အခန်း (၁၈၀)
Vol. 12 Ch. 180
"အဲ့တာဆိုလည်း မြန်မြန်သွားလေ...မဟုတ်ရင် သူက ခဏနေဆို လာတော့မှာ..."
"အွန်း.."
ယွဲ့ကျောက် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်၏။
"စုန့်.. ဒီမှာ ခဏလောက် စောင့်နေဦးနော်...ကျွန်မ အိမ်သာ ခဏ သွားလိုက်ဦးမယ်.."
"အေးအေး ..သွားလေ.."
ကျန်းစုန့်ကတော့ အများကြီး တွေးမနေဘဲ ဘာဘီကျူး ဆက်ကင်နေလိုက်၏။
ယွဲ့ဟိုင်ကတော့ စီးကရက် မီးညှိလိုက်ပြီး သူ့ညီမ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။
ယွဲ့ကျောက် လင်းရီကို အပိုင်သိမ်းပြီးတာနှင့် သူလည်းကျိုကျုံးဗီလာကို တစ်ခုခုလုပ်ရန် သူ့အကြံနှင့်သူရှိ၏။
ဘန်ထလေအတွက်ကတော့ အနှေးနှင့်အမြန် သူ၏ အပိုင် ဖြစ်လာပေလိမ့်မည်။
ထိုအကြောင်း စဉ်းစားမိတော့ ယွဲ့ဟိုင်၏ နှုတ်ခမ်းထောင့်စွန်းများ ကောက်ကျစ်စွာ ကွေးညွှတ်သွားပြီး ကျန်းစုန့်ကို အထင်သေးစွာ လှမ်းကြည့်လိုက်၏။
ဗီလာနံပါတ်တစ်တွင်တော့ လင်းရီ ဝိုင်အအေးခံသည့် နေရာရှေ့၌ ရပ်နေပိး ဝိုင်ပုလင်းအချို့ကို ထုတ်နေခဲ့သည်။သို့သော်လည်း သူဆုံးဖြတ်ရခက်နေလေ၏။
အရသာကောင်းပြီး သိပ်မပြင်းသော ဝိုင်ကိုရှာဖွေရန်မှာ ခက်ခဲလှသည်။ မဟုတ်ပါက ကျန်းစုန့်၏ အရက်သောက်နိုင်သည့် လယ်ဗယ်နှင့်ဆိုပါက တစ်ခွက်သောက်ပြီးသည်နှင့် မြေပြင်ပေါ်၌ ဘုန်းဘုန်းလဲသွားနိုင်၏။
"အစ်ကိုလင်း.."
လင်းရီ နောက်လှည့်ကြည့်လိုက်တော့ သူ့ကို ခေါ်လိုက်သူမှာ ယွဲ့ကျောက်ဖြစ်ကြောင်း တွေ့ရှိသွားသည်။
"ဘာကိစ္စလဲ.."လင်းရီ ဖျော့တော့စွာ မေးလိုက်ပြီး "မင်းပြန်ချင်ပြီဆိုရင်လည်း တံခါးက ဟိုမှာ ..ကြိုက်တဲ့ကား တစ်စီးယူပြီး ပြန်လိုက်တော့ .."
"အာ...မဟုတ်ပါဘူး..ကျွန်မ ပြန်ချင်လို့ လာပြောတာ မဟုတ်ဘူး.."ယွဲ့ကျောက် ပြုံးလိုက်ပြီး "အစ်ကိုလင်းကို ပြောစရာ တစ်ခု ရှိလို့ လာခဲ့တာ..."
"ငါ့ကို..ဘာပြောမှာ..."
"အစ်ကိုလင်းက.....အခု ..စင်ဂယ်မလား..."
လင်းရီ မျက်မှောင်ကြုတ်လိုက်သည်။ ယွဲ့ကျောက် ဘာလုပ်ချင်နေလဲ မသိသော်လည်း သေချာပေါက်ကောင်းတာ မဟုတ်မှန်းတော့ နားလည်၏။
သူ့ကို သည်နေရာထိ လာရှာပြီဆိုမှတော့ ကောင်းသည့် ရည်ရွယ်ချက်တော့ မရှိနိုင်။
"စင်ဂယ်..ဘယ်နားကသာ..ငါ့လို ဥစ္စာပေါရုပ်ချောတဲ့ကောင်က စင်ဂယ်ဖြစ်နိုင်ပါ့မလား..."
