← Chapters

နောက်ပိုင်းကိစ္စများ

Vol. 84 Ch. 1169

နောက်ပိုင်းကိစ္စများ

Vol. 84 Ch. 1169

ကျန်းယွင်ဟိုင်တို့ ထွက်ပေါ်လာပြီဖြစ်၍ ထိုရှေးဟောင်းမျိုးနွယ်သုံးခုက ကြိုးကိုင်သူများ မဟုတ်လျှင်ပင် ကြိုးကိုင်သူနှင့် ပတ်သတ်မှုတစ်ခု ရှိနေလောက်သည်။

ထိုအခိုက်တွင် ကျန်းရီ၏ မိသားစုနှင့် မိတ်ဆွေများက စေတီမြို့၏ မြို့ရင်ပြင်ထဲတွင် ကြိုးတုပ်ခံထားရသည်။ ကြိုးကိုင်သူက သူတို့ကို သုံး၍ ထောင်ချောက်ဆင်ထားခြင်းဖြစ်ပြီး ကျန်းရီတစ်ယောက် ထောင်ချောက်အတွင်း ဝင်လာမည့်အချိန်ကို စောင့်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ စေတီမြို့က ထောင်ချောက်တစ်ခုပင်။ သို့သော် ကျန်းရီသည် ရွေးချယ်စရာ မရှိသဖြင့် ထိုထောင်ချောက်အတွင်းသို့ ဝင်ရပေမည်။

ကျန်းရီသည် သွားရန် ဆုံးဖြတ်လိုက်ပြီဖြစ်၍ အခြားသူများကို သူ့ကိစ္စထဲ ဆွဲမထည့်လိုပေ။ ထို့ကြောင့် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ကောင်းကင်‌ရှောင်တိမ်းခြင်းကို တစ်ကြိမ် ထပ်သုံးလိုက်ပြီး အနီးရှိ ရီမျိုးနွယ်ပိုင်သော မြို့ကြီးတစ်မြို့သို့ သွားလိုက်သည်။ ထို့နောက် သူသည် ကူကယ်ရာမဲ့ကာ စိုးရိမ်တုန်လှုပ်နေသော ရီချန်ကို ကြည့်၍ ပြောလိုက်သည်။

“ရီချန်... ယဉ်ရို့ပင်းက အခု အခန်းအောင်း ကျင့်ကြံနေတယ်။ ငါ သူ့ကို တိတ်တိတ်လေး အပြင်ကို တည်နေရာပြောင်းရွှေ့လိုက်မယ်။ သူ့ကို မနှိုးပါနဲ့။ ပြီးတော့ ငါ့ရဲ့ ညီနောင်တွေနဲ့ မိတ်ဆွေတွေကိုလည်းလည်း အပြင်ပို့လိုက်မယ်။ သူတို့ထဲကတချို့က အပြစ်သားကျွန်းက... မင်း သူတို့ကို အခက်တွေ့အောင် မလုပ်ဘူးလို့ ငါ မျှော်လင့်ပါတယ်...”

“တကယ်လို့ အခြေအနေက ပိုဆိုးလာရင် မင်း သူတို့ကို အပြစ်သားကျွန်းကို ပြန်ပို့လိုက်လို့ရပါတယ်။ မင်းကတော့ ပဉ္စမအကြီးအကဲနဲ့အတူ နှင်းဒေသကို လိုက်သွားလိုက်ပေါ့။ သူတော်စင်ဧကရီက မင်းကို လက်ခံမှာပါ။ ပြီးတော့... သူတို့ကို စေတီမြို့အကြောင်း မပြောပြပါနဲ့။ သူတို့ စိတ်လိုက်မာန်ပါလုပ်ဖို့ လုပ်ကြရင်လည်း သူတို့ကို တားပေးပါ။ အကုန်လုံးကို မင်းလက်ထဲပဲ လွှဲခဲ့တော့မယ်”

အခြေအနေက ရုတ်ခြည်း ပြောင်းလဲသွားခြင်းဖြစ်၍ ကျန်းရီသည် သေချာမစီစဉ်နိုင်တော့ပေ။ စစ်ထူရီရှောင်နှင့် အခြားသူများကိုလည်း အပြစ်သားကျွန်းသို့ ပြန်ပို့ရန်လည်း အချိန်မရှိတော့ချေ။ သို့သော် ရီချန်က သူတို့ကို အခက်တွေ့အောင် မလုပ်လောက်ဟု သူ ယုံကြည်သည်။ ထို့ကြောင့် သူသည် သူတို့ကို ရီချန်၏လက်ထဲသို့ အပ်ခဲ့ခြင်းဖြစ်သည်။

“အဲ့ဒါက...”

