← Chapters

ဟာသတွေ ပြောနေဖို့ အချိန်မရှိဘူး

Vol. 78 Ch. 1079

ဟာသတွေ ပြောနေဖို့ အချိန်မရှိဘူး

Vol. 78 Ch. 1079

အကယ်၍ နတ်ဘုရားကမ္ဘာတစ်ခုလုံး၌ ဝိညာဉ်မီးတောက်ကို   ကြောက်ရွံ့စေနိုင်သည့် တစ်ဦးတည်းသောသူ ရှိမည်ဆိုလျှင် မိုဝူကျိသာ ဖြစ်လိမ့်မည်။

သူက မိုဝူကျိ၏ ကျင့်ကြံဆင့် အတိအကျကို မခွဲခြားနိုင်ပေ။ သူက နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမလာခင် မိုဝူကျိက နတ်ဘုရားမျိုးနွယ်၏ နံပါတ်တစ် သဟဇာတ နတ်ဘုရား ပိုင်သိုက်ကို သတ်လိုက်နိုင်ခဲ့ကြောင်းသာ သိထားသည်။ နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးနောက် မိုဝူကျိက နတ်ဘုရားဆင့်ကဲခြင်း ဂိုဏ်း၌ သွေးချောင်းစီးခဲ့သည်။ သူက နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်း၏ သဟဇာတ နတ်ဘုရား ထျဲလန်ရှန်းကို သတ်ပစ်ရုံသာမက ဂိုဏ်းတစ်ခုလုံးကို ဖျက်စီးပစ်ခဲ့သည်။ ထိုနေ့မှစ၍ နတ်ဘုရားကမ္ဘာ၌ နတ်ဘုရားဆင့်ကဲခြင်းဂိုဏ်း ဟူ၍ မရှိတော့ပေ။

လူသားဂိုဏ်းကို မိုဝူကျိက တည်ထောင်ထားခဲ့ပြီး လူသားဂိုဏ်း၏ နယ်မြေမှာ ထိပ်တန်းအဆင့် ဖြစ်ပေသည်။ ထို့အပြင် လူသားဂိုဏ်းရှိ တောင်များက လောကတစ်ခုလုံး၌ အခမ်းနား အကြီးကျယ်ဆုံ ဖြစ်ပေသည်။

နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးနောက် မိုဝူကျိက လျို့ဝှက်နယ်မြေများကို သူ့လူသားဂိုဏ်းအတွက် လုယူခဲ့သေးကြောင်း သတင်းများ ထွက်ခဲ့သေး၏။

သို့သော်လည်း မည်သူကမှ ထိုအရာများကို မလိုချင်ရဲကြပေ။ အကြောင်းမှာ လူသားဂိုဏ်းက မိုဝူကျိ အပိုင် ဖြစ်နေ၍ ဖြစ်သည်။

မိုဝူကျိက ဝိညာဉ်မီးတောက်ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် ဘာမှမပြောပေ။ အကယ်၍ ဝိညာဉ်မီးတောက်သာ ဆက်လက်ပြီး မဟုတ်တမ်းတွေ ပြောနေမည်ဆိုလျှင် သူက ထိုလူအား တန်းပိတ်လှောင်ကာ သတ်ပစ်လိုက်မည် ဖြစ်၏။

မိုဝူကျိက သူ့အား ဘာမှမပြောဘဲ အေးစက်စက် ကြည့်နေသည်ကို မြင်သောအခါ ဝိညာဉ်မီးတောက် စိတ်ထဲ၌ ကူကယ်ရာမဲ့မှု ကြီးစိုးလာသည်။

သူက မာနကြီးသူ တစ်ဦး ဖြစ်ပေသည်။ သူက နတ်ဘုရားနယ်မြေ၌ အဆင့် ၂ နတ်ဘုရားဘုရင် ရထားသည်ကပင် သူ့အတွက် အရှက်ရဖွယ်ဟု ခံယူထားသော သူတစ်ဦး ဖြစ်ရာ လီထန်းနှင့် အတူတူ အလုပ်တွဲမလုပ်လိုပေ။ သူက လီထန်းအား ဆန့်ကျင်နေသည့် အကြောင်းအရင်းမှာ သူက ယခု သဟဇာတ နတ်ဘုရားအဆင့် ၂ သို့ တက်လှမ်းပြီးပြီ ဖြစ်၍ လီထန်းထက် ပို၍ အားကောင်းကြောင်း ယုံကြည်နေ၍ ဖြစ်သည်။

