← Chapters

ကံကြမ္မာကို စုစည်းခြင်း

Vol. 77 Ch. 1072

ကံကြမ္မာကို စုစည်းခြင်း

Vol. 77 Ch. 1072

မိုဝူကျိက နတ်ဘုရားဘုရင်အဆင့် ရောက်ရှိသွားသည်နှင့် သူ့မိုးမြေ မီးပြင်းဖိုအတွင်းသို့ မပြောပြတတ်သည့် စွမ်းအင်တမျိုး ဝင်ရောက်လာသည်ကို ခံစားမိလိုက်သည်။

သူက သူ့အနာဂတ်ကို မှုန်ဝါးဝါး မြင်လိုက်ရသလို ခံစားမိလိုက်ပြီး သူ့ဝိညာဉ်ကိုပင် ဖုံးလွှမ်းထားသလို ဖြစ်၏။ နတ်ဘုရားဘုရင်အဆင့်တွင် သူက ခံစားမိသော်လည်း မထိတွေ့နိုင်ပေ။ သူက စိတ်ဝိညာဉ် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်နှင့် မြူကဲသို့ ခရမ်းရောင် စွမ်းအားကို မြင်လိုက်ရသည်။

ဤသည်မှာ သေချာပေါက် ကံကြမ္မာသာ ဖြစ်ရမည်။ မိုဝူကျိ စိတ်ထဲ အပျော်ကြီး ပျော်မိသွားလေ၏။ သူက ကံကြမ္မာအား  မည်သို့ အသုံးပြုရမည်ကို မသိသော်လည်း  သူ့မီးပြင်းဖိုက နတ်ဘုရားလောက၏ ကံကြမ္မာကို စုဆောင်းနေကြောင်း သိလိုက်၏။

“ ဘာတွေ ငေးမောနေတာတုန်း … မင်းရဲ့ လူသားဂိုဏ်းကို မြန်မြန် ဆောက်ပြီးတော့ နတ်ဘုရားကမ္ဘာအသစ်ရဲ့ နံပါတ်တစ် ဂိုဏ်း ဖြစ်လာအောင် လုပ်လေ။ မင်း ဂိုဏ်းကို တည်ထောင်ပြီးမှ မင်းဆီကို ပြန်လာခဲ့မယ်  ” ထိုအသံအဆုံးတွင် ပုံရိပ်တစ်ခု ဖြတ်ခနဲ ပျောက်ကွယ်သွားလေ၏။

ထိုစဉ် မိုဝူကျိက ခွန်းယွင်မှန်း အမှတ်ရသွားသည်။

ခွန်းယွင်က အိုးကြီး သယ်ဆောင်ထားသောကြောင့် ရယ်စရာ ဖြစ်နေသည်။

မိုဝူကျိက ခွန်းယွင်သည် မိုးမြေ မီးပြင်းဖိုကို မြင်လိုက်သလား မသိသော်လည်း သူက ဂရုမစိုက်တော့ပေ။ သူက ခွန်းယွင် စကား မှန်ကန်ကြောင်း သိပေသည်။ အကယ်၍ သူက ယခု ဂိုဏ်းတည်ထောင်လိုက်လျှင် နတ်ဘုရားကမ္ဘာအသစ်၏ နံပါတ်တစ် ဂိုဏ်း ဖြစ်လာနိုင်သည်။

လက်ရှိ လူသားဂိုဏ်း နယ်မြေသည် တည်ငြိမ်သွားလေရာ မိုဝူကျိကို အံ့အားသင့်သွားစေသည်က လူသားဂိုဏ်း၌ အစီအရင် ပျက်စီးသွားပြီး တောင်များ ပြောင်းလဲသွားခြင်းမှလွဲ၍ ထူးထူးခြားခြား ပြောင်းလဲမှု မရှိချေ။ သူက ထိုအရာမှာ မိုးမြေ မီးပြင်းဖိုကြောင့်လားဟု မရေမရာ ဖြစ်မိသွားသည်။

မိုဝူကျိက အစီအရင်အလံများကို ဆက်တိုက် ပစ်လွှတ်ကာ ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ကို နောက်တစ်ဖန် ခင်းကျင်းလိုက်သည်။ ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းလိုက်ပြီးနောက် မိုဝူကျိက နိဗာန တိတ်ဆိတ်မှုပင်လယ်ပြင် မပျောက်သွားသေးကြောင်း သတိပြုမိလိုက်၏။ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာပြီးနောက် တကယ့် ပင်လယ်အစစ်သို့ ပြောင်းလဲသွားသည်။