လင်းရီ ဖုန်းထုတ်လိုက်ပြီး ကျီချင်းရန်နှင့် အတူ ရိုက်ထားသည့် ဓာတ်ပုံကို ပြ၍ "ဒါက ငါ့ကောင်မလေး၊ ချောင်ရန်အုပ်စုရဲ့ ဥက္ကဌပဲ...သူ(မ)ရဲ့ အသားတင် ပိုင်ဆိုင်မှု တန်ဖိုးက ယွမ်တစ်ဘီယမ်ကျော်တယ်..ပြီးတော့ ရန်တက္ကသိုလ်မှာလည်း ပရော်ဖက်ဆာနော်...မင်းနဲ့ မိတ်ဆက်ပေးရဦးမလား..."
ယွဲ့ကျောက် : "....."
အဲ့လောက် ထူးချွန်နေမှတော့ ငါက ဘာသွားလုပ်ရတော့မှာလဲတဲ့...
"အဲ့တာဆို အစ်ကိုလင်းက ချစ်သူတစ်ယောက်လောက် မလိုချင်ဘူးလား.."ယွဲ့ကျောက် အရှက်မဲ့စွာ ပြောထွက်လာသည်။
"နူးညံ့တဲ့ ပန်းလေးတွေက အရိုင်းဆန်တဲ့ ပန်းလေးတွေလောက် မကောင်းဘူး..အစ်ကိုလင်း..ရှင့်မှာ ဒီလောက်ကောင်းတဲ့ ဘော်ဒီရှိတာ..သေချာပေါက် အများကြီး ကြိုးစားထားရမှာပဲနော် ...အစ်ကိုလင်းက တစ်ယောက်ထဲနဲ့ ကျေနပ်နိုင်ပါ့မလား..."
"မလိုဘူး..ငါ့မှာ အများကြီး ရှိပြီးသား"
လင်းရီ ဖုန်းထဲမှ ၀မ်ရင်းဓာတ်ပုံကို ထုတ်လိုက်ပြီး "သူ(မ)ကကျတော့ ရုံးမှာ အလုပ်လုပ်တဲ့ အတွင်းရေးမှူးမလေးပေါ့..."
ထိုနောက် ရှောင်ထျန်၏ ဓာတ်ပုံကို ပြလိုက်ပြီး "ဒါကျတော့ တက္ကသိုလ်က ကျူတာ၊ရှောင်ထျန်..."
နောက်စက္ကန့် အနည်းငယ်ကြာတော့ ရှောင်ကျင်း၏ ပုံကို ရှာတွေ့သွားပြီး "သူက ကျတော့ အသက်ဆယ့်ရှစ်ပဲ ရှိသေးတဲ့ ရှောင်ကျင်းတဲ့...အထက်တန်း တက်နေတဲ့ လိုလီလေးပေါ့..."
လင်းရီ သူ့ဖုန်းထဲရှိ ကောင်မလေး အားလုံး၏ ဓာတ်ပုံကို ပြလိုက်ပြီး "မင်းက ဘယ်လိုပုံစံနဲ့ ကောင်မလေးကို မိတ်ဆက်ပေးချင်နေသေးတာ ..."
ယွဲ့ကျောက် : "...."
ငါ့ကို အခွင့်ရေးလေးတောင် မပေးချင်ဘူးပေါ့...
ချမ်းသာသည့် ဒုတိယမျိုးဆက်များမှာ မည်မျှ ပွေရှုပ်ကြောင်း ကြားဖူးသော်လည်း ခုလို ဆိုးရွားလိမ့်မည်လို့တော့ ထင်မထားခဲ့သည်မှာ အမှန်ပင်။
သူက အထက်တန်းတက်နေတဲ့ ကလေးမလေးကိုတောင် အလွတ်မပေးဘူးတဲ့လား...
လက်းရီကတော့ မထုံတတ်သေး ပြုံးနေလိုက်၏။
အင်မတန်မှ IQမြင့်သည့် ချင်းရန်ပင်လျင် သူ၏ လှည့်ကွက်ထဲသို့ နေ့တိုင်းနီးပါး ရောက်နေခဲ့ပြီး ယွဲ့ကျောက်ကဲ့သို့ ဘာမဟုတ်သည့် မိန်းကလေးကို လှည့်စားဖို့ရာတော့ အသာလေးပင်။
"အစ်ကိုလင်း..အဲ့တာဆိုလည်း ကျွန်မ ရှင့်ကို ရိုးရိုးသားသားပဲ ပြောလိုက်တော့မယ်..."
