← Chapters

နတ်ဘုရားအရိုက်အရာ

Vol. 78 Ch. 1076

နတ်ဘုရားအရိုက်အရာ

Vol. 78 Ch. 1076

“ ဂိုဏ်းချုပ်မို …. စည်းမျည်းအက်ကြောင်းမှာ ရှိတုန်းက နတ်ဘုရားကမ္ဘာရဲ့ စည်းမျည်းတွေ ပြန်ကောင်းလာတော့မယ်ဆိုတာ သိတယ်မလား။ ပြီးတော့ နတ်ဘုရားနယ်မြေ၊ နတ်ဘုရားကုန်းမြေနဲ့ နိဗာန တိတ်ဆိတ်မှုပင်လယ်နဲ့ နတ်ဘုရားမျိုးနွယ်ကလည်း နတ်ဘုရားကမ္ဘာ အပိုင်ဆိုတာ သိထားတယ်မလား ” လီထန်းက မေးလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ပြကာ  “ အင်း ကျုပ် သိပါတယ် ”

“ အဲဆို ကျုပ်တို့တွေ နတ်ဘုရားအသွင်သဏ္ဍာန် ဘာလို့ ဖွဲ့စည်းဖို့ လိုတာလဲဆိုတာရော သိလား ” လီထန်းက ထပ်မေးလိုက်သည်။

မိုဝူကျိက လီထန်းသည် တစ်စုံတစ်ခုဆီ ဦးတည်ချက်ထား၍ မေးနေကြောင်း သိလိုက်သည်။ သို့သော်လည်း သူက ထိုသို့မေးခွန်းမျိုးကို ဖြေပေးဖို့ရာ စိတ်ထဲ မထားပေ  “ နတ်ဘုရားအသွင်သဏ္ဍာန် မဖွဲ့စည်းနိုင်ရင် ကောင်းကင်နတ်ဘုရားအဆင့် မတက်လှမ်းနိုင်ဘူးလို့ ပြောကြလို့ မဟုတ်ဘူးလား ”

လီထန်းက သက်ပြင်းချကာ

“ ဟုတ်တယ် … နတ်ဘုရားအသွင်သဏ္ဍာန် မဖွဲ့စည်းနိုင်တဲ့သူက ကောင်းကင်နတ်ဘုရားအဆင့် မတက်လှမ်းနိုင်ဘူးဆိုတာ အမှန်ပဲ။ ဒါပေမဲ့  နတ်ဘုရားအရိုက်အရာဆိုတာရော ကြားဖူးလား ”

မိုဝူကျိက အနည်းငယ် မျက်မှောင်ကျုတ်မိသွားသည်။ သူက နတ်ဘုရားအရိုက်အရာအကြောင်း ကြားဖူးသော်လည်း ထိုကိစ္စရပ်အပေါ် သူ့ဗဟုသုတမှာ နည်းပါးလွန်းလှသည်။

မိုဝူကျိ မဖြေခင် လီထန်းက လေးလေးနက်နက် ဆက်ပြောပြလိုက်သည်  “ ဂိုဏ်းချုပ်မို … ကျုပ်တို့က တာအိုကို ဘာလို့ ကျင့်ကြံတာလဲ ”

မိုဝူကျိက ယုံကြည်ချက်အပြည့်ဖြင့်  “ အဲဒါက ကျုပ်တို့တွေ မိုးမြေတိုက်စားမှု မခံရဘဲနဲ့ ချစ်မြတ်နိုးရသူတွေနဲ့ အမြဲတမ်း အတူရှိနေနိုင်အောင်လို့လေ ”

