အပိုင်း(၅၀၆)
Vol. 34 Ch. 506
ရှစ်ဖုန့်က ငရဲဘုံစွမ်းအင်အား လပြည့်ဓားအတွင်းသို့ ထည့်သွင်းလိုက်ပြီး အရှိန်အဟုန်ဖြင့် နောက်သို့လွင့်
ပျံသွားသော ရှန်းအောင်ရှင်းထံသို့ ပစ်လွှတ်လိုက်သည်။
လပြည့်ဓားက တဝှီဝှီလည်ပတ်ပြီး ပို၍မြန်ဆန်သော အမြန်နှုန်းဖြင့် ရှန်းအောင်ရှင်းထံသို့ပျံသန်းသွားသည်။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်အော်ဟစ်လိုက်၏။
“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်”
“အား”
လပြည့်ဓားကသူ့ထံသို့ပျံသန်းလာ
သည်အားတွေ့လိုက်ရသောအခါတွင် ရှန်းအောင်ရှင်းမှာသူ၏လှံပုဆိန်ဖြင့်တားဆီးချင်ခဲ့သည်။သို့သော် ရုတ်တရက်သူ၏ဦးခေါင်းအားဧရာမ တူကြီးတစ်လက်ဖြင့် ထုရိုက်ခံလိုက်ရသကဲ့သို့ခံစားလိုက်ရ၏။ သူ၏တစ်ကိုယ်လုံးတုန်ယင်သွားပြီး သားရဲရိုင်းတစ်ကောင်ကဲ့သို့
အော်ဟစ်လိုက်သည်။
“ဟမ့်”
ရှစ်ဖုန့်က ၎င်းအားအေးစက်စွာကြည့်လိုက်ပြီး ယွမ်ချီပြန်လည်ဖြည့်တင်းဆေးလုံးများအား ပါးစပ်အပြည့်ဝါးစားလိုက်၏။ လပြည့်ဓားနှင့်အတူ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့်ဆိုလျှင် ဤမြို့အရှင်သခင် ရှန်းအောင်ရှင်းတစ်ယောက် ဤတစ်ကြိမ်၌သေချာပေါက်
သေလိမ့်မည်ဖြစ်သည်။
“ဟမ်”
ရုတ်တရက်ရှစ်ဖုန့်မျက်မှောင်ကြုတ်သွားသည်။ ကြက်သေသေနေသောရှန်းအောင်ရှင်းအား လပြည့်ဓားက သတ်ရန်လုံလောက်သည်ဟု
သူတွေးခဲ့သော်လည်း ရှန်းအောင်ရှင်း၏ရှေ့၌ လေအေးဝဲတစ်ခုပေါ်လာပြီး လပြည့်ဓား၏တိုက်ခိုက်မှုအားတားဆီးလိမ့်မည်ဟုတော့သူမမျှော်လင့်ထားခဲ့ပေ။
“ဘန်း..ဘန်း”
လေအေးဝဲက ရှန်းအောင်ရှင်း၏ရှေ့၌ ထူထဲသောရေခဲလွှာတစ်ခုအဖြစ် သိပ်သည်းသွားသည်။
“ဘန်း..ဘန်း.”
