← Chapters

အခန်း (၁၇၉)

Vol. 12 Ch. 179

အခန်း (၁၇၉)

Vol. 12 Ch. 179

ဘန်ထလေမှာ ဗီလာနံပါတ်တစ်သို့မောင်းသွားလိုက်ပြီး မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် ယွဲ့ဟိုင် သူတို့ထံသို့ ရောက်လာခဲ့၏။

သို့သော်လည်း ကျန်းစုန့်နှင့် ကျန်သူများမှ ယွဲ့ဟိုင် ရောက်လာခြင်းကို အာရုံမစိုက်အားဘဲ ပန်းခြံ ဒီဇိုင်းများ..အသက်ရှူမှားလောက်အောင် လှပသော ပင်လယ်မြင်ကွင်းများကိုသာ စိတ်ရောက်နေလေသည်။

"လောင်တ...ဒီလိုဗီလာမျိုးက သေချာပေါက် ဈေးမနည်းဘူးမလား.."

ကျန်းစုန့် အံ့ဩထိတ်လန့်နေသည့် လေသံဖြင့် ရေရွတ်လိုက်၏။

ယခုလို ဗီလာဆိုပါက ယွမ်သန်းရာချီခန့် ပေးရလောက်၏။

"သိပ်မများပါဘူးကွာ...ယွမ် တစ်ဘီလီယမ်လောက်ပါပဲ..."

ဝိုး....

ကျန်းစုန့်၏ ပါးစပ်မှာ ပွင့်၀နေပြီး O ပုံစံ ဖြစ်သွားခဲ့၏။

‌ေ-သစမ်း..သူထင်နေတာ ဒီလိုဗီလာမျိုးဆို ယွမ်သန်းရာချီလောက်ပဲ ပေးရမယ်ထင်နေတာ...ယွမ်၁ ဘီလီယမ်ကြီးတောင်လားကွ...

ယွဲ့မောင်နှမလည်း ဆံပင်အစွန်ဖျားလေးများ ထောင်ထသွားသည်အထိ ရှော့ခ်ရသွားခဲ့ကြသည်။

ကျိုးဟိုင်က တကယ့်ကို ပုန်းကွယ်နေတဲ့ နဂါးနဲ့ ကျားတွေ ပေါသောနေတဲ့ နေရာပဲ...

ယခုတော့ ယွဲ့မောင်နှမတို့ လင်းရီ ကျန်းစုန့်နှင့် မည်ကဲ့သို့ သူငယ်ချင်းများ ဖြစ်လာသည်ကို စိတ်မ၀င်စားတော့ပဲ..သူတို့ကိုယ်တိုင် လင်းရီနှင့် မည်သို့ ဆက်ဆံရေး တည်ဆောက်ရင် ကောင်းမလဲဆိုတာကိုသာ စဉ်းစားနေကြတော့သည်။

ဆင်ဖြူတော်မှီပြီး ကြံစုပ်ခါမှ သူမတို့ လည်း ချမ်းသာသည့် လူနေမှုဘ၀ ပုံစံကို ခံစားနိုင်မည် ဖြစ်၏။

"မစ္စတာလင်း ...ပြန်လာပြီလားခင်ဗျ..."

အသံကြားတော့ ကျန်းစုန့်နှင့် ကျန်သူများအားလုံး ကြက်‌ေ-သ‌ေ-သသွားကြ၏။

လှည့်ကြည့်လိုက်သောအခါ ယူနီဖောင်းနှင့် လူတစ်ချို့ ပစ္စည်းပစ္စယများ သယ်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။

လှမ်းခေါ်လိုက်သူမှာတော့ ကျိုကျုံးဗီလာ၏ တာ၀န်ခံမန်နေဂျာ ကျိုးရွှမ်မှ တစ်ပါး တစ်ခြားသူမဟုတ်။

"မစ္စတာလင်း ဒါတွေက ဘာဘီကျူး လုပ်ဖို့ပါဗျ..."ကျိုးရွှမ် အပြုံးလေးဖြင့် ပြောလိုက်၏။

လင်းရီ ကျိုးရွှမ်ကို လမ်းတွင် သူတို့ ပါတီလုပ်ချင်ကြောင်း ကြိုတင် ပြောထားခဲ့၏။

"ခုလို ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါဗျ...ပြန်ပြီးတော့ ကုန်ကျငွေ အသေးစိတ်ကို တွက်ချက်ပေးထားဦး..ကျွန်တော် မနက်ဖြန်ကျရင် လာပေးလိုက်မယ်..."