ကျင့်ကြံသူများ တာအိုလမ်းစဉ် လိုက်ကြသည့် အကြောင်းအရင်းမှာ ထာဝရအသက်ရှင်သန်ဖို့ ဖြစ်ပေသည်။ သို့သော် မိုဝူကျိအတွက် ထာဝရအသက်ရှင်သန်ဖို့အပြင် သူ လုပ်ချင်တာ လုပ်ရဖို့အတွက် တိတ်ဆိတ်ငြိမ်သက်မှုကို လိုချင်မိသည်။ သူက တခြားသူများကို မနှောင့်ယှက်သလို တခြားသူများကလည်း သူ့အား လာရောက်မနှောင့်ယှက်ဖို့ မျှော်လင့်မိသည်။ သူက ထိုအတွေးများကို ထုတ်ပြောနေစရာတော့ မလိုပေ။ နမူနာအားဖြင့် အင်မော်တယ်လောက၌ သူက ဖင်းဖန်းကို တည်ထောင်ခဲ့ပြီး နတ်ဘုရားလောက၌မူ လူသားဂိုဏ်းကို တည်ထောင်ခဲ့ပေသည်။

သူ့ချစ်မြတ်နိုးရသူများနှင့် အတူရှိနေနိုင်ဖို့ ကိစ္စကား သူ့ရိုးသားဆုံး ခံစားချက်ထဲမှ တစ်ခု ဖြစ်၏။ အကယ်၍ တာအိုကျင့်ကြံခြင်းကြောင့်သာ မဟုတ်လျှင် ချိန်စုယင်မှာ လွန်ခဲ့သည့်အခေါက်ကတည်းက ပျောက်ကွယ်သွားလောက်လေပြီ။ ကျင့်ကြံရေးကြောင့် ချိန်စုယင်က ယခုအချိန်အထိ ရှိနေဆဲ ဖြစ်၏။ သူက သူမကို ရှာမတွေ့သေးရုံသာ ဖြစ်၏။

လီထန်းက ဆက်ပြောလိုက်သည်

“ တကယ်တော့ ကျုပ်တို့တွေ သဟဇာတ နတ်ဘုရားအဆင့်အထိ ရောက်ရင်တောင် ထာဝရအသက်ကို မရနိုင်သေးဘူး။ ကျုပ်တို့တွေ ပိုအားကောင်းလာတဲ့အခါတောင် အချိန်စီးကြောင်းထဲကို ရောက်သွားဦးမှာပဲ ”

“ ဘာလို့လဲ ” မိုဝူကျိက တုန်လှုပ်တကြီး မေးလိုက်သည်။

လက်တွေ့၌ မိုဝူကျိက သက်တမ်းအကြောင်း တစ်ခါမှ မတွေးကြည့်ဖူးပေ။ ကျင့်ကြံသူအများစုက အချိန်တော်တော်များများကို ကျင့်ကြံရေးဖြင့်သာ ကုန်ဆုံးလေ့ ရှိကြသည်။ ကျင့်ကြံခြင်းဖြင့် သူတို့က သူတို့ကျင့်ကြံဆင့်ကို မြင့်တင်နိုင်သောကြောင့် သက်တမ်း ပိုရှည်လာကြသည်။ သို့သော်လည်း ကျင့်ကြံသူအများစုက သက်တမ်းကို ဆက်လက် ဆွဲဆန့်ဖို့ ကျင့်ကြံဖို့ လိုအပ်ကြသည်။ မဟုတ်လျှင် သူတို့က မြေကြီးထဲ ပြန်သွားရဦးမည်သာ ဖြစ်၏။

မိုဝူကျိက သူ့တွင် သက်တမ်းမည်မျှ ကျန်ရှိမှန်း မသိပေ။ သို့သော် သူက နောက်ထပ် နှစ်သန်းချီ ကျန်ရှိနေသည်ဟု ယုံကြည်နေမိသည်။

သူက ကျင့်ကြံဆင့် မြင့်တက်လာသည်နှင့် သက်တမ်းမှာ မတိုင်းတာနိုင်လောက်သည့် အနေအထားသို့ ရောက်နေပြီ ဖြစ်ကြောင်း အမြဲတမ်းလိုလို တွေးမိခဲ့သည်။ သို့သော် ယနေ့တွင် လီထန်း၏ စကားများကို ကြားလိုက်ပြီးနောက် သူက ရုတ်ချည်း အသိပြန်ဝင်လာ၏။

