← Chapters

ကုန်းမြေလှိုင်းများ

Vol. 77 Ch. 1070

ကုန်းမြေလှိုင်းများ

Vol. 77 Ch. 1070

“ မင်း  ….” ပိုင်သိုက်၏ အသံတွင် ဒေါသများ ကြီးစိုးနေလေ၏။ သူက မိုဝူကျိသည် သူ့ကမ္ဘာကို ဖွင့်ပြပြီးသည့်နောက်တွင် သူ့အား တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားမိပေ။ မိုဝူကျိသာ တိုက်ခိုက်လိုလျှင် အရင်ဦးစွာ သူ့ပစ္စည်းများ ထုတ်ပေးခိုင်းသင့်သည် မဟုတ်ပါလော။

“ ကျုပ်ကို လာလှည့်စားချင်နေတာလား။ ခင်ဗျားလိုမျိုး သဟဇာတ နတ်ဘုရားတောင် မကြိုးစားကြည့်သင့်ဘူး … ” ထိုအရာမှာ ပိုင်သိုက် ကြားလိုက်ရသည့် နောက်ဆုံးစကားသာ ဖြစ်ပေသည်။

“ ဝုန်း ” ကမ္ဘာတစ်ခု ပြိုလဲကျလာသည့်အလား ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။ မိုဝူကျိပင် နှလုံးခုန် မြန်မိသွား၏။ တကယ်တော့ ပိုင်သိုက် သူ့ကမ္ဘာအကြောင်း ထုတ်ပြောစဉ်အခါက သူ့တိုက်ခိုက်မှုကို နှေးလိုက်သည့် အကြောင်းအရင်းမှာ သူက ပိုင်သိုက်၏ ကမ္ဘာကို အလုံးစုံ ဖျက်စီးပစ်လို၍ ဖြစ်သည်။

ပိုင်သိုက်က သူ့ကမ္ဘာကို ဖော်ထုတ်လိုက်လျှင်ပင် မိုဝူကျိက တစ်ဖက်လူ၏ ကမ္ဘာအား ပြိုကျပျက်စီးသွားအောင် လုပ်နိုင်စွမ်း မရှိပေ။ မိုးမြေစည်းမျည်းများအပေါ် နားလည်ထားမှုအရ သူက ပိုင်သိုက်၏ ကမ္ဘာအား ရှာတွေ့နိုင်မည်ပင် မဟုတ်ပေ။

မိုဝူကျိက ပိုင်သိုက် ကမ္ဘာ ပျက်စီးသွားခြင်းက ဤမျှ ရုတ်ရင်းဆန်ခတ် ဖြစ်သွားစေလိမ့်မည်ဟု မထင်ထားမိပေ။ ပတ်ဝန်းကျင်ရှိ စည်းမျည်းများလည်း စတင် ရှုပ်ထွေးလာကာ မိုဝူကျိက ထိုပေါက်ကွဲမှုကြောင့် သူ့သေမင်းထောင်ချောက် အစီအရင် ပျက်စီးသွားမည်ကို စိုးရိမ်လာမိ၏။

စည်းမျည်း အက်ကြောင်းမှ နတ်ဝိညာဉ်သွေးကြောများ ဆက်လက်၍ ထွက်ပေါ်နေဆဲ ဖြစ်သည်။ အကယ်၍ သူသာ နောက်ထပ် သေမင်းထောင်ချောက် အစီအရင်ကို ခင်းကျင်းနေလျှင် မည်သူက သူ့အတွက် နတ်ဝိညာဉ်သွေးကြောများကို စုဆောင်းပေးမည်နည်း။

မိုဝူကျိက လော့ကျမ်းစာရွက်အား ထုတ်ယူကာ သဟဇာတ နတ်ဘုရား ကမ္ဘာ ပျက်စီးလာမှုမှ ပေါက်ကွဲအားကို တားဆီးရန် အကာအရံ ပြုလုပ်လိုက်သည်။

လော့ကျမ်းစာရွက်၏ အကာအကွယ်ဖြင့်ပင် မိုဝူကျိ၏ သေမင်းထောင်ချောက် အစီအရင်က မတည်မငြိမ် ဖြစ်နေသေးသော်လည်း အပြင်ဘက်ရှိ နတ်ဘုရားဘုရင် ဟုန်ချီက အံ့အားသင့်မိနေ၏။ သူ့အစီအရင်တာအိုမှာ ကန့်သတ်ချက် ရှိသောကြောင့် အစီအရင်အတွင်း ဝင်၍ ကူညီပေးလိုသော်ငြား အဝင်ပေါက်ကိုပင် ရှာမတွေ့ပေ။

