← Chapters

အခန်း (၁၆၉)

Vol. 12 Ch. 169

အခန်း (၁၆၉)

Vol. 12 Ch. 169

လင်းရီ အလျင်မလိုပဲ တစ်လှမ်းချင်း လျှောက်သွားလိုက်၏။

လျှောက်နေစဉ် အတောအတွင်း အီရန်ဘွိုင်း ၅ယောက်အပြင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်လည်း ရှိနေကြောင်း‌ တွေ့လိုက်ရ၏။ အားလုံးမှာ သူနှင့်ရွယ်သူ အသက်နှစ်ဆယ်ကျော်လေးများပင်။

သူတို့ရှေ့တွင်လည်း လိုက်လွင့်သည့် ပစ္စည်းများ ချထားပြီး လုံး၀ ပရော်ဖက်ရှင်နယ် လုပ်နေသည့်ပုံပင်။

ထိုအချင်းအရာက လင်းရီ၏ စိတ်၀င်စားမှုကို ဆွဲဆောင်သွားခဲ့သည်။

သူတို့က ကားဆယ်တာကို လိုက်လွင့်ပြမလို့လားဟ...

"အစ်ကိုတို့ ၊ ညီမတို့ ၊ မမတို့ ..ဂေါင်ကြီးတို့ ကျွန်တော်ကတော့ ထုတ်လွင့်သူ MC ရှောင်ချန်ပါ...."

"ဒီနေ့ ကံမကောင်းစွာနဲ့ပဲ ကျွန်တော့်ကားက မြောင်းထဲ ပြုတ်ကျသွားခဲ့ပါတယ်..တကယ်လို့ ကြိုးဆွဲဖို့ ကားခေါ်မယ်ဆိုရင်တော့ ယွမ်၃,၀၀၀လောက် ကုန်ကျမှာ ဖြစ်ပါတယ်...ဒါပေမယ့် ပုစ္ဆာတိုင်းမှာ ဖြေရှင်းနည်းဆိုတာ ရှိတယ်လေ..ဒါကြောင့်မို့ ကျွန်တော်က မေ့ထွမ်ကနေ ယွမ် ၁၀၀ လောက်သုံးပြီး အီရန်ဘွိုင်း ၆ ယောက်ကို ခေါ်ပြီး ကားတွန်းရွေ့ခိုင်းဖို့ စီစဉ်ထားပါတယ်..."

"အဲ့တာက ဘာလဲ ဆိုရင်တော့ လူချမ်းသာတွေရဲ့ တွေးနည်းလို့ပဲ သမုတ်ပါရစေ..."

"ကျွန်တော်တို့ ချမ်းသာချင်တယ်ဆိုရင်တော့ အခက်အခဲတွေ ရင်ဆိုင်တဲ့အချိန်မှာ အများတွေးသလို တွေးသလို့ မဖြစ်ဘူး..သူများတွေ မစဉ်းစားမိတဲ့ နည်းလမ်း၊ တစ်နည်းအားဖြင့် ဟာကွက်၊ လိုအပ်ချက်ကို စဉ်းစားပေးရပါမယ်...ဒါကိုတော့ ကျွန်တော် ထိုးဖောက်တွေးခေါ်နည်းလို့ နာမည်ပေးထားပါတယ်..ဒီတော့ ဘော်ဘော်တို့ကို သူဌေးဖြစ်အောင် လမ်းပြပေးဖို့ ကျွန်တော့် channelလေးကို Like နဲ့ Subscribeလေး လုပ်ခဲ့ကြပါဦးလို့..တစ်လက်စတည်း ဘေးက ခေါင်းလောင်းလေးပါ နှိပ်ခဲ့ပေးကြပါဦးဗျ..."

သူ့ကိုယ်သူ Mc ရှောင်ချန်လို့ ပြောနေသည့် ကောင်ကို မြင်တော့ လင်းရီ မေးစေ့ ပွတ်လိုက်မိသည်။

ဒီကောင်က သူဌေးတွေ စဉ်းစားတဲ့ နည်းလမ်းကို သင်ပေးမယ်ဆိုပါလား...

