← Chapters

မင်းဆီမှာ ရှိလား

Vol. 78 Ch. 1087

မင်းဆီမှာ ရှိလား

Vol. 78 Ch. 1087

မိုဝူကျိက လူသားတာအိုကို ကျင့်ကြံသည့်အတွက် သန္ဓေပြောင်းလဲရေး ပညာရပ်ကို အသုံးချ၍ မြက်ပင်လေးအဖြစ် ပြောင်းလဲထားရဲခြင်း ဖြစ်၏။ ပြောရမည်ဆိုလျှင် သန္ဓေပြောင်းလဲရေး ပညာရပ်ကို တခြားသူ အသုံးပြုပါက သူ့လောက် အသုံးဝင်မည် မဟုတ်ပေ။ အကယ်၍ သူတို့က မြက်ပင်လေးအဖြစ် ပြောင်းလဲဖို့ ကြိုးစားမည်ဆိုလျှင် သူတို့၏ အငွေ့အသက်များကို မည်သို့ပင် ဖုံးကွယ်ထားစေကာမူ သိသာနေဦးမည် ဖြစ်ပေသည်။ မိုဝူကျိ၏ အင်မော်တယ် မော်တယ်ကျင့်စဉ်တစ်ခုတည်းကသာ သူ့ဘေးပတ်ဝန်းကျင်ရှိ အရာများနှင့် တစ်သားတည်းကျနေအောင် ပြောင်းလဲပေးနိုင်စွမ်း ရှိ၏။

မိုဝူကျိက လေထဲ လှုပ်ရှားသွားလာနေရင်း ခွန်းယွင် ကျောက်စိမ်းပေလွှာပေါ်မှ တည်နေရာကို မှတ်သားနေလေ၏။

မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း ကြည်လင်ရှင်းလင်းသည့် လမ်းတစ်ခု ပေါ်လာသည်။ မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ထိုလမ်းကို ရွေးလိုက်၏။ သူက ခွန်းယွင်သည် ဤအရာနှင့် ပတ်သတ်၍ လိမ်ညာမည် မဟုတ်ကြောင်း ယုံကြည်မိသည်။ ခွန်းယွင်နှင့်  ကိုယ့်ဘာသာ ဝိဇ္ဇာတစ်ပါးဟု သွေးနားထင်ရောက်နေသည့် မဟာဝိဇ္ဇာအရှင်နှင့် အစီးမကပ်ကြောင်း သိ၏။ မဟုတ်လျှင် ခွန်းယွင်က သူ့နောက် လိုက်ကာ မဟာဝိဇ္ဇာအရှင်၏ ရွှေရောင်လမ်းမှ နောက်ဆုတ်လာမည် မဟုတ်ပေ။

မိုဝူကျိက ခွန်းယွင်သည် သူ့နောက် လိုက်လာလိမ့်မည်ဟု ခန့်မှန်းမိသော်လည်း သူက ခွန်းယွင်ကို စောင့်ဖို့ ရည်ရွယ်ချက် မရှိပေ။ သူက မဟာဝိဇ္ဇာအရှင်နှင့် ရင်ဆိုင်နိုင်စွမ်း မရှိခင် သူက ခွန်းယွင်အား သူ့နောက်လိုက်ခွင့်ပြုလို့ မရပေ။

ခွန်းယွင်လည်း နားလည်လောက်ပေသည်။ ထို့ကြောင့် ဤမြေပုံကို ပြင်ဆင်ပေးထားသည် မဟုတ်ပါလော။ မိုဝူကျိက ခွန်းယွင်တစ်ယောက် ဤမြေပုံပေးလိုက်သည့် နောက်ထပ် အကြောင်းအရင်း တစ်ခု ရှိကြောင်း သိ၏။ ခွန်းယွင်က သူ့သန္ဓေပြောင်းလဲရေး ပညာရပ်ဖြင့် လုပ်ကြံခံရမည်ကို ကြောက်ရွံ့နေခြင်းလည်း ဖြစ်နိုင်သည်။

နတ်ဘုရား နားခိုရာနယ်မြေသည် အတော်လေး ကြီးမားသည်။ မိုဝူကျိက တစ်လအကြာ လေရွေ့ပြောင်းစွမ်းရည်ဖြင့် ဆက်တိုက် သွားလာနေခဲ့ပြီးနောက်မှ ရပ်တန့်လိုက်ရသည်။ သူ ရပ်လိုက်သည့်နေရာမှာ လူသူကင်းမဲ့သည့် ဝါးတောအုပ်လေး ဖြစ်နေ၏။ ထိုဝါးတောအုပ်ထဲရှိ ဝါးပင်အားလုံးမှာ သေဆုံးသွားကြလေပြီ။ မည်သို့သော ဝါးအမျိုးအစား ဖြစ်ကြောင်းကို မသိသော်လည်း သူတို့သေဆုံးသွားသည်မှာ နှစ်များစွာ ကြာမြင့်နေသည့်တိုင် ယခုအချိန်အထိ လျော့ပါးမသွားသေးပေ။

မိုဝူကျိက ခွန်းယွင်၏ မြေပုံအတိုင်း လိုက်ကာ ဝါးတောအုပ်ထဲ ဝင်လာလိုက်သည်။ သုံးရက်တာ သွားလာပြီးနောက် သူက မထင်မရှား ဝါးပင်တစ်ပင်ရှေ့ ရပ်လိုက်တော့သည်။ ထို့နောက် သူက လက်နှစ်ဖက် ယှက်ကာ   “ ဂျူနီယာ မိုဝူကျိက  စီနီယာ ကူရှင်းရန်ကို လာရောက် ဂါရဝပြုတာပါခင်ဗျ ”

တုံ့ပြန်မှု မရှိပေ။

မိုဝူကျိက စိတ်ဝိညာဉ် မျက်လုံးကို အသက်သွင်းလိုက်သည်နှင့် ပုံရိပ်ယောင် အစီအရင်ကို မြင်လိုက်ရသည်။ ဆိုလိုသည်မှာ ခွန်းယွင်က အမှန်အတိုင်း ပြောခဲ့ခြင်း ဖြစ်၏။

မိုဝူကျိက အစီအရင်ထဲ အတင်းဇွတ် မဝင်သွားဘဲ လက်နှစ်ဖက် ယှက်ကာ ပြောလိုက်၏  “ စီနီယာ ကူရှင်းရန် … ကျုပ်က ခွန်းယွင်ရဲ့ မိတ်ဆွေပါ။ ခွန်းယွင်ရဲ့ လမ်းညွှန်ပေးမှုနဲ့ ရောက်လာတာပါ ”

အချိန်စက်ဝန်းပြားမှာ သူ သေချာပေါက် လိုအပ်နေသည့်အရာ ဖြစ်၏။ သူက အချိန်စက်ဝန်းပြား၏ အသုံးဝင်မှုကို သေချာသိထားပေသည်။ သူက ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောများ မည်မျှ ရထားသည်ကို မကြည့်သင့်ပေ။ သူ့တွင် ကျင့်ကြံရေး အရင်းအမြစ်များ လုံလုံလောက်လောက် ရှိနေသော်လည်း ထိုအရင်းအမြစ်များကို တကယ့် အင်အားအစစ်အမှန်အဖြစ် ပြောင်းလဲပစ်နိုင်ဖို့ အချိန်များစွာ လိုအပ်နေသည်။

သူက အစောပိုင်း နတ်ဘုရားဘုရင်အဆင့်မှ သဟဇာတ နတ်ဘုရားအဆင့်သို့ ရောက်ဖို့ရာ အနည်းဆုံး နှစ်တစ်သောင်းလောက် လိုအပ်ကြောင်း ခန့်မှန်းမိပေသည်။ သူက ထိုမျှ အချိန်များများစားစား မတတ်နိုင်ပေ။

“ မင်းမှာ အားလုံးကို မြင်နိုင်တဲ့ စိတ်ဝိညာဉ် မျက်လုံး ရှိထားတာပဲ ” မိုဝူကျိက ဒုတိယအကြိမ် ပြောဆိုပြီးနောက် အိုမင်းနေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

မိုဝူကျိက ဘာကိုမှ ဖုံးကွယ်မထားတော့ဘဲ ဦးညွှတ်ကာ  “ ဟုတ်ပါတယ် … ဒီဂျူနီယာလေးမှာ စိတ်ဝိညာဉ်မျက်လုံး ရှိပါတယ် ”

တဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ အမွေးတိုင်တစ်တိုင်စာ ကြာမြင့်ပြီးနောက် မိုဝူကျိက အသံကို ထပ်ကြားလိုက်ရသည်  “ မင်း ဝင်လာလို့ ရပြီ ”

ထို့နောက် မှုန်မှိုင်းမှိုင်း ဟကြောင်း တစ်ခု ပေါ်လာသည်။ မိုဝူကျိက တွေဝေမနေဘဲ ထိုဟကြောင်းထဲ ပြေးဝင်လိုက်၏။

မိုဝူကျိ ဝင်သွားပြီးသည်နှင့် ထိုဟကြောင်းလည်း အစအနမရှိ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိက ဤသည်မှာ အာကာပြင် ကူးသန်းရေးတစ်မျိုး ဖြစ်ကြောင်း သိလိုက်၏။ သူ မြေကြီးပေါ် ပြန်ရောက်လာသည့်အခါ အသင့်အတင့် အရွယ်အစားရှိသည့် ဝါးအိမ်လေးကို မြင်လိုက်ရသည်။

ဝါးအိမ်၏ တံခါးကို ကာထားလေသည်။ မိုဝူကျိက စိတ်စွမ်းအား ထုတ်လွှင့်၍ မစစ်ဆေးကြည့်နိုင်ခင် ဝါးအိမ်ထဲမှ အသံထွက်ပေါ်လာ၏  “ အထဲဝင်ခဲ့ ”

မိုဝူကျိက ဤနေရာသို့ အချိန်စက်ဝန်းပြား ဌားရန် ရောက်လာခြင်း ဖြစ်ရာ တုန်လှုပ်မနေဘဲ ဝါးအိမ်အတွင်းသို့ ဝင်လိုက်သည်။

ဝါးအိမ်လေးက သိပ်မကြီးပေ။ အလွန်ဆုံး မီတာ ၂၀ ပတ်လည်သာ ရှိပေမည်။ ဝါးအိမ်အလယ်၌ ဝါးအခင်းလေးတစ်ခု ဖြစ်နေ၏။ ထိုအခင်းပေါ်တွင် ထိုင်နေသည့်သူက လုံးဝကို မည်းနက်နေသည့် လူအိုကြီး တစ်ဦး ဖြစ်၏။ ထိုလူအိုကြီးက ခန္ဓာကိုယ်မှအစ အဝတ်အစားများအထိ မည်းမှောင်နေသည်။

မိုဝူကျိက အပေါ်ယံမျှ ထိုအမည်းရောင်ကိုသာ မမြင်ပေ။ သူ့စည်းမျည်းအတွင်း အမှောင်ထု စည်းမျည်း ရှိနေသောကြောင့် သူက ထိုလူအိုကြီးကို တစ်ချက် ကြည့်လိုက်သည်နှင့် ခွန်းယွင် မှန်ကန်ကြောင်း သိလိုက်သည်။ ဤလူအိုကြီးက အမှောင်ထုစည်းမျည်းကို သေချာပေါက် ကျင့်ကြံထား၏။

“ အမှောင်ထုစည်းမျည်းက မင်း ကျင့်ကြံတဲ့ စည်းမျည်းထဲက တစ်ခုမလား။ ငါ လက်ဆင့်ကမ်းခဲ့တဲ့ အမှောင်ထုစည်းမျည်းနဲ့တော့ နည်းနည်း ကွဲပြားတယ် ” ထိုအကြီးအကဲက မိုဝူကျိကို မြင်လိုက်သည့်အခါ တည့်တိုး ပြောလိုက်သည်။

“ ကျုပ်က အမှောင်ထုစည်းမျည်းကို ကျင့်ကြံတာမှန်း သိလို့ ဝင်ခွင့် ပေးလိုက်တာလား ” မိုဝူကျိက ရုတ်ချည်း သတိထားမိသွားသည်။

သူက ကူချိုက်သည် ထိုဘိုးတော်နှင့် ပတ်သတ်မှု ရှိနေနိုင်ကြောင်း သံသယ ဝင်မိသော်လည်း ထုတ်မမေးပေ။ သူက ကူချိုက်အကြောင်း များများ မသိပေ။ ကူချိုက်အကြောင်း ထုတ်ပြောလိုက်ခြင်းက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်သွားနိုင်သည်။ သူက ကူရှင်းရန်အား ကူချိုက်အကြောင်း ပြောပြလျှင်ပင် အချိန်စက်ဝန်းပြား ပြန်ပေးသည့်အခါမှသာ ဖြစ်လိမ့်မည်။

လူအိုကြီးက မထူးမခြားနား ပြောလိုက်သည်

“ မဟုတ်ဘူး  … မင်းမှာ စိတ်ဝိညာဉ်မျက်လုံး ရှိလို့ ။ ငါ မင်းကို အထဲမဝင်ခိုင်းရင်တောင် ငါ့အစီအရင်ကို ချိုးဖော်ပြီး ဝင်လာဦးမှာ မလား။ ခွန်းယွင်က ငါ ဒီမှာ ရှိတယ်ဆိုတာလေးပဲ သိထားတာ .. ငါ့ခွင်ပြုချက်မရှိဘဲ သူ ဝင်လာလို့ မရဘူး ”

မိုဝူကျိက နေရခက်စွာနှင့် မေးကို ပွတ်လိုက်သည်။ ဤလူအိုကြီးသာ သူ့အား ဝင်ခွင့်မပေးပါက အစီအရင်ကို ချိုးဖောက်၍ ဝင်လာမည်မှာ အမှန်ဖြစ်၏။

“ ပြောစမ်းပါဦး … မင်းက ငါ့ကို ဘာလို့ လာရှာတာလဲ ” ထိုလူအိုကြီး၏ အသံက တည်ငြိမ်လှသည်။ သူက မိုဝူကျိသည် အမှောင်ထု စည်းမျည်းကို လေ့ကျင့်ထားသည့်အချက်ကိုပင် စိတ်ထဲ ထည့်ဟန် မပေါ်သလို မိုဝူကျိက မည်သို့ သင်ယူထားသည်ကိုလည်း စိတ်ဝင်စားဟန် မပေါ်ပေ။

“ စီနီယာဆီမှာ အချိန်စက်ဝန်းပြား ရှိတယ်လို့ ကြားထားပါတယ်။ ကျုပ် အပေးအယူ လုပ်ချင်ပါတယ်။ တကယ်လို့ စီနီယာက အပေးအယူ လုပ်ချင်တယ်ဆိုရင် အချိန်စက်ဝန်းပြားကို ကျုပ်ဆီ ဌားပေးလိုက်ရုံပါပဲ ” မိုဝူကျိက လိုရင်းတိုရှင်း ပြောလိုက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း သိပေသည်။ ဤဘိုးတော်က သူ့ရည်ရွယ်ချက်များကို သိထားပြီးသား ဖြစ်ကြောင်း ခန့်မှန်းမိ၏။

ဤလူအိုကြီးက မိုဝူကျိ စကားများကို ကြားသောအခါ အားရပါးရ ရယ်မောလိုက်ပြီး

“ မင်း မပြောရင်တောင် ငါ့အချိန်စက်ဝန်းပြားကို လာဌားမှန်း သိတယ်။ ဒီနှစ်တွေမှာ ငါ့အချိန်စက်ဝန်းပြား လိုချင်နေတဲ့သူတွေ အများကြီးပဲ …. ဟိုသူတော်ယောင် မင်ယွမ်လည်း ပါတယ်။ သူက နတ်ဘုရား နားခိုရာနယ်မြေတစ်ခုလုံးကို မွှေနှောက် ရှာနေတာ။ အဲလိုဆိုရင်တောင် ငါ ကူရှင်းရန်က အခုထိ အကောင်းအတိုင်းပဲ ”

ကူရှင်းရန်က သဘောတူညီမှု ထုတ်ပြောလိုက်သော်လည်း မိုဝူကျိကို ဌားမည်၊ မဌားမည်ကို မပြောသေးပေ။

မိုဝူကျိက ခဏစောင့်လိုက်ပြီးနောက် မေးလိုက်သည်  “ စီနီယာက ကျုပ်ကို အချိန်စက်ဝန်းပြား ဌားချင်လား ”

“ မဌားဘူး ” ကူရှင်းရန်က မပြောင်းမလဲ ပြောလိုက်သည်

“ မင်းက ငါ့နေစရာကို ဖျက်စီးပစ်နိုင်တယ်။ ငါက အိုနေပါပြီ မင်းလိုမျိုး လူငယ်လေးကို မနိုင်တော့ပါဘူး။ ဒါပေမဲ့ ငါ ကူရှင်းရန်သာ ပုန်းနေချင်ရင် ဝိဇ္ဇာအစစ်တောင် ငါ့ကို ရှာတွေ့မှာ မဟုတ်ဘူး။ တကယ်လို့ မင်း မယုံရင် စမ်းကြည့်လိုက် ”

မိုဝူကျိက တိတ်ဆိတ်သွားလေ၏။ သူက ကူရှင်းရန် စကားများကို ယုံပေသည်။ ကူရှင်းရန်က အမှောင်ထုစည်းမျည်းကို ကျင့်ကြံသည့်အတွက် သူ့စိတ်ဝိညာဉ်မျက်လုံးက အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သော်လည်း နယ်နမိတ်တစ်ခုအတွင်းသာ အလုပ်ဖြစ်ပေ၏။ အကယ်၍ ကူရှင်းရန်သာ အမှောင်ထုအတွင်း ဝင်ရောက်သွားခဲ့လျှင် သူ ပြောခဲ့သည့်အတိုင်း ဝိဇ္ဇာပင် သူ့အား ရှာနိုင်မည် မဟုတ်တော့ချေ။

“ စီနီယာ … အဲဒီ အချိန်စက်ဝန်းပြားက ကျုပ်အတွက် အရမ်းကို အရေးပါပါတယ်။ ကျုပ်က အလကား မဌားပါဘူး။ စီနီယာက ဈေးပြောလိုက်ပါ။  ကျုပ် တတ်နိုင်သမျှ လုပ်ပေးပါ့မယ် ”  မိုဝူကျိက အလေးအနက် ပြောလိုက်သည်။

သူ့တွင် ကံကြမ္မာ ထိပ်သီးရတနာ မိုးမြေ မီးပြင်းဖို ရှိနေသေး၏။ အကယ်၍ သူ့ကို မိုးမြေမီးပြင်းဖိုအား  အာမခံအဖြစ် ထားခဲ့ခိုင်းလျှင် သူက သေချာပေါက် လုပ်မည် ဖြစ်၏။ ထို့အပြင် မိုဝူကျိက ပြောနေရင်း အာကာပြင် သင်္ကေတများကို ရေးထွင်းထားလိုက်သည်။ သူက ဤနေရာ ရောက်လာဖို့ရာ အခက်အခဲများစွာ ကြုံခဲ့သောကြောင့် ကူရှင်းရန်အား ထွက်သွားခွင့် မပြုနိုင်ပေ။

သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ သင်္ကေတတချို့ကို ရေးထွင်းပြီးနောက် မိုဝူကျိက စိတ်အေးသွားသည်။ ကူရှင်းရန်၏ စွမ်းအားမှာ သိသိသာသာ ကျဆင်းလာပြီ ဖြစ်သောကြောင့် မိုဝူကျိ၏ အသိစိတ်ပင်လယ်ကိုသာ စောင့်ကြည့်နိင်ပြီး စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းကိုတော့ အာရုံမခံနိုင်ပေ။

ကူရှင်းရန်က မပြောင်းမလဲ ပြောလိုက်သည်

“ မင်း ဈေးကောင်းကောင်း မပေးနိုင်လောက်ဘူး။ ငါ့ရဲ့ အချိန်စက်ဝန်းပြားက ကံကြမ္မာ ထိပ်သီးရတနာပဲ … မင်းဆီမှာ အာမခံအဖြစ် ထားခဲ့ဖို့ ကံကြမ္မာ ထိပ်သီးရတနာ ရှိလို့လား။ တကယ်လို့ မင်းဆီမှာ ရှိနေရင်တောင် ငါ့အချိန်စက်ဝန်းပြားကို မင်းဆီ မဌားနိုင်ဘူး။

ငါ့အချိန်စက်ဝန်းပြားက မင်း ကံကြမ္မာ ထိပ်သီးရတနာထက် ပိုအဖိုးတန်တယ်။ ဘာလို့ မင်းကို ဌားရမှာလဲ …. ဒါပေမဲ့ ငါ့ပစ္စည်းတချို့ လိုနေတယ်။ ဒါပေမဲ့လည်း မင်းဆီမှာ သေချာပေါက် ရှိမှာ မဟုတ်ဘူး။ အဲကြောင့် ပြောနေလည်း အပိုပဲ … ”

မိုဝူကျိက ကူရှင်းရန် အငွေ့အသက်ထဲ၌ ယိုယွင်းပျက်စီးမှုစွမ်းအားများကို အာရုံခံမိသည်။ သူ့နှလုံးခုန်နှုန်းများပင် မြန်ဆန်သွားပြီး မြန်မြန် မေးလိုက်၏  “ စီနီယာက ခန္ဓာကိုယ်အသစ် တည်ဆောက်ဖို့ ရတနာ လိုအပ်နေတာလား ”

ကူရှင်းရန်က နှာခေါင်းရှုံ့ကာ

“ ဟုတ်တယ် … ဒါပေမဲ့ ငါ လိုအပ်နေတာက ခန္ဓာကိုယ်ရော ကမ္ဘာဦးစိတ်ဝိညာဉ်နဲ့ ဝိညာဉ်ရော ပြန်လည် တည်ဆောက်နိုင်ဖို့ လိုတယ်။ တာအိုကိုပါ ဆက်လက် ရှင်သန်စေနိုင်တာမျိုး ဖြစ်ရမယ်။ နမူနာအနေနဲ့ဆိုရင် စကြဝဠာ မျိုးစေ့ ဒါမှမဟုတ် ပိအန်းပန်း ဒါမှမဟုတ် ပင်းထန်းဝါးပေါ့  … မင်းဆီမှာ အဲဒါတွေ ရှိလို့လား ”

(ရေခဲကောင်းကင်ဝါး - ပင်းထန်းဝါး )

မိုဝူကျိ စိတ်လှုပ်ရှားမိသွားသည်။ သူက စကြဝဠာမျိုးစေ့ကို တစ်ခါမှ မမြင်တွေ့ဖူးသော်လည်း ပိအန်းပန်းကိုတော့ မြင်ဖူးပေသည်။ ပင်းထန်းဝါးကိုတော့ သူ့ဆီတွင် တစ်ခု ရှိနေသေး၏။

“ စီနီယာ  … အဲဒီပစ္စည်းတွေအားလုံးက အဖိုးမဖြတ်နိုင်ဘူးလေ။ အထူးသဖြင့် ပင်းထန်းဝါးပဲ။ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကြားမှာ အဖိုးတန်ဆုံးပဲ .. ကျုပ်ဆီမှာ အဲလိုပစ္စည်း ရှိလို့  စီနီယာကို ပေးလိုက်ရင်တောင် စီနီယာက အချိန်စက်ဝန်းပြားကို ဌားရုံလေးပဲ မလား ” မိုဝူကျိက အသက်ပြင်းပြင်းရှုကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

မိုဝူကျိက ပင်းထန်းဝါးပင်၏ အမှန်တကယ် လုပ်ဆောင်ချက်ကို မသိသေးပေ။ တန်ဖိုးကို မြင့်ဖို့ရာအတွက် သိသိသာသာ ချီးကျူးလိုက်ခြင်းသာ ဖြစ်၏။

ကူရှင်းရန်က မိုဝူကျိအား မကျေမနပ် ကြည့်လိုက်ပြီးနောက်

“ မင်း မှားတယ်။ အဲဒီပစ္စည်းသုံးခုထဲမှာ တန်ဖိုးအနည်းဆုံးက ပင်းထန်းဝါးပဲ …. ပင်းထန်းဝါးက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေထဲမှာ အဖိုးတန်ဆုံးဆိုတာ မှန်တယ်။ အဲဒါက ငါ့အတွက် အရေးကို အသုံးဝင်လို့ပဲ … ဝါးပင် ကြီးထွားဖို့အတွက် ဖန်ဆင်းမှုစွမ်းအားတွေ လိုအပ်တယ်။

အရွယ်ရောက်လာတဲ့အခါ ပင်းထန်ဝါးပင် ရှိတဲ့ ဂြိုလ်က ပျက်စီးသွားလိမ့်မယ်။ ပြီးတော့ ဝါးပင်ကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားဖို့ ခက်တယ်။ အဲလိုပစ္စည်းမျိုးက ရှေးဦးကမ္ဘာထဲမှာတောင် သိမ်းထားဖို့ မလွယ်ဘူး။ အချိန်ကြာလာရင် ဖြည်းဖြည်းချင်း ပျက်စီးသွားလိမ့်မယ် … ”

မိုဝူကျိက ရုတ်ချည်း အသိပြန်ကပ်သွားသည်။ ခွန်းယွင်က သူ့ပင်းထန်းဝါးကို မလိုချင်သည်မှာ မထူးဆန်းတော့ပေ။ ထိုဘိုးတော်က သူ့ဝါးပင်သည် အချိန်ကြာလာသည်နှင့် ပျက်စီးသွားမည် ဖြစ်ကြောင်း သိထား၍သာ ဖြစ်၏။ ကံဆိုးစွာဖြင့် ထိုဘိုးတော်က သူ့လူသားကမ္ဘာအကြောင်း မသိထားပေ။

***

All Chapters