"အာ..မဟုတ်တာဗျာ..ဘယ်လောက်မှလည်း ကုန်တာ မဟုတ်ဘဲနဲ့ ..အားနာမနေစမ်းပါနဲ့ဗျာ...."ကျိုးရွှမ် ဖားယားသည့် အပြုံးလေးဖြင့် ပြောလိုက်သည်။

လင်းရီမှာ ကျိုးကျုံးအဆောက်အအုံတစ်ခုလုံး၏ ဘော့စ်ဖြစ်ပြောသောကြောင့် ပိုက်ဆံလေး နည်းပါး ကုန်ကျသည်က သူ့အတွက် မပြောပလောက်ပေ။

"မတူဘူး..ကျွန်တော်က တခြားသူတွေအပေါ် အကြွေးတင်ရတာမကြိုက်ဘူး..ပြီးတော့ ခင်များတို့ကလည်း ပိုက်ဆံရဖို့ အလုပ်လုပ်နေတာပဲမလား...ကျုပ်ကြောင့် ခင်များတို့ ပိုက်ဆံတွေ အပိုကုန်နေလိမ့်မယ်"

"ဟုတ်ကဲ့ ..အဲ့လိုဆိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ..."

ကျိုးရွှမ် ပြောပြီးနောက် ကျန်သူများကို ပြုံးပြကာ ထိုနေရာမှ ထွက်လာခဲ့လိုက်၏။

"အတော်လေး ကြာသွားပြီဆိုတော့ မင်းလည်း အမူးပြေရောပေါ့..."လင်းရီ ကျန်းစုန့်ကို ကြည့်ရင်း ပြောလိုက်ပြီး "နောက်တစ်ပွဲလောက် ထပ်ကစ်လိုက်ကြရအောင်..."

"လောင်တ...သိပ်မကောင်းဘူးထင်တယ်နော..."

"ဘာမကောင်းစရာ ရှိလို့လဲဟ..မင်းက ထပ်မသောက်နိုင်တော့ဘူးလား..."

"အဲ့လိုမဟုတ်ဘူး.."ကျန်းစုန့် ပတ်၀န်းကျင်ကို ကိုးရို့ကားယားဖြင့် တစ်ချက်ကြည့်လိုက်ပြီး "ဒီမှာ ဗီလာတွေလည်း မနည်းဘူးလေကွာ..ပြီးတော့ ပိုင်ရှင်တွေ အားလုံးကလည်း ဘောစိတွေကြီးပဲ..ငါတို့သာ ဆူညံဆူညံ လုပ်နေရင် ဘယ်ကောင်းမှာတုန်းဟ.."

"မင်းကလည်းကွာ..သောက်ရေးမပါတာတွေ လာတွေးပူနေသေးတယ်..."လင်းရီ အပြုံးလေးဖြင့် တစ်ချက်ဆူလိုက်ပြီး "ဗီလာကိုးခုလုံးက ငါ့ဟာတွေပဲ..မင်းမီးတက်ရှို့ရင်တောင် တစ်ယောက်မှ မင်းကို ဘာမှ လာပြောမှာ မဟုတ်ဘူး..."

"လောင်တ ..မင်းဘာပြောလိုက်တယ်...ဗီလာကိုးခု လုံးက မင်းဟာ ဟုတ်လား..."