"တကယ်တော့ ကျွန်မအစ်ကိုလင်းကို မြင်မြင်ချင်းကတည်းက ချစ်ခင်နှစ်သက်နေခဲ့တာ..ကျွန်မ အစ်ကိုလင်းနဲ့အတူ ရှိချင်ပေမယ့် ရှင့်ဘေးနားမှာက မိန်းကလေးတွေ အများကြီး ရှိနေပြီးသားဆိုတော့ ကျွန်မကို မလိုတော့ဘူးမလား..."
လင်းရီ : "...."
ဘာလား..ငါ့ကို လာပလေးနေတာလား...
လင်းရီ ဘာမျှ ပြန်မပြောရသေးခင် ယွဲ့ကျောက် သူမ အ၀တ်များကို ချွတ်ပစ်လိုက်၏။
လင်းရီ အ၀တ်ဗလာနှင့် ယွဲ့ကျောက်ကိုမြင်တော့ ကြက်ေ-သေ-သသွား၏။
သူမက အရိုင်းဆန်သည့် ပန်းလေးတစ်ပွင့်ပင်။ မူယာမာယာ အပိုစာသားများ ပြောမနေခဲ့...
"အဟမ်း..ရိုးရိုးသားသား ၀န်ခံရမယ်ဆိုရင် ခင်များရဲ့ ပစ္စည်းဥစ္စာတွေက ဘယ်နားလဲတောင် မသိဘူး...ဒီတော့ ပြန်၀တ်လိုက်တော့..."
ယွဲ့ကျောက် မျက်နှာ မည်းသည်းသွား၏။ သူမ နည်းနည်း ငယ်သေးသော်လည်း ထွားသင့်သလောက်တော့ ထွားနေပြီး ဖြစ်၏။ ဒါတောင်မှ သူမကို ပစ္စည်းမဲ့ လူတန်းစားလို့ စော်ကားနေတယ်ပေါ့...
"ငါမင်းနဲ့ ကျန်းစုန့်တို့ ကိစ္စကို ဘာမှ မပြောချင်ဘူး...ဒါပေမယ့် ငါ့ညီကိုအတွက်ဆိုရင်တော့ မင်းက အတော်လေး မဆိုးဘူး..."လင်းရီ ပေါ့ပါးစွာ ပြောလိုက်ပိး "ဒီတော့ တံခါးက အနောက်မှာ ရှိတယ်..ဒိုးလိုက်တော့..."
"အာ...."
ယွဲ့ကျောက် မျက်နှာ အမူအရာ အမျိုးမျိုး ပြောင်းလဲသွားပြီး ကျင်းတစ်ကျင်းတူး၍ ပုန်းနေချင်လောက်တဲ့အထိ အရှက်ရသွားခဲ့၏။
သူမက အင်္ကျီတွေတောင် ချွတ်ပြီးနေပြီလေ..ဒါတောင်မှ ထွက်သွားခိုင်းနေတယ်တဲ့လား...
"လင်းရီ...ရှင်သိပ်မလွန်လာနဲ့နော်...ကျွန်မမှာလည်း မိန်းမသိက္ခာရှိပြီးသား..."ယွဲ့ကျောက် ဒေါသထွက်စွာပြောလိုက်သည်။
"ဘာလဲ..သူစိမ်းယောက်ျားလေးတစ်ယောက်ရှေ့မှာ အင်္ကျီချွတ်ပြတာက မင်းရဲ့ ဂုဏ်သိက္ခာလား..."
လင်းရီပြောလိုက်ပြီး "ပြည့်တန်ဆာ လုပ်မယ်ဆိုလည်း နောက်မကျသေးဘူး.."
ယွဲ့ကျောက် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အံတင်းတင်းကြိတ်ကာ "ရှင်...ရှင် နောင်တရစေရမယ်..."
"အား...."
ယွဲ့ကျောက် ရုတ်တရက် ထအော်လိုက်သည်။
"ဒီမှာ ကျွန်မကို စော်ကားနေပါတယ်..."
လင်းရီ : "....."
ငိုးပဲ...မှားနေတယ်လေ...ဘယ်သူက ဘယ်သူ့ကို စော်ကားဖို့ ကြိုးစားနေတာလဲကွ...
"ကျွန်မကို စော်ကားနေပါတယ်...ကယ်ကြပါဦးရှင်...."
"ကယ်ကြပါဦး..."
