← Chapters

အခန်း (၁၇၂)

Vol. 12 Ch. 172

အခန်း (၁၇၂)

Vol. 12 Ch. 172

ရုံးခန်းထဲရှိ လေထုမှာ ရုတ်ချည်း ငြိမ်သက်သွားပြီး သူတို့၏ နှလုံးခုန်သံ တဒုတ်ဒုတ်ကိုသာ ကြားနေရ၏။

ကျီချင်းရန် ချက်ချင်းဆိုသလို လင်းရီ၏ ပထမ အသက်နှစ်ဆယ် သက်တမ်းမှာ အမှောင်ဆုံးမဟုတ်ခဲ့ပဲ...သူ့ဘ၀၏ စိတ်အချမ်းသာဆုံး နေ့ရက်များသာ ဖြစ်ကြောင်း နားလည်သွားတော့၏။

၎င်းကပဲ သူ့ကို အသက်ဆက်ရှင်ရန် ကြောက်ရွံ့ခြင်းနှင့် နှစ်သက်ခြင်းကို ဖြစ်ပေါ်စေသော်လည်း သူ၏ လက်ထဲတွင် ဓားကို ကိုင်၍ နဂါးတစ်ကောင်ကို သတ်ဝံ့သည်အထိတော့ ယုံကြည်ချက်များက ခိုင်ခိုင်မာမာရှိသွား‌စေသည်။

အကယ်၍ သူ၏ နောက်ဆုံးအသက်လေး တစ်ရှိုက်စာသာ ရှင်သန်ခွင့် ရမည်ဆိုလျင်တောင် သူထိုအသက်တစ်ရှိုက်စာအတွင်း လောကဓံကို သံမဏိ စိတ်ဓာတ်တို့ဖြင့် တိုက်ခိုက် ရင်ဆိုင်သွားပေမည်။

မည်သို့ပင်ဆိုစေ လင်းရီမှာ ရည်မှန်းချက်ကြီးမားသည့် လူတစ်ဦးပင်။

"ငါနောက်နေတယ်လို့ ထင်နေတာမလား...နည်းနည်းတောင် ရယ်စရာကောင်းရင် ကောင်းနေဦးမယ်..."လင်းရီ ကိုယ့်ကိုယ်ကို နိမ့်ချစွာ ပြောဆိုလိုက်သည်။

အကြောင်းမသိသူများသာ သူ့စကားကို ကြားပါက တော်တော်လေး ကိန်းကြီးခန်းကြီး နိုင်သည်ဟုပင် ထင်သွားဦးမည်။

"နည်းနည်းတော့ ရယ်စရာ ကောင်းတယ်ဆိုပေမယ့် ရှင်ကလည်း နောက်နေတဲ့ ပုံတော့ မပေါ်ပါဘူး..."ဟော်ယွမ်ယွမ် ပြောလိုက်သည်။

"ဘာလို့လဲ.."

"ဘာလို့လဲ ဆိုတော့ရည်မှန်းချက် ကြီးမားတဲ့ လူတိုင်းက လေးစားဖို့ ထိုက်တန်လို့လေ......"

လင်းရီ မပြုံးဘဲ မနေနိုင်ပေ။ အကယ်၍ သူမကိုသာ အလုပ်ခန့်နိုင်မည် ဆိုပါက သူ့အတွက် သေချာပေါက် ကံကောင်းမှုကြီးပင်။

"ဒီမေးခွန်းကို ဖြေပြီးပြီဆိုတော့ တခြား ဘာမေးစရာ ကျန်သေးလဲ..."လင်းရီ မေးလိုက်၏။

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချီရှန်းကျောက်မှ ပြုံးကာ "ကျွန်တော် အများကြီး မေးချင်ပေမယ့် စောနလေးတင် မစ္စတာလင်းရဲ့ အဖြေက ကျွန်တော် မေးချင်တဲ့ မေးခွန်းတွေကို ပြန်ချိုချအောင် လုပ်လိုက်တယ်...ဆိုတော့ မေးစရာ မရှိတော့ပါဘူးခင်ဗျ...."