သို့သော်လည်း သူက အားပိုကောင်းနေလျှင်ပင် ပိုင်သိုက်ထက် ပိုအားကောင်းကြောင်း မပြောရဲပေ။ မိုဝူကျိက နတ်ဘုရားကမ္ဘာ ပြန်မကောင်းလာခင်ကတည်းက  ပိုင်သိုက်ကို သတ်နိုင်စွမ်း ရှိခဲ့သည်။

“ ဂိုဏ်းချုပ်မိုက နတ်ဘုရားမျှော်စင် ဆောက်ဖို့ ဦးဆောင်ချင်တယ်ဆိုရင်တော့ ကျုပ် ဝိညာဉ်မီးတောက်က ဘာမှမပြောရဲပါဘူး။ ကျုပ်အားစိုက်မှုနဲ့ အရင်းအနှီးကို ဝေမျှပေးနိုင်ဖို့ပဲ မျှော်လင့်မိပါတယ် ” အကယ်၍ နတ်ဘုရားအရိုက်အရာကြောင့်သာ မဟုတ်လျှင် ဝိညာဉ်မီးတောက်က နောက်ဆုတ်ပေးပြီး သူ့ပစ္စည်းများကို မိုဝူကျိအား ပေးမည် မဟုတ်ပေ။

“ ကျုပ် ပြောတာတွေကို မယုံဘူးလား။ နတ်ဘုရားမျှော်စင် ဆောက်လုပ်တာက နတ်ဘုရားကမ္ဘာ အခြေပျက်စေလိမ့်မယ်။ အဲဒီနောက်ကျ အရင်လိုမျိုး ပြန်ပျက်စီးသွားလိမ့်မယ် ”

ဝိညာဉ်မီးတောက်က  ခေါင်းခါကာ

“ ဂိုဏ်းချုပ်မိုကို ကျုပ် လေးစားပါတယ်။ ဒါပေမဲ့ ဝိဇ္ဖာရဲ့ အမိန့်မှာတမ်းက ကြီးကျယ်ပြီး လေးစားဖို့လည်း ကောင်းတယ်လေ။ ကျုပ်က အဲဒါကို ဘယ်လိုလုပ် သံသယ ဝင်ရဲမှာလဲ ”

ထိုစကားကို ကျယ်ကျယ်လောင်လောင် ပြောပြီးနောက် ဝိညာဉ်မီးတောက်က လက်နှစ်ဖက် ယှက်ရင်း ရွှေရောင်လှေကားထစ်များကို ကြည့်လိုက်သည်။ လက်တွေ့၌ နတ်ဘုရားမျှော်စင် ဆောက်လုပ်မှု ငြင်းပယ်လိုက်မှုသည် သူ့အား ဒေါသထွက်သွားစေ၏။ အကယ်၍ သူက မိုဝူကျိကို ကြောက်၍သာ မဟုတ်လျှင် တိုက်ခိုက်ပြီးလောက်လေပြီ။

“ ထွက်သွားစမ်း ” မိုဝူကျိက ထိုလူနှင့် စကားဆက်မပြောလိုတော့ပေ။

ဝိညာဉ်မီးတောက်၏ အမူအယာမှာ ပြောင်းလဲသွားပြီး သူ့အငွေ့အသက်များကလည်း စတင်၍ ပြင်းထန်လာသည်။

မိုဝူကျိက နောက်ထပ် ဘာမှမပြောတော့ဘဲ ဝဲကတော့စွမ်းအားစက်ကွင်းကို အားအပြည့် ထုတ်ဖော်လိုက်သည်။ ဝိညာဉ်မီးတောက်၏ စွမ်းအားစက်ကွင်းက အားအရမ်းကောင်းသော်လည်း မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းနှင့် ရင်ဆိုင်သည့်အခါ ကူကယ်ရာမဲ့သွားလေသည်။

ဝိညာဉ်မီးတောက်က မိုဝူကျိ၏ စွမ်းအားစက်ကွင်း သူ့ဆီ ရောက်လာသည့်အထိ မစောင့်နေတော့ဘဲ ဖြတ်ခနဲ ပျောက်ကွယ်သွားကာ ထွက်ခွာသွားတော့သည်။ မိုဝူကျိ၏ အားကောင်းလှသော စွမ်းအားစက်ကွင်းကို မြင်လိုက်ပြီးနောက် ထိတ်လန့်မိသွားသည်။ သူက လူသားဂိုဏ်းချုပ် မိုဝူကျိနှင့် ရင်ဆိုင်ရလျှင် သူ ဝိညာဉ်မီးတောက်က နက်ဖြန် ရှိနိုင်မည် မဟုတ်ပေ။

