နတ်ဝိညာဉ်သွေးကြောများအတွက် တိုက်ခိုက်ခြင်း
Vol. 77 Ch. 1068
မိုဝူကျိ၏ စိတ်စွမ်းအားကို ပို့လွှတ်လိုက်သည့်အခါ သန့်ရှင်းကြီးကျယ်သော မဟာတာအို စွမ်းအားကို ခံစားမိလိုက်သည်။
အထဲရှိ စကားလုံးတိုင်းက ကမ္ဘာဦးကမ္ဘာ၏ စွမ်းအား ပါဝင်နေသည့်အလား အရည်အသွေး မြင့်မားလှ၏။
မိုဝူကျိက ကျယ်ပြောလှသော မဟာတာအို သမုဒ္ဒရာထဲ လက်ပစ်ကူးသလို ခံစားမိလိုက်၏။ သူ့စိတ်အတွင်း ရွှေရောင်အလင်းတန်း ၃၆ ချက် ရှိနေသည်။
မိုဝူကျိက ထိုအလင်းတန်း ၃၆ ခုကို ကြည့်လိုက်ပြီးနောက် သူ့မှန်းဆချက်မှာ ကွက်တိ ဖြစ်နေကြောင်း တန်းသိလိုက်သည်။ ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေးမှာ ပြောင်းလဲရေး ၃၆ မျိုး မဟုတ်ဘဲ လျို့ဝှက်ပညာရပ် ၃၆ ခု ဖြစ်နေသည်။
ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး ၃၆ မျိုး က လျို့ဝှက်ပညာရပ်တစ်ခုသာ ဖြစ်၏။ ထိုလျို့ဝှက်ပညာရပ်ကို သန္ဓေလောင်း ပြောင်းလဲရေး ပညာရပ်ဟု လူသိများကြသည်။ ပြောရမည်ဆိုလျှင် သွင်ပြင်ကို ကျပန်း ပြောင်းလဲနိုင်၍ ဖြစ်၏။
အကယ်၍ သူ့တွင် အချိန်ကန့်သတ်ချက်သာ ရှိမနေလျှင် မိုဝူကျိ သင်ယူလိုသည့် ပညာရပ်များစွာ ရှိနေသည်။
မြေကျုံ့ပညာရပ်၊ အနာဂတ် ခန့်မှန်းချက် ပညာရပ်၊ ပဲစေ့မှ တပ်သား ပြောင်းလဲရေး ပညာရပ် ….
မိုဝူကျိက သူ့လက်ရှိနားလည်နိုင်စွမ်းနှင့် မိုးမြေစည်းမျည်းများကို ထိန်းချုပ်နိုင်စွမ်းတို့ဖြင့် ထိုပညာရပ်များအားလုံးကို သင်ယူနိုင်ဦးမည် မဟုတ်ကြောင်း သိနေသည်။
ပို၍ အရေးကြီးသည်က သူက ပြောင်းလဲရေး လျို့ဝှက်ပညာရပ်ဟု လူသိများသော သန္ဓေလောင်း ပြောင်းလဲရေးပညာရပ်အား သင်ယူဖို့ လိုအပ်နေသည်။
ပြောင်းလဲရေး ပညာရပ်သည် ရုပ်ပြောင်းရုပ်လွဲ ပညာရပ်တစ်ခုမျှသာ ဖြစ်၏။ တစ်ခုတည်းသော ခြားနားချက်မှာ ဤသို့သော ပညာရပ်က တာအိုအရှိန်အဝါ စည်းမျည်းများကို အသုံးချထားခြင်းသာ ဖြစ်ပေသည်။ ကျင့်ကြံသူများ သာမာန်အတိုင်း လုပ်လိုက်သည့် သွင်ပြင်ပြောင်းလဲရေးမျှတော့ မကပေ။ အများဆုံး သူတို့က သူတို့စွမ်းအားကိုပါ ပြောင်းလဲပစ်နိုင်သည်။
