နှိပ်ကွပ်ရမယ့် အချိန်ပဲ
Vol. 1 Ch. 11
အခန်း (၁၁) နှိပ်ကွပ်ရမယ့် အချိန်ပဲ
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1694589489992-721x1024.jpg
ဟန်ရှောင်းရဲ့ လက်နက်တိုက်တွင် ရှိသမျှမှာ မွမ်းမံထားသော 73-WASP၊ N9 Colt ချေမှုန်းရေးရိုင်ဖယ်၊ ကျည်ကပ် ၁၅ခု နှင့် ခိုင်ခံ့မှု ၁၃၀ သာ ရှိတော့သည့် အပေါ့စား ယန္တရားလက်တို့သာ ဖြစ်သည်။ လက်နက်ပိုင်းတွင် သူက လုံးဝရှုံးနိမ့်နေသည်။
ဒိုင်း
စနိုက်ပါက နောက်တစ်ချက် ပစ်လိုက်သည်။ ကျည်ဆံက သူပုန်းနေသည့် သစ်ပင်ကို ဖောက်သွားပြီး ဟန်ရှောင်းကို ကပ်လွဲသွားသည်။ ဟန်ရှောင်း ညည်းညူလိုက်သည်။ ရန်သူများက ညကြည့်မျက်မှန်ဖြင့် ကြည့်နေစဉ်တွင်၊ သူက သေနတ်ပြောင်းဝမှ မီးပွင့်များကိုသာကြည့်၍ သူတို့၏ နေရာကို ခန့်မှန်းနေရသည်။
စနိုက်ပါရိုင်ဖယ်က အလွန်စွမ်းအားပြင်းလွန်းလှသည်။ သူ၏ လက်ရှိ သွေးအမှတ်နှင့်ဆိုလျှင် သူ့ကို သတ်နိုင်ရန် ၃ချက်သာ လိုသည်။ ဟန်ရှောင်းက သူ၏ မသတ်မှတ်ရသေးသော အမှတ် ၁၈မှတ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ခံနိုင်ရည်ရှိမှုအမှတ်တွင် ၁၄မှတ် ပေါင်းထည့်လိုက်ပြီး သွေးအမှတ်ကို တိုးစေလိုက်သည်။ ခွန်အားအမှတ်တွင်လည်း ၄မှတ်ထပ်ထည့်ကာ သူ၏ အားသာနေသည့် ခွန်အားကို ထောက်ပံ့လိုက်သည်။ ထိပ်တိုက်ပစ်ခတ်ခြင်းသည် သူ့အတွက် အကျိုးယုတ်စေလိမ့်မည်၊ ထို့ကြောင့် အနီးကပ်တိုက်ခိုက်ခြင်းသည်လည်း အန္တရာယ် များလွန်းလှသော်လည်း၊ သူစွန့်စားရပေမည်။ ရန်သူများတွင် ညကြည့်မျက်မှန်များရှိ၍ ထွက်ပြေးခြင်းမှာလည်း မဖြစ်နိုင်ပေ။ တစ်ခုတည်းသော ထွက်ပေါက်မှာ သူတို့အားလုံးကို သတ်ဖြတ်ရန်သာဖြစ်သည်။
အပေါ့စား ယန္တရားလက်မှ ဘောနပ်အမှတ် ၁၀မှတ်နှင့် သူ၏ ခွန်အားအမှတ် ၂၉မှတ်တို့ကြောင့် ဟန်ရှောင်းတွင် "လွမ်းမိုးနိုင်စွမ်းကြီးမားသောထိုးချက်" ပြုလုပ်ရန် ခွန်အားအလုံအလောက် ရှိနေသည်။
ခံနိုင်ရည်ရှိမှု ၃၆မှတ်ကြောင့် သူ့တွင် ယခု အမြင့်ဆုံးသွေးအမှတ် ၄၆၀ ဖြစ်၏။ ခံနိုင်ရည်ရှိမှုအမှတ်တွင် ၁၄မှတ်ပေါင်းထည့်ခဲ့ခြင်းကို သွေးအမှတ် ၁၄၀ ချက်ချင်းရရှိခဲ့ပြီး ထိုအမှတ်များသည် သွေးအမှတ်နည်းနေပြီဖြစ်သော ဟန်ရှောင်းအတွက် အလွန်အရေးပါလှသည်။