ရီချန်၏ မျက်ဝန်းများထဲတွင် စိုးရိမ်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။ သူမသည် ကျန်းရီက သူ့အသက်ကို ရင်းမည်ကို မလိုလားပေ။ သို့သော် ကျန်းရီ၏ခံစားချက်ကို သူမ ကောင်းစွာနားလည်သည်။ ယခုတွင် သူ၏စိတ်ကို မည်သူမျှ ပြန်ပြောင်းနိုင်တော့မည် မဟုတ်ပေ။ ယဉ်ရို့ပင်းသည်ပင် သူ့ကို တားနိုင်မည် မဟုတ်ချေ။

“ကျန်းရီ... မဆင်မခြင် မလုပ်ပါနဲ့။ သေချာပေါက် တခြားနည်းလမ်းတစ်ခု ရှိမှာပါ”

ရီချန်သည် ကျန်းရီကို ဆွဲ၍ လေသံတိုးတိုးဖြင့် တောင်းဆိုလိုက်သည်။

“ကျန်းရီ... တကယ်လို့ ရှင် တစ်ခုခုဖြစ်သွားရင် အကုန်လုံး အဆုံးသတ်သွားလိမ့်မယ်။ ရှင်းက ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူပဲ။ ရှင်ကတောင် ကျွန်မတို့ကို မကယ်နိုင်ဘူးဆိုရင် ကျွန်မတို့ နှင်းဒေသကို ထွက်ပြေးသွားရင်ဖြစ်ဖြစ်၊ ကမ္ဘာအဆုံးကို ထွက်ပြေးသွားရင်ဖြစ်ဖြစ် နောက်ဆုံးတော့ သေရမှာပဲ”

“ဟင်းဟင်း...”

ကျန်းရီက ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။

“ငါက ဆန်းကြယ်ဧကရာဇ်ရဲ့ ဆက်ခံသူလို့ မင်းပြောတယ်မလား။ ဆန်းကြယ်ဧကရာဇ်က အနာဂတ်ကို ခန့်မှန်းနိုင်တာပဲ... အဲ့တော့ သူ့ရဲ့ဆက်ခံသူ ငါက ဘယ်လိုလုပ် သေနိုင်မှာလဲ။ ငါ့ကို ယုံပါ... ငါက အသက်ကိုးသက်ရှိတဲ့ ကြောင်တစ်ကောင်လိုပဲ။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ကိစ္စတွေ အများကြီးဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုထိ ငါ မသေသေးဘူးမလား...”

“ဒီတစ်ခေါက်လည်း အတူတူပဲ ဖြစ်မှာပါ။ မင်း ငါ့ကို မယုံရင်တောင် ဆန်းကြယ်ဧကရာဇ်ကို ယုံသင့်တယ်။ ပြီးတော့ ဘယ်သူက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို ‌ဖောက်ဝင်နိုင်မှာလဲ။ ရီချန်... မင်းက အမြဲ အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့တာပဲ။ အခုလိုအချိန်မှာ မင်း ပိုပြီးတော့ သန်မာရမယ်.. သောင်းချီတဲ့ ရီမျိုးနွယ်ဝင်တွေရဲ့ ကံကြမ္မာက မင်းအပေါ်မှာ မူတည်နေတယ်။ မင်း စိတ်ဓာတ်ခိုင်ခိုင်မာမာ ထားပြီး ငါ ပြန်လာတာကို စောင့်နေပါ”

လီဖေးယွီတို့ကလည်း ဘေးတွင် ရှိနေကြသည်။ ပဉ္စမအကြီးအကဲက မျက်နှာညှိုးနေသည်။ သို့သော် မည်သူကမှ ဝင်မတားကြပေ။ သူတို့သည် ရီချန် ဆုံးဖြတ်ချက်ချမည်ကိုသာ တိတ်တဆိတ် စောင့်နေကြသည်။

