← Chapters

စစ်ပွဲတစ်ခု၏ အစ

Vol. 62 Ch. 849

စစ်ပွဲတစ်ခု၏ အစ

Vol. 62 Ch. 849

ရှဲ့ဟေးရန် ထိုအဘိုးကြီး၏ အစီရင်ခံတင်ပြချက်များကို နားထောင်နေစဉ် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ပင်မဂြိုဟ်ပေါ်တွင် ဟေးယွင်ကျစ်မှာ ဖိနှိပ်ချုပ်တည်းခံထားရသည့် တော်ဝင်မျိုးနွယ်စုအား ဦးဆောင်ကာ ယဇ်ပူဇော်ပွဲတစ်ခု ကျင်းပနေ၏။

ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူ ကျိလော့မှာ ထိုယဇ်ပူဇော်ပွဲထဲ၌ ကူညီပေးနေ၏။ မီးအိမ်ထဲတွင် ရှိနေသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာမူ ထိုယစ်ပူဇော်ပွဲအား စတင်ပေးမည့်သူ ဖြစ်သည်။ ဟေးယွင်ကျစ်မှာ တော်ဝင်မျိုးနွယ်စုဝင်များအားလုံးကို နေရာတစ်နေရာတည်း၌ စုစည်းထား၏။

တော်ဝင်မျိုးနွယ်စုထဲမှ အားအနည်းဆုံး သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားကြသည့် မျိုးနွယ်စုဝင်များပင်လျှင် ရောက်ရှိလာကြသည်။ ထိုကဲ့သို့ ရောက်ရှိလာကြသည့် ကျင့်ကြံသူ အရေအတွက်မှာ အယောက် တစ်သိန်းကျော်အထိ ရှိကြပြီး သူတို့အားလုံးမှာ တော်ဝင်မြို့တော်ထဲ၌ စုပြုံနေကြ၏။ ထိုအချိန်တွင် မီးအိမ်ကြီးဖြင့် ထို ယဇ်ပူဇော်ပွဲ အခမ်းအနားကို စတင်လိုက်သောကြောင့် လူတိုင်း၏ သွေးများမှာ စတင်ဆူပွက်လာကြတော့သည်။

သူတို့၏ သွေးများထဲမှ ထိုးထွက်လာကြသည့် အလင်းတန်းများကြောင့် တော်ဝင်မြို့တော်ကြီးတစ်ခုလုံးမှာ အနီရောင်ပင်လယ်ကြီးတစ်စင်းထဲ၌ နစ်မြုပ်သွားသလို ဖြစ်နေ၏။ ပုံမှန်အတိုင်းသာဆိုလျှင် ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ၎င်းတို့၏ သူလျှိုများမှာ ထိုမြင်ကွင်းအား သတိထားမိသွားကြမည် ဖြစ်ပါသော်လည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ထိုအဖြစ်အပျက်များကို ဖုံးကွယ်ထားနိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့ကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ထိုအခြင်းအရာများကို လုံးဝ သတိမထားမိကြပေ။

ထိုအခမ်းအနားကြီးမှာ နာရီဝက်တိတိ ကြာမြင့်သွား၏။ ထိုနာရီဝက်အတွင်းတွင် တော်ဝင်မျိုးနွယ်စုဝင် အများစုမှာ သွေးများဆူပွက်လာခဲ့သောကြောင့် ဘေးထွက်ဆိုးကျိုးများကို ခံစားခဲ့ကြရ၏။ သူတို့မှာ ခန္ဓာကိုယ်များ ပိန်ချုံးသွားကြပြီး ချက်ချင်းသေဆုံးသွားကြသည်သာ ဖြစ်သည်။ သို့သော် ဟေးယွင်ကျစ်မှ သူတို့၏ လုပ်ရပ်များအားလုံးသည် တော်ဝင်မျိုးနွယ်စုအတွက် ပေးဆပ်နေခြင်းဖြစ်ကြောင်း ကြေညာပြီး လှုံ့ဆော်စည်းရုံးခဲ့သဖြင့် အသက်ရှင်ကျန်ရစ်နေခဲ့သည့် ‌မျိုးနွယ်စုဝင်များမှာ လက်လျှော့သွားကြခြင်း မရှိပေ။ သူတို့မှာ အသံကုန်အော်ဟစ်မြည်တမ်းကာ သူတို့၏ သွေးများကို လောင်ကျွမ်းသွားစေလိုက်ကြ၏။