လင်းရီ နှစ်ယောက်စလုံးကို စိတ်၀င်စားသည့်လေသံဖြင့် "တကယ်ဆို ငါဖြေလိုက်တဲ့ အဖြေက အတော်လေး ရယ်ဖို့ကောင်းတယ်...ဒီတိုင်း ဘာမဟုတ်တဲ့ကောင်လေးက လကမ္ဘာပေါ် လမ်းလျှောက်ချင်တယ်လို့ ပြောတဲ့စကားလို့တောင် မှတ်ယူလို့ရတယ်..အဲ့တာကို မင်းတို့က ဘာလို့ ယုံကြတာလဲ..."

"ကျွန်မမှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးလေးတွေ ရှိတယ်လေ...ဒီလောက် ချောမောခန့်ညားတဲ့ ဘော့စ်နား အလုပ်လုပ်ရမယ်ဆိုတာနဲ့ တန်နေပြီ.."

ဟော်ယွမ်ယွမ် ပြုံးလိုက်ပြီး "ကျွန်မလည်း သာမန်လူပဲလေ..ဒီတော့ အဆင်လေးတွေ စိတ်၀င်စားတာကတော့ သဘာ၀ပဲပေါ့ရှင်ရယ်..."

ကျီချင်းရန် ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့၏။ သူမ၏ ဂျူနီယာညီမလေးကိုတော့ တကယ်ထိန်းမနိုင်တော့ပေ။

"မင်းကကော..."လင်းရီ ချီရှန်းကျောက်ကို ကြည့်ရင်းမေးလိုက်သည်။

"ကျွန်တော်က ငယ်သေးတယ်ဆိုတော့...ကြိုးစားကြည့်တာပေါ့ဗျာ..."ချီရှန်းကျောက် ဟန်ဆောင်မှု ကင်းမဲ့စွာ ရယ်မောလိုက်ပြီး "ဘာလဲဖြစ်ဖြစ်အသက်ကြီးလာတဲ့အချိန်ကျ ကျွန်တော့် သားမြေးမြစ်တွေကို ကြွားစရာတစ်ခု ရတာပေါ့ဗျာ..."

"ငါတို့သာ မအောင်မြင်လို့ကတော့ မင်းကြွားလို့ရမှာ မဟုတ်တော့ဘူးနော်..."

"အနည်းဆုံးတော့ ဘယ်လို ပလန်တွေနဲ့ လုပ်ခဲ့လဲဆိုတာတော့ ရှိတယ်လေ...အဲ့လောက်ဆို ကလေးတွေကို လှည့်စားဖို့ လုံလောက်ပြီ..."

"ဟားဟား...."

လင်းရီ အားရပါးရ ရယ်မောလိုက်ပြီး "အဲ့တာဆို ခုကစပြီး လက်တွဲအလုပ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်ကို စိုးမိုးခြယ်လှယ်ဖို့အတွက် ပလန်တွေ အတူတူဆွဲကြတာပေါ့ကွာ..."

ကျီချင်းရန်လည်း ရယ်မောလိုက်သည်။ သူတို့ တစ်ယောက်ကမျှ ယခုလို အစည်းဝေးကောင်းကောင်း ထိုင်နိုင်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ကြ။ အဘယ်ကြောင့်ဆိုသော် လူတော်များ စုဝေးသွားပါက သဘောထား မတိုက်ဆိုင်မှုက များလေ ဖြစ်တတ်သောကြောင့်ပင်။

"ဟုတ်ပါပြီ ..ခုတော့ အဲ့‌အကြောင်းတွေ မပြောကြနဲ့ဦး..လစာ အကြောင်းလေး အရင်ပြောကြရအောင်..."

လင်းရီ နှစ်ယောက်စလုံးကို သိမ်ကျုံးကြည့်လိုက်ပြီး "အဲ့တာ မတိုင်ခင်...မင်းတို့ မျှော်မှန်း လစာက ဘယ်လောက်လဲ..."

"စတော့ အရှုံးအမြတ်ပေါ် မူတည်ပြီးတော့ အနိမ့်ဆုံးကတော့ သုံးမီလီယမ်ပါ..."

ရှီရှန်းကျောက် ပြောလိုက်သည်။

"ကျွန်မကတော့ အစ်ကိုချီလောက် မများဘူး..နှစ်မီလီယမ်လောက်ဆို ကျေနပ်ပြီ..."

