← Chapters

အပိုင်း(၅၀၇)

Vol. 34 Ch. 507

အပိုင်း(၅၀၇)

Vol. 34 Ch. 507

“လမ့်ယန်”

ဤအချိန်တွင်  သူတို့၏အသက်အတွက်ပြေး

လွှားနေကြသော မြို့သူမြို့သားများအား ရှန်းအောင်ရှင်းမြင်တွေ့လိုက်ရသည်။ လမ့်ယန်၏ ရေလှိုင်းပင်လယ်သားရဲက  ဖျက်ဆီးခံလိုက်ရပြီး  ရေလှိုင်းများအဖြစ်သို့ပြောင်းလဲ၍  မြို့အတွင်းသို့တစ်ဟုန်ထိုးဦး

တည်သွားသည်ကို    မြင်တွေ့လိုက်ရသည်။ ရှန်းအောင်ရှင်းမှာလမ့်ယန်၏ အဆင့်အတန်းဆိုသည်အား ဂရုစိုက်ခြင်းမရှိဘဲ သူ၏နမည်ကိုတပ်ခေါ်လိုက်သည်။

“ကျုပ်သိတယ်”

လမ့်ယန်က အေးစက်စွာတုန့်ပြန်လိုက်သည်။ သူ၏လက်နှစ်ဖက်လုံးအားဝေ့ယမ်းလိုက်ပြီး  အောက်သို့တလိမ့်လိမ့်ဦးတည်နေသော  ရေလှိုင်းများက ဤကမ္ဘာပေါ်မှ  ချက်ချင်းပျောက်ကွယ်သွားသည်။

ဤအချိန်တွင်   ရှန်းအောင်ရှင်းမှာ   သူ၏လက်ထဲမှလှံပုဆိန်နှင့်  ရှစ်ဖုန့်၏အထက်သို့ရောက်ရှိလာသည်။  လှံပုဆိန်က  ပြင်းထန်သော ခရမ်းရောင်လျှပ်စီးများလင်းလက်နေသည်။ ရှစ်ဖုန့်အားခြေမွဖျက်ဆီးပစ်ရန်အတွက် ရှန်းအောင်ရှင်းက  သူ၏စွမ်းအားအကုန်အသုံး

ပြုလိုက်သည်။  သူကရှစ်ဖုန့်အားတစ်ချက်

တည်းဖြင့်အသားပြားဖြစ်သည်အထိ  ခြေမွပစ်ချင်နေသည်။

လပြည့်ဓားက  လမ့်ယန်၏ ကြယ်ရှစ်ပွင့် သူတော်စင်နယ်ပယ် ရေလှိုင်းပင်လယ်သားရဲအား

ချိုးဖျက်ပြီးနောက်  လပြည့်ဓားအတွင်းသို့ ရှစ်ဖုန့်ထည့်သွင်းခဲ့သော  စွမ်းအင်များက   နောက်တစ်ကြိမ်လုံးဝပျောက်ကွယ်သွားပြီး   ရှစ်ဖုန့်၏လက်အတွင်းသို့ပျံသန်းလာသည်။

ရှန်းအောင်ရှင်းက သူ၏လှံပုဆိန်ဖြင့် ပြင်းထန်စွာတိုက်ခိုက်လိုက်သည်ကိုတွေ့ရသောအခါတွင်  ရှစ်ဖုန့်၏မျက်နှာထက်၌  ငိုသော်လည်းငိုသည့်ဟန်မဟုတ် ရယ်သောလည်းရယ်သည့်ဟန်မဟုတ်သည့် တစ္ဆေမျက်နှာဖုံးကချက်ချင်းပေါ်လာသည်။ ထို့နောက်ချက်ချင်း   ရှစ်ဖုန့်ကအော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်”

ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားက အဆင့်ခုနှစ်သူတော်စင်နယ်ပယ်

အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။ တစ္ဆေမျက်နှာဖုံးအားဝတ်ဆင်ပြီးနောက်တွင်  သူ၏ဝိညာဉ်စွမ်းအားက  အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ်သို့ ခြေလှမ်းဝင်ရောက်သွားသည်။ ဤတစ်ကြိမ်တွင် သူ၏ဝိညာဉ်တိုက်ခိုက်မှုက ယခင်ထက်ပိုမိုစွမ်းအားကြီးမားပြီး  ရှန်းအောင်ရှင်းထံသို့တစ်ဟုန်