မျက်စိတစ်မှိတ်အတွင်း မိုဝူကျိက နိဗာန တိတ်ဆိတ်မှုပင်လယ်ပြင်ဆီ ရောက်ရှိလာသည်။ ဆွဲငင်အား မရှိတော့သည့် သာမာန် ပင်လယ်တစ်ခုကဲ့သို့ ဖြစ်နေသည်။ လှိုင်းတွန့်လေးများလည်း ပေါ်လာသောကြောင့် အစစ်အမှန် ပင်လယ်တစ်ခုလို ဖြစ်လာသည်။

မိုဝူကျိက သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ လေးဖက်လေးတန် ထွက်ပြေးနေကြသည့် ကျင့်ကြံသူများစွာကို တွေ့လိုက်ရသည်။ မိုဝူကျိက သူ့အမြန်နှုန်းကို မြင့်တင်ဖို့ လိုအပ်နေကြောင်း သိလိုက်သည်။

ထိုစဉ် မိုဝူကျိက လေလွတ်မြောက်ရေး နည်းစနစ်အား အားအပြည့် ထုတ်သုံးလိုက်သည်။ မိုဝူကျိက အသစ်ဖြစ်တည်လာသည့် ဧရာမတောင်များကို ရွေ့လိုက်ပြီး အသစ်ဖြစ်တည်လာသည့် မြစ်များကိုလည်း ထို့နည်း၎င်း ဖြစ်၏။ ဆေးပင်များနှင့် ပါသည့် အသစ်ဖြစ်တည်လာသော လျို့ဝှက်နယ်မြေများကိုလည်း မိုဝူကျိက အစီအရင်တာအိုနည်းလမ်းဖြင့် ယူဆောင်လာသည်။

သုံးလအကြာတွင် လူသားဂိုဏ်းမှာ အသစ် ပြန်လည် တည်ထောင်ပြီးသွားလေပြီ။

မိုဝူကျိ၏ ကာကွယ်ရေး အစီအရင်မှာ ကီလိုမီဝါ ငါးသိန်းခန့် ဖုံးလွှမ်းထးပြီး လူသားဂိုဏ်း အလယ်တွင် အဆုံးမဲ့ တောင်တန်းများနှင့် လေဟုန်ဆန်မြစ်တို့ တည်ရှိနေသည်။

နှစ်ဝက်ကြာမြင့်ပြီးနောက်  မိုဝူကျိက လူသားဂိုဏ်း ပြင်ဆင်မှု အဆုံးသတ်လိုက်လေပြီ။ သူ့စိတ်ဝိညာဉ် မျက်လုံးဖြင့် လူသားဂိုဏ်းအထက်ရှိ လေဟာနယ်တွင် ခရမ်းရောင်မြူများ ရစ်ဆိုင်းနေလေ၏။ ထိုခရမ်းရောင်က လူသားဂိုဏ်းအတွင်း စိမ့်ဝင်သွားသောကြောင့် ဂိုဏ်း၏ အရှိန်အဝါ အငွေ့အသက်တို့က  ကြီးထွားလာသည်။

“ လူသား ” စာလုံးမှာ ခရမ်းရောင်စွမ်းအင်များအောက်တွင် ပို၍ သာမာန် ဖြစ်လာသည်။

ခွန်းယွင်က သူ့အား လိမ်ညာနေခြင်း မဟုတ်ပေ။ ဂိုဏ်း တည်ထောင်ပြီးနောက် ကံကြမ္မာက အမှန်တကယ် ရောက်ရှိလာသည်။ သို့သော်လည်း နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးနောက် အသစ်ပြန်လည် ထူထောင်ထားသော ဂိုဏ်း၌သာ  ကံကြမ္မာ စုစည်းလာသည်။