မိုဝူကျိက သန္ဓေလောင်း ပြောင်းလဲရေးပညာရပ်အား သင်ယူရာ၌ လုံးဝ စိတ်နှစ်ထားပြီး သင်ယူလိုက်သည့်အခါ ကျန်ရှိနေသည့် ရွှေရောင်အလင်းတန်းများက သူတို့ဘာသာ ဖုံးကွယ်ထားလိုက်ကြသည်။ သူတို့က မိုဝူကျိအပေါ် သက်ရောက်မှု မဖြစ်စေပေ။
အချိန်ကုန်လွန်သွားသည်နှင့် နတ်ဘုရားသိုက်မြုံအစွန်း၌ နတ်ဘုရားကျောက် တိုက်ပွဲများ နည်းပါးလာသည်။ အက်ကြောင်းမှ ထွက်ပေါ်လာသည့် နတ်ဘုရားကျောက်များက လေးဖက်လေးတန် ပြန့်နှံ့သွားပြီး ကျောက်အများစုမှာ အဝေးသို့ လွှင့်ထွက်သွားကြသည်။ ထို့ကြောင့် အားလုံးက စုဆောင်းဖို့ အခွင့်အရေး ရှိနေသည့်အတွက် တိုက်ပွဲများ ဖြစ်ရန် မလိုတော့ပေ။
ဝေရု၊ ရွိုက်ကောနှင့် တာ့ဟွမ်တို့က ကျင့်ကြံရေး ရပ်တန့်ကာ ကမ္ဘာဦး စွမ်းအား ပါဝင်နေသည့် နတ်ဘုရားကျောက်များကို စုဆောင်းလိုက်ကြသည်။ မိုဝူကျိက သူတို့အား စည်းမျည်းအက်ကြောင်းမှ နတ်ဝိညာဉ်သွေးကြောများ ထွက်ပေါ်လာသည်နှင့် သူ့အား အရင်ဦးစွာ အကြောင်းကြားရန် မှာကြားထားခဲ့သည်။
မိုဝူကျိက သန္ဓေလောင်း ပြောင်းလဲရေး ပညာရပ်ကို စတင်၍ နားလည်လာကာ ထိုပညာရပ်အတွင်း လုံးဝ စိတ်နှစ်ထားစဉ် မိုဝူကျိဆီ သတင်းစကား ရောက်ရှိလာသည်။
တာ့ဟွမ်က နတ်ဝိညာဉ်သွေးကြောများ ထွက်လာပြီ ဖြစ်ကြောင်း လှမ်းသတင်းပို့ထားခြင်း ဖြစ်၏။ နတ်ဝိညာဉ်သွေးကြော ထွက်ပေါ်နှုန်းမှာ အရမ်းကို မြန်ဆန်လွန်းလှသည့်အတွက် သူ့လူသားကမ္ဘာရှိ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောဟု ခေါ်သောအရာများထက် ပို၍ အဆင့်မြင့်ပေသည်။
မိုဝူကျိက သူ စောင့်ဆိုင်းနေသည့် အချိန် နောက်ဆုံးတော့ ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်၏။ ဤသို့အချိန်မျိုး၌ မိုဝူကျိက အဘယ်ကြောင့် ဆက်လက် ကျင့်ကြံနေရမည်နည်း။ မီးပြင်းဖိုကို နေရာချထားပြီးနောက် ကာကွယ်ရေး အစီအရင်မှ ပြေးထွက်လာလိုက်သည်။
သူ ပြေးထွက်လာပြီးနောက် စက္ကန့်ပိုင်းလေးအတွင်း နဂါးလောက် ရှည်လျားသည့် အလင်းတန်းနှစ်ခုကို မြင်လိုက်ရသည်။
ထိုသည်မှာ အမှန်ပင် တကယ့် ထိပ်တန်း နတ်ဝိညာဉ်သွေးကြောများ ဖြစ်ကြသည်။ မိုဝူကျိက အလွန်ပျော်ရွှင်မိနေစဉ် အလွန်တရာလည်း စိုးရိမ်မိနေသည်။ နတ်ဝိညာဉ်သွေးကြော ထွက်ပေါ်လာနှုန်းက သူ လိုက်မမီလောက်အောင် မြန်ဆန်လွန်းနေသည်။