ကျန်းစုန့်မှာ ချက်ချင်း အမူးပြေသွားသလို ခံစားလိုက်ရပြီး ယွဲ့မောင်နှမမှာလည်း ယင်ကောင်၀င်လောက်သည်အထိ ပါးစပ် အဟောင်းသား ဖြစ်သွားကြ၏။

"စိတ်အေးအေး ထားစမ်းပါဟ..ဗီလာကိုးခုလုံးထဲမှာ နံပါတ်တစ် ဗီလာကပဲ ဈေးအကြီးဆုံး..ကျန်တဲ့ ဗီလာတွေက မင်းထင်သလောက် ဈေးမရှိဘူး..."

"ဈေးမရှိရင်တောင် ဈေးတော့ မပေါလောက်ဘူးမလား...."

"အဲ့လောက်ကြီးလည်း မဆိုးပါဘူးကွာ..ဈေးအပေါဆုံး ဗီလာက ယွမ်သန်း ၈၀၀ လောက်ပဲ ရှိတာ..."

ကျန်းစုန့်: "...."

ညီကို ကျုပ်မင်းကို ဒူးထောက်အရိုသေ ပေးပါရစေ...

"အိုကေ...ဘာမှပြောမနေနဲ့...ငါ့အခန်းထဲမှာ ဝိုင်ကောင်းကောင်းလေးတွေ ရှိတယ်..ဒီနေ့ မင်းကို မြည်းစမ်းခွင့် ပြုလိုက်မယ်..."

"ဟီးဟီး..."

ကျန်းစုန့် သူ့လက်နှစ်ဖက်ကို ပွတ်ဆွဲလိုက်ပြီး တစ်ခုခု လုပ်တော့မည့် အပြုံးကြီးနှင့် ပြုံးကာ "အဲ့တာဆိုရင်လည်း အားမနာတော့ဘူးနော်..."

လင်းရီ ထပြီးဗီလာနံပါတ်တစ်သို့သွားကာ ဝိုင်သွားယူလိုက်၏။

"ကျန်းစုန့် ..ရှင်ရဲ့ အခန်းဖော်သူငယ်ချင်းက ဘယ်လိုကြီးလဲ..ရှင်အဲ့ဒီ ပြိုင်စံရှား တိုင်ကွန်းကြီးအကြောင်းကျွန်မကို တစ်ခါမှလည်း မပြောဖူးပါလား..."

ယွဲ့ကျောက် မေးလိုက်၏။

"ငါလည်း ဒီနေ့မှ အဲ့ကောင်က သောက်ရမ်း ချမ်းသာတယ်ဆိုတာ သိတာဟေ့..."

"ကျောင်းတုန်းကလည်း အဲ့ကောင်က သောက်ရမ်း အံ့ဩဖို့ကောင်းတယ်ဆိုတာ ခုမှ သတိရတယ်..."

"အွန်းပါ...အရင်ဖြစ်ခဲ့တာတွေကို မပြောနဲ့တော့..ဒါပေမယ့် ရှင့်ကို တစ်ခုတော့ သတိပေးထားလိုက်မယ်နော်...ရှင် ခုကစပြီး သူနဲ့ ပတ်သက်မှုကောင်းတွေ တည်ဆောက်ထားရမယ်..."

ယွဲ့ကျောက် သတိပေးသည့် လေသံဖြင့် ပြောလိုက်၏။

"‌ဒါပေါ့ကွ.."ကျန်းစုန့် အချက်လက်ကျကျဖြင့် "ငါတို့က လေးနှစ်လောက် အတူပေါင်းလာတာ သေချာပေါက် ပတ်သက်မှုကောင်းတွေ ရှိတာပေါ့..."

"ကျွန်မပြောချင်တာက ရှင်သူ့ပေါင်ကို သေချာဖက်ထားဖို့ ပြောတာ ..သူက ကျိကျိတက် ချမ်းတာတယ်ဆိုတော့ ရှင်သာ သူ့နောက်လိုက်ရင် အနာဂတ်လည်း ဆိုးမှာ မဟုတ်ဘူး.."ယွဲ့ကျောက် ပြောလိုက်ပြီး "အချိန်တစ်ခုရောက်ရင် ကျွန်မလည်း ချမ်းချမ်းသာသာနဲ့ နေနိုင်သွားမှာ..."