သွေးအမှတ်များ နည်းနေသော်လည်း၊ ယခု ၄၀၀နီးပါးခန့်ရှိ၍၊ အရင်ကထက် အခြေအနေပိုကောင်းသည်ဟု ဆိုရမည်။
အေးဂျင့်များသည် သူ့ကို ဝိုင်းရံရန် ဖြန့်ထွက်လာကြပြီး၊ သူတို့သည် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု မရှိသည်ကို ဟန်ရှောင်းသတိထားမိသည်။
တစ်ယောက်၏နေရာမှ နောက်တစ်ယောက်၏ နေရာသို့ ရောက်ရှိပြီး အကူအညီပေးနိုင်ရန် ၅-၈ စက္ကန့်ခန့် လိုအပ်မည်ဟု ခန့်မှန်းမိသည်။
အခြားတစ်နည်းနှင့် ပြောလျှင်၊ ဟန်ရှောင်းသည် သူ၏ပစ်မှတ်ကို အချိန်တိုအတွင်း ရှင်းပစ်နိုင်ရန်သေချာဖို့တော့ လိုအပ်သည်။
ဗယ်ခရီစခန်းတွင် ဟန်ရှောင်းက အစောင့် ၃၀ကျော်ကို သတ်ဖြတ်ခဲ့ပြီးနောက်၊ ဟန်ရှောင်းတွင် အတွေ့အကြုံအမှတ်ပေါင်း ၁၁၆,၀၀၀ ရှိနေလေသည်။
ထိုအမှတ်အားလုံးကို တိုက်ခိုက်ရေးစွမ်းရည်ဆီသို့ ပစ်ထည့်လိုက်တော့သည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
[လုံးထွေးသတ်ပုတ်ခြင်း] ကို အဆင့် ၅ သို့ မြှင့်တင်ထားသည်။
+7% တန်ပြန်တိုက်ခိုက်မှု၊ +10% ထိခိုက်နိုင်မှု (လက်ဗလာဖြင့်)
[အခြေခံတိုက်ခိုက်ရေး] ကို အဆင့် ၈ သို့ မြှင့်တင်ထားသည်။
ထိခိုက်နိုင်မှု +8% (လက်ဗလာဖြင့်)
[အခြေခံတိုက်ခိုက်ရေး] သည် အဆင့် ၈ သို့ ရောက်ရှိခြင်းနှင့်
[ဖမ်းချုပ်ခြင်း] သည် အဆင့် ၃ သို့ ရောက်ရှိခြင်းများကြောင့်၊ သင်သည် အောက်ပါ အဆင့်မြင့် ကျွမ်းကျင်မှုစွမ်းရည် ၃ခုမှ ၁ခုကို သင်ယူနိုင်သည်။
[အထူးစစ်ဆင်ရေးတိုက်ခိုက်မှုစွမ်းရည်]
[ဂျူဂျစ်ဆု]
[သံမဏိလက်သီး]
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
အထူးစစ်ဆင်ရေးတိုက်ခိုက်မှုစွမ်းရည်သည် ပေါက်ကွဲမှု၊ လုပ်ကြံခြင်းနှင့် ကိရိယာများအသုံးချခြင်းတို့နှင့် သက်ဆိုင်သည်။
ဂျူဂျစ်ဆုသည် လုံးထွေးသတ်ပုတ်ခြင်းနှင့် ဖမ်းချုပ်ခြင်းတို့ကို အဓိကထား၏။
သံမဏိလက်သီးသည် ခြေလက်များကို သန်မာစေပြီး ထိခိုက်မှုကိုခံယူရသည့်အခါ ခံနိုင်ရည်ကို တိုးတက်စေသည်။
