလား..."

"နင့်လို အရှက်မရှိတဲ့သူများ မှတ်နေလား..."ကျီချင်းရန် ဂုဏ်ယူစွာပြောလိုက်ပြီး "နင့်အိမ်မှာလည်း ငါ့အတွက် ညအိပ်၀တ်စုံ ရှိတယ်လေ..ခု ငါ့အိမ်မှာလည်း နင့်အတွက် ညအိပ်၀တ်စုံရှိပြီဆိုတော့ ကျေပြီလို့ ထားလိုက်တော့... "

"ဒါပေမယ့် ငါက ညအိပ်ရင် ကိုယ်တုံးလုံးနဲ့ပဲ အိပ်တတ်တာ...ပဂျားမားတွေ ၀တ်လေ့၀တ်ထမရှိဘူး..."

"အားပါးပါး..အရွယ်တောင် ရောက်နေပြီ..ခုထိ ပဂျားမားနဲ့ မအိပ်တတ်သေးဘူးတဲ့..နင့်အစား ရှက်လိုက်တာနော်..."

"တကယ်ပြောတာ..မယုံရင် ဘာမှ မ၀တ်ပဲ အိပ်ကြည့်လေ..အရမ်း အိပ်လို့ကောင်းတာ..."

"တော်ပါပြီ...မစမ်းချင်ပါဘူး..."ကျီချင်းရန် ပြောလိုက်ပြီး "ငါ့အထင်တော့ အပြာရောင်လေးက နင်နဲ့လိုက်မယ် ထင်တာပဲ...ကိုယ်တုံးလုံနဲ့မှ အိပ်ချင်သပဆိုရင်လည်း နင့်အခန်းထဲ နင်သွားအိပ် ငါ့ကိုတော့ လာမပြနဲ့..."

"သိပ်ပြီး မမျှတ သလိုပဲ..."လင်းရီ ပြောလိုက်ပြီး "မင်းလည်း လုပ်လေ..အဲ့တာဆို ကျေပြီပေါ့ဟ..."

"ဟွန့်...နှာခေါင်းကြီး..."ကျီချင်းရန် လင်းရီကို မျက်လုံးလှန်ပြလိုက်ပြီး "ဂျင်းကိုချွတ်ပြီး မြန်မြန် ပဂျားမား ၀တ်လိုက်...ဆေးကြောသန့်စင်ပြီးမှ အိပ်ဖို့လည်း မမေ့နဲ့ဦး.."

"အေးပါဟ..မင်းက ဆရာမကြီး သိပ်လုပ်တာပဲ..."

ပဂျားမား လဲပြီးနောက် ၀တ်စုံမှာ သူနှင့် အံကိုက်ဖြစ်တေကြောင်း တွေ့လိုက်ရ၏။ ကျီချင်းရန်၏ အမြင်ကတော့ အံ့မခန်းပင်။

"ခြေလက်ဆေးကြောပြီးနောက် လင်းရီ သူ့အခန်းသို့ ပြန်ပြီး အနားယူလိုက်သည်။ အိပ်ရာပေါ်၌ လှဲကာရှိသေး၊ သူ၏ အော့ကော ကျန်းစုန့်မှ ဖုန်းဆက်လာခဲ့၏။ "

"အိပ်နေပြီလားကွ..."

"မအိပ်သေးဘူး..ဒါနဲ့ မင်းကော ဘယ်တော့ လာမှာ..."

ကျန်းစုန့် ရယ်မောလိုက်ပြီး "ငါ့လေယာဉ်က မနက်ဖြန် လေးနာရီ ကျိုးဟိုင်ကို ရောက်မှာ ငါ့ကောင်မလေးကော ငါနဲ့ ပါလာခဲ့မှာလေ..."