လီထန်းက လေးနက်စွာ ပြောပြလိုက်၏

“ နတ်ဘုရားအရိုက်အရာ ပိုင်ဆိုင်ထားတဲ့သူတွေပဲ ထာဝရအသက်ရှင်နိုင်တာ …. သူတို့တွေက တာအိုကို အစစ်အမှန် ထိန်းချုပ်နိုင်တဲ့သူတွေ ဖြစ်လို့တဲ့။ ကနဦး နတ်ဘုရားတွေက နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းဖို့ လိုတာက သူတို့တွေ နတ်ဘုရားအရိုက်အရာကို ကြိုးပမ်းနိုင်အောင်လို့ပဲ။ နတ်ဘုရားအသွင်သဏ္ဍာန် မဖွဲ့စည်းနိုင်တဲ့သူတွေကတော့ ကောင်းကင်နတ်ဘုရားအဆင့် ရောက်လာရင်တောင် နတ်ဘုရားအရိုက်အရာကို မရနိုင်ဘူး  ”

နတ်ဘုရားလောက၌ ကျင့်ကြံသူမြောက်များစွာ ရှိသော်လည်း နတ်ဘုရားအရိုက်အရာ အရေအတွက်မှာ ကန့်သတ်ထားလေ၏။ အားလုံးက နတ်ဘုရားအရိုက်အရာကို မရနိုင်ကြပေ။ လူအများစုအနက် ကျင့်ကြံဆင့် အမြင့်ဆုံးရှိသူများပင်လျှင် နတ်ဘုရားအရိုက်အရာ လက်အောက်သာ ကျန်ရှိခဲ့ကြသည်။

မိုဝူကျိက ထပ်မမေးတော့ပေ။ သူနှင့် အရမ်းကို အလှမ်းကွာလွန်းနေသေး၏။ သူက လီထန်းအား ကြည့်ကာ မေးလိုက်၏  “ တာအိုရောင်းရင်း လီထန်းက ဒါတွေကို ရုတ်တရက်ကြီး ဘာလို့ ပြောပြနေတာလဲ ”

“ အဲဒါက ကျုပ် ရထားတဲ့ အချက်အလက်အရဆိုရင် နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာပြီးတဲ့နောက် အဲဒီ အာဏာစက်ပိုင် နတ်ဘုရားရဲ့အာရုံစိုက်မှုကို ခံရလိမ့်မယ်တဲ့  …. သူတို့သာ နတ်ဘုရားကမ္ဘာကို မျက်စိကျသွားရင် ကျုပ်တို့တွေရဲ့ သေခြင်း၊ ရှင်ခြင်းက သူတို့လက်ထဲမှာ ဖြစ်သွားလိမ့်မယ် ” လီထန်း အသံတွင် ကူကယ်ရာမဲ့မှုများ ပါဝင်နေသည်။

ဝမ်မင်ယန်က အသေအချာ ဝင်ပြောလိုက်သည်

“ ဂိုဏ်းချုပ်မို … တာအိုရောင်းရင်း လီထန်းရဲ့ စကားတွေက အမှန်ပါ။ ကျုပ်တို့ လုပ်ကြံပြောဆိုနေတာ မဟုတ်ပါဘူး။ အရင် နတ်ဘုရားကမ္ဘာ ပြီးပြည့်စုံသွားတော့ ဒီလို အခြေအနေမျိုး ဖြစ်လာဖူးတယ်။

နတ်ဘုရားကမ္ဘာက တစစီ ဖြစ်သွားပြီးတော့မှ အဲဒီ အာဏာစက်ပိုင် နတ်ဘုရားတွေက အာရုံမစိုက်ကြတော့တာ။ သူတို့အမြင်မှာ ကျုပ်တို့က  ရေမြောင်းထဲက ငါးလိုမျိုးပဲ … တကယ်လို့ ဒီရေမြောင်းသာ ပင်လယ်ကြီး ဖြစ်လာရင် ကျုပ်တို့က သူတို့အနေအထားကို ခြိမ်းခြောက်နိုင်တဲ့ အခွင့်အရေးမျိုးတွေနဲ့ ကြုံလာရနိုင်တယ်။ ဒီကိစ္စတွေ ဖြစ်မလာခင် အခြေအနေတွေ မငြိမ်သက်မှာကိုပဲ စိတ်ပူမိတယ်ဗျာ ”