ထိုးဦးတည်သွားသည်။

ကြမ်းကြုတ်သော လျှပ်စီးကြောင်းများတဖျစ်ဖျစ်ထနေသည့် လှံပုဆိန်က ရှစ်ဖုန့်အားခြေမွဖျက်ဆီးပစ်

တော့မည့်အခိုက်အတန့်တွင်   ရှန်းအောင်ရှင်း၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ကောင်းကင်

ကိုမျက်နှာမူ၍ အလွန်ပြင်းထန်စွာဖြင့်ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ၏လက်အတွင်းမှတိုက်ခိုက်မှုကလည်း လေထဲတွင်တန့်သွား၏။မာန်ဟုန်ပြင်းပြင်းပေါက်ကွဲနေသော  လှံပုဆိန်ထက်ရှိ ခရမ်းရောင်လျှပ်စီးများကလည်း

အစိတ်စိတ်အမွှာမွှာကွဲသွားသည်။

ဤအချိန်တွင်   ရှစ်ဖုန့်၏ကိုယ်ကရွေ့လျားသွားသည်။ အဖြူရောင်အလင်းတစ်ချက်လင်းလက်သွားပြီး  သူပြန်ပေါ်လာသောအချိန်တွင် ရှန်းအောင်ရှင်း၏ရှေ့သို့ရောက်

ရှိနေပြီးဖြစ်သည်။  ရှစ်ဖုန့်ရှိနေခဲ့သောနေရာ၌ အဖြူရောင်ပုံရိပ်များသာကျန်ရစ်နေခဲ့သည်။

“ရှန်းအောင်ရှင်း”

အခြားတစ်ဖက်တွင်   လမ့်ယန်မှာ ရှန်းအောင်ရှင်းတစ်ယောက် ရုတ်တရက်ရူးသွပ်သွားသကဲ့သို့  သူ၏တိုက်ခိုက်မှုအားရပ်လိုက်သည်ကို  တွေ့လိုက်ရသည်။  ထိုမကောင်းဆိုးဝါးသူတောင်းစားက  ၎င်း၏ရှေ့၌ရောက်ရှိနေပြီး  ၎င်း၏အသက်အားနှုတ်ယူရန်

အသင့်ဖြစ်နေ၏။

လမ့်ယန်ချက်ချင်းပဲသူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုကိုပုံဖော်လိုက်ပြီး  လေစီးကြောင်းဝဲတစ်ခုက ရှန်းအောင်ရှင်း၏ရှေ့၌ထပ်မံပေါ်လာ၏။ ရှစ်ဖုန့်က ၎င်း၏နည်းလမ်းအတိုင်းဒုတိယအကြိမ်ဖြစ်ခွင့်မပေးပေ။ မဟာသူတော်စင်နယ်ပယ်

တစ်ပိုင်းရောက်ရှိနေပြီဖြစ်သော သူ၏ဝိညာဉ်စွမ်းအားဖြင့် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အားထုတ်ဖော်၍  လမ့်ယန်အားတိုက်ခိုက်လိုက်သည်။

ဤအချိန်တွင်  ရှစ်ဖုန့်၏နှုတ်ခမ်းက  အေးစက်သောအပြုံးတစ်ခု

အဖြစ်တွန့်ကွေးသွားသည်။

သူရှေ့ရှိလပြည့်ဓားအား  ငရဲဘုံကိုးခုစွမ်းအားဖြင့်လွှဲယမ်းလိုက်သည်။

“အား”

ဝိညာဉ်ဆီးလ်၏အောက်တွင်  ရှန်းအောင်ရှင်းထံသို့ တစ်ဟုန်ထိုးပျံသန်းလာနေသော လမ့်ယန်၏ကိုယ်မှာတုန်ယင်သွားပြီး    ကောင်းကင်သို့မော့၍ နာကျင်မှုအပြည့်ဖြင့်အော်ဟစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ရှစ်ဖုန့်က လပြည့်ဓားနှင့်ခုတ်ပိုင်းလိုက်၏။ အပြည့်အဝဖွဲ့စည်းလုနီးပါး

ဖြစ်နေသောဝဲမှာ  လပြည့်ဓားကြောင့်ရုတ်ခြည်း

ဖျက်ဆီးခံလိုက်ရသည်။  သို့သော်   ရှစ်ဖုန့်လက်အတွင်းရှိလပြည့်ဓားက ရပ်တန့်ခြင်းမရှိဘဲ ရှန်းအောင်ရှင်း၏လည်ပင်း