ထိုသို့ဖြင့် နာရီဝက်တိတိ ကုန်ဆုံးသွားပြီးနောက် တော်ဝင်မြို့တော်၏ အထက်ရှိ ကောင်းကင်ယံကြီးမှာ သိသိသာသာ ပြောင်းလဲလာတော့သည်။ ထို့နောက် လေပြင်းများ စတင်တိုက်ခတ်လာပြီး တိမ်တိုက်များလည်း တလိပ်လိပ်ထလာ၏။ ဟေးယွင်ကျစ်မှာမူ ပါးစပ်ထဲမှ သွေးများအန်ထွက်လာသည်ကိုပင် ဂရုစိုက်နေခြင်းမရှိဘဲ‌ တော်ဝင်မြို့တော်၏ အထက်၌ ပေါ်ပေါက်လာသည့် မှုန်ဝါးဝါး ဖြစ်နေသော ဧရာမ ထာဝရကြယ်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။

၎င်းမှာ မျက်လုံးတစ်လုံးနှင့် တူပြီး ထာဝရကြယ်မျက်လုံး၏ ပုံရိပ်တစ်ခု ဖြစ်ပေသည်။ တော်ဝင်မျိုးနွယ်စုမှာ သူတို့၏‌ သွေးများနှင့် ကျင့်ကြံခြင်းပညာရပ်များကို စတေးကာ ၎င်းအား ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဟေးယွင်ကျစ်မှာ သူ၏အထက်၌ ပေါ်ပေါက်လာသည့် ထာဝရကြယ်ပုံရိပ်ကြီးအား ကြည့်ရင်း မျက်ဝန်းများထဲ၌ မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။ ထိုအချိန်တွင် သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ အသံကုန်အော်ဟစ်လိုက်၏။

" ထာဝရကြယ်တံခါးပေါက်တွေ... ပွင့်စေ "

သူ၏ စကားသံကြီး လေထဲ၌ ပဲ့တင်ထပ်သွားသည်နှင့် တော်ဝင်မျိုးနွယ်စုတစ်ခုလုံး၏ သွေးများမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဗြောင်းဆန်သွားကြပြီး ကျန်ရှိနေသေးသည့် မျိုးနွယ်စုဝင်များထဲမှ သုံးပုံပုံ တစ်ပုံခန့်မှာ ခန္ဓာကိုယ်များ ပိန်ချုံးကာ သေဆုံးသွားကြ၏။ သူတို့ဆီမှ ထွက်ပေါ်လာသည့် အနီရောင်အလင်းတန်းများမှာ မီးအိမ်ကြီးဆီသို့ ချက်ချင်း ဦးတည်သွားကြသည်သာဖြစ်သည်။ ထိုအခါ ထိုမီးအိမ်ထဲရှိ အလင်းရောင်များမှာ ကြက်သွေးရောင် ပြောင်းသွားကာ ဧရာမအလင်းတန်းကြီးတစ်ခုအဖြစ် မိုးကောင်ကင်ပေါ်သို့ ထိုးတက်သွားပြီးနောက် ထာဝရကြယ်ကြီး၏ ပုံရိပ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