ခဏအကြာတွင် ပိုင်သိုက်၏ ကမ္ဘာစည်းမျည်းများက လုံးဝ ပျက်စီးသွားတော့သည်။ ရွှေရောင်အလင်းတန်း တစ်ခုအပြင် ပိုင်သိုက်ကမ္ဘာအတွင်းရှိ အရာအားလုံးက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။

မိုဝူကျိက လက်ဝါးဖြန့်ကာ ထိုရွှေရောင်အလင်းကို ဖမ်းဆုပ်ထားလိုက်၏။ ဤသည်မှာ မိုဝူကျိအား အံ့အားသင့်သွားစေသည့် သားရေစာလိပ်တစ်ခု ဖြစ်နေသည်။ ပြောထားသည်က  “ ဖျက်စီးရေး ပညာရပ် ”

ပိုင်သိုက်ကမ္ဘာအတွင်းရှိ အရာအားလုံး ပျက်စီးသွားသော်လည်း ဤစာလိပ်လေးက အကောင်းအတိုင်း ကျန်ရှိခဲ့၏။ ဤစာလိပ်က မည်မျှ အားကောင်းကြောင်း သိသာနိုင်သည်။ အားကောင်းလွန်းသောကြောင့် ပိုင်သိုက် ကမ္ဘာစည်းမျည်းများပင် ထိုအရာအား ဖျက်စီးမပစ်နိုင်ပေ။

ပိုင်သိုက်က သူ့ကမ္ဘာကို ထုတ်ပြလိုက်သည်နှင့် မိုဝူကျိက ပိုင်သိုက် ကမ္ဘာကို ဖျက်စီးပစ်ရန် အကြံပေါ်လာခြင်း ဖြစ်၏။

အကယ်၍ ပိုင်သိုက်ကမ္ဘာအတွင်း ဖျက်စီးမရနိုင်သည့် တစ်ခုခု ရှိနေလျှင် သေချာပေါက် ပစ္စည်းကောင်းသာ ဖြစ်လိမ့်မည်။ အကယ်၍ ဘာမှမကျန်ရှိခဲ့လျှင်လည်း သူ့အနေနှင့် ဘာမှခံစားနေရမည် မဟုတ်ပေ။ အကြောင်းမှာ ပိုင်သိုက်၌ အားကောင်းသည့် မည်သည့် ရတနာပစ္စည်းမှ မရှိနေကြောင်း ဆိုလိုခြင်း မဟုတ်ပါလော။ ပိုင်သိုက်လိုမျိုး လူအိုကြီး သူ့ပစ္စည်းများကို လက်မလျော့လိုလျှင် မိုဝူကျိအနေနှင့် ဘာကိုမှ ယူနိုင်မည် မဟုတ်ကြောင်း သေချာသိထား၏။

ရွှေရောင်သားရေစာလိပ်နှင့် လော့ကျမ်းစာရွက်ကို လူသားကမ္ဘာအတွင်း ပို့လွှတ်လိုက်ပြီးနောက် မိုဝူကျိက အစီအရင်အလံများစွာကို ပစ်လွှတ်လိုက်ပြီး သူ့သေမင်းထောင်ချောက် အစီအရင်အား ပြုပြင်လိုက်သည်။

“ တာအိုရောင်းရင်းမို အဆင်ပြေရဲ့လား ” မိုဝူကျိက အေးအေးဆေးဆေး ထွက်ပေါ်လာသည်ကို မြင်၍ နတ်ဘုရားဘုရင် ဟုန်ချီက ချည်းကပ်ကာ မေးလိုက်သည်။

