← Chapters

အခန်း (၁၇၄)

Vol. 12 Ch. 174

အခန်း (၁၇၄)

Vol. 12 Ch. 174

"စနစ် ပူတင်းက ငါ့ရဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကို မနာလို ဖြစ်မယ်လို့ ထင်လား..."

"မဖြစ်လောက်ဘူးထင်တယ် စနစ်ရှင်..."

"အဲ့တာဆို ဟိုက်ဒြိုဂျင်ဗုန်းမှန်မယ့် အခွင့်အရေးကတော့ သိပ်မများ‌လောက်ဘူး..."

စနစ်၏ ဥပမာကို နားထောင်ပြီးနောက် လင်းရီ ကံကောင်းခြင်းကတ်၏ အသုံးပြုပုံကို အနေထားတစ်ခုထိ နားလည်သွားတော့၏။

အင်မတန်မှ ဆိုးရွားပြင်းထန်သော အခြေနေတစ်ခု မရောက်မချင်း ကံကောင်းခြင်းကတ်မှာ သူ၏ ကံကို ပြောင်းလဲပေးနိုင်သည်။

အရေးကြီးဆုံး ကန့်သတ်ချက်များကတော့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်ဟု ဆ်ုသော်လည်း ကမ္ဘာကြီး၏ စည်းမျဉ်းစည်းကမ်းများကိုတော့ ချိုးဖောက်နိုင်ခြင်းမရှိ။

ထိုသဘောတရားကို နားလည်ပြီးနောက် လင်းရီ ကံကောင်းစေသည့်ကတ်ကို သူ၏ အိတ်ကပ်ထဲ၌ ထည့်ထားလိုက်သည်။

အချိန်ကို ကြည့်လိုက်သောအခါ ၃ နာရီခွဲနေပြီ ဖြစ်သောကြောင့် အော်ဒါများ ဆက်လက် လက်ခံမနေတော့ပဲ အိမ်ပြန်ပြီး ကားလဲရန်သာ စီစဉ်လိုက်၏။

ပြိုင်ကားများမှာ ထိုင်ခုံနှစ်တည်းသာ ရှိသောကြောင့် လူသွားကြိုမည်ဆိုပါက သိပ်အဆင်မပြေ။ ကျန်းစုန့်နှင့် သူ၏ ကောင်မလေးအပါအ၀င် သုံးယောက်ရှိနေပြီ ဖြစ်သောကြောင့် ပြိုင်ကားအလန်းကြီးမှာတော့ ယခုအခါ အသုံးမ၀င် ဖြစ်ရချေပြီ။

လင်းရီ အိမ်ပြန်အ၀တ်အစားလဲ၍ ဘန်ထလေကို ကားဂိုဒေါင်ထဲမှ ထုတ်လာခဲ့သည်။

သူလေဆိပ်သို့ ရောက်လာသည့်အချိန်တွင်တော့ လေးနာရီ ထိုးနေပြီ ဖြစ်ပြီး ကျန်းစုန့်နှင့် ငယ်ရွယ်သည့် ကောင်မလေးတစ်ဦးတို့ လေယာဉ်ပေါ်မှအတူ ဆင်းလာသည်ကို မြင်ရန် သိပ်မကြာလိုက်‌ပေ။

ကျန်းစုန့်၏ အရပ်အမောင်းမှာတော့ ၁.၈ မီတာ မြင့်မားပြီး ဆံပင်အတို အပြာရောင်ရှပ်နှင့် ပရော်ဖက်ရှယ် ဆန်ဆန် ၀တ်စားထားသည်။

သူ၏ ချစ်သူငယ်ချင်းကြီးမှာ ကျောင်းပြီးသည့်နောက်ပိုင်း လောကဓံ၏ အထုအထောင်းကို ခံရင်း အတော်လေး ရင့်ကျက်သွားခဲ့သည့်ပုံပင်။

ကျောင်းတုန်းကဲ့သို့ ရှက်ကြောက်နေတတ်သော ရောင်လေးတစ်ယောက် မဟုတ်တော့။

ကျန်းစုန့်၏ ဘေးတွင်တော့သာမန်ရုပ်ရည်နှင့် ဂျင်းအတို ၀တ်ဆင်ထားသော ကောင်မလေးတစ်ယောက်ရှိပြီး နှစ်ယောက်အတူ တွဲလာသည့်အချိန်တွင်တော့ကျန်းစုန့်နှင့် အတော်လေး လိုက်ဖက်သည်ဟု ဆိုရပေမည်။

