← Chapters

အခန်း (၁၇၇)

Vol. 12 Ch. 177

အခန်း (၁၇၇)

Vol. 12 Ch. 177

ကျန်းစုန့်ကတော့ ဘာမျှ သိပ်မစဉ်းစားပဲ ယွဲ့ကျောက်နှင့်အတူ နောက်ခုံတွင် အတူထိုင်လိုက်၏။

"ဘုရားရေ..ဘန်ထလေ ကားကြီးရဲ့ အတွင်းပိုင်းအပြင်ဆင်တွေ လန်းလှချည်လားဟ..."

ယွဲ့ကျောက် သူမ ဖုန်းကို ထုတ်ပြီး ဓာတ်ပုံအများအပြားရိုက်လိုက်ရုံသာမက ဗွီဒီယို အတိုလေးတောင် မှတ်တမ်းတင်လိုက်သေးသည်။ ဖုန်းမမ်မိုရီကတ် ပြည့်သွားတော့မှသာ ရပ်နားလိုက်တော့၏။

အခြားတစ်ဖက်တွင် ကျန်းစုန့်ကတော့ညတစ်စုံတစ်ခုကို မတော်တဆ ဖျက်ဆီးမိမှာ စိုးသောကြောင့် ပိုပြီး ခြေငြိမ်လက်ငြိမ်ရှိလှ၏။

"ဒါပေါ့ကွ..ဘန်ထလေ ဆိုနေမှတော့ ပြောစရာလိုသေးလို့လား..."ယွဲ့ဟိုင် ခရီးသည်ခိုင်ခုံပေါ် ထိုင်ရင်း ပြောလိုက်သည်။ "ဒီထိုင်ခုံက ငါ့ရဲ့ Mustang ထက်တောင် ပိုပြီး သက်တောင့်သက်သာ ရှိသေးတယ်..."

"ညီမ ထင်နေတာ Mercedes Benzနဲ့ BMWတို့ကမှ ကားအကောင်းစားကြီးတွေလို့ ထင်ထားတာ ..ဘန်ထလေရှေ့ရောက်ရင်တော့ အဲ့ကားတွေက အမှိုက်သာသာ အဆင့်လောက်ပဲ ရှိတယ်..."

"အမှန်ပဲ..."ယွဲ့ဟိုင် ပြောလိုက်ပြီး "ဒါက ကမ္ဘာ့အဆင့်အတန်းရှိတဲ့ ဇိမ်ခံကားလေ...သာမန်လူတွေက ဘယ်တတ်နိုင်မှာ..."

ယွဲ့ဟိုင် လင်းရီကို ကြည့်လိုက်ပြီး "ညီကို ကျုပ်တို့ ဝီချက် အပ်လို့ရမလား..."

"အပ်ပြီးတော့ အလုပ်ရှုပ်ခံမနေနဲ့..ဒီတိုင်း အခွင့်ကြုံလို့ တစ်ခေါက်တစ်လေ တွေ့တာကိုများ..."လင်းရီ ပေါ့ပေါ့ပါးပါး ငြင်းဆိုလိုက်၏။

"အာ...ဒါပေါ့ ဒါပေါ့..."ယွဲ့ဟိုင် ကိုးရို့ကားယား ဖြစ်သွားပြီး "ဒါပေမယ့် ကျုပ်တစ်ခုလောက်တော့ အကူညီတောင်းလို့ရမလား..."

"ဟမ်...ဘာများလဲ..."

"ကျုပ်သူငယ်ချင်းတစ်ယောက်က နောက်လေးငါးရက်ဆို မင်္ဂလာဆောင်တော့မှာ..အဲ့တာ ညီကိုရဲ့ကားကို ခဏလောက် ငှားသွားလို့ ရမလား...သူ့အိမ်က ကျိုးဟိုင်မှာ မဟုတ်ဘူးလေ....ဆိုတော့ သုံးရက်အတွင်း ပြန်လာပေးမယ်လို့ ကတိပေးတယ်ကွာ..တစ်လှေတည်းစီးနေကြတဲ့သူတွေဆိုတော့ ပြဿနာမရှိလောက်ဘူးမလား..."

"ဘယ်သူက ခင်များနဲ့ တစ်လှေတည်း စီးနေလို့လဲ..."

"ဒါ....."