ဟော်ယွမ်ယွမ် ပြောလိုက်လေသည်။

"ဒီတိုင်း ပုံလေးဆွဲဖို့ဆိုပေမယ့် စားရသောက်ရဦးမယ်လေ...ခုမျှော်မှန်းလစာကိုမှ ငါးမီလီယမ်ဆီ ထပ်ပေါင်းလိုက်...အရှူံအမြတ် ခွဲဝေတာတွေကတော့ တရား၀င်ချပြမှပဲ ပြောကြတာပေါ့..."လင်းရီ နှစ်ယောက်လုံးကို ကြည့်လိုက်ပြီး "ကျေနပ်ကြရဲ့လား..."

"မစ္စတာလင်း..ရှင်ကတော့ ငွေတွေ အလကားပစ်ပေးနေသလားတောင် အောက်မေ့ရတယ်...ကျွန်မ မေ့ထွမ်မှာတောင် မနေချင်တော့ဘူးသိလား..."

"ခုလို ကြင်နာပေးတဲ့အတွက် ကျေးဇူးပါ ဘော့စ်လင်း..."

ချီရှန်းကျောက် ပြောလိုက်ပြီး "ဒါပေမယ့် အအဲ့လောက် လစာအများကြီး ယူထားရတော့ စိတ်တောင် မသန့်သလိုပဲဗျ..."

"ခုလောလောဆယ် မင်းရတဲ့ လစာကို အာရုံထားမနေနဲ့..."လင်းရီ ပြုံးလိုက်ပြီး "ငါ့နောက် လိုက်ပြီး ကမ္ဘာကြီးကို စိုးမိုးခြယ်လှယ်ဖို့ ကျန်သေးတယ်လေ..."

"ဟုတ် နားလည်ပါပြီခင်ဗျ..."

"ကဲ ငါပြောစရာ ရှိတာတွေတော့ ပြောပြီးသွားပြီ ..နှစ်ယောက်လုံးကို ကုမ္ပဏီ လိုက်ပြပေးမယ်..."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ ငါနောက်တစ်ခေါက် ပြန်ပြောလိုက်ဦးမယ်..ဖောင်ဒေးရှင်းက ငါ့ရဲ့ ကိုယ်ပိုင် သဘောဆန္ဒအရ တည်ထောင်ထားတာမို့လို့ အရမ်း သီးသန့်ဆန်တယ်...ဒါပေမယ့် စိတ်ချ...မင်းတို့ရဲ့ အရည်အချင်းတွေကို မတုံးစေရဘူး...လမ်းကြောင်းမှန်ပေါ် ရောက်ပြီဆိုတာ‌နဲ့ မင်းတို့ကို စောင့်နေတဲ့ စိန်ခေါ်မှုတွေက အများကြီး ရှိတယ်..."

"နားလည်ပါပြီ မစ္စတာလင်း..."ဟော်ယွမ်ယွမ် စိတ်လှုပ်ရှားစွာဖြင့်.." ခုတောင် သွားကြည့်‌ချင်နေပြီ..."

"ယွမ်ယွမ် နင်က မစ္စတာလင်းကို မကြောက်တော့ဘူးပေါ့...အဲ့လိုဆို နင့်ကို သူနဲ့အတူ အခန်းကျဉ်းလေးထဲမှာ အမှောင်ချထားလိုက်မယ်‌ေလ....နေရဲလားလို့..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဟွန့်..ညီမ ကြောက်တာပေါ့လို့..." ဟော်ယွမ်ယွမ် ချဲ့ကားပြောဆိုလိုက်ပြီး "တကယ်လို့ ရုံခန်းထဲမှာသာ ‌အဲကွန်းမရှိလို့ကတော့ ပူသေမှာပဲ..."

"သူက နင့်ကို အနိမ့်ဆုံး ၇ မီလီယမ်ထိတောင် ပေးနေပြီကို အဲကွန်းထပ်တပ်ပေးရဦးမှာတဲ့လား..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဟီးဟီး..သိဘူးလေ..သွားစို့..ရုံးခန်းအသစ်ကို သွားကြည့်ရအောင်..."

လေးယောက်သား အောက်ထပ်သို့ ဆင်းလာကြပြီး လင်းရီ ‌ကားသော့ကို နှိပ်လိုက်သောအခါ Koenigsegg ၏ ကားတံခါးများ ပွင့်လာခဲ့သည်။ ၎င်းမြင်ကွင်းကိုမြင်တော့ ဟော်ယွမ်ယွမ် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားပြီး "ဘော့စ်လင်း..အဲ့တာ ရှင့်ကားလား..."

"ဒါပေါ့...လိုက်စီးချင်လို့လား..."

"တော်ပါပြီ..တော်ကြာ အစ်မကျီ မပျော်ရွှင်ဘဲ နေနေဦးမယ်..."

"ယွမ်ယွမ် နင်ဘာတွေ လျောက်ပြောနေတာလဲ.."ကျီချင်းရန် ရှက်ကိုးရှက်ကမ်း ဖြစ်သွားခဲ့သည်။

ခဏကြာပြီးနောက် ကျီချင်းရန် လင်းရီကားထဲသို့ ၀င်ထိုင်လိုက်ပြီး ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ Cayenne ထဲသို့ ၀င်လိုက်ကြသည်။

နောက်ဆုံး၌ အားလုံး လင်းယွမ် အဆောက်အဦး၌ ပြန်ဆုံကြ၏။

လင်းယွမ် အဆောက်အဦးဟုသာ ခေါ်ဆိုနေသော်လည်း ကဗ္ဗည်းပြားကို လဲရန် အချိန်မရှိသေးသောကြောင့် အမြွှာမျှော်စင်ဟုသာ ကျန်ရှိနေဆဲ ဖြစ်၏။

"ဒါရိုက်တာလင်း..ရှင့်ရုံးခန်းက အမြွှာမျှော်စင်ထဲမှာ လို့တော့ မပြောနဲ့နော်..."ဟော်ယွမ်ယွမ် မယုံနိုင်စွာဖြင့် မေးလိုက်၏။

"အာ..ဘယ်နားကသာ..."

"အဲ့တာဆို ကျွန်မတို့ ရုံးခန်းကကော..."ဟော်ယွမ်ယွမ် အနီး၀န်းကျသ်ကို စူးစမ်းကြည့်လိုက်သည်။ "ဒီနားမှာ အတော်လေးကောင်းတဲ့ အဆောက်အအုံတစ်ချို့တော့ ရှိသားပဲ..."

"မင်းတို့တော့ အထင်လွဲနေပြန်ပြီ..."လင်းရီပြုံးလိုက်ပြီး "ငါက ဒီမှာ ရုံးခန်း ငှားထားတာ မဟုတ်ဘူး..မျှော်စင် နှစ်ခုလုံးကို ၀ယ်ထားလိုက်တာ..."

ဖူး...

ဟော်ယွမ်ယွမ် သွေးတစ်လုတ် အန်သွား၏။

"ရှင်...ရှင်က အမြွှာမျှော်စင် တစ်ခုလုံးကို ၀ယ်ပစ်လိုက်တယ်..ဘယ်လောက် သုံးလိုက်ရလဲ...."

"၁၈ ဘီလီယမ်..."

ဟော်ယွမ်ယွမ် : "...."

ချီရှန်းကျောက် : "......"

"ဘော့စ်လင်း..ကျွန်မ CFO မဖြစ်ချင်တော့ဘူး.."ဟော်ယွမ်ယွမ် ၀မ်းနည်းနေသည့် လေသံလေးဖြင့် ပြောလိုက်၏။

"ဟမ်..အဲ့တာဆို မင်းက ဘာဖြစ်ချင်တာ..."

"ကုမ္ပဏီက တည်ထောင်ခါစဆိုတော့ ဘော့စ်လင်းမှာ အတွင်းရေးမှူး ကောင်းကောင်း မရှိသေးဘူးမလား..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ကျွန်မရဲ့ ခြေတံတွေက အစ်မကျီလောက် မရှည်ဘူးဆိုပေမယ့် အနက်ရောင် ပိုးစကတ်လေး ၀တ်ဖို့တော့ ပြဿနာ မရှိဘူးနော်...ဘယ်လိုလဲ..မစဉ်းစားပေးချင်ဘူးလား..."