ဘယ်လိုတောင် ရူးနေတာပါလိမ့်...

"ဟိုကောင် မင်းဘာလုပ်နေတာလဲကွ..မြန်မြန်လာစမ်း...မင်းတစ်ယောက်ထဲ ကျန်တော့တာ..."ရှောင်ချန် အကျယ်ကြီးပြောပြီး အော်ခေါ်လိုက်သည်။

"နေ..နေစမ်းပါဦးဟ..အီရန်ဘွိုင်းက ဘာလို့ အဲ့လောက် ချောနေတာလဲတဲ့..."

"ချစ်တယ် ချစ်တယ်...ငါ့ကို ဆက်သွယ်ဖို့...."

"ငါခု ယောက်ျားကို ဆေးခပ်ထားတယ်ဆိုတော့ ငါ့မှာ အခွင့်ရေး ရှိသေးတယ်မလား..."

လင်းရီ ရောက်ရှိလာမှုက သူ၏ လိုက်လွင့်သည့် အခန်းထဲတွင် ဂယက်ထသွာလိမ့်မည်လို့ မျှော်လင့်မထားခဲ့။

သူ ဒီအားသာချက်ကို အသုံးချပြီးတော့ ဖော်လိုဝါ ရှာလို့ရတယ် မဟုတ်လား...

"ဘော်ဘော်တို့...ချမ်းသာသူတို့ရဲ့ ကမ္ဘာမှာ ရုပ်ချောတာက အလကားပဲ...မင်း အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ ကိုယ့်ရဲ့ ကြိုးစားမှု ပါရမီပေါ်မှာပဲ မူတည်တယ်...အဲ့တာကပဲ လူတစ်ယောက်ကို မင်း ဘာကောင်လဲဆိုတာ အဆုံးအဖြတ် ပေးသွားတဲ့သော့ချက်ပဲ..."

"ကျွန်တော့်ကို ဥပမာ ယူကြ...မထင်မရှား ကျေးရွာလေးကနေ မွေးဖွားလာပြီး အသက်၁၈ နှစ်ရောက်တော့ ကျိုးဟိုင် တက္ကသိုလ်မှာ တက်ခဲ့ရတယ်...ကျွန်တော်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ဆို စက်ရုံဒါရိုက်တာ ဖြစ်လာမယ်ဆိုတာ အနှေးနဲ့အမြန်ပဲ..ဒါပေမယ့် ကောင်းကင်ကြီးက ဒီထက်ကြီးမားဆိုတာ နားလည်တယ်..စက်ရုံဒါရိုက်တာလေးက ကျုပ်ရဲ့ အကန့်အသတ်မဟုတ်သေးဘူး..အဲ့တာကြောင့် ကျုပ်အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး တစ်ခု စတင်ခဲ့တယ်..ခုဆို BMW X5 တောင် စီးနိုင်နေပြီ...အဲ့တာတွေက သူဌေးလို တွေးခေါ်ခြင်းရဲ့ အကျိုးကျေးဇူးတွေပါ ဘော်ဘော်တို့..."

"ခုဒီ အီရန်ဘွိင်းလေးလိုပေါ့...ရုပ်ချောပေမယ့် သူဌေးလို တွေးခေါ်နည်း မသိတော့ သာမန်အလုပ်တွေပဲ လုပ်နိုင်တယ်..ကျုပ်ဒီနေ့ ဒီနေရာမှာ ရောက်နေတာက ဦးနှောက်ကို သေချာ အသုံးချခဲ့လို့ပဲ...ဒီအချက်က သူဆင်းရဲနဲ့ သူဌေးကြား ခြားနားသွားစေတဲ့ အချက်ပဲ...."

