အခန်း (၁၇၅)
Vol. 12 Ch. 175
"အီရန်ဘွိုင်း...."
လင်းရီ ဘာလုပ်နေလဲဆိုတာ သိတော့ ကျန်းစုန့် ထိတ်လန့်တကြား အော်ဟစ်မိသွား၏။
"သားရီး ..မင်းဘာတွေ လျှောက်လုပ်နေတာလဲကွ..အီရန်ဘွိုင်းဆိုတာ သူများ ၀ယ်ခိုင်းတဲ့ ပစ္စည်းလေးတွေကို လိုက်ပို့ပေးရတဲ့ကောင်မလား..."
"အမှန်ပဲ..အဲ့ဒီအလုပ် လုပ်နေတာ..."
ကျန်းစုန့်အမူအရာမှာ အနည်းငယ် သဘာ၀မကျ ဖြစ်သွားခဲ့ပြီး "သားရီး ငါတို့ကျောင်းတုန်းကဆိုရင် မင်းက ငါတို့ အခန်းထဲမှာ အလားလာ အရှိဆုံး ကျောင်းသားပါကွာ...ဘာလို့ ဒီလို အလုပ်မျိုး လုပ်နေတာလဲဟ..."
"အဓိက ကတော့ လွတ်လွတ်လပ်လပ် ရှိတယ်လေ..မဟုတ်ရင် မင်းတို့ကို စိတ်အေးလက်အေးနဲ့ လာကြိုနိုင်ပါ့မလား..."
"မင်းဘာပြောချင်နေလဲဆိုတာ နားလည်တယ်..ဒါပေမယ့် မင်းမှာ အရည်အချင်းတွေ ရှိတယ်လေကွာ..ဒီလိုမျိုး တက်လမ်းမရှိတဲ့ တောက်တိုမယ်ရ အလုပ်မျိုးကြီးတော့ မလုပ်စမ်းပါနဲ့ဟ... "ကျန်းစုန့်၏ အမူအရာမှာ ခါးသီးနေလေသည်။ သူ့ညီကိုကောင်း၏ ဘ၀ သာယာမနေကြောင်း ကြားသိလိုက်ရတော့ သူအတော်လေး စိတ်မကောင်း ဖြစ်နေခဲ့၏။
"မင်းမှာ ရှာရီရှိတယ်မဟုတ်လား..Didi မောင်းရင်တောင်မှ အီရန်ဘွိုင်း လုပ်တာထက်တော့ သာသေးတယ်..."
ကျန်းစုန့်မျက်နှာပေါ်ရှိ သူ့အတွက် စိတ်မကောင်းနေသည့် အမူအရာကို မြင်တော့ လင်းရီ ၀မ်းသာသွားခဲ့သည်။ ထိုကောင်ကတော့ ကျောင်းတုန်းကအတိုင်း တစ်စက်ကလေးမှ မပြောင်းလဲသေးပင်။
"ရှာရီက အတော်လေး စုတ်ပြတ်သပ်နေပြီ...Didi မှာ မှတ်ပုံတင်လို့တောင်မရဘူး..အဲ့ဒါနဲ့ ငါလည်း ရရာ အလုပ် ကောက်လုပ်လိုက်တာပဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"နဲနဲလေး ခါးသီးတယ်ဆိုပေမယ့် ပိုပြီး လွတ်လပ်တယ်ကွာ..ရုံးမှာ တစ်နေကုန် ထိုင်ပြီး ဘော့စ်အမှိုက်လာသွန်တာကို ထိုင်ယူနေရတာထက်တော့ အပုံကြီး သာပါသေးတယ်..."
"လွတ်လပ်တာကတော့ လွတ်လပ်တယ်..ဒါပေမယ့် ဘာပဲပြောပြော အဲ့တာကလည်း လူတွေကို ၀န်ဆောင်မှု ပေးရတဲ့ လုပ်ငန်းကြီးလေ..."ကျန်းစုန့် ၀မ်းနည်းနေသည့် လေသံဖြင့် ပြောလိုက်သည်။
"မင်းရဲ့ စွမ်းရည်တွေနဲ့ဆိုရင် အီရန်ဘွိုင်းလုပ်နေတာက အရည်အချင်းတွေကို ဖြုန်းတီးနေတာပဲကွ...ဒီလိုဆိုရင်ကော ကျိုးဟိုင်ကလည်း မင်းရဲ့ မွေးရပ်မြေမှ မဟုတ်တာ...ဒီတော့ တွယ်တာစရာလည်း မရှိဘူး..ဆိုတော့ ငါနဲ့ ရန်ကျင်းကို လိုက်ခဲ့ရင်ကော...အဲ့လိုဆို ငါတို့ အချင်းချင်း ဖေးမလို့ရတာပေါ့ကွ..မဟုတ်ဘူးလား...."