"အာ....."

လင်းရီ ဘာမျှ မပြောရသေးခင် ကျီချင်းရန်မှ "ဟဲ့ ယွမ်ယွမ် နင်က ရန် တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ကျောင်းသူဆိုတာ မေ့နေပြီလား..အိန္ဒြေလေးဘာလေး ထိန်းစမ်းပါဦးဟဲ့...,"

"ရို ရို ရို ..အစ်မကျီတို့တော့ သ၀န်တွေ တိုနေပါပြီနော်..."

"နင် ..လစ်စမ်း.."

"ကောင်းပြီ...နှစ်ယောက်လုံး ကိုက်မနေကြနဲ့တော့..."လင်းရီ ပြုံးလိုက်ပြီး "အပေါ်တက်ပြီးတော့ တစ်ချက်လောက် သွားကြည့်ရအောင်..."

"အွန်း အွန်း..ဘယ်လို ပုံစံလဲဆိုတာ အရမ်း သိချင်နေပြီ...."

အဆောက်အဦး၏ အတွင်းပိုင်းကိုတော့ စကန်ဒီနေဗီယန် ဒီဇိုင်းဆင်ထားသောကြောင့် လူငယ်လေးဦးလုံးမှာ ပတ်၀န်းကျင်နှင့် လျင်မြန်စွာ အသားကျသွားခဲ့ကြသည်။

"ကဲ ဒါကတော့ အဆောက်အဦးရဲ့ အသေးစိတ်အခြေနေပဲ..."လင်းရီ ပြောလိုက်ပြီး "ကျန်တာကတော့ မင်းတို့ နှစ်ယောက်လက်ထဲပဲ အပ်ခဲ့တော့မယ်..ဖောင်ဒေးရှင်းကို မြန်မြန်ထောင်ပြီး စထားလိုက်..အကောင့်ထဲမှာလည် သန်း၅၀၀ ထည့်ထားပေးတယ်ဆိုတော့ အချိန်တစ်ခုလောက်အထိတော့ လောက်မှာပါ..တကယ်လို့ ဖြေရှင်းလို့ မရတဲ့ ပြဿနာ တစ်ခုခု ရှိတယ်ဆိုရင်လည်း ငါ့လာရှာလှည့်..ဟုတ်ပြီလား.."

"ဟုတ်ကဲ့..ပြဿနာမပါရှိဘူးရှင့်..."ဟော်ယွမ်ယွမ် လက်ဖြင့် အိုကေ ပုံစံ လုပ်ပြလိုက်သည်။

"ဒါပေမယ့် ဘော့စ်လင်းကလည်း ...အလုပ်အတူလုပ်နေပြီ ဆိုမှတော့ ဘော့စ်လင်းလည်း တစ်ထောင့်‌တစ်နေရာကနေ ပါသင့်တယ်လေ...အနည်းဆုံးတော့ ဆုံးဖြတ်ချက်တွေ ချတဲ့ နေရာမျိုးတွေမှာပေါ့..ကျွန်မတို့က ဒီတိုင်း အချိန်ပိုင်း အလုပ်သမားတွေပဲ...ဆိုတော့ အရာရာတိုင်းကို ဆုံးဖြတ်ချက်ချလို့ အဆင်မပြေဘူး..."

"မရဘူး..ငါ့မှာလည်း လုပ်စရာတွေ ရှိသေးတယ်..ဒီတော့ ဒီမှာ အကြာကြီး နေလို့မရဘူး..."

ဟော်ယွမ်ယွမ် လင်းရီကို သိချင်စိတ် ပြင်းပြစွာဖြင့် "ဘော့စ်လင်းက ဘာအလုပ်လဲလုပ်တာ...အစ်မကျီရဲ့ စားဖိုမှူး လုပ်တယ်လို့တော့ မပြောနဲ့နော်..."

"ငါက သူ့ကို တစ်ခါတစ်လေမှ ချက်ပေးတာ..ငါ့မှာ အလုပ်သပ်သပ် ရှိပြီးသား..."

"ဘာအလုပ်လဲရှင့် ..."

"အီရန်ဘွိုင်း..."

All Chapters