ထိုသို့ပြောရင်း ရှောင်ချန်၏ နှုတ်ခမ်းမျယး ကွေးညွှတ်သွားခဲ့၏။

လင်းရီ ရောက်လာခြင်းက သူ့အတွက်တော့ အကျိုးများစွာ ဖြစ်ထွန်းစေခဲ့သည်။

ပုံမှန်အားဖြင့် သူလိုက်လွင့်ပြီ ဆိုပါက ကြည့်ရှုသူများမှာ ထွက်သွားထွက်လာဖြင့် နောက်ဆုံး ကျန်နေခဲ့သူမှာ ၁ထောင်လောက်သာ ရှိသည်။

ယနေ့တော့ လင်းရီ ရောက်လာပြီးနောက်ပိုင်း လူ ၁၅၀၀လောက် ရှိနေသေး၏။

သူကားထုတ်ပြီးပါက ထိုအခွင့်ရေးကို သေချာလေး အသုံးချရပေမည်။

"လာ လာ လာ မင်းတို့အာလုံးလာကြ..."

ရှောင်ချန် အီရန်ဘွိုင်း ခြောက်ယောက်လုံးကို သူ့ဘေးနား ခေါ်လိုက်ပြီး "မင်းတို့ရဲ့ တာ၀န်က ငါ့ကားကို ထုတ်ပေးဖို့ပဲ..ငါက မင်းတို့ အားလုံးကို ကြယ်ငါးပွင့်ပေးမယ် အိုကေလား... "

ရေမြောင်းထဲသို့ ကျွံကျနေသော BMW X5 ကိုကြည့်ရင်း အီရန်ဘွိုင်းအားလုံး မျက်မှောင်ကြုတ်သွားကြသည်။

ကားထုတ်ပေးရတာ ပြဿနာမရှိသော်လည်း ပြဿနာက လူဦးရေမှာ ၆ ယောက်တည်းသာရှိ၏။ ထိုမျှလေးသည့် ကားကို မဖို့ရာတော့ ရှိသည့်လူ‌လေး ခြောက်ယောက်နှင့် ခက်ခဲပေလိမ့်မည်။

"နောက်ထပ် လူထပ်ခေါ်လိုက်...ခြောက်ယောက်က နည်းလွန်းတယ်..."လင်းရီ ပြောလိုက်သည်။

"ခြောက်ယောက်က မလောက်သေးဘူးလားကွ..."ရှောင်ချန် ပြောလိုက်ပြီး "မင်းတို့အားလုံးတော်တော် သောက်သုံးမကျတာပဲကွ..လူခြောက်ယောက်ရှိတာတောင် ကားလေးတစ်စင်းကို မ မနိုင်ကြဘူးပေါ့...မင်းတို့ အချောင်ခိုချင်နေကြတာမလား..."

"အချောင်ခိုချင်တာ မဟုတ်ဘူး..ခင်များလည်း ဒီကားရဲ့ အလေးချိန်ကို သိသားနဲ့...လူ၆ ယောက်တည်းနဲ့ BMW X5 ကို မဖို့ရာ ဖြစ်နိုင်ပါ့မလား..."

ထိုအချိန်တွင်တော့ လိုင်လွင့်သည့် အခန်းတစ်ခုလုံး ကွန်းမန့်များ တရိပ်ရိပ် ထိုးတက်လာပြီး ဘာရေးထားမှန်း ဖတ်မမှီလောက်တော့ အထိ ဖြစ်သွားခဲ့သည်။

"လူခြောက်ယောက်ဆိုတာ နည်းတယ်လို့ မခေါ်ဘူးကွ..ဒီကောင်တွေကိုက သက်သက် အချောင်ခိုချင်နေကြတာ..."

"တစ်လောတုန်းကဆို ငါ့ဦးလေးရဲ့ ထရပ်ကားကြီး မြောင်းထဲကျွံသွားတုန်းက ငါနဲ့ ငါ့ဦးလေးပဲ မ ထုတ်ရတာ...အဲ့တာတောင် အေးဆေးပဲ..."

