နေရာကောင်း မဟုတ်ဘူး
Vol. 78 Ch. 1084
ပိအန်းပန်းနှင့် အနီးသို့ ရောက်လာလေလေ တာအိုစည်းမျည်းတို့က ပိုမို ထင်ရှားလာလေလေ ဖြစ်၏။
ကျင့်ကြံသူများစွာကလည်း ပန်းအနား မကပ်နိုင်ကြောင်း သိကြပေသည်။ ထို့ကြောင့် သူတို့က သင်္ဘောပျံများ ထုတ်ကာ စတင် ကျင့်ကြံကြတော့သည်။
ထိုစဉ် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရှိ လူများက ပိအန်းပန်းဆီ ကပ်လာသည့် လူများကို တားဆီးဖို့ စိတ်ကူး မရှိကြဘဲ သူတို့လည်း ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ စတင် ကျင့်ကြံကြသည်။
နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာစဉ်အခါက ဖြစ်ပေါ်လာသည့် အကျိုးကျေးဇူးများကို အားလုံးက မှတ်မိနေကြဆဲ ဖြစ်၏။ သို့သော် အများစုက မပြင်ဆင်ထားကြသည့်အတွက် အဆင့်ချိုးဖောက်နိုင်မည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ကြသည်။ သူတို့က နောင်တတရားတို့ဖြင့် နေထိုင်ရုံသာ တတ်နိုင်ပေသည်။ ယခုတွင် သူတို့က ပိအန်းပန်းလိုမျိုး ရတနာနှင့် တွေ့လာသည့်အခါ မည်သူကမှ နောက်မဆုတ်လိုကြပေ။
ယန်အာက သူမ ကျင့်ကြံဆင့်မှာ အလွန်နိမ့်ကျနေပြီး ပိအန်းပန်းအနားမှ နေရာကို ရယူဖို့ တိုက်ခိုက်ရလျှင် ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်လိမ့်မည်ကို သိပေသည်။ ထို့ကြောင့် သူမက တခြားသော ကျင့်ကြံသူများကဲ့သို့ သင်္ဘောပျံကို ထုတ်ကာ ပိအန်းပန်းနှင့် အကွာအဝေးတစ်ခုမှ နေကာ ကျင့်ကြံလိုက်သည်။
ယန်အာ၏ မွေးရာပါ စွမ်းရည်မှာ ထိပ်တန်း ဖြစ်ပေသည်။ သူမ ဝိညာဉ်ကြော ဆင့်ကဲပြောင်းလဲသွားပြီးနောက် သူမ ပါရမီက ပို၍ တိုးတက်လာလေ၏။ ယခင် သူမ နတ်ဘုရားကုန်းမြေသို့ ရောက်လာခါစက အင်မော်တယ် အုပ်စိုးသူအဆင့်မျှသာ ရှိနေသေး၏။
သို့သော် နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာမှုကြောင့် သူမက အင်မော်တယ် ဧကရာဇ်အဆင့်မှ ကနဦး နတ်ဘုရားအဆင့်နှင့် ဖြည်းဖြည်းချင်း ကောင်းကင်နတ်ဘုရားအဆင့်သို့ အချိန်တိုလေးအတွင်း ရောက်ရှိလာခဲ့သည်။
အကယ်၍ သူမ ကျင့်ကြံနေစဉ် ရုတ်ရုတ်သည်းသည်းသာ မဖြစ်လာခဲ့လျှင် သူမက နတ်ဘုရားအုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့်အထိ ရောက်ခဲ့နိုင်လောက်သည်။