ဤ၃မျိုးသည် မတူညီသော ကျွမ်းကျင်မှုပုံစံများ ဖြစ်ကြသည်။ ဟန်ရှောင်းယခုလိုအပ်နေသည်မှာ ပေါက်ကွဲမှုဖြစ်သောကြောင့် သူသည် [အထူးစစ်ဆင်ရေးတိုက်ခိုက်မှုစွမ်းရည်] ကိုသာ ရွေးချယ်လိုက်သည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သင်သည် အဆင့်မြင့် ကျွမ်းကျင်မှုစွမ်းရည် [အထူးစစ်ဆင်ရေးတိုက်ခိုက်မှုစွမ်းရည်] ကို သင်ယူခဲ့ပါသည်။
+6% Crit Rate (အနီးကပ်), +4% ထိခိုက်နိုင်မှု (လက်ဗလာဖြင့်)
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်း အနီးကပ်တိုက်ခိုက်ခြင်း၏ ထိခိုက်မှုသည် ၁၅% တိုးတက်လာသည်။ သူ၏ စုစုပေါင်း တိုက်ခိုက်ရေးစွမ်းရည်လည်း အတော်များများ တိုးတက်လာသည်။ သူသည် အရင်ကထက် သန်မာလာသည်ဟု ခံစားရရုံမက တိုက်ခိုက်ရေးစတိုင် တော်တော်များများကိုလည်း ကျွမ်းကျင်မှုရှိလာသည်ဟု ဆန်းကြယ်စွာ ခံစားလာရသည်။
"ငါ့မှာ ဖွင့်သုံးလို့ရတဲ့ စွမ်းအင်အခြေခံ-တိုက်ခိုက်ရေးစွမ်းရည် မရှိတာ ဆိုးတာပဲ" ဟန်ရှောင်း တွေးမိလိုက်သည်။ ယန္တရားပညာရှင်တစ်ယောက်တွင် သူတို့၏ အစောပိုင်းအဆင့်များ၌ ဖွင့်သုံး၍ရသော ကျွမ်းကျင်မှုစွမ်းရည်များ ရှိကြပြီး၊ စွမ်းအင်သုံးစွဲမှုသည်လည်း သက်သာလှသည်။
ဟန်ရှောင်းက အပေါ့စား ယန္တရားလက်ကို ဝတ်ဆင်လိုက်ပြီး ဝပ်လိုက်သည်။ အချိန်အနည်းငယ်ယူ၍ အသက်ရှူနှုန်းကို ထိန်းချုပ်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ရှေ့သို့ ထိုးတက်ပြီး တောင်ပံဘက်ရှိ အနီးဆုံးအေးဂျင့်ဆီသို့ ပြေးဝင်သွားသည်။ ဟန်ရှောင်း ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် အေးဂျင့်၆ယောက်က သေနတ်ဖြင့် ဝိုင်းပစ်ကြလေသည်။
ယန္တရားလက်ကို အကာအကွယ်အဖြစ် အသုံးပြုရင်း၊ ဟန်ရှောင်းသည် သစ်ပင်များအကြား ရက်ကန်းရက်သလို လွန်းထိုးပြေးလွှားကာ ရှောင်တိမ်းပြီး အခြားလက်တစ်ဖက်က စက်သေနတ်ဖြင့် ပြန်လည် ပစ်ခတ်လိုက်သည်။ သေနတ်ယမ်းငွေ့များ ဖုံးလွှမ်းသွားသည်။