လူသားဂိုဏ်း ပင်မတောင်ထိပ်တွင် မိုဝူကျိက  အဆင့် ၇ သေမင်းထောင်ချောက် အစီအရင် မခင်းကျင်းခင် နောက်ထပ် ဖုံးကွယ်ရေး အစီအရင်တစ်ခု ခင်းကျင်းထားလေ၏။ ထိုသို့ လုပ်ဆောင်ပြီးနောက် မိုးမြေ မီးပြင်းဖိုအား ကံကြမ္မာ စုဆောင်းနိုင်ရန် နေရာချထားလိုက်သည်။

နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာမှုက တစ်ရက်၊ နှစ်ရက်မျှ မကချေ။ သူက ကံကြမ္မာကို ပိုမို စုဆောင်းနိုင်လေလေ ကောင်းလေလေ ဖြစ်၏။

………..…

မိုဝူကျိ ပြောသည်က မမှားပေ။ ပြန်လည် ကောင်းမွန်လာမှုက တစ်ရက်၊ နှစ်ရက်မျှ မကပေ။ နှစ်များစွာ တံခါးပိတ် လေ့ကျင့်နေပြီးသည့်နောက်တွင်ပင် နတ်ဘုရားကမ္ဘာက စည်းမျည်းများကို ပြန်လည် ပြုပြင်နေဆဲ ဖြစ်၏။

လက်ရှိ မိုဝူကျိ၏ ကျင့်ကြံနှုန်းက ယခင်ထက် အဆများစွာ နှေးကွေးနေသည်။ ဖန်ဆင်းမှု စွမ်းအားများက ကျင့်ကြံဖို့ မည်မျှ သင့်တော်စေကာမူ နတ်ဘုရားကမ္ဘာ စည်းမျည်းများနှင့် ပေါင်းစပ်သွားသည်နှင့် သာမာန် နတ်ဝိညာဉ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့အား ယခင်လို မြန်မြန်ဆန်ဆန် မကျင့်ကြံစေနိုင်တော့ပေ။

နှစ်များစွာ ကျင့်ကြံပြီးနောက် မိုဝူကျိက နတ်ဘုရားဘုရင် အဆင့် ၁ ၍ အခြေကျသွားလေပြီ။ သူက နတ်ဘုရားဘုရင် အဆင့် ၂ သို့ ဖြည်းဖြည်းချင်း အဆင့်တက်ဖို့ ပြင်ဆင်လိုက်သည်။

နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများက သူ့အလိုလို ပြီးပြည့်စုံလာသော်လည်း နေရာအများစုက အခြေကျကာ ငြိမ်သက်သွားကြပြီ ဖြစ်၏။ မြောက်များစွာသော ဂိုဏ်းများကို စတင် ပြန်လည် တည်ဆောက်ပြီးပြီ ဖြစ်ရာ  ယခင် ပျက်စီးသွားသည့် သူတို့ဂိုဏ်းအား မည်သူကမှ အရေးစိုက်မနေကြပေ။

နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာမှုက ဖန်ဆင်းမှု သဘာဝစွမ်းအားများကို ဖြစ်ပေါ်စေသည်။ အလားအလာ ဆိုးရွားသည့် ကျင့်ကြံသူများပင် အလျှင်အမြန် အဆင့်တက်လှမ်းနိုင်ကြ၏။

ကံကောင်းသူများက ထိုဖန်ဆင်းမှုစွမ်းအားများကို အသုံးပြုကာ သူတို့ဝိညာဉ်ကြောကို သန့်စင်နိုင်ကြပြီး သူတို့အလားအလာကို နောက်တဆင့် တိုးတက်လာစေသည်။ ဤသို့သော အခြေအနေမျိုးအောက်တွင် ကျင့်ကြံခြင်းက ပင်ကိုယ်ပါရမီ ရှိခြင်း၊ မရှိခြင်းက မသိသာပေ။

နောက်ထပ် နှစ်တစ်ရာ ကုန်ဆုံးသွားလေ၏။ မိုဝူကျိက နတ်ဘုရားဘုရင် အဆင့် ၂ သို့ တက်လှမ်းသွားလေပြီ။ နတ်ဘုရားကမ္ဘာ စည်းမျည်းများ ငြိမ်သက်လာပြီးနောက် မိုဝူကျိ၏ ကျင့်ကြံရေးမှာ နှေးကျသွားတော့သည်။