"ရှင်ဘာတွေ ပြောနေတာလဲ..."
ယွဲ့ကျောက် ကျန်းစုန့်ကို ဘေးသို့ ဆွဲခေါ်သွားလိုက်ပြီး "ရှင် ရူးသွားတာလား..."
"ငါဘာလုပ်နေလို့လဲဟ.."
"ကျွန်မတို့ နှစ်ယောက်နဲ့တင် ရန်ကျင်းမှာ ဆင်းဆင်းရဲရဲ နေနေရတာကို ရှင်က သူ့ကို ကျွန်မတို့ဆီ ခေါ်ထားချင်သေးတယ်ပေါ့...အဲ့တာက ကျွန်မတို့ ဘတ်ဂျက်ကို ဘယ်လောက် အကျိုးသက်ရောက်မှုရှိမလဲဆိုတာရှင်သိလား..ရှင်မပြောခင် မစဉ်းစားတတ်ဘူးလား.."
"ဒါပေမယ့် သူက ငါ့ရဲ့ ညီကိုလို ခင်တဲ့သူလေ.သူ ဒုက္ခရောက်နေမှတော့ ငါက ကူညီပေးရမှာပေါ့ကွ..."
"ဟမ့်...တစ်ခါတည်း ကြိုပြောထားမယ်နော်...ရှင်သူ့ကို ရန်ကျင်း ခေါ်ရဲခေါ်လာကြည့် ..ရှင်နဲ့ ကျွန်မ ပြတ်ပြီ..."
"ဒါ...."
ကျန်းစုန့် စကားဆက်ပြောမထွက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူဘာရပြောမှန်းမသိသောကြောင့်ပင်။
တစ်ဖက်ကြည့်ပြန်တော့လည်း သူ၏ ညီကိုလို ရင်းနှီးနေသူ...နောက်တစ်ဖက် ကြည်ပြန်တော့လည်း သူ၏ ချစ်သူကောင်မလေး...
သူဘယ်ဘက်ကို ရွေးချယ်ရမလဲဆိုတာ ရွေးချယ်ရ ခက်နေလေသည်။
"ထားလိုက်..မင်းငါ့ကို စိတ်ပူဖို့ မလိုဘူး.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ငါကျိုးဟိုင်မှာ အဆင်ပြေတယ်..မင်းနဲ့ မလိုက်တော့ဘူး..."
"ဟမ့်...အဲ့လို အကင်းပါးမှပေါ့..."ယွဲ့ကျောက် သူမကိုယ်သူမ တီးတိုး ရေရွတ်လိုက်၏။
"ကျောက်ကျောက်..."
ထိုအချိန်တွင် လင်းရီနှင့် ကျန်းစုန့်တို့ နောက်ကျောဘက်မှ အော်သံကြီးတစ်ခု ထွက်လာခဲ့သည်။
နှစ်ယောက်သား လှည့်ကြည့်လိုက်သောအခါ ါနည်းငယ် ၀ဖိုင့်ဖိုင့်နှင့် လူငယ်တစ်ဦး သူတို့ထံ ပြေးလာနေသည်ကို တွေ့လိုက်ရ၏။
အရပ်အမောင်း မကောင်းသော်လည်း ယွဲ့ကျောက်နှင့် အနည်းငယ် ရုပ်ချင်းဆင်တူနေသည်။
ထိုအမျိုးသား၏ နာမည်ကတော့ ယွဲ့ဟိုင် ဖြစ်ပြီး ယွဲ့ကျောက်၏ အစ်ကိုကြီးပင်။
"အစ်ကို နင်ရောက်လာပြီပေါ့..."ယွဲ့ကျောက် ပျော်ရွှင်စွာ ပြောလိုက်၏။
ကျန်းစုန့်၏ အံ့အားသင့်နေသည့်အမူအရာကိုမြင်တော့ သူ၏ ညီကိုမှာ ထိုလူနှင့် သိပုံမပေါ်ကြောင်း လင်းရီ သတိထားမိသွားသည်။
"ဟျောင့်..မင်းက သူ့ရည်းစားလေကွာ ..အဲ့တာကို မင်းက အနာဂတ်ယောက်ဖကြီးကို မမြင်ဖူးဘူးပေါ့..."