ဟုန်ချီလည်း ဝင်ပြောလိုက်သည်  “ ဂိုဏ်းချုပ်မိုနဲ့ ဒီကိစ္စကို လာဆွေးနွေးတာအပြင် ကျုပ်တို့တွေ တိုင်ပင်ဖို့ ရောက်လာတာပါ ”

မိုဝူကျိက နားလည်သွားလေသည်  “ ခွန်းယွင်နဲ့ လာတိုင်ပင်ချင်တာမလား ”

လီထန်းက မတ်တတ်ထရပ်ကာ  “ ဟုတ်ပါတယ် … ကျုပ်တို့တွေ စီနီယာခွန်းယွင်နဲ့ တိုင်ပင်ချင်လို့ပါ ”

ခွန်းယွင်၏ အာခေါင်သံက ထွက်ပေါ်လာသည် “ မင်းတို့တွေ လုပ်တာ မှန်တယ်။ ပြီးတော့ မင်းတို့ ဒီကိစ္စအပေါ် သိထားတာ မနည်းဘူးပဲ ”

သူ့အသံထွက်လာပြီးနောက် ခွန်းယွင်၏ ပုံရိပ်က ခန်းမအတွင်း ရောက်ရှိလာသည်။

“ စီနီယာ …” သူတို့က အိုးတစ်လုံးနှင့် ခွန်းယွင်ကို မြင်လိုက်သည့်အခါ ဟုန်ချီ၊ လီထန်းနှင့် ဝမ်မင်ယန်တို့ အားလုံးက ထရပ်ကာ ဂါရဝပြုလိုက်ကြသည်။

ခွန်းယွင်က ထိုအုပ်စုကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက မိုဝူကျိဘက် လှည့်ကာ

“ ညီအစ်ကို  ဝူကျိ … အဲဒါက ငါ မင်းအကူအညီ လိုအပ်နေတဲ့ အကြောင်းအရင်းပဲ။ ငါက နတ်ဘုရားကမ္ဘာ စောစောစီးစီး ပြန်ကောင်းလာလိမ့်မယ်လို့ မထင်ထားမိလိုက်ဘူး။ အခု ဒီကိစ္စက ငါ့ကို အလျှင်လိုသွားစေပြီ။ နတ်ဘုရားကမ္ဘာ ပြန်ကောင်းတာနဲ့ ဒီနေရာက အရင်လောက် ဘေးကင်းနေမှာ မဟုတ်တော့ဘူး။ ဒီနေရာကို အရှက်မရှိတဲ့လူတွေ လိုချင်တပ်မက်လာကြလိမ့်မယ် ”

“ တကယ်လို့ ပြောစရာရှိတာ တည့်တိုးသာ ပြောလိုက် … ဘာမှကွေ့ဝိုက်မနေစမ်းပါနဲ့ ” မိုဝူကျိက ခွန်းယွင်သည် သူ့အကူအညီကို လိုချင်ကြောင်း သိထားသည်။ သူက ခွန်းယွင် လိုအပ်နေသည့် အကူအညီမှာ မည်သို့အရာမှန်း အခုထိ မသိသေးရသေးပေ။

ခွန်းယွင်က ရယ်မောလိုက်ပြီးနောက် ထိုင်ကာ

“ ညီအစ်ကို ဝူကျိက နတ်ဘုရားဘုရင် ဖြစ်နေပြီဆိုတော့ နတ်ဘုရားဘုရင်နောက်က အဆင့်က သဟဇာတ နတ်ဘုရားဆိုတာ သိတယ်မလား။ တကယ်လို့ သဟဇာတ နတ်ဘုရားအဆင့်ထက် ကျော်သွားမယ်ဆိုရင်ရော ဘာဖြစ်နိုင်မလဲ ”