"ဒါ...."

ကျန်းစုန့် အနည်းငယ် တုန့်ဆိုင်းနေလေသည်။ သူတို့နှစ်ဦး ဆက်ဆံရေးကောင်းများ ရှိတာကတော့ မမှားသော်လည်း ငွေနှင့် အကျိုးမြတ် ဆက်ဆံရေးများသာ ရောနှောသွားပါက သူတို့နှစ်ဦးကြားရှိ ပတ်သက်မှုမျာမှာ ယခင်လို အဖြူထည်လေးများ ဖြစ်တော့မည် မဟုတ်ချေ။

"ရှင်ကတော့ တကယ်ပဲ ကျောက်တုံးခေါင်းကြီး ..

ဘာတွေ စဉ်းစားနေသေးတာလဲ...ဘာပဲပြောပြော ရှင့်ရဲ့ မဖြစ်စလောက် လစာလေးနဲ့ အိမ်၀ယ်ဖို့တောင် တတ်နိုင်မယ်လို့ ထင်လား...ရှင့်တစ်သက်လုံး အိမ်ငှားဘ၀နဲ့ပဲ အရိုးထုတ်သွားချင်လို့လား..."

မူလက တက်ကြွနေသော ကျန်းစုန့်မှာ ထိုအချက်ကို စဉ်းစားမိတော့ ချက်ချင်း ညိုးငယ်သွားတော့၏။

"ငါစဉ်းစားပါဦးမယ်ဟာ..."

"ဘာကို စဉ်းစားဦးမှာလဲ.."ယွဲ့ကျောက် မျက်နှာထားတည်တည်ဖြင့် ပြောလိုက်ပြီး "ပြီးတော့ လင်းရီက ရှင့်ကို Bentley continentalပေးမယ်လို့ ပြောထားတယ်နော်..ရှင် အဲ့ကား ယူကိုယူရမယ်..."

"ဟာ...ငါက ဘယ်လိုလုပ် အဲ့လောက် တန်ဖိုးကြီးတဲ့ ကားကြီးကို လက်ခံရမှာလဲကွ..သူက ငါနဲ့ညီကိုလို ခင်တဲ့သူလေကွာ...ငါ့အဖေမှ မဟုတ်တာ...ငါ့ကို အဲ့လိုတွေ ပေးဖို့ ၀တ္တရားလည်း မရှိဘူး......"

"ရှင်...."

"တော်ပြီ ကျောက်ကျောက်..သူနဲ့ ဆက်မပြောနဲ့တော့.."ယွဲ့ဟိုင် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဒီကိုလာခဲ့ဦး ..ငါနင့်ကို ပြောစရာရှိတယ်..."

ယွဲ့ကျောက် ကျန်းစုန့်ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်ပြီး ယွဲ့ဟိုင်ရှိသည့် နေရာသို့ သွားလိုက်၏။

"ကိုကို..ဘာပြောမလို့လဲ.."

"မင်းသူ့အပေါ်မှာ အချိန်ဖြုန်းမနေနဲ့တော့..."ယွဲ့ဟိုင် အသံနိမ့်၍ ပြောလိုက်သည်။

"ငါအဲ့ကောင်ကို သေချာ လေ့လာပြီး သွားပြီ..သူက ရိုးရိုးအအကြီး ..မင်းဘယ်လောက်ပဲ တွန်းအားပေးပေး သူနားထောင်မှာ မဟုတ်ဘူး..."

"သူက ပိန်းတိန်းနေရင်တောင်မှ လင်းရီနဲ့ နီးကပ်ဖို့ တစ်ခုတည်းသော အခွင့်ရေးပဲလေ..ညီမတို့ ဒီလောက် လွယ်လွယ်နဲ့ လက်လျော့လိုက်လို့မှ မရတာ..."