ထံသို့ခုတ်ပိုင်းလိုက်သည်။

“အား”

ရှန်းအောင်ရှင်းမှာ ငရဲဘုံကိုးခု  ဝိညာဉ်တုန်လှုပ်ဆီးလ်မှနိုးထလာပြီးဖြစ်သည်။ တုန်လှုပ်အံ့အားသင့်မှုများပြည့်နှက်စွာဖြင့်သူ၏မျက်လုံးတို့က ပြူးကျယ်စွာပွင့်နေသည်။  ယင်းမှာ လပြည့်ဓားကသူ၏ရှေ့၌ အေးစက်သောအလင်းတစ်ချက်လင်းလက်သွားကာ သူ၏အသက်ကိုနှုတ်ယူရန်အတွက် လည်ပင်းထံသို့ခုတ်ပိုင်းလာသည်ကို မြင်တွေ့လိုက်ရသာအကြောင့်ဖြစ်သည်။

“အား”

အာအကွယ်မဲ့နေသောရှန်းအောင်ရှင်းက  အလျှင်အမြန်ထပ်မံအော်ဟစ်လိုက်သည်။  ပြင်းထန်သော ခရမ်းရောင်လျှပ်စီးများက သူ၏ကိုယ်မှပေါက်ကွဲထွက်ပေါ်လာပြီး  သူ့အားလွှမ်းခြုံသွားသည်။  ယင်းမှာ ရှစ်ဖုန့်၏တိုက်ခိုက်မှုအားခုခံရန်အတွက် သူ၏ကိုယ်၌ ခရမ်းရောင်လျှပ်စီးချပ်ဝတ်အား ဝတ်ဆင်လိုက်သကဲ့သို့ဖြစ်သည်။

သို့သော် လပြည့်ဓားဖြတ်သန်းသွား

သောနေရာတိုင်းတွင်  ခရမ်းရောင်လျှပ်စီးကြောင်းများမှာ ရုတ်ခြည်းဖျက်ဆီးခံလိုက်ရ၏။ လပြည့်ဓားက ရှန်းအောင်ရှင်း၏လည်ပင်းအား

လျှင်မြန်စွာပိုင်းဖြတ်သွားသည်။

ဤအခိုက်အတန့်တွင် အချိန်များက ရပ်တန့်နေသလိုထင်ရသည်။ ဟုတ်ပါသည်။ ရှန်းအောင်ရှင်းတစ်ယောက် ဤအချိန်၌ အချိန်တို့တကယ်ရပ်တန့်သွားသလိုခံစားရသည်။ အမှတ်တရမြင်ကွင်းများကို သူ၏စိတ်ထဲ၌  ပြန်လည် အောက်မေ့လာသည်။၎င်းတို့မှာ ဂုဏ်ကျတ်သရေ၊ ထင်ပေါ်ကျော်ကြားမှု၊ ခါးသီးမှု၊ဆုံးရှုံးမှု၊  မျှော်လင့်ချက်များ၊ အထီးကျန်မှုများနှင့် မုန်းတီးမှုများဖြစ်သည်။

ထို့နောက်   ရှန်းအောင်ရှင်း၏တုတ်ခိုင်သောကိုယ်မှာ ရုတ်တရက် ဟင်းလင်းပြင်အတွင်းယိမ်း

ထိုးသွားသည်။  ရှန်းအောင်ရှင်းသူ၏လည်ပင်းအား

လက်ဖြင့်စမ်းလိုက်ပြီး သူ၏လက်ကို မျက်လုံးရှေ့တွင်ထားလိုက်သည်။  သူ၏လက်၌ နီရဲသော သွေးများက စွန်းထင်းနေပြီးဖြစ်၏။ ၎င်းက သူ၏လည်ပင်းမှစီးဆင်းလာ

သောသွေးများဖြစ်သည်။

သူယခင်ကလုံးဝခံစားဖူးခြင်းမရှိသော မသက်မသာဖြစ်မှုခံစားချက်ကဖြစ်ပေါ်လာသည်။သူ၏ကိုယ်အတွင်းရှိသွေးများ

ကဆူပွက်လာပြီး အပေါ်သို့စတင်စီးဆင်းလာသည်ကို ရှန်းအောင်ရှင်းခံစားလိုက်ရသည်။  ရှန်းအောင်ရှင်းကောင်းကင်ထဲသို့ကြည့်လိုက်ပြီး  တစ်စုံတစ်ခုအားသဘောပေါက်သွားသည်။

“ဘယ်..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.. ငါ…ငါရှန်းအောင်ရှင်းက ရှန်းဟွေ့မြို့ရဲ့အရှင်သခင်ပဲ.. ငါက နယ်စားဝူတစ်ဖြစ်လည်း ရှန်းဝူရဲ့သားပဲ.. ငါတကယ်ကြီးရှုံးနိမ့်သွားခဲ့တယ်.. ငါ..ငါသေရတော့မှာလား”

“အား”

ရှန်းအောင်ရှင်း သူ၏ကျန်ရှိနေသောအားအကုန်အသုံးပြု၍  ကောင်းကင်ထဲသို့အော်ဟစ်လိုက်သည်။

ထို့နောက်   သူ၏လည်ပင်းက ဒဏ်ရာ ရေပိုက်တစ်ခုကဲ့သို့ပွင့်ထွက်လာသည်။  တောက်ပနီရဲသောသွေးများ ပန်းထွက်လာပြီး  ရှေ့တွင်ရှိနေသောရှစ်ဖုန့်ထံဖြန်းပတ်သွား၏။

ရှန်းအောင်ရှင်း၏အသိအား အမှောင်ထုက ရုတ်ခြည်းဝါးမျိုသွားသည်။ သူ၏လည်ပင်းမှသွေးများကပန်းထွက်လာသကဲ့သို့  သူ၏ကိုယ်ကလည်း လေလျော့သွားသောပူဖောင်းတစ်လုံးကဲ့သို့  လျှင်မြန်စွာရှုံ့တွသွားသည်။

ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ  ရှန်းဟွေ့မြို့၏အရှင်သခင် ရှန်းအောင်ရှင်းတစ်ယောက်

ကျဆုံးသွားပြီဖြစ်သည်။

ရှန်းအောင်ရှင်း၏ သေခြင်းစွမ်းအင်၊ ဝိညာဉ်စွမ်းအင်နှင့်၊ သွေးတို့အားဝါးမျိုပြီးနောက်  ရှုံ့တွနေသော အလောင်းထံမှလှံပုဆိန်နှင့် သိုလှောင်လက်စွပ်တို့အား ယူလိုက်သည်။

ထို့နောက် ရှန်းအောင်ရှင်း၏ ရှုံ့တွနေသောအလောင်းမှာ  မြေပြင်ပေါ်သို့လျှင်မြန်စွာပြုတ်ကျသွားသည်။

“မြို့.မြို့အရှင်က သေပြီ”

အောက်ဘက်ရှိ ရှန်းဟွေ့မြို့သူမြို့သားများမှာ ကောင်းကင်ထဲသို့  ငေးကြောင်စိုက်ကြည့်နေမိကြသည်။ သူတို့၏မျက်နှာများထက်၌ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေ၏။ သူတို့၏မြို့အရှင်သခင်က သူတို့၏မြို့အထက်ကောင်းကင်ထဲ၌ အသက်ဆယ့်ငါးဆယ့်ခြောက်အရွယ်သာရှိသေးသော  ကောင်လေး၏သတ်ဖြတ်ခြင်းခံလိုက်ရသည်။ သူကရှုံ့တွသောအလောင်း

တစ်ခုအဖြစ်ပင်ပြောင်းလဲသွားသည်။

“ဟစ်”

ဤမြင်ကွင်းအားကြည့်၍  လေအေးတို့အား ခပ်ပြင်းပြင်း  ရှိုက်သွင်းလိုက်သောလူများလည်းရှိသည်။သူတို့က တီးတိုးပြောလိုက်ကြ၏။

“ရှန်းယွမ်က သူလုပ်ချင်တာကိုလုပ်တဲ့အမှိုက်ဆိုပေမဲ့. မြို့အရှင်ရှန်းအောင်ရှင်းကတော့ ငါတို့မြို့သူမြို့သားတွေအပေါ်မှာ

တော်တော်လေးကိုကောင်းတဲ့သူပဲ..ဟူး…အဲ့ရှန်းယွမ် အလကားကောင်က   ဒီလိုမျိုးရက်စက်တဲ့သူတစ်ယောက်ကိုမှသွား စော်ကားမိတာ စိတ်မကောင်းစရာပဲ.. သူအသတ်ခံရရုံတင်မကဘူး. သူ့အဖေကိုပါဝင်ပက်ငြိစွန်းသွားစေတယ်”

“ရှန်းမိသားစ..နယ်စားဝူဖြစ်တဲ့ ရှန်းဝူက သူ့ရဲ့ ပြောင်မြောက်တဲ့စွမ်းရည်တွေကြောင့် ကျော်ကြားခဲ့တယ်..သူ့တစ်ဘဝလုံး ထျန်းလျန်အင်ပါယာအတွက် တိုက်ခိုက်ပေးခဲ့ပြီး ဒီမိသားစုကို တည်ဆောက်ပေးခဲ့တယ်.. သူမသေခင်က သူ့မိသားစုအနေနဲ့ ဒီနေ့လိုအဆုံးသတ်မျိုးရောက်လာလိမ့်မယ်လို့ထင်ခဲ့မှာမဟုတ်ဖူး”

“ဒါက…ဒီအကြင်နာမဲ့ရက်စက်တဲ့သူက ဘယ်ကနေလာခဲ့တာလဲ”

ရှန်းဟွေ့မြို့မှလူများက  ဆွေးနွေးပြောဆိုနေကြသည်။

ဤအချိန်တွင်ရှစ်ဖုန့်ကသူ့ရှေ့ရှိဟင်းလင်းပြင်သို့ကြည့်လိုက်ပြီးအေးစက်စွာ

အော်ပြောလိုက်သည်။

“ဟမ့်..အဝေးကိုထွက်ပြေးဖို့

စဉ်းစားနေတာလား”

လမ့်ယန်တစ်ယောက် ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်မှ ပြန်ကောင်းမွန်လာချိန်တွင်   ရှန်းအောင်ရှင်းအသတ်ခုလိုက်

ရသည်ကိုသူတွေ့လိုက်ရသည်။  သူတို့၏ပူးပေါင်းကြိုးစားအား

ထုတ်မှုအောက်တွင်  ရှန်းအောင်ရှင်းကရက်ရက်

စက်စက်အသတ်ခံခဲ့ရသည်။ ယခုသူတစ်ယောက်တည်းကျန်ခဲ့သည်ဖြစ်သောကြောင့် လမ့်ယန်အနေဖြင့်နေရဲခြင်းမရှိပေ။  သူ၏ခန္ဓာကိုယ်အားလှုပ်ရှားလိုက်ပြီး   ငွေရောင်အလင်းတန်းအဖြစ်ပြောင်းလဲကာ  ရှစ်ဖုန့်နှင့်ဆန့်ကျင်ဘက်အရပ်သို့  ပျံသန်းလိုက်သည်။

ရှစ်ဖုန့်အနေဖြင့်သူ၏ရှေ့မှ ကြယ်ရှစ်ပွင့် သူတော်စင်နယ်ပယ်တစ်ယောက်

အားမည်ကဲ့သို့လွှတ်ပေးနိုင်ပါမည်နည်း။  သူကထပ်မံအော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု.ဝိညာဉ်တုန်လှုပ်ဆီးလ်”

“အား”

စိတ်မချမ်းမြေ့ဖွယ် နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သံက လမ့်ယန်၏ပါးစပ်မှထပ်မံထွက်ပေါ်လာသည်။ လမ့်ယန်သူ၏အသိတို့ထပ်မံပြန်

ရလိုက်ချိန်တွင်   သိပ်သည်းသောအဖြူရောင်အ

လင်းတန်းတစ်ခုက  သူ၏ရှေ့၌ရုတ်တရက်လင်းလက်သွားသည်ကိုသူတေ့လိုက်ရသည်။  သွေးနီရောင်ပုံရိပ်တစ်ခုသူ၏ရှေ့၌ချက်ချင်းပေါ်လာ၏။

တစ်ချိန်တည်းတွင် အထင်သေးမှုတို့ပြည့်နေသော

အပြုံးတစ်ခုနှင့်အေးစက်သောမျက်နှာအားလမ့်ယန်မြင်တွေ့လိုက်ရသည်။ဤလူသူ့အား ကြည့်လိုက်သောအခါတွင်ယင်းက ကြောင်က ကြွက်တစ်ကောင်အား ကစားသကဲ့သို့အကြည့်မျိုးဖြစ်လေသည်။

ဆက်ရန်……………..

ဘာသာပြန်သူ-ARISE

All Chapters