မိုဝူကျိ တစ်ယောက်တည်း လှုပ်ရှားချိန် မရလိုက်ခြင်းတော့ မဟုတ်ပေ။ တခြားသော နတ်ဘုရားဘုရင်များလည်း ကြောင်အမ်းအမ်း ရပ်ကြည့်နေကြ၏။ သူတို့က လက်လွှတ်လိုက်ရသော နတ်ဝိညာဉ်သွေးကြောများကို မတားဆီးနိုင်ကြချေ။
မိုဝူကျိက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သော်လည်း ခွန်းယွင်ကို ရှာမတွေ့ပေ။ ခွန်းယွင်နှင့် အချိန်အတော်ကြာ ရှိနေပြီးနောက် မိုဝူကျိက ခွန်းယွင်သည် ဤသို့ အခွင့်အရေးမျိုးကို လက်လွှတ်ခံမည်သူ မဟုတ်ကြောင်း သိနေသည်။ သို့သော်လည်း မိုဝူကျိက ထိုလူသည် မည်သည့်နေရာတွင် ပုန်းအောင်း၍ အခွင့်အရေး ရှာနေသလဲတော့ မသိထားချေ။
“ ဝုန်း ဝုန်း ဝုန်း ” စည်းမျည်းအက်ကြောင်းက အသံကျယ်ကျယ် ထွက်ပေါ်လာကာ စိတ်စွမ်းအားများပင် အက်ကြောင်းအတွင်း မဝင်ရောက်နိုင်တော့ပေ။
ထို့နောက် အဖြူရောင် နဂါးဆယ်ကောင်ကျော်လောက် အက်ကြောင်းမှ ထွက်ပေါ်လာကြသည်။ ကျင့်ကြံသူများက ပြင်ဆင်ထားသောကြောင့် မှော်ရတနာအမျိုးမျိုးကို ဆွဲကိုင်လိုက်သည်နှင့် ထိုနတ်ဝိညာဉ်သွေးကြောတချို့က ရပ်တန့်သွားကာ ပို၍ပင် ထွက်ပြေးသွားသေး၏။
ထို့နောက် ပို၍ အံ့ဩဖို့ကောင်းသည့်အရာက နတ်ဝိညာဉ်သွေးကြောနောက် လိုက်သွားကြသော ကျင့်ကြံသူအများစုမှာ အားကုန်သုံး၍ စတင် တိုက်ခိုက်ကုန်ကြသည်။
ထိုနတ်ဝိညာဉ်သွေးကြောများကို စွမ်းအားစက်ကွင်းအမျိုးမျိုးနှင့် စိတ်စွမ်းအားအမျိုးမျိုးက လွှမ်းခြုံထားသောကြောင့် မည်သည့် ကျင့်ကြံသူမှ မယူသွားနိုင်ပေ။
သွေးမြူများက နေရာအနှံ့ ပြန့်ကျဲနေပြီး ကျင့်ကြံသူများကလည်း လေဟာနယ်ထဲမှ ဆက်တိုက် ပြုတ်ကျလာကြသည်။ ပြုတ်ကျလာသူများကြားတွင် နတ်ဘုရားဘုရင်များပင် ပါနေသေး၏။
ထိုစဉ် ကျင့်ကြံသူများကြား နတ်ဘုရားမျိုးနွယ်နှင့် နတ်ဘုရားနယ်မြေဟူ၍ ခြားနားနေစရာ မလိုတော့ပေ။ အားလုံးက တစ်ခုတည်းအပေါ် အာရုံစိုက်ထားကြပြီး ထိုအရာမှာ နတ်ဝိညာဉ်သွေးကြော ဖြစ်ပေသည်။
မိုဝူကျိက လေအေးများ မှုတ်ထုတ်ကာ အတားအဆီး အစီအရင်ပြားကို ထုတ်ယူလိုက်သည်။ သူ့လက်ရှိအင်အားဖြင့် နတ်ဝိညာဉ်သွေးကြောကို ရပ်တန့်နိုင်လျှင်ပင် သူ သေဆုံးသည့်အခါမှ ဖြစ်လိမ့်မည်ကို စိုးရိမ်မိလာ၏။
ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောမျိုးတွင် သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားများနှင့်အတူ သဟဇာတ နတ်ဘုရားပင် မငြင်းဆန်နိုင်သည့် ပြီးပြည့်စုံသော စည်းမျည်းတို့လည်း ပါဝင်နေသည်။ ကျင့်ကြသူတစ်ယောက်က အတားအဆီး အစီအရင်ပြားသုံး၍ သူ အလိုရှိသလို နတ်ဝိညာဉ်သွေးကြောများ ယူဆောင်နေသည်ကို မည်သူကများ ခွင့်ပြုပေးထားနိုင်မည်နည်း။
စည်းမျည်းအက်ကြောင်းမှ ထွက်ပေါ်လာသော ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောများနှင့် ယှဉ်ကြည့်လိုက်သည့်အခါ နတ်ဘုရားနယ်မြေ သို့မဟုတ် နတ်ဘုရားကုန်းမြေ၏ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောများက အမှိုက်သဖွယ် ဖြစ်နေ၏။
မည်သို့ပင်ဆိုစေကာမူ မိုဝူကျိက နတ်ဝိညာဉ်သွေးကြော များများ ရမှ ဖြစ်မည်။ မဟုတ်လျှင် သူ့အနာဂတ် ကျင့်ကြံရေးက သေချာပေါက် မြန်ဆန်တော့မည် မဟုတ်ပေ။ သူ့ကျင့်ကြံရေးအတွက် ကုန်ဆုံးသွားမှုမှာ ဂိုဏ်းများက ကိုင်တွယ်နိုင်သည့်အရာ မဟုတ်ပေ။
မိုဝူကျိက စည်းမျည်းအက်ကြောင်းသည် နတ်ဝိညာဉ်သွေးကြောများ မည်မျှ ကြာကြာ ဆက်ထုတ်ပေးနေမည်ကို မသိသောကြောင့် အဆင့်နိမ့် ပစ္စည်းတချို့ကို ထုတ်ယူလိုက်သည်။ ထို့နောက် ထိုပစ္စည်းများကို အစီအရင်အလံအား အသုံးချ၍ ပစ်လွှတ်လိုက်သည်။
အချိန်တိုလေးအတွင်း မိုဝူကျိက အဆင့် ၆ သေမင်းထောင်ချောက် အစီအရင်ကို ခင်းကျင်းပြီးသွားလေပြီ။ ဤတစ်ကြိမ်၌ အားလုံးက မိုဝူကျိ တစ်ယောက် သေမင်းထောင်ချောက် အစီအရင် ခင်းကျင်းလိုက်သည်ကို မြင်လိုက်ကြသည်။ သူက အာကာပြင် မှော်သင်္ကေတများအစား အဆင့်နိမ့်ပစ္စည်းများကို အသုံးပြုထားခြင်း ဖြစ်၏။
နတ်ဘုရားဘုရင် ပိတ်မိသွားလျှင်ပင် တစ်နာရီခွဲအတွင်း အပြင်ထွက်လာနိုင်မည် မဟုတ်ပေ။
အက်ကြောင်းအတွင်း ပေါက်ကွဲမှုများက ပိုမို ပြင်းထန်လာကာ မိုဝူကျိက နတ်ဝိညာဉ်သွေးကြောများ မည်မျှ ထွက်လာသည်ကို မသိတော့ပေ။ သို့သော်လည်း မိုဝူကျိက အလင်းတန်းများ ပိုမို ထွက်လာသည်ကိုလည်း စိတ်ထဲ မထားပေ။ ဤတစ်ကြိမ်၌ မိုဝူကျိက အတားအဆီး အစီအရင်ပြားများကို ပစ်လွှတ်လိုက်သည့်အခါ အဖြူရောင် အလင်းတန်းများ၏ အရှိန်က သိသိသာသာ နှေးကွေးသွားသောကြောင့် မိုဝူကျိက ဖမ်းဆုပ်နိုင်လိုက်သည်။
