← Chapters

ကူရှင်းရန်

Vol. 78 Ch. 1082

ကူရှင်းရန်

Vol. 78 Ch. 1082

“ ဟားဟား …. အဲဒါက အတုအယောင် ကတိလေ။ မလိုဘူး ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ခွန်းယွင်၏ တောင်းဆိုချက်အား ငြင်းပယ်လိုက်သည်။

ဝိဇ္ဇာအရိုက်အရာအတွက် တိုက်ခိုက်ဖို့က အမှန်တကယ် ရယ်စရာ ကောင်းလှသည်။ ယခု သူ့အသက်လေး မပျောက်သွားဖို့သာ မျှော်လင့်နေရသည် မဟုတ်ပါလော။ ဤဘိုးတော် ခွန်းယွင်က သူ့ကို ဝိဇ္ဇာအရိုက်အရာအတွက် တိုက်ခိုက်ဖို့ တောင်းဆိုရဲသေး၏။ ဤဘိုးတော်က မဟုတ်တမ်းတာတွေ ကြံနေခြင်းသာ ဖြစ်လိမ့်မည်။

ခွန်းယွင်က မိုဝူကျိသည် မျက်တောင်မခတ်ဘဲ သူ့အား ငြင်းပယ်လိမ့်မည်ဟု မထင်ထားပေ။ သူက ဝိဇ္ဇာအရိုက်အရာအကြောင်း ပြောနေခြင်း မဟုတ်ပါလော။ ခွန်းယွင် စိတ်အတွင်းပိုင်း၌ သူက မိုဝူကျိသည် အမှန်တကယ် အလားအလာရှိသူ တစ်ဦး ဖြစ်ကြောင်း ခံစားမိ၏။ သူက ယခု ထိုစကားများကို ပြောလိုခြင်းမှာ မိုဝူကျိသာ အစစ်အမှန် ဝိဇ္ဇာတစ်ယောက် ဖြစ်လာခဲ့လျှင် သူက အကျိုးမြတ်အများဆုံး ရရှိလာမည် မဟုတ်ပါလော။

ထို့ကြောင့် သူ့စကားများက အမှန်အတိုင်း ဖြစ်ကာ အမှားတစ်စက်မှ မပါပေ။ သူက ပြောလိုက်ခြင်းမှာ အသေးစား ပညာရပ်ကြောင့် ဖြစ်သော်လည်း အရေးကြီးဆုံးကား သူက မိုဝူကျိအတွက် ရင်းနှီးမြှပ်နှံ့လိုခြင်း ဖြစ်ပေသည်။

သူက မိုဝူကျိ ဝိဇ္ဇာဖြစ်လာနိုင်သည့် အခွင့်အရေးမှာ တစ် ရာခိုင်နှုန်းတောင် မရှိကြောင်း သိထားသော်လည်း လူအများစုက ထိုတစ် ရာခိုင်နှုန်းကို မဆိုထားနှင့် ၀.၁ ရာခိုင်နှုန်းလေးပင် ရှိလျှင်ပင် ကြိုးစားကြည့်ရမည် ဖြစ်၏။ ခွန်းယွင်က မိုဝူကျိ တစ်ယောက် တည့်တိုး ငြင်းဆန်လိမ့်မည်ဟု မည်သို့ ထင်ထားမည်နည်း။

ခွန်းယွင်က စိတ်ထဲ၌ မိုဝူကျိ တွေးထားသလောက် သူက ဉာဏ်မများကြောင်း သိပေသည်။ အကယ်၍ မိုဝူကျိသာ ဝိဇ္ဇာအရိုက်အရာအတွက် တိုက်ပိုင်ခွင့် ရလာခဲ့လျှင် သူက မိုဝူကျိအား စိတ်ရောကိုယ်ပါ ထောက်ပံ့ပေးမည် ဖြစ်၏။

သို့သော် ထိုအခါက မိုဝူကျိ တစ်ယောက် ဝိဇ္ဇာအရိုက်အရာအတွက် တိုက်ပိုင်ခွင့် ရရှိသည့်အခါမှ ဖြစ်သည်။