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

ရီချန်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ရုတ်တရက် ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ... ရှင် ပြောတဲ့ကိစ္စတွေ အကုန်လုံးကို ကျွန်မ လုပ်ပေးမယ်။ ဒါပေမဲ့ ရှင် ဘေးကင်းကင်းနဲ့ ပြန်လာဖို့တော့ လိုတယ်။ ရှင်သာ ပြန်လာရင် ကျွန်...ကျွန်မ ရှင့်ကို လက်ထပ်ဖို့ စဉ်းစားနိုင်တယ်”

“ဟားဟားဟား...”

ကျန်းရီ တောက်ပစွာ ပြုံးလိုက်သည်။ တိုက်ပွဲကြီးတစ်ပွဲကို မနွှဲခင်တွင် မိန်းမလှလေးတစ်ယောက်၏ ဖွင့်ပြောမှုကို ကြားရသည်ထက် မည်သည့်အရာက ပို၍ စိတ်တက်ကြွစေနိုင်ပါသေးသနည်း။ သူ ရီချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ချန်အာလေး... ငါ တခမ်းတနား ပြန်လာပြီး မင်းကို လက်ထပ်မှာကို အလှတွေ ပြင်ပြီးသာ စောင့်နေလိုက်တော့”

ဝှစ်...

ဆန်းကြယ်နတ်ဘုရားနန်းတော်က မြို့ထဲသို့ ဝင်သွားပြီး မြို့အရှင်စံအိမ်အတွင်းရှိ ကွင်းပြင်တစ်ခုတွင် ဆင်းသက်လိုက်သည်။ ထို့နောက် ကျန်းရီသည် ရီချန်တို့ပြင် အပြင်သို့ တည်နေရာပြောင်းရွှေ့လိုက်သည်။ ပြီးနောက်တွင် ယဉ်ရို့ပင်းကိုလည်း အပြင်သို့ ပို့လိုက်သည်။ ရီချန်က ချက်ချင်းပင် သူမ၏ လေဟာနယ်အသုံးအဆောင်ကို ထုတ်၍ ယဉ်ရို့ပင်းကို ၎င်းထဲသို့ ထည့်လိုက်သည်။ ယဉ်ရို့ပင်း၏ ကျင့်ကြံခြင်း အနှောင့်အယှက်ဖြစ်သွားမည်ကို သူမ မလိုလားပေ။

ရွှီး...

ထို့နောက်တွင် ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်းနှင့် လကြေးမုံကန်မှ လူအားလုံးလည်း အပြင်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည်။ နောက်ဆုံးတွင် မိစ္ဆာဝိညာဉ်တောင်ကြားထဲရှိ ကျန်းမျိုးနွယ်ဝင်များ၊ ချမ်မျိုးနွယ်ဝင်များနှင့် ကျန်မျိုးနွယ်ဝင်များလည်း အပြင်ရောက်သွားသည်။ အားလုံး အပြင်သို့ ရောက်ပြီးနောက် ကျန်းရီ၏အသံ ထွက်ပေါ်လာသည်။

“အားလုံးပဲ နားထောင်ကြပါ။ အားလုံး သခင်မလေးရီချန်ရဲ့ အမိန့်တွေကို နာခံကြပါ။ ပဉ္စမအကြီးအကဲ... တကယ်လို့ မနာခံတဲ့သူတစ်ယောက်ယောက်ရှိရင် အကြီးအကဲ အဲ့လူကို ကြိုးတုပ်ထားလို့ ရပါတယ်။ လော့ရွှယ်၊ မိုယောင်အာ၊ ဝမ်ကွမ်း၊ အစ်ကိုဝူရွှမ်း... အစ်ကိုတို့အားလုံးလည်း ကျွန်တော် ပြန်လာမှာကို စောင့်နေကြပါ။ တကယ်လို့ အစ်ကိုတို့ ပြဿနာရှာခဲ့မယ်ဆိုရင် အစ်ကိုတို့က ကျွန်တော်နဲ့ ဘာမှဆိုင်တော့မှ မဟုတ်ဘူး”

ရွှီး...