မိုဝူကျိက ဝိညာဉ်မီးတောက်နောက် လိုက်မသွားပေ။ ထို့အစား သူ့အကြည့်တို့က  နတ်ဘုရားမျိုးနွယ် ဟယ်မိုဆီ ရောက်ရှိသွားသည်။

မိုဝူကျိက ဘာမှမပြောခင် ဟယ်မိုတို့က လက်နှစ်ဖက် ယှက်ကာ

“ ဂိုဏ်းချုပ်မိုကို ဂါရဝပြုပါတယ်။ လူသားဂိုဏ်းကို တည်ထောင်နိုင်ခဲ့အတွက် ဂုဏ်ပြုပါတယ်ဗျာ … လူသားဂိုဏ်းက နတ်ဘုရားကမ္ဘာမှာ နံပါတ်တစ် ဂိုဏ်း ဖြစ်လာမှာ အသေအချာပါပဲ ”

မိုဝူကျိက အသက်မပါစွာ ပြောလိုက်သည်

“ ကျုပ်က ဟွမ်းကျီနဲ့ ပိုင်သိုက်ကို သတ်လိုက်တယ်။ တကယ်လို့ ခင်ဗျားတို့ လူတွေ ကျုပ်ရဲ့ နတ်ဘုရားနယ်မြေမှာ မောက်မောက်မာမာ လာပြုမူနေမယ်ဆိုရင်တော့ ခင်ဗျားတို့ နတ်ဘုရားမျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်လို့ဆိုပြီး လာအပြစ်မတင်နဲ့ ”

“ ဂိုဏ်းချုပ်မိုက ဟာသတွေ ပြောနေတာပဲ ” ဟယ်မို အမူအယာမှာ ပြောင်းလဲသွားလေ၏။ သူက မိုဝူကျိအား လုပ်ပြုံးဖြင့် အတင်းဇွတ် ပြုံးပြလိုက်ရသည်။

မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်  “ ကျုပ်က ဟာသတွေ ပြောနေဖို့ အချိန်မရှိဘူး။ မယုံရင် စမ်းကြည့်လိုက်လေ ”

ဤတစ်ကြိမ်၌ မိုဝူကျိက ဟယ်မို နောက်ဆုတ်သည့်အထိ မစောင့်တော့ဘဲ  သူ့ထောင်ချောက် အစီအရင်အား အသက်သွင်းလိုက်ပြီး နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူဆယ်ယောက်ကျော်အား ပိတ်ဆို့ထားလိုက်၏။ သူ့စွမ်းအားစက်ကွင်းနှင့် သတ်ဖြတ်ငွေ့တို့လည်း ဆက်တိုက် တိုးမြင့်လာသည်။ တစ်ချိန်တည်းမှာ သူ့လခြမ်းကွေး ပုဆိန်လှံရှည်က အန္တရာယ်ကြီးစွာ ဆင်းသက်လာသည်။

“ ဂိုဏ်းချုပ်မို … အရှိန်လျော့လိုက်ပါ။ ဂိုဏ်းချုပ်မိုက နတ်ဘုရားနယ်မြေနဲ့ နတ်ဘုရားမျိုးနွယ်ကြားက သဘောတူညီချက်ကို အသိအမှတ်မပြုမှတော့ ကျုပ်တို့ နတ်ဘုရားမျိုးနွယ်က ထွက်သွားပေးပါ့မယ် ” ဟယ်မိုက မိုဝူကျိ လှုပ်ရှားသည့်အထိ မစောင့်နေတော့ဘဲ စိုးရိမ်တကြီး မြန်မြန် ပြောလိုက်သည်။

မည်သူကမှ ပိုင်သိုက်၏ အင်အားအကြောင်း သူ့ထက်ပို၍ ကောင်းကောင်း မသိပေ။ ယခုအချိန်အထိ သူက မိုဝူကျိသည် ပိုင်သိုက်ကို မည်သို့ သတ်နိုင်ခဲ့သည်ကို မယုံကြည်နိုင်သေးပေ။ တစ်ယောက်ယောက်က မိုဝူကျိသည် ပိုင်သိုက်အား  အစီအရင်အကူဖြင့် သတ်ခဲ့သည်ဟု ပြောလာလျှင်ပင် သူက ယုံကြည်နိုင်မည် မဟုတ်ပေ။ အဆင့် ၆ အစီအရင်ပင် ပိုင်သိုက်အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။