ထိုအခါ ထိုပုံရိပ်ကြီးမှာ တုန်ရီသွားကာ ၎င်းပေါ်၌ ဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီးနောက် ဖြည်းဖြည်းချင်း အရွယ်အစား ကြီးမားလာ၏။ နောက်ဆုံးတွင် ၎င်းမှာ အာကာသတွင်းနက်ကြီး တစ်ခုအသွင် ပြောင်းလဲသွားပြီး စတင်လည်ပတ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ထာဝရကြယ် မျက်လုံးအစစ်ပေါ်တွင်လည်း ထိုကဲ့သို့သော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ ထို ထာဝရ ကြယ်ကြီးမှာလည်း အပြင်းအထန် တုန်ရီသွားကာ မျက်နှာပြင်ပေါ်၌ ဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီးနောက် အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ထို အာကာသတွင်းနက်ကြီး ပေါ်ပေါက်လာသောအခါ တည်နေရာပြောင်းရွှေ့ခြင်း လမ်းကြောင်းတစ်ခု ပွင့်သွားသည့်ပုံပင်။ မှုန်ဝါးဝါး ဖြစ်နေသည့် လူရိပ်ပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာကြ၏။ ၎င်းတို့အားလုံးမှာ ကြိုးစားရုန်းကန်နေကြရပြီး ထို အာကာသတွင်းနက်ကြီးထဲမှ အချိန်မရွေး ပြေးထွက်လာကြတော့မည့် ပုံပင်။ ခဏအကြာတွင် ထာဝရကြယ် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်သွားကြ၏။ ထို စွမ်းအင်လှိုင်းများ လူမှုအဖွဲ့အစည်းရှိရာသို့ ရောက်ရှိမသွားခင် အာကာသကြီးထဲ၌ ရယ်မောသံများ ပဲ့တင်ထပ်သွားပြီး လူရိပ်ကြီးသုံးခုမှာ ထို အာကာသတွင်းနက်ကြီးထဲမှ ပြေးထွက်လာကြတော့သည်။

သူတို့မှာ သက်တံ့ရောင်ဝတ်ရုံများကို ဆင်မြန်းထားကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် ခရမ်းရောင်မျက်နှာဖုံးများ တပ်ထားသည့်တိုင်အောင် သူတို့ထဲမှနှစ်ယောက်မှာ သတ်လတ်ပိုင်းအရွယ်တွင် ရှိကြပြီး အခြားတစ်ယောက်မှာ အဘိုးကြီးတစ်ယောက်ဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်းကြည့်နိုင်ပေသည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ ထိုနေရာတွင် ရှိနေမည်ဆိုပါက ထို အဘိုးကြီး၏ အငွေ့အသက်များမှာ မီးအိမ်ထဲရှိ ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး၏ အငွေ့အသက်များနှင့် အတူတူဖြစ်နေသည့် အချက်ကို သတိထားမိလိုက်မည်သာ ဖြစ်သည်။

သူတို့သုံးယောက်မှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်လာကြ၏။ သူတို့အားလုံးမှာ ဂြိုဟ်အဆင့်တွင် ရှိနေကြသည်။ သူတို့မှာ ထို အာကာသတွင်းနက်ကြီးထဲမှ ထွက်လာပြီးနောက် ထိုနေရာမှ ထွက်ခွာသွားခြင်းမရှိဘဲ ၎င်း၏ပတ်ပတ်လည်၌ နေရာယူလိုက်ကြပြီး မန္တန်လက်ကွက်များ ဖော်ကာ ၎င်း၏ အစွန်းပိုင်းအား လက်ဖြင့် လှမ်း၍ဖမ်းဆုပ်လိုက်ကြ၏။ ထို့နောက် သူတို့မှာ သူတို့၏ လက်များကို နောက်သို့ ဆောင့်ဆွဲလိုက်တော့သည်။ ထိုအခါ ထာဝရကြယ်ကြီးမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ တုန်ရီသွားရပြီး အာကာသတွင်းနက်ကြီးမှာလည်း အရွယ်အစား ပို၍ကြီးမားလာတော့သည်။ ခဏအကြာတွင် စစ်သင်္ဘောကြီးများနှင့် ကျင့်ကြံသူများမှာ ထို အာကာသတွင်းနက်ကြီးထဲမှ ပြေးထွက်လာကြ၏။

စစ်သင်္ဘော အစင်းရေ တစ်သိန်းနီးပါးခန့် ရှိပြီး ကျင့်ကြံသူများမှာမူ အင်အား ငါးသိန်းနီးပါးခန့် ရှိပေသည်။ စစ်သင်္ဘောကြီးများ အားလုံးမှာ ထို ကျင့်ကြံသူများအားလုံး ဆင်မြန်းထားကြသည့် ဝတ်ရုံများနည်းတူ သက်တံ့ရောင်များ ဖြစ်နေကြ၏။ သို့ဖြစ်ရာ ခရမ်းရောင် ရွေလူမှုအဖွဲ့အစည်းထဲမှ ကျင့်ကြံသူများအားလုံးမှာ ထိုသို့ ဝတ်စားဆင်ယင်ကြသည်ဖြစ်ကြောင်း သိနိုင်ပေသည်။ ထိုသို့သာမဟုတ်ပါက... ယခုလို ရောက်ရှိလာခဲ့သည့် ပထမဆုံးအသုတ်မှာ ခရမ်းရောင် ရွေလူမှုအဖွဲ့အစည်းထဲရှိ နိုင်ငံရေး အဖွဲ့အစည်း တစ်ခုထဲမှ ကျင့်ကြံသူများသာ ဖြစ်ရပေမည်။

ထိုကဲ့သို့ ရောက်ရှိလာကြသည့် ကျင့်ကြံသူများ၏ မျက်ဝန်းများထဲတွင် လောဘစိတ်များနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေကြ၏။ သူတို့မှာ စစ်သင်္ဘောကြီးများနှင့်အတူ အာကာသတွင်းနက်ကြီးထဲမှ ထွက်လာကြပြီးနောက် ဘေးပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်ရှုလိုက်ကြပြီး ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး သုံးယောက်အား အရိုအသေ ပေးလိုက်ကြသည်။ သို့ဖြစ်ရာ ထို ဂြိုဟ်အဆင့် ကျင့်ကြံသူသုံးယောက်မှာ မည်သူမည်ဝါများ ဖြစ်ကြကြောင်း ရှင်းပြနေစရာမလိုတော့ပေ။

" မင်္ဂလာပါ ဂိုဏ်းချုပ်ကြီး။ မင်္ဂလာပါ အကြီးအကဲတို့ခဗျား "

ထိုကဲ့သို့ ရောက်ရှိလာသည့်လူများမှာ ခရမ်းရောင် ရွေလူမှုအဖွဲ့အစည်းတစ်ခုလုံး မဟုတ်သေးဘဲ ထို လူမှုအဖွဲ့အစည်းထဲမှ ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်ပေသည်။ ဂြိုဟ်အဆင့် ကျင့်ကြံသူ အဘိုးကြီးမှာ သူ၏ လက်အောက်ငယ်သားများ၏ ဂါရဝပြုသံများကို ကြားလိုက်ရသောအခါ အော်ဟစ်ရယ်မောလိုက်သည်။

" တော်တော်ကို ထူးခြားတဲ့ လူမှုအဖွဲ့အစည်း တစ်ခုပဲကွ။ နည်းနည်းလေး ခေတ်နောက်ကျနေပေမဲ့ နတ်မျက်လုံးရဲ့ တည်နေရာပြောင်းရွှေ့နိုင်စွမ်းက တော်တော်လေးကို အဖိုးတန်တာပဲ။ အလင်းနှစ် ရာပေါင်းများစွာ ကွာဝေးနေတဲ့ ငါတို့ရဲ့ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းကိုတောင် ချက်ချင်း တည်နေရာပြောင်းရွှေ့ပေးနိုင်စွမ်း ရှိနေတာ "