လင်းရီ သူ့ကို ချက်ချင်း ငြင်းဆိုလိုက်‌တော့ ယွဲ့ဟိုင် နေရခက်သွားခဲ့၏။

"အာ..ညီကိုက ကားတစ်ခုခု ဖြစ်မှာ ကြောက်နေတာလား..မပူနဲ့ ကျုပ်အသက်နဲ့ရင်းပြီး ကားကို ကာကွယ်ပေးမယ်"

"ကိုကို...ဘာတွေ ပြောနေတာလဲ..."ယွဲ့ကျောက်ပြောလိုက်ပြီး "အကို ကားငှားချင်တယ်ဆိုရင်လည်း ရှင့်ယောက်ဖက်ု ပြောလိုက်လေ..."

"ပြော...ကျွန်တော့ကိုပြော.."ကျန်းစုန့် ကြောင်အသွားပြီး "ကျုပ်မှာ ကားမှ မရှိတာ..."

"စောနကပဲ ရှင့်သူငယ်ချင်းကြီးက ကားလက်ဆောင်ပေးမယ်လို့ ပြောထားတယ်မဟုတ်လား..ခုဒီကားက လည်းရှင့်ကို လက်ဆောင်ပေးမယ့် ကားပဲလေ..."

"အိုက်ယိုး..ငါကလည်း မေ့တတ်လိုက်တာ..."ယွဲ့ဟိုင် သူ့နဖူးကို ဖြန်းကနဲ မြည်အောင် ရိုက်လိုက်ပြီး "ငါကလည်း ဘာလို့ မေ့နေပါလိမ့်...ဒီကားက ငါ့ရဲ့ ယောက်ဖကြီး ကားပဲ မဟုတ်လား..တိုက်တိုက်ဆိုင်ဆိုင် အစ်ကို DMV က တစ်ယောက်ယောက်နဲ့ သိတယ်..နာမည် ပြောင်းတယ်ဆိုတယ် ငှက်ပျောသီး အခွံနွှာစားသလောက်ပဲရှိတာ...မနက်ဖြန် နာမည်သွားပြောင်းကြစို့"

"ဟာဗျာ..မဟုတ်တာ..."

"ဒီကားကြီးက အရမ်းဈေးကြီးလွန်းတယ်..ကျုပ်လက်မခံ နိုင်ဘူးဗျ...."

"ကျုပ်ညီကိုရဲ့ ပိုက်ဆံတွေက မိုးပေါ်ကနေ ကျလာတယ်များ ထင်နေလား...ဟေ့.. ငါ့ကို ဘာလို့ လာဆိတ်နေတာလဲကွ..."

ယွဲ့ကျောက် ကျန်းစုန့်ကို စူးစူးရဲရဲ ကြည့်လိုက်ပြီး နားအနားကပ်၍ "ရှင်ရူးနေတာလား..ဒီကားက ဘယ်ဘို ကားမျိုးဆိုတာလဲကော သိရဲ့လား...ဒါ Bentley continental နော်..."

"ငါသိတယ်လေ..."

"ကျွန်မ ညီကိုမောင်နှမတွေထဲမှာ ဒီလိုကားမျိုး စီးနိုင်တဲ့လူဆိုတာ တစ်ယောက်မှ မရှိသေးဘူး..တကယ်လို့ ကျွန်မသာ ဒီကားကြီးကို သူတို့ရှေ့မှာ စီးပြလိုက်ရင် ဘယ်လောက်တောင် မိမိုက်လိုက်မလဲ...ရှင့်ကို ပြောလိုက်မယ်...ရှင် ဒီကားကို လက်မခံရင် ကျွန်မတို့ ကိစ္စ ပြတ်ပြီ...."

"ဒါက....."

ကျန်းစုန့် စကားရပ်တန့်လိုက်သည်။ သူနှင့် ယွဲ့ကျောက် အချင်းများသံများကို သူ့သူငယ်ချင်းအား မကြားစေချင်ပေ...

သို့သော်လည်း သူ့စိတ်ထဲတွင်တော့ ဆုံးဖြတ်ချက် အခိုင်အမာ ချပြီး ဖြစ်၏။ သူ သည်ကားကို လုံး၀ လက်ခံလို့မရပေ။

လင်းရီကတော့ တစ်ချိန်လုံး တိတ်ဆိတ်စွာဖြင့် ကားမောင်းနေသည်။သူ၏ စိတ်ထဲတွင်တော့ ယွဲ့မောင်နှမ နှစ်ယောက်မှာ ဦးနှောက်ထဲတွင်ပင် ရှိမနေချေ။ ကျန်းစုန့်မျက်နှာကြောင့်သာ တင်ခေါ်လာခြင်း ဖြစ်၏။