ခွန်းယွင်က မိုဝူကျိ ကျရှုံးသွားမည့် အခြေအနေကိုလည်း တွေးထားလေ၏။ အကယ်၍ မိုဝူကျိသာ အသတ်ခံလိုက်ရလျှင် သူက မိုဝူကျိနှင့် အနီးဆုံးမှာ ရှိနေမည် ဖြစ်၏။ ထိုအခကျ သူက မိုဝူကျိအလောင်းဆီမှ ပစ္စည်းများကို ပထမဆုံး ရလာလိမ့်မည်။ သူ မမြင်ဖူးသည့် အခြေအနေ ရှိဖူးဦးမည်လား။ မိုဝူကျိက လူသားတာအိုကို ကျင့်ကြံထားပြီး ဤမျှ ထူးချွန်သည့်လူတစ်ယောက် ဖြစ်ပေသည်။ မိုဝူကျိတွင် လျို့ဝှက်ချက် မရှိမှသာ ထူးဆန်းနေမည် ဖြစ်၏။

အကယ်၍ မိုဝူကျိ သေဆုံးသွားခဲ့လျှင် ထိုလျို့ဝှက်ချက်များကို ပေါက်ကြားခွင့် မပြုနိုင်ပေ။ ထိုလျို့ဝှက်ချက်များက သူနှင့်သာ အဆုံးသတ်ရမည်။ မိုဝူကျိ၏ အလောင်းကိုတော့ ဝိဇ္ဇာဆီ နောင်တရမှုကို ပြသည့်အနေနှင့် ပေးလိုက်မည်။

မိုဝူကျိက တုန်လှုပ်မသွားသည်ကို ကြည့်ကာ ခွန်းယွင်က

“ ညီအစ်ကို ဝူကျိ … မင်းရဲ့ ကျင့်ကြံဆင့်က အရမ်းနိမ့်မနေဘူးလား။ ငါတို့တွေ ငါ့ပစ္စည်းတွေ ဝှက်ထားတဲ့ နေရာကို သွားပြီးရင် မင်းကို မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်။

အဲဒီမိတ်ဆွေဟောင်းမှာ ရတနာတစ်ခု ရှိတယ်။ မင်းသာ အဲဒါကို နှစ်အနည်းငယ်လောက် ဌားရမ်းနိုင်ရင် မင်း နတ်ဘုရားဘုရင်အဆင့်ကို ကျော်ပြီး သဟဇာတ နတ်ဘုရားအဆင့်ကို အချိန်တိုလေးအတွင်း ရောက်သွားစေရမယ် ”

“ဘာရတနာလဲ ” မိုဝူကျိက မနေနိုင်ဘဲ မေးလိုက်သည်။

“ အချိန်စက်ဝန်းပြား ….” ခွန်းယွင်က ရယ်မောလိုက်ရင်း ထူးခြားနက်နဲသည့် အရိပ်အယောင်ဖြင့် ပြောဖို့ ကြိုးစားလိုက်သည်။

မိုဝူကျိက အချိန်စက်ဝန်းပြားအကြောင်း တစ်ခါမှ မကြားဖူးခဲ့ပေ။ ယခု ခွန်းယွင်က အချိန်စက်ဝန်းပြားက သူ့အား နတ်ဘုရားဘုရင်အဆင့်ကို အချိန်တိုလေးအတွင်း ကျော်ဖြတ်နိုင်ကြောင်း ထုတ်ပြောလာသောအခါ မိုဝူကျိက စိတ်လှုပ်ရှားသွားမိသည်

“ ဘာကို ပြောတာလဲ … အချိန်စက်ဝန်းပြားက ကျုပ်ကို သဟဇာတ နတ်ဘုရားအဆင့် အချိန်တိုလေးအတွင်း ရောက်သွားစေမှာလား  ”

ခွန်းယွင်အသံက တစ်ပြိုင်နက်တည်း သေချာသလို၊ မသေချာသလို နှစ်သံရော၍ ထွက်ပေါ်လာသည်

“ ဟုတ်တယ် … အချိန်စက်ဝန်းပြားက အချိန်ကို လှုံ့ဆော်နိုင်တယ်လေ။ အဲဒီအချိန်အတွင်း မိုးမြေအပေါ် မင်းရဲ့ နားလည်မှုအပေါ်ကိုလည်း သက်ရောက်မှု မရှိဘူး။ မင်းသာ အချိန်စက်ဝန်းပြားကို လုံလုံလောက်လောက် အားဖြည့်ထားရင် မင်း လိုချင်သလောက် အချိန်ရတယ် ”