အဆင့် ၇ အစီအရင်များလား … စန်းကျန့်ရှင်းအပြင် မည်သူကများ အဆင့် ၇ အစီအရင်ကို ခင်းကျင်းနိုင်မည်နည်း။

မိုဝူကျိက မလှုပ်ရှားပေ။ သူ့အဆင့် ၅ ထောင်ချောက်အစီအရင်မှာ ထိုလူများကို ခြောက်လန့်ဖို့ လုံလောက်နေကြောင်း သိနေ၏။ အကယ်၍ တိုက်ပွဲသာ အမှန်တကယ် ဖြစ်လာမည်ဆိုလျှင် သူက ထိုအုပ်စုအတွက် ပြိုင်ဖက် မဖြစ်နိုင်ပေ။

လီထန်း၊ ခွန်းယွင်တို့က ပါဝင်ကူညီပေးလျှင်ပင် ဝိညာဉ်မီးတောက်က ပြန်ရောက်လာကာ မနှောင့်ယှက်ပါဘူးဟု မည်သူက အာမခံပေးနိုင်မည်နည်း။ တိုက်ပွဲဖြစ်လာသည်နှင့် အချိန်အတော်ကြာသည့်အထိ ပြီးဆုံးမည် မဟုတ်ပေ။

“ ဟားဟား  … ငကြောက်တွေ ” ခွန်းယွင်က ရယ်မောလိုက်လေ၏။ သူက မိုဝူကျိအကြောင်း အသိဆုံး ဖြစ်၏။ မိုဝူကျိက သူ့ထက် သေချာပေါက် အားမကောင်းပေ။ သို့သော်လည်း မိုဝူကျိက အခွင့်အရေးများကို ဖန်တီးရာ၌ လိမ္မာပါးနပ်လှသည်။ နတ်ဘုရားကမ္ဘာ၌ မိုဝူကျိ၏ ဂုဏ်သတင်းမှာ တဖန် ပြန့်နှံ့လာပေဦးမည်။ ယှဉ်ကြည့်ပါက  သူ့ဂုဏ်သတင်းမှာ မိုဝူကျိနှင့် နှိုင်းယှဉ်၍ ရတော့မည် မဟုတ်ပေ။

မိုဝူကျိက ခွန်းယွင်အား စိုက်ကြည့်လိုက်ပြီးနောက် လူအုပ်ကြီးဘက် လှည့်ကာ

“ တာအိုရောင်းရင်းတို့ … ကျုပ် ပြောသမျှ စကားအားလုံးက အမှန်တွေပါ။ ကျုပ်က နတ်ဘုရားမျှော်စင်ကို မြင်တွေ့ဖူးပါတယ်။ နတ်ဘုရားမျှော်စင်ထဲမှာ နည်းလမ်းအမျိုးမျိုးနဲ့ ပိတ်လှောင်ခံထားရတဲ့ နတ်ဘုရားတွေ ရှိတယ်။

ဒီရွှေရောင်လှေကားက နတ်ဘုရားအရိုက်အရာဆီ သွားရမဲ့ လမ်း မဟုတ်ဘဲနဲ့ သေမင်းဆီကို ဖြစ်လိမ့်မယ်။ အားလုံး အတူတူ ပူးပေါင်းပြီးတော့ ဒီရွှေရောင်လှေကားထစ်ကို ဖျက်စီးပစ်ကြရအောင် … ကျုပ်တို့တွေ နတ်ဘုရားမျှော်စင်ကို ဆောက်လုပ်ပေးလို့ လုံးဝ မဖြစ်ဘူး  ”

“  ကျုပ်တို့ ဂိုဏ်းချုပ်မိုရဲ့ စကားကို နားထောင်ပါ့မယ် ” အသံတစ်သံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။

ထိုအသံနောက်တွင် လူများစွာက မိုဝူကျိအား ဆက်လက် ထောက်ခံကုန်ကြသည်။

လီထန်းတို့က မိုဝူကျိ၏ အကြောင်းကို မသိပေ။ သူတို့က မိုဝူကျိသည် သူတို့ထက် များစွာ အားကာင်းနေကြောင်း ယုံကြည်လိုက်ကြ၏။ ထို့ကြောင့် သူတို့အနေဖြင့် မိုဝူကျိက ဝိညာဉ်မီးတောက်နှင့် နတ်ဘုရားမျိုးနွယ် ပညာရှင်တို့အား မောင်းထုတ်လိုက်သည့် အကြောင်းမှာ ထူးဆန်းသည်ဟု မထင်ကြပေ။