ခွန်းယွင်၏ သာမာန်ကာလျှံကာ မေးခွန်းက အားလုံးကို နားစွင့်သွားစေသည်။ မိုဝူကျိ တစ်ယောက်တည်း သိချင်နေခြင်း မဟုတ်ပေ။ ကျန်လူများလည်း အတူတူ ဖြစ်၏။

မိုဝူကျိက ဆရာ မရှိပေ။ သူ့လူသားတာအိုမှာ သူ့ချီသွေးကြောများမှ ထုဆစ် ဖန်တီးထားခြင်း ဖြစ်၏။ သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းကြောင့် လက်ရှိအဆင့်၏ ထိပ်ဆုံးသို့ ရောက်ပြီးသည့်နောက်တွင် နောက်တဆင့်သို့ အလိုလို တက်လှမ်းနိုင်စွမ်း ရှိပေသည်။ ထိုအကြောင်းအရင်းကြောင့် သူက သဟဇာတ နတ်ဘုရားအဆင့်နောက်တွင် မည်သည့်အဆင့် ဖြစ်ကြောင်း သေချာမစဉ်းစားမိခြင်း ဖြစ်၏။

ခွန်းယွင်က အပြုံးကို ပြန်ရုတ်သိမ်းကာ လေးလေးနက်နက် ပြောလိုက်သည်

“ နတ်ဘုရားကမ္ဘာ စည်းမျည်းတွေ ပြန်ကောင်းလာပြီဆိုတာပဲ ထင်မနေကြနဲ့။ ဒီပြန်ကောင်းမွန်လာတဲ့ နတ်ဘုရားကမ္ဘာက နတ်ဘုရားဘုရင်တွေကို သဟဇာတ နတ်ဘုရားအဆင့် ရောက်သွားအောင် ခွင့်ပြုပေးလိုက်ပေမဲ့ မင်းတို့ကို ပြောပြရဦးမယ်။ ဒီနတ်ဘုရားကမ္ဘာ တစ်ခုလုံးမှာ သဟဇာတ နတ်ဘုရားအဆင့်ကို ကျော်ပြီး နောက်တဆင့် ရောက်နိုင်မဲ့သူ မရှိလောက်ဘူး ”

မိုဝူကျိက ရယ်မောကာ  “ အစ်ကိုခွန်းယွင်  … ကျုပ်ကို မနောက်ပါနဲ့ဗျာ။ ခင်ဗျားရဲ့ အဆင့်က သဟဇာတ နတ်ဘုရားအဆင့် အထက်မှာ မဟုတ်ဘူးလား ”

ခွန်းယွင်က ခေါင်းခါကာ  “ ငါက သဟဇာတ နတ်ဘုရားအဆင့်အထက်မှာဆိုပေမဲ့ ငါက နတ်ဘုရားကမ္ဘာက လူ မဟုတ်ဘူးလေ။ ငါက အာဏာစက်ပိုင် နတ်ဘုရား တည်ရှိမှုပဲ ”

ခွန်းယွင်က အရိုက်အရာ နတ်ဘုရားတစ်ယောက် ဖြစ်ကြောင်း ကြားသောအခါ လီထန်းတို့က လုံးဝကို တိတ်ဆိတ်သွားကြလေသည်။

ခွန်းယွင်က နှေးနှေးဖြင့် လေးလေးနက်နက် ပြောပြလိုက်သည်  “ သဟဇာတ နတ်ဘုရားအဆင့် နောက်က ဝိဇ္ဇာတပိုင်းအဆင့်ပဲ … ”

မိုဝူကျိက “ ဝိဇ္ဇာတပိုင်း” အဆင့်ဟု ကြားလိုက်သောအခါ နှလုံးခုန်နှုန်းပင် မြန်ဆန်လာမိသည်။ သူက ချက်ချင်း ရယ်မောကာ  “ အဲဒီနောက်မှာ ဝိဇ္ဇာအဆင့်လား ”

