အခန်း (၁၇၃)
Vol. 12 Ch. 173
"ဘာလုပ်တယ်...."
"အီရန်ဘွိုင်း...."
"ဘာအီရန်တုန်း..."
"အီရန်ဘွိုင်းလုပ်ပါတယ်ဆိုနေမှ ဘာအီရန်တုန်းဆိုတော့ ငါ ဘယ်လို ပြန်ဖြေပေးရမှာတုန်းဟ..."
ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ အံ့အားသင့်သွားခဲ့ကြသည်။
"ဘော့စ်လင်း ရှင်ပြောတဲ့ အီရန်ဘွိုင်းဆိုတာက မေ့ထွမ် လက်အောက်က အီရန်ဘွိုင်းတွေနဲ့ အတူတူပဲမလား.."
"အင်း အတူတူပဲလေ..."
ဟော်ယွမ်ယွမ်..: "...."
ချီရှန်းကျောက် : "....."
မေးပါရစေ..ရှင်တော်တော် အားယားနေတာလား...
"မဖြစ်နိုင်တာ..ဘော့စ်လင်းက ဒီလောက်ချမ်းသာနေတာကိုတောင်မှ ဘာလို့ အီရန်ဘွိုင်းလုပ်နေတာလဲတဲ့..အဲ့တာကြီးက ဘော့စ်လင်းရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီဘူးလေ..."
"ဘ၀အတွေ့ကြုံ ခံစားဖို့လေ.."လင်းရီ ထုံးစံအတိုင်း ရှင်းပြလိုက်၏။
"ကောင်းပြီ ဆက်မမေးနဲ့တော့..လင်းရီက သာမန်လူတွေ နဲ့ကွဲတယ်..သူ့အတွေးတွေက ငါတို့လို လူသာမန်တွေ လိုက်စဉ်းစားလို့ မှီတာ မဟုတ်ဘူးဟ..."ကျီချင်းရန်မှ ပြောဆိုလိုက်၏။
"အွန်း..ဘော့စ်လင်းက တကယ်ပဲ ကွဲပြားတယ်..."ဟော်ယွမ်ယွမ် ယခုထက်ထိ နားမလည်နိုင်သေးပေ။
"ကောင်းပြီ မင်းတို့ နှစ်ယောက်လုံးလည်း ဒီရောက်နေပြီဆိုမှတော့ ကျန်တာကို ကိုယ့်ဘာကိုပဲ ကြည့်စီစဉ်ထားလိုက်တော့..."လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး "ငါအရင် သွားနှင့်ပြီ..."
"ဟုတ်ကဲ့ ဖြည်းဖြည်းသွားပါရှင့်..."
ထွက်ခွာသွားသည့် လင်းရီ နောက်ကျောကို ကြည့်ရင်း ဟော်ယွမ်ယွမ် ဖျော့တော့စွာ ပြောလိုက်သည်။ "အစ်ကိုချီ ဘော့စ်လင်းက ဒီလောက် ချမ်းသာနေတာတောင်မှ အီရန်ဘွိုင်း လုပ်နေတာ ဘာကြောင့် လဲလို့ ထင်လဲ..."
"ဘယ်သိမှာ အောက်ခြေမလွတ်အောင်လို့ နေမှာပေါ့..ငါသာ ဘော့စ်လင်းလောက် ချမ်းသာနေလို့ကတော့ မိုးပေါ်ပျံနေလောက်ပြီ..."
_____
အဆောက်အဦးထဲမှ ထွက်လာပြီးနောက် ကျီချင်းရန် အဆောက်အအုံနှစ်ခုကို နောက်ပြန်လှည့်ကြည့်၍ သက်ပြင်းချလိုက်သည်။
လင်းယွမ် အဆောက်အဦးမှာ ချိုင်းနား၏ အထင်ကရ အဆောက်အဦးကြီးဖြစ်ပြီး မဝေးတော့သည့် အနာဂတ်တွင် တ-ရုတ်စီးပွားရေး သမိုင်းစာမျက်နှာသစ်၌ မော်ကွန်းတင်နိုင်တော့မည်။
"ဘာတွေ ငေးနေတာ..."လင်းရီ ပြုံးလိုက်ပြီး "မင်းရဲ့ ချောင်ရန် အုပ်စုကိုလည်း ဒီမှာ ရွေ့ထားချင်လို့လား..."