သူမကတော့ လက်ထဲရှိ ဖုန်းကိုသာ အာရုံစိုက်နေပြီး စိတ်လေလွင့်နေပုံပင်။ မတော်လို့များ ခလုတ်တိုက်လိုက်ပါက ကြည့်မကောင်း ရှုမကောင်းတွေတော့ ဖြစ်သွားပေတော့မည်။

လင်းရီ ကျန်းစုန့်၏ ကောင်မလေးမှာ ယွဲ့ကျောက်ဖြစ်ပြီး သူမ၏ မိသားစုမှာ ကျိုးဟိုင်နယ်မှဟု ပြောခဲ့ဖူးသည်ကို ရုတ်ရက် သတိရသွားခဲ့၏။

လင်းရီ ကျန်းစုန့်ကို တွေ့သွားသည့် အခါတွင်တော့ ကျန်းစုန့်လည်း သူ့ကို ပြန်မြင်သွားပြီး

"လောင်တ...."

ကျန်းစုန့် သူ့လက်ကို အဆက်မပြတ် ဝှေ့ယမ်းပြလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုများကိုတော့ အမူအရာနှင့်သာ ဖော်ပြနိုင်တော့သည်။

"ဟဲ့..ဒါလေဆိပ်ကြီးလေ..ဘာလို့ တောသားလို လျှောက်အော်နေတာတုန်း..ကြည့်စမ်း..လူတိုင်း ငါတို့ကို ‌ကြည့်ကုန်ကြပြီ..."ယွဲ့ကျောက် မကျေမနပ် စောဒက တက်လိုက်၏။

"ဟာကွာ..ယွဲ့ကလည်း ကို့သူငယ်ချင်းနဲ့ မတွေ့တာကြာတော့ စိတ်လှုပ်ရှားလွန်းလို့ အော်မိလိုက်တာပါဟ..."

ကျန်းစုန့် လင်းရီကို လက်ညိုးထိုးလိုက်ရင်း "ဟိုမှာ အဖြူရောင် ရှပ်နဲ့ ရပ်နေတဲ့သူကို တွေ့လား..အဲ့တာ ကိုတက္ကသိုလ်တက်တုန်းက ကို့ကို ကူညီပေးခဲ့တဲ့ ညီကိုကောင်းလေ..."

ယွဲ့ကျောက် ကျန်းစုန့် လက်ညိုးညွှန်သော နေရာကို လိုက်ကြည့်လိုက်သောအခါ အလှမ်းသိပ်မဝေးသော နေရာ၌ ရပ်နေသော လင်းရီကို မြင်သွားခဲ့ပြီး သူမ နှလုံးခုန်နှုန်း မြန်သွားခဲ့သည်။

စုန့်ရဲ့ ညီကိုကောင်းက အရမ်းချောတာပဲ....

ကျန်းစုန့်ကတော့ အရမ်းစိတ်လှုပ်ရှားနေသောကြောင့် ယွဲ့ကျောက်မျက်နှာပေါ်ရှိ အမူအရာ ပြောင်းလဲသွားသည်များကို သတိမထားမိတော့ပဲ သူ၏ ခရီးဆောင်အိတ်ကို လွှတ်ချ၍ လင်းရီထံသို့ ပြေးသွားလိုက်သည်။

"ဟားဟား....သားကြီး လာပါကွ....ဖက်စမ်းပါဦးဟ..."

လင်းရီ ဤကဲ့သို့ ဂေးဆန်ဆန် အပြူအမူများကို ငြင်းပယ်ချင်သော်လည်း ကျန်းစုန့်မှ သူ့ကို အခွင့်ရေးမပေးသောကြောင့် အားရပါးရကြီး အဖက်ခံလိုက်ရသည်။

"အေး...ဖက်တာတော့ ဖက် ..ဒါပေမယ့် ငိုးကျပြီး လာတော့ မနမ်းနဲ့နော်ဟျောင့် ..ဒီမှာ လူတွေအများကြီးရှိတယ်..တောိကြာ ငါတို့ကို ဂေးတွေလို့ ထင်သွားမှဖြင့်....."

"အိုး..မင်းငါ့ကို သတိပေးလိုက်တာပဲကွ..."ကျန်းစုန့် လင်းရီ မျက်နှာကို ကိုင်ပြီး အနမ်းပေးလိုက်၏။

"ငိုးပဲ ..ငိုးပဲ.."

လင်းရီ ရယ်မောလိုက်ပြီး "မင်းကတော့ ငါ့ဂုဏ်သိက္ခာတွေကို နင်းချေသွားတာပဲကွ..."

"ဟားဟား..."

