အခန်း (၁၇၀)
Vol. 12 Ch. 170
"ဖက်ခ်... တကယ်ကြီး Koenigsegg ဟ "
လင်းရီကားကို မြင်တော့ ချက်ချင်း ပျာပျာသလဲ ဖြစ်သွားပြီး "လမ်းဖယ်ကြဟ..အဲ့ကားကြီးသာ တစ်ခုခု ဖြစ်သွားလို့ကတော့ ရှိတာ ဖြုတ်ရောင်းရင်တောင် လျော်ဖို့ လောက်မှာ မဟုတ်ဘူး..."
"ဘော်ဘော်တို့...မြင်လိုက်ကြလား..အဲ့တာကလည်း သူဌေးအတွေးပဲ..အလကားနေ အလကား ငွေပိုထွက်တာကို ရှောင်တယ်...မနီးတော့တဲ့ အနာဂတ်ကျရင်အဒ့လိုကားမျိုး ကျုပ်လည်း စီးလာနိုင်တော့မှာ..."
ကြွားဝါပြောဆိုပြီးနောက် ရှောင်ချန်မှာ ရင်ထဲ နေလို့ကောင်းသလို ခံစားသွားရသည်။ သို့သော်လည်း Koenigsegg မှာ သူ့ရှေ့ ရုတ်တရက် ထိုးရပ်လိုက်သည်ကို မြင်တော့ အံ့အားသင့်သွားခဲ့၏။
"ရှီး...မင်းပဲ..."
ကားထဲရှိ လင်းရီကို မြင်တော့ ရှောင်ချန်သာမက လိုက်လွင့်ခန်းထဲရှိ လူများ အားလုံးလည်း အံ့အားသင့်သွားခဲ့ကြသည်။
အဲ့တာ ခုနက အီရန်ဘွိုင်း မဟုတ်လား...သူက ဘယ်လိုလုပ် ပြိုင်ကားကြီး မောင်းနေတာလဲဟ...
"ဘာလဲ...ကျုပ်ပြိုင်ကား မောင်းနေတာ မြင်တော့ သိပ်အံ့ဩသွားသလား..."လင်းရီ ထေ့ငေါ့စွာပြုံးလိုက်ပြီး "ခုနလေးတင် သူဌေးအတွေးကြောင်း ပြောနေတာ မဟုတ်လား..ဆက်ပြောလေ..ကျုပ်နားထောင်နေတယ်...."
"အာ....တာကောကလည်း နောက်နေပါပြီ... Koenigsegg ကြီးထဲ ထိုင်နေပြီးမှတော့ ကျွန်တော်ပြောတာကို ဘာလို့ နားထောင်ဖို့ လိုတော့မှာလဲဗျာ..."
"မဟုတ်ဘူး...အဓိကအချက်က မင်းပြောတာတွေ သောက်ရမ်း နားထောင်ကောင်းလို့ပဲ...ဆက်ပြောလေကွာ..ငါဆုလာချမယ်..."လင်းရီ သူ့ဖုန်းကို ကိုင်ထားလိုက်ပြီး "မင်းရဲ့ အခန်းနံပါတ်က ဘယ်လောက်လဲ...ရော့ကတ် လာကျဲမလို့..."
ရှောင်ချန် မျက်နှာ စိမ်းသွားခဲ့သည်။
တာကော..မင်းသောက်ရမ်းချမ်းသာတယ်ဆိုတာသိတယ်...ဒီတော့ ငါကို လာမစနဲ့ အိုကေ...
"ဟျောင့်..ဒီရဲ့ အစ်ကိုကြီးတာ တစ်ခုခု ကြီးကြီးမားမားကြီးတွေ လုပ်ပြနိုင်ခဲ့ရင် မင်းအဘိူးရဲ့ အုတ်ဂူပေါ်တက်ပြီး ဒစ်စကို ဆွဲပြမယ်ဆို...ခု မင်းပြောတဲ့လူက Koenigsegg ထဲတောင် ရောက်နေပြီ ..ဆိုတော့ အောင်မြင်နေတယ်လို့ သတ်မှတ်လို့ ရပြီမလား..."အနီးနားရှိ အီရန်ဘွိုင်းတစ်ယောက်မှ ပြောလိုက်၏။
"ဟူတ်တယ် ဟုတ်တယ်...ခင်များ အဘိုး အုတ်ဂုက ဘယ်မှာလဲ..ကျုပ်တို့ လိုက်ပို့ပေးမယ်..."