ထို့နောက် အလင်းတန်းအများစုက သူ့သေမင်းထောင်ချောက်အတွင်း ဆွဲသွင်းခံလိုက်ရသည်။
မိုဝူကျိက အလင်းတန်း ဆယ်ခုကျောက်ကို ပိတ်လှောင်ထားလိုက်နိုင်ပြီး လူသားကမ္ဘာအတွင်း ထည့်ထားလိုက်နိုင်၏။
မိုဝူကျိက အတော်လေး ပျော်ရွှင်မိနေပြီး ခွန်းယွင်အား ကျေးဇူးတင်နေမိသည်။ အကယ်၍ ခွန်းယွင်၏ သတိပေးချက်ကြောင့်သာ မဟုတ်လျှင် သူက အတားအဆီး အစီအရင်ပြားများစွာ လုပ်ထားမိမည် မဟုတ်ပေ။ အကယ်၍ ခွန်းယွင်သာ သူကို အစီအရင်တာအို လျို့ဝှက်ချက်များ ထုတ်ဖော်မပြခဲ့လျှင် သူက အချိန်တိုလေးအတွင်း အဆင့် ၇ အစီအရင်ဆရာတစ်ယောက် ဖြစ်လာမည် မဟုတ်ပေ။
သူက နည်းနည်း နောင်တရမိသည်မှာ သူက အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်ကို အရင်ခင်းကျင်းထားသင့်ပေသည်။ အကယ်၍ သူသာ အရင်ဦးစွာ ကြိုတင်လုပ်ထားခဲ့လျှင် အဆင့် ၆ သေမင်းထောင်ချောက် အစီအရင်ကို ခင်းကျင်းဖို့ အဆင့်နိမ့်ပစ္စည်းများ သုံးဖို့လိုမည် မဟုတ်ချေ။
မိုးမြေ မီးပြင်းဖို ရှိနေသည့် အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်ကိုတော့ မိုဝူကျိက ထိဖို့ရာ ရည်ရွယ်ချက် မရှိပေ။ သူက ကံကြမ္မာ စုဆောင်းထားသည့် နေရာဖြစ်ပြီး ခွန်းယွင် ပြောစကားအရ နတ်ဘုရားကမ္ဘာ၏ ကံကြမ္မာသည် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောများထက် ပို၍ အရေးကြီးပေသည်။
နတ်ဝိညာဉ်သွေးကြောများ နောက်တစ်သုတ် ထွက်ပေါ်လာသောကြောင့် အပြင်ဘက်ရှိ တိုက်ပွဲများက ပို၍ ပြင်းထန်လာသည်။ နတ်ဝိညာဉ်သွေးကြောတိုင်း ရပ်တန့်ခံလိုက်ရသည်နှင့် ကျဆုံးသွားသော ကျင့်ကြံသူအရေအတွက်လည်း ပို၍ တိုးပွားလာသည်။
ဤတစ်ကြိမ်၌ မိုဝူကျိက အတားအဆီး အစီအရင်ပြား ဆယ်ခုကျော် ထုတ်လွင့်လိုက်ပြီး နတ်ဝိညာဉ်သွေးကြောများ၏ အရှိန် နှေးကျသွားစဉ် မိုဝူကျိ၏ အစီအရင်အတွင်း ဆွဲသွင်းခံလိုက်ရသည်။
မိုဝူကျိက နတ်ဝိညာဉ်သွေးကြော ဆယ်ခုကျော်ကို သိမ်းဆည်းထားပြီး လူသားကမ္ဘာအတွင်း အလျှင်အမြန် ပို့ပေးနေသည်။ သူ ရရှိလိုက်သည်က အမှန်တကယ် ထွက်လာသည့် ၁ ရာခိုင်နှုန်းတောင် မရှိမှန်း သိသော်ငြား မိုဝူကျိက ပျော်ရွှင်မိနေဆဲ ဖြစ်၏။