ခွန်းယွင်က မျက်နှာထားတည်တည်ဖြင့် ခေါင်းညိတ်ကာ

“ ဟုတ်တယ် … ဝိဇ္ဇာတပိုင်းအဆင့်နောက်က အဆင့်က ဝိဇ္ဇာအဆင့်ပဲ။ ဒါပေမဲ့ ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ဝိဇ္ဇာအရေအတွက်က ရှစ်ယောက်တောင် မကျော်ဘူး။ အရေအတွက်မှာ ရှစ်ယောက်မှာတင် ကန့်သတ်ထားရုံ မကဘူး။ အင်မတန် အင်မတန် ကံကောင်းတဲ့သူမှ ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်နိုင်လိမ့်မယ် ”

မိုဝူကျိက တရုတ်ဒဏ္ဍာရီများအကြောင်း ပြန်လည် အမှတ်ရလိုက်၏။ ဘိုးဘေး ဟုန်ကျွင်းလည်း ဝိဇ္ဇာတစ်ဦး ဖြစ်ခဲ့သည်။ သူ့တပည့် ခြောက်ယောက်တို့သည်လည်း ဝိဇ္ဇာများ ဖြစ်ကြသည်။ ဝိဇ္ဇာအရေအတွက် စုစုပေါင်းမှာ ခုနှစ်ယောက်သာ ရှိနေသေး၏။

( မှတ်ချက် - ဟုန်ကျွင်း တပည့်များအနက် ထိပ်သီးဆရာသခင် လောင်ဇီ၊ ဗုဒ္ဓ၊ ဗောဓိ၊ ဖန်းဂူ၊ ထုံထျန်းနဲ့ ကောင်းကင်အုပ်စိုးသူ ယွမ်ရှီတို့ ပါဝင်၏။  ဒဏ္ဍာရီတချို့မှာတော့ ဟုန်ကျွင်းက နူဝါရဲ့ ဆရာလို့လဲ ဆိုကြတယ် )

ခဏ မဟုတ်သေးပါဘူး …. ဘိုးဘေး ဟုန်ကျွင်းက ဝိဇ္ဇာအဆင့်ရဲ့ အထက်မှာ ဖြစ်လိမ့်မယ် …

ထိုဝိဇ္ဇာများက ဒဏ္ဍာရီလာ ဝိဇ္ဇာတွေများလား ….

မိုဝူကျိက ချက်ချင်း ခေါင်းခါလိုက်ပြီး အတွေးများကို ပယ်ဖျောက်လိုက်သည်။ တချို့သော ရတနာများက ဒဏ္ဍာရီလာ ဖြစ်နေသော်လည်း သူက ရှေးဟောင်းဒဏ္ဍာရီလာ လူကိုတော့ တစ်ခါမှ မမြင်ဖူးသေးပေ။

“ အစ်ကို ခွန်းယွင် အဲဆို ဝိဇ္ဇာ လော့ရှုကလည်း ဝိဇ္ဇာရှစ်ပါးထဲကလား ” မိုဝူကျိက ဝိဇ္ဇာလော့ရှုအား ရုတ်ချည်း အမှတ်ရသွားသည်။

ခွန်းယွင်က ခေါင်းညိတ်ကာ

“ ဟုတ်တယ်လေ … သူက ဝိဇ္ဇာရှစ်ပါးထဲက တစ်ယောက်ပဲ။ ဝိဇ္ဇာနဲ့ ငါတို့ကြားက အကွာအဝေးက အရမ်းကြီးလွန်းတယ်။ ငါ့အရင်ဘဝမှာတောင် ရောက်ဖို့ မမျှော်လင့်နိုင်ဘူး။ အစ်ကိုကြီး ဝူကျိ .. မင်းက တာအိုအသစ်ကို လမ်းဖောက်လိုက်တဲ့ အချက်ကိုပင် မကြည့်နဲ့ဦး။ ဝိဇ္ဇာတစ်ပါး ဖြစ်လာဖို့ တွေးနေဖို့ကို မလိုသေးဘူး။ ငါ မင်းကို အထင်ကြီးလေးစားလို့ ကံကြမ္မာကို ယူနိုင်မဲ့ ဂိုဏ်းတည်ထောင်ဖို့လည်း ပြောပြခဲ့တယ်။