၃စက္ကန့်အတွင်း၊ ဟန်ရှောင်းသည် ပစ်မှတ်နှင့် နီးကပ်ရာသို့ ရောက်လာသည်။ ဟန်ရှောင်းသည် စက်သေနတ်ကို အေးဂျင့်၏ သေနတ်ကိုင်လက်သို့ အာရုံလွှဲစေရန် ပစ်ပေါက်လိုက်ပြီး၊ ယန္တရားလက်ကို လွှဲယမ်းပြီး ရိုက်ချလိုက်သည်။ အေးဂျင့်က ထိုရိုက်ချက်ကို ကာကွယ်ရန် လက်ကိုမြောက်လိုက်ပြီး နာကျင်မှုကို တောင့်ခံကာ ပစ္စတိုကို ဆွဲထုတ်လိုက်သည်။ သူက ဟန်ရှောင်း၏ ခေါင်းကိုချိန်၍ ပစ်လိုက်သည်။ သို့သော်၊ ဟန်ရှောင်း၏ လက်စွမ်းအမှတ်များသည် ရှိုးပြရန်အတွက်သာ မဟုတ်ပေ။ လူသားထက်ကျော်လွန်သည့် တုန့်ပြန်မှုဖြင့် ဟန်ရှောင်းက အေးဂျင့်၏ သေနတ်ကိုင်လက်ကို ချုပ်လိုက်ပြီး ဆွဲချကာ ဟန်ချက်ပျက်အောင် လုပ်လိုက်သည်။ ပြီးနောက်၊ ရှေ့သို့တက်ကာ ပေါင်ခြံကို ဒူးဖြင့် ရက်စက်စွာ တိုက်ချလိုက်သည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သင် သေစေလောက်သော ထိုးသတ်မှု ပြုလုပ်ခဲ့သည်။ ၂ဆ Critical Hit
သင်၏ပစ်မှတ်သည် ၂စက္ကန့် မလှုပ်ရှားနိုင်တော့ပါ။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ညကြည့်မျက်မှန်ကြောင့် အေးဂျင့်၏ အမူအရာကို မမြင်ရသော်လည်း၊ သူ၏ ကျယ်လောင်သော အော်သံက ထိုထိချက် ဘယ်လောက်ထိရောက်မှုရှိမှန်း သိသာပေသည်။ ဟန်ရှောင်းသည် ထိုအေးဂျင့်၏ ခဏတာမျှ မလှုပ်ရှားနိုင်သည်ကို အခွင့်ကောင်းယူပြီး ဒူးဖြင့် တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်တိုက်လိုက်သည်။
-78! -81! -84!"
ဆောရီးပဲ ညီအကိုရေ၊ ဒါက အရမ်းနာမယ်မှန်း သိပါတယ်။ ဒါပေမယ့်၊ မင်းရဲ့ဝတ်စုံမှာ ပေါင်ခြံအကာအကွယ် မတပ်ဖို့ဆုံးဖြတ်ထားတာက ငါမဟုတ်ဘူးလေ။"
အေးဂျင့်၏ သွေးအမှတ်များ ထိုးကျသွားပြီး ဟန်ရှောင်းက သူ၏လည်ပင်းကို ယန္တရားလက်ဖြင့် ဆွဲဖြဲကာ သတ်ဖြတ်လိုက်သည်။ ပထမသတ်ဖြတ်ခြင်းကို အောင်ပွဲမခံနိုင်ခင်မှာပင်၊ သူ၏နောက်ကျောမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ အလျှင်အမြန်ပင် မြေကြီးပေါ်သို့ လှဲချလိုက်ပြီး အေးဂျင့်၏ ခန္ဓာကိုယ်ကို သူ့အပေါ်တွင် ကာ၍ သစ်ပင်တစ်ပင်ဆီသို့ တွားသွားလိုက်ရသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သင်သည် SWP စနိုက်ပါနှင့် အပစ်ခံရသည်။ ထိခိုက်မှု - ၆၈
သင်သည် စွမ်းအားပြင်း ကျည်ဆံဖြင့် အပစ်ခံရသည်။
သင်သည် သွေးထွက်နေသည် (အလယ်အလတ်အဆင့်)။
သင်သည် တစ်စက္ကန့်တိုင်းတွင် သွေးအမှတ် ၃မှတ် ကို ၁၅စက္ကန့်ကြာ ဆုံးရှုံးမည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
နာကျင်မှုက ဟန်ရှောင်း၏ မျက်နှာကို ဖြူရော်သွားစေသည်။ ပစ်ချက်တစ်ချက်တည်းက သူ၏ သွေးအမှတ်အတန်း၏ တော်တော်များများကို လျော့သွားစေ၏။ ကံမကောင်းစွာပင်၊ ဟန်ရှောင်းတွင် ဒဏ်ရာကို ပတ်တီးစည်းရန် အချိန်မရှိပေ။
"သေစမ်းကွာ"
ကျန်ရှိသည့် ညဇီးကွက် အေးဂျင့် ၅ယောက်သည်လည်း သူတို့၏ရဲဘော်ကို ဟန်ရှောင်းက သတ်လိုက်၍ ဒေါသတကြီး ဖြစ်သွားကြသည်။ သူတို့သည် ပစ်ခတ်နေရင်း နီးကပ်လာကာ ဟန်ရှောင်းကို ချောင်ပိတ်လိုက်ကြသည်။
ဟန်ရှောင်းသည် အေးဂျင့်၏ ခန္ဓာကိုယ်ကို အလျှင်အမြန်ရှာဖွေလိုက်ပြီး သူ၏ကျည်ကာကိုလည်း ဝတ်ဆင်လိုက်သည်။ ထိုအရာက သူ့ကို ၁-၂ချက်လောက်တော့ အပစ်ခံနိုင်စေသည်။ အရေးအကြီးဆုံးကတော့ ဟန်ရှောင်းသည် လက်ပစ်ဗုံး ၃လုံးကို ရှာတွေ့သွားကာ တစ်လုံးကို ချက်ချင်း ပစ်ထုတ်လိုက်သည်။
ဗုန်း
အေးဂျင့်များသည်လည်း ပစ်ခတ်သည်ကို ရပ်လိုက်ရကာ၊ အကာအကွယ် အမြန်ယူလိုက်ကြရသည်။
"ထပ်ပစ်ကြစမ်း၊ သူတောင်းစားတွေ" ဟန်ရှောင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ဒုတိယလက်ပစ်ဗုံးကို ထပ်ပစ်လိုက်ရာ၊ ထလာရန်ကြံနေသည့် အေးဂျင့် ၅ယောက်မှာ မြေပင်ပေါ်သိူ့ ပြန်လည် ဝပ်လိုက်ကြရသည်။
ထိုပေါက်ကွဲမှုပြီးနောက် တတိယအရာဝတ္ထုတစ်ခုက လေထဲမှ ရောက်လာပြန်သည်။ အေးဂျင့်၅ယောက်သည်လည်း နောက်တစ်ခါ ပြန်ဝပ်လိုက်ရသည်။ သို့သော်၊ မည်သည့်ပေါက်ကွဲမှုမှ ဖြစ်မလာပေ။ ကြည့်လိုက်သောအခါ၊ ကျောက်တုံးတစ်တုံးသာ ဖြစ်နေသည်ကို တွေ့ရသည်။
တစ်ချိန်တည်းတွင်၊ ဟန်ရှောင်းသည် အစောင့်နောက်တစ်ယောက်ဆီသို့ ချေမှုန်းရေးရိုင်ဖယ်ကို ပစ်ခတ်ရင်း တိုးဝင်သွားခဲ့သည်။ မြက်ခင်းထဲတွင် အကာအကွယ်ရှာနေသည့် ထိုအေးဂျင့်ကို သတ်နိုင်လိုက်သော်လည်း ကျည်ကုန်သွား၏။ဟန်ရှောင်းက ရိုင်ဖယ်ကို အဝေးသို့ လွှင့်ပစ်လိုက်ပြီး တတိယလက်ပစ်ဗုံးကို ပစ်လိုက်ကာ၊ အေးဂျင့်အနီးသို့ ကပ်နိုင်ရန် အချိန်ဆွဲလိုက်၏။ ဟန်ရှောင်းက တတိယအေးဂျင့်ကို အားဖြင့်ဆောင့်နင်းပြီး သတိလစ်အောင် လုပ်လိုက်ချိန်တွင် ဆေးလ်ဗားဘလိတ်ထံမှ ပစ်ချက်က ခြေသလုံးကို ထိမှန်သွားလေသည်။