တစ်ဖက်တွင် ခွန်းယွင်က မိုဝူကျိအကြောင်း အသိဆုံး ဖြစ်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူက မိုဝူကျိ၏ အင်အားသာ ဆက်လက် ကြီးထွားလာလျှင် နတ်ဘုရားအရိုက်အရာကို အမှန်တကယ် ရယူနိုင်လိမ့်မည်ဟု တွေးမိသွားသေး၏။

သို့သော်လည်း မကြာခင် ခွန်းယွင်က ခေါင်းခါလိုက်တော့သည်။ သူက ဤသို့ မဖြစ်နိုင်ကြောင်း သိပေသည်။ ဤသည်မှာ မိုဝူကျိ၏ စွမ်းဆောင်ရည် မရှိ၍လည်း မဟုတ်သလို မိုဝူကျိ၏ တာအိုက မကောင်း၍လည်း မဟုတ်ပေ။ ထို့အစား မိုဝူကျိက ဝိဇ္ဇာလော့ရှုအား ရန်စမိထား၍သာ ဖြစ်ပေသည်။

ဝိဇ္ဇာလော့ရှုက မည်သို့ ရန်စနိုင်သည့်သူ ဖြစ်နိုင်မည်နည်း။ ထိုလူ၏ ဧည့်ခံပွဲ၌ ဝိဇ္ဇာများ၊ တာအိုအုပ်စိုးသူအရှင်များ၊ နယ်လှည့်ဝိဇ္ဇာများနှင့် နတ်ဘုရား ဧကရာဇ်တို့နှင့် ပြည့်နှက်နေခဲ့သည်။ သူ ခွန်းယွင်ပင် ချောင်ကျကျ နေရာလေးတစ်ခုသာ ရနိုင်ခဲ့သည်။ မိုဝူကျိက ထိုဝိဇ္ဇာလော့ရှုအား ရန်စမိထားခြင်း ဖြစ်၏။ ဤသည်မှာ  နတ်ဘုရားအရိုက်အရာထံ သွားမည့်လမ်းစဉ်အား ဖြတ်တောက်လိုက်သည်နှင့် တူနေသည်။

မိုဝူကျိက ခွန်းယွင် တွေးနေသည့်အရာများကို မသိပေ။ သူက ကျယ်ကျယ်လောင်လောင် ပြောလိုက်၏

“ တာအိုရောင်းရင်းတို့ …. ကျုပ်တို့တွေ နတ်ဘုရားမျှော်စင် တည်ဆောက်လို့ မရတာကို သိပြီဆိုတော့ အားလုံး ကျုပ်ကို ကူညီပြီးတော့ ဒီရွှေရောင်လှေကားကို ဖျက်စီးပေးကြပါ ”

ထိုသို့ပြောပြီးနောက် မိုဝူကျိ၏ လခြမ်းကွေး ပုဆိန်လှံရှည်က လေဟုန်ဆန်မြစ် တိုက်ကွက်ကို ခေါ်ဆောင်လာသည်။

နတ်သဘာဝစွမ်းအားများ ပေါက်ကွဲထွက်သွားလေ၏။ မှော်ရတနာများမှ အလင်းတန်းအမျိုးမျိုးလည်း ထွက်ပေါ်လာပြီး နိဗာနတိတ်ဆိတ်မှု ပင်လယ်ပြင်အထက်ရှိ ရွှေရောင်လှေကားထံ ကျရောက်လာသည်။

ဘာဖြစ်နေမှန်း မသိသူများအနေနှင့် တိုက်ပွဲဖြစ်နေသည်ဟုပင် ထင်မှတ်နိုင်ပေလောက်သည်။ သူတို့က အားလုံး တစ်နေရာတည်း ဝိုင်းတိုက်ခိုက်နေလိမ့်မည်ဟု ထင်ထားမည်တော့ မဟုတ်ပေ။

အသစ်ရောက်လာသူတချို့ပင် အဖြစ်အပျက်ကို မမေးမြန်းနိုင်ဘဲ ရွှေရောင်လှေကားထစ် ဖျက်စီးမှု၌ ပါဝင်လာကြသည်။

ဖြစ်နိုင်သည်က သူတို့သည် ရွှေရောင်လှေကားထစ် ပျက်စီးသွားသည်နှင့် ရတနာများ ကျလာလိမ့်မည်ဟု တွေးနေမိကြသည်လား ….