"မင်း...မင်း...မင်းတို့...စကားကို ကတ်သီးကတ်သတ် မပြောကြနဲ့..."
ရှောင်ချန် အံတင်းတင်းကြိတ်၍ သွားကြားထဲမှ ထွက်သော လေသံဖြင့် ပြောလိုက်သည်။
"ဘာလဲ....မင်းခုတော့ မလုပ်ရဲတော့ဘူးလားကွ..."
အီရန်ဘွိုင်းများလည်း ကြောက်ရွံ့ဟန်မပြ..သူတို့ စိတ်ထဲ ရှိသမျှ ဘွင်းဘွင်းရှင်းရှင်း ထုတ်ပြောကြတော့သည်။
တစ်ချိန်တည်းတွင် တိုက်ရိုက်ထုတ်လွင့်သည့် အခန်းထဲရှိ ကွန်းမန့်နေရာ၌လည်း ပရမ်းပတာ ဖြစ်နေကြ၏။
"ဟျောင့်တွေရေ..ဒီအီရန်ဘွိုင်းက တကယ်ကြီး ဆန်းကြယ်တဲ့ ဒုတိယမျိုးဆက် သခင်လေးဟ..."
"ခုလိုက်လွင့်နေတဲ့ကောင် ..မင်းသာ မင်းအဘိုး အုတ်ဂူပေ့်မှာ ဒစ်စကို မကပြလို့ကတော့ လိပ်စာရှာပြီး လာခဲ့မှာနော်..."
"ဟုတ်တယ်ဗျို့..ဒစ်စကို ဆွဲပြပါဗျို့..."
လင်းရီ ကားထဲမှနေ၍ သူနှင့်ရွယ်တူ အီရန်ဘွိုင်းလေးများကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး "ကဲ ငါတော့ အရင်လစ်ပြီ ညီကိုတို့...ကြိုးစားကွာ..ငါတို့လူငယ်တွေမှာ အမြဲတမ်း တောက်ပတဲ့ အနာဂတ်ရှိတယ်..."
"ဟုတ်...ကျေးဇူးပါ ညီကို..."
လင်းရီ ထွက်သွားသည်ကို မြင်တော့ ရှောင်ချန် အံတင်းတင်းကြိတ်လိုက်မိသည်။ အဘယ်ကြောင့် ဆိုသော် သူ၏ ဖန်အများအပြားက သူ့လိုက်လွင့်ခန်းထဲမှ ထွက်သွားသောကြောင့် ကြည့်ရှုသူဦးရေမှာ ၃၀%ခန့် လျော့ကျသွားခဲ့သည်။
သွားပြီ...ငါတော့ သွားပြီ...
အပြန်လမ်းတွင်တော့ လင်းရီထံသို့ အော်ဒါပြီးမြောက်ကြောင်း မက်ဆေ့ခ်ျ ၀င်လာခဲ့၏။ သို့သော်လည်း မကောင်းသည့် ရီဗျူးများ ပေးထားလေသည်။
တစ်ချိန်တည်းတွင် နောက်ထပ် အသိပေးစာ တစ်စောင် ရောက်လာခဲ့ပြီး သူ့ကိုပေးထားသည့် မှတ်ချက်ကောင်းများမှာ ၅၈%သာ ရှိသောကြောင့် သေချာ ၀န်ဆောင်မှု ပေးရန် သတိပေးလာခြင်းပင်။
လင်းရီကတော့ သိပ်အာရုံစိုက်မနေပဲ မက်ဆေ့ခ်ျကို ဖျက်၍ နောက်ထပ်အော်ဒါများ ဆက်လက် လက်ခံတော့သည်။
ကံကောင်းစွာဖြင့် သူလက်ခံလိုက်သည့် နောက်အော်ဒါ၏ ကတ်စတန်မာမှာ အမျိုးသမီးဖြစ်ခဲ့ပြီး သဘာ၀အားဖြင့် သူ၏ ခန့်ညာစသော ရုပ်ရည်ကြောင့် ကြယ်ငါးပွင့်ရီဗျူး ရရှိသွား၏။
ကားထဲတွင် ထိုင်နေရင်း လင်းရီ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
'ဟူး...အီရန်ဘွိုင်းလုပ်နေရတာတောင်မှ သောက်ရမ်းခန့်တဲ့ ငါ့ရုပ်ရည်ပေါ် မှီခိုနေရတုန်းပါလားဟ...'
မစ်ရှင် ပြီးမြောက်မှုနှုန်းမှာ (၈/၁၀)ဖြစ်နေခဲ့ပြီး နောက်ထပ် အော်ဒါအသစ်တစ်ခု လက်ခံရန် အသင့်ဖြစ်နေလေသည်။
နာရီကို တစ်ချက် ကြည့်လိုက်သောအခါ ၁၁ ခွဲနေပြီ ဖြစ်ကြောင်း သတိထားမိသွား၏။
ကျီချင်းရန်၏ ရုံးခန်းကို သွား၍ သူ၏ အနာဂတ် လက်ထောက်အသစ်လေး နှစ်ယောက်ကို သွားတွေ့ရန် အချိန်နီးကပ်လာပြီ ဖြစ်သောကြောင့် နောက်ထပ် အော်ဒါဆက်ယူရန် မဖြစ်နိုင်တော့ချေ။
သို့နှင့် လင်းရီ ဖုန်းကို ဘေးသို့ ပစ်ချလိုက်ပြီး ချောင်ရန် အုပ်စုသို့ ဦးတည်လိုက်၏။
ကျီချင်းရန်၏ ရုံးခန်းထဲရောက်တော့ သူမ စာရွက်စာတမ်းများအပေါ်တွင် အာရုံစိုက်နေကြောင်း တွေ့လိုက်ရသည်။
တစ်ခါတစ်ရံ ဖောင်တိန်တစ်ချောင်းနှင့် ဟိုမှတ်ဒီမှတ်တောင် လုပ်လိုက်သေး၏။
သို့သော်လည်း သူမတစ်ဦးတည်းမှ လွဲ၍ မည်သူမျှ ရုံးခန်းထဲတွင် ရှိမနေခဲ့။
လင်းရီ နာရီကို တစ်ဖတ် ပြန်ကြည့်လိုက်သောအခါ ၁၂ ထိုးနေကြောင်း တွေ့လိုက်ရ၏။ သို့သော်လည်း သူမ ခေါ်ထားသည့် လူနှစ်ယောက်ကတော့ ခုထက်ထိ ရောက်မလာသေး။
ဘာလဲဟ....အချိန်ကို မလေးစားတာလား...
ချလပ်..
တံခါးဖွင့်သံကြား၍ ကျီချင်းရန် မော့ကြည့်လိုက်သောအခါ လင်းရီဖြစ်ကြောင်းတွေ့တော့ အပြုံးပန်းလေးတစ်ပွင့် သူမမျက်နှာထက်၌ ပေါ်လာခဲ့၏။
"လင်း..နင်က အချိန်တိကျလှပါလား..၁၂ တိတိမှာ ရောက်လာတာရော်..."
လင်းရီ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး "ငါကတော့ အချိန်မှန်တယ်..ဒါပေမယ့် မင်းလူတွေကတော့ မမှန်သလိုပဲနော...."
ကျီချင်းရန်ကတော့ ဆန်းကြယ်စွာ ပြုံးလိုက်ပြီး မီဖိုချောင်အခန်းဘက်သို့ ညွှန်ပြလိုက်သည်။
"ဘာပြောချင်တာ..အဲ့ထဲမှာ ရှိတယ်လို့ ပြောချင်တာလား..."
"နင်၀င်သွားကြည့်ရင် သိမှာပေါ့ဟဲ့..."