နတ်ဝိညာဉ်သွေးကြော နှစ်သုတ် စုဆောင်းပြီးနောက် မိုဝူကျိ၏ အပြုအမူမှာ တခြားသော ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။ မိုဝူကျိက အားလုံးရှေ့မှောက်တွင် လော့ဟွမ်စန်းကို သတ်ခဲ့သော်လည်း တချို့သော နတ်ဘုရားဘုရင်များက ဂရုမစိုက်ကြတော့ပေ။
ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ခုက ပြီးပြည့်စုံခြင်းအဆင့် နတ်ဘုရားဘုရင်အား သဟဇာတ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သည် မဟုတ်ပါလော။ မည်သည့် နတ်ဘုရားဘုရင်က ဤသို့ရတနာမျိုး ရရှိဖို့ရာ အိပ်မက် မမက်ဘဲ နေမည်နည်း။
နောက်ထပ် နတ်ဝိညာဉ်သွေးကြော ထွက်လာမည့်အရေးကို မစောင့်နေတော့ဘဲ တချို့သော နတ်ဘုရားဘုရင်များက မိုဝူကျိ၏ အဆင့် ၆ သေမင်းထောင်ချောက် အစီအရင်ကို ဝိုင်း၍ တိုက်ခိုက်ကြတော့သည်။
မိုဝူကျိက သူ့သေမင်းထောင်ချောက် အစီအရင်ကို လာတိုက်ခိုက်နေသော နတ်ဘုရားဘုရင် လေးယောက်ကို မြင်ကာ ဒေါသထွက်လာမိသည်။ အက်ကြောင်းမှ နတ်ဝိညာဉ်သွေးကြောများ ဆက်တိုက် ထွက်ပေါ်လာနေပြီး ထိုလူများက နတ်ဝိညာဉ်သွေးကြောများအတွက် တိုက်ခိုက်မည့်အစား သူ့အား လာနှောင့်ယှက်နေသည်။
အက်ကြောင်းမှ နောက်ထပ် အလင်းတန်းများစွာ ထွက်လာသောကြောင့် မိုဝူကျိက ပို၍ ဒေါသထွက်လာသည်။ ထိုနတ်ဘုရားဘုရင် လေးယောက်၏ တိုက်ခိုက်မှုကြောင့် သူက နတ်ဝိညာဉ်သွေးကြောများ မစုဆောင်းနိုင်တော့ပေ။
လက်ရှိ မိုဝူကျိက ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောများအား လက်လျော့ထားပြီး သူ့ကာကွယ်ရေး အစီအရင်ကို ချဲ့ထွင်ဖို့ ကြံရွယ်လိုက်သည်။ သူက နတ်ဘုရားဘုရင်များကို အဆုံးသတ်လိုစဉ် အားကောင်းကောင်း အလင်းတန်းက သူ့ကာကွယ်ရေး အစီအရင်ပေါ် ကျရောက်လာသည်။ မိုဝူကျိ၏ ကာကွယ်ရေး အက်ကြောင်းက ခွမ်းခနဲ အသံမြည်ကာ အက်ကွဲကြောင်းပင် ပေါ်လာလေ၏။
မိုဝူကျိက နတ်ဘုရားမျိုးနွယ်၏ ပုတိုတို သဟဇာတ နတ်ဘုရားကို မြင်လိုက်ရသည့်အတွက် စိတ်ထဲ လေးလံသွားမိသည်။ တိုက်ဆိုင်စွာဖြင့် ခွန်းယွင်က အနီးအနားတွင် ရှိမနေပေ။ မိုဝူကျိအတွက် ကံကောင်းသည်က သူ့ကို ကာကွယ်ပေးနေသည့် အဆင့် ၆ ကာကွယ်ရေး အစီအရင် ရှိနေသေး၏။ မဟုတ်လျှင် သူက သေခြင်းတရားကို ထိုင်စောင့်နေသည့်သူကဲ့သို့ ဖြစ်ပေမည်။