နောင်ကျ မင်းက ဝိဇ္ဇာတပိုင်းအဆင့်တော့ ရောက်နိုင်ခြေ ရှိပါတယ်။ တကယ်လို့ မင်းသာ   နတ်ဘုရားအရိုက်အရာကိုသာ ရခဲ့မယ်ဆိုရင် မင်း ဒီမိုးမြေထဲမှာ ထာဝရ အသက်ရှင်နိုင်ပြီ ”

မိုဝူကျိက တိတ်ဆိတ်နေသေး၏။ သူက ခွန်းယွင် စကားများကို ပြန်လည်‌ မေးခွန်း မထုတ်သေးပေ။

တရုတ်ဒဏ္ဍာရီထဲ၌ မည်သည့် ဝိဇ္ဇာတပိုင်းကများ ကမ္ဘာတုန်လှုပ်စေနိုင်သည့် ပုဂ္ဂိုလ် မဟုတ်လို့လဲ  ….

ဘိုးဘေး ကျန်းယွမ်၊ အရှေ့ပိုင်း ဧကရာဇ် ထိုက်ယီ၊ နတ်ဘုရားဧကရာဇ် ဟို့ထျန်း၊ ဘိုးဘေး ရွမ်ဟယ်၊ တာအိုသူတော်စင် သို့ပေါင်၊ ဧကရာဇ် ကျန်း၊ ရေနတ်ဘုရား အစရှိသဖြင့် ဖြစ်သည်။

သို့သော်လည်း မည်သည့် ပုဂ္ဂိုလ်ကများ လွတ်လွတ်လပ်လပ် နေနိုင်သနည်း။ မှော်နတ်ဘုရား ၁၂ ပါးသည်လည်း  မျိုးတုန်းပျောက်ကွယ်သည့်အထိ အမဲလိုက်ခံရပြီး အရှေ့ပိုင်းဧကရာဇ် ထိုက်ယီလည်း သေဆုံးသွားခဲ့ရသည်။ ရွမ်ဟယ်၏ ရလဒ်သည်လည်း ကျေနပ်ဖွယ်တော့ မဟုတ်ခဲ့ပေ။

တစ်ဖက်တွင် ဝိဇ္ဇာများက လှည့်စားသူများသာ ဖြစ်ကြသည်။ သူတို့က တခြားသူများ၏ အသက်ကို အသုံးချကြသည် မဟုတ်ပါလော။

ထိုစဉ် မိုဝူကျိက ခွန်းယွင် စကားများကို စတင်၍ ယုံကြည်လာမိသည်။ ခွန်းယွင်က သူ့အား ဂိုဏ်းတည်ထောင်ခိုင်းခဲ့သောကြောင့် ဂိုဏ်းက ကပ်ဘေးကို ရင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မိုဝူကျိက လီထန်းတို့ အမေးကိုပင် မစောင့်တော့ဘဲ မေးလိုက်တော့သည်  “ အစ်ကိုခွန်းယွင် … အဲဆို တကယ့် အာဏာစက်ပိုင် နတ်ဘုရားတွေက ဘယ်သူတွေလဲ ”

ခွန်းယွင်က ရယ်မောကာ

“ အဲဒါက ငါ မင်းကို ပြောပြချင်နေတဲ့ အရာပဲ။ အဲဒီနှစ်တုန်းက ငါ ကမ္ဘာပျက် ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရပြီးတော့ ငါ့ကိုယ်ငါ ထွက်ပြေးခွင့်တောင် မရဘဲ အသက် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ တကယ်လို့ ငါသာ လက်စားပြန်မချေရရင် ငါက လူကြောက် ဖြစ်နေတော့မှာပေါ့ ”

***

All Chapters