"ဟွန့် နင်ငါ့ကို ၀ယ်လိုက်လေ..အဲ့တာဆို နင့်ရွေ့ချင်တဲ့နေရာ ရွေ့လို့ရပြီ မဟုတ်လား.."
"အဲ့တာဆိုရင်တော့ ဥက္ကဌကျီကို အရင် စ၀ယ်မှ ထင်တယ်..."
"ချူး ချူး ချူး ..နေ့ခင်းကြောင်တောင်ကြီး နားရှက်စရာတွေ လာပြောနေတယ်...."
ကျီချင်းရန်၏ လက်ချောင်းလေးများက ဖြောင့်စင်းသော ဆံကေသာကို ဖြတ်သန်းသွားပြီး "နင့်မှာ လုပ်စရာတွေ ရှိသေးတယ်မလား..ငါ ယွမ်ယွမ်ကိုပဲ အိမ်လိုက်ပို့ခိုင်း လိုက်တော့မယ်..."
"သူတို့လည်း အလုပ်ရှုပ်နေတာ...ငါပဲ လိုက်ပို့ပေးမယ်.."လင်းရီ ပြောလိုက်ပြီး "ငါကဒီတိုင်း အတွေ့ကြုံရရုံသပ်သပ် လုပ်နေတာပါကွာ..အဲ့လောက်ထိ လုပ်ဖို့လည်း မလိုပါဘူး..."
"အဲ့ဒါဆိုလည်း ကျေးဇူးတင်ပါတယ်ရှင့်..."
"အံမာ... မဒီလေးက ယဉ်ကျေးလှပါလား "
ကျီချင်းရန် သူမ ပါးစပ်ကို အုပ်၍ တခစ်ခစ် ရယ်မောလိုက်သည်။ ထိုသို့ ပြောရခြင်းကိုတော့ နေသားမကျသေးပေ။
"အခု ကုမ္ပဏီက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတော့ နင့်မှာ အနာဂတ်မှာ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့အတွက် ပလန်တွေ ဘာတွေ စီစဉ်ထားတာရှိလား..."
"Big data နဲ့ cloud computing"လင်းရီ ပြောလိုက်ပြီး "အဲ့တာတွေက လူတွေရဲ့ အခြေခံ လိုအပ်ချက်ပဲလေ..အဲ့နှစ်ခုသာ ပိုင်နိုင်သွားပြီဆိုတာနဲ့ လူတွေ ဘာလိုအပ်လဲဆိုတာ သိရဖို့ လွယ်ကူသွားပြီ ...ပြီးမှပဲ အဲ့ဒီ နယ်ပယ်နှစ်ခုက ရလဒ်တွေကို အခြေခံပြီးတော့ နောက်ထပ် လှမ်းမယ့် ခြေလှမ်းအတွက် ပလန်တွေ ချမယ်..."
လင်းရီ တခဏလောက် ရပ်တန့်လိုက်ပြီး "ဒါပေမယ့် ငါတို့ဘက်က အရည်အချင်းတွေ မထုတ်ဖော်ခင် အရင်ဆုံး ခိုင်မာတဲ့ အုတ်မြစ်တစ်ခု ရှိထားဖို့တော့ လိုမယ်..."