ကြွပ်ဆတ်သောအသံနှစ်ခုထွက်ပေါ်လာ၏။ ပထမတစ်ခုမှာလပြည့်ဓားက ရေခဲနှင့် ပစ်ဆောင့်မိသောအသံဖြစ်ပြီး ဒုတိယမှာ လပြည့်ဓား၏အောက်၌ ရေခဲတို့ကွဲကြေသွားသောအသံဖြစ်သည်။
သို့သော် လပြည့်ဓားက ရေခဲတို့အားအစိတ်စိတ်အမွှာမွှာ
ကွဲကြေသွားစေသော်လည်း ၎င်းအတွင်းရှစ်ဖုန့်ထည့်သွင်းခဲ့
သောစွမ်းအားတို့က ရေခဲ၏စွမ်းအားအောက်၌ မှေးမှိန်ပျောက်ကွယ်သွားပြီး ရှစ်ဖုန့်ထံသို့ လျှင်မြန်စွာပြန်လည်လွင့်ပျံလာသည်။
“ဒီမှာတကယ်ပဲနောက်ထပ်ကျွမ်း
ကျင်သူတစ်ယောက်ရှိနေတာပဲ”
ရှန်းအောင်ရှင်းရှိရာဘက်ခြမ်းသို့ကြည့်၍ ရှစ်ဖုန့်၏မျက်လုံးတို့က စူးစိုက်ထားသည်။ နောက်သို့လွင့်ပျံသွားသော ရှန်းအောင်ရှင်းမှာ ကြက်သေသေနေရာမှာနိုးထာလာပြီး ရပ်တန့်သွား၏။
ဤအချိန်တွင် ဆင်တူသော လေအေးဝဲတစ်ခုက ရှန်းအောင်ရှင်း၏နောက်၌ပေါ်လာသည်။ ထို့နောက် ဝဲက ငွေရောင်ပုံရိပ်တစ်ခုအဖြစ်ဖွဲ့စည်းသွားသည်။ ပုံရိပ်က ဖြည်းဖြည်းချင်းရှင်းလင်းလာသည်။ အသစ်ရောက်လာသူမှာ ရှန်းအောင်ရှင်းနှင့်မြို့အရှင်အိမ်
တော်ပင်မခန်းမ၌ တွေ့ဆုံခဲ့သော ထျန်းခွန်းဂိုဏ်း၏လိပ်နက်ခန်းမအရှင်သခင်ဖြစ်သူ လမ့်ယန်မှလွဲ၍ အခြားမဟုတ်ပေ။
လမ့်ယန်ပေါ်လာလာချင်းတွင် သူ၏နတ်ဆိုးဆန်သောမျက်နှာက မြူနှင်းလွှာတစ်ခုဖုံးလွှမ်းနေသကဲ့သို့အေးစက်မှုအဖြစ်ပြောင်းလဲသွားသည်။ သူက ရှစ်ဖုန့်အားအေးစက်စွာစိုက်ကြည့်နေ၏။
ပြောရလျှင်လမ့်ယန်မှာပုလဲမြို့ဆီသို့ရောက်ခဲ့ပြီးဖြစ်သည်။ပုလဲမြို့မှသူရရှိခဲ့သောပုံတူပန်းချီနှင့် သဲလွန်စများမှတစ်ဆင့် ရှစ်ဖုန့်အားသူသိသည်ဖြစ်၏။ ၎င်းက သူ၏ဂိုဏ်းမှ အဂ္ဂရိတ်သန့်စင်သူ ဟော့ရွှင်းအားသတ်ပစ်ခဲ့သည်
လူသတ်သမားဖြစ်သည်။
အစောပိုင်းက လမ့်ယန်မလှုပ်ရှားရသည့်အကြောင်းပြချက်မှာ အမှေင်ထုထဲ၌ပုန်းအောင်းနေပြီး ရှစ်ဖုန့်၏စွမ်းအားအားစမ်းသပ်ရန်အတွက် ရှန်းအောင်ရှင်းကိုအသုံးပြုလို
သောကြောင့်ဖြစ်သည်။
ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်က ရှန်းအောင်ရှင်းအား အနိုင်ယူနို်ငလိမ့်မည်ဟု လမ့်ယန် မျှော်လင့်မထားခဲ့ပေ။ သူက ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်ပြီး ရှန်းအောင်ရှင်းနှင့်တူညီသည်ဖြစ်၏။ အကယ်၍ဤလူငယ်က ရှန်းအောင်ရှင်းအားအနိုင်ယူနိုင်ခဲ့လျှင် သူ့ကိုလည်းအနိုင်ယူနိုင်သည်ဖြစ်သည်။
ထို့ကြောင့်လမ့်ယန်မှာ ရွေးချယ်စရာမရှိသော်လည်း ရှန်းအောင်ရှင်းကိုကယ်တင်ခဲ့ခြင်းဖြစ်သည်။ ရှန်းအောင်ရှင်းနှင့်အတူတကွပူး