" ဒီလိုဆိုမှတော့လည်း... အချိန်ဆွဲမနေတော့ဘူး။ ငါတို့ရဲ့ အစီအစဉ်တွေ အရဆိုရင်... ငါတို့တပ်ဖွဲ့ရဲ့ ဆယ်ပုံပုံတစ််ပုံကို ခေါင်းဆောင်ကြီး ခြောက်ယောက်က ဦးဆောင်ပြီးတော့ နတ်မျက်လုံး ပင်မဂြိုဟ်ဆီကို သွားရမှာ။ သူတို့က အကျဥ်းချခံထားရတဲ့ ငါတို့ရဲ့ မဟာမိတ်တွေကို လွတ်မြောက်အောင် ကူညီပေးမှာ။ ကျန်တဲ့တပ်ဖွဲ့တွေကိုတော့ ဂိုဏ်းထဲက အကြီးအကဲ နှစ်ယောက်ရယ် ငါရယ်က ဦးဆောင်ကြမှာ... ငါတို့တွေက အရင်ဆုံး ဂိုဏ်းကြီးသုံးဂိုဏ်းထဲက အားအနည်းဆုံးဖြစ်တဲ့ ဆဋ္ဌဂံမြေဂိုဏ်းကို သုတ်သင်ရှင်းလင်းကြမှာ "

" အဲဒီဂိုဏ်းကို လျှပ်စီးလို အမြန်နှုန်းမျိုးနဲ့ ချေမှုန်းပြီး ဂိုဏ်းကြီးသုံးဂိုဏ်းကို ဟန်ချက်ပျက်သွားအောင် လုပ်ရမယ်။ ပြီးရင် ငါတို့တွေ လူစုခွဲကြမယ်။ အကြီးအကဲကြီးတစ်ယောက်က ငါနဲ့အတူ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းဆီကို သွားပြီးတော့ ကျန်တဲ့အကြီးအကဲကြီး တစ်ယောက်က သူ့ရဲ့တပ်ဖွဲ့တွေကို ဦးစီးပြီး ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းကို တိုက်ခိုက်ရမယ်။ တကယ်လို့ ငါတို့တွေ အောင်မြင်သွားမယ်ဆိုရင် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲမှာ ရှိတဲ့ တခြားဂိုဏ်းတွေဆီက စစ်ကူတွေကို စောင့်နေစရာ မလိုတော့ဘူး။ ငါတို့ရဲ့ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း တစ်ဂိုဏ်းတည်းနဲ့တင် ဒီ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ချေမှုန်းနိုင်စွမ်းရှိသွားမှာ "

" စစ်ပွဲကြီးကို စတော့ " ဂြိုဟ်အဆင့် ဂိုဏ်းချုပ်ကြီးမှာ ထိုသို့ အမိန့်ပေးကာ ရယ်မောလိုက်ပြီးနောက် ‌ဆဋ္ဌဂံမြေဂိုဏ်း ရှိရာဘက်သို့ ပြေးထွက်သွားလိုက်၏။ သူ၏နောက်တွင်မူ သူ၏ဂိုဏ်းမှ အကြီးအကဲကြီးနှစ်ယောက်၊ စစ်သင်္ဘော အစင်းရေ ကိုးသောင်းနှင့် ကျင့်ကြံသူ အယောက်လေးသိန်းကျော် လိုက်ပါလာကြသည်။ သူတို့အားလုံးမှာ အရှိန်ကုန်မြှင့်တင်ကာ ရှေ့သို့ ပျံသန်းနေကြ၏။

ကျန်ရစ်ခဲ့သည့် စစ်သင်္ဘော အစင်းရေ တစ်သောင်းနှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသား အယောက်ငါးသောင်းကျော်မှာမူ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီး ခြောက်ယောက်၏ ဦးဆောင်မှုအောက်၌ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ပင်မဂြိုဟ်ဆီသို့ ဦးတည်သွားနေပြီဖြစ်သည်။

ထိုအခြင်းအရာများ ဖြစ်ပျက်နေစဉ် ဝိညာဉ်ကိုးပါးနယ်မြေထဲရှိ နေရာတစ်ခုတွင် ရုပ်တုကြီးတစ်ခုမှာ မြေကြီးအောက်သို့ အဆက်မပြတ် နစ်မြုပ်သွားနေဆဲပင်။