“ အဲလို ရတနာမျိုး ရှိတယ်လား ” မိုဝူကျိက စိတ်လှုပ်ရှားမိလာသည်။ ယခင် သူက အချိန်ပြောင်းလဲရေး အဆောင် ရှိခဲ့သော်လည်း သိပ်အသုံးမဝင်ခဲ့ပေ။ အကယ်၍ သူသာ စည်းမျည်းများ သက်ရောက်မှု မရှိသည့် အချိန်စက်ဝန်းပြားကို ရရှိခဲ့မည်ဆိုလျှင် အတော်လေး အဆင်ပြေသွားလိမ့်မည်။

ခွန်းယွင်က ဂုဏ်ယူစွာ ပြောလိုက်သည်

“ ကံကြမ္မာ ထိပ်သီးရတနာတွေက ဝိဇ္ဇာရှစ်ပါးတောင် လိုချင်နေတာလေ။ အဲဒါကြောင့် ငါ ဒီကို လာတာပဲ … တကယ်လို့ အဲဒီ ဝိဇ္ဇာတွေသာ နတ်ဘုရားကမ္ဘာဆီ ရောက်လာရင် ဒီနေရာက ရတနာတွေကို ခွဲတမ်း ရဦးမယ် ထင်နေလား ”

“ ခင်ဗျား ပြောတော့ ဌားမှာဆို ….” မိုဝူကျိက ခွန်းယွင် စကားကို ပြန်ပြောလိုက်သည်။

ခွန်းယွင်က နေရခက်စွာဖြင့်

“ ဟုတ်တယ်လေ … အချိန်ကျလာတဲ့အခါကျ ငါ့ထောင်ထျဲ့အိုးကို ပြန်ဌားပေးမှာပေါ့။ တကယ်လို့ သူ့ကို အကျိုးမြတ် နည်းနည်း ပိုပေးလိုက်ရင် သူ့လည်း အချိန်စက်ဝန်းပြားကို ဌားလိုက်မှာပါ ”

“ ခင်ဗျားက လုဖို့ မဟုတ်ဘဲ ဌားမှာဆိုတော့ ကျုပ် တွေးထားတာနဲ့ တခြားစီ ဖြစ်နေတာပဲ ” မိုဝူကျိ အသံတွင် မထီမဲ့မြင် စကားလုံးများ ပါဝင်နေသည်။ ခွန်းယွင်အပေါ်  မိုဝူကျိက ယုံကြည်မှု မရှိပေ။

ခွန်းယွင်က အနည်းငယ် ရှက်အမ်းအမ်းဖြင့်

“ အဲဒီလူက အရမ်းကို အားကောင်းတယ်။ ဝိဇ္ဇာတွေတောင်မှ သူ့အပေါ်  မျက်နှာသာပေးရတယ် ”

“ သူက ဘယ်သူလဲ …” ဝိဇ္ဇာတွေပင် မျက်နှာသာပေးရကြောင်း ကြားသောအခါ မိုဝူကျိက အနည်းငယ် အံ့အားသင့်သွားမိသည်။

“ တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ကူရှင်းရန် … ” ခွန်းယွင်က ပြန်ဖြေပေးလိုက်သည်။

မိုဝူကျိက ထိုနာမည်ကို ကြားလိုက်သည့်အခါ ကူချိုက်နှင့် ဆက်စပ်မှု ရှိနေလားဟု တွေးမိသွားသေး၏။ တကယ်တော့ မိုဝူကျိက ကူချိုက်၏ နာမည်အရင်းကို သေချာမသိပေ။ သူမက ကူချိုက်နာမည် ယူထားခြင်းမှာ တခြားသွားစရာ မရှိတော့သည့်အထိ အတင်းဖိအားပေးခံရ၍ဟု ထင်မှတ်ထားခဲ့သည်။

