← Chapters

အခန်း (၁၇၁)

Vol. 12 Ch. 171

အခန်း (၁၇၁)

Vol. 12 Ch. 171

"ချူး ချူး ချူး ..ဘာပေါက်တတ်ကရတွေ လာပြောနေတာလဲ.."ကျီချင်းရန် ရှက်ကိုးရှက်ကမ်း ဖြစ်သွား၏။

"ငါနင့်ကို နောက် တစ်ကြိမ် အခွင့်ရေးပေးမယ်... ဘယ်သူလဲလို့ မှန်းကြာ့်ကြည့်..."

"တော်ပြီ..မှန်းတော့ဘူး..ခု ဘော့စ်အသစ်နဲ့ တွေ့ရတော့မှာ ဆိုတော့ တော်တော်လေး စိတ်လှုပ်ရှားနေတာ..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ဘာပဲဆိုဆို သူက အစ်မကျီရဲ့ ကောင်လေး မဟုတ်တာတော့ သေချာတယ်..."

"တကယ်တော့ သူက......"

လင်းရီ သူမကို စိုက်ကြည့်လိုက်ပြီး စကားတစ်၀က်တွင် ရပ်တန့်သွားစေ၏။

သူမ လင်းရီ ဘာကို ဆိုလိုချင်နေမှန်း နားလည်ပေသည်။

ဤအချိန်က လူကဲခတ်လို့ အကောင်းဆုံးပင်။

"အာ...စီနီယာ ဘာမှမဖြစ်ဘူး..ညီမ အထင်လွဲမှာ မဟုတ်ဘူး..."

ဟော်ယွမ်ယွမ် ပြောလိုက်ပြီး

"ညီမ ကျောင်းတုန်းက မှတ်မိပါသေးတယ်..အစ်မကျီကို သူများ ရည်းစားစာ လာပေးတော့ ဆရာမနဲ့ သွားတိုင်တာကိုလေ..."

ကျီချင်းရန် ရှက်သွေးဖြာသွားခဲ့သည်။ သူ၏ ဂျူနီယာ ညီမလေးက ထိုရှက်စရာကိစ္စများကို လင်းရီရှေ့၌ ဖောက်သည်ချလိမ့်မည်လို့ ထင်မထားခဲ့။

ထို့သို့ ပြောပြီးနောက် ဟော်ယွမ်ယွမ် ချီရှန်းကျောက်ကို ညွှန်ပြကာ "အစ်မကျီ....ညီမသူနဲ့ မိတ်ဆက်ပေးမယ်...သူ့နာမည်က ချီရှန်းကျောက်တဲ့...သမီးတို့ အမေရိကမှာ ကျောင်းသားဖလှယ် ဆွေးနွေးပွဲသွားရင်း တွေ့ခဲ့တာလေ....သူရဲ့ စီးပွားရေးအရည်အချင်းတွေက ထိပ်တန်းဆိုပေမယ့် တ-ရုတ်ကို ပြန်လာတာတော့ သိပ်မကြာသေးဘူး..ဒီတော့ ပြည်တွင်း ဈေးကွက်အကြောင်း သိပ်နားလည်ဦးမှာ မဟုတ်ဘူးဆိုပေမယ့် သိပ်မကြာခင်တော့ နေသားကျသွားမှာပါ..."

"ဟယ်လို ဥက္ကဌကျီ..."

"ဟယ်လို..."

နှစ်ယောက်သား ရိုးရှင်းစွာ လက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။

"နှစ်ယောက်လုံး စားပြီးကြပြီလား..မစားရသေးရင်အတူစားကြမယ်လေ..."

"ဟီးဟီး အဲ့တာဆိုရင်လည်း အားမနာတော့ဘူးနော်...အနံ့ရသာနဲ့တင် ဒီက ဗိုက်ဆာနေတာ..."ဟော်ယွမ်ယွမ် ပြုံးလိုက်ပြီး "အစ်ကိုချီရဲ့ လေယာဉ်ကလည်း ၁၂ မှလေ..ညီမသူ့ကို လေဆိပ်သွားကြိုပြီးတော့ အတူပြန်လာတော့ သူလည်း ဘာမှမစားရသေးဘူးထင်တယ်..."