ဝိညာဉ်ကိုးပါးနယ်မြေမှာ မှန်တစ်ချပ်၏ အခြားတစ်ဖက်တွင် ရှိနေသော ကမ္ဘာတစ်ခုကဲ့သို့ပင်။ သာမန် လူတစ်ယောက်မှာ ထိုကမ္ဘာကြီး၏ ဝင်ပေါက်အား အလွယ်တကူ ဖွင့်နိုင်မည် မဟုတ်ပေ။ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်သာလျှင် ထိုကဲ့သို့ ယာယီမျှ ဖွင့်နိုင်စွမ်း ရှိပေသည်။ သို့ဖြစ်ရာ အချိန်အများစုတွင် ဝိညာဉ်ကိုးပါးနယ်မြေမှာ ပိတ်ဆို့ခံထားရသည်သာ ဖြစ်သည်။

ထို နယ်မြေကြီးမှာ ကိုယ်ပိုင် သဘာဝစည်းမျဉ်းဥပဒေသများ၏ အောက်တွင် ရှိနေသောကြောင့် ပြင်ပကမ္ဘာကြီးနှင့် ဆက်နွယ်မှု မရှိပေ။ တစ်ချိန်ထဲမှာပင် ရှင်သန်ခြင်း ရှိသည့်နေရာတိုင်း၌ သေဆုံးခြင်း ရှိနေသကဲ့သို့ ထိုနယ်မြေကြီးမှာလည်း‌ နေရာတိုင်းတွင်ရှိနေ၏။ ထိုနယ်မြေထဲရှိ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ အထူးတလည် ကွဲပြားခြားနားနေကြခြင်း မရှိပေ။ သို့သော် ထိုနယ်မြေထဲ၌ အလွန်အင်မတန်မှ ထူထပ်သိပ်သည်းသော မြူခိုးများဖြင့် ပြည့်နှက်နေ၏။ ထိုမြူခိုးများမှာ လေထဲ၌ ဖြည်းညင်းစွာ မျောလွင့်နေကြပြီး ၎င်းတို့ထဲ၌ အသက်မပါသည့် မျက်နှာကြီးများ ပေါ်ပေါက်လာတတ်ကြပေသည်။ ထိုမျက်နှာကြီးများမှာ ထိုနယ်မြေထဲရှိ သေဆုံးခြင်းများကို မျက်မြင်သက်သေထူပေးနေကြသကဲ့သို့ပင်။

ထို နယ်မြေထဲတွင် ယခင်တုန်းက နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ နေထိုင်ခဲ့ဖူးသည့် လူများ၏ ဝိညာဉ်များ စုဝေးနေကြ၏။ ဂြိုဟ်အဆင့်အထိ ရောက်နေသည့် ကျင့်ကြံသူများသာလျှင် ထိုနယ်မြေထဲ၌ တစ်ခဏမျှ အသက်ရှင်နိုင်စွမ်း ရှိကြသောကြောင့် သက်ရှိများမှာ ထိုနယ်မြေထဲသို့ ဝင်ရောက်လာလေ့ မရှိကြပေ။ သို့သော် ဂြိုဟ်အဆင့် ကျင့်ကြံသူများပင်လျှင် ထိုနယ်မြေထဲ၌ အချိန်အကြာကြီး မနေနိုင်ကြပေ။ ထိုနယ်မြေထဲရှိ သေမင်းအငွေ့အသက်များမှာ အရာအားလုံးကို တိုက်စားပစ်နိုင်စွမ်း ရှိပေသည်။ သို့ဖြစ်ရာ မည်သူကမှ ထိုနယ်မြေထဲ၌ ဝိညာဉ်မည်မျှခန့် ပိတ်မိနေမှန်း မသိကြပေ။

သူတို့မှာ ဝိညာဉ်ကိုးပါးနယ်မြေသည် အဆုံးမဲ့ တာအိုနယ်မြေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟုသာ သိထားကြသည်။ ဒဏ္ဍာရီများထဲတွင် ၎င်း၏ မူလဇာစ်မြစ်များမှာ ရှေးပဝေသဏီတုန်းက ရှိခဲ့ဖူးသည့် မိုးကောင်းကင်တာအိုမှတစ်ဆင့် ဆင်းသက်လာခြင်းဖြစ်ကြောင်း ဖော်ပြထား၏။ ထိုစဉ်တုန်းက ဝိညာဉ်ကိုးပါးနယ်မြေမှာ ယခုလိုမျိုး ပိတ်ဆို့ချုပ်နှောင်ခံထားရခြင်း မရှိခဲ့ပေ။ ထိုစဉ်တုန်းက သက်ရှိများ သေဆုံးသွားလျှင် သူတို့၏ ဝိညာဉ်များမှာ မြေအောက်ကမ္ဘာသို့ ပြန်ရောက်သွားကြသည်သာ ဖြစ်သည်။ သာမန်လူတစ်ယောက်၏ ဝိညာဉ်ဖြစ်စေ အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဉ်ဖြစ်စေ ကွဲပြားခြားနားမှုမရှိပေ။

သို့သော် အဆုံးမဲ့မျိုးနွယ်စု အင်အားကြီးထွားလာခဲ့ပြီးနောက် ထိုဥပဒေသမှာ ပျောက်ကွယ်သွားခဲ့ရသဖြင့် မိုးကောင်ကင်တာအိုမှာလည်း အဆုံးသတ်သွားရ၏။ ဝိညာဉ်ကိုးပါးနယ်မြေမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပါသော်လည်း ပိတ်ဆို့ချုပ်နှောင်ခံလိုက်ရသည်။ ထို့အပြင် အဆုံးမဲ့မျိုးနွယ်စုမှာလည်း စည်းမျဉ်းစည်းကမ်းအသစ်များ ချမှတ်ခဲ့၏။ ဂြိုဟ်အဆင့်နှင့် အထက်တွင်ရှိနေသည့် ကျင့်ကြံသူများ သေဆုံးသွားကြသည့် အခါတိုင်း သူတို့၏ ဝိညာဉ်များမှာ ဝိညာဉ်ကိုးပါးနယ်မြေထဲသို့ ရောက်ရှိသွားကြမည် မဟုတ်သလို ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့လည်း ဝင်ရောက်သွားကြမည်မဟုတ်ဘဲ စကြဝဠာကြီးထဲတွင်သာ ဦးတည်ရာမဲ့စွာ မျောလွင့်နေကြမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့မှာ အစွမ်းအစ ရှိပါက အသက်ပြန်ရှင်လာခွင့် ရှိပေသည်။

၎င်းမှာ စကြဝဠာကြီးနှင့် အဆုံးမဲ့တာအိုနယ်မြေထဲ၌ ပျံ့နှံ့နေသည့် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်သာ ဖြစ်ပေသည်။ ထိုပုံပြင်၏ နောက်ကွယ်တွင် အခြား လျှို့ဝှက်ချက်များ ရှိမရှိကို မည်သူကမှ မသိကြပေ။

မြေကြီးအောက်သို့ နစ်မြုပ်သွားနေသည့် ရုပ်တုကြီး၏ မျက်လုံးထဲရှိ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ တော်ဝင်သင်္ချိုင်းကုန်းထဲတွင် ဝမ်ပေါင်လဲ့မှာ ဒူးထောက်နေကြသည့် ဝိညာဉ်တစ်သန်းနှင့် ဦးညွှတ်နေကြသည့် ဧကရာဇ်ဆယ့်နှစ်ပါး၏ ရှေ့၌ ရပ်နေ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ အားပြိုင်မှုမှာမူ အပြင်းထန်ဆုံး အဆင့်သို့ ရောက်နေပြီဖြစ်သည်။

အလယ်အလတ် ထာဝရဝိညာဉ်အဆင့်သို့ ရောက်သွားပြီဖြစ်သော ဝိညာဉ်အဘိုးကြီးမှာ သူ၏စွမ်းအားများအားလုံးကို ထုတ်သုံးကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား သိမ်းပိုက်နိုင်ရန် ကြိုးစားနေ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်သာဆိုလျှင် ထိုသို့ သိမ်းပိုက်နိုင်ရမည်ဖြစ်သည်။ သူသည် ထာဝရကြယ်မီးတောက်နှင့် ဂြိုဟ်အဆင့် လက်ဖဝါးကြီးတို့ကိုပင် ရှောင်တိမ်းခဲ့ပြီး ဝမ်ပေါင်လဲ့၏ ဝိညာဉ်ကို ဝါးမျိုနိုင်ရန်သာ ရည်ရွယ်၍ သူ၏ တိုက်ကွက်များကို ထုတ်လွှတ်ခဲ့၏။