အဆင့်မြင့် ကျင့်ကြံသူများ တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသောကြောင့် လှေကားထစ်က အားကောင်းသော အုတ်မြစ်ရှိလျှင်ပင် ပျက်စီးလာမည် ဖြစ်၏။ ထို့အပြင် ထိုအုတ်မြစ်မှာ သိပ်အားမကောင်းလှပေ။

နေ့ဝက်တာအတွင်း ရွှေရောင်လှေကားထစ်ကြီးမှ အက်သံများ ထွက်ပေါ်လာသည်။ ထို့နောက် အလင်းတန်းမြောက်များစွာအဖြစ် ပေါက်ကွဲထွက်သွားပြီး လေဟာနယ်ထဲ ပျောက်ကွယ်သွားသည်။

ထိုစဉ် ကျင့်ကြံသူအားလုံးက နက်နဲလှသော တာအိုစွမ်းအင်မျိုးကို ခံစားမိလိုက်ကြသည်။ သူတို့အပြုအမူကို နောင်တရသည် ဖြစ်စေ၊ နောင်တမရသည် ဖြစ်စေ အများစုက ထိုတာအိုစွမ်းအင်အပေါ် ဉာဏ်အလင်းပွင့်လာစေရန် ရပ်တန့်လိုက်ကြသည်။

အပျော်ဆုံးလူက ခွန်းယွင် ဖြစ်ပေသည်။ သူက ရွှေရောင်လှေကားကြီး ပျက်စီးသွားသည်ကို မြင်သည့်အခါ အားရပါးရ ဟစ်ကြွေးပစ်ချင်လောက်အောင်အထိ ပျော်ရွှင်မိသွားသည်။

ထို့နောက် သူက မိုဝူကျိဆီ ပြေးသွားကာ လက်နှစ်ဖက် ယှက်လိုက်ရင်း  “ ညီအစ်ကို ဝူကျိ … မင်းအပေါ် ကျေးဇူးကြွေး တင်သွားပြီကွာ။ နောင်ကျ မင်းကို အင်တိုက်အားတိုက် ပြန်ကူညီပေးမယ် ”

“ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့တော့ … နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားဆီ သွားမယ် ” မိုဝူကျိက ခွန်းယွင် ပခုံးကို ဆုပ်ကိုင်ကာ တည့်တိုးသာ ပြောလိုက်သည်။

မိုဝူကျိက များများစားစား မပြောသော်လည်း လီထန်းတို့က မိုဝူကျိအား နတ်ဘုရားကမ္ဘာ၏ ခေါင်းဆောင်အဖြစ် မသိမသာ သတ်မှတ်ထားမိလိုက်ကြသည်။ လီထန်းနှင့် ရင်းနှီးနေသည့်  ဟုန်ချီပင်  မိုဝူကျိက လီထန်းထက်စာလျှင် နတ်ဘုရားကမ္ဘာ၏ ခေါင်းဆောင်အဖြစ် ပို၍ သင့်တော်ကြောင်း ခံစားမိပေသည်။

မိုဝူကျိက မပြောလျှင်ပင် လီထန်းတို့က မိုဝူကျိအား လူသားဂိုဏ်း၌ မည်သည့်အန္တရာယ်မှ မကျရောက်စေရကြောင်း အာမခံထားကြသည်။

လက်တွေ့၌လည်း လူသားဂိုဏ်းတွင် ဘာမှမဖြစ်လာနိုင်ပေ။ လက်ရှိ ဂိုဏ်း၌  ရွိုက်ကော၊ ဝေရုနှင့် တာ့ဟွမ်တို့သာ ရှိပေသည်။ အကယ်၍ တစ်ယောက်ယောက်သာ လူသားဂိုဏ်းကို ကျူးကျော်လိုလျှင် နယ်မြေအတွက်သာ ဖြစ်ပေလိမ့်မည်။ သို့သော် မိုဝူကျိ၏ နာမည်ဖြင့် သတ္တိကောင်းသူများပင် လူသားဂိုဏ်းအား ပြဿနာ သွားမရှာရဲကြပေ။

***

All Chapters