"ဟမ်...ငါ့ကောင်က စော်တွေ ဘာတွေတောင် ရနေပြီပေါ့..တယ်ဟုတ်ပါလားကွ..."လင်းရီ မေးလိုက်၏။

"လျှောက်ပြောမနေနဲ့"ကျန်းစုန့် ရယ်မောလိုက်ပြီး "သူ့(မ) နာမည်က ယွဲ့ကျောက်တဲ့..ကျိုးဟိုင်ကပဲလေ..ခုငါနဲ့အတူ သူ့မိဘတွေဆီ လိုက်လည်မှာ..."

"အိုကေလေ..မနက်ဖြန် မင်းကို လေဆိပ်မှာ လာကြိုပေးမယ်..."လင်းရီ ပြုံး၍ ပြောလိုက်သည်။

"ကျေးဇူးပဲကွာ..ငါမင်းဆီ‌မှာ လေးငါးရက်လောက်တော့ နေရမယ်ထင်တယ်..."

"လာစမ်းပါ..မင်းက ငါ့ကို မွဲအောင် လုပ်တဲ့နေရာမှာဆို သောက်ရမ်းတော်တာမဟုတ်လား..."နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ဖဲ့ပြီးနောက် ဖုန်းချလိုက်သည်။

လင်းရီ အိပ်ချင်နေသော်လည်း ကျန်းစုန့်နှင့် ဖုန်းပြောပြီးနောက် မအိပ်ချင်တော့ပေ။

သူတို့ မတွေ့ရတာ နှစ်၀က်လောက် ရှိနေပြီ ဖြစ်သောကြောင့် တွေးလိုက်တာနဲ့တင် စိတ်လှုပ်ရှားနေခဲ့၏။

သို့သော်လည်း ကျန်းစုန့်၏ လေသံအရတော့ ထိုငနဲမှာ တော်တော်လေး သာယာနေသည့်ပုံပင်။

နေယက်တစ်နေ့ နံနက်တွင်တော့ လင်းရီ အစောကြီး နိုးလာခဲ့ပြီး ကျီချင်းရန်ကို သွားရှာကြည့်တော့ အိပ်ရာမထသေးကြောင်း တွေ့လိုက်ရ၏။

‌ဒေါက် ဒေါက် ဒေါက်..

သူအကြိမ်အနည်းငယ်ခန့် တံခါးခေါက်လိုက်ပြီး "ဟိတ် ၀က်ပုတ် ထတော့ဟ... ဘယ်အချိန်ရှိပြီတုန်း..."

"ခဏ...ငါးမိနစ်နေရင် ထပြီ..."

ထိုသို့ပြောပြီးနောက် အခန်းမှာ တိတ်ဆိတ်သွားတော့၏။

လင်းရီ ကျီချင်းရန်ကို လျစ်လျူရှုလိုက်ပြီး မနေ့ညက ကျန်သေးသည့် ဟင်းပွဲများကို ပြန်နွှေး၍ ဗိုက်ဖြည့်လိုက်သည်။

မကြာမီ တံခါးပွင့်လာပြီး ရေများ ပြေးလွှားနေသည့်အသံကို ကြားလိုက်ရ၏။

ကျီချင်းရန် အောက်ဆင်းလာသည့်အချိန်တွင်တော့ လတ်ဆတ်သည့် ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ဖြစ်နေလေသည်။

"လင်းရီ ငါ၀တ်ထားတာ ကြည့်လိုက်ဦး လှရဲ့လားလို့..."ကျီချင်းရန် သူမဂါ၀န်လေးကို မ၍ တစ်ပတ်လှည့်ပြပြီး မေးလိုက်သည်။

"အင်း ဒီလိုပါပဲ ..လာလာ အစားသောက်တွေ မအေးခင် မြန်မြန်လာစား..."

"ဘာကို ဒီတိုင်းပဲလဲ..."ကျီချင်းရန် နှုတ်ခမ်းကိုက်လိုက်ပြီး "ငါဒီ၀တ်စုံကို အချိန်အကြာကြီးပေးပြီး ရွေးထားရတာနော်...ငါပြန်သွားပြီး လဲတော့မယ်..."