ထိုစဉ် နတ်ဘုရားကမ္ဘာက တဖြည်းဖြည်း ပြန်လည် ငြိမ်သက်တိတ်ဆိတ်လာသည်။ မိုဝူကျိက သူ့စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည့်အခါ မိုးမြေ ကံကြမ္မာလည်း စတင်အခြေကျလာသည်ကို မြင်လိုက်ရသည်။ အကယ်၍  သူသာ မိုးမြေ မီးပြင်းဖိုအား အမြင့်ဆုံးတောင်ထိပ်တွင် ထားထားလျှင်ပင် ကံကြမ္မာကို ဆက်လက် စုဆောင်းနိုင်မည် မဟုတ်ပေ။

မိုဝူကျိက သူ့မီးပြင်းဖိုအား လူသားကမ္ဘာအတွင်းသို့ ပြန်လည် ပို့ဆောင်လိုက်ပြီး ကံကြမ္မာကို မည်သို့ အသုံးချရမည်ကို စဉ်းစားနေမိသည်။ သူက ခွန်းယွင်သည် သူအား လာရှာမည် သေချာနေသောကြောင့် အလျှင်မလိုတော့ပေ။ သူက ခွန်းယွင် ရောက်လာသည့်အခါ မေးကြည့်လိုက်လျှင် ဖြစ်ပေသည်။

“ မိုဝူကျိ ... အခုထွက်ခဲ့စမ်း ” မိုဝူကျိက တာ့ဟွမ်တို့အား ဆက်သွယ်တော့မည့်ဆဲဆဲတွင် အသံကျယ်ကျယ်ကို ကြားလိုက်ရသည်။

မိုဝူကျိက စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ ဝေရု၊ တာ့ဟွမ်နှင့် ရွိုက်ကောတို့အား မြင်လိုက်ရသည်။ သူတို့ဘေးတွင် ရပ်နေသည့်လူက  ကျင့်ရှင်းကြွယ်သာ ဖြစ်နေသည်။

ထိုနားရွက်ကားကား တစ်စုံက ထင်းလွန်းနေသည်။

ရွိုက်ကောက ပြန်လည် ချေပလိုက်သည်

“ ကျင့်ရှင်းကြွယ် … မင်းက ငါတို့ကို တစ်ခါကူညီဖူးတယ်ဆိုပြီး ဒီနေရာ လာပြီး မောက်မာနေတာလား။ ငါ့သခင်ကြီးကိုများ မင်းက ထွက်လာခိုင်းရတာတုန်း … မင်းက အဲလောက်တောင် သတ္တိ ကောင်းနေပြီလား ”

တာ့ဟွမ်ကလည်း ကျင့်ရှင်းကြွယ်အား ကြည့်ကာ ဝင်ပြောလိုက်သည်  “‌ ကောင်လေး … ငါ့သခင်ကြီးရှေ့မှာ ပိုပြီး ယဉ်ကျေးတာ ကောင်းလိမ့်မယ် ”

မိုဝူကျိ၏ ပုံရိပ်က ဖြတ်ခနဲ ပေါ်လာကာ ဂိုဏ်းကာကွယ်ရေး အစီအရင် အပြင်ဘက်သို့ ဆင်းသက်လာသည်။

“ သခင်ကြီး ” တာ့ဟွမ်နှင့် ရွိုက်ကောတို့က မိုဝူကျိကို မြင်လိုက်သည်နှင့် အပြေးအလွှား ရောက်လာကြသည်။

ဝေရုကလည်း မိုဝူကျိအား နှုတ်ဆက်လိုက်သည်။ ကျင့်ရှင်းကြွယ် တစ်ယောက်တည်း နဂိုနေရာ၌ ကျန်ရှိနေခြင်း ဖြစ်၏။

“ မဆိုးပါဘူး  … အားလုံးက တော်တော် တိုးတက်လာကြတာပဲ ” မိုဝူကျိက ဝေရုသည် နတ်ဘုရားအုပ်စိုးသူ အဆင့် ၄ ဖြစ်ကာ တာ့ဟွမ်သည် လောကနတ်ဘုရား အဆင့် ၄ ရောက်ရှိနေပြီး ရွိုက်ကောက လောကနတ်ဘုရား အဆင့် ၁ သို့ တက်လှမ်းနိုင်ခဲ့ကြသည်။ ထိုတိုးတက်မှုများက သူ့အား အလွန်ကျေနပ်သွားစေသည်။

