← Chapters

နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းသို့ တစ်ကိုယ်တော် ခရီး

Vol. 77 Ch. 1073

နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းသို့ တစ်ကိုယ်တော် ခရီး

Vol. 77 Ch. 1073

“ အရင်တုန်းက ကျင့်ကြံသူ အစုအရုံးအဖွဲ့ရဲ့ သခင် ရှုဖျင်က သူ့သား ရှုရှာကို ခေါ်လာပြီးတော့ ကြယ်ဖုံးတောင်ရဲ့ အကြီးအကဲ ယောင်ရှီးကလည်း သူ့တပည့် ပါရမီရှင် ကျီဖေးယန်ကို ခေါ်လာတယ်။ ပြီးတော့ နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ထျဲလန်ရှန်းကလည်း ဝမ်ယွင်ချီကို ခေါ်လာတယ်လေ။ သူတို့က ဝမ်ချွမ်းတာအိုကျောင်းဆီ လာပြီးတော့ ချူယို့ကို လာရောက်တောင်းရမ်းကြတာ။ အဲတုန်းက ဝမ်ချွမ်းတာအိုကျောင်းက ရွေးချယ်စရာ မရှိတော့ တစ်ယောက်ယောက်ကို ရွေးချယ်ဖို့ လိုအပ်တယ်

ချူယို့က  အဲဒီ ဖိအားအောက်မှာ သူမ နှလုံးသားက မင်းအပိုင်လို့ ပြောပေမဲ့လည်း ထိုလူအိုကြီးတွေက လွတ်မပေးဘူး။ အဲဒါနဲ့ သူမက မင်းကို နောက်ဆုံးအကြိမ် မြင်တွေ့ချင်သေးတယ်ဆိုပြီး နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားဆီ သွားခဲ့တယ်။ အဲဒီ အကြောင်းပြချက်ကို သုံးပြီးတော့ သူမက နတ်ဘုရားဂူသင်္ချိုင်းထဲ ဝင်သွားပြီး ပြန်မထွက်လာတော့ဘူး ….  ”

ကျင့်ရှင်းကြွယ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မိုဝူကျိ၏ မျက်နှာမှာ မှုန်မှိုင်းလာလေသည်။ သတ်ဖြတ်ငွေ့များလည်း ထွက်ပေါ်လာကာ အကယ်၍ သူ့တွင် တခြားဖြေရှင်းစရာ မရှိနေပါက ချူယို့အတွက် လက်စားချေဖို့ရာ ထွက်သွားလောက်လေပြီ။

မိုဝူကျိက နတ်ဘုရားဂူသင်္ချိုင်းအကြောင်းကို မည်သို့ နားမလည်ဘဲ ရှိမည်နည်း။ ယခင်က သူပင် နတ်ဘုရားဂူသင်္ချိုင်းထဲ ပို့လွှတ်ခံရလုနီးပါး ဖြစ်ခဲ့ကာ ထျန်းနူနှင့် ဦးဆုံး တွေ့ဆုံခဲ့သည့် နေရာလည်း ဖြစ်ပေသည်။

အကယ်၍ နတ်ဘုရားကမ္ဘာ ပြန်လည် မကောင်းမွန်လာခင်က ဖြစ်ခဲ့လျှင် မိုဝူကျိက နတ်ဘုရားဂူသင်္ချိုင်းဆီ ချက်ချင်း ထွက်သွားမိမည် ဖြစ်၏။ ယခု သူက နတ်ဘုရားဂူသင်္ချိုင်းသည် ပျက်စီးသွားပြီး ယခင်နှင့် တူတော့မည် မဟုတ်ကြောင်း ခံစားမိသည်။ ချူယို့သာ နတ်ဘုရားဂူသင်္ချိုင်းထဲသို့ လွန်ခဲ့သည့်နှစ်များစွာက ဝင်သွားခဲ့သည်ဆိုလျှင် မိုဝူကျိအနေနှင့် သူမ အသက်ဆက်လက် ရှင်သန်နေဖို့ မမျှော်လင့်နိုင်တော့ပေ။