ကျန်းစုန့် ရယ်မောလိုက်ပြီး သူ၏ ကောင်မလေးကို မိတ်ဆက်ပေးလိုက်သည်။

"သားရီး ..ဒါကတော့ ငါ့ကောင်မလေး ယွဲ့ကျောက်တဲ့...သူ(မ)ကလည်း ကျိုးဟိုင်ကပဲလေ...ဒီတစ်ခေါက် သူ့မိဘတွေဆီ လာလည်မယ်ဆိုပြီးတော့ ငါနဲ့ လိုက်ခဲ့တာ..."

ယွဲ့ကျောက် သူမ လက်ဆန့်တန်းလိုက်ပြီး လင်းရီနှင့် လက်ဆွဲနှုတ်ဆက်ချင်နေသော်လည်း လင်းရီမှ နှုတ်ဆက်သည့်အနေဖြင့် ခေါင်းသာ ညိမ့်ပြလိုက်ပြီး သူမ၏ မျှော်လင့်ချက်လေးများကို ရိုက်ချိုးပစ်လိုက်၏။

"ဟွန့်..ဘာတွေလာပြီး ချေမိုးနေမှန်း မသိဘူး...ရုပ်လေးချောတော့ကော ဘာဆန်းလဲ..ဒီတိုင်း ဘားတွေ ကလပ်တွေမှာ အချိန်ပိုင်း လုပ်နေတဲ့ကောင်ကများ..."

"သွားစို့..နှစ်ယောက်လုံး ဆာနေလောက်ရောပေါ့..မင်းတို့ကို စားကောင်းတဲ့ စားသောက်ဆိုင်တစ်ခုဆီ ခေါ်သွားပေးမယ်..."

လင်းရီ ပြောလိုက်၏။

"အဲ့လောက်ကြီး ယဉ်ကျေးမနေပါနဲ့ကွာ..ဒီတိုင်း လမ်းဘေးနားက ဆိုင်တစ်ဆိုင်မှာ ၀င်စားလည်း ဖြစ်တယ်..."

ကျန်းစုန့် လင်းရီ၏ အခြေနေကို ကောင်းစွာ နားလည်သည်။ အိမ်ခြံမြေ အရောင်းဌာန၌ အလုပ်လုပ်၍ ပိုက်ဆံများစွာ ၀င်သော်လည်း ကျိုးဟိုင်တွင် ဖြစ်သောကြောင့် အရာရာတိုင်းက ငွေထွက်ပေါက်ကြီးပင်။ ထို့ကြောင့် သူတစ်ဦးတည်း စားနိုင်သောက်နိုင်ရုံသာ လောက်ငှပေသည်။ လင်းရီ ယခုလို လေဆိပ်၌ ဘာကြိုပေးသည်ကိုပင် ကျေးဇူးတင်လှပြီး စားကောင်းသောက်ဖွယ်များကတော့ မစားရလည်း ပြဿနာမရှိပေ။

"ဘာကြီး...လမ်းဘေးဆိုင်."

ယွဲ့ကျောက် ပြောလိုက်ပြီး "ကျွန်မ ကြိုပြီး ရှင်းအောင် ပြောထားမယ်..ဒီနေ့ ကျွန်မ အမေက အိမ်ပြန်လာစားဖို့ ပြောထားတယ်.. .အဲ့တော့ ရှင်တို့ စားချင်သပဆိုရင် ကိုယ့်ဘာကိုယ်သွားစားကြ..ကျွန်မကတော့ အိမ်မှာ သွားစားမှာ..."

"ဟမ်..."

ကျန်းစုန့် အမူအရာ ပြောင်းလဲသွားပြီး "မင်းမိဘတွေကို မနက်ဖြန်မှ ပြန်လာမယ်လို့ မပြောထားဘူးလား..ဒီနေ့ ငါ့ညီကိုကောင်းနဲ့ အတူသောက်စားဖို့ စီစဉ်ထားပါတယ် ဆိုနေမှ..."

"ပြောတာပဲလေ..ဒါပေမယ့် ဘယ်လိုကနေ ဘယ်လို ဒီနေ့ ပြန်လာမယ်မှန်း သိသွားလဲ မသိဘူး..အတင်းတွေ ခေါ်နေတော့ ဘယ်တတ်နိုင်ပါ့မလဲဟဲ့..."

"အဲ့တာဆို ငါကျတော့ကော...."

"ရှင်ကတော့ ရှင့် သူငယ်ချင်းနဲ့ သွားစားလေ...ကျွန်မနဲ့ အိမ်လိုက်ခဲ့စရာ မလိုဘူး..."ယွဲ့ကျောက် ပြောလိုက်ပြီး "ပြီးတော့ ကျွန်မက လမ်းဘေးဆိုင်တွေမှာ စားလေ့စားထ မရှိဘူး..အဲ့ဆိုင်တွေက အရမ်းညစ်ပတ်တာ..."