ကျန်းရီ၏ စကားသံ ဆုံးသွားပြီးနောက် ဆန်းကြယ်နတ်ဘုရားနန်းတော်က တုန်ခါသွားပြီး ရုတ်ခြည်း ကောင်းကင်ရှောင်တိမ်းခြင်းသုံးကာ ထွက်သွားလေသည်။

“ခေါင်းဆောင်... ကျုပ်တို့ကို ဒီလို မစွန့်ပစ်ခဲ့နဲ့လေ”

“ကျန်းရီ... စောင့်ဦး”

“ကျန်းရီ...”

ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်းနှင့် မိုယောင်အာတို့က ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံတက်လိုက်ကြ၏။ ရီချန်က ထိုအခြင်းအရာကို မြင်လိုက်၍ ချက်ချင်း အော်လိုက်သည်။

“လူကြီးမင်းလီ၊ ပဉ္စမအကြီးအကဲ...မဆင်မခြင် လုပ်ဝံ့တဲ့သူတွေရှိရင် သူတို့ကို ကြိုးတုပ်ထားလိုက်ပါ။ အားလုံးပဲ နားထောင်ကြပါ... ကျန်းရီက ကိစ္စတစ်ခု သွားလုပ်တာပါ။ သူ ပြန်မလာခင် ဘယ်သူမှ ဘာမှ မလုပ်ရဘူး။ မဟုတ်ရင်တော့... ကျွန်မက ရှင်တို့ကို အတင်းအကြပ် ထိန်းချုပ်ရမှာပဲ”

“ယောင်အာ... ပြန်လာခဲ့ပါ။ မင်းက ကျန်းရီရဲ့ စကားကို နားမထောင်တော့ဘူးလား”

ပဉ္စမအကြီးအကဲသည် မိုယောင်အာကို မှတ်မိလိုက်၍ ချက်ချင်း ပျံတက်လိုက်ပြီး ဖျောင်းဖျလိုက်သည်။ လီဖေးယွီတို့ကလည်း ချမ်ဝမ်ကွမ်းနှင့် ကျန်ဝူရွှမ်းတို့ဆီ ပျံသန်းသွားကာ သူတို့ကို တားဆီးလိုက်သည်။ ကျန်ဝူရွှမ်းက တည်ငြိမ်နေပြီး မည်သည့်ပြဿနာမှာ မရှာခဲ့ပေ။ သူ ချမ်ဝမ်ကွမ်းနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ယခုတွင် ဆန်းကြယ်နတ်ဘုရားနန်းတော်က အဝေးသို့ ရောက်သွားပြီဖြစ်၍ သူတို့နှစ်ယောက်စလုံး မြေပြင်ပေါ်သို့ ပြန်ဆင်းလိုက်ကြသည်။ ထို့နောက် ကျန်ဝူရွှမ်းက ရီချန်ကို ကြည့်၍ မေးလိုက်သည်။

“သခင်မလေးရီ... ကျန်းရီက ဘာသွားလုပ်တာလဲ။ ကျွန်တော့်ကို ပြောပြပါ”

ရီချန်သည် ကျန်ဝူရွှမ်းအကြောင်းကို ကြားဖူးထားပြီး ဆန်းကြယ်ဧကရာဇ်မြို့တွင် ဖြစ်ခဲ့သော ကိစ္စအကြောင်းကိုလည်း သိထားသည်။ ထို့ကြောင့် သူမ အသံပို့လွှတ်လိုက်သည်။

“သခင်လေးဝူရွှမ်း... အရင်ဆုံး ဒီကအခြေအနေကို တည်ငြိမ်သွားအောင်လုပ်ဖို့ ကူညီပေးပါ။ နောက်တော့မှ အဲ့ကိစ္စကို ကျွန်မ ဖြည်းဖြည်းချင်း ရှင်းပြပါမယ်”

“ကောင်းပါပြီ”