"အွန်း..နင်ပြောတာ မှန်တယ်..ဒါပေမယ့် ခုကုမ္ပဏီ တော်တော်များများရ လည်း အဲ့ဒီ big data တွေကိုပဲ စုဆောင်းနေကြတာ..,အနာဂတ် နယ်ပယ်မှာတော့ မျှော်လင့်ချက် ကြီးကြီးထားလို့ရတယ်ဆိုပေမယ့် တန်ဖိုးကတော့ နည်းတယ်..ဘာပဲပြောပြောချောင်ရန် အုပ်စုထက်တော့ ပိုပြီး အကျိုးများမှာပါဟယ်... "
ကျီချင်းရန် လက်တစ်ဖက်ထောက်၍ ရှေ့သို့ငေးရင်း ပြောလိုက်သည်။
"ဒါပေမယ့် big dataဆိုလို့ အဲ့တာတွေ ရဖို့ကျတာ့ သိပ်မလွယ်ဘူးနော..."
"အင်း ငါလည်း သဘောပေါက်တယ်..ဒါပေမယ့် ငါတို့ အနာဂတ်မှာ ဘယ်လောက်ထိ သွားနိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးမယ့် ခြေလှမ်းကြီးဆိုတော့ လုပ်မှကို ဖြစ်မှာဟ..."
စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်ပြီးနောက် ကျီချင်းရန်မှ "ငါ့မှာ အကြံတစ်ခုရှိတယ်..နင်နားထောင်ချင်ရဲ့လားတော့ မသိဘူး.."
"ပြောလေ..ငါနားထောင်နေတယ်..."
"နင့်မှာသာ ဘတ်ဂျက်လောက်ရင် တစ်ခါတည်း ရင်းနှီးမြုပ်နှံတဲ့သူ လုပ်လိုက်ပါလား..."
ကျီချင်းရန် အကြုံပေးလိုက်ပြီး "ယွမ်ယွမ်နဲ့ တို့ နှစ်ယောက်လုံးက အဲ့နယ်ပယ်နဲ့ ပတ်သက်ပြီး ပြောစရာမလိုအောင်ကို ကျွမ်းပြီးသား..ခု ဖောင်ဒေးရှင်း ပရောဂျက် အခြေခိုင်ပြီဆိုတာနဲ့ တစ်ခါတည်း ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီကို တည်ထောင်လိုက်တော့...အဲ့တာက အထိရောက်ဆုံးနည်းလမ်းပဲ..."
"ပြီးတော့ ငါကလည်း နင့်အစား စောင့်ကြည့်ပေးထားမယ်လေ..တကယ်လို့ အလားလာကောင်းတဲ့ ကုမ္ပဏီပေါ်လာတာနဲ့ တစ်ခါတည်း အများကြီး ရင်းနှီးထားလိုက်တော့..အဲ့ဒီနည်းနဲ့ နင်လည်း အမြတ်တွေ အများကြီးရပြီးတော့ အချက်အလက်တွေ ရယူနိုင်မယ့် အခွင့်အရေးပိုများလာမှာ...မဟုတ်ရင် နင့်စကားတွေက ထင်သလောက် တာမရောက်ပဲ အာပလာဖြစ်သွားလိမ့်မယ်..."
ထို့နောက် ကျီချင်းရန် တခဏရပ်၍ ဆက်ပြောလိုက်ပြီး "ဘာပဲပြောပြော ခုနင့်ဘာနင်လည်း အခွင့်အရေးက ရှိပြီးသားပါ..ဟိုကုမ္ပဏီလေ..နင်ရှယ်ယာ၀ယ်ထားတဲ့ဟာလေဟယ်..."
ကျီချင်းရန်၏ အတွေးမှာ သူနှင့် လာတူနေသောကြောင့် ပြုံးလိုက်မိပြီး "Didi လား..."
"အေး...Didi .. ခုနင့်လက်ထဲမှာ ရှယ်ယာ ၂၀%ရှိတယ်ဆိုတော့ နင်ရဲ့ စကားလုံးတွေက အဲ့ဒီမှာ အတိုင်းအတာ တစ်ခုလောက်ထိတော့ အရှိန်ဝါကြီးတယ်လို့ ဆိုလို့ရတယ်..."