ပေါင်း၍ဤလူသတ်သမားအားဖမ်းဆီးပြီး ၎င်းအားထျန်းခွန်းဂိုဏ်းသို့ ယူဆောင်သွားရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ရှန်းအောင်ရှင်းမှာသေခြင်းတရားမှလွတ်မြောက်သွားသော်လည်း သူ၏မျက်နှာထက်၌တုန်လှုပ်အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ သူ့ဘေး၌ပေါ်လာသော လမ့်ယန်အားကြည့်၍အလျှင်အမြန်ကျေးဇူးတင်လိုက်သည်။
“အကိုလမ့်..ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်…ဒီကလေးက အရမ်းထူးဆန်းတယ်. သူ့လက်ထဲကျုပ်ကျရောက်လုနီးပါးပဲ.. ကျုပ်ဂရုစိုက်မှရမယ်”
သူသေလုနီးပါးဖြစ်ခဲ့သကဲ့သို့ သူ့သား၏သေဆုံးမှုအပေါ်ဖြစ်ခဲ့
သောဒေါသတို့မှာလည်း ဖြည်းဖြည်းချင်းလျော့ကျသွားသည်။ဤအချိန်တွင် ရှန်းအောင်ရှင်းတွေးမိလိုက်သည်။ သူကသားဖြစ်သူအားဆုံးရှုံးလိုက်ရသော်လည်း နောက်ထပ်တစ်ယောက်ရရန်အ
တွက်အခြားနည်းလမ်းတစ်ခုအားသူရှာနိုင်သည်ဖြစ်သည်။ သို့သော် အကယ်၍ သူသာသေဆုံးသွားခဲ့လျှင် သူ့ဖခင်၏အမွေအနှစ် ၊အောင်မြင်မှုများနှင့်အရာအားလုံး
အားဆုံးရှုံးသွားရလိမ့်မည်ဖြစ်၏။
“ကျုပ်နားလည်ပြီ”
လမ့်ယန်မှာရှန်းအောင်ရှင်း၏ စကားအားကြားပြီးနောက်လေး
နက်စွာခေါင်းညိမ့်လိုက်သည်။ သူ၏အကြည့်တို့က ရှစ်ဖုန့်အပေါ်၌ ကျရောက်နေဆဲဖြစ်ပြီးပြောလိုက်သည်။
“ဒီသူတောင်းစား.သူ့ကိုဒီနေ့
ကျုပ်တို့အနိုင်ယူရမယ်..အကိုရှန်း အကိုကသူ့ရဲ့ဒန်တန်ကိုဖျက်ဆီးပစ်ပြီးတော့ သူ့ကိုတစ်ပိုင်းသေတဲ့အထိနှိပ်စက်ပစ်ပါ.. ကျုပ်က သူ့ကိုနောက်ဆုံးထွက်သက်နဲ့အတူ ထျန်းခွန်းဂိုဏ်းဆီပြန်ခေါ်သွားမယ်”
“ဘာ”
လမ့်ယန်၏စကားအားကြား
လိုက်ရပြီးနောက် ရှန်းအာင်ရှင်းတုန်လှုပ်အံ့အား
သင့်သွားရသည်။ လမ့်ယန်၏စကားများအားကြားပြီးနောက် ဤသူတောင်းစားကသူ့သားဖြစ်သူကိုသတ်ခဲ့ရုံသာမက အဂ္ဂရိတ်ဆရာ ဟော့ရွှင်းကိုပါသတ်ပစ်ခဲ့သည်ကို ရှန်းအောင်ရှင်းသိလိုက်သည်။
ရှစ်ဖုန့်ကရှန်းအောင်ရှင်းနှင့်
လမ့်ယန်အားကြည့်လိုက်သည်။ ဤအချိန်တွင် သူ့အနေဖြင့် ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်နှစ်ယောက်နှင့်ရင်ဆိုင်နေရသည်ဖြစ်သည်။
“တိုက်”
ရှစ်ဖုန့်က ကြောက်ရွံ့ခြင်းမရှိပေ။ သူကအော်ပြောလိုက်ပြီး သူ့ရှေ့ရှိလူနှစ်ယောက်ထံသို့ပျံ
သန်းသွားလိုက်သည်။ ပျံသန်းနေရင်းသွေးနီရောင်အလင်းကသူ၏ကိုယ်ပေါ်၌လင်းလက်လာကာ သွေးနီရောင်ချပ်ဝတ်က
သူ့ကိုယ်ပေါ်၌ပေါ်လာသည်။
“သတ်..”