ပိုင်သိုက်က နတ်ဘုရားမျိုးနွယ်၏ နံပါတ်တစ် သဟဇာတ နတ်ဘုရားအဖြစ် လူသိများပြီး သဟဇာတ နတ်ဘုရားအဆင့် ၄ ရောက်သော တစ်ဦးတည်းသောသူ ဖြစ်၏။ မိုဝူကျိက ပိုင်သိုက်နှင့် ရင်ဆိုင်ပြီးနောက် ပြည့်ပြည့်စုံစုံ အခြေအနေနှင့် ထွက်လာနိုင်သည်လား။ ထို့အပြင် မိုဝူကျိ၏ အမူအယာမှတဆင့် သူက ပိုင်သိုက်ကို အလွယ်လေး အနိုင်ရလိုက်ဟန် ပေါ်နေသည်။

မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ  “ တာအိုရောင်းရင်း ဟုန်ချီ လာကူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် ပိုင်သိုက်ကို ရှင်းလိုက်ပါပြီ ”

နတ်ဘုရားဘုရင် ဟုန်ချီကြောင့် သူ့အစီအစဉ် လွဲလုမတတ် ဖြစ်ခဲ့သော်လည်း  မိုဝူကျိက  ကျေးဇူးတင်မိပေသည်။ ထိုသို့ဆိုလျှင်ပင် မိုဝူကျိက နတ်ဘုရားဘုရင် ဟုန်ချီသည် သူ့အား အမှန်တကယ် ကူညီလိုကြောင်း ခံစားမိ၏။ မဟုတ်လျှင် သူက ပိုင်သိုက်လိုမျိုး ပညာရှင်မျိုးနှင့် ဝင်ရှုပ်ရဲမည် မဟုတ်ပေ။

မိုဝူကျိက အသံတိုး ပြောမထားသောကြောင့် အဝေးရှိ ကျင့်ကြံသူများပင် မိုဝူကျိစကားကို ကောင်းကောင်း ကြားလိုက်ရပြီး တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။ ထို့နောက် အများစုက လှည့်ထွက်သွားကြသည်။

မိုဝူကျိ၏ အဆင့် ၆ အစီအရင်အား စုတိုက်ခဲ့သည့် နတ်ဘုရားဘုရင်တို့မှာလည်း ခေါင်းငုံ့ထားပြီး မြန်မြန် ထွက်သွားကြတော့သည်။ အကယ်၍ မိုဝူကျိက ပိုင်သိုက်အား သတ်နိုင်လျှင် သူတို့အား သတ်ဖို့ရာ ကြက်တစ်ကောင် သတ်သလိုသာ ဖြစ်ပေလိမ့်မည်။

မိုဝူကျိက ထွက်ပြေးသွားသော နတ်ဘုရားဘုရင်များကို မြင်လိုက်သော်လည်း နောက်မှ လိုက်မသွားချေ။

သူ့လက်ရှိအင်အားဖြင့် သူက သေမင်းထောင်ချောက် အကူအညီဖြင့် အလယ်အလတ်အဆင့် သို့မဟုတ် နောက်ပိုင်း နတ်ဘုရားဘုရင်များကိုသာ သတ်နိုင်သေး၏။ အကယ်၍ သူ့တွင် သေမင်းထောင်ချောက် အစီအရင် ရှိမနေလျှင် နောက်ပိုင်းအဆင့် နတ်ဘုရားဘုရင်နှင့် ရင်ဆိုင်ဖို့ရာ ပြဿနာ နည်းနည်း ရှိပေသည်။

“ အာ …” နတ်ဘုရားဘုရင် ဟုန်ချီက အံ့အားသင့်သွားဟန် ပေါ်လာပြီးနောက် သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။ ယခင် မိုဝူကျိက သူ့မိတ်ဆွေအကူအညီဖြင့် ဟွမ်းကျီကို အရွက်မဲ့တောအုပ်ထဲ၌ သတ်ပစ်ခဲ့လေရာ ယခု နတ်ဘုရားမျိုးနွယ်၏ ပိုင်သိုက်ကို သတ်လိုက်နိုင်ခြင်းမှာလည်း မထူးဆန်းတော့ပေ။

“ ကျုပ် နတ်ဝိညာဉ်သွေးကြောတွေကို သွားစုလိုက်ဦးမယ်။ တကယ်လို့ တာအိုရောင်းရင်း ဟုန်ချီ နောင်ကျ တစ်ခုခု လိုအပ်တာရှိရင်  လာပြောလှည့်ပါ ” မိုဝူကျိက ပျော်ရွှင်စွာ ပြောလိုက်၏။