ပုတိုတို သဟဇာတ နတ်ဘုရား ရောက်လာပြီးနောက် နတ်ဘုရားမျိုးနွယ်မှ ကျင့်ကြံသူများက ပျားများအလား အုံတိုးလာကြသည်။ အားလုံးက မိုဝူကျိ၏ အဆင့် ၆ အစီအရင်ကို မှော်ရတနာများဖြင့် တိုက်ခိုက်ကုန်ကြသည်။
မိုဝူကျိ၏ အစီအရင်က မည်မျှ အားကောင်းစေကာမူ အဆင့် ၆ အစီအရင်မျှသာ ရှိသေး၏။ မိုဝူကျိက သူ့နတ်ဘုရားအစီအရင်ကို ထိန်းချုပ်ထားသော်လည်း သူ့အစီအရင်က ပျက်စီးသွားဆဲ ဖြစ်သည်။ သူ့သေမင်းထောင်ချောက် အစီအရင် လုံးဝ ပျောက်ပျက်သွားသည်ကို မြင်သောအခါ မိုဝူကျိက တစ်ယောက်ယောက် သူ့ကို လာကူညီဖို့ မမျှော်လင့်ကြောင်း သိလိုက်သည်။ ခွန်းယွင် ရှိနေလျှင်ပင် သူ့အား ကူညီရန် အချိန်ရှိမည် မဟုတ်ပေ။ သူက ခွန်းယွင်အကြောင်းကို ကောင်းကောင်း သိ၍ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာသည့်အချိန်မျိုး၌ ခွန်းယွင်က အဘယ်ကြောင့် သူ့အား ကူညီပေးမည်နည်း။
မိုဝူကျိက လက်မြှောက်ကာ အတားအဆီး အစီအရင်ပြားများကို ပစ်လွတ်လိုက်သည်။ သူ ထုတ်လိုက်သော အစီအရင်ပြားများက တကွဲတပြား ပြန့်နှံ့သွားလေ၏။
မိုဝူကျိ၏ အစီအရင်ပြားကြောင့် နတ်ဝိညာဉ်သွေးကြော ဆယ်ခုကျော်မှာ နှေးကွေးသွားလေသည်။ နတ်ဝိညာဉ်သွေးကြော မရရှိသေးသော လူအုပ်ကြီးက ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် အပြေးအလွှား ရောက်လာကြသည်။
မိုဝူကျိ၏ အစီအရင်ကို တိုက်ခိုက်နေကြသော တချို့သော ကျင့်ကြံသူများပင် အာရုံပြောင်းကာ ထွက်သွားကြလေသည်။
မိုဝူကျိက အချိန်ဆက်မဖြုန်းတော့ဘဲ အလင်းတန်းအလား ပြောင်းသွားကာ ပျောက်ကွယ်သွားတော့သည်။ သူက မီးပြင်းဖို ထားခဲ့သည့် နေရာသို့ ဦးတည်သွားလိုက်၏။ ဤနေရာတွင် သူ့အဆင့် ၇ သေမင်းထောင်ချောက် အစီအရင် ရှိနေ၏။ သူက ထိုပုတိုတို သဟဇာတ နတ်ဘုရားသည် သူ့အား လွယ်လွယ် လွှတ်ပေးမည် မဟုတ်ကြောင်း ခံစားချက် ရနေမိ၏။
မိုဝူကျိ ထင်ထားသည်က မမှားပေ။ အကြောင်းမှာ အားလုံးက နတ်ဝိညာဉ်သွေးကြောများကြောင့် အာရုံပြောင်းသွားကြစဉ် ထိုပုတိုတို သဟဇာတ နတ်ဘုရားက သူ့ နောက်ပါလာလေသည်။
***