အကယ်၍ ဤတာအိုအုပ်စိုးသူ အရှင်အမှောင်ထုသာ ကူချိုက်နှင့် ဆက်စပ်နေလျှင် သူမ နာမည်သည်လည်း သူ တွေးထားသည့်ထက် အဓိပ္ပါယ် ပိုရှိပေလိမ့်မည်။

မိုဝူကျိက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက်

“ ဒီလိုဆိုမှတော့  ကျုပ်တို့ ရောက်လာတဲ့ ခင်ဗျားကို ဖျက်စီးရေး ပညာရပ် ရေးပေးမယ်။ အချိန်စက်ဝန်းပြားက ကျင့်ကြံရေး အရင်းအမြစ်များစွာ လိုသေးတာဆိုပေမဲ့ ကျုပ်က နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာတုန်း နတ်ဘုရားမျိုးနွယ်ရဲ့ သဟဇာတ နတ်ဘုရားကြောင့် ပိတ်မိနေခဲ့တာဆိုတော့ ကျုပ်ဆီမှာ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော သိပ်မရှိဘူး။ ခင်ဗျား ကျုပ်ကို နည်းနည်းလောက် ပေးဖို့ လိုတယ် ”

မိုဝူကျိက ခွန်းယွင်၏ ထိုစကားများကို သံသယ မဖြစ်ပေ။ ဤလူက အကြံဆိုးများ ပေါများသော်လည်း ခွန်းယွင်က ကတိချိုးဖောက်မည့်သူ‌တော့ မဟုတ်ပေ။ နတ်ဝိညာဉ်သွေးကြောကိုတော့ မိုဝူကျိက နဂိုကတည်းက တွေးထားပြီးသား ဖြစ်၏။ အကယ်၍ ဤကိစ္စရပ်ကြောင့်သာ မဟုတ်လျှင်ပင် သူက ခွန်းယွင်ဆီမှ နတ်ဝိညာဉ်သွေးကြောများ ရယူဦးမည်သာ ဖြစ်၏။

ခွန်းယွင်၏ လက်ရှိစွမ်းရည်ဖြင့် သူ့အား မည်သူကမှ မတားဆီးထားလျှင် သူက ခွန်းယွင်ဆီမှ နတ်ဝိညာဉ်သွေးကြောများ သေချာပေါက် လုယူနိုင်လိမ့်မည်။

“ ကောင်းပြီလေ … မင်းကို နတ်ဝိညာဉ်သွေးကြော အခု တစ်ရာ ပေးမယ်။ ဒါနဲ့ အဲဒီဟာတွေအားလုံးမှာ ဖန်ဆင်းမှုစွမ်းအင် ပါတယ် ” ခွန်းယွင်က မိုဝူကျိ၏ တောင်းဆိုချက်ကို လက်ခံဖို့ တုံ့ဆိုင်းမနေပေ။

မိုဝူကျိက စိတ်ထဲ အေးစက်မိသွားသည်။ သူက ခွန်းယွင်၏ ကြွယ်ဝချမ်းသာမှုကို အထင်ကြီးမိသွားကြောင်း တွေးထားခဲ့သော်လည်း ခွန်းယွင် စကားကို ကြားလိုက်ပြီးနောက် သူက ခွန်းယွင်ကို လျော့တွက်ခဲ့သလိုသာ ဖြစ်ခဲ့ပေသည်။ အကယ်၍ ဤလူသာ မချမ်းသာလျှင် တစ်ခါတည်းဖြင့် အခုတစ်ရာ ထုတ်ပေးမည် မဟုတ်ပေ။

“ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ငါးရာ … ညှိနှိုင်းမနေနဲ့တော့။ အခု သဘောတူလိုက်တော့ ” မိုဝူကျိက တည့်တိုးသာ ပြောလိုက်သည်။

“ ကောင်းပြီ‌လေ ငါ သဘောတူတယ် ” ခွန်းယွင်က သဘောတူဖို့ တုံ့ဆိုင်းမနေပေ။

မိုဝူကျိက သက်ပြင်းတစ်ဖန် ချလိုက်ပြန်၏။

ဒီလူက ဘယ်လောက်တောင် ချမ်းသာနေရတာလဲ ….

………….…

ထိုသဘောတူညီမှုအပြီးတွင် ခွန်းယွင်က လက်ဦးမှု စတင်ယူလာသည်။ မိုဝူကျိက မဟာဖျက်စီးရေး ပညာရပ်ကို လေ့လာနေသည့်အခါ သူက မိုဝူကျိ၏ ပြုတ်ကျနှုန်းကိုပင် ကူ၍ ထိန်းပေးနေသေး၏။

အချိန်များက ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ တစ်လကြာပြီးနောက် မိုဝူကျိက လက်ကို ရုတ်တရက် ဝေ့လိုက်သည်။

မိုဝူကျိ အောက်ရှိ ခွန်းယွင်က  ဖျက်စီးမှု၏ ကြောက်မက်ဖွယ် စွမ်းအားကို ချက်ချင်း ခံစားမိလိုက်၏။ သူတို့က အာကာပြင်နှင့်တူသည့် လေဟာနယ်အတွင်း ရောက်နေသော်လည်း ထိုစွမ်းအားမှာ သူ့ခန္ဓာကိုယ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဖျက်စီးပစ်ဖို့ လုံလောက်ကြောင်း တန်းသိလိုက်သည်။

အားကောင်းလိုက်တဲ့ အဖျက်စွမ်းအား ….

ထို့အပြင် ခွန်းယွင်က မိုဝူကျိသည် မဟာဖျက်စီးရေး ပညာရပ်၏ အပေါ်ယံမျှသာ ရောက်သေးကြောင်း သိပေသည်။ အပေါ်ယံမျှ နားလည်ရုံဖြင့် ဤမျှ အဖျက်စွမ်းအား ကြီးမားနေပြီ ဖြစ်၏။ ဤသည်က ခွန်းယွင်၏ ဖျက်စီးရေး ပညာရပ်အပေါ် သင်ယူလိုစိတ်ကို ပိုမို  လှုံ့ဆော်ပေးနေသည်။

“ ဝုန်း ဝုန်း ဝုန်း ” သူတို့ဘေးပတ်လည်ရှိ အာကာပြင်မှာ စတင် ပျက်စီးလာသောကြောင့် ခွန်းယွင်က ထောင်ထျဲ့အိုးထဲ မြန်မြန် ဝင်နေလိုက်သည်။

သူကို ထောင်ထျဲ့အိုးက ကာကွယ်ပေးထားသော်လည်း ခွန်းယွင်က  ပြင်းထန်လှသော အာကာပြင် လှိုင်းလုံးများကို ခံစားမိနေသေး၏။ သူက စိတ်စွမ်းအားပင် မပို့လွှတ်နိုင်တော့ပေ။ သူ့စိတ်စွမ်းအားက အိုးမှ ထွက်ခွာသွားသည်နှင့် မိုဝူကျိ၏ အဖျက်စွမ်းအားအောက်တွင် တန်းဖျက်စီးခံရနိုင်ပေသည်။

ခွန်းယွင်က သက်ပြင်းသာ ချလိုက်တော့သည်။ ယခင် သူက မိုဝူကျိနှင့် အဆင့်အတူတူဟု တွေးနေခဲ့သော်လည်း ယခုအခါ မိုဝူကျိ မဟာဖျက်စီးရေး ပညာရပ် တချို့ကို ထိန်းချုပ်နိုင်သွားပြီ ဖြစ်၍ သူတို့နှစ်ယောက်ကြားရှိ ကွာဟချက်မှာ ပိုမို ကြီးမားလာတော့မည် ဖြစ်ကြောင်း သိလိုက်သည်။

တအုန်းအုန်းအသံများလည်း ထွက်ပေါ်လာလေ၏။ လေထုအတွင်း မိုဝူကျိက လက်ဟန်များ ဆက်တိုက် ပြုလုပ်နေသည်။ ဤနေရာရှိ စည်းမျည်းမှာ အကြမ်းထည် ဖြစ်သော်လည်း သူတို့က မိုဝူကျိ၏ အဖျက်စွမ်းအားအောက်တွင် အက်ကွဲသံများ ထွက်ပေါ်လာနိုင်သေး၏။