"အစ်ကိုဆိုလိုချင်တာ အဲ့သဘော မဟုတ်ဘူး..."ယွဲ့ဟိုင် ပြောလိုက်ပြီး "ဆိုလိုချင်တာက ပစ်မှတ် ပြောင်းကြမယ်လို့ ပြောတာ..."

"ပစ်မှတ် ပြောင်းကြမယ်..."ယွဲ့ကျောက် ရေရွတ်လိုက်ပြီး "ဘယ်ကိုလဲ..."

"လင်းရီ‌ကိုပေါ့ကွ..."ယွဲ့ဟိုင် တောက်လောင်နေသော အကြည့်များဖြင့် ပြောလိုက်၏။

"နင့်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း မဆိုးဘူးဆို‌တော့ သူ့ကို ကောင်းကောင်းကြီး အသုံးချလို့ရတယ်...ခု လင်းရီကလည်း စင်ဂယ်ဆို‌ောတ့ အချိန်ကောင်းပဲ.."

ယွဲ့ကျောက် သူ့အကိုကို ကြည့်လိုက်ပြီး ဉာဏ်ပွင့်သွားဟန်ဖြင့် "အစ်ကိုက ကျွန်မကို ခြံခုန်ခိုင်းပြီး လင်းရီနဲ့ အတူနေခိုင်းချင်နေတာလား.."

"ဒါပဲ..ငါလည်း အဲ့တာကို ပြောချင်နေတာ..."ယွဲ့ဟိုင် ပြောလိုက်၏။

"လင်းရီက အဲ့သောက်ပိန်းထက် အများကြီးသာတယ်..သူ့ထက် သာတဲ့သူတွေ့မှတော့ ဘာလို့ ကျန်းစုန့်ကို တွယ်ကပ်နေဦးမှာလဲတဲ့ ငါ့နှမရယ်...ဘာမှမဖြစ်ဘူး....ရဲရဲကြီးသာ ခြံခုန်ပစ်လိုက်..."

ယွဲ့ကျောက်ကတော့ ရင်တဒိန်းဒိန်း ခုန်နေပြီး စိတ်မတည်ငြိမ်နိုင်တော့ပေ။

လင်းရီ၏ အဆင့်အတန်းကို အသာထား..သူ၏ ခန့်ညားသည့် ရုပ်ရည်သွင်ပြင်ကပင် သူမကို ထိန်းချုပ်မှုများ လွတ်ကင်းသွားအောင် ဖြစ်ပေါ်စေ၏။

"အကြံကတော့ မဆိုးပါဘူး..ဒါပေမယ့် ဘယ်လို ခုန်ရမှာ..."

"အဲ့ဒါတော့ ငါလည်း မကြံရသေးဘူး.."ယွဲ့ဟိုင် ခေါင်းကုတ်လိုက်ပြီး "ဘာပဲ ဖြစ်ဖြစ် မီးစင်ကြည့်က ကြတာပေါ့ကွာ..ဒီတစ်နည်းပဲ ရှိတယ်..‌ေ-သရင်မြေကြီး ရှင်ရင်ရွှေထီးပဲ..."

ယွဲ့ကျောက်တစ်ခဏမျှ တိတ်ဆိတ်သွားပြီး "ညီမမှာ အကြံတစ်ခုရှိတယ်..."

"ဘာအကြံလဲ..သုံးစားလို့ကော ရပါ့မလား..."

"ဒါပေါ့..ရတာပေါ့ကိုကိုရဲ့..."ယွဲ့ကျောက် ပြောလိုက်ပြီး "ဒီမှာ ခဏစောင့်နေ ..ညီမ သူ့ကို သွားရှာလိုက်ဦးမယ်...ဒီညတော့ သေချာပေါက် သူ့ကို အပိုင်သိမ်းပစ်မယ်.."

All Chapters