ယွဲ့ကျောက်၏ အော်ဟစ်သံကိုကြားတော့ ကျန်းစုန့်နှင့် ယွဲ့ဟိုင်တို့ တစ်ချိန်တည်းနီးပါး ပြေးလာကြ၏။
သူ့ညီမ အ၀တ်များ ချွတ်ထားသည်ကို မြင်တော့ ယွဲ့ဟိုင်ရှုပ်ထွေးသွားခဲ့သည်။
သူပြောတော့ အေးဆေး ကိုင်တွယ်နိုင်ပါတယ်ဆို..ခုကျတော့ ဘယ်လိုဖြစ်တာလဲဟ...
"ကျောက်ကျောက် ..ဘာဖြစ်တာလဲ..သူမင်းကို စော်ကားဖို့ လုပ်နေတာလား..."
ယွဲ့ဟိုင်မေးလိုက်၏။
"အဟင့်..အဟင့်....ညီမလေး ရှက်တယ် အစ်ကိုကြီး "
ယွဲ့ကျောက် သူမ မျက်ရည်များကို တံတောင်ဖြင့် သုတ်၍ ယွဲ့ဟိုင် ရင်ခွင်ထဲ ပြေးပုန်းလိုက်သည်။
"ညီမလေး အိမ်သာသွားနေတုန်း သူရောက်ချလာပြီးတော့ ဖိုတီဖက်တီနဲ့ ညီမလေးကိုလည်းမြင်ရော ချက်ချင်း သားရဲတစ်ကောင်လို ခုန်အုပ်တော့တာပါပဲ...ညီမလေးအားနဲ့ အတင်းရုန်းရင်း အ၀တ်တွေလည်း စုတ်ပြဲကုန်ပြီ...ခု အစ်ကို မြင်တဲ့အတိုင်းပဲ..."
ယွဲ့ဟိုင် ချက်ဆိုနားခွက်က မီးတောက်သွားသည်။
သူ့ညီမ အကြံမအောင်မြင်သောကြောင့်သာ ယခုလို ဖြစ်သွားခဲ့ခြင်းပင်။
မဟုတ်ပါက ချောချောမွေ့မွေ့လေး ဖြစ်သွားလောက်၏။
"သောက်ကလေး မင်းဘာအချိုးချိုးတာလဲကွ..ငါတို့ကဖြင့် မင်းကို မိတ်ဆွေအရင်းလို ဆက်ဆံလိုက်ရတာ မင်းက ခုလို လုပ်ရက်တယ်ပေါ...မင်းလူမှ ဟုတ်သေးရဲ့လားဟျောင့်..."
"ဘာလာကြောင်နေတာလဲ..ကျုပ်က ခင်များတို့ကို မိတ်ဆွေလိုလည်း မဆက်ဆံဘူး..အစကနေ အဆုံးထိ သောက်ရှက်မရှိ ဒီလိုက်လာပြီးတော့များ..."
"ငိုးပဲ..ခုမင်းနဲ့ အဲ့ကြောင်း မပြောသေးဘူး..မင်းက ငါ့ညီမလေးကို တိရစ္ဆာန်ထက်ဆိုးတဲ့ လုပ်ရပ်မျိုးကို လုပ်ထားတာကွ..မင်းကို သေချာပေါက် အလွတ်မပေးဘူး..."
"အဲ့တော့ ခင်များတို့က ဘာလိုချင်တာလဲ..."
လင်းရီ တုန်လှုပ်သွားသည်ဟု ထင်သွားပြီး ယွဲ့မောင်နှမမှာ မျက်နှာများ ၀င်းလက်လာကာ "မင်းနဲ့ ကျန်းစုန့်က သူငယ်ချင်းတွေဆိုတော့ ခက်ခဲအောင် မလုပ်ချင်ဘူးကွာ..ဒီတော့ သီးသန့်ပဲ ဖြေရှင်းကြတာပေါ့..."
လင်းရီ ပြုံးလိုက်ပြီး ထိုနှစ်ယောက်ကို လူပြက်များကဲ့သို့ ကြည့်လိုက်၏။
"ဒီတော့ ဘယ်လို လျော်ပေးရမလဲ.."
"ငါ့ညီမလေးက ခုထိ အပျိုစင်ကွ..မင်းက ခုလိုဖျက်ဆီးလိုက်ပြီဆိုတော့ လျော်ကြေး တစ်ဘီလီယမ်ထက်မနည်း လိုချင်တယ်..."
ဖူး...