ကျီချင်းရန် ဘာလုပ်ချင်နေမှန်း မသိသော်လည်း လင်းရီ အထဲသို့ ၀င်သွားကြည့်ဆဲ ဖြစ်၏။
မီးဖိုချောင် စားပွဲခုံပေါ်တွင်တော့ ဟင်းအမယ် တစ်ချို့ ရှိသည့်အပြင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ဂျင်း အစရှိသည့် ဟင်းချက်စရာများကို လည်း ပါးပါး လှီးထားပေးသေး၏။
၎င်းကိုမြင်တော့ လင်းရီ ကျီချင်းရန်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။
ကျီချင်းရန်ကလွဲ၍ မည်သူများ ရှိနိုင်ဦးမည်နည်း။
လင်းရီ တံခါးနားရပ်၍ တံခါးဘောက်ကို မှီလိုက်ပြီး "ဘော့စ်ကျီ..ခင်များ ၁၂ နာရီ တွေ့ဖို့ ချိန်းလိုက်တာက ကျုပ်ကို နေ့လည်စာ လုပ်ခိုင်းမလို့ စောခေါ်လိုက်တာမလား..."
ကျီချင်းရန် ရယ်မောလိုက်ပြီး "မဟုတ်ပါဘူးဟယ်..ဟိုကောင်မတွေကိုက နောက်ကျနေတာ..နင်ကလည်း နေ့လည်စာ စားရမယ့် အချိန်ကျမှ ရောက်လာတယ်ဆိုတော့ အစက ငါလည်း ကိုယ်တိုင် လုပ်မလို့ပါပဲအေ..ဒါပေမယ့် စာဖိုမှူးကြီးလင်း ရောက်လာပြီ ဆိုမှတော့ မလိုတော့ဘူး ထင်တယ်..ဟီးဟီး..."
"အဆင်ပြေပါတယ်...ကျုပ်ရဲ့ ဘော့စ်ကျီကို လက်စွမ်းပြခွင့်ပေးလိုက်မယ်..."ထို့နောက် လင်းရီ ဟန်အမူအရာဖြင့် "ကဲ ကျေးဇူးပြုလို့..."
"အာ..တော်ပါပြီ..တော်ကြာ ငါလုပ်လိုက်မှဖြင့် မီးဖိုချောင်ပါ ပြောင်းပြန်လှန်သွားနေဦးမယ်..."
ကျီချင်းရန်၏ မျက်လုံး လှလှ လေးများ လခြမ်းကဲ့သို့ ဖြစ်သွားပြီး "ငါ အချက်ပြုတ် သင်ပြီးတဲ့အခါကျရင်နင့်ကို ချက်ကျွေးမယ်လို့ ကတိပေးတယ်ဟာ..."
"အဲ့လိုဆိုရင်တော့ နောက်ထပ် လေးငါးနှစ်လောက် ဆက်စောင့်ရကိန်းတော့ ပေါက်နေပြီ..."
သူလည်း ရောက်နေမှေတော့ မထူးလက်စနဲ့ မီးဖိုချောင်ထဲ ၀င်၍ ချက်ပြုတ်ပေးလိုက်သည်။
မိနစ်လေးဆယ်လောက် ကြာပြီးနောက် ဟင်းလေးမျိုးနှင့် စွပ်ပြုတ်တစ်ပွဲ မှာ သုံးဆောင်ရန် အဆင်သင့်ဖြစ်နေတော့၏။
သာမန်ရိုးရှင်းသည့် အိမ်ချက်ဟင်းများသာ ဖြစ်သော်လည်း အရသာကတော့ ဆွေမျိုးမေ့လောက်၏။
"စားဖိုမှူးကြီးက ပင်ပမ်းနေရောပေါ့..တို့ ဒီနေ့မနက် သရက်သီးဖျော်ရည်လုပ်ထားလို့ ရှင့်အတွက် ယူလာပေးမယ်နော်..."ကျီချင်းရန် လောကွတ်ချော်လိုက်၏။
"အဲ့လို သိတတ်မှပေါ့..."
ဟင်းပွဲများအားလုံး အသင့်ဖြစ်တော့ ကျီချင်းရန် သားရည်များမှာလည်း အတော်လေးယိုနေပြီး အားရပါးရ လွေးရန် ဟန်ပြင်လိုက်သည်။
ဒေါက် ဒေါက် ဒေါက်...
