← Chapters

လေလွင့်သွားလာသူမျာ

Vol. 1 Ch. 13

လေလွင့်သွားလာသူမျာ

Vol. 1 Ch. 13

အခန်း (၁၃) လေလွင့်သွားလာသူများ

https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1694589856005-543x1024.jpg

၇ရက်ကြာသောအခါ၊ စိမ်းစိုတောက်ပလျက်ရှိသော တောအုပ်အတွင်းမှ၊ အားနည်းဟန်ရှိသည့်လူတစ်ယောက်သည် အဆုံးမရှိသည့် တောအုပ်အတွင်းမှ ထွက်ခွါရန်လမ်းကို ရှာဖွေနေသည်။

ဟန်ရှောင်းသည် အစာနှင့်ရေများ အလွန်အမင်း လိုအပ်လျက်ရှိသည်။ သူ့ကျောပိုးအိတ်သည် ဖောင်းကားလျက်ရှိသော်လည်း ကိရိယာများသာ ရှိသည်။

၇ရက်အလွန်က၊ သူသည် ဆေးလ်ဗားဘလိတ်ကို သူ၏ ယန္တရားလက်ကို စတေးပြီး အနိုင်ယူခဲ့သည်။

ထိုသို့ ဆုံးရှုံးသွားခြင်းက ပြဿနာတော့မဟုတ်ပေ။ ဟန်ရှောင်းတွင် အသေးစိတ်ပုံစံ ရှိနေသေးသရွေ့ နောက်တစ်ခုကို အလွယ်တကူ ဖန်တီးနိုင်သည်။

သစ်တောအုပ်သည် ပြန်လည်အားဖြည့်ရန် နေရာကောင်း မဟုတ်သော်လည်း၊ ဟန်ရှောင်း၏ များပြားသော ခံနိုင်ရည်ရှိမှုအမှတ်က ဒဏ်ရာမှ ပိုးမဝင်စေရန် ခုခံပေးထားသည်။ ထိုသို့တိုင်အောင်၊ ကျည်ဆံကို ဆွဲထုတ်သည့်အခါတွင် နာကျင်မှုကို တောင့်ခံထားရသေးသည်။ လက်ပြင်ရိုးထဲရှိ စနိုက်ပါကျည်ဆံကို ဆွဲထုတ်ရာတွင် နာကျင်မှုမှာ အလွန်ပြင်းထန်လှ၍ ဟန်ရှောင်းမှာ ၁နာရီခန့် မလှုပ်နိုင်မရှားနိုင် ဖြစ်သွားသေးသည်။

အနည်းဆုံးတော့၊ မည်သည့် တောရိုင်းတိရစ္ဆာန်များနှင့် ရင်ဆိုင်‌မတွေ့ခဲ့ရ၍ ကံကောင်းသည်ဟု ပြောရပေမည်။ ရေပင်လယ်ဂြိုလ်ရှိ တောရိုင်းတိရစ္ဆာန်များမှာ အလွန်ရက်စက်ကြမ်းကြုတ်ကြပြီး၊ အချို့မှာ စဉ်းစားဉာဏ်တစ်ချို့ပင် ရှိကြ၏။ "Galaxy" တွင် သူတို့သည် တစ်ခါတစ်ရံ လူသားများ၏ မြို့များကို တိုက်ခိုက်တတ်ကြသည်။ ကုန်းနေရေနေ ဝေလဆင်ကြီးများကဲ့သို့ အချို့တောကောင်ကြီးများမှာ အလွန်ကြီးမားလှ၍ သာမန်လက်နက်များမှာ ထိရောက်မှု မရှိကြပေ။

ဟန်ရှောင်းသည် ရေပင်လယ်ဂြိုလ်၏ မြေမျက်နှာသွင်ပြင် ကောင်းကောင်းသိသော်လည်း၊ သူမည်သည့်နေရာရောက်နေမှန်း အတိအကျ မသိသည့်အခါ သိပ်အသုံးမဝင်လှပေ။ ဟန်ရှောင်းသည် ညဘက်တွင် သစ်ပင်ကြီးများပေါ်တွင် အိပ်စက်ခဲ့ရပြီး၊ လွန်ခဲ့သော ၇ရက်အတွင်း သင်ယူခဲ့ရသည်မှာ၊ ခြင်များသည် ကမ္ဘာပေါ်တွင် အလွန်စက်ဆုပ်စရာကောင်းသော သတ္တဝါများ ဖြစ်သည်ဟူ၍ပင်။

"ငါ ဒီတောအုပ်ထဲက ထွက်နိုင်ပါတော့မလား။"

သူ၏ ဆုတောင်းသံကို ကြားလိုက်သကဲ့သို့၊ လေလွင့်သွားလာသူများ၏ စခန်းတစ်ခု ဟန်ရှောင်း၏ မြင်ကွင်းထဲ ပေါ်လာခဲ့သည်။

ရုတ်တရက်၊ ဟန်ရှောင်း၏ အမူအရာ ပြောင်းလဲသွားပြီး ‌အလျှင်အမြန်ပင် နောက်သို့ ခုန်ဆုတ်လိုက်သည်။ တစ်ချိန်တည်းတွင်၊ ကြီးမားသော ပိုက်ကွန်တစ်ခုက သဲအောက်မှ အပေါ်သို့ တက်လာသည်။ ထိုပိုက်ကွန်ကို သံဖြင့်ပြုလုပ်ထားသည်။

"ဒီမျိုးမစစ်ကောင်က ရှောင်သွားတယ်ဟ။"ပြောင်းချောသေနတ်ကိုင်ထားသည့် ဆံပင်ရှည်နှင့် လူငယ်တစ်ယောက်က သစ်ပင်နောက်မှ ထွက်လာသည်။ သူ့အဝတ်အစားများသည် စုတ်ပြဲနေပြီး တိရစ္ဆာန်အရေခွံများဖြင့် ဖာထေးထားသည်။

"ဒီတိုင်းရပ်နေ" ထိုလူငယ်က အော်ပြောလိုက်သည်။

ဤလူငယ်သည် စခန်းတွင် နေထိုင်သူတစ်ယောက် ဖြစ်နိုင်သည်။ ဟန်ရှောင်းသည်လည်း ပြဿနာမဖန်တီးချင်၍ သူ့လက်များကို ခေါင်းပေါ် မြှောက်ထားလိုက်သည်။

"ငါက ဖြတ်သွားဖြတ်လာ တစ်ယောက်ပါ။"

"ဖြတ်သွားဖြတ်လာ တစ်ယောက်လား။"

ဟန်ရှောင်း၏ ဖောင်းကားနေသောအိတ်က လူငယ်၏ မျက်လုံးကို ဖမ်းစားသွားသည်။

"အိတ်ထဲက ဘာတွေလဲ၊ အကုန်လုံးထုတ်လိုက်။"ဟန်ရှောင်း သက်ပြင်းချလိုက်သည်။ ထောင်ချောက်က အရမ်းကြီးနေတာ အံ့ဩစရာတော့ မဟုတ်ပေ။ ထိုထောင်ချောက်သည် လူများကို ဖမ်းရန်အတွက် ဖြစ်သည်။ လူတို့၏ ကိုယ်ကျင့်တရားများသည်လည်း ပြဿနာများနှင့် ကြုံတွေ့သည့်အခါ ဝေဝါးလာကြသည်။ လေလွင့်သွားလာသူများသည် နိုင်ငံဟောင်းများ၏ ပြည်သူများဖြစ်ကြပြီး၊ သူတို့သည် နိုင်ငံ၆နိုင်ငံကို မဝင်ရန် ရွေးချယ်ထားသူများ ဖြစ်ကြသည်။ တောတွင်းရှိ ဘဝများသည် ခက်ခဲကြမ်းတမ်းလှပြီး၊ သတ်ဖြတ်ခြင်းနှင့် ခိုးယူခြင်းတို့မှာ မျက်မှောင်ကြုတ်စရာပင် ဖြစ်သော်လည်း၊ ထိုအရာတို့သည် ရှောင်လွှဲမရသော အခြေအနေများလည်း ဖြစ်ကြသည်။

"မင်းနားလေးနေလား။ ငါပြောနေတယ်၊ အကုန်လုံးကို အပြင်ထုတ်လိုက်။" လူငယ်က အော်လိုက်ပြီး ရှေ့သို့လျှောက်လာကာ ဟန်ရှောင်း၏ နဖူးကို ပြောင်းချောသေနတ်ဖြင့် တေ့လိုက်သည်။

ဟန်ရှောင်း စိတ်တိုသွားသည်။ သူ့ကျောပိုးအိတ်ထဲတွင် ပါသမျှမှာ သေနတ်များ၊ ကျည်ဆံများနှင့် ဂျာမီနယ်အဖွဲ့အစည်းက ပိုင်ဆိုင်သည့် ကိရိယာများ ဖြစ်ကြသည်။ သူက ဒါကို ဘယ်လို ရှင်းပြရမလဲ။

“မင်းနားမလည်ဘူးလား။ ငါပစ်ထည့်လိုက်ရမလား။”

ဆံပင်ရှည်နှင့် လူငယ်က သေနတ်ကို မောင်းတင်ရင်း ခြိမ်းခြောက်လိုက်သည်။

ရုတ်တရက်၊ ဟန်ရှောင်းက တံတောင်ဆစ်ဖြင့် အငိုက်မိသွားသည့် လူငယ်၏ရင်ဘတ်ကို ထိုးလိုက်ပြီး၊ နောက်သို့ အထိတ်တလန့် လွင့်ထွက်သွားစေသည်။ ဟန်ရှောင်းက လေထဲမှာပင် သူ၏သေနတ်ကို ဖမ်းယူလိုက်သည်။

လူငယ်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ရင်ဘတ်ကို ကြောက်ရွံ့စွာ ဆုပ်ကိုင်ကာ လေးဘက်ထောက်ကာ ထွက်ပြေးရန်ကြိုးစားတော့သည်။

ဟန်ရှောင်းသည် ထောင်ချောက်မှ ကြိုးတစ်ချို့ကို ဖြတ်လိုက်ပြီး၊ ငိုမဲ့မဲ့ဖြစ်နေသော ထိုလူငယ်ကို သစ်ပင်မှာ ချည်ထားလိုက်သည်။

ဟန်ရှောင်း သေနတ်ကို စစ်ဆေးလိုက်ပြီး၊ သေနတ်ပြောင်းက ကောက်နေသည်ကို တွေ့ရသောအခါ ခေါင်းခါမိလိုက်သည်။ အနည်းဆုံးတော့၊ ဤလူငယ်သည် တစ်ခါမှလူမသတ်ဖူးဘဲ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။

သို့ရာတွင်၊ လူငယ်မှာ ဟန်ရှောင်းလက်ထဲရှိ သေနတ်ကို မြင်သောအခါ အလွန်ကြောက်ရွံ့နေပြီး၊ ပို၍ ဂယောင်ချောက်ခြားဖြစ်သွားသည်။"အစ်ကိုကြီး၊ ကျွန်တော့်ကို မသတ်ပါနဲ့နော် ‌‌။ တိုင်-တောင်တန်းကြီးကို သတိမထားမိခဲ့လို့ ခွင့်လွှတ်ပေးပါဗျာ။

ဟန်ရှောင်းက သူ့မျက်နှာကို ရိုက်လိုက်ပြီး "ဒါဆို မင်းမှားမှန်း သိပြီပေါ့။"

"ကျွန်တော်မှားပါတယ်၊ ကျွန်တော်မှားပါတယ်။" လူငယ်က အရှက်မရှိဘဲ ပြောလေသည်။

"ဘာကြောင့်မှားတာလဲ"

လူငယ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေသည်။

"ကျွန်တော်... သေနတ် နောက်တစ်လက် ပိုယူလာခဲ့ရမှာ..."

ဟန်ရှောင်းက ကျာ်လောင်စွာ ရယ်မောလိုက်တော့သည်။

"မင်းက ရယ်ရတဲ့ ကောင်လေးပဲ၊ ဟုတ်လား။"

"ကျွန်တော့်ကို ခွင့်လွှတ်ပါ သူတော်စင်ကြီးရယ်။ လေတိုက်သွားသလိုလေးပဲ ကျွန်တော့်ကို သွားခွင့်ပြုလိုက်ပါနော်။"

ငိုယိုနေသည့် လူငယ်က မျက်ရည်တွေစီးကျရင် ပြောလိုက်သည်။

"သွားစမ်းပါ၊ ငါဒီလောက် လေကြီးကြီး အတိုက်မခံရဖူးဘူး။"

ဟန်ရှောင်းသည် သေနတ်ဖြင့် လူငယ်၏ မျက်နှာကို ရိုက်ချပြီး သတိလစ်သွားစေသည်။ နောက်ဆုံးတွင်၊ လူငယ်သည် စခန်းမှ ဖြစ်ပုံပေါ်ပြီး၊ ဟန်ရှောင်းသည်လည်း သူတို့ဆီမှ အစားအစာနှင့် ရေများ ဝယ်ယူရန် လိုအပ်နေသေးသည်။

"မင်းကိုယ်မင်း ကံကောင်းတယ် သဘောထားလိုက်။"

နာရီဝက်ကြာပြီးနောက်၊ ဟန်‌ရှောင်းသည် စခန်းချရာ နေရာသို့ ရောက်လာသည်။ သူ၏ပုံစံက လေလွင့်သွားလာသူများကို မငြိမ်မသက် ဖြစ်သွားစေသည်။

တောတွင်းရှိ ဘဝမှာ ဘေးအန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ ထို့ပြင်၊ လေလွင့်သွားလာသူများမှာ မကြာခဏပင် အပြင်လူများကို မကြိုဆိုပေ။ သူတို့၏ နေထိုင်မှုပုံစံမှာ ဂျစ်ပစီများနှင့် တူကြပြီး မကြာခဏဆိုသလို လှည့်လည်သွားလာနေကြသည်။ တဲများ၏ အပြင်ဘက်တွင် ပစ်ကပ်ကားများ ရပ်ထားကြသည်။ ကားအများစုမှာ သံချေးတက်နေပြီး အချို့မှာ အကာအရံများပင် မရှိကြပေ။

ဟန်ရှောင်းက တဲများမှာ ဒါဇင်အနည်းငယ်ခန့်သာ ရှိကြောင်း သတိထားမိသည်၊ အတော်လေးသေးငယ်သော အဖွဲ့လေးတစ်ဖွဲ့ပင်။ ထိုကဲ့သို့ သေးငယ်သော လူမှုအဖွဲ့အစည်းလေးတစ်ခု ဖြစ်သော်ငြားလည်း၊ ဟန်ရှောင်းသည် စခန်း၏ ကုန်သည်ကို ရှာတွေ့သွားသည်။ သူသည် ပါးသိုင်းမွေးများနှင့် အနောက်တိုင်းသားဖြစ်ပြီး သူ၏ ပစ်ကပ်ကားတွင် စီးပွားရေးလုပ်လျက်ရှိသည်။

"အပြင်လူ"

ပါးသိုင်းမွေးများနှင့် လူကြီးက မျက်ခုံးပင့်ကြည့်သည်။

"မင်းစည်းကမ်းချက်တွေ သိလား။" သူက မေး၏။

"ဘာစည်းကမ်းလဲ။"

"ကုန်ပစ္စည်း လဲလှယ်တာပဲ လုပ်တယ်။"

ကောင်းတယ်၊ ဒါလည်း အဆင်ပြေတာပဲ။ ဟန်ရှောင်းတွေးမိလိုက်သည်။ ငါ့မှာလည်း တစ်ပြားမှ မရှိဘူး။

"ငါ မြေပုံတစ်ခု၊ ရေ ၃ပုံး၊ အစားအသောက် ၅ကီလို လိုချင်တယ်။ ပေါင်မုန့် ဒါမှမဟုတ် အသားခြောက် ဆိုရင် အဆင်ပြေတယ်။" ဟန်ရှောင်းက ပြောလိုက်ရင်း အိတ်ထဲမှ ကျည်ဆံလက်တစ်ဆုပ် ထုတ်ယူလိုက်ကာ ကားပေါ်တင်လိုက်သည်။

"ငါဒါနဲ့ပေးမယ်။"

"ကျည်ဆံတွေလား"

ကျည်ဆံများသည် အမဲလိုက်ခြင်းကသာ အဓိက အစာအရင်းအမြစ်ဖြစ်သည့် လေလွင့်သွားလာသူများအကြားတွင် အလွန်တန်ဖိုးရှိလှသည်။

"ကျည်ဆံ ၁၅၀" ကုန်သည်က ပြောသည်။

ဟန်ရှောင်း၏ မျက်နှာ မည်းမှောင်သွားသည်။

နေ့ခင်းကြောင်တောင်ကြီး ဓါးပြတိုက်နေတာလား။

သူ‌ဝယ်ချင်သည်မှာ အခြေခံ လိုအပ်ချက်များသာ ဖြစ်သည်။ ထိုမျှလောက် ကျသင့်စရာ ဘာအကြောင်းမှ မရှိပေ။

ဟန်ရှောင်း၏ ကြေးနီရောင် ကျည်ဆံများမှာ အရည်အသွေးမြင့်မားပြီး တစ်တောင့်ကို ၁၀ဒေါ်လာတော့ အသာလေး ရနိုင်သည်။ အဲဒါတောင်မှ ကုန်သည်က အတောင့် ၁၅၀တောင်း‌နေရာ၊ ဒေါလာ ၁၅၀၀နဲ့ ညီမျှလေသည်။

"မင်းသဘောပဲ။" ကုန်သည်က အေးဆေးစွာ ထပ်ပြောလိုက်ပြီး သူ၏ စိတ်ဝင်စားမှုကို သူ့လက်သည်းဆီသို့သာ ပြန်ပြောင်းလိုက်သည်။

အခန်း (၁၃) ပြီး၏။

လင်းဆက်

All Chapters