နောက်ဆုံးတော့ နတ်ဘုရားဘုရင် ဟုန်ချီ၏ စိတ်ထဲ တည်ငြိမ်သွားလေသည်။ သူက မိုဝူကျိကို ကူညီစဉ်အခါက သေဆုံးဖို့ရာပင် မျှော်လင့်ထားပြီးသား ဖြစ်၏။ သူက ပိုင်သိုက်အား နှောင့်ယှက်နေစဉ် မိုဝူကျိအနေနှင့် ထွက်ပြေးနိင်စေရန် ဖြစ်၏။ သူ့စိတ်ထဲ၌ ဟုန်ချီက သူ သေဆုံးနိုင်သော်လည်း မိုဝူကျိ သေဆုံး၍ မဖြစ်ပေ။ နတ်ဘုရားလောကတွင် ဖြစ်စေ၊ အင်မော်တယ်လောကတွင် ဖြစ်စေ နတ်ဘုရားဘုရင် ဟုန်ချီနှင့် နတ်ဘုရားဘုရင် လီထန်းတို့လို လူမျိုးမှာ အတော်လေး ရှားပါးလှသည်။

မိုဝူကျိ၏ နောက်ဆုံးစကားက နတ်ဘုရားဘုရင် ဟုန်ချီအား သူ့အမှားမလုပ်မိလိုက်ကြောင်း စိတ်ချသွားစေသည်။ မိုဝူကျိက ကတိစကား လုပ်ဖို့ရာ နတ်ဘုရားဘုရင် လီထန်း၏ လက်ဆောင်များကို ငြင်းပယ်ခဲ့သေးသည် မဟုတ်ပါလော။ ယခု သူက မိုဝူကျိအား သူ့ဘာသာ ဝင်ရောက်ကူညီလိုသောအခါ မိုဝူကျိက ဤသို့စကားမျိုး ပြောလာလေ၏။

မိုဝူကျိက တခြားသော ကျင့်ကြံသူများနှင့် လုံးဝ မတူပေ။ သူက ကျေးဇူးတရားကို အလေးထားသည့် ထူးခြားသောသူ ဖြစ်၏။

“ ကျေးဇူးပါ ဒါပေမဲ့ ကျုပ် များများစားစား မကူညီလိုက်ရပါဘူး။ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာတဲ့အခါကျ နောက်တစ်ခေါက် ပြန်တွေ့ကြတာပေါ့ ” နတ်ဘုရားဘုရင် ဟုန်ချီက မြန်မြန် ကျေးဇူးတင်လိုက်သည်။

သူက မိုဝူကျိသည် နတ်ဝိညာဉ်သွေးကြောများ စုဆောင်းရန် လိုအပ်နေမှန်း သိ၍ ကျေးဇူးစကားဆိုပြီးနောက် မြန်မြန် ထွက်သွားပေးလိုက်သည်။

စည်းမျည်းအက်ကြောင်းမှ နတ်ဝိညာဉ်သွေးကြောများ ဆက်တိုက် ထွက်ပေါ်နေဆဲ ဖြစ်ကာ နတ်ဝိညာဉ်သွေးကြော အမြန်နှုန်းက ပိုမို မြန်ဆန်လာလေ၏။ ကျင့်ကြံသူအများစုက ပုံစံတစ်ခု ရှာတွေ့ထားပြီး စွမ်းအားစက်ကွင်းတချို့ အတူတူ ဖွဲ့စည်းကာ နတ်ဝိညာဉ်သွေးကြောကို ချုပ်ထိန်းထားနိုင်ကြသည်။ သို့သော်လည်း နတ်ဝိညာဉ်ကြော ရသည့်သူ အနည်းငယ်သာ ရှိ၏။

ချုပ်ထိန်းခံထားရသော နတ်ဝိညာဉ်သွေးကြောတို့က တဖြည်းဖြည်း နည်းပါးလာသောကြောင့် နတ်ဝိညာဉ်သွေးကြောတိုင်းက သွေးသံရဲရဲ တိုက်ပွဲများ ဖြစ်သွားစေလေသည်။ မိုဝူကျိက နတ်ဘုရားမျိုးနွယ်၏ နံပါတ်တစ် ပညာရှင်ကို သတ်ခဲ့သည့်အတွက် မည်သူကမှ မိုဝူကျိနား မနေရဲကြပေ။