ယခု ပိအန်းပန်းက ပိအန်းမှ ကြည်လင်ပြတ်သားသော တာအိုစည်းမျည်းများ ယူဆောင်လာလေရာ ယန်အာ၏ ကျင့်ကြံဆင့်မှာ သိသိသာသာ မြင့်တက်လာလေ၏။ အချိန်တိုလေးအတွင်း သူမက နတ်ဘုရားအုပ်စိုးသူ မိုးကြိုးစမ်းသပ်ချက်ကို ခံယူလိုက်ရသည်။
ယန်အာက အဝေးတစ်နေရာသို့ မြန်မြန် နောက်ဆုတ်ကာ မိုးကြိုးစမ်းသပ်ချက်ကို ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်သည်။
ထိုစဉ် မည်သူကမှ ယန်အာ၏ မိုးကြိုးစမ်းသပ်ချက်ကို အာရုံမရှိကြပေ။ အကြောင်းမှာ မိုးကြိုးစမ်းသပ်ချက် ခံယူသည့်သူ လူများစွာ ရှိနေ၍ ဖြစ်သည်။ ယန်အာတင် မကဘဲ ကျင့်ကြံသူအများအပြားလည်း အတားအဆီးများ ချိုးဖော်ကာ အဆင့်တက်လှမ်းနိုင်ခဲ့ကြသည်။ နတ်ဘုရားအုပ်စိုးသူ မိုးကြိုးစမ်းသပ်ချက်ကို မဆိုထားနှင့်။ လောကနတ်ဘုရားနှင့် နတ်ဘုရားဘုရင် မိုးကြိုးစမ်းသပ်ချက်များပင် ခံယူသည့်သူများ ရှိနေသည်။
အကယ်၍ ယန်အာထက် မွေးရာပါ ပါရမီ မြင့်မားသည်သူ ရှိနေသည်ဆိုလျှင် သေချာပေါက် လိန်ဟုန်ကျီသာ ဖြစ်လိမ့်မည်။ နေ့တစ်ဝက်အတွင်း သူက သဟဇာတ နတ်ဘုရား မိုးကြိုးစမ်းသပ်ချက်ကို ခံယူသွားလေ၏။
သူ စတင်ကျင့်ကြံကတည်းက လိန်ဟုန်ကျီသည် အတားအဆီးကို တစ်ခါမှ မကြုံတွေ့ခဲ့ရပေ။ အခြားသူများအတွက် မွေးရာပါ ပါရမီမှာ အသေ ဖြစ်၏။ တချို့၏ မွေးရာပါ မွေးရာပါသည် တိုက်ပွဲ သို့မဟုတ် စိတ်ခံစားချက်များကြောင့် အားနည်းလာတတ်သည်။ သို့သော်လည်း သူ့မွေးရာပါ ပါရမီသည် ကျင့်ကြံဆင့် အားကောင်းလာသည်နှင့် ပိုမို အားကောင်းလာ၏။
လိန်ဟုန်ကျီက ဖယ်ပေးဖို့ စိတ်ကူးပင် မရှိပေ။ သူက ပိအန်းပန်းအနားတွင် မိုးကြိုးစမ်းသပ်ချက် ခံယူလိုက်သည်။
မိုးကြိုးချက် ကျဆင်းလာသည်နှင့် လိန်ဟုန်ကျီ အနားရှိ ကျင့်ကြံသူများက မြန်မြန် နောက်ဆုတ်လိုက်ကြရသည်။
“ အားလုံး ပိအန်းပန်းကို မြန်မြန် ဖျက်စီးပစ်ကြ … မဟုတ်ရင် နတ်ဘုရားကမ္ဘာတစ်ခုလုံး ဒုက္ခရောက်လိမ့်မယ် ” စိုးရိမ်တကြီး အသံ တစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် လူအိုကြီးနှစ်ယောက် ရောက်ရှိလာ၏။
“ အဲဒါ စီနီယာ စန်းကျန့်ရှင်းနဲ့ စီနီယာ ရှင်းမူပဲ ” သူတို့က ထိုနှစ်ယောက်ကို မြင်လိုက်သည့်အခါ လူများစွာက လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။
စန်းကျန့်ရှင်းနှင့် ရှင်းမူတို့ ဖြစ်ပေသည်။ သူတို့က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ထိပ်သီးတည်ရှိမှုမျိုး ဖြစ်ရုံသာမက နတ်ဘုရားကုန်းမြေ၌လည်း ထိပ်တန်း ပညာရှင်များ ဖြစ်ကြသည်။
ထိုနှစ်ဦးရောက်ရှိလာသည့် အခိုက်အတန့် လေးကိုင်းသဏ္ဍာန် သက်တန့်တစ်ခု ပေါ်လာသည်။ ထိုအရာ ပိအန်းပန်းအထက်တွင် တည်ရှိနေ၏။
စန်းကျန့်ရှင်းနှင့် ရှင်းမူတို့က မှော်ရတနာအသီးသီး ထုတ်ကာ ပိအန်းပန်းကို စတင် တိုက်ခိုက်လိုက်ကြသည်။ တစ်ချိန်တည်းတွင် သူတို့က ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်၏ “ အားလုံး ပိအန်းပန်းကို မြန်မြန် တိုက်ကြ … မြန်မြန် ”
နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ တပည့်များစွာနှင့် သူတို့နှစ်ဦးကို လေးစားကြသည့် ကျင့်ကြံသူတချို့က သူတို့စကားကို နားထောင်ကာ စတင် တိုက်ခိုက်ကုန်ကြသည်။
သို့သော်လည်း လူများစွာက ဆက်လက် ကျင့်ကြံနေကြဆဲ ဖြစ်၏။ သူတို့အမြင်အရ သူတို့ကျင့်ကြံဆင့်သာ အရေးပါဆုံး ဖြစ်ပေသည်။ ထို့အပြင် ကောင်းကင် ပြိုကျသွားလျှင်ပင် ထွက်ပေါက် ရှိသေးသည် မဟုတ်ပါလော။ သူတို့လို လူများက ဘာမှလုပ်စရာ မလိုပေ။
…………..…
မိုဝူကျိက ခွန်းယွင်နောက်ကို လိုက်ကာ နတ်ဘုရားသင်္ချိုင်းဂူထဲ ဝင်လာလိုက်သည်။ ရက်အချို့ သွားလာပြီးနောက် သူက ဖိအားပြင်းပြင်း တစ်ခုကို ရုတ်ချည်း ခံစားမိလိုက်သည်။
ဤအဆင့်အထိ ကျင့်ကြံပြီးနောက် သူ့အနေနှင့် အသက်ရှုဖို့ မလိုအပ်တော့ပေ။ သို့သော်လည်း မိုဝူကျိက အမှန်တကယ် နေရခက်လာသည့်အထိ ခံစားရခက်လာသည်။ သူက အောက်ဆီဂျင် ပြတ်လပ်သွားသည့် သာမာန် သေမျိုးတစ်ယောက်လို ဖြစ်သွားသည်။
“ ဒါက နေရာကောင်း မဟုတ်ဘူးပဲ ” မိုဝူကျိက အသံနှိမ့်ကာ ပြောလိုက်၏။
ခွန်းယွင်က ရယ်မောကာ “ ပုံမှန်ပါပဲ … ဒါပေမဲ့ အရင် နတ်ဘုရားဂူသင်္ချိုင်းတောင်ကြားနဲ့ ယှဉ်ရင် ဒီနေရာက ပိုကောင်းပါသေးတယ် ”
“ နတ်ဝိညာဉ်သွေးကြောတွေကို ထုတ်ပေးလိုက်တော့ ” မိုဝူကျိက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလာသည်။ သူက ခွန်းယွင်ဆီ သွားကာ နတ်ဝိညာဉ်သွေးကြောများကို တောင်းလိုက်တော့သည်။
ခွန်းယွင်က ရယ်ရယ်မောမောဖြင့် “ လောနေဖို့ မလိုပါဘူးကွာ။ ငါတို့တွေ အချိန်စက်ဝန်းပြား သွားဌားပြီးသွားရင် မင်းကို သေချာပေါက် ပေးမှာပါ ”
မိုဝူကျိက ခွန်းယွင်အား ခပ်တည်တည် ကြည့်လိုက်ပြီး “ ကျုပ်တို့ အချိန်စက်ဝန်းပြား ဌားမရရင်ရော … ”
“ ငါတို့ သေချာပေါက် ဌားနိင်မှာပါ ” ခွန်းယွင်က သေချာသည့်ပုံစံဖြင့် ပြောလိုက်သည်။
“ အဲဆို ကောင်းပြီလေ။ ကျုပ်တို့က အချိန်စက်ဝန်းပြားကို သေချာပေါက် ဌားနိုင်မှာဆိုတော့ နတ်ဝိညာဉ်သွေးကြော ကျုပ်ဆီ ရောက်လာဖို့ အချိန်တစ်ခုပဲ လိုတော့တယ်။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို အခု မပေးချင်ဘူးလေ။ ခင်ဗျားမှာ နောက်ထပ် အကြံတွေ ရှိနေတာလား။
ခင်ဗျား မှတ်ထားနော် … ခင်ဗျားကို အသေးစား ဖျက်စီးရေး ပညာရပ် ပေးထားပြီးပြီ ” မိုဝူကျိက တည့်တိုးဆန်ဆန် လိုရင်းတိုရင်းသာ ပြောလိုက်သည်။
ခွန်းယွင်က ရှက်ရွံ့စွာ ဟားလိုက်ရင်း “ ဟုတ်သား … မင်း မှန်တယ် ”
ခွန်းယွင်က ကူကယ်ရာမဲ့စွာဖြင့် လက်စွပ်တစ်ကွင်း ထုတ်ပေးလိုက်ရသည်။ ဤလက်စွပ်ထဲ၌ ဖန်ဆင်းမှု စွမ်းအင်များ ပါသည့် နတ်ဝိညာဉ်သွေးကြော ငါးရာ ရှိပေသည်။ ထိုရတနာများမှာ လူများစွာ အိပ်မက် မက်နိုင်သည့် ရတနာမျိုးသာ ဖြစ်၏။ သို့သော် ယခုတွင် သူက မိုဝူကျိအား ပေးလိုက်ရလေပြီ။ သို့သော်လည်း သူက ထိုအရာမှ ရှောင်လွဲ၍ မရကြောင်းလည်း ကောင်းကောင်း သိထား၏။
သူက မိုဝူကျိကို ကောင်းစွာ နားလည်ထား၍ မိုဝူကျိကိုသာ ပစ္စည်းများ မပေးလျှင် ဖြစ်နိုင်ခြေ နှစ်ခုသာ ကျန်ရှိတော့သည်။ တစ်ခုမှာ မိုဝူကျိက သူ့အား ရင်ဆိုင်ကာ လှုပ်ရှားလာလိမ့်မည်။ သူ့လက်ရှိစွမ်းရည်ဖြင့် မိုဝူကျိကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။ ဒုတိယအချက် မိုဝူကျိက လှည့်ထွက်သွားလိမ့်မည်။ သူက ခေါ်လျှင်ပင် မိုဝူကျိက နားထောင်တော့မည် မဟုတ်ပေ။
မိုဝူကျိက သိုလှောင်လက်စွပ်ကို လက်ခံလိုက်ပြီးနောက် လူသားကမ္ဘာထဲ ပစ်ထည့်ထားလိုက်သည် “ မဆိုးပါဘူး … ဆက်သွားကြမယ် ”
ယခု သူ့တွင် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ငါးရာ ရှိနေပြီ ဖြစ်၍ ခွန်းယွင် လှည့်ကွက်များကို စိုးရိမ်နေစရာ မလိုတော့ပေ။ အများဆုံး သူက ထွက်ပြေးနိုင်သေး၏။ သူ့စွမ်းရည်ဖြင့် အသက်ရှင်နိုင်မည့် လမ်းကြောင်း ရှာဖို့ ကျရှုံးလိမ့်မည်ဟု မထင်ပေ။
ခွန်းယွင်က သူ့နတ်ဝိညာဉ်သွေးကြော တစ်ဝက်လောက်ကို မိုဝူကျိဆီ ပေးလိုက်ရသောကြောင့် ဆက်လက် စကားပြောချင်စိတ် မရှိတော့ဘဲ သူ့အမြန်နှုန်းကိုသာ တိုးမြင့်လိုက်တော့သည်။
နတ်ဘုရားသင်္ချိုင်းဂူက ကျယ်ပြောကာ အဆုံးအစမဲ့လှသည်။ ခွန်းယွင်က ခုနှစ်ရက်၊ ရှစ်ရက်လောက် သွားလာပြီးသည့်နောက်တွင် ရပ်တန့်လိုက်လေ၏။
မိုဝူကျိ၏ စိတ်စွမ်းအားကို နေရာတစ်ဝှက် ဖြန့်ကျက်ထားလိုက်သည်။ သူတို့ရှေ့တွင် အစီအရင် ဂိတ်ပေါက်တစ်ခု ရှိနေ၏။ ထိုအစီအရင်ဂိတ်ပေါက်တွင် သင်္ကေတလှိုင်းတန်းများ ရှိနေပြီး ထိုသင်္ကေတများမှ ကျယ်ပြောနက်နဲလှသော တာအိုအငွေ့အသက်များကို ထုတ်လွှင့်နေသည်။ မိုဝူကျိက စိတ်စွမ်းအားကို ပို့လွှတ်လိုက်သည့်အခါ ပင်လယ်ထဲ ရောက်သွားသည့် ရေစက်လေးအလား ချက်ချင်း ပျောက်ကွယ်သွားလေ၏။
“ ညီအစ်ကို ဝူကျိ … အစီအရင်ဂိတ်ပေါက်ကို ဖောက်ခွဲပစ်မှ ငါတို့ ဝင်လို့ ရမှာ ” ခွန်းယွင်က အစီအရင်ဂိတ်ပေါက်ကို ညွှန်ပြရင်း ပြောလိုက်သည်။
မိုဝူကျိက ခွန်းယွင်အား နားမလည်စွာ ကြည့်လိုက်ရင်း “ အစ်ကိုခွန်းယွင် … ဒါ ကူးသန်းရေး အစီအရင် မဟုတ်ဘူးလား။ ကျုပ်တို့ ဝင်လိုက်တာနဲ့ ကူးပြောင်းခံလိုက်ရမှာ မဟုတ်ဘူးလား ”
ခွန်းယွင်က အေးစက်စက် ရယ်မောလိုက်ကာ “ မင်း ကူးသန်းနိုင်မလားဆိုတာ စမ်းကြည့်လေ။ တကယ်လို့ မင်း ဝင်လိုက်တာနဲ့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ် ဖျက်စီးခံလိုက်ရလိမ့်မယ် ”
“ ဒါက ထောင်ချောက်လား ” မိုဝူကျိက အလန့်တကြား အော်ပြောလိုက်သည်။
ခွန်းယွင်က ခေါင်းခါကာ “ ထောင်ချောက်တော့ မဟုတ်ဘူး။ မင်းလိုမျိုး အတွေ့အကြုံမရှိတဲ့သူတွေကလွဲရင် အားလုံးက အဲဒါကို မြင်နိုင်တယ် ”
မိုဝူကျိက စိတ်ထဲ လေးလံမိသွား၏။ သူက ချိန်စုယင်ကို စိုးရိမ်မိလာသည်။ အကယ်၍ ချိန်စုယင်သာ ဤနေရာ ရောက်လာခဲ့ပြီး ကူးသန်းရေး အစီအရင် ထင်မှတ်ကာ ဝင်သွားခဲ့လျှင် မည်သို့ ဖြစ်သွားမည်နည်း။
ခွန်းယွင်က မိုဝူကျိ အတွေးကို သိသည့်အလား ဝင်ပြောလိုက်သည်
“ မင်း ဒီနေရာကို လာဖို့ လွယ်တယ်များ ထင်နေလား။ မင်းရဲ့ မိန်းမက ဒီနေရာကို ရှာတွေ့မှာ မဟုတ်ဘူး။ တကယ်လို့ ငါသာ ဦးဆောင်မလာရင် မင်းလည်း နှစ်တစ်သိန်းလောက် ရှိရင်တောင် ဒီအစီအရင်ဂိတ်ပေါက်ကို တွေ့မှာ မဟုတ်ဘူး
ငါ ဘာလို့ ဒီအစီအရင်ဂိတ်ပေါက်ကို မတိုက်နိုင်တာလဲဆိုတာ သိလား။ အဲဒါက ငါ လူသားတာအိုကို မလေ့ကျင့်ထားလို့ မိုးမြေ ဖိအားအောက်မှာ ရောက်နေမှာ။ ငါသာ တိုက်လိုက်တာနဲ့ မိုးမြေဖိအားကို ချက်ချင်း ရင်ဆိုင်ရပြီးတော့ ငါ့ကျင့်ကြံဆင့်က ကျသွားလိမ့်မယ်။ ဖြည်းဖြည်းချင်း ငါ့ကို တစ်ချက်တည်းနဲ့ သတ်လို့ ရတဲ့အထိ အားနည်းသွားလိမ့်မယ် ”
“ အဲဒါကြောင့် ကျုပ်ကို လာရှာတာလား ” မိုဝူကျိက ခွန်းယွင်အား ကြည့်လိုက်ရင်း မေးလိုက်သည်။
ခွန်းယွင်က ခေါင်းညိတ်ကာ “ အကြောင်းအရင်းထဲက တစ်ခုလို့ ပြောလို့ ရပါတယ် ”
မိုဝူကျိက ဘာမှမပြောတော့ပေ။ သူက ခွန်းယွင်အား နောက်ဆုတ်နေဖို့ အချက်ပြလိုက်ပြီးနောက် လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် ဝေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းဆိုသလို တစ်ခုခု ဖြစ်လာခဲ့လျှင် ကာကွယ်နိုင်ဖို့အတွက် သူက အသိစိတ်ပင်လယ်အတွင်း လော့ကျမ်းစာရွက်အချို့ကိုလည်း အသင့် ပြင်ဆင်ထားလိုက်သည်။
သူက ခွန်းယွင် စကားကို တစ်ဝက်သာ ယုံကြည်ထား၏။ မိုဝူကျိအတွက် ခွန်းယွင်ကို ယုံကြည်လိုက်သည်ထက် သူ့ကိုယ်သူ ပိုယုံပေသည်။
လခြမ်းကွေး ပုဆိန်လှံရှည်က ငွေရောင်စက်ဝိုင်းခြမ်း ရွေ့လျားသွားကာ ထိုအစီအရင်ဂိတ်ပေါက်ပေါ် ကျရောက်သွားသည်။
တစ်ချိန်တည်းဆိုသလို ခွန်းယွင်က မြန်မြန် နောက်ဆုတ်လိုက်လေ၏။ သူက မိုဝူကျိ၏ လူသားတာအိုသည် ဤအစီအရင်ဂိတ်၏ မိုးမြေဖိအားများကို လျစ်လျူရှုနိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်ထားသည်။ ထိုသို့ဆိုလျှင်ပင် သူက အသက်ကို မစတေးလိုပေ။
အကယ်၍ မိုဝူကျိ၏ တိုက်ခိုက်မှုသာ ကျရှုံးသွားခဲ့လျှင် သူက နောက်ဆုတ်သွားမည် ဖြစ်၏။ အကယ်၍ မိုဝူကျိ တိုက်ခိုက်မှုသာ အောင်မြင်သွားလျှင် မိုဝူကျိနှင့် ဆက်အလုပ်လုပ်နိုင်မည် ဖြစ်၏။
“ ဝုန်း ဝုန်း ” ပုဆိန်လှံရှည်က အစီအရင်ဂိတ်နှင့် ထိတွေ့သွားသောအခါ ဂိတ်ဘက်မှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာလေ၏။
မိုဝူကျိက စည်းမျည်း အမြောက်အများ သူ့ဆီ ပြေးဝင်လာသည်ကို ခံစားမိလိုက်သည်။ ထိုစည်းမျည်းလှိုင်းလုံးများက မသက်မသာ ဖြစ်စေ၏။
သို့သော်လည်း မိုဝူကျိက တုန်လှုပ်မသွားပေ။ ခွန်းယွင် ပြောသည်က အမှန်ဖြစ်၏။ ဤနေရာကို တိုက်ခိုက်ခြင်းက စည်းမျည်းများမှ ဖိအားများကို ဖြစ်ပေါ်လာစေကာ အဆင့်မြင့်အလွှာမှ အဆင့်နိမ့်အလွှာသို့ ရောက်သွားသည်နှင့် အတူတူ ဖြစ်သည်။ သို့သော် သူက လူသားတာအိုကို ကျင့်ကြံပေသည်။ သူက ထိုဖိအားများကို ခံစားမိသော်လည်း သူ့တာအိုအပေါ် သက်ရောက်မှု စိုးစဉ်းမျှ မရှိပေ။
***