← Chapters

မဟာဝိဇ္ဇာအရှင်

Vol. 78 Ch. 1085

မဟာဝိဇ္ဇာအရှင်

Vol. 78 Ch. 1085

မိုဝူကျိက သူ့အပေါ် သက်ရောက်မှု မရှိကြောင်း အတည်ပြုပြီးနောက် လခြမ်းကွေး ပုဆိန်လှံရှည်ကို နောက်တစ်ကြိမ် ဝေ့ယမ်းလိုက်သည်။ ဤတစ်ကြိမ်၌ သူက လေဟုန်ဆန်မြစ် တိုက်ကွက်ကို ထုတ်သုံးလိုက်၏။

တောက်တောက်ပပ ငွေရောင်မြစ်တစ်စင်းက လေဟာနယ်အလယ်မှ ထွက်ပေါ်လာကာ အစီအရင်ဂိတ်ဆီ ကျရောက်လာသည်။

“ ဝုန်း ” အစီအရင်ဂိတ်ပေါက်၌ အက်ကြောင်းအသေးလေး ပေါ်လာသည်။

အဝေးတွင် ရှိနေသော ခွန်းယွင်က ဘဝင်ခိုက်သွားလေ၏။ သူက မိုဝူကျိ၏ လူသားတာအိုသည် မိုးမြေဖိအား မခံရကြောင်း ခန့်မှန်းခဲ့သော်လည်း ခန့်မှန်းချက်တစ်ခုမျှသာ ဖြစ်ပေသည်။ သို့သော် ယခုတွင် သူအနေနှင့်  မိုဝူကျိက နတ်ဘုရား နားခိုရာနယ်မြေ၏ အစီအရင်ဂိတ်ပေါက်ကို အမှန်တကယ် တိုက်ခိုက်နိင်သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောကြောင့် အလွန်စိတ်လှုပ်ရှားနေမိသည်။

ထိုစဉ် သူက ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ငါးရာာ သုံးရတာ တန်သည်ဟု ခံစားမိသွားသည်။

လေဟုန်ဆန်မြစ်က အကျိုးရှိသည်ကို မြင်၍ မိုဝူကျိ၏ ပုဆိန်လှံရှည်က နောက်ထပ် လေဟုန်ဆန်မြစ် တစ်စင်းကို ထပ်မံ ခေါ်ဆောင်လာသည်။

ငွေရောင်မြစ်များစွာ ကျဆင်းလာပြီး အစီအရင်ဂိတ်ပေါက်ဆီ ကျရောက်လာသည်။ လေဟုန်ဆန်မြစ် ကျရောက်လာသည်နှင့် ဂိတ်တံခါးဆီမှ ငွေပန်းပွင့် သဏ္ဍာန်အလင်းအရိပ်လေးက ထွက်ပေါ်လာသည်။

မိုဝူကျိက သူ့တိုက်ခိုက်နှုန်းကို မတိုးမြင့်လျှင် ယခင် ဖြစ်ပေါ်လာသည့် အက်ကြောင်းလေးမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မည်မှန်း သိလိုက်၏။

ဆယ်ကြိမ် တိုက်ခိုက်ပြီးနောက် အက်ကြောင်းမှာ လူတစ်ကိုယ် ဆန့်လောက်အောင်အထိ ကြီးလာသည်။ မိုဝူကျိက တုံ့ဆိုင်းမနေတော့ဘဲ အက်ကြောင်းအတွင်း ခုန်ဝင်လိုက်လေ၏။

ထိုစဉ် ခွန်းယွင်က မိုဝူကျိသည် လျို့ဝှက်တိုက်ကွက်များ ဆက်တိုက် ထုတ်သုံးနိုင်သောကြောင့် သူ့စိတ်စွမ်းအားကို အတော်လေး ချီးကျုးမိသွား၏။ သူက မိုဝူကျိတစ်ယောက် သူ့အား မခေါ်ဘဲ အက်ကြောင်းအတွင်း ဝင်သွားသည်ကို မြင်လိုက်သည့်အခါ သူက ဘာကိုမှ ဂရုမစိုက်နေတော့ဘဲ ခန္ဓာကိုယ်ကို အလင်းတန်းများအဖြစ် ပြောင်းလဲကာ အက်ကြောင်းအတွင်း ဝင်လိုက်သည်။