“ ကျင့်ရှင်းကြွယ် … မင်းရဲ့ ကျင့်ကြံဆင့်လည်း တိုးတက်လာတာပဲ။ ဒါပေမဲ့ ငါ မင်းကို ဘယ်တုန်းက ရန်စမိလို့လဲ။ ပြောရရင် ငါ မင်းကို တစ်ခါတောင် ကူညီပေးထားခဲ့သေးတယ်လေ။ ငါ့ဂိုဏ်းလာပြီး ဘာတွေအော်ဟစ်နေတာလဲ ” မိုဝူကျိက မကျေမနပ် ပြောလိုက်သည်။

ကျင့်ရှင်းကြွယ်က ယခင် နတ်ဘုရားအုပ်စိုးသူ အဆင့် ၁ သာ ဖြစ်သော်လည်း ယခုအခါ လောကနတ်ဘုရား အဆင့် ၃ အထိ တက်လှမ်းနိုင်ခဲ့သည်။ သူ့တိုးတက်နှုန်းမှာ ရွိုက်ကောတို့ အောက်မကျပေ။ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်နေသည့် အချိန်အတွင်း အားလုံးက ခုန်ပျံကျော်လွှား တိုးတက်လာကြသည်။

ကျင့်ရှင်းကြွယ်က မှုန်မှိုင်းမှိုင်းဖြင့်

“ မိုဝူကျိ  … အရင်တုန်းက မင်း ငါ့ဂျုနီယာ ညီမလေး ချူယို့ကို ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို လက်ဆောင်ပေးလိုက်တုန်းက မင်းရဲ့ ရက်ရောမှုကို လေးစားမိခဲ့တယ်။

ဒါပေမဲ့  မင်းက နတ်ဘုရားကမ္ဘာကို ပြန်ရောက်လာ ဒီလောက် ကြာနေပြီ။ အခုထိ ငါ့ညီမလေးအကြောင်းကို ဂရုမစိုက်သေးဘူး။ မင်း သူမကို မကယ်နိုင်ရင်တောင် သူမအတွက် လက်စားချေပေးရမယ် မဟုတ်ဘူးလား။ မင်းက နတ်ဘုရားမျိုးနွယ်ရဲ့ သဟဇာတ နတ်ဘုရားကိုတောင် သတ်နိုင်ခဲ့တာ မလား။ ငါ့ညီမလေးအတွက် လက်စားချေပေးဖို့ ဘာလို့ ခက်ခဲနေရတာတုန်း ”

ကျင့်ရှင်းကြွယ်က မိုဝူကျိသည် သူ့အား ရှင်းပြလိုကြောင်း ခံစားမိ၍ ပြောခဲ့သော်လည်း ချုယို့အတွက် လက်စားချေပေးရန် ပြောသည့်အခါ မိုဝူကျိက စတင်၍ မျက်မှောင်ကျုတ်လာသည်။ ချူယို့က ဝမ်ချွမ်းတာအိုကျောင်းတော်မှ ဖြစ်ကာ မည်သူကများ ချူယို့အား သတ်ရဲမည်နည်း။

 ချူယို့ အသတ်ခံလိုက်ရလျှင်ပင် ဝမ်ချွမ်းတာအိုကျောင်းတော်က ဘာမှမလုပ်ဘူးလား …

“ ဘာတွေဖြစ်ခဲ့တာလဲ ” မိုဝူကျိက မေးခွန်းထုတ်လိုက်သည်။ ချူယို့က သူ့အသက်ကို တစ်ခါကယ်တင်ဖူးသည် မဟုတ်ပါလော။ မိုဝူကျိက သူမအား ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် လက်ဆောင်းပေးလိုက်ပြီးနောက် မိုဝူကျိက အသက်အကြွေးအား ပစ္စည်းနှင့် ပြန်လည် ပေးဆပ်နိုင်သည်ဟု တစ်ခါမှ မခံစားမိပေ။ သူနှင့် ချူယို့တို့အား ပတ်သတ်မှု သိပ်မရှိသော်လည်း ချူယို့သာ သူ့ကြောင့် အန္တရာယ်ထဲ ကျရောက်သွားမည်ဆိုလျှင် မိုဝူကျိက ဘာမှမလုပ်ဘဲ မနေနိုင်ပေ။

“ မင်းက တကယ်မသိဘူးလား ” ကျင့်ရှင်းကြွယ်က မိုဝူကျိအား မယုံနိုင်စွာ ကြည့်လိုက်သည်။ သူ့အတွက် နတ်ဘုရားကမ္ဘာသို့ ပြန်ရောက်လာပြီး မိုဝူကျိ ပထမဆုံးလုပ်မည့်အရာမှာ ချူယို့ အခြေအနေကို စုံစမ်းကြည့်ဖို့ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

ချူယို့က ဂိုဏ်းကြီးများကြောင့် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားထဲ အတင်းကျပ် ဝင်သွားခဲ့သည့် အကြောင်းမှာ အများသိကြ၏။ အကယ်၍ မိုဝူကျိသာ နှလုံးသား ရှိလျှင် ထိုအကြောင်းကို သိပေလိမ့်မည်။

မိုဝူကျိက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်  “ အင်း ငါ မသိရသေးဘူး … ပြောပြပေးပါဦး။ ချူယို့အတွက် သေချာပေါက် တရားမျှတမှု ရှာပေးမယ် ”

သူက နတ်ဘုရားဘုရင် အဆင့် ၂ ဖြစ်ကာ လူသားတာအို၏ တည်ထောင်သူလည်း ဖြစ်ပေသည်။ အကယ်၍ သူက သဟဇာတ နတ်ဘုရား အစောပိုင်းအဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် မိုဝူကျိက ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ယုံကြည်ချက် ရှိ၏။

နတ်ဘုရားဘုရင်များကိုတော့ မိုဝူကျိက စိတ်ထဲပင် မထည့်တော့ပေ။ သူက နတ်ဘုရားဘုရင် အဆင့် ၂ ဖြစ်သော်လည်း တခြားသော နတ်ဘုရားဘုရင်များနှင့် ကွဲပြားပေသည်။ ကနဦး နတ်ဘုရားအဆင့်မှစ၍ သူ့ အဆင့်တိုင်းတွင် အဆင့်  ၁၂ စီ ကျော်ဖြတ်ခဲ့ရသည်။ သူ့ကျင့်ကြံရေး အရင်းအမြစ်တို့က တခြားလူများထက် အဆများစွာ ပိုများကြောင်း မပြောလျှင်ပင် သူ့ကျင့်ကြံဆင့် အဆင့်သေးတိုင်းက တခြားသော အဆင့်တူ  ကျင့်ကြံသူအားလုံးကို ကျော်လွန်နေပြီ ဖြစ်၏။ ဤသည်က သူ့မဟာတာအို မည်မျှ ပြည့်စုံကြောင်း သက်သေပြနေခြင်းသာ ဖြစ်ပေသည်။

သူက သဟဇာတ နတ်ဘုရားအဆင့်ကို သတ်ဖို့ရာ အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်ကို အသုံးပြုခဲ့ရသော်လည်း မိုဝူကျိက ယခုအခါ အစောပိုင်း သဟဇာတ နတ်ဘုရားအဆင့်ကို သတ်ဖို့ရာ သေမင်းထောင်ချောက် အစီအရင် မလိုကြောင်း ယုံကြည်ချက်အပြည့် ရှိပေသည်။

နတ်ဘုရားကမ္ဘာက ပြန်ကောင်းမွန်လာစ ဖြစ်၍ နတ်ဘုရားဘုရင် တော်တော်များများသည် စည်းမျည်းများ ပြည့်စုံမှုနှင့်အတူ ဖန်ဆင်းမှုစွမ်းအားကြောင့် သဟဇာတ နတ်ဘုရားအဆင့် တက်လှမ်းနိုင်ခဲ့ကြသည်။ သို့သော်လည်း မိုဝူကျိက သူတို့သည် အလွန်ဆုံး သဟဇာတ နတ်ဘုရား အစောပိုင်းအဆင့်သာ ရှိပေဦးမည်။

မိုဝူကျိက ချူယို့ ဘာဖြစ်သွားကြောင်း မသိသေးသည်ကို မြင်ကာ ကျင့်ရှင်းကြွယ်က သူ့ဘာသာ တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဆက်ပြောလိုက်သည်  “ ဒီလိုဆိုရင် ငါ ပြောပြမယ် ”

***

All Chapters