"ငါလည်း မင်းတို့ကို လမ်းဘေးဆိုင်မှာ လိုက်ကျွေးမယ်လို့ မပြောမိပါဘူးဟ..."လင်းရီ ပြောစရာစကား ကင်းမဲ့နေတော့၏။

"ရှင်တို့တွေက အဲ့လိုဆိုင်တွေမှာ မစားဘူးဆိုရင် ဘယ်နေရာမှာများ စားနိုင်မှာမို့လို့လဲ.....၊"ယွဲ့ကျောက် ခနဲ့သည့် အမူအရာဖြင့် ပြောလိုက်ပြီး "တကယ်လို့ စားသောက်ဆိုင် ကောင်းကောင်းမှာ သွားစားမယ်ဆိုရင်တော့ စဉ်းစားပေးမယ်လေ..."

"မင်းပြောတော့ အိမ်မှာပဲ သွားစားမှာဆို..."

"ရှင်တို့ ဘယ်မှာ စားမလဲ ဆိုတာ မူတည်တယ်...တကယ်လို့ စားသောက်ဆိုင် အပောင်းစားကြီးမှာဆိုရင်တော့ ရှင်တို့နဲ့ လိုက်စားမယ်..."

"ဒါ...."

ကျန်းစုန့် မျင်နှာ သိပ်မလှတော့ပေ။ သူ၏ ညီကိုကောင်းရှိနေတာတောင်မှ ဒင်းက တစ်စက်မှ လေးစားဟန်မပြ။

လင်းရီတိတ်တဆိတ် ခေါင်းရမ်းမိလိုက်သည်။ သူ့အော့ကော၏ စိတ်ဓာတ်နှင့်ဆိုပါက ထိုမိန်းမမျိုးကို ထိန်းချုပ်ဖို့ရာ အတော်လေး ခက်ခဲနိုင်၏။

အကယ်၍ သူတို့နှစ်ဦးသာ အချိန်အကြာကြီး လက်တွဲသွားမည်ဆိုပါက သဘော‌ထား မတိုက်ဆိုင်မှုများ သေချာပေါက် ရှိလာပေလိမ့်မည်။

သို့သော်လည်း ကြားသုံးကြား မ၀င်ကောင်းသောကြောင့် အသာလေး တိတ်တိတ်နေလိုက်၏။

"လင်းရီ ရှင်တို့ဘယ်မှာ သွားစားမယ်လို့ မပြောရသေးဘူးမလား..,ကျွန်မကြားထားတာတော့ ကျိုးဟိုင်က နဂါးအိမ်တော်လို့ခေါ်တဲ့ ဘူဖေးစားသောက်ဆိင်က မဆိုးဘူးလို့ကြားတယ်...အဲ့မှာ သွားစားကြမလား..."

"မင်းနောက်နေတာလား..ဟာသလာလုပ်မနေနဲ့..."

ကျန်းစုန့်ပြောလိုက်ပြီး "အဲ့ဒီဆိုင်မှာ စားဖို့‌ဆို တစ်ယောက် ဘယ်လောက်ပေးရလဲ မင်းသိလား..တစ်ယောက်ကို ယွမ် ၂ထောင် နီးနီးပေးရတယ်ကွ...ဒီမှာ အပြင်လူလည်း ရှိတာ မဟုတ်ဘဲနဲ့ ဘာကိစ္စ အဲ့လိုဆိုင်မျိုးမှာ သွားစားဖို့ လိုမှာလဲ..."

"အပြင်လူမရှိဘူးဆိုတာက ဘာအဓိပ္ပာယ်လဲ.."ယွဲ့ကျောက် မပျော်မရွှင် ဖြစ်သွားပြီး မောက်မာစွာဖြင်ဘ "ခုမှ ကျွန်မတို့က ပထမဆုံးအကြိမ် တွေ့တာလေ...ရှင်တို့နှစ်ယောက်ရဲ့ ပတ်သက်ပုံအရဆိုရင် ကျွန်မက သူ့ယောင်းမလို့တောင် ပြောလို့ရသေးတယ်...ခုမှတွေ့တာကို လက်ဆောင်လေး ဘာလေး မပေးဘူးဆိုတာက ထားလိုက်တော့..ဒါတောင်မှ ကောင်းကောင်း

ကန်းကန်းလေး ကျွေးဖို့ သူ့အတွက် တအား ခက်ခဲနေတာလား... "

"ပြီးတော့ ကျွန်မ ဝီချက်မှာ ပိုစ့်မတင်တာတောင်မှ အတော်ကြာနေပြီ..ကျွန်မ ‌အကောင်းစား စားသောက်ဆိုင်ကြီးတွေ သွားပြီး ဘယ်လိုတွေ စားသောက်နေလဲဆိုတာ အားလုံးသိအောင်လို့ ပို့စ်တင်ပြီး မနာလိုဖြစ်အောင် လုပ်ရဦးမယ်..."