ခွန်းယွင် ဖြတ်သန်းပြီးသည်နှင့် အက်ကြောင်းက ပိတ်သွားလေ၏။

“ညီအစ်ကို ဝူကျိ … အဲလို လုပ်လို့ မဖြစ်ဘူးလေ။ ငါသာ သတိမထားမိရင် အပြင်ဘက်မှာ ကျန်နေခဲ့မှာပေါ့ ” ခွန်းယွင်က မိုဝူကျိ၏ အပြုအမူနှင့် ပတ်သတ်၍ မကျေမနပ် ဖြစ်နေသည်။

မိုဝူကျိက ခွန်းယွင်အား တစ်ချက် ကြည့်လိုက်ပြီးနောက် မထူးမခြားနား ပြောလိုက်သည်   “ တကယ်လို့ ဒီလို ရိုးရိုးကိစ္စလေးတောင် မလုပ်နိုင်ရင် ကျုပ်တော့ ခင်ဗျားနဲ့ အလုပ်တွဲမလုပ်နေတော့ဘူး ”

ခွန်းယွင်က ဒေါသကို ထိန်းထားပြီး ဆက်လက် ဦးဆောင်သွားဖို့သာ တတ်နိုင်တော့သည်။

မိုဝူကျိက ခွန်းယွင်ကို ဂရုမစိုက်ပေ။ ထို့အစား သူက ဘေးပတ်လည်ကို သေချာစစ်ဆေးကြည့်နေ၏။ သူက အစီအရင်ဂိတ်ပေါက်ကို ဖြတ်ကျော်လာပြီးနောက် သူ ခံစားနေရသော ဖိအားမှာ လုံးဝ ပျောက်ကွယ်သွားကြောင်း သိလိုက်၏။ ထို့အပြင် ဤနေရာရှိ စည်းမျည်းများမှာ အတော်လေး ထူးခြားပေသည်။ သို့သော်လည်း သဘာဝစွမ်းအားများက ကျင့်ကြံဖို့အတွက် အလွန်သင့်တော်ပေ၏။ တစ်ချိန်တည်းဆိုသလို မိုဝူကျိက  ဒေါသတရား အငွေ့အသက်တချို့ကို အာရုံခံမိလိုက်သည်။

“ အစ်ကို ခွန်းယွင် … ဘယ်သွားနေတာလဲ ” မိုဝူကျိက ထိုမေးခွန်းကို မေးလိုက်သည့်အချိန် ကမ္ဘာတုန်လှုပ်မတတ် အသံကြီး ထွက်ပေါ်လာသည်။

ထို့နောက် မိုဝူကျိက မှော်ရတနာအလင်းနှစ်ခု တစ်ခုနှင့်တစ်ခု ထိပ်တိုက် တွေ့သွားပြီး သဘာဝစွမ်းအားများ ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသည်။

ထိုနေရာ အာကာပြင်တစ်ခုလုံးက အပြင်းအထန် တုန်ခါလျက် ရှိ၏။ ထိုစဉ် မိုဝူကျိက ဤနေရာ၏ အာကာပြင် စည်းမျည်း တည်ငြိမ်မှုအား ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်သည်။

“ ဒီမှာ တိုက်နေကြတာလား ” မိုဝူကျိက ရပ်ကာ ခွန်းယွင်အား မေးခွန်းထုတ်လိုက်၏။

ထိုမှော်ရတနာအလင်းများကို တွေ့ပြီးနောက် မိုဝူကျိက သူသည် ထိုလူများအတွက် ပြိုင်ဖက် မဟုတ်ကြောင်း သိလိုက်သည်။

ခွန်းယွင်က ရယ်ကာ  “ ဒါက ပုံမှန်ပဲလေ။ ဒီနေရာမှာ ပညာရှင်တွေ အများကြီး ရှိနေတာဆိုတော့ တိုက်ပွဲဖြစ်တာလည်း ရှိတာပေါ့ ”

“ ခွန်းယွင် … ငါတော့ မင်း ခန္ဓာကိုယ် ရှာတွေ့လိမ့်မယ်လို့ ထင်မထားဘူး။ မင်းက ထောင်ထျဲ့အိုးတောင် ယူလာသေးတယ် ….” ထိုအသံအဆုံးတွင် ခပ်ညိုညို ကမ္ဘာဦး စိတ်ဝိညဉ်က မိုဝူကျိနှင့် ခွန်းယွင်ရှေ့ ပေါ်လာသည်။

“ အာ … ဒီငတိလေးက ဘယ်သူများလဲ။ ဘာကြောင့် မင်းဆီ လာကပ်နေတာလဲ … ဟားဟား ခွန်းယွင်  … မင်း ယူလာတဲ့ ခန္ဓာကိုယ်လေးက မဆိုးဘူးပဲ။ ကျေးဇူးပဲကွာ  ” ခပ်ညိုညို ကမ္ဘာဦး စိတ်ဝိညာဉ်က မိုဝူကျိကို မြင်သွားသည့်အခါ ရေရွတ်လိုက်သည်။ မကြာခင် သူက မိုဝူကျိ၏ တန်ဖိုးကို သတိပြုမိသွားလေ၏။ ပြောရမည်ဆိုလျှင် နတ်ဘုရား နားခိုရာနယ်မြေမှ ထွက်သွားဖို့ရာ မဖြစ်နိုင်သလောက် ဖြစ်၏။ ထို့ကြောင့် ခန္ဓာကိုယ် မရှိသူများသည် သူတို့ကမ္ဘာဦး စိတ်ဝိညာဉ်နှင့်သာ လျှောက်သွားနိုင်ကြသည်။

မိုဝူကျိက လက်ကို ဆန့်ထုတ်ကာ ပုဆိန်လှံရှည်မှ ငွေရောင် အလင်းတန်းကို ထုတ်ဖော်လိုက်သည်။

ခပ်ညိုညို ကမ္ဘာဦး စိတ်ဝိညာဉ်က မိုဝူကျိသည် အမှန်တကယ် သူ့အား တိုက်ခိုက်ရဲသည်ကို မြင်သောအခါ နတ်ဆိုးဆန်ဆန် သရော်လိုက်သည်။ သူက ပါးစပ်ဟကာ မိုဝူကျိအား စုပ်ယူဖို့ ကြိုးစားလိုက်၏။ ယခု သူ့မျက်မှောက် ခန္ဓာကိုယ်ကောင်းကောင်း ရောက်နေပြီ ဖြစ်ရာ အဘယ်ကြောင့် လက်လွှတ်ပေးရမည်နည်း။

သို့သော်လည်း မကြာခင် သူက ကြောင်အမ်းသွားလေသည်။ သူ့ဘေးပတ်လည်ရှိ အာကာပြင်မှာ မိုဝူကျိကြောင့် ပိတ်လှောင်ခံလိုက်ရသည်။ ထိုစဉ် သူက အချိန်စက်ဝန်းပင် နှေးကွေးသွားသလို ခံစားမိလိုက်သည်။

“ ရပ်ပါတော့  …. ခွန်းယွင် မြန်မြန် ဒီကောင်လေးကို ရပ်ခိုင်းလိုက်ပါဦး ” သေခြင်းတရားကို ခံစားမိ၍ ထိုခပ်ညိုညို ကမ္ဘာဦး စိတ်ဝိညာဉ်က အလန့်တကြား အော်ဟစ်လိုက်သည်။

“ ညီအစ်ကို ဝူကျိ … ဒီတစ်ယောက်က စကားမတတ်လို့ပါ။ ဒီတစ်ကြိမ်တော့ ချမ်းသာပေးလိုက်ပါကွာ ” ခွန်းယွင်က မိုဝူကျိဆီမှ သက်ညှာမှု တောင်းခံမပေးလိုသော်လည်း တောင်းဆိုလိုက်ရသေး၏။

မိုဝူကျိ၏ မျက်နှာမှာ အမူအယာ ကင်းမဲ့လျက် ရှိပြီး ပုဆိန်လှံရှည်မှာ ဆက်တိုက် ကျဆင်းလာသည်။ ကမ္ဘာဦး စိတ်ဝိညာဉ်ကို နှစ်ပိုင်း ဖြတ်ပြီးသည့်အခါမှ ရပ်တန့်လိုက်လေ၏။ ထိုစဉ် မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်

“ တကယ်လို့ ခင်ဗျားရဲ့ အသက်ကို ကယ်တင်ပေးနိုင်မဲ့အရာမျိုး ရှိရင် ထုတ်လိုက်  …. မဟုတ်ရင်တော့ ဒီလောကကြီးကနေ ပျောက်ကွယ်သွားလိုက်တော့ ”

မိုဝူကျိက ခွန်းယွင်ကိုပင် မကြောက်သည်ကို မြင်၍ ခပ်ညိုညို ကမ္ဘာဦး စိတ်ဝိညာဉ်က နောက်ဆုံးတွင် သူ ကြောက်ရွံ့ရမည့်သူကို သိသွားလေသည်။ သူက မြန်မြန် ပြောလိုက်သည်

“ ငါ့ဆီမှာ ပန်းပဲပစ္စည်းတချို့ ရှိတယ်။ မင်းကို အကုန်ပေးမယ် ”

သူက ပြောလိုက်ရင်း ကမ္ဘာကို ဖွင့်ပြလိုက်သည်။ မိုဝူကျိက ခပ်ညိုညို ကမ္ဘာဦး စိတ်ဝိညာဉ်၏ ကမ္ဘာထဲမှ ထိပ်တန်းအဆင့် ပန်းပဲပစ္စည်းတချို့ကို မြင်လိုက်ရသည့်အခါ တုံ့ဆိုင်းမနေဘဲ အားလုံးကို သိမ်းကာ လူသားကမ္ဘာထဲ ပို့လိုက်သည်။ ထို့နောက် သူက ပုဆိန်လှံရှည်ကို သိမ်းကာ

“ ကောင်လေး  … နောက်တစ်ကြိမ်ကျ မင်းစကားတွေကို သတိထား … ငါ့ကို ရန်လာမစမိစေနဲ့ ”

“ ဟုတ်ကဲ့ပါ … ဟုတ်ကဲ့ပါ ” ထိုကမ္ဘာဦး စိတ်ဝိညာဉ်က ခဏခဏ ပြောဆိုလိုက်ပြီးနောက် အမှောင်ထုထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်။

ခွန်းယွင်က ခါးသက်သက် ပြုံးလိုက်ရင်း  “ ညီအစ်ကို ဝူကျိ … မင်းတော့ ပြဿနာ ရှာလိုက်ပြန်ပြီ။ အဲဒီလူက ဘယ်သူလဲဆိုတာ သိလား။ သူက မဟာဝိဇ္ဇာအောက်မှာ အလုပ်လုပ်နေတာ  .. ဟူး … ”

မိုဝူကျိက ရပ်ကာ ခွန်းယွင်အား ကြည့်လိုက်ပြီး   “ အဲဆို ဒီနေရာမှာ ဝိဇ္ဇာတစ်ပါး ရှိနေတာလား။ အရင်တုန်းက ခင်ဗျား ပြောတော့ ဝိဇ္ဇာရှစ်ပါးပဲ ရှိတာဆို ….”

ခွန်းယွင်က မိုဝူကျိကို ပြန်မဖြေဘဲ စိတ်ဖြင့်ဆက်သွယ်ကာ

“ ဝိဇ္ဇာရှစ်ပါး ရှိတာက ဟုတ်တယ်။ ဒါပေမဲ့ ဒီနေရာမှာ မင်ယွမ်လို့ ခေါ်တဲ့  ထိပ်တန်း ဝိဇ္ဇာတပိုင်း တစ်ယောက် ရှိတယ်။ သူက ဝိဇ္ဇာတစ်ယောက် မဟုတ်ပေမဲ့ သူ့အင်အားက အားမနည်းဘူး။

အရင်နှစ်တွေတုန်းက  ဝိဇ္ဇာအရိုက်အရာ ရယူဖို့ ကြိုးစားရင်း  နတ်ဘုရားသင်္ချုင်းဂူထဲအထိ အရိုက်ခံလိုက်ရတယ်။ သူ နတ်ဘုရားသင်္ချိုင်းဂူထဲမှာ ရှိတုန်းက သူ့နတ်ဘုရားအရိုက်အရာကို  ကြေညာချိတ်ပိတ်ထားခဲ့တယ်  … အဲဒီ နတ်ဘုရားအရိုက်အရာက မဟာဝိဇ္ဇာပဲ … ပြောရရင်တော့ ဝိဇ္ဇာရှစ်ပါးအထက်မှာ ရှိတယ်ပေါ့ကွာ။ ဒီတစ်ကြိမ် ငါ လာတာက မဟာဝိဇ္ဇာကို လာရှာတာ  ”

“ အဲဒီသူကို ရှာဖို့လား  … ဘာလို့လဲ ” မိုဝူကျိက မြန်မြန် မေးလိုက်သည်။

ခွန်းယွင်က စိတ်ဖြင့် ထပ်မံ ဆက်သွယ်ကာ

“ အရင်ပျက်ကပ်ကြီးတုန်းက ဝိဇ္ဇာအဆင့်အောက်က အားလုံး အန္တရာယ်ထဲ ကျရောက်ခဲ့တယ်။ သူတို့‌တွေ မသေဘူးဆိုတာ ဘယ်သူကမှ မသေချာဘူး။ အဲဒီအချိန်တုန်းက မဟာဝိဇ္ဇာက ရှေ့ထွက်လာပြီးတော့ ဝိဇ္ဇာအားလုံးနဲ့ ရင်ဆိုင်ပေးခဲ့တယ်။

သူက သာမာန်အရိုက်အရာခံ နတ်ဘုရားတွေဘက်ကနေ ပြောပေးပြီးတော့ သူတို့ကို ကူညီဖို့ အသက်တောင် ပေးခဲ့တယ်။  သမိုင်းမှာ သူက ဝိဇ္ဇာတွေနဲ့ ယှဉ်ရဲတဲ့ တစ်ဦးတည်းသော ဝိဇ္ဇာတပိုင်းပဲ … သူရဲ့ ဖြောင့်မတ်တဲ့ အကျင့်စရိုက်ကြောင့် အရိုက်အရာခံ နတ်ဘုရားများစွာက ကပ်ဘေးကြီး ရောက်မလာခင် သူတို့ရဲ့ ရတနာတွေကို သူ့ဆီ အပ်နှံ့ထားခဲ့ကြတယ်။ သူတို့ အသက်ရှင်ခဲ့ရင်  သူတို့အပိုင်ကို ပြန်လာယူလို့ ရတယ် ”

မိုဝူကျိက စိတ်ထဲ လေးလံမိသွား၍ ချက်ချင်း ထုတ်မေးလိုက်သည်   “ အဲဆို ခင်ဗျားကလည်း ရတနာတွေကို သူ့ဆီ ထားခဲ့တာပဲလား ”

ခွန်းယွင်က မိုဝူကျိ စိုးရိမ်မှုကို သိသည့်အလား ရယ်မောကာ

“ ညီအစ်ကို ဝူကျိ … ဘာမှစိုးရိမ်နေဖို့ မလိုပါဘူး။ မဟာဝိဇ္ဇာက ဖြောင့်မတ်ပြီးတော့ သဘောထားကြီးတယ်။ သူက သူ့ရှင်းထျန်းရတနာတွေနဲ့ လျို့ဝှက်တိုက်ကွက်တွေကိုတောင် ဝေမျှပေးခဲ့သေးတာ …. သဘောထားကြီးမှုကို ပြောရရင် စကြဝဠာကြီးထဲမှာ သူနဲ့ ယှဉ်နိုင်တဲ့သူ ရှိမှာ မဟုတ်လောက်ဘူး။

ပြီးတော့ သူ့ဆီမှာ ငါ့ပစ္စည်းတချို့တဝက်လေးပဲ ထားထားတာလေ။ ငါ့ကျင့်ကြံဆင့်နဲ့ ပတ်သတ်တဲ့ တခြားတချို့တဝက်ကိုတော့ တခြားနေရာမှာ ဝှက်ထားတယ်။ အချိန်ကျလာရင်  အဲဒါတွေ ပြန်ယူဖို့ မင်း ငါ့ကို ကူညီပေးရဦးမယ် ”

မိုဝူကျိက ဘာမှမပြောတော့ပေ။ သူက ခွန်းယွင်သည်လည်း ထိုမဟာဝိဇ္ဇာအပေါ် သံသယတချို့ ရှိနေကြောင်း ပြောနိုင်ပေ၏။ ဤလူက ထုတ်မပြောလိုခြင်းသာ ဖြစ်ပေမည်။

“ ခွန်းယွင် … နတ်ဘုရား နားခိုရာနယ်မြေကနေ ပြန်လည် ကြိုဆိုပါတယ် ” နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ဝတ်စုံနီနှင့် ဖြူဖျော့ဖျော့ လူငယ်လေးတစ်ဦး လျှောက်လှမ်းလာသည်။

သူက ခွန်းယွင်ကို ကြိုဆိုနေသော်လည်း သူ့မျက်လုံးများက ခွန်းယွင် နောက်ကျောပေါ်ရှိ ထောင်ထျဲ့အိုးအပေါ်သာ ကပ်ညှိနေလေ၏။

ခွန်းယွင်က ထောင်ထျဲ့အိုး ယူဆောင်ခံရမည်ကို ကြောက်ရွံ့သည့်ဟန် မပေါ်ပေ။ သူက လက်နှစ်ဖက် ယှက်ကာ   “ အာ … တာအိုရောင်းရင်း ထင်လင်းကိုး ”

ထိုသို့ပြောပြီးနောက် မိုဝူကျိအား မိတ်ဆက်ပေးလိုက်သည်

“ ညီအစ်ကို ဝူကျိ … ဒါက တာအိုရောင်းရင်း ထင်လင်းလေ။ သူက ပင်မနတ်ဘုရား ၁၀၈ ပါးထဲကပဲ …. သူက ဝိဇ္ဇာတွေအပေါ်မှာ သစ္စာမရှိလို့ ကပ်ဘေးအတွင်း ကျသွားတာ ”

ခွန်းယွင် စကားများကို ကြားကာ ထင်လင်းက ကောင်းကင်ယံသို့ မူတည်၍  လက်နှစ်ဖက် ယှက်လိုက်ရင်း ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်

“ မဟာဝိဇ္ဇာအရှင်ကြောင့်သာ မဟုတ်ရင် အခု ထင်လင်းဆိုတာ ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။ တကယ်လို့ မဟာဝိဇ္ဇာအရှင်သာ ထွက်သွားဖို့ ရွေးချယ်ခဲ့ရင် ကျွန်တော် ထင်လင်းက အမြဲတမ်း နောက်လိုက် လုပ်မှာပါ။ သေခြင်းတရားကပဲ ဒါကို အဆုံးသတ်နိုင်လိမ့်မယ် … ”

ခွန်းယွင်က ပြုံးကာ   “ တာအိုရောင်းရင်း ထင်လင်းကို အကူအညီ တောင်းရဦးမယ်။ ကျုပ် မဟာဝိဇ္ဇာအရှင်နဲ့ တွေ့ချင်လို့ပါ ”

ထင်လင်းက ခေါင်းညိတ်ကာ   “ ကောင်းပြီလေ … ကျုပ်နောက်က လိုက်ခဲ့ပါ ”

မိုဝူကျိက ခွန်းယွင်ထံ စိတ်ဖြင့် လှမ်းပြောလိုက်သည်  “ အစ်ကိုခွန်းယွင် … ထင်လင်းက ဘယ်လိုလုပ် ခန္ဓာကိုယ် ရှိနေတာလဲ ”

ခွန်းယွင်က ပြန်ဆက်သွယ်ကာ ဖြေလိုက်သည်

“ နတ်ဘုရား နားခိုရာနယ်မြေထဲက အားလုံးက ခန္ဓာကိုယ် ပျက်စီးသွားတယ် ထင်နေတာလား။ ဒီလိုမျိုးက တချို့လောက်ပါပဲ။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် ရှိနေတာက တခြားအစိတ်အပိုင်းတွေလည်း ပြီးပြည့်စုံနေတယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ မင်း ကြာကြာနေရင် သိလာပါလိမ့်မယ် ”

ထင်လင်း၏ အမြန်နှုန်းမှာ အတော်လေး မြန်ဆန်လှသည်။ တစ်ရက်အတွင်း သူက မိုဝူကျိနှင့် ခွန်းယွင်တို့အား တောင်ခြေတစ်ခုသို့ ခေါ်ဆောင်လာသည်။

မိုဝူကျိက တောင်ကြီးကို မြင်လိုက်သည်နှင့် နတ်ဘုရား နားခိုရာနယ်မြေတွင်လည်း တောင်များနှင့် မြစ်ချောင်းများ ရှိကြောင်း သတိပြုမိသွား၏။

တကယ်တော့ တောင်ရှေ့တွင် မြစ်တစ်စင်း ရှိနေသည်။ ထိုမြစ်က တောင်ကြီး၏ ကြီးကျယ်ခမ်းနားမှုကို ပိုမို မြင့်တက်လာစေပြီး ကိုးကွယ်လိုစိတ်များ ဖြစ်ပေါ်လာစေသည်။

ခွန်းယွင်က လေးလေးနက်နက် ဦးညွှတ်၍    “  ပင်မနတ်ဘုရား ၁၀၈ ပါးထဲက  ခွန်းယွင် မဟာဝိဇ္ဇာအရှင်ကို လာရောက် ဂါရဝပြုပါတယ် ”

မိုဝူကျိက ဦးညွှတ်ခြင်း မရှိပေ။ သူက လက်နှစ်ဖက်သာ ယှက်လိုက်ပြီး   “ နယ်လှည့်ကျင့်ကြံသူ မိုဝူကျိက မဟာဝိဇ္ဇာအရှင်ကို လာရောက် ဂါရဝပြုပါတယ် ”

***

All Chapters