လင်းရီ မီနူးကိုယူပြီးနောက် ကျန်းစုန့်ထံ တွန်းပို့လိုက်သည်။

"ငါတို့ကျောင်းတုန်းကတော့ လူစုံတက်စုံနဲ့ ဒီဆိုင်လေးကို အမြဲတမ်းလာဖြစ်ခဲ့ကြတယ်လေကွာ..ခုတော့ မင်းနဲ့ငါနဲ့ပဲ ပြန်ဆုံဖြစ်တော့တယ်..ဟူး ..အရင်ချိန်တွေကို လွမ်းလိုက်တာကွာ..."

"အင်း...ဘယ်လိုလုပ် မေ့လို့ရမှာလဲ..အဲ့ကောင်တွေက ကျောက်ကပ်စားရင် ကျောက်ကပ်အားကောင်းတယ်ဆိုပြီးတော့ အဲ့တာပဲ မြည်းနေကြတာလေကွာ...ဟားဟား ...မင်းတောင် ရှစ်ခုလောက် တစ်ခါတည်း ဆွဲလိုက်သေးတယ်မလား......."

"ငါ့ကြည့်ပဲ ပြောမနေနဲ့ဟျောင့် အဲ့ထဲက ခြောက်ခုကို မင်းလည်း စားတာပဲ မဟုတ်လား..."လင်းရီ ရယ်မော ပြောဆိုရင်း "အဲ့တုန်းကတော့ ကျောက်ကပ်ဆို သေအောက်ကြိုက်တဲ့ ကျောင်းသားကြီးတွေလို့‌ေတာင် နာမည်ကြီးသွားသေးတယ်.. ဘယ်သူကမှ အနာဂတ်မှာ ဘယ်လိုပုံစံနဲ့ နေရမလဲဆိုတာ တွေးမပူခဲ့ကြဘူး...အပူပင်ကင်းခဲ့တဲ့ ဘ၀လေးတွေပေါ့ကွာ."

"ဟားဟား ဒီတိုင်း တက်ကြွတဲ့ အရွယ်လေးတွေပေါ့..."

"ကောင်းပြီ..စကားနောက်မှ ပြောကြစို့ တစ်ခုခု အရင်မှာရအောင် ..ငါဗိုက်ဆာနေပြီကွ..."

ကောလိပ်ကျောင်းသားတုန်းက ဤဆိုင်သို့ မကြာခဏ လာစားလေ့ရှိသောကြောင့် ကျန်းစုန့် မီနူးတစ်ခုလုံး အလွတ်ရနေသည်။

သူအနှစ်သက်ဆုံး ဟင်းပွဲများကို မှာပြီးနောက် မီနူးကို ယွဲ့ကျောက်ထံသို့ ကမ်းပေးလိုက်၏။

"ကျောက်ကျောက် ဒီက အစားအသောက်တွေက အရမ်းစားကောင်းတာ သိလား..မင်းဘာစားချင်လဲဆိုတာ ပြောလိုက်လေ.. ကိုမှာပေးမယ်..."

ယွဲ့ကျောက် မျက်မှောင်ကြုတ်သွားပြီး စိတ်မရှည်သော အမူအရာဖြင့် "ကျွန်မက အဲ့လို မီးခိုးနံ့ထောင်းနေတဲ့ အစားအသောက်တွေ မကြိုက်ဘူး..."

ယွဲ့ကျောက် ဓားလွယ်ခုတ်‌နားလောက်ရှိ စားသောက်ဆိုင်ကို လက်ညိုးထိုးကာ "အဲ့မှာ သွားပြီး ပုစွန်တွေ ကဏန်းတွေ စားကြရင်ကော..ကျွန်မ တကယ်ကြီး လမ်းဘေးဆိုင်တွေမှာ မစားတတ်တာ..."

"ဒီလိုလုပ်လေ..ကျုပ်ခင်များကို ကားငှားပြီး အိမ်ပြန်ပို့ပေးမယ်...ရှားရှားပါးပါး ခုမှ ပြန်လာရဆိုတော့ ရောက်တုန်းရောက်ခိုက် အစားကောင်း သောက်ကောင်းလေးတွေ အိမ်မှာ ‌စားပေးမှပေါ့..မဟုတ်ဘူးလား..မကြိုက်ရင်လည်း ဒုက္ခခံမနေနဲ့..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

ယွဲ့ကျောက် ကိုးရို့ကားယား ဖြစ်သွားပြီး "အာ..ကျွန်မပြောချင်တာ အဲ့လိုမဟုတ်ပါဘူး..နည်းနည်းလောက်မြည်းကြည့်ရင် ကောင်းမယ်လို့ ပြောတာ....ဒီမှာ စားလည်း ရပါတယ်ရှင့်..."