ကျန်ဝူရွှမ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ချမ်ဝမ်ကွမ်း၊ စစ်ထူရီရှောင်၊ ဟွမ်ဖူထောင်ထျန်းနှင့် အခြားသူများနှင့် ဆွေးနွေးလိုက်သည်။ ခေတ္တကြာပြီးနောက် စစ်ထူရီရှောင်က လေဟာနယ်အသုံးအဆောင်တစ်ခုကို ထုတ်ကာ ရွှေချမ်လော့၊ ကျန်းမျိုးနွယ်ဝင်များ၊ ကျန်မျိုးနွယ်ဝင်များ၊ ချမ်မျိုးနွယ်ဝင်များနှင့် အပြစ်သားကျွန်းမ ကောင်းကင်ဧကရာဇ်တစ်ထောင်ကို ၎င်းထဲသို့ ပို့လိုက်သည်။ ထိုလူများအားလုံး အပြင်တွင် ရှိနေလျှင် အခြေအနေကို ထိန်းချုပ်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ကျန်လူများက မြို့အရှင် စံအိမ်ထဲသို့ ဝင်သွားလိုက်ကြသည်။ ရီချန်သည် အားလုံး ထိုင်ပြီးသည်အထိ စောင့်၍ နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။

“ကိစ္စကို အသေးစိတ်မပြောပြပါဘူးလို့ ကျွန်မ ကျန်းရီကို ကတိပေးခဲ့တယ်။ အဲ့တော့ ကျန်းရီက အရေးကြီးတဲ့ကိစ္စတစ်ခုကို သွားလုပ်တာပါလို့ပဲ ကျွန်မ ရှင်တို့ကို ပြောနိုင်မယ်။ သူက ကျွန်မတို့ကို အဲ့ကိစ္စထဲ ဆွဲမထည့်ချင်လို့ တစ်ယောက်တည်း သွားခဲ့တာပဲ။ တကယ်လို့ သူ တစ်ခုခု ဖြစ်သွားရင်  ရှင်တို့ အကုန်လုံး အပြစ်သားကျွန်းကို ပြန်ရင်ပြန် ဒါမှမဟုတ် နှင်းဒေသကို သွားရင်သွားလို့ မှာခဲ့တယ်။ ပြီးတော့ ရှင်တို့တွေ မဆင်မခြင် ပြုမူလို့မရဘူး”

“ဘာ...”

ချမ်ဝမ်ကွမ်းသည် ရုတ်တရက် ထပ်မံစိတ်လှုပ်ရှားလာပြီး အော်ပြောလိုက်သည်။

“ခေါင်းဆောင်က အမြဲတမ်းအဲ့လိုချည်းပဲ။ အန္တရာယ်ရှိပြီဆိုရင် သူတစ်ယောက်တည်း သွားရင်ဆိုင်တယ်။ မဖြစ်ဘူး.. ကျုပ်တို့ ထိုင်မနေနိုင်ဘူး။ သခင်မလေးရီချန်... ခေါင်းဆောင်က ဘယ်ကို သွားတာလဲ။ ကျုပ်တို့ မြန်မြန် သူ့ကို သွားကူညီရအောင်ပါ။ သေရမယ်ဆိုရင်လည်း ကျုပ်တို့ အတူသေကြတာပေါ့”

“ဝမ်ကွမ်း...”

ကျန်ဝူရွှမ်းက နာကျင်သော မျက်ဝန်းများဖြင့် အော်ပြောလိုက်သည်။

“အဲ့ကိစ္စက ကျန်းရီအတွက်တောင် အန္တရာယ်များတယ်ဆိုရင် ငါတို့ လိုက်သွားလည်း ဘာများ လုပ်ပေးနိုင်မှာလဲ။ စိတ်အေးအေးထားပါ။ ငါတို့က နှစ်ယောက်တည်း မဟုတ်ဘူး။ ကျန်မျိုးနွယ်ဝင်တွေ၊ ချမ်မျိုးနွယ်ဝင်တွေ၊ ကျန်းမျိုးနွယ်ဝင်တွေ... ပြီးတော့ လောရွှယ်နဲ့ အပြစ်သားကျွန်းက လူတွေလည်း ရှိသေးတယ်။ မင်းက သူတို့အကုန်လုံးကို သေစေချင်လို့လား။ ကျန်းရီက ဒီလိုဆုံးဖြတ်ချက်ချလိုက်ပြီဆိုတော့ ငါတို့ သူ့ဆုံးဖြတ်ကို လေးစားရမယ်။ ငါတို့ ဒီကလူတွေကို ကာကွယ်ပေးရမယ်။ အဲ့ဒါကမှ အခု ငါတို့ လုပ်သင့်တဲ့အရာပဲ...”