"ငါတို့ အဲ့ဒီ ဝီချက်ဆိုတာကြီးကို ခဏမေ့ထားလို့ မရဘူးလား... "

ကျန်းစုန့် ပြောလိုက်ပြီး "ငါ့ညီကိုရဲ့အခြေနေကလည်း ငါလောက်နီးပါးပဲ..သူ့ကို လာကြို‌ခိုင်းတာနဲ့တင် အတော်လေး ဒုက္ခပေးရာ ကျနေပြီ...အဲ့လောက်ကြီးထိ လုပ်လို့မရဘူးလေကွာ..မပြောလည်း အလိုက်သိရတယ်ဟ..."

"ဟမ့်...အဲ့တာက လွန်လို့လား.."ယွဲ့ကျောက် လင်းရီကို စူးစိုက်ကြည့်လိုက်ပြီး "ကျွန်မကြားတာတော့ ရှင်က အိမ်ခြံမြေ ရောင်းတဲ့ ဌာနမှာ အလုပ်လုပ်တာဆို..ပြီးတော့ အရောင်းချန်ပီယံကြီးလည်း ဖြစ်ထားသေးတယ်ဆိုတော့ ရေလည်း အတော်လေး လျှံမှာပဲ မဟုတ်လား..လူတစ်ယောက်ကို ယွမ် ၂၀၀၀ လောက်ပဲရှိတဲ့ ဘူဖေးလေး တစ်နပ်ကျွေးဖို့ ရှင့်အတွက် ပြဿနာမရှိဘူးမလား...ပြီးတော့ ကျန်းစုန့်ဆိုတာကလည်း ရှင်နဲ့ ညီကိုလို နေနေတဲ့သူလေ..သူနဲ့တွေ့တုန်းလေး ကောင်းကောင်း ကျွေးမွေးပြုစုသင့်တာပေါ့..."

"ကျုပ် အဲ့ဒီနေရာမှာ အလုပ်တော့ ဆက်မလုပ်တော့ဘူး.."လင်းရီ ပြုံးလိုက်ပြီး "ဒါပေမယ့် ဘူဖေး တစ်နပ်လောက်ကတော့ ကျွေးဖို့ကတော့ တတ်နိုင်ပါသေးတယ်..."

ကျန်းစုန့် မျက်နှာကြောင့် လင်းရီ သူမနှင့် ပြိုင်မငြင်းနေတော့။

အကယ်၍ တခြားတစ်ယောက်ဆိုပါက သူတို့ အချင်းများနေပြီး ဖြစ်လောက်၏။

လင်းရီလည်း ရွေးချယ်စရာမရှိ။ ထိုအလိုက်ကန်းဆိုးမသိသော မိန်းကလေးမှာ သူ့ညီကို၏ ကောင်မလေး ဖြစ်နေသောကြောင့် သည်းခံနေရတော့သည်။

ဆိုရိုးအတိုင်း လက်ဖက်စိမ်းရဲ့ အရသာက နည်းနည်းလေး ပိုပြင်းရုံပင်။

"ထွက်လိုက်ပြီ....ရှင်က ရာထူးတိုးသွားတာလား..ဒါမှမဟုတ် ဌာန ပြောင်းသွားတာလား..ဘာပဲ ဖြစ်ဖြစ် ဘူဖေးလေးတစ်နပ်ပဲဟာ‌ကို..ရှင့်အတွက် သေချာပေါက် ပြဿနာမရှိဘူး.."

ယွဲ့ကျောက် ပြောလိုက်၏။

ကျန်းစုန့်လည်း အနည်းငယ် သိချင်နေခဲ့၏။ သူ၏ ညီကိုမှာ အရောင်းချန်ပီယံတစ်ပါးပင်။ အဘယ်ကြောင့်များ အလုပ်ထွက်လိုက်သနည်း။

"သားရီး မင်းက အဲ့ဒါဆို ခုဘာတွေ လုပ်နေတာ...တခြား နယ်ပယ်ထဲ ရောက်သွားပြီလား..."

"အင်း...ခု အီရန်ဘွိုင်း လုပ်နေတာ..."

All Chapters