လင်းရီ မနေနိုင်ပဲ အသံထွက် ရယ်မောမိလိုက်သည်။
"ခင်များလည်း အရွယ်ရောက်ပြီးသားမလား..သောက်ရှက်လေးဘာလေး ရှိစမ်းပါ..ဘယ်အပျိုစင်က ယွမ်တစ်ဘီလီယမ်တန်လို့လဲ..."
"အဲ့လိုပြောရအောင် အထဲမှာ စိန်ပွင့်ကြီး ရှိနေလို့လား...ဒါမှမဟုတ် အဆင့်မြင့်တဲ့ စူပါအင်ဂျင်ကြီး ရှိနေလို့လား...ဒီလောက် ပိုက်ဆံတွေ အများကြီးတောင်းဖို့ ဘယ်သူက ယုံကြည်ချက်ပေးလိုက်တာလဲ..."
"ဟျောင့် မင်းစကားကို ကြည့်ပြောလိုက်..."ယွဲ့ဟိုင် လင်းရီ နှာခေါင်းကို လက်ညိုးထိုးလိုက်ပြီး "မင်းတို့လို ချမ်းသာတဲ့သူတွေက ဂုဏ်သိက္ခာကို အသက်ထက်တောင် တန်ဖိူထားကြတယ်မလား..ငါသာ သတင်းတွေ လျှောက်ဖြန့်ကြည့်လိုက်လေ..မင်းဘယ်လို ဖြစ်သွားမယ်ထင်လဲ... တစ်ဘီလီယမ်တည်းတောင်းတယ်ဆိုတာ များတယ်လို့မခေါ်ဘူးနော်..မင်းလည်း အဲ့တာကိုနားလည်ပါတယ်...."
"အားပါးပါး...ခင်များက ဈေးကွက်တွေ နားလည်နေလိမ့်မယ်လို့တောင် ထင်မထားဘူး..."
လင်းရီ ယွဲ့ဟိုင်ဆိုသည့် ငနဲကို တော်လေး စိတ်၀င်စားသွား၏။
ဒီကောင်က ဂုဏ်သိက္ခာတွေ ဘာတွေ နားလည်လို့ပါလားကွ...
"ငါ့ကို လာမစမ်းနဲ့..."ယွဲ့ဟိုင်ပြောလိုက်ပြီး "ဒီနေ့ တစ်ဘီလီယမ် မပေးရင် မင်းနောက်နေ့ နာမည်ကြီးပြီပဲ..."
"ဒီအခြေနေထိ ရောက်ပြီးမှတော့ ကောင်းကောင်းလေး ပြောကြတာပေါ့.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး
"ခင်များတို့ဘက်က တရားစွဲချင်တယ်ဆိုလည်း လုပ်လိုက်..ကျုပ်မှာ ခင်များတို့နဲ့ ကောင်းကောင်းကစားပေးဖို့ ပရော်ဖက်ရှင်နယ် ရှေ့နေတွေ တစ်ပုံကြီးရှိတယ်..."
"ငါတို့ကို လာခြောက်မနေနဲ့..မင်းမှာ ရှေ့နေ ရှိတာနဲ့ပဲ ငါတို့က ကြောက်သွားမယ်ထင်လားကွ.."ယွဲ့ဟိုင်အော်ဟစ်လိုက်သည်။
"ကျုပ်က ခင်များညီမကို လက်ဖျားနဲ့တောင် မတို့ရသေးဘူး..မှုခင်းရဲဌာနက လက်ဗွေရာ စစ်တဲ့အချိန်ကျရင် ပေါ်လာမှာပဲ..ကျုပ် လေထဲကနေ စော်ကားလို့ရတယ်လို့များ ထင်နေတာလား....."
လင်းရီ ယွဲ့ဟိုင်ကို စိုက်ကြည့်ပြီး ပြောလိုက်၏။
"ဒါပေမယ့် ခင်များရဲ့ လက်ဗွေရာတွေက သူ့ကိုယ်ပေါ် မှာ ရှိနေတယ်နော...နောက်ပြီး ခင်များကလည်း သူ့ကို တင်းတင်းကြပ်ကြပ်က ဖက်ထားသေး..တော်တော်လည်း စီးပွားရေးအကွက်မြင်တဲ့သူတွေ..ကျွတ် ကျွတ် ကျွတ်...ကျွတ်...ဒါက တော်တော်လေးကို အထင်လွဲဖို့ကောင်းတယ်...ဂျာမန် အရိုးကုဌာနက ခင်များတို့ကို ကြိုဆိုနေတော့မှာပဲ...."
စာစဉ် (၁၂)ပြီး၏။