“ရှန်းစီမျိုးနွယ်စုကို ပြန်ကြမယ်”

ကျန်ဝူရွှမ်းက လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

“ငါတို့ ရှန်းစီမြို့ကို ပြန်ပြီးမှ ဘာဆက်လုပ်ကြမယ်ဆိုတာကို အစီအစဉ်ဆွဲကြတာပေါ့”

ကျန်းမျိုးနွယ်ဝင်များ၊ ချမ်မျိုးနွယ်ဝင်များ၊ ကျန်မျိုးနွယ်ဝင်များ၊ ယွင်မျိုးနွယ်ဝင်များနှင့် စုမျိုးနွယ်ဝင်များကို ပေါင်းလိုက်လျှင် လူထောင်ကျော်ရှိသည်။ ထို့ပြင် စုလောရွှယ်၊ မိုယောင်အာနှင့် အခြားသူများလည်း ရှိသေးသည်။ ကျန်ဝူရွှမ်းနှင့် ရီချန်တို့က ထိုမျှလူအများကြီးကို မကာကွယ်ပေးနိုင်လောက်ပေ။ သူတို့ ရန်သူများလက်ထဲ ကျရောက်သွားလျှင် ပြဿနာကြီးသွားနိုင်သည်။ လက်ရှိတွင် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးက ပရမ်းပတာဖြစ်နေ၍ မည်သည့်နေရာတွင်မှ လုံခြုံမည် မဟုတ်ပေ။ ထို့ကြောင့် အပြစ်သားကျွန်းသို့ ပြန်သွားခြင်းကသာ အကောင်းဆုံး အဖြေဖြစ်သည်။

“အပြစ်သားကျွန်းလား... မဖြစ်ဘူး”

ရီချန်က ခေါင်းခါကာ ပြောလိုက်သည်။

“ဒီနဲ့ အပြစ်သားကျွန်းက ကီလိုမီတာ သန်းချီဝေးတယ်။ တကယ်လို့ ရန်သူတွေက ရှင်တို့ အပြစ်သားကျွန်းကို ပြန်သွားတယ်ဆိုတာ သိသွားရင် လမ်းမှာတင် ရှင်တို့အားလုံးကို သတ်ပစ်လိမ့်မယ်။ ကျွန်မပြောတာကို နားထောင်ပါ.. အားလုံး ဗုဒ္ဓတောင်ကို သွားလိုက်ကြပါ။ ဗုဒ္ဓတောင်မှာ ဗုဒ္ဓတစ်ထောင်အစီအရင် ရှိပါတယ်။ ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တစ်ယောက် လာတိုက်ခိုက်ရင်တောင် အဲ့အစီအရင်က သုံးလလောက် တောင့်ခံနိုင်ပါတယ်။ အရင်ဆုံး ကျွန်မတို့ ဗုဒ္ဓတောင်ကို ပြန်ပြီး ကျန်းရီဆီက သတင်းကို စောင့်ကြတာပေါ့။ ကျန်းရီက ရှင်တို့ကို ကျွန်မအမိန့်ကို နာခံဖို့ မှာခဲ့တယ်မလား။ အဲ့တော့ ကျွန်မ ပြောသလိုပဲ လုပ်ကြပါ”

လူအားလုံးသည် ရီချန်၏ စကားကို ကြားသောအခါ တွေးတောလိုက်ကြ၏။ အမှန်လည်း ဗုဒ္ဓတောင်သို့ သွားခြင်းက ပိုလုံခြုံမည်ဖြစ်သည်။ အကယ်၍ ကျန်းရီက ဘေးကင်းကင်းနှင့် ပြန်လာနိုင်မည် ဆိုလျှင် အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။ ကျန်းရီ ပြန်မလာနိုင်ခဲ့လျှင်လည်း ထိုအချိန်မှ အပြစ်သားကျွန်း သို့မဟုတ် နှင်းဒေသသို့ သွားနိုင်ပေသည်။

***

All Chapters