"အဆင်ပြေပါတယ်...အတူစားကြတာပေါ့..မဟုတ်ဘူးလား..."

"ကျေးဇူးပါ ဥက္ကဌကျီ ..ဒါပေမယ့် ကျွန်တော်က လေယာဉ်ပျေါ်မှာ စားခဲ့တော့ ဗိုက်မဆာသေးပါဘူးဗျ..."

ချီရှန်းကျောက် ကျီချင်းရန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သောကြောင့် အနည်းငယ် စိုးထိတ်နေသည်။

တစ်ဝိုင်းတည်း အတူစားလိုက်ရင် မယဉ်ကျေးရာများ ရောက်သွားလေမလား....

လင်းရီ ချီရှန်းကျောက်ကို အသိမှတ်ပြုသည့် အကြည့်တစ်ချက်ပေးလိုက်သည်။

အင်း မဆိုးဘူး..လူကောင်းလေးပဲ...

"အစ်ကိုချီ..ရှင်မစားဘူးဆိုတာ သေချာလား.." ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "အစ်မကျီဆိုတာကလည်း အပြင်လူမဟုတ်ဘူးနော်...ပြီးတော့ ဘော့စ်အသစ်ကလည်း ရောက်သေးတာမှ မဟုတ်တာ၊...အားနာမနေစမ်းပါနဲ့...."

"မဟုတ်ပါဘူးကွာ...မင်းနဲ့ ဥက္ကဌကျီတို့သာ စားနှင့်ကြ...ငါတကယ်ကြီး ဗိုက်မဆာလို့..."

"အာ့ဆိုလည်း မခေါ်တော့ဘူးနော်...ညီမကတော့ ဆာလွန်းလို့ အူတောင် လိပ်နေပြီ..."

ဟော်ယွမ်ယွမ် ဘန်းမုန့် တစ်ခုကို တူဖြင့် ညှပ်ဝါးလိုက်ပြီး မျက်လုံးများတောက်ပလာကာ စိတ်လှုပ်ရှားလွန်း၍ ထခုန်လုနီးပါး ဖြစ်သွားခဲ့သည်။

"အစ်မကျီ ဒီ ဘန်းမုန့် က အရမ်းစားကောင်းတာပဲရော်...ဒီလောက်စားကောင်းတဲ့ အရှေ့မြောက်ပိုင်း ဒေသအစားအစာကို ဒီမှာ မြည်းစမ်းခွင့် ရမယ်လို့တောင် မထင်ထားဘူး...အစ်မကျီမှာ တကယ့်ကို အတွင်းရေးမှူးကောင်း ရထားတာပဲ...ဟင်းဟင်း..."

"ဟီးဟီး အထင်ကြီးဖို့ ကောင်းတယ်မလား..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး လင်းရီ မည်သူလဲဆိုတာ ဖော်ထုတ်ဖို့ရာ အလောမကြီးခဲ့ပေ။

"အွန်း အွန်း..ညီမက ဘာလို့ အစ်မကျီ ဒီလောက် မြန်မြန်၀လာပါဘိမ့်ဆိုပြီး စဉ်းစားနေတာ...နေ့တိုင်း ဒီလို စားကောင်းသောက်ဖွယ်တွေကြီး စားနေရမှတော့ မ၀လာမှပဲ ဆန်းနေဦးမယ်..."

"ဟွန့်..ငါက သုံးပေါင်လေးပဲ ဝိတ်တက်လာတာပါနော်...နင်ပြောသလောက်လည်း မ၀ပါဘူးဟဲ့..."ကျီချင်းရှန် မျက်နှာလေးနီရဲလျက် ပြောလိုက်သည်။

"ကြည့်ရတာတော့ နောက်လည်း အစ်မဆီ မကြာမကြာ လာလည်ရမလိုတောင် ဖြစ်နေပြီ..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "အချောလေးကိုလည်း ငေးလို့ရတယ်..ကောင်းကောင်းလေးလည်း စားလို့ရတယ်လေ ဟီးဟီး မိုက်ဘူးလား..."