ကျီချင်းရန် သူမဆံပင်ကို ဘေးသို့ သပ်လိုက်ပြီး "ခု နင့်လက်ထဲမှာ နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး အချက်အလက်တွေ ရှိနေပြီလေ..နင်အဲ့ဒါကို လင်းယွမ် ကုမ္ပဏီရဲ့ ဝှက်ဖဲ အနေနဲ့ ထားထားပေါ့..."
လင်းရီလည်း ထိုအကြောင်းကို စဉ်းစားမိတော့ Didi တစ်ခုလုံး မ၀ယ်လိုက်သည်ကိုပင် နောင်တရနေမိတော့၏။
သို့သော်လည်း လက်ရှိသူ၏ ငွေကြေးအင်အားအရ Didi တစ်ခုလုံးကို ၀ယ်ယူမည်ဆိုပါကလည်း အတော်လေး အသက်ရှူ ကြပ်ပေလိမ့်မည်။
ထို့ကြောင့် ယခုလောလောဆယ် ရင်းနှီးမြုပ်နှံသူ လုပ်သည်က ပိုပြီး ထိရောက်မှုရှိ၏။
ကျန်တာကတော့ တဖြည်းဖြည်း တစ်ဆင့်ချင်း လုပ်သွားရုံပင်။
"တစ်ခုကျန်သေးတယ်လေ..ယွမ်ယွမ်ကလည်း နင့်လက်အောက်ငယ်သား ဆိုပေမယ့် မေ့ထွမ်ရဲ့ CFO လည်း ဟုတ်သေးတယ်လေ..တကယ်လို့ နင်သာ အဲ့တာကို ကောင်းကောင်းအသုံးချတတ်ရင်တော့ အကောင်းဆုံးပေါ့..."
"မပူနဲ့..ငါ့မှာ ရှိသမျှ အရင်းမြစ်တွေအားလုံးကို သေချာ သုံးမှာ..."
"နင်သိရင် ပြီးတာပါပဲ.."ကျီချင်းရန် ဂုဏ်ယူစွာပြောလိုက်ပြီး "နင်က တုံးလွန်းတော့ မသိမှာစိုးလို့..."
လင်းရီ ကျီချင်းရန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး "ဘော့စ်ကျီက အရမ်းတွေ ထက်မြက်နေမှတော့ အလုပ်လေးဘာလေး မပြောင်းချင်ဘူးလား..ကျုပ်ဘေးနားမှာ အတွင်းရေးမှူးမလေးအဖြစ် ခေါ်ထားချင်လို့..."
"နင်လို့ ကောင်စုတ်နား လုပ်ရမှာလား.."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "မြန်မြန် ငါ့ကို ပြန်လိုက်ပို့ပေးတော့..ကုမ္ပဏီမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်..."
"အိုကေပါ..."
မိနစ်နှစ်ဆယ် ကြာပြီးနောက် လင်းရီ ကျီချင်းရန်ကို လိုက်ပို့ပေးပြီး အလုပ်စရန် အဆင်သင့် ဖြစ်နေခဲ့၏။
အချိန်ကို ကြည့်လိုက်သောအခါ နေ့လည် နှစ်နာရီ ကျော်နေပြီ ဖြစ်ပြီး ကျန်းစုန့်၏ လေယာဉ်ကတော့ လေးနာရီမှပင်။
ထိုအချိန်အတွင်း လင်းရီ အော်ဒါအနည်းငယ်လောက် လက်ခံ၍ ကြယ်ငါးပွင့်ရီဗျူး ရအောင် ကြိုးစားနေလိုက်သည်။
၀မ်းသာဖို့ကောင်းသည်ကတော့ လင်းရီ အော်ဒါလေးခု ယူရာတွင် ကြယ်ငါးပွင့်နှစ်ခု ၊ ကြယ်နှစ်ပွင့်ခွဲ တစ်ခုနှင့် မကောင်းသည့် ရီဗျူးတစ်ခု ရရှိလိုက်သည်။
မကောင်းသည့်ရီဗျူးအတွက်ကတော့ လင်းရီကို သူ့အစား ဒီလီလိုက်ပို့ခိုင်း နေပြီး သူငြင်းလိုက်သောကြောင့် မကောင်းသည့် ရီဗျူး လာပေးသွားခြင်း ဖြစ်၏။
လင်းရီလည်း ကူကယ်ရာမဲ့နေသည်။
ဘယ်လိုကောင်တွေပါလိမ့်ကွာ...