မိုဝူကျိက နတ်ဝိညာဉ်သွေးကြောတချို့ သူ့တည်နေရာအတိုင်း လာနေသည်ကို မြင်လိုက်၍ တည်နေရာကို မပြောင်းလဲတော့ပေ။

ထိုနတ်ဝိညာဉ်သွေးကြောများက လူများစွာကို မနာလို ဖြစ်စေနိုင်သောကြောင့် သူ့အစီအရင်အနား နေသည်က အကောင်းဆုံး‌ ရွေးချယ်မှု ဖြစ်ကြောင်း သတ်မှတ်လိုက်သည်။ သူက ပိုင်သိုက်လို ပညာရှင်မျိုးကို အစီအရင်အတွင်း ဆွဲခေါ်နိုင်မည့် နည်းလမ်း မရှိသော်လည်း အားနည်းသည့် ကျင့်ကြံသူများကို သူ့အစီအရင်အတွင်း ဆွဲခေါ်နိုင်ကြောင်း ယုံကြည်ချက် ရှိ၏။ ထိုကြောင့်် အကယ်၍ သူ့အစီအရင်ကို တိုက်ခိုက်ရဲမည့် ကျင့်ကြံသူများ ရှိနေလျှင်ပင် အဆင်ပြေဦးမည် ဖြစ်၏။

နောက်ထပ် နတ်ဝိညာဉ်သွေးကြောများ ထပ်ထွက်မလာခင် အက်ကြောင်းက ပိုကျယ်လာသည်။ မိုဝူကျိက ဤတစ်ကြိမ် ထွက်လာသော နတ်ဝိညာဉ်သွေးကြောများသည် သေးငယ်ကြောင်း ခံစားမိလိုက်၏။ သူက ပိုင်သိုက်ကြောင့် အချိန်ကုန်ဆုံးသွားမှုအား မချိတင်ကဲ ဖြစ်နေမိသည်။ မဟုတ်ပါက သူ့အနေနှင့် နတ်ဝိညာဉ်သွေးကြောများ အကြီးဆုံးအချိန် ရောက်လာမည် မဟုတ်ပါလော။ ယခု သူက ရွှေရောင်အခွင့်အရေးကြီးကို လက်လွှတ်လိုက်ရလေပြီ။

သို့သော်လည်း မိုဝူကျိက သဟဇာတ နတ်ဘုရားသာ သူ့လာမရှာလျင် သူ့ကို ရပ်တန့်ပြီး နတ်ဝိညာဉ်သွေးကြောကို ကြိုးစားမည့် လူအရေအတွက် ပိုတိုးလာမည် ဖြစ်ကြောင်း သိပေသည်။

မိုဝူကျိက အတားအဆီး အစီအရင်ပြားများစွာကို ထုတ်လွှင့်လိုက်ပြီး နတ်ဝိညာဉ်သွေးကြောများကို အဆင့် ၇  အစီအရင်အတွင်း ဆွဲယူလိုက်သည်။

မိုဝူကျိ၏ လူသားကမ္ဘာအတွင်း နတ်ဝိညာဉ်သွေးကြော အရေအတွက်မှာ ဆက်တိုက် တိုးပွားလာနေပြီး နှစ်ရာ ပြည့်သွားသည့်အခါ စည်းမျည်းအက်ကြောင်းမှ နောက်ထပ် ထွက်မလာတော့ပေ။

“ ဝုန်း ဝုန်း  ” အောက်ခြေမှ နောက်ထပ် ကြောက်စရာကောင်းသည့် အသံများ ထွက်ပေါ်လာပြန်သည်။  နတ်ဘုရားလောကတစ်ခုလုံး ဧရာမ ငလျှင် လှုပ်ခတ်သွားတော့မည့်အလား ခံစားမိလိုက်ကြသည်။ ကုန်းမြေတစ်ခုလုံးက အပြင်းအထန် လှုပ်ခတ်သွားခြင်း ဖြစ်၏။

စည်းမျည်းအက်ကြောင်းမှ သိပ်သည်းလွန်းသော နတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာကာ အမှောင်အရိပ်များလည်း ထွက်ပေါ်လာသည်။