"စားပဲ စားမနေနဲ့..နင့်ဘက်က အခြေနေကော...ခုထိ အလုပ်လုပ်နေတုန်းပဲ မဟုတ်လား..."

လင်းရီ ရုတ်တရက် ဟော်ယွမ်ယွမ်မှာ မေ့ထွမ်၏ CFO ဖြစ်ခဲ့ဖူးကြောင်း ပြောထားသည်ကို ရုတ်ရက် အမှတ်ရသွား၏။

တစ်နည်းအားဖြင်ဆိုသော် ဟော်ယွမ်ယွမ်မှာ သူ၏ ဘော့စ်ပင်။

မည်သို့ပင်ဆိုစေ လင်းရီမှာ မေ့ထွမ်လက်အောက်ရှိ ပ‌လက်ဖောင်းတစ်ခုတွင် အီရန်ဘွိုင်း လုပ်နေခြင်းပင်။

အင်း...ခုလောလောဆယ်တော့ အဆင်ပြေသေးပေမယ့် နှစ်ဖက်စလုံးက အကဲခေတ်နေကြတုန်း ရှိသေးတယ်..."

ဟော်ယွမ်ယွမ် လေးနက်နေသည့် လေသံဖြင့် ပြောလိုက်၏။

"ခုလောလောဆယ်တော့ ဘော့စ်အသစ်ဘက်က အဆင်ပြေနေသလို ကျွန်မဘက်ကလည်း အဆင်ပြေနေသေးတယ်..ဒါပေမယ့် အရံအစီအစဉ်တော့ စီစဉ်ထားပြီး‌သား...တကယ်လို့ အချင်းများပြီး နှစ်ဖက်ထိပ်တိုက်ဆုံပြီဆိုရင်တော့ ကျွန်မ အချိန်ကောင်းစောင့်ပြီး ထွက်ပစ်မှာ...."ယော်ယွမ်ယွမ် တည်ကြည်စွာ ပြောလိုက်၏။

"အွန်း...နင်မှတ်တယ်..."

"ဘယ်တတ်နိုင်ပါ့မလဲ..ညီမက အစ်မလောက်မတော်မှနဲ့ အရံအစီအစဉ်တွေ ထားထားရတာပေါ့..."ဟော်ယွမ်ယွမ် အပြုံးလေးဖြင့် ပြောလြိက်သည်။

ထို့နောက် လင်းရီထံသို့ "လူချောလေး...ကျွန်မကို ရေတစ်ခွက်လောက် တိုက်လို့ရလား...ရှင့်ရဲ့ အစားအသောက်တွေက ကောင်းလွန်းတော့ နင်တောင် နင်နေပြီ..."

"ရတာပေါ့..."

လင်းရီ တုန့်ပြန်လိုက်ပြီး ဟော်ယွမ်ယွမ်ကို ရေသန့်တစ်ခွက် ငဲ့ပေးလိုက်၏။

"ကျေးဇူးပဲ လူချောလေး.."ဟော်ယွမ်ယွမ် လင်းရီကို ပြုံးလိုက်ပြီး "တကယ်လို့ရှင်တစ်နေ့ အစ်မကျီနဲ့ အဆင်မပြေ‌ဘူးဆိုရင် ကျွန်မဆီလာခဲ့နော်...ရှင့်ကို ကောင်းကောင်းဆက်ဆံပေးမယ်..."

"ဟုတ်ပါပြီ..."လင်းရီပြုံးလိုက်၏။

‌သို့သော်လည်း သူဌေးအသစ်နှင့် တွေ့ရမည်ဖြစ်သောကြောင့် တစ်ကိုက်သာ ကိုက်၍ သူမ၏ တူကို အဝေးသိူ့ချထားလိုက်သည်။

အကယ်၍ သူမ ပါးစပ်အပြည့် လွေးနေချိန် ဘော့အသစ်သာ မထင်မှတ်ဘဲ ရောက်လာမည်ဆိုပါက သင့်လျော်လိမ့်မည် မဟုတ်ပေ။

အားလုံး ပြင်ဆင်ပြီးသောအခါ ဟော်ယွမ်ယွမ် သူမ နာရီကို တစ်ချက် ကြည့်လိုက်ပြီး "အစ်မကျီ...ဘာတွေဖြစ်နေတာလဲဟင်..ခု ၁ နာရီ ထိုးပြီးလို့ ၁၀ မိနစ်တောင် ရောက်နေပြီ...ဘော့စ်အသစ်က ခုထိ ရောက်မလာသေးဘူးတဲ့လား...သူက အချိန်မမှန်တဲ့ သူကြီးလား...."