လင်းရီမှာ ဤအလုပ်ဖြစ် ထမင်းစားမနေဟောကြောင့်သာ ယခုလို ပြုမူနိုင်ခြင်းပင်။ အကယ်၍ တခြားသူများသာ ယခုလို လုပ်မည်ဆိုပါက ထမင်းငတ်သွားနိုင်၏။
ထောင့်တစ်နေရာရောက်တော့ လင်းရီ ကားထိုးရပ်လိုက်သည်။
ကြယ်ငါးပွင့် မစ်ရှင် ဆယ်ခု ပြီးမြောက်သွားပြီ ဖြစ်သောကြောင့် စနစ်၏ အကြောင်းကြားစာကို စောင့်ဆိုင်းရန်သာ လိုတော့၏။
[မစ်ရှင် ပြီးမြောက်သွားပါပြီ။ ]
[ဆုလဒ် : အတွေ့ကြုံမှတ် ၂၀၀,၀၀၀]
[အလုပ်ပြီးမြောက်နှုန်း : ၆၀% ]
[ဆုလ် : ကံကောင်းစေသည့် ကတ် ..(အသုံးပြုရန်ကျန်ရှိသောအချိန် : ငါးမိနစ်...]
"ဟမ်..ကံကောင်းစေတဲ့ ကတ်ဆိုပါလား.."
လင်းရီ ဆုလဒ်ကိုမြင်တော့ အံ့အားသင့်သွားခဲ့၏။
သူထင်ထားခဲ့သည်မှာ ပိုက်ဆံ သို့မဟုတ် စွမ်းရည်တစ်မျိုးမျိုးကို မျှော်လင့်ထားခဲ့၏။ သို့သော်လည်း ယခုလိုဆုလဒ်မျိုး ပေးလာလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့။
"စနစ်..ကံကောင်းစေတဲ့ကတ်က ဘာကြီးတုန်း..အဲ့တာက ငါ့ကို ကံကြမ္မာရဲ့ သားတော် ဖြစ်အောင် လုပ်ပေးမှာလား..."
"ဟုတ်ပါတယ်..ဒါပေမယ့် ကန့်သတ်ချက်လေးတွေတော့ ရှိပါတယ်..တရားလွန် ကံကောင်းတာကြီးတော့ မဖြစ်နိုင်ပါဘူး စနစ်ရှင်...,"
"ဘယ်လို ကန့်သတ်ချက်တွေလဲ..တစ်ချက်လောက် ရှင်းပြပါလား.."
ယခင်တစ်ခေါက်မှ ရရှိသည့် ဆုလဒ်များနှင့်ယှဉ်သော် ကံကောင်းကတ်မှာ အသစ်အဆန်းဖြစ်နေလေသည်။ ထို့ကြောင့် လင်းရီ ဘာတွေ ဖြစ်နေလဲဆိုတာ ကောင်းစွာ နားလည်ချင်နေ၏။
"ဥပမာ ပေးရမယ်ဆိုရင်တော့ ကမ္ဘာ့အကြီးဆုံး ရုရှားရဲ့ Tsar Hydrogen ဗုန်းသာ ပင်လယ်ထဲ ပြုတ်ကျသွားခဲ့မယ်ဆိုရင်တော့ စနစ်ရှင်က ချက်ချင်း အပျောက်ဖျောက်ခံလိုက်ရမှာပဲ ဖြစ်ပါတယ်..ကံကောင်းစေတဲ့ကတ်ကတောင် ကယ်တင်ပေးနိုင်မှာ မဟုတ်ပါဘူး..."
လင်းရီ ပြောစရာစကား ကင်းမဲ့သွားတော့၏။