“သတ်စမ်း”
ရှစ်ဖုန့်၏လှုပ်ရှားမှုအားတွေ့လိုက်ရသောအခါတွင် ရှန်းအောင်ရှင်းနှင့်လမ့်ယန်တို့ ပြိုင်တူအော်ပြောလိုက်သည်။ “သတ်”ဟု နှစ်ယောက်စလုံးက အော်လိုက်၏။ ထို့နောက် ပုံရိပ်နှစ်ခုက ရှစ်ဖုန့်ထံပျံသန်းသွားသည်။
“ငရဲဘုံကိုးခု လခြမ်းကွေးခုတ်ပိုင်းချက်”
ရှစ်ဖုန့်အော်ပြောလိုက်သည်။
ပုံရိပ်သုံးခုမနီးကပ်လာခင် ရှစ်ဖုန့်က လက်ဦးမှုရယူ၍ တိုက်ခိုက်လိုက်၏။ သူကသွေးသောက်ဓားအား သူ၏ရှေ့သို့လွှဲယမ်းလိုက်ပြီး ဧရာမ လခြမ်းကွေးသဏ္ဍန်ဓားချီကြီးက ရှစ်ဖုန့်ကြောင့်ပေါ်လာသည်။ ၎င်းက သူ့ရှေ့ရှိပုံရိပ်နှစ်ခုထံသို့ ခုတ်ပိုင်းလိုက်သည်။
“မိုးကြိုးလျှပ်စီးချိုးဖျက်ခြင်း”
ခက်ထန်သော အမူအယာက တစ်ခုက ရှန်းအောင်ရှင်း၏ ခံ့ညားသောမျက်နှာထက်တွင်ပေါ်လာသည်။ သူ၏လက်အတွင်း လှံပုဆိန်အားမြှောက်လိုက်ပြီး ပြင်းထန်သော ခရမ်းရောင်လျှပ်စီးကြောင်းများက ရှန်းအောင်ရှင်း၏အထက်၌ပေါ်လာ၏။ ၎င်းတို့က လှံပုဆိန်၏ဆွဲယူမှုအားခံလိုက်ရသကဲ့သို့ လှံပုဆိန်ထံသို့ သိမ်းကျုံးဦးတည်လာကြသည်။ တစ်ချိန်တည်းမှာပင် လှံပုဆိန်က အောက်သို့ရုတ်တရက်ကျဆင်းလာပြီး သူ့ထံသို့ခုတ်ပိုင်းလာသော အဖြူရောင်ဓားချီထံသို့ ကျဆင်းသွားသည်။
“ဝုန်း”
ပြင်းထန်သော မိုးချုန်းသံနှင့်အတူ လှံပုဆိန်ကြောင့် အဖြူရောင်ဓားချီက ရုတ်ခြည်းဖျက်ဆီးခံလိုက်ရပြီး ပါးလွှာသောလေထုထဲ၌မှေးမှိန်
ပျောက်ကွယ်သွားသည်။
“ရေလှိုင်းပင်လယ်သားရဲ”
ဤအချိန်တွင် လမ့်ယန်ကအော်ပြောလိုက်သည်။သူက သူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုကိုပုံဖော်လိုက်ပြီး သူ၏လက်ဖဝါးတို့အားရှေ့သို့ တွန်းထုတ်လိုက်သည်။
“ဝှစ်ရှ်…ဝှစ်ရှ်..ဝှစ်ရှ်”
လမ့်ယန်၏ရှေ့၌ ပင်လယ်ပြင်အတွင်းဧရာမလှိုင်းလုံးကြီးများရိုက်ခတ်သည့်အသံများပေါ်လာသည်။ ယင်းမှာလေထုကကျိုးပေါက်သွားသကဲ့သို့ ဧရာမလှိုင်းလုံးကြီးများက နောက်ပြန်စီးဆင်းနေသည်။