ဟန်ရှောင်း မျက်နှာ ရှုံ့မဲ့သွား၏။ ခြေသလုံးဒဏ်ရာက သူ၏ ရွေ့လျားမှုနှုန်းကို သက်ရောက်မှုရှိသည်။ ထို့ကြောင့် ဟန်ရှောင်းသည် သတိလစ်နေသည့် အေးဂျင့်ဆီသို့ ခုန်ဝင်သွားလိုက်ပြီး၊ အခြားအေးဂျင့်များ၏ မျက်ကွယ်ရာ သစ်ပင်နောက်သို့ နှစ်ယောက်အတူတူ တလိမ့်ခေါက်ကွေး ပြုတ်ကျသွားတော့သည်။ ထိုသစ်ပင်၏နောက်တွင် အလုပ်ကို လက်စသတ်လိုက်သည်။ အေးဂျင့်များသည် အနီးကပ်တိုက်ပွဲတွင် ဟန်ရှောင်းနှင့် လုံဝမယှဉ်နိုင်ပေ။
သို့သော်လည်း အေးဂျင့် ၃ယောက် ကျန်နေသေးသည်။ အခြေအနေတွေက အကောင်းဘက်ကို ဦးတည်မနေသလို သူ၏ သွေးအမှတ် တစ်ဝက် ဆုံးရှုံးပြီး ဖြစ်သော်လည်း၊ ဟန်ရှောင်းသည် တည်ငြိမ်နေပြီး သူ့ရဲ့နောက်ထပ် လှုပ်ရှားမှုကို အစီအစဉ်ဆွဲဖို့ အချိန်အနည်းငယ်ယူခဲ့ပါသည်။
"ရန်သူတွေ... ဖြစ်နိုင်ချေရှိတာက..."
ထိုအချိန်တွင်၊ ဆေးလ်ဗားဘလိတ် လုံးဝကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။ သူသည် စမ်းသပ်ခံကို အကြီးအကျယ် လျှော့တွက်ခဲ့ပြီး၊ သူတို့၏ တပ်ဖွဲ့သည်လည်း တစ်ဝက်ကျသွားပြီဖြစ်သည်။
"သူ့ကို ဗုံးနဲ့ထုကြ" သူ အမိန့်ပေးလိုက်သည်။
အေးဂျင့်များက လက်ပစ်ဗုံးများ ပစ်လိုက်ကြသည်။
ဗုန်း...
"သေပြီလား..."
"သတိမလွတ်စေနဲ့။" ဆေးလ်ဗားဘလိတ်က ပြန်ပြောလိုက်ရင်း သူနှင့် အခြားအေးဂျင့် ၂ယောက်မှာ တဖြည်းဖြည်း ချဉ်းကပ်လာသည်။သူတို့ သစ်ပင်နားသို့ ရောက်သောအခါ၊ မြေပြင်ပေါ်ရှိ မီးလောင်ထားသော အလောင်းတစ်ခုကို သတိထားမိကြသည်။ မြင်နေရသော ဝတ်စုံမှတစ်ဆင့်၊ ထိုသူမှာ ဟန်ရှောင်းဖြစ်ဟန်တူသည်။"နောက်ဆုံးတော့လည်း..."
အေးဂျင့်၂ယောက်မှာ စိတ်ပေါ့ပါးသွားပြီး သေနတ်ပြောင်းများကို နှိမ့်ချလိုက်ကြသည်။
"မဟုတ်ဘူး..."
ဆေးလ်ဗားဘလိတ်က ရုတ်တရက် ထအော်လိုက်သည်။
"ဝပ်လိုက်ကြ..."
အခန်း (၁၁) ပြီး၏။
လင်းဆက်