"အာ...ဒီ၀တ်စုံလေးကလည်း မဆိုးပါဘူးဟ..ကဲ စားစို့..."လင်းရီ သာမန်ကာလျှံကာ ချီးကျူးလိုက်၏။

"နင်ငါ့ကို လှည့်စားနေတာမလား..ငါနောက်တစ်ထည် သွားလဲရင်တောင်မှ နင်က မလှဘူးလို့ ပြောနေဦးမှာပဲ မဟုတ်လား..."

"အဲ့လိုလည်း မပြောပါဘူးဟ..ငါက အရှိကို အရှိအတိုင်းပဲ ပြောတတ်တာ..."

"အဲ့တာဆို ငါ ဘယ်လို ပုံစံ ၀တ်ထားရင် ကြည့်လို့ကောင်းတယ်လို့ထင်လဲ..."စားပွဲမျက်နှာချင်းဆိုင်တွင်ထိုင်နေသော လင်းရီကို ကြည့်ပြီး မေးလိုက်၏။ "ငါနင်ကြိုက်တဲ့ ပုံစံ လဲခဲ့ပေးမယ်လေ..."

"အင်း...ငါကြိုက်တဲ့ ပုံစံဆိုရင်တော့ ...မင်းဘာမှ မ၀တ်ထားတဲ့ ပုံစံကို အကြိုက်ဆုံးပဲ...."

"နင်...ကောင်စုတ်...စကားအတည် မပြောတတ်ဘူးလားဟဲ့..."

ကျီချင်းရန် မျက်လုံးလှန်လိုက်ပြီး "တစ်ချိန်လုံး မ‌ဟုတ်တဲ့အကြောင်းတွေပဲ စဉ်းစားနေတယ်..."

လင်းရီ လည်း ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမျှပြန်ပြီး မချေပခဲ့။ နှစ်ယောက်သား မနက်စာ အတူစားပြီးနောက် လင်းရီ ကျီချင်းရန်ကို ရုံးသို့ လိုက်ပို့လိုက်၏။

ကားထဲမှ မထွက်မီ ကျီချင်းရန် လင်းရီကို ထပ်မံ သတိပေးလိုက်၏။ "၁၂ နာရီကျ ငါ့ရုံးခန်းကို လာခဲ့ဖို့ မမေ့နဲ့ဦးနော်..."

"မပူနဲ့..မမေ့စေရဘူး..."

လင်းရီ နှုတ်ဆက်လိုက်ပြီး အီရန်ဘွိုင်းအလုပ်တာ၀န် စရန် အသင့်ဖြစ်နေခဲ့သည်။

မစ်ရှင် ပြီးမြောက်နှုန်းမှာ (၇/၁၀ )ဖြစ်နေပြီး မျှော်လင့်မထားသည်များ ဖြစ်မလာခဲ့ပါက ယနေ့အတွင်း မစ်ရှင်ပြီးမြောက်နိုင်ချေ များ၏။

"သင့်မှာ အော်ဒါအသစ်ရှိပါတယ်..ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါ..."

လင်းရီ အော်ဒါက တစ်ခုခု ၀ယ်ခိုင်းမည့် အော်ဒါဟု ထင်ပြီး မစဉ်းစားပဲ လက်ခံလိုက်၏။ ဖတ်ကြည့်တော့မှ ချွမ်ရှီးလမ်းသို့ လာခဲ့ပါဟုသာ ရေးထားလေသည်။ တခြား မည်သည့် အချက်အလက်မျှ ရှိမနေပေ။

လင်းရီ အနည်းငယ် ထူးဆန်းသလို ခံစားနေရသောကြောင့် ဖုန်းဆက် မေးမြန်းကြည့်လိုက်သည်။

"ဟယ်လို..ကျွန်တော်က အီရန်ဘွိုင်းပါ...ဒီတိုင်း ချွမ်ရှီး လမ်းကိုပဲ လာရမယ်ဆိုတာ ဟုတ်လားဗျ..."

"ဟုတ်တယ်..ဒီကိုပဲ တည့်တည့်လာခဲ့လိုက်..ကျန်တာ ဘာမှ မလိုဘူး..."ဖုန်းတစ်ဖက်ရှိ လူကတော့ အလုပ်များသည့် လူယောက်ဟု ထင်ရပြီး စကားအနည်းငယ် ပြောပြီးနောက် ဖုန်းတန်းချသွားခဲ့၏။

လင်းရီကတော့ ထွေထူးစဉ်းစားမနေတော့ပဲ GPS ဖွင့်ကာ ကျိုးဟိုင် မြို့စွန်မားလေးရှိ ချွမ်ရှီးလမ်းသို့ ဦးတည်လိုက်တော့၏။

သူ မြန်မြန် မောင်းသွားရမည်။

လင်းရီ GPS ဘမ်းကြောင်းအတိုင်း မောင်းရင်း ချွမ်ရှီး လမ်းသို့ရောက်လာခဲ့၏။

သူကားရပ်လိုက်ပြီး အနီးတစ်ဝိုက် လျှောက်ကြည့်လိုက်သော်‌လည်း လမ်းဘေးတွင် ကောင်တီရုံးလေးတစ်ခုနှင့် လယ်တစ်ကွက်မှ အပ ခွေးတစ်ကောင်ကြောင်တစ်မြီးမှ မတွေ့ရပေ။

ထို့ပြင် သူထူးခြားသည့် တစ်စုံတစ်ရာကိုလည်း မမြင်မိ။

အချိန်အတော်ကြာသည်အထိ ရှာဖွေကြည့်သော်လည်း သူ၏ ကတ်စတန်မာကို ရှာမတွေ့သောကြောင့် ဖုန်းထပ်ခေါ်လိုက်သည်။

"ဟယ်လို ကျွန်တော် ချွမ်ရှီးလမ်းကို ရောက်နေပြီ...ခင်များက ဘယ်မှာလဲ.."လင်းရီ မေးလိုက်၏။

"မင်းက ဘယ်ရောက်နေတာ..မင်းဘေးနားက ဘယ်လိုပုံစံလဲဆိုတာ ပြောလို့ရလား..."တစ်ဖက်လူမှ မေးလိုက်၏။

"လမ်းဘေးမှာ ကုန်စုံဆိုင်လေးတစ်ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ ရှင်းရှင်း ဘာဘီကျူးဆိုင်လည်း ရှိသေးတယ်..."လင်းရီ ပြောပြလိုက်သည်။

"ဆက်လျှောက်ခဲ့လိုက်...မင်း လမ်းထောင့်နားလေး ရောက်ရင် ငါ့နဲ့တွေ့လိမ့်မယ်..."

"ဟုတ်ကဲ့.."

ဖုန်းချပြီးနောက် လင်းရီ လမ်းကွေ့နားလေးသို့ လျှောက်သွားလိုက်၏။ ထိုအခါ မနီးမဝေး၌ လူငါးယောက်ခန့် ရပ်နေကြောင်း တွေ့လိုက်ရ၏။

အားလုံးမှာလည်း သူ့ကဲ့သို့ အီရန်ဘွိုင်းများပင်။

ထို့ပြင် BMW X5 တစ်စီးမှာလည်း မြောင်းထဲသို့

ကျွံကျနေပြီး လူတိုင်းမှာ ကားနား စုဝေး၍ မည်သို့ ဆယ်ထုတ်ရမည်ကို ခေါင်းချင်းဆိုင်၍ စဉ်းစားနေကြသည်။

"ငါလခွမ်းတွေမှပဲ..အဲ့ကောင်က လူတွေ အများကြီးခေါ်ပြီး သူ့ကား တွန်းခိုင်းမလို့လားကွ...."

ဒါနဲ့ ခုခေတ်မှာ ဘာလို့ ဒီလို အလုပ်ရှင်တွေပဲ များနေတာလဲဟ...

All Chapters