“ ဝေရု၊ တာ့ဟွမ်နဲ့ ရွိုက်ကောတို့ ဂိုဏ်းဆီ ပြန်ပြီးတော့ ကျင့်ကြံချည် … ငါ နတ်ဘုရားဂူသင်္ချိုင်းဆီ တစ်ခေါက် သွားကြည့်လိုက်ဦးမယ် ” ထိုကုန်းမြေသည် ပျက်စီးသွားပြီး နတ်ဘုရားဂူသင်္ချိုင်း ဆက်လက် မတည်ရှိနိုင်တော့ကြောင်း သိထားသော်လည်း မိုဝူကျိက ချူယို့အတွက် တခြားဂိုဏ်းများဆီ သွား၍ လက်စားမချေသေးခင် နတ်ဘုရားဂူသင်္ချိုင်းဆီသို့ ဦးတည်ဖို့ ဆုံးဖြတ်ထားသည်။

ကျင့်ရှင်းကြွယ်က ခေါင်းခါကာ

“ မင်း အခုသွားဖို့ မလိုတော့ဘူး။ ငါ အဲဒီကို ရောက်ပြီးပြီ။ အခု မြေပြန့်လိုမျိုး ပြောင်းလဲသွားပြီ။ အရင် နတ်ဘုရားဂူသင်္ချိုင်းရဲ့ စွမ်းအားမျိုးလည်း မရှိတော့ဘူး။ မင်း သွားရင်တောင် မြေပြန့်တစ်ခုကိုပဲ တွေ့ရလိမ့်မယ် ”

“ ငါ သိပြီ ” မိုဝူကျိက လေအေးများ မှုတ်ထုတ်ကာ  “ တကယ်လို့ အဲဒီမြေက မြေပြန့်တစ်ခု ဖြစ်သွားရင်တောင် ငါ သွားကြည့်ဦးမှာပဲ ”

မိုဝူကျိက ချူယို့ကို ရှာရန် နတ်ဘုရားဂူသင်္ချိုင်းသို့ အရင်ဦးစွာ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက သူမကို ရှာမတွေ့လျှင်ပင် သူ့အနေနှင့် သွားဖို့ လိုအပ်ကြောင်း ခံစားနေမိသည်။ သို့သော်လည်း သူ ပထမဆုံး သွားချင်သည့် နေရာမှာ နတ်ဘုရားဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း ဖြစ်၏။ ကျင့်ရှင်းကြွယ် ပြောသည့် ဂိုဏ်းသုံးခုအနက် နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းသာ  နတ်ဘုရားနယ်မြေအတွင်း ရှိပေသည်။

နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းတွင် သဟဇာတ နတ်ဘုရား တစ်ယောက်ထက် ပိုရှိနိုင်ပေသည်။ သူတို့က ချူယို့အား သေသည့်အထိ တွန်းပို့ခဲ့သောကြောင့် မိုဝူကျိက သူတို့တွင် သဟဇာတ နတ်ဘုရား မည်မျှ ရှိစေကာမူ သူတို့ဂိုဏ်း မြေခအောင် လုပ်ပစ်မည်သာ ဖြစ်၏။ သူက အားလုံးကို မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ ထျဲလန်ရှန်းနှင့် ဝမ်ယွင်ချီကိုတော့ သတ်ပစ်ခဲ့မည်။ မိုဝူကျိ စိတ်ထဲ သူတို့၏ ဂိုဏ်းချုပ်နှင့် ပါရမီရှင် တပည့်ကို သတ်ပြီးသည့်နောက်တွင် မိုဝူကျိက နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းနှင့် မဟာရန်ကြွေး ဖွဲ့မိသွားသလို ဖြစ်ပေမည်။ ထို့ကြောင့် သူနှင့် နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းကြား တစ်ယောက်သာ အသက်ဆက်ရှင်နိုင်လိမ့်မည်။

“ အစ်ကိုကြီး ဝူကျိ … အခုချိန် သွားလို့ မဖြစ်သေးဘူး။ ငါက ကျင့်ကြံဆင့် အခြေတည်အောင် လုပ်ဖို့ ရောက်လာတာ။ ငါသာ ပြီးသွားရင် မင်းကတိကို တည်ရဦးမယ်လေ ” ခွန်းယွင်က လေဟာနယ်ထဲမှ ဆင်းသက်လာသည်။ သူက အိုးကြီးတစ်လုံး သယ်ဆောင်ထားဆဲ ဖြစ်၏။ တစ်ခုတည်းသော ခြားနားချက်မှာ ယခု အိုးအပေါ်တွင် အတားအဆီးများနှင့် ဖုံးလွှမ်းထားသောကြောင့် မိုဝူကျိက အိုးအတွင်းကို မမြင်ရပေ။