ကျန်းစုန့် ကိုးရို့ကားရား ဖြစ်နေသည့် အမူအရာဖြင့် ခေါင်းခါရမ်းလိုက်ပြီး "ငါတို့ တွဲတာတောင်မှ နှစ်၀က်လောက်ပဲ ရှိသေးတာ...သိပ်မကြာသေးဘူးဆိုတော့ သူ့မိသားစုနဲ့ မိတ်မဆက်ပေးသေးဘူးဟ.."
လင်းရီ ဘာပြောရမှန်း မသိ ဖြစ်သွားသည်။
အကယ်၍ လင်းရီသာ သူ့နေရာ၌ ဆိုပါက ဟုန်းရမ်းရသည်အထိ ရိုက်ပြီး ဖြစ်လောက်၏။
သို့သော်လည်း သူ၏ ညီကိုကတော့ တစ်ဖက်ကောင်မလေး၏ ဆွေမျိုးများနှင့်ပင် မသိသေးပေ။
"အမေက ဒီနေ့ ငါ့ညီမ ပြန်လာမယ်လို့ ပြောထားတယ်လေ..အဲ့တာကြောင့် လာကြိုတာပေါ့.."ယွဲ့ဟိုင် အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဟွန့်..အစောကြီးကတည်းကနေ လာကြိုသင့်တာ..ခုတော့ ဘယ်အချိန်ရှိပြီလဲလို့..အရမ်းနောက်ကျတာပဲ..."
"မင်းမသိပါဘူးကွာ..ဟိုးးးးနားလေးနားမှာ ဘန်ထလေတစ်စီး ပါကင်ထိုးထားလို့ ရပ်ကြည့်နေတာနဲ့ နောက်ကျသွားတာ..ကားကတော့ အတော်လေး လန်းတယ်ဟ..ပြောကြတာတော့ လေးမီလီယမ် တန်ကြေးရှိတယ်ဆိုပဲ..အဲ့တာ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေရင်း အချိန်မေ့သွားတာ..."
"ဘန်ထလေ....အဲ့လိုကားမျိုးက ရန်ကျင်းမှာတောင် မြင်ရခဲတဲ့ ကားမျိုးပဲ..."ယွဲ့ကျောက် ပြောလိုက်၏။
"အမှန်ပဲလေ..အဲ့တာကြောင့် မင်းအစ်ကိုက နောက်ကျသွားတာ..မဟုတ်ရင် အဲဗား အချိန်တိကျတယ်..."
"နောက်ပြီး ကားတင် တန်ဖိုးကြီးတာ မဟုတ်ဘူးနော်..လိုင်စင် နံပါတ်ကလည်း အလွင့်ကြီး ANB888 ဆိုပဲ..."
"ဟီးဟီး တကယ်ကြီးလား...ညီမလည်း သွားကြည့်ချင်တယ်...ဓာတ်ပုံလေးငါးခြောက်ပုံလောက် ရိုက်ရင်းနဲ့ပေါ့... "
လင်းရီ :"....."
နှစ်ယောက်လုံးက သွေးချင်းမောင်င်နှမတွေ ဖြစ်ကြောင်း အထွေထူး ပြောပြစရာတောင် မလိုချေ။ အားလုံး ဒီပုတ်ထဲက ဒီပဲကြီးသာ...
မောင်နှမနှစ်ယောက် စကားခဏ ပြောပြီးနောက် ယွဲ့ဟိုင် ကျန်းစုန့်ကို မောက်မာသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
"အဲ့ကောင်က မင်းရည်းစားလား..."
"အွန်း..သူက ဒီခေါက် အလုပ်ခရီး ထွက်လာတာလေ..လမ်းကြုံတာနဲ့ သူနဲ့အတူ လိုက်ခဲ့လိုက်တာလေ..."
ယွဲ့ဟိုင် ကျန်းစုန့်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး "ငါ့နှမရည်းစားဆိုတဲ့ကောင်..မင်းတစ်လ ဘယ်လောက်ရလဲ..."
သူ၏ အနာဂတ် ယောက်ဖကြီးနဲ့ ရင်ဆိုင်ရသော ကျန်းစုန့် အနည်းငယ် စိတ်လှုပ်ရှားနေပြီး "အလုပ်ခရီးသွားဖို့ ထောက်ပံ့ကြေးအပြင် တစ်နှစ်ကို လစာ ယွမ် ၁၅၀,၀၀၀ ရပါတယ်ဗျ...ဒါပေမယ့် အများကြီး တိုးဖို့ အလားအလာတွေ ရှိပါသေးတယ်..."