ချီရှန်းကျောက်လည်း သူ၏ နာရီကို ကြည့်လိုက်ပြီး အမူအရာများ သုန်မှုန်သွားတော့၏။ သူ၏ ဘော့စ်အသစ်ပေါ် အထင်ကြီးလေးစားစိတ် များမှာ လျော့ကျသွားတော့၏။

အချိန်တိကျခြင်းဆိုသည်မှာ အလုပ်လုပ်လုပ်ရာတွင် အခြေခံကျဆုံး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း အလုပ်သမားတိုင်းသိသည်။။ လုပ်ငန်းရှင် တစ်ယောက်လုံး ဖြစ်ပါလျက်နှင့် အချိန်မမှန်ပါက သူ ထိုသူဌေးထံ၌ လုပ်သင့်မလုပ်သင့် သေချာစဉ်းစားယူရပေမည်။

"အဟမ်း အဟမ်း.."

ကျီချင်းရန် ရည်ရွယ်ချက်ရှိရှိ အကြိမ်ရေ အနည်းငယ်ခန့် ‌ချောင်းဟန့်လိုက်ပြီး "တကယ်တော့ မင်းတို့ရဲ့ဘော့စ်က ရောက်နှင့်နေပြီးသား..."

"ရောက်နေပြီးသား...သူက ဘယ်နားမှာလဲ..ဒီမှာ ညီမတို့ လေးယောက်ပဲ ရှိတာ မဟုတ်ဘူးလား..."

ကျီချင်းရန် မတ်တပ်ရပ်လိုက်ပြီး လေးနက်သည့် အမူအရာဖြင့် "ကဲ ခု မိတ်ဆက်ပေးမယ်...မင်းတို့နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်ကြီးက လင်းယွမ် ဖောင်ဒေးရှင်းရဲ့ တည်ထောင်သူ လင်းရီပဲ...."

ဖူး...

ဟော်ယွမ်ယွမ် သွေးအန်လုနီးပါးဖြစ်သွားခဲ့သည်။

"အစ်မကျီ...ဘာ..ဘာပြောလိုက်တယ်..သူက ညီမတို့ရဲ့ ဘော့စ်အသစ်....."

ချီရှန်းကျောက်လည်း ကြက်သေသေသွားခဲ့၏။

ဘော့စ်အသစ်က တစ်ခုခုတော့ တစ်ခုခုပဲ..

ငါတို့ကို တစ်ချိန်လည်း စပိုင်လုပ်နေတာလားဟ...

"တကယ်တော့ ငါလည်း နင်တို့ကို မဖုံးကွယ်ထားချင်ပါဘူး..နင်ကသာ မြင်မြင်ချင်း ဘယ်သူဘယ်ဝါဆိုတာ လျှောက်ရမ်းသမ်းပြောနေတော့ ဘယ်သူလဲဆိုတာ ထုတ်ပြောဖို့တောင် အခွင့်ရေး မရလိုက်ဘူးလေ..."

ဟော်ယွမ်ယွမ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ပြီး ခေါင်းနပန်းကြီးသွားခဲ့သည်။

သူမရဲ့ အစ်မကျီနဲ့ ဒီလောက် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေမှတော့ ဘယ်လိုလုပ် သာမန်လူ ဖြစ်နိုင်မှာလဲတဲ့...ငါဘာလို့ သူ့ကို စားဖိုမှူးဆိုပြီးတော့ ထင်မိလိုက်ပါလိမ့်နော်...

ပိုပြီး ဆိုးရွားသည်က သူမ၏ ဘော့စ်ကို ရေပင်ငဲ့ခိုင်းလိုက်သေးသည်။

ငါ့အန်တီသွေးတွေက ဦးနှောက်ထဲ ရောက်သွားလို့များလား ....

(TL : အန်တီက ‌ဥတုလာတာပါ )

"ကျွန်မတောင်းပန်ပါတယ် မစ္စတာလင်း..ရှင်က မစ္စတာလင်းမှန်း ကျွန်မတကယ်ကို မသိလို့ပါရှင်..."

ဟော်ယွမ်ယွမ် ပျာယာခတ်စွာ တောင်းပန်လိုက်၏။

"တကယ်လို့ အစားသောက်တွေက အရသာတွေကသာ ဆိုးရွားနေလို့ကတော့ ကျွန်မ မစ္စတာလင်းကို စားဖိုမှူးလို့ သံယ၀င်မိမှာ မဟုတ်ဘူး..."

"အသေးမွှားလေးပါ..တောင်းပန်စရာ မလိုပါဘူး.."

လင်းရီ ပြုံးလိုက်ပြီး "ကဲခု အလုပ်အကြောင်း ပြောရအောင် ..မင်းပြောတဲ့အတိုင်းပဲလေ..ခုအခြေနေက နှစ်ဦးနှစ်ဖက် အကဲခတ်နေတဲ့ အခြေနေဆိုတော့..."

"ဟုတ် ခွင့်လွှတ်ပေးလို့ ကျေးဇူးပါရှင့် မစ္စတာလင်း..."

"ချင်းရန်က မင်းအကြောင်းတွေ အများကြီး ပြောပြဖူးတယ်...ဒီတော့ မင်းတို့ရဲ့ ကိုယ်ကျင့်စရိုက်နဲ့ စွမ်းဆောင်ရည်အကြောင်းတေ့ မေးခွန်းထုတ်မနေတော့ဘူး..မင်းတို့မှာသာ မေးစရာရှိရင် လွတ်လွတ်လပ်လပ်သာမေး..."

ဟော်ယွမ်ယွမ် ဆံပင်ကို နားသယ်နောက်သို့ သပ်လိုက်ပြီး ချီရှန်းကျောက်ကို ကြည့်ကာ"မစ္စတာလင်းက အနာဂတ်မှာ ဖောင်ဒေးရှင်းကို အာရုံစိုက်ပေးဖို့ ရည်ရွယ်ချက်ရှိလားလို့ သိပါရစေရှင့်..."

"မရှိဘူး..."လင်းရီ ပြောလိုက်ပြီး ဖောင်ဒေးရှင်းက ကျုပ်ရဲ့ ကိုယ်ပိုင် ဖြစ်ချင်တဲ့ ဆန္ဒအပေါ် မူတည်ပြီး တည်ထောင်ထားတာဆိုတော့ အနာဂတ် စီးပွားရေးအခြေနေတွေနဲ့ ရောမှာ မဟုတ်ဘူး..."

"အဲ့တာဆို မစ္စတာလင်းရဲ့ စီးပွားရေး စီမံကိန်းက ဘာများလဲရှင်..."

ထိုအချက်ကို ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ ဂရုအစိုက်ဆုံးပင်။

သေးငယ်သော ဖောင်ဒေးရှင်းလေးက သူတို့၏ လုပ်နိုင်စွမ်းကို အပြည့်အ၀ ဖော်ပြနိုင်လိမ့်မည် မဟုတ်ချေ။

သူတို့ကိုယ်တိုင်ကိုက စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီးတော့ ကြီးမားသော အောင်မြင်မှုများကို ဆာလောင်သူများဖြစ်၏။ လစာကောင်းကောင်း ရပြီး စားလိုက်အိပ်လိုက်ဖြင့်သေမင်းကို ထိုင်စောင့်နေသူများ မဟုတ်ချေ။

လင်းရီ စက္ကန့် အနည်းငယ်လောက် တိတ်ဆိတ်သွားပြီး ဖျော့တော့စွာဖြင့် "ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးချုပ်ကိုင်ဖို့ပဲ...ငါသာ အဲ့လို ပြောရင် မင်းတို့ ယုံမှာလား..."

All Chapters