မိုဝူကျိ မျက်နှာမှာ မှုန်မှိုင်းသွားပြီး ပြန်ဖြေလိုက်သည်  “ အခု ဖြေရှင်းစရာ ကိစ္စပေါ်လာပြီ။ ဒီမှာ နေပြီး အရင်ကျင့်ကြံနေလိုက်လေ ”

မိုဝူကျိ၏ အမူအယာကို သတိပြုမိကာ ခွန်းယွင်က မိုဝူကျိ ဆုံးဖြတ်ပြီးသွားကြောင်း သိလိုက်၍

“ ကောင်းပြီလေ … ဒီနေရာမှာ ကျင့်ကြံနေလိုက်မယ်။ ဒါပေမဲ့ မင်း စောစောတော့ ပြန်လာဦးနော်။ ပြီးတော့ မင်း လူအများကြီးကို ရန်စထားမိပြီးပြီ မဟုတ်ဘူးလား။ မင်းက လျူရှင်းကိုလည်း ရန်စထားပြီးပြီ မလား … ဟူး ကြည့်ရတာ မင်းနဲ့ လျူရှင်းက တော်တော်ဆင်တာပဲ ”

လျူရှင်းလား …

မိုဝူကျိက ကောင်းကင်လူသားဂိုဏ်းရှိ ရုပ်တုကို ချက်ချင်း သတိရလိုက်သည်။ ထိုရုပ်တု၏ သူ့သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းပေါ် အကြွင်းအကျန် ချန်ရစ်ထားခဲ့သည် မဟုတ်ပါလော။ သူက ထိုစိတ်စွမ်းအားအမျှင်လေးကို ဖယ်ထုတ်ပစ်ဖို့ နှစ်များစွာ ကုန်ဆုံးခဲ့ရသည်။ နောက်ပိုင်းမှ နိဗာန တိတ်ဆိတ်မှုပင်လယ်ထဲ လွှင့်ပစ်လိုက်နိုင်ခြင်း ဖြစ်သည်။

“ လျူရှင်းကို သိတယ်လား ” မိုဝူကျိက သိချင်စွာ မေးလိုက်သည်။

ခွန်းယွင်က နှာခေါင်းရှုံ့ကာ

“ အဲဒီလူရဲ့ တာအိုက မင်းနဲ့ နည်းနည်းဆင်တယ်။ ဒါပေမဲ့ သူက မင်းနဲ့ ယှဉ်လိုက်ရင်တော့ အဝေးကြီး လိုနေသေးတယ်။ တကယ်လို့ မင်းက လူသားတာအို၏ ဘိုးဘေးဆိုရင် အဲဒီကောင်က အခုမှ အပြင်စည်းကို ဝင်လာတဲ့ လူသစ်ပေါက်စလေးပဲ ရှိဦးမယ်။ ဒါပေမဲ့ မင်း အဲဒီကောင်ကို သတိထားတာ ကောင်းလိမ့်မယ်။ သူ့မှာ နောက်ခံကောင်းကောင်း ရှိတယ်။

သူက အရမ်းရက်စက်တဲ့သူကို ရန်စမိလို့ တစစီ လုပ်ခံလိုက်ရပေမဲ့ နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာမှုကြောင့် ဘဝအသစ် ရလာတာ … သူ့အင်အားက မင်းကို အချိန်တိုလေးအတွင်း ကျော်သွားလိမ့်မယ် ”

ခွန်းယွင်က အသံတိုးတိုးဖြင့်

“ မင်း အဲဒီလူရဲ့ အမျိုးသမီးကိုသာ သတိကြီးကြီးထား … တကယ်လို့ အဲဒီမိန်းမကသာ မင်းက လျူရှင်းကို ရန်စထားတာ သိသွားရင်တော့ .... ဟီးဟီး မင်းတော့ သေပြီ … အဲဒီမိန်းမ ဘယ်လောက်ရူးတယ်ဆိုတာ အားလုံး သိကြတယ် ”

“ အဲဆို ခင်ဗျား သူနဲ့ တွေ့ဖူးလား ” မိုဝူကျိက မေးလိုက်သည်။

ခွန်းယွင်က နိဗာန တိတ်ဆိတ်မှုပင်လယ်ပြင်ကို လက်ညိုးထိုးကာ

“ အဲဒီကောင်က နိဗာန တိတ်ဆိတ်မှုပင်လယ်ထဲမှာ အခွင့်အရေးရှာပြီးတော့ ဖန်ဆင်းမှုစွမ်းအားနဲ့ သူ့ခန္ဓာကိုယ်ကို ဖွဲ့စည်းနေတာ … အဲဒီနောက်ကျ ငါက အိုးကြီးကို သယ်ပြီး ပင်လယ်ပြင် ဖြတ်တာ မြင်ရော … အဲဒီကောင်က ငါကို မမှတ်မိဘဲနဲ့ အိုးကို လုဖို့ ကြိုးစားတာပဲ။ ငါကလည်း ဘယ်ရမလဲ … သက်ညှာမပေးဘဲ သူ့ဖင်ကို ကန်လွှတ်လိုက်တယ် ”

မိုဝူကျိက ခွန်းယွင် စကားများသည် မရိုးသားကြောင်း ခံစားမိနေ၍ တည့်တိုးသာ မေးလိုက်သည်

“ ခွန်းယွင် … ခင်ဗျား တစ်ခုခု ဖုံးကွယ်ထားတာလား။ တကယ်လို့ ခင်ဗျား မပြောဘဲနေလို့ ကျုပ် တစ်ခုခု ဖြစ်ခဲ့ရင် ခင်ဗျားကို ဘာမှထပ်ကူညီပေးမှာ မဟုတ်ဘူး ”

“ ဒါပေမဲ့ မင်း သဘောတူပြီးသားလေ ” ခွန်းယွင်က စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။

မိုဝူကျိက ပြန်ဖြေလိုက်သည်  “ ကျုပ် သဘောတူထားပေမဲ့ ကျိန်ဆိုထားတာ မဟုတ်ဘူးလေ။ ကျုပ် စိတ်ပျော်တဲ့အခါ နောင်နှစ်တစ်ရာလောက်နေမှ လုပ်လည်း ရတာပဲ မလား ”

“ မလုပ်ပါနဲ့ကွာ ” ခွန်းယွင်က မိုဝူကျိကို တားလိုက်ပြီး ဆက်ပြောလိုက်သည်

“ အဲတုန်းက ငါ့အိုးထက် မဆိုးလောက်တဲ့ ပန်းကန်လုံးမျိုး မင်းဆီမှာလည်း ရှိတယ်ဆိုပြီး လှစ်ခနဲ ပြောမိသွားတာ  … အဲဒီနောက်ကျမှ မင်းနဲ့ သူနဲ့  မတည့်တာကို သိလိုက်တာ ”

မိုဝူကျိက ခွန်းယွင်အား စိုက်ကြည့်လိုက်သည်။ သူက ခြေချော်လက်ချော် ပြောမိသွားခြင်း မဟုတ်ဘဲ တမင် ထုတ်ပြောလိုက်ခြင်းသာ ဖြစ်ရမည်။ မိုဝူကျိက အကြောင်းအရင်း အတိအကျကို မသိသော်လည်း ခွန်းယွင်က သူ့အပေါ် အခွင့်အရေးယူနေကြောင်း ခန့်မှန်းမိလိုက်၏။

“ အစ်ကိုကြီး ဝူကျိ  တကယ်လို့ မင်း ငါ့ကို အဲဒီပန်းကန်လုံးကို ကြည့်ခွင့် ပေးမယ်ဆိုရင် မင်းကိစ္စကလည်း ငါ့ကိစ္စပဲလေ ” ခွန်းယွင်က မိုဝူကျိ၏ သဘောထားကို အာရုံမစိုက်တော့ဘဲ ရယ်ရယ်မောမော ပြောလိုက်သည်။

မိုဝူကျိက ခွန်းယွင်ကို ဂရုမစိုက်တော့ချေ။ ခွန်းယွင်က မိုဝူကျိတွင် မိုးမြေ မီးပြင်းဖို ရှိနေကြောင်း သံသယ ဝင်နေဟန် ပေါ်၏။ သို့သော်လည်း မီးပြင်းဖိုက သူ့လူသားကမ္ဘာထဲ ရောက်နေသောကြောင့် ခွန်းယွင်က မည်သို့ လှည့်ကွက်မျိုး သုံးစေကာမူ သူက မီးပြင်းဖိုကို ထုတ်လာမည် မဟုတ်ပေ။

မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲထုတ်လိုက်ပြီး ရှေ့တိုးလိုက်သည်။ သူက မြန်မြန် ထွက်သွားသောကြောင့် ပုဆိန်လှံရှည်မှ အလင်းတန်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ခွန်းယွင်က မိုဝူကျိကို စိတ်မပူဘဲ “ လူသား” ဟူသော စာလုံးကို ကြည့်လိုက်သည်  “ မဆိုးဘူးပဲ … ကျင့်ကြံဖို့ အတော်လေး ကောင်းတဲ့ နေရာပဲ ”

……………

နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းသည် နတ်ဘုရားနယ်မြေ၌ ဝမ်ချွမ်းတာအိုကျောင်းတော်ထက် အားမနည်းသော တည်ရှိမှုမျိုး ဖြစ်၏။

နတ်ဘုရားကမ္ဘာစည်းမျည်းများ ပြန်ကောင်းမလာခင် ဂိုဏ်းချုပ် ထျဲလန်ရှန်းက နတ်ဘုရားနယ်မြေ၏ မဟာနတ်ဘုရားဘုရင် ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်ပေသည်။ သူက နတ်ဘုရားဘုရင် လန်လင် ဘွဲ့နာမည်ဖြင့် အဆင့် ၈ ဖြစ်၏။

မိုဝူကျိက ယခင် နတ်ဘုရားနယ်မြေမှ ထွက်ပြေးလာစဉ် နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်း၏ တည်နေရာကို သိလိုက်ရသည်။

နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာပြီးနောက် နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းသည် သေချာပေါက် ဖျက်စီးခံလိုက်ရပြီး အသစ်တည်ဆောက်ထားခြင်းသာ ဖြစ်၏။ သို့သော်လည်း မိုဝူကျိက နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်း၏ နယ်မြေက မပြောင်းလဲသွားကြောင်း ယုံကြည်ထားသည်။

နတ်ဘုရားဘုရင်အဆင့်သို့ တက်လှမ်းပြီးနောက် မိုဝူကျိ၏ အင်အားက သိသိသာသာ တိုးတက်လာသည်။ ကူးသန်းရေး အစီအရင်မရှိဘဲဖြင့် သူက တစ်ရက်အတွင်း နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းရှေ့သို့ ရောက်ရှိလာသည်။

မိုဝူကျိ ခန့်မှန်းထားသည့်အတိုင်း နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းမှာ အပြည့်အဝ ပြန်လည် တည်ဆောက်ပြီးသွားလေပြီ။ အဆင့် ၆ နတ်ဘုရားအစီအရင်က တောင်တန်းတစ်လျှောက်လုံးကို ကာရံပေးထား၏။ ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်အတွင်းရှိ မြင့်မားသော တောင်ထိပ်များသာ လေထုအတွင်း ချိတ်ဆွဲထားသလို ဖြစ်နေသည်။

ရွှေရောင် အဆောက်အဦးများက ပို၍ ကြီးကျယ်လာကာ တိမ်တိုက်အတွင်း  “ နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်း” ဟု ချိတ်ဆွဲထားသည့် စာလုံးများမှလည်း အားကောင်းသော တာအိုအငွေ့အသက်များ ပြသနေသည်။

မိုဝူကျိက ယခင် နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းသည် မည်သို့ ပုံစံမှန်း မသိသော်လည်း ယခုကား ယခင်ထက် ပို၍ ကြီးကျယ်ခမ်းနားကြောင်း သေချာသိလိုက်၏။

နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းရှိ တပည့်များအားလုံး ပြန်မရောက်သေးပေ။ မိုဝူကျိက စိတ်စွမ်းအားဖြင့် ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ဂိုဏ်းအတွင်း တပည့်တစ်ရာကျော်သာ မြင်လိုက်ရသည်။

မိုဝူကျိ၏ စိတ်စွမ်းအားကို အာရုံခံမိကာ ကျင့်ကြံသူတချို့က ကာကွယ်ရေး အစီအရင်အဝင်ဝသို့ ပြေးထွက်လာကြသည်။

မိုဝူကျိက လက်ကို မြှောက်လိုက်သည်နှင့် ပုဆိန်လှံရှည်က သူ့လက်အတွင်း ဆင်းသက်လာသည်။ ပုဆိန်လှံရှည် တစ်ချက်ဝေ့ရုံဖြင့် လေဟုန်ဆန်မြစ်ကြီးက အထက်မှ ကျဆင်းလာသည်။

“ ဝုန်း ” ကျဆင်းလာသော လေဟုန်ဆန်မြစ်ကြီးက ဂိုဏ်း၏ ကာကွယ်ရေး အစီအရင် အခြေခံအုတ်မြစ်ပေါ်သို့ ကျရောက်သွားသည်။

“ ဝုန်း ” နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်တစ်ခုလုံးမှာ ဖျက်စီးခံလိုက်ရ၏။ ဂိုဏ်းရှိ အားလုံးက ပြိုကျပျက်စီးသွားသံကို  ကြားလိုက်ကြသည်။

ဂိုဏ်းအတွင်း အခြေအနေမှာ မိုဝူကျိအတွက် ရှင်းလင်းလာပြီး မိုဝူကျိက စိတ်စွမ်းအားဖြင့် မစစ်ဆေးကြည့်ခင် သူ့လခြမ်းကွေး ပုဆိန်လှံရှည်သည်  အားကောင်းသော စွမ်းအားတစ်ခုအတွင်း  ဆွဲသွင်းခံလိုက်ရသလို ခံစားမိလိုက်၏။ ထို့နောက် မည်းနက်နေသော လခြမ်းကွေး ပုဆိန်လှံရှည် မျက်နှာပြင်အထက်၌ အတားအဆီး သင်္ကေတများစွာ ပေါ်လာသည်။ ထိုသင်္ကေတများက မကြာခင် သူ့ပုဆိန်လှံရှည်ပေါ်မှ ပျောက်ကွယ်သွားလေသည်။

မိုဝူကျိက သူ့လခြမ်းကွေး ပုဆိန်လှံရှည် အဆင့်တက်သွားသည့်အတွက် ဝမ်းမြောက်မိသွားသည်။

ထိုစဉ် သူ့ပုဆိန်လှံရှည်က အလယ်အလတ် မှော်ရတနာနှင့် အတူတူလောက် ဖြစ်ပေမည်။

အမြစ်မဲ့သံမဏိရွှေက အမှန်တကယ် ပစ္စည်းကောင်းလေး ဖြစ်၏။ မိုဝူကျိအား အံ့အားသင့်သွားစေသည်က လခြမ်းကွေး ပုဆိန်လှံရှည် အဆင့်တက်လာမှုသည် သူ ဖျက်စီးလိုက်သည့် ဝိညာဉ်အရေအတွက်ပေါ် မူတည်မနေဘဲ သဘာဝ ဖြစ်စဉ်တစ်ခုသာ ဖြစ်၏။

“ မင်းက ဘယ်ကနေ ရောက်လာတာလဲ။ ငါ့ နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင်ကို ဘယ်သူက ဖျက်စီးရဲတာလဲ။ ငါ ထျဲလန်ရှန်းက မင်း ဘယ်သူလဲဆိုတာ ကြည့်ချင်မိသား ” ဒေါသတကြီးအသံ တစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် တစ်မျက်နှာလုံး မုတ်ဆိတ်မွေးအပြည့် ဖြစ်နေသည့် လူလတ်အရွယ် အမျိုးသားတစ်ယောက်က မိုဝူကျိရှေ့ ရောက်ရှိလာသည်။ မိုဝူကျိ ခန့်မှန်းချက်မှာ မမှားယွင်းပေ။ ဤသူမှာ အစောပိုင်း သဟဇာတနတ်ဘုရားအဆင့်သာ ရှိနေသေး၏။

ထိုမုတ်ဆိတ်မွေးနှင့် လူကြီးဘေးတွင် နတ်ဘုရားဘုရင် သုံးယောက် ပါရှိကာ အားလုံးက နတ်ဘုရားဘုရင် အဆင့် ၁ မျှသာ ရှိသေးကြသည်။

“ မိုဝူကျိ မင်းလား … ငါ့နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်းက မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘူး။ ဘာလို့ ငါတို့ဂိုဏ်းရဲ့ အစီအရင်ကို ဖျက်စီးပစ်ရတာလဲ ” ထျဲလန်ရှန်းက မိုဝူကျိအား မှတ်မိသွားကာ ဒေါသတကြီး ဖြစ်နေသည့် သူ့အသံကို ချိုးနှိမ်လိုက်ရသည်။

နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမလာခင် မိုဝူကျိက နတ်ဘုရားမျိုးနွယ်၏ သဟဇာတ နတ်ဘုရား အဆင့် ၄ ရှိ ပိုင်သိုက်ကို သတ်ပစ်ခဲ့သည်။ ထျဲလန်ရှန်းက မည်မျှ ဂုဏ်မောက်စေကာမူ သူက ပိုင်သိုက်နှင့် ယှဉ်နိုင်လိမ့်မည်ဟု မယုံပေ။

***

All Chapters