"တစ်သိန်းခွဲတည်းလားကွ..."ယွဲ့ဟိုင် မျက်မှောင်ကြုတ်၍ ပြောလိုက်ပြီး "ကျိုးဟိုင်ရဲ့ အိမ်ဈေးတွေနဲ့ဆိုရင် မင်းရဲ့မဖြစ်စလောက် လစာလေးနဲ့ အိမ်တစ်လုံးတောင် ၀ယ်နိုင်ပါ့မလား..."
"ဒါ...."
ကျန်းစုန့် ပြောစရာစကား ပျောက်ရှနေခဲ့ပြီး "အချိန်တစ်ခုလောက်အထိ ခက်ခဲမယ်ဆိုပေမယ့် ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါခင်ဗျ..."
"မင်းမှာ ကားရှိလား...ပြည်တွင်းထုတ်တဲ့ကားလား..ဒါမှ မဟုတ် နိုင်ငံခြားက တင်သွင်းလာတဲ့ကားလား..."ယွဲ့ဟိုင် တစ်ဖန် ပြန်မေးလိုက်သည်။
"ကားလား....ကျွန်တော် ခုထိတော့ ကားမ၀ယ်ရသေးဘူးဗျ...."
သူ၏ လက်ရှိ ၀င်ငွေနှင့်ဆိုလျင် ကားတစ်စင်းလောက် ဝယ်ဖို့ရာ ပြဿနာ မရှိသော်လည်း သူရသည့် လစာလေးဖြင့် အိမ်ငှားခ၊ တခြားတိုလီမှုတ်စများအပြင် ယွဲ့ကျောက်ကိုလည်း ထောက်ပံ့ပေးရသေး၏။
တခြားဟာတွေထက် ဟူမကို လက်ဆောင်များ စပရိုက်ဂစ်များလည်း ပြင်ဆင်ပေးရသည်။ သူမ၏ နေထိုင်သုံးဖြုန်းနေသည့် ပုံစံက သူရသည့် လစာထက်ပင် ကျော်လွန်နေသေး၏။ အကယ်၍ သူ့တွင်သာ ခရသ်ဒစ်ကတ်မရှိပါက လေယာဉ်လက်မှတ်ပင် တတ်နိုင်လိမ့်မည် မဟုတ်ချေ။
ကား၀ယ်ဖို့ ဆိုလျင်တော့ ဝေလာဝေးပေါ့...
"ဘာကွ...မင်းမှာ ကားတောင်မရှိဘူး..."
ယွဲ့ဟိုင်၏ အထင်မြင်သေးသည့်အမူရာမှာ ပိုမို ရုပ်ကြွလာတော့သည်။
"ရန်ကျင်းက အိမ်ဈေးတွေက ပေါတဲ့ထဲ မပါဘူးဆိုတော့ မင်း အိမ်မ၀ယ်ရသေးတာ နားလည်ပေးလို့ရတယ်..ဒါပေမယ့် မင်းက ကားလေးတစ်စီးတောင် မရှိဘူးတဲ့လား...လာနောက်နေတာလားဟျောင့်..မင်းရတဲ့ ငွေတွေ ဘယ်သူ့ကို သွားပေးပစ်တာလဲ....ဒီလောက်ငယ်ငယ်လေး ရှိသေးတာတောင်မှ ငွေကို ဘယ်လိုစု ဘယ်လိုသုံးရမလဲ ဆိုတာ နားမလည်သေးဘူးလားကွ..ဒီလိုပုံစံနဒ့ဆို ငါ့ညီမကို မင်းလက်ထဲ အပ်ဖို့သေ ချာလေး စဉ်းစားရတော့မယ်.."
"အဓိက ကတော့ ကျောက်ကျောက်က အလုပ်မရှိဘူးလေ...ကျွန်တော် ရတဲ့ လစာကလည်း လူနှစ်လောက် လောက်ငှအောင် သုံးနေရတယ်ဆိုတော့ ကား၀ယ်ဖို့က......"
"ဘာကွ...မင်းတို့ တွဲတာတောင် ဘယ်လောက်မှ မကြာသေးဘူး..ငါ့ညီမ အလုပ်မလုပ်တာကို အပြစ်ပြောနေပြီပေါ့..."ယွဲ့ဟိုင် အေးစက်သည့် မျက်နှာထားဖြင့် ပြောလိုက်၏။
"ငါတို့ တစ်မိသားစုလုံး ပိုးမွေးသလို မွေးထားတဲ့ ငါ့နှမလေးက အဲ့လို အလုပ်တွေ လုပ်စရာ လိုလို့လားကွ....မင်းယောက်ျားမဟုတ်ဘူးလား..ယောက်ျားဆိုရင် သေချာပေါက် လုပ်ကျွေးရမှာပေါ့ဟ...."
"မဟုတ် ..မဟုတ်ဘူးလေဗျာ..ကျွန်တော် ဆိုလိုတာက..."ကျန်းစုန့် နဖူးပြင်ပေါ်မှ ချွေးမယအေးများ ဩတ်၍ "ကျွန်တော့်လစာက နည်းနေသေးလို့..အချိန်တစ်ခုလောက် ကြာရင်တော့ ကား၀ယ်နိုင်သွားမှာပါလို့ ပြောမလို့ပါဗျာ..."
"မင်းလစာနဲ့ ဘာမှ မဆိုင်ဘူး..ကိုယ့်ဘာကိုယ် ပိန်းတယ်ဆို ပိန်းတယ်ပေါ့..."ယွဲ့ဟိုင် လက်ချာရိုက်လိုက်ပြီး "ငါတို့ နှစ်ယောက်ရဲ့ လစာကလည်း အတူတူပဲ....ဒါပေမယ့် သုံးနှစ်လောက် အလုပ်လုပ်ပြီးတော့ ယွမ်နှစ်သိန်းကျော်တဲ့ Mustangတစ်စင်း ၀ယ်နိုင်နေပြီ....ပြီးတော့ ငါ့မှာ ရည်းစားလည်း ရှိတယ်..ငါတောင် ၀ယ်နိုင်မှတော့ မင်းက ဘာလို့ မ၀ယ်တာလဲ ပြောစမ်းပါဦး...."
"ဒါ...."
"ငါ့ညီကိုက ကားမရှိဘူး ဆိုပေမယ့် ငါ့မှာ ကားရှိတယ်လေ....ဒီတိုင်း ကားလေး တစ်စင်းကိုများကွာ..ဘာတွေ စောက်ရေးပါနေလို့..."လင်းရီ ပြောလိုက်ပြီး "ခင်များ ပြောနေတဲ့ ပုံစံကြီးက ရထားစီး ၊ ဘတ်စ်ကားစီးပြီး အလုပ်လုပ်နေတဲ့ လူတွေက ေ-သပေးရမလိုတောင် ဖြစ်နေပြီ..."
လင်းရီ အစကတော့ ၀င်မပါချင်ခဲ့။ သို့သော်လည်း သူ၏ ညီကိုမှာ အပေါ်ယံ ရင့်ကျက်သော်လည်း စကားစစ်ထိုးရာတွင် ကျွမ်းကျင်သူတစ်ဦး မဟုတ်ခဲ့ပေ။
"မင်းမှာ ကားရှိတာ မရှိတာက မင်းသောက်ကြောင်းလေ..အဲ့တာ သူနဲ့ ဘာဆိုင်လို့လဲ.."
ယွဲ့ဟိုင် လင်းရီကို စရောက်ကတည်းကတွေ့သော်လည်း အလေးနက် မထားခဲ့။
"ကျုပ်က ကျုပ်ညီကို ကျန်းစုန့်နဲ့ မတွေ့ရတာ နှစ်၀က်လောက်ရှိပြီ ဆိုတော့ ကားလက်ဆောင် ပေးမလို့လေ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"သူ့ကို ကားလက်ဆောင်ပေးမယ်..."ယွဲ့ဟိုင် ကြက်ေ-သေ-သသွား၏။
ကျန်းစုန့်ရဲ့ သူငယ်ချင်းက ဘယ်သူမို့လို့ သူ့ကို ကားလက်ဆောင် ပေးမှာလဲတဲ့...
နဲနဲလေး မပိုလွန်းဘူးလား...,
"ကိုကို သူ့စကားတွေ ယုံမနေနဲ့..သူ့ကားကဖြင့် Didi တောင် ပြေးလို့မရတဲ့ ရှာရီ အစုတ်ကြီး ..ဘယ်လောက်မှ တန်ကြေးရှိတာ မဟုတ်ဘူး..."
"ငိုးပဲ...ရှာရီကြီးလားဟ..ငါက ဘန်ထလေ များလားလို့...."