"ငါတော့ ဒီ ခပ်ချောချော ကောင်လေးကိာ သဘောမကျဘူး..ငါ့ကိုအဲ့လို လာပြောရဲကြည့် ချက်ချင်း မကောင်းတဲ့ ရီဗျူးတွေ ပေးပစ်မယ်..."

ရှောင်ချန် စခရင်ကို ညွှန်ပြလိုက်ပြီး လင်းရီကို ပြောလိုက်သည်။ "သူ့ကို ကြည့်စမ်း..ထရပ်ကားကိုတောင် နှစ်ယောက်ထဲ မတယ်ဆိုပဲ...မင်းတို့က ခြောက်ယောက်ရှိတာတောင်မှ မလောက်ဘူးပြောနေသေးတယ်ပေါ့..ငါပြောလိုက်မယ် မင်းတို့လို ဘာမှ မလုပ်ပဲ ပိုက်ဆံ အချောင်လိုချင်နေတဲ့ ကောင်တွေက သူဌေးဖြစ်ဖို့အတွက် အကြီးမားဆုံး ဘူကောင်တွေပဲကွ... "

လင်းရီ သူ့နားထင်ကို ပွတ်လိုက်သည်။ သူခေါင်းအတော်လေး ကိုက်နေခဲ့၏။

သူ ထိုကောင့်အစား ရှက်လွန်း၍ ကင်ဆာပင် ရချင်နေသည်။

"ကြွားတယ်ဆိုတာလည်း အတိုင်းအတာ တစ်ခုတော့ ထားသင့်တယ် ကိုယ့်လူ..ခင်များ လူထပ်မခေါ်တော့ဘူးဆိုရင် ကျုပ်တော့ လစ်ပြီ..."

လင်းရီကဲ့သို့ ဘာမဟုတ်သည့် အီရန်ဘွိုင်းမှာ ထိုမျှ စိတ်ဓာတ် ပြတ်သားလိမ့်မည်လို့ ထင်မထားခဲ့။ သူမျက်မှောင်ကြုတ်လိုက်ပြီး "ငါ လူထပ်ရှာပေးလို့ရတယ်..ဒါပေမယ့် တစ်ယောက်ရရင် ကြယ်တစ်ပွင့်လျော့မယ်..နှစ်ယောက်ရရင် ကြယ်နှစ်ပွင့်လျော့မယ်..ဘယ်လိုလုပ်မလဲ ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်..."

ထိုအချိန်တွင်တော့ ရှောင်ချန်၏ လက်ထောက် စခရင်နားသို့ သွားလိုက်ပြီး "ရှင်တို့ မြင်ကြလား..ကျွန်မတို့ ချန်ချန်က အီရန်ဘွိုင်းတွေ ကြယ်ငါးပွင့် မက်မောတာကို သိတော့ အဲ့အကွက်ကို ချုပ်ပြီးညှိနှိုင်းနေတာ...ပရိသတ်ကြီးတို့သာ ဒီရဲ့ သဘောတရား တစ်၀က်လောက်ကိုသာ နားလည်နိုင်မယ်ဆိုရင် ဘ၀မှာ အောင်မြင်သူကြီးတွေ ဖြစ်လာနိုင်ပါပြီနော်....ဒါနဲ့ စကားမစပ် နောက်လမှာ သူဌေးဖြစ်နည်း သင်တန်း လုပ်ဖို့ရှိပါတယ် တက်ချင်တယ်ဆို တက်လို့ ရေးခဲ့ကြပါနော်..."

"ထားလိုက်တော့..ခင်များတို့ပဲ ဆက်‌ရွှေ့ကြ..ကျုပ်တော့ လစ်ပြီ..."လင်းရီ လက်ဝှေ့ရမ်းလိုက်ပြီး ထွက်ခွာသွားခဲ့သည်။

"ဟျောင့် မင်းကြယ်ငါးပွင့် မလိုချင်တော့ဘူးလား..."ရှောင်ချန် ပြောလိုက်ပြီး "မင်းအမူအရာတွေ ပြင်လိုက်တာ ကောင်းမယ်... ငါသာ တိုင်တောလိုက်ရင် ပလက်ဖောင်းက မင်းကို လစာလျော့ပစ်တော့မှာ..."

"ကျုပ်ကို ပိုက်ဆံရှားတယ်လို့များ မှတ်နေလား.."

လင်းရီ ထွက်ခွာသွားသည်ကိုကြည့်ရင်း ရှောင်ချန် အနည်းငယ် ရင်နာသလို ခံစားနေရသည်။ လင်းရီသွားပြီးနောက် သူ၏ အမျိုးသမီးကြည့်ရှုသူများမှာလည်း ထွက်ခွာသွားခဲ့ကြ၏။

သူ၏ ကျော်ကြားမှု အဆင့်မှာ ရုတ်ချည်းဆိုသလို အောက်သို့ ပြုတ်ကျသွားတော့သည်။

"မပူနဲ့..တစ်ယောက်ထွက်သွားပြီ ဆိုပေမယ့် ကျုပ်တခြားတစ်ယောက်ကို ထပ်ခေါ်လို့ရသေးတယ်...."

ရှောင်ချန် ပြောလိုက်ပြီး "ဒါပေမယ့် ကျုပ်လူတိုင်းကို စကားကောင်းပါးပါရစေ..သူ့လိုမျိုး တည်ငြိမ်မှုကို မထိန်းချုပ်နိုင်တဲ့သူက ဘ၀မှာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး..."

"သူဌေးဖြစ်ဖို့ အကြီးဆုံး အဟန့်အတားကတော့ ကိုယ်တိုင်ကျ ဘာသောက်သုံးမှ မကျဘဲ မှန်းတော့ အမြင့်ကြီးတွေ လျောက်မှန်းတာကိုပဲ...အလုပ်ကျ မလုပ်ချင်ဘဲ ပိုက်ဆံကျ ထိုင်ဖြုန်းချင်တယ်..လောကမှာ အဲ့လောက်ကောင်းတဲ့ ကိစ္စမျိုး ဘယ်မှရှိနိုင်မှာ..."

"ဒီနေ့တော့ သူ့လိုမျိုး ရုပ်ချောတဲ့ ကောင်တွေက ချောတာကလွဲရင် ဘာတန်ကြေးမှ မရှိဘူးဆိုတာ အားလုံး နားလည်သွားလိမ့်မယ်လို့ မျှော်လင့်တယ်..."

"သူက ခု အီရန်ဘွိုင်း..နောက်ဆယ်နှစ်နေလည်း အီရန်ဘွိုင်းပဲ ဆက်ဖြစ်နေဦးမှာ..အဲ့ချိန်ကျ ခုလောက်တောင် ကောင်းချင်မှ ကောင်းတော့မှာ..."

"အကယ်၍ များ မယုံတဲ့သူ တစ်ယောက်ယောက်ရှိရင် လောင်းကြေးချကြရအောင်ဗျာ....အဲ့ကောင်သာ ဆယ်နှစ်အတွင်း တစ်ခုခု အောင်မြင်အောင် လုပ်နိုင်လို့ကတော့ ကျုပ်အဘိုးအုတ်ဂူပေါ်တက်ပြီး ဒစ်စကိုအက ကပြမယ်...."

ဘွန်း ဘွန်း ဘွန်း...

ရုတ်တရက်မနီးမဝေးမှ ကားအင်ဂျင်သံကြီး ထွက်ပေါ်လာပြီး ရှောင်ချန်ကို ထိတ်လန့်သွားစေခဲ့သည်။

"ဘာတွေ ဖြစ်နေတာလဲဟ..အသံနားထောင်ရတာတော့ ပြိုင်ကား အသံကြီး ..."

"အစ်ကိုချန် ..ကြည့်လိုက်ဦး ..ဟိုမှာ ပြိုင်ကားကြီး ..တံဆိပ်ကိုလည်း ကြည့်လိုက်.. Koenigsegg ကြီးနဲ့တူတယ်...."

All Chapters