ကျီချင်းရန် စားဖို့ဟန်ပြင်ပြီး တူကိုင်ကာရှိသေး တစ်စုံတစ်ယောက် တံခါးခေါက်သံကို ကြားလိုက်ရ၏။
"၀င်ခဲ့..."
ရုံးခန်းတံခါး ပွင့်လာခဲ့ပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရုံးခန်းထဲသို့ ၀င်လာခဲ့ကြပြီး
အမျိုးသမီး၏ အရပ်သွင်ပြင်မှာ ကျီချင်းရန်လောက် မမြင့်သော်လည်း စေချာပေါက် မနိမ့်ပေ။ ကြည့်ကောင်းလှသော ဘဲဥပုံသဏ္ဌာန် မျက်နှာနှင့် ဖြူစင်း၀င်းပသော အသားအရေရှိသူဖြစ်၏။ ၀တ်စုံပြည့် ၀တ်ဆင်ထားပြီး အထက်တန်းကျသည့် စတိုင်ပင်။
သူမနှင့် ဘေးချင်းကပ် ရပ်နေသူကတော့ သာမန်ရုပ်ရည်သွင်ပြင်သာရှိပြီး သန့်စင်သည့် အရှိန်အ၀ါတို့ကိုတော့ ခံစားမိ၏။
မထူးဆန်းစွာပင် အမျိုးသမီးကတော့ ကျီချင်းရန်၏ ဂျူနီယာ ညီမလေး ဟော်ယွမ်ယွမ်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူမ၏ သူငယ်ချင်း ချီရှန်းကျောက်ပင်။
"ယွမ်ယွမ်...နင်အစောကြီး ရောက်လာပါလား..."
"ဟီးဟီး ညီမရဲ့ ဘော့စ်အသစ်နဲ့ တွေ့ရမယ်ဆိုတော့ နောက်ကျလို့ မဖြစ်ဘူးလေ..."
ဟော်ယွမ်ယွမ် လင်းရီကို တစ်ချက်ကြည့်လိုက်ပြိး အပြုံးလေးဖြင့် "စီနီယာကတော့ စီနီယာဆိုတဲ့ အတိုင်းပဲ..အရမ်းချောတဲ့ ကိုယ်ပိုင်စားဖိုမှူးတောင် ထားထားတယ်ပေါ့...ဒီဂျူနီယာလေးကတော့ အစ်မစီကနေ အများကြီး သင်ယူရဦးမယ်...."
ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ နှစ်ဦးလုံး လင်းရီကို သူတို့ဘော့စ်အသစ် ဖြစ်လိမ့်မည်လို့ ထင်မထားကြ။
ကျီချင်းရန် အသံထွက် အော်ရယ်လုနီးပါး ဖြစ်သွားပြီး "သူ့ပုံစံက စားဖိုမှူးနဲ့ တူနေလို့လားဟဲ့..."
"မဟုတ်ဘူးလား..."ဟော်ယွမ်ယွမ် လင်းရီကို စုန်ချည်ဆန်ချည် ပြန်ကြည့်လိုက်ပြီး "သူက အစ်မကျီရဲ့ အတွင်းရေးမှူးကောင်လေးတော့ မဟုတ်ဘူးမလား..."
"ငါ ဘယ်တုန်းက အတွင်းရေးမှူးကို ကောင်လေးတွေ ခန့်ဖူးလို့လဲဟဲ့..."ကျီချင်းရန် မကျေမနပ် ဖြစ်သွားခဲ့သည်။
"ဒါပေါ့ရှင့် ..သူက ကြည့်ကလည်း ကြည့်ကောင်း..ဟင်းကလည်း ချက်တတ်..အနီးနားသာ ခေါ်ထားလို့ကတော့ ခဲတစ်လုံးနဲ့ငှက်နှစ်ကောင် ပစ်တာပဲ မဟုတ်ဘူးလား..."
ဟော်ယွမ်ယွမ် စနောက်လိုက်သည်။
"သူက အရပ်မြင့်မင့် ခပ်ချောချော..ပြီးတော့ ဘော်ဒီကလည်း တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ဆိုတော့ သေချာပေါက် စီနီယာကြိုက်တဲ့ ပုံစံပဲ..."