"အဲ့တာဆိုလည်း မှာလိုက်တော့လေ...လောင်တက ဒီနေ့ ကျွေးမှာဆိုတော့ အားနာနေလို့မရဘူး..."ကျန်းစုန့် ပြောလိုက်၏။

"အင်းပါ..."ယွဲ့ကျောက် ထူးမခြားနားစွာ ပြောလိုက်ပြီး သာမန် အစားအသောက်တစ်ချို့ကိုသာ မှာလိုက်၏။ သို့သော်လည်း သူမ၏ အကြည့်များကတော့ လင်းရီကို မသိအောင် တစ်မျိုး သိအောင်တစ်မျိုး အမျိုးမျိုးဖြင့် ရှိုးနေလေသည်။

ကျန်းစုန့်၏ သူငယ်ချင်းမှာ အဘယ်ကြောင့် ကျိကျိတက် ချမ်းသာနေလဲဆိုတာ စူးစမ်းချင်နေမိတော့၏။

"စားပွဲထိုး ...ဘီယာ ပုလင်းတွေ ယူခဲ့စမ်းဟေ့..."ယွဲ့ဟိုင် လှမ်းအော်လိုက်၏။

"အစ်ကို ဒီနေ့ ကျွန်တော်တို့ မသောက်ကြရင် ကောင်းမယ်ထင်တယ်နော...လောင်တက ကားမောင်းရဦးမှာဗျ...."

"ဘာမှမဖြစ်ဘူး...ချသာချ...မင်းတို့နှစ်ယောက်က အချိန်အကြာကြီး နေမှ ပြန်တွေ့ကြသာဆိုတော့ မူးအောင် မသောက်ရင် ဘယ်ကောင်းမှာ ...မင်းတို့မူးရင် ငါမောင်းပို့ပေးမယ်ကွာ.. "

ယွဲ့ဟိုင် ဘန်ထလေကားကြီးကို သောက်ရမ်း မောင်းကြည့်ချင်နေသည်။ ယခုအသက်ရွယ်ထိ သူမောင်းခဲ့ဖူးသည့် အကောင်းဆုံးကားမှာ BMW7 စီးရီးလေးသာဖြစ်၏။

ဒီနေ့တော့ ဘန်ထလေ ကားအကောင်းစားကြီး မောင်းရမည့် အတွေးကို စဉ်းစားလိုက်သည်နှင့် သွေးများ ဆူပွက်လာ‌တော့သည်။

"ခင်များ ဒီကားမမောင်းတတ်ဘူး..ကျုပ်သီးသန့် ဒရိုင်ဘာ ခေါ်ထားလိုက်မယ်..."

လင်းရီ ပြောလိုက်၏။

"ညီကို မင်းကတော့ င့ါကို အထင်သေးနေတာပဲကွ.ငါကားမောင်းလာတာ ခြောက်နှစ်ရှိပြီ..ဘယ်ကားလာလာ မောင်းတတ်ပြီးသား..."ယွဲ့ဟိုင် သူ့ရင်ဘက်ကြီးကထု တဘုန်းဘုန်းပုတ်၍ ပြောလိုက်လေသည်။

"ခင်များ မောင်းချင်သပဆိုလည်း မောင်း ဒါပေမယ့် ကြိုပြောထားမယ်နော်..ဒီကားမှာ အာမခံချက် မရှိဘူး.တကယ်လို့ ကား တစ်ခုခု ဖြစ်သွားခဲ့ရင် ကိုယ့်ဘာကိုယ် ပေးရမှာ."လင်းရီ ပြောပြလိုက်၏။

"အာ....,"

ယွဲ့ဟိုင် ချက်ချင်း အေးခဲသွားပြီး ကသိကအောက် ဖြစ်သွားခဲ့သည်။

ယခုလို မောင်းခွင့်ကြုံကိန်း ဆိုက်လာသော်လည်း ကားသာ တစ်ခုခု ဖြစ်သွားပါက သူ့ကိုယ်တွင်းအင်္ဂါများ ရောင်းစားလျင်တောင် လျော်ပေးရန် လုံလောက်မည် မဟုတ်ချေ။

"အဲ့တာဆိုလည်း မမောင်းတော့ဘူးကွာ..သီးသန့် ဒရိုင်ဘာသာ ခေါ်လိုက်တော့..."