သို့သော် သူသည် ယခင်တုန်းက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ ရှိနေခဲ့သော ထူးဆန်းထွေလာ စွမ်းအားအမျိုးမျိုးကြောင့် အနှောင့်အယှက်မျိုးစုံနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့်လည်း သူသည် သူ၏ ကြိုးစားအားထုတ်မှုအား နှောင့်ယှက်နေသည့် အရာများကို တားဆီးရန်နှင့် မတော်တဆမှုများ ပေါ်ပေါက်မလာအောင် ထိန်းသိမ်းရန် သူ၏ စွမ်းအားများထဲမှ အချို့အဝက်အား အချုပ်အနှောင်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။

ဝမ်ပေါင်လဲ့မှာ ထို ဝိညာဉ်အဘိုးကြီး၏ လုပ်ရပ်အား သတိထားမိလိုက်သောအခါ ခေါင်းထဲ၌ ထူးဆန်းသော အတွေးတစ်ခု ပေါ်ပေါက်လာ၏။ ဝိညာဉ်အဘိုးကြီးမှာ ထိုအတွေး ပေါ်ပေါက်လာသည်ကို မသိနိုင်ပေ။

" ဒီ ဝိညာဉ်အဘိုးကြီးရဲ့ လုပ်ရပ်တွေက သူ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ တိုက်ခိုက်နေရတာဆိုရင် အဓိပ္ပါယ်ရှိပေမယ့် အခု သူက ငါ့ရဲ့ ကိုယ်ပွားတစ်ခုနဲ့ပဲ တိုက်ခိုက်နေရတာလေ။ ငါ့ရဲ့ ဓားအိမ်လေးနဲ့ ဝါးမျိုခြင်းသစ်စေ့တွေ အားလုံးက ခန္ဓာကိုယ်အစစ်ထဲမှာပဲ ရှိနေတာ။ ဒီကိုယ်ပွားက ပုံရိပ်ယောင်တစ်ခုပဲ ဖြစ်နေတာကို ဘာလို့ ဝိညာဉ်အဘိုးကြီးက အခုလို အလုပ်ရှုပ်ခံနေရတာလဲဟ။ မဟုတ်မှလွဲရော... သူက သေသေချာချာ ပြင်ဆင်ထားခဲ့တာတောင် အရေးကြီး အချက်တစ်ချက်ကို မေ့သွားတာများလား။ ဒါကြီးက ငါ့ရဲ့ ကိုယ်ပွား ဖြစ်နေတဲ့ အချက်ကို သူက မသိသေးတာများလားဟ။ သူက ငါ့ကို လူအစစ်လို့ ထင်နေတာပဲ ဖြစ်ရမယ် "

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ်ခန့် တုန်ရီသွားပြီး သူ၏ ဝါးမျိုခြင်းသစ်စေ့နှင့် ဓားအိမ်လေးတို့၏ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလိုက်တော့သည်။ ၎င်းတို့ ပေါ်ပေါက်လာသောအခါ ဝိညာဉ်အဘိုးကြီးမှာ အလွန်အင်မတန်မှ စိုးရိမ်ပူပန်သွားရ၏။ သူသည် ဝမ်ပေါင်လဲ့မှာ သူ၏ ရန်သူတော်ကြီးများကို ဆင့်ခေါ်လိုက်သကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။

" စိတ်ဝင်စားစရာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် သူ့ကိုယ်သူ ပို၍ပင် ယုံကြည်လာတော့သည်။ ထို့နောက် သူသည် ထိုအခွင့်အရေးအား အသုံးချကာ ဝိညာဉ်အဘိုးကြီး၏ ဝိညာဉ်အား အားပါပါ လှမ်းကိုက်လိုက်၏။

All Chapters