မိုဝူကျိက လေထုအတွင်း မတ်တတ်ရပ်ကာ အတော်လေး စိတ်လှုပ်ရှားနေမိသည်။ သူက မဟာဖျက်စီးရေး ပညာရပ်၏ အပေါ်ယံမျှသာ သိသေးသည်မှာ အမှန်ဖြစ်သော်လည်း ထိုအဆင့်လေးက ဤမျှအဖျက်စွမ်းအားကို ထုတ်ဖော်နိုင်လေပြီ။ သူသာ ထိုပညာရပ်၌ ဆရာတစ်ဆူ ဖြစ်သွားသည့်အခါ နတ်ဘုရားကမ္ဘာပင် တိုက်ကွက်တစ်ချက်တည်းဖြင့် ပျက်စီးသွားနိုင်၏။

ဤသည်မှာ မိုးမြေစည်းမျည်းများကိုပင် ဖျက်စီးပစ်နိုင်သည့် လျို့ဝှက်ပညာရပ်တစ်ခု ဖြစ်၏။ ဤသို့သော ပညာရပ်မျိုးနှင့် ရင်ဆိုင်ရသည့်အခါ သူ့အသိစိတ်ပင်လယ်နှင့် စိတ်စွမ်းအားတို့က ထိုးဖောက်ခံလိုက်ရမည် ဖြစ်၏။

နတ်ဘုရားမျိုးနွယ် သဟဇာတ နတ်ဘုရားက အသေးစား ကျိန်စာပညာရပ်ကို အသုံးပြု၍ လူသန်းချီ သတ်နိုင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။

အကယ်၍ တစ်ဖက်လူသာ မဟာကျိန်စာ ပညာရပ်ကို အသုံးပြုနိုင်ခဲ့လျှင်  …..

မိုဝူကျိက ထိုအတွေးဖြင့် ရုတ်တရက် ထိတ်လန့်မိသွားသည်။ ဤပညာရပ်မှာ အင်မတန် အားကောင်းလွန်းလှသည်။ အကယ်၍ အပြည့်အဝ ကျွမ်းကျင်သွားပါက မည်မျှ ကြောက်ဖို့ ကောင်းလာမည်နည်း။

မိုဝူကျိက အသက်ပြင်းပြင်းရှုကာ သူ့ဆုံးဖြတ်ချက်ကို အခိုင်မာ ချလိုက်သည်။ မည်သို့ပင် ဖြစ်‌စေ သူ့မဟာဖျက်စီးရေး ပညာရပ်ကို တခြားလက်ထဲ အပါခံ၍ မဖြစ်ပေ။

ဤသို့ အဖျက်စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့်အသက်မှ သက်ညှာမပေးနိုင်ပေ။

“ ဝုန်း ” မိုဝူကျိက သူ့ခြေထောက်အောက်မှ အားတစ်ခုကို ခံစားမိလိုက်သည်။

မိုဝူကျိက ပြုတ်ကျခြင်း ရပ်တန့်သွားကြောင်း သတိပြုမိလိုက်၏။ သူ့ခြေထောက်က ထောင်ထျဲ့အိုးအပေါ်တွင် ရှိနေပြီး ခွန်းယွင်ကိုတော့ မမြင်မိသေးပေ။ ထိုသူက အိုးအောက်တွင် ရှိနေလောက်၏။

မိုဝူကျိက ဘေးဆင်းပေးလိုက်သည့်အခါ ခွန်းယွင်က အိုးအောက်မှ ထွက်လာသည်။ ထိုစဉ် သူ့တစ်ကိုယ်လုံး၌ ဖုန်သဲများ ကပ်တွယ်နေလေ၏။ သူက ဖုန်များကို ခါကာ မျှော်လင့်တကြီး ပြောလိုက်သည်

“ အစ်ကိုကြီး ဝူကျိရေ … ခင်ဗျားရဲ့ အဖျက်စွမ်းအားက ကျုပ်ကို သတ်တော့မလို့ ”

မိုဝူကျိက ခွန်းယွင်ကို မတုံ့ပြန်ဘဲ စိတ်စွမ်းအားကို ပို့လွှတ်လိုက်သည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအားက သိပ်မကြွယ်ဝပေ။ ထို့အစား ဤနေရာ လေထု၌ အိုဟောင်းမှုနှင့် ရှုံးနိမ့်မှုတို့နှင့် ပြည့်နှက်နေသည်။

***

All Chapters