လင်းရီ ယွဲ့ဟိုင်ကို လျစ်လျူရှုလိုက်ပြီး ဘီယာပုလင်းကို မော့လိုက်သည်။

သုံးပုလင်းလောက် သောက်ပြီးသည့် အချိန်တွင်တေယ့ စားပွဲပေါ်ရှိ အမြည်းများလည်း ကုန်နေပြီးဖြစ်၏။

စားသောက်နေစဉ်အတွင်း နှစ်ယောက်သား တက္ကသိုလ်တက်တုန်းက အကြောင်းအရာများကို ပြန်လည် စမြုံ့ပြန်နေကြသည်။ သူတို့အတွက်တော့ ယင်းမှတ်ဉာဏ်များက အဖိုးမဖြတ်နိုင်သည့် ပုံရိပ်များပင်။

အယ်လ်ကိုဟောကြောင့်လားတော့မသိ။ ပုလင်းအနည်းငယ်လောက် သောက်ပြီးနောက် ကျန်းစုန့်၏ အာရုံမှာ လင်းရီ၌သာ ရှိနေပြီး သောက်လိုက်စားလိုက် ရယ်လိုက်မောလိုက်ဖြင့် ပျော်မြူး‌နေတော့၏။

ယွဲ့မောင်နှမကတော့ ထိုဝိုင်တွင် လူပိုကဲ့သို့ ဖြစ်နေပြိး မည်သူမျှလည်း သူတို့နှင့် စကားမပြောကြ၊ ဘေးမဲ့ဖြစ်နေသည်။

"ကျောက်ကျောက်..မင်းဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ.."ယွဲ့ဟိုင် တိုးညှင်းစွာဖြင့် မေးလိုက်၏။

"ဘာအစီစဉ်မှ မရှိဘူး...စားပြီးတော့မယ်ဆိုတော့ အိမ်ပြန်မယ်လေ."

"ဒါပေမယ့် မင်း တစ်ခုခုထူးဆန်းတယ် မထင်ဘူးလား.."

"ဘာလဲ ထူးဆန်းလို့.."

"သူပြောတော့ အီရန်ဘွိုင်းတဲ့..ဒါပေမယ့် မောင်းနေတာကြီးက ငါးသန်းကျော် တန်ကြေးရှိတဲ့ ဘန်ထလေကြီးလေကွာ ...အဲ့တာက မထူးဆန်းဘူးလားဟ.."ယွဲ့ဟိုင် တိုးတိုးလေး မေးလိုက် လေသည်။

"ငါသိသလောက်ဆိုရင်တော့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေက သူ့လို ငမွဲတွေနဲ့ ပေါင်းလေ့ပေါင်းထ မရှိဘူးနော်... "

ယွဲ့ဟိုင်မှ ထိုသို့ ပြောလာသည့်အခါတွင်တော့ ယွဲ့ကျောက်လည်း အနည်းငယ် ထူးဆန်းသလို ခံစားလာခဲ့ရသည်။

"အစ်ကိုက ဘာကို ဆိုလိုချင်နေတာ..."

"သူ ဒီကား ငှားထားတာကော မဖြစ်နိုင်ဘူးလား..."

"မဖြစ်နိုင်လောက်ပါဘူး...ဟုတ်တယ်မလား..."ယွဲ့ကျောက် မျက်နှာ အမူအရာ ပြောင်းသွားခဲ့သည်။

"သူက သူ့ကိုယ်ပိုင်ကား မောင်းနေသလိုပဲ..အေးဆေး မောင်းနေတာလေ..ပြီးတော့ ကျန်းစုန့်ဆိုတာကလည်း သူ့ငယ်ပေါင်းဖော်ကြီးမလား...ဘာလုပ်ဖို့ မိမိုက်သလို ဟန်ဆောင်မှာ..."

"မင်းအစ်ကိုလည်း မှန်းကြည့်တာပါဟ...ဒါပေမယ့် ငါ့မှာ အကြံတစ်ခုတော့ရှိတယ်..."

"ဘာ အကြံဉာဏ်လဲ..."

"ငါတို့ စားပြီးတဲ့အချိန်ကျရင် သူ့အိမ်သွားကြရင်ကော....ဘယ်လိုလဲ..."

All Chapters