မိုဝူကျိက ဤအက်ကြောင်းသည် ဖန်ဆင်းမှုအက်ကြောင်း ဖြစ်ကြောင်းနှင့် နတ်ဘုရားကမ္ဘာ စည်းမျည်းများကို ပြန်လည် ပြုပြင်ပေးတော့မည်မှန်း သိလိုက်သည်။ သို့သော်လည်း သူက ဤသို့ ကြောက်မက်ဖွယ် အရှိန်အဝါကို မြင်လိုက်ရသည့်အခါ ကြောင်အမ်းသွားမိဆဲ ဖြစ်သည်။

အက်ကြောင်းက နှစ်ဖက်လုံးက စတင်၍ ကျုံ့လာပြီး အဆုံးမဲ့ အက်ကြောင်းထဲမှတဆင့် တောင်ပြတ်များ၊ မြစ်များ၊ ကန္တာရများ၊ စိမ့်တောများ၊ ပင်လယ်များ၊ ကျတ်တီးမြေများမှ အရိပ်မည်းများ  ထွက်ပေါ်လာသည်။

နတ်ဘုရားသိုက်မြုံအစွန်းတွင် ရှိနေကြသော ကျင့်ကြံသူအားလုံးက မူလကုန်းမြေအား အစားထိုးရန် ဖြစ်တည်လာသည့် ကုန်းမြေအသစ်အောက် လွှမ်းခြုံခြင်း ခံလိုက်ကြရသည်။

ကုန်းမြေအသစ်သည် ပင်လယ်ပြင်မှ လှိုင်းလုံးများကဲ့သို့  ဆက်တိုက် နေရာ အစားထိုး ဝင်ရောက်နေသည်။ ဤမြင်ကွင်းက အသက်ရှုဖို့ မေ့သွားလောက်ပေသည်။

ပေါက်ကွဲသံများကိုလည်း ဆက်တိုက် ကြားနေရပြီး ကြည်လင်ပြတ်သားသော စည်းမျည်းများလည်း ပေါ်ထွက်လာသည်။ မိုဝူကျိက မကျင့်ကြံရသေးသော်လည်း ကြည်လင်ပြတ်သားလှသော စည်းမျည်းများနှင့် သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားများအောက်တွင် လောကနတ်ဘုရား အဆင့် ၄ သို့ ရောက်သွားစေ၏။

“ ခွန်းယွင်က ငါ့ကို ဒီတစ်လျှောက်လုံး အရူးလုပ်လာတာပဲ ” အစားထိုး ကုန်းမြေလှိုင်းတွန့်ကြီးများကို ကြည့်ကာ မိုဝူကျိက အဆင့် ၇ အစီအရင် မဆိုထားနှင့် အဆင့် ၇၀ အစီအရင်ဆိုလျှင်ပင် ထိုလှိုင်းလုံးများအောက် နှစ်မြှပ်သွားမည် ဖြစ်၏။

မိုဝူကျိက သူ့သေမင်းထောင်ချောက် အစီအရင်ကို အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။ မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ပန်းကန်လုံးကြီးကို ယူကာ ဦးခေါင်းပေါ် ထားထားလိုက်သည်။ ထို့နောက် ဝေရု၊ ရွိုက်ကောနှင့် တာ့ဟွမ်တို့အား အချက်ပြကာ နောက်ဆုတ်ခိုင်းလိုက်သည်။

ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအားများနှင့် စည်းမျည်းများက မည်သူမဆို အဆင့်တက်ဖို့ ခွင့်ပြုပေးထားသော်လည်း ကျင့်ကြံဖို့ရာအတွက် နေရာရှာတွေ့မည် မဟုတ်ပေ။

မိုဝူကျိ တစ်ယောက်တည်း မဟုတ်ပေ။ အခြားသော ကျင့်ကြသူများကလည်း စတင်၍ စိုးရိမ်တကြီး နောက်ဆုတ်လိုက်ကြ၏။

မိုဝူကျိကဲ့သို့ သူတို့လည်း စတင် ကျင့်ကြံဖို့ရာ မစောင့်နိုင်ကြတော့ပေ။ သို့သော်လည်း သူတို့က ဤသို့ကုန်းမြေ ပြောင်းလဲမှုအကြီးကြီးအောက်တွင် မည်သူကမှ ထိုင်၍ ကျင့်ကြံနိုင်မည် မဟုတ်ကြောင်း သိကြပေသည်။

***

All Chapters