ဟင်းလင်းပြင်တစ်ခုလုံးမှာ ရုတ်တရက်လေထဲရှိမြစ်တစ်စင်းကဲ့သို့ပြောင်းလဲသွားသည်။ လှိုင်းလုံးများက အုံကြွနေပြီးတလိပ်လိပ်ဖြစ်နေသည်။ နောက်ဆုံးတွင် တောင်တစ်လုံးအရွယ်အစားရှိသော ပင်လယ်သားရဲတစ်ကောင်၏ပုံစံအဖြစ်ဖွဲ့စည်းသွား၏။ ၎င်း၏မျက်နှာကကြမ်းကြုတ်ခက်ထန်နေပြီး ရှစ်ဖုန့်ထံသို့ ဦးတည်လာသည်။
“သွား”
ရှစ်ဖုန့်ကအော်ပြောလိုက်ပြီး သူ၏ဘက်လက်ထဲရှိလပြည့်ဓားက သူ၏လက်ဖဝါးအတွင်း၌ စတင်အရှိန်အဟုန်ဖြင့်လည်ပတ်လာသည်။ ဤတစ်ကြိမ်တွင်လပြည့်ဓားက မီးခိုးဖြူရောင်မီးတောက်တို့လောင်ကျွမ်းနေပြီး လေမီးတောက်ဘီးတစ်ခုအဖြစ်သို့
ပြောင်းလဲသွားသည်။
အလွန်လျှင်မြန်စွာဖြင့် ရှစ်ဖုန့်ကသူ့ထံသို့ဦးတည်လာနေသော ပင်လယ်သားရဲထံသို့လပြည့်
ဓားအားပစ်လွှတ်လိုက်သည်။
လေမီးတောက်ဘီးအဖြစ်သို့
ပြောင်းလဲသွားသော လပြည့်ဓားက ပင်လယ်သားရဲ၏ရှေ့သို့လျှင်မြန်စွာ
ရောက်ရှိသွားသည်။ ဤအချိန်တွင် ပင်လယ်သားရဲကြီး၏ ဧရာမကိုယ်ကြီးက လေမီးတောက်ဘီးထံသို့တစ်ဟုန်ထိုးရောက်ရှိလာသည်။
“ဘန်း”
မြေကမ္ဘာအက်ကွဲမတက် ပေါက်ကွဲသံတစ်ခုကဟင်းလင်းပြင်ထဲ၌ထပ်မံမြည်ဟိန်းလာသည်။ထို့နောက်ချက်ချင်း အောက်တွင်ရှိနေသောပွဲကြည့်
ပရိတ်သတ်များမှာ ပင်လယ်ရေတို့မှဖွဲ့စည်းဖြစ်ပေါ်လာသော ဧရာမပင်လယ်သားရဲကြီးက ရုတ်ခြည်းလဲပြိုကျသွားပြီး ပြင်းထန်သောရေစီးကြောင်း
အဖြစ်ပြောင်းလဲသွားကာ အောက်ရှိ ရှန်းဟွေ့မြို့ဆီသို့သွန်းလောင်း
ကျဆင်းလာသည်ကို တွေ့လိုက်ကြရသည်။
“အား.အား..အား..အား..အား”
ရှန်းဟွေ့မြို့အတွင်းရှိရာပေါင်း
များစွာသောလူများမှာ ဤမြင်ကွင်းအားမြင်တွေ့
လိုက်ရသောအခါတွင် ရုတ်တရက်ထိန်းမနိုင်သိမ်း
မရလောက်အောင်ကြောက်စိတ်မွှန်
သွားကြသည်။ သူတို့စတင်လူစုခွဲ၍ ဦးတည်ချက်အနှံ့သို့ထွက်ပြေးကြ၏။
လပြည့်ဓား၏ပြင်းထန်သောစွမ်းအားအောက်၌လမ့်ယန်ဆင့်ခေါ်ခဲ့သော ရေလှိုင်းပင်လယ်သားရဲကြီးက ပြိုလဲသွားသည်မှာသိသာသည်ဖြစ်သည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE