← Chapters

အပိုင်း(၅၀၈)

Vol. 34 Ch. 508

အပိုင်း(၅၀၈)

Vol. 34 Ch. 508

ရှစ်ဖုန့်က လှောင်ပြောင်သောအပြုံးဖြင့်  လမ့်ယန်အားစိုက်ကြည့်နေသည်။ ဤအခိုက်အတန့်တွင် ရှစ်ဖုန့်မျက်မှောင်ကြုတ်လိုက်သည်။ သူ၏မျက်လုံးတို့ကျဉ်းမြောင်းသွားပြီး အကွာအဝေးတစ်ခုအတွင်းရှိ အကန့်သတ်မဲ့သော  ဟင်းလင်းပြင်အတွင်းစိုက်ကြည့်နေ၏။

“သေစမ်း”

ငွေရောင်ဆံပင်နှင့်ဆိုးယုတ်သော ပုံစံရှိသော  လမ့်ယန်ကရှစ်ဖုန့်အာရုံပြောင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။  သူ၏ညာလက်အတွင်း ရေခဲဓားအားဖွဲ့စည်းရန်အတွက်အချိန်မှန်ကိုတွေ့လိုက်ပြီး ရှစ်ဖုန့်၏ရင်ဘက်ထံသို့ ထိုးသွင်းလိုက်သည်။

အမြန်နှုန်းက လွန်စွာမြန်ဆန်ပြီးရှစ်ဖုန့်၏ရင်ဘက်ရှေ့သို့ မျက်စိတစ်မှိတ်အတွင်းရေခဲဓား

ရောက်ရှိလာသည်။ ဤအချိန်တွင် ရှစ်ဖုန့်၏ဘယ်လက်လှုပ်ရှားသွားပြီး   လပြည့်ဓားအား ဇောက်ထိုးအနေအထားကိုင်၍  သူ၏ရင်ဘက်ရှေသို့ခုတ်ပိုင်းလိုက်သည်။ကြွပ်ဆတ်သော အသံတစ်ခုနှင့်အတူ  လပြည့်ဓားက ရေခဲဓားနှင့်ပစ်ဆောင့်သွားသည်။ လပြည့်ဓားအောက်၌ ရေခဲဓားမှာ အစိတ်စိတ်အမွှာမွှာကွဲကြေသွား၏။

“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်”

ရှစ်ဖုန့်ထပ်မံအော်ပြောလိုက်သည်။ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလက်  လမ့်ယန်အား တတိယအကြိမ်ထိမှန်သွား၏။

“အား”

လမ့်ယန်မှာ နောက်ထပ်တစ်ကြိမ်ထပ်မံ၍ မချိတင်ကဲ‌ အော်ဟစ်လိုက်သည်။  ဤအော်ဟစ်မြည်တမ်းသံနှင့်အတူလိုက်ပါ၍ အေးစက်သောဓားအလင်းတစ်ခုကသူ၏

လည်ပင်း၌လင်းလက်သွား၏။  ရှစ်ဖုန့်၏ဘယ်လက်အတွင်းမှာ လပြည့်ဓားက လမ့်ယန်၏လည်ပင်းအားရက်ရက်စက်စက်

ပိုင်းဖြတ်သွားသည်။

လမ့်ယန်၏လည်ပင်းမှာ အစောပိုင်းကရှန်းအောင်ရှင်းကဲ့သို့ပင်   ရေပိုက်တစ်ခုကဲ့သို့ကျိုးပေါက်ပွင့်လာပြီး  တောက်ပနီရဲသောသွေးများက အဆက်မပြတ်ပန်းထွက်နေသည်။

“မဟုတ်ဖူး.မသေချင်ဘူး.. ငါမသေချင်သေးဘူး.. ငါက ထျန်းခွန်းဂိုဏ်းရဲ့ လိပ်နက်ခန်းမအရှင်သခင်တစ်ယောက်ပဲ.. ငါ့မှာမြင့်မားတဲ့နေရာတစ်ခုနဲ့အာဏာရှိတယ်.. ငါကဘယ်လိုဖြစ်ပြီးတော့ဒီလိုအလွယ်တကူ  သေရမှာလဲ”

လမ့်ယန်က  သူ၏ခေါင်းကိုငုံ့လိုက်ပြီး ပန်းထွက်နေသောသွေးများအားကြည့်လိုက်ကာ ရူးသွပ်သွားသောသားရဲတစ်ကောင်ကဲ့သို့အော်ဟစ်လိုက်သည်။

ထို့နောက်ချက်ချင်း  သူ၏အသိက လမ့်ယန်၏စိတ်ထဲမှ ဒီရေအလားလျော့ပါးလာသည်။

မြင့်မြတ်ကုန်းမြေသုံးခုထဲကတစ်ခုဖြစ်သော ထျန်းခွန်းဂိုဏ်း၏ လိပ်နက်ခန်းမ အရှင်သခင်ဖြစ်သူလမ့်ယန်တစ်ယောက်သေဆုံးသွားခဲ့ပြီဖြစ်သည်။

လမ့်ယန်၏  သေခြင်းစွမ်းအင်၊ ဝိညာဉ်စွမ်းအင်နှင့်သွေးတို့အား ရှစ်ဖုန့် ဝါးမျိုလိုက်ပြီးနောက် ဟင်းလင်းပြင်ထဲ၌  နောက်ထပ်ရှုံ့တွသော အလောင်းတစ်ခုပေါ်လာသည်။  ထို့နောက် ရှန်းအောင်ရှင်းကဲ့သို့   ၎င်းကအောက်ဘက်ရှိ ရှန်းဟွေ့မြို့ပေါ်ပြုတ်ကျသွားသည်။

လမ့်ယန်အားသတ်ပြီးနောက်ရှစ်ဖုန့်အတွေးတစ်ချက်လှုပ်ရှားလိုက်သည်။ ကျိမို့ရပ်နေသော ကျားဖြူမှာ ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လာပြီး   ရှစ်ဖုန့်၏ဘေးသို့ရောက်ရှိလာ၏။

ဖျက်ခနဲဆိုသလို ကျားဖြူ၏ကျောထက်၌ ရှစ်ဖုန့်ပေါ်လာသည်။ ထို့နောက်သူကကျားဖြူအား

အော်ပြောလိုက်သည်။

“သွားစို့”

“ဝေါင်း”

ကျားဖြူက ဟိန်းလိုက်ပြီး  ဟင်းလင်းပြင်ထဲ၌ လေပြင်းတစ်ချက်တိုက်ခတ်သွားသည်။  ကျားဖြူကရှစ်ဖုန့်နှင့်ကျိမို့တို့အားသယ်ဆောင်၍   သူတို့၏ရှေ့ရှိ ဟင်းလင်းပြင်ထဲသို့ဒုန်းဆိုင်းပြေးသွားသည်။

ရှန်းဟွေ့မြို့သူမြို့သားများမှာ  ကောင်းကင်ထဲသို့ငေးကြောင်ကြည့်နေကြသည်။ ထိုလူနှစ်ယောက်နှင့်ကျားတစ်ကောင်က  ရှန်းဟွေ့မြို့၏သခင်လေးဖြစ်သူ ရှန်းယွမ်အားယူဆောင်လာခဲ့သည်။ ယခုသူတို့က အလျှင်အမြန်ထွက်ခွာသွားကြ၏။  ကျားဖြူ၏တစ်ဟုန်ထိုးဒုန်းဆိုင်းပြေးလွှားမှုအောက်တွင်   ဟင်းလင်းပြင်ထဲမှရုတ်ခြည်းပျောက်ကွယ်သွားသည်။

သို့သော် ခဏကြာပြီးနောက်တွင်  အခြားကောင်ကင်တစ်ဖက်ခြမ်းရှိ အကွာအဝေးတစ်ခုအတွင်းမှ ဧရာမခရမ်းရောင်ပုံရိပ်ကြီးတစ်ခုပေါ်လာသည်ကို လူများမြင်တွေ့လိုက်ကြသည်။

ထို့နောက် ၎င်းတို့က   ရှန်းဟွေ့မြို့ထံပျံသန်းလာ၏။ ဖြည်းဖြည်းချင်းလူများ ခရမ်းရောင်ပုံရိပ်တို့ကိုရှင်းလင်းစွာ

မြင်လာရသည်။၎င်းတို့က နဂါးဦးခေါင်းနှင့် ဆင်ခန္ဓာရှိသော ခရမ်းရောင်နဂါးဆင်များဖြစ်ကြသည်။ ၎င်းတို့စုစုပေါင်းဆယ့်လေးကောင်ရှိ၏။ ခရမ်းရောင်ဆင်နဂါးများထက်တွင်  ခရမ်းရောင်ချပ်ဝတ်တို့အားဝတ်ဆင်ထားသော စစ်သည် ဆယ့်လေးယောက်ရပ်နေသည်။

ရှေ့ဆုံးမှ ခရမ်းရောင်ချပ်ဝတ်အားဝတ်ဆင်ထားသော   ဗိုလ်ချုပ်က  ခရမ်းရောင်လှံရှည်တစ်ချောင်းကိုကိုင်ထားသည်။ သူ၏ဆံပင်ရှည်တို့က လေထဲ၌ တဖျပ်ဖျပ်လူးလွင့်နေပြီး သူ၏အမူအယာက အေးစက်နေသည်။

အခြားသော စစ်သည်ဆယ့်သုံးယောက်လုံးက  ခရမ်းရောင်ခေါင်းဆောင်းဦးထုပ်များအား ဝတ်ဆင်ထားကြသည်။သူတို့က လှံများ၊ဓားများ၊ လှံပုဆိန်များနှင့်လေးများကိုသူတို့၏

လက်အတွင်းကိုင်ထားကြ၏။

လူအုပ်ကြီးမှာ ဟင်းလင်းပြင်မှလာနေသော အားကောင်းသောအရှိန်အဝါနှင့်ဖိအားတို့ကို ခံစားကြရသည်။

“ဒါက ..ဗိုလ်ချုပ် ကျိရှောင်းရဲ  နဂါးဆင်စီးနင်းတပ်ဖွဲ့ပဲ.. “

ရှန်းဟွေ့မြို့ထဲမှတစ်စုံတစ်ယောက်က

ဟင်းလင်းပြင်ထဲရှိ ခရမ်းရောင်နဂါးဆင်များနှင့် ၎င်းတို့၏ကျောထက်မှ စစ်သည်များအား မှတ်မိသွားပြီး  အံ့အားသင့်စွာပြောလိုက်သည်။

နဂါးဆင်စီးနင်းတပ်ဖွဲ့မှာ  ထျန်းလျန်အင်ပါယာအတွင်း ကျော်ကြားသော    တည်ရှိမှုဖြစ်သည်။  ဗိုလ်ချုပ် ကျိရှောင်း၏  နဂါးဆင်စီးနင်းတပ်ဖွဲ့မှာ  ကျော်လွှား၍မနိုင်ဘဲ ဘယ်သောအခါမှာ ရှုံးနိမ့်သောတိုက်ပွဲဟူ၍မရှိပေ။

ရန်သူ့နိုင်ငံများ၌ပင်  ၎င်းတို့က ရန်သူများ၏နှလုံးသားအတွင်းကိန်းဝပ်နေသော အကြောက်တရားတည်ရှိမှုတစ်ခုဖြစ်သည်။

“ရှေ့မှာရှိနေတဲ့ပုဂ္ဂိုလ်က ဗိုလ်ချုပ်ကျိရှောင်းပဲ”

ရှန်းဟွေ့မြို့အတွင်းမှာနောက်ထပ်

အော်သံတစ်ခုထွက်ပေါ်လာသည်။

ဗိုလ်ချုပ်ကျိရှောင်းမှာထျန်းလျန်

အင်ပါယာအတွင်း   ထိပ်တန်းကျွမ်းကျင်သူဆယ်ယောက်စာရင်း၌ အဆင့်တစ်ဆယ်ချိတ်သောသူဖြစ်သည်။

“ဒါက  ဗိုလ်ချုပ် ကျိရှောင်းပဲ.သူပဲ”

“ဗိုလ်ချုပ်ကျိရှောင်းက အခုမှာအသက်နှစ်ဆယ့်ခြောက်နှစ်ပဲ

ရှိသေးပြီးတော့ သူ့ကို ထျန်းလျန်အင်ပါယာရဲ့ဧကရာဇ်ကိုယ်တိုင်က ကျိချင်းဟော်ဆိုတဲ့ဘွဲ့ကိုပေးအပ်ထားတာ..

သူ့ရဲ့စွမ်းအားနဲ့ ထိပ်တန်းအဆင့်ကျွမ်းကျင်သူဆယ်ယောက်ထဲကိုတောင်တိုးဝင်နိုင်တယ်”

ဟင်းလင်းပြင်ထဲ၌ ဗိုလ်ချုပ်ကျိရှောင်းက ရှန်းဟွေ့မြို့အားဖြတ်ကျော်စဉ်တွင်  အောက်တွင်လူများစုဝေးနေကြပြီး  သူတို့က ဟင်းလင်းပြင်ထဲသို့ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ ထို့နောက်ကျိရှောင်း၏အကြည့်တို့က  မြို့အလယ်ရှိ ရှုံ့တွနေသောအလောင်းနှစ်ခုအပေါ်သို့

ကျရောက်သွား၏။

ကျိရှောင်း၏အေးစက်သောမျက်နှာက

အနည်းငယ်တွန့်သွားပြီး  ဤရှန်းဟွေ့မြို့မှ ပုံမှန်မဟုတ်သော အရှိန်အဝါတစ်ခုသူအာရုံခံမိလိုက်သည်။

အတွေးတစ်ချက်ဖြင့်  ကျိရှောင်းအောက်ရှိ ခရမ်းရောင်နဂါးဆင်က  ဟင်းလင်းပြင်ထဲ၌ရပ်တန့်သွားသည်။ ထို့နောက်  ကျိရှောင်းကသူ၏လှံအားကောင်း

ကင်ထဲသို့မြှောက်လိုက်ပြီး  သူ့နောက်ရှိ  နဂါးဆင်စီးနင်းတပ်မှာလည်း ဟင်းလင်းပြင်အတွင်းရပ်သွား၏။

“ရှန်းဟွေ့မြို့ထဲမှာဘာဖြစ်ခဲ့တာလဲ.. မြို့အရှင်သခင်ရှန်းအောင်ရှင်းကဘယ်မှာလဲ”

ကျိရှောင်းကအေးစက်စွာပြောလိုက်သည်။သူ၏အသံကမကျယ်သော်လည်း ရှန်းဟွေ့မြို့အတွင်းဖြတ်သန်းပဲ့တင်

ထပ်သွား၏။

“အရှင်ကျိရှောင်း”

ဤအချိန်တွင်  ချပ်ဝတ်ဝတ်ထားသော တုတ်ခိုင်သောပုံရိပ်တစ်ခုက ရှန်းဟွေ့မြို့ထဲမှပျံသန်းထွက်လာပြီး   ကျိရှောင်း၏‌ရှေ့၌ ဆင်းသက်လိုက်၏။

“အရှင်ကျိရှောင်းကိုနှုတ်ဆက်ပါတယ်”

ဤတုတ်ခိုင်သောလူ၏မျက်နှာထက်၌ မုတ်ဆိတ်တိုများဖြင့်ပြည့်နှက်နေသည်။  မြို့အတွင်းရှိလူများက ဤလူအားချက်ချင်းမှတ်မိလိုက်သည်။  သူကရှန်းဟွေ့မြို့၏ဗိုလ်ချုပ်ငါးဦး

ထဲမှတစ်ဦးဖြစ်သော လီကျန်းဖြစ်သည်။

သူ့ရှေ့၌ဒူးထောက်နေသော လီကျန်းအားကြည့်၍  ကျိရှောင်းကမေးလိုက်သည်။

“ရှန်းဟွေ့မြို့မှာဘာဖြစ်ခဲ့တာလဲ.. ဘာတွေဖြစ်သွားတာလဲ”

လီကျန်းက လျှင်မြန်စွာပြန်ဖြေလိုက်သည်။

“အရှင်ကျိရှောင်းကိုတင်ပြပါတယ်.. အစောဏကလူနှစ်ယောက်ဟာ  ရှန်းဟွေ့မြို့ဆီကိုလာခဲ့ပါတယ်. သူတို့ထဲကတစ်ယောက်က မြို့အရှင်သခင်ရှန်းအောင်ရှင်းနဲ့ သခင်လေး ရှန်းယွမ်ကိုသတ်သွားပါတယ်. သူက ထျန်းခွန်းဂိုဏ်းရဲ့လိပ်နက်ခန်းမအရှင်သခင် လမ့်ယန်ကိုလည်းသတ်သွားပါတယ်”

“ဟမ်”

ကျိရှောင်းမှာ လီကျန်း၏ စကားအားကြားလိုက်ရသောအခါတွင် အေးစက်သောမျက်နှာက မျက်မှောင်ကြုတ်သွားပြီး  မကျေနပ်သောအမူအယာဖြစ်ပေါ်လာသည်။ သူကအေးစက်စွာပြောလိုက်သည်။

“သူတို့ကဘယ်သူတွေလဲ.. ဘယ်လိုတောင် မထီလေးစားလုပ်ရဲရတာလဲ. ငါ့ရဲ့ရှန်းဟွေ့မြို့ကမြို့အရှင်သခင်ကို

တောင်သတ်သွားရဲသေးတယ်..ဒင်းတို့ စိတ်လွတ်သွားကြပြီလား.. သူတို့ဘယ်သူတွေလဲဆိုတာမင်းသိလား”

“ဒီငယ်သားမသိပါဘူး”

ကျိရှောင်းထပ်မံမေးသည်အားကြား

လိုက်ရသောအခါတွင် လီကျန်းက အလျှင်အမြန်ပြန်ဖြေလိုက်သည်။

ထို့နောက်  လီကျန်းကပြောလိုက်၏။

“သူတို့ထဲကတစ်ယောက်ကလူငယ်လေးပါ.. ပြီးတော့ ဒီငယ်အခြားတစ်ယောက်ကိုလည်း

အဝေးကနေမြင်လိုက်ပါတယ်..သူက ယောက်ျားတစ်ယောက်လိုဝတ်စားထားပေမဲ့ အသွင်အပြင်ကတော့ မိန်းမတစ်ယောက်လိုပါပဲ..အဲ့တာထက်ပို

တာကား သူကအရမ်းကိုလှပါတယ်..  ဒီလိုလှပတဲ့သူမျိုးကို ဒီငယ်သားလုံးဝမမြင်တွေ့ဖူးပါဘူး.. ကျွန်ုပ်ရဲ့အမြင်အရအဲ့တာက ယောက်ျားလိုဝတ်စားထားတဲ့အမျိုးသမီး

တစ်ဦးဖြစ်ပါလိမ့်မယ်”

“အဲ့တာထက်သူတို့က ကျားဖြူတစ်ကောင်ကိုစီးနင်းထားတာပါ”

“လူငယ်တစ်ယောက်..ယောက်ျား

လိုဝတ်စားထားတဲ့ လှပတဲ့အမျိုးသမီး.. ကျားဖြူတစ်ကောင်”

လီကျန်းဖော်ပြသော ဇတ်ရုပ်များအား  ပေါင်းစပ်ပြီးနောက်  ဘယ်သူတွေလဲဆိုသည်ကိုကျိရှောင်း

ချက်ချင်းနားလည်သွားပြီး  လီကျန်းအား အလျှင်အမြန်အေးစက်စွာပြောလိုက်သည်။

“ပြောစမ်း.. သူတို့ဘယ်ဘက်ကိုသွားလဲ”

လီကျန်းက ဒူးတစ်ဖက်အားထောက်ထားရာမှ လှည့်လိုက်သည်။ ထို့နောက်သူက ရှေ့ကကျယ်ပြောလှသော ဟင်းလင်းပြင်သို့ထိုးညွှန်ပြ၍ ပြောလိုက်၏။

“လေကိုထိုးခွင်းပြီးတော့ အဲ့ဘက်ကိုထွက်ခွာသွားပါတယ်”

လီကျန်းစကားဆုံးပြီးပြီးချင်းကျိရှောင်းက ကောင်းကင်ထဲသို့အေးစက်စွာ အော်ပြောလိုက်သည်။

“လိုက်ဖမ်းစမ်း”

နောက်ဆက်တွဲအနေဖြင့်  ကျိရှောင်း၏နောက်၌ရှိသောခရမ်း

ရောင်နဂါးဆင်က  အရင်ဆုံး ဒုန်းဆိုင်းပြေးသွားသည်။ ၎င်းက လီကျန်းအားဖြတ်ကျော်ပြီး

ရှေ့သို့ဦးတည်သွား၏။

“နားလည်ပါပြီ”

တစ်ချိန်တည်းမှာပင်  ခရမ်းရောင်ချပ်ဝတ်စစ်သည်

ဆယ့်သုံးယောက်၏အောက်ရှိ ခရမ်းရောင်ဆင်နဂါး  ဆယ့်သုံးကောင်က  စတင်ပြိုင်တူဒုန်းဆိုင်းပြေးလိုက်သည်။

သူတို့က ဗိုလ်ချုပ်ကျိရှောင်းနောက်သို့

အလျှင်အမြန်လိုက်ကြ၏။

…………………………………..

အခြားကျယ်ပြောလှသောဟင်းလင်းပြင်ထဲတွင်  ကျားဖြူတစ်ကောင်က လျှင်မြန်စွာဒုန်းဆိုင်းပြေးနေ၏။ဤအချိန်တွင်  ရှစ်ဖုန့်၏နောက်မှ ကျိမို့၏ကြည်လင်ပြီးနှစ်လိုဖွယ်ကောင်းသော အသံလေးထွက်ပေါ်လာ၏။

“ရှစ်လေး… ဘာဖြစ်လို့လဲ.မင်းကြည့်ရတာအလျှင်လိုနေတဲ့ပုံပဲ”

ကျိမို့၏ အဝတ်အစားများနှင့် ဆံပင်ရှည်တို့က လေနှင့်အတူတဖျပ်ဖျပ်လွင့်နေပြီး  သူသည်အဖြူရောင်နတ်မိမယ်လေးတစ်ပါးကဲ့သို့ဖြစ်သေနည်။စကားပြောနေရင်း   ကျိမို့၏ပြိုင်ဘက်ကင်းလှပသောမျက်နှာလေးက  ရှစ်ဖုန့်၏ကျောပြင်အားစိုက်ကြည့်နေပြီး

သူ၏မျက်နှာထက်၌စိတ်ရှုပ်ထွေး

မှုတို့ပြည့်နှက်နေ၏။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters