ဖောက်ထွင်းခိုးယူခြင်
Vol. 1 Ch. 15
အခန်း (၁၅) ဖောက်ထွင်းခိုးယူခြင်း
“ဘယ်သူသိမှာလဲ၊ ဒါက ရှောင်လွှဲလို့မရနိုင်တာလည်း ဖြစ်နိုင်တာပဲ။ လူမှုပဋိပက္ခတွေက အဆုံးစွန်ထိ ရောက်ဖို့ ရှိနေတာပဲ။ အချိန်တို နာကျင်မှုက ကာလကြာခံစားရတာထက် ပိုကောင်းနိုင်တာပဲလေ။” ဟန်ရှောင်းက ပခုံးတွန့်ရင်း ပြောလိုက်သည်။
အန်ဒရီရာတိုက်ပွဲသည် ရေပင်လယ်ဂြိုလ်၏ ပေါင်းစည်းမှုနောက်ပိုင်း မြေပြင်အနေအထားများကို အတည်တကျ ဖြစ်စေခဲ့သည်။
အန်ဒရီရာသည် ကုန်းမြေတိုက်ကြီးတစ်ခု၏ အမည်ဖြစ်ပြီး၊ တစ်ချိန်က နိုင်ငံများစွာ၏ အိမ်လည်းဖြစ်၏။ စစ်ပွဲများ အရှိန်မြင့်လာသည်နှင့်အမျှ၊ အန်ဒရီရာသည်၊ အချို့အကြောင်းများကြောင့်၊ သဘောထားကွဲလွဲရာများ၏ ဖြေရှင်းရာနေရာဖြစ်လာသည်။ နိုင်ငံများအားလုံးက အရာအားလုံးကို ထိုနေရာတွင် တစ်ကြိမ်တည်းနှင့် အပြီးတိုင်ဖြေရှင်းရန် သဘောတူညီခဲ့ကြပြီး၊ စစ်ပွဲကြောင့် ဂြိုလ်ကမ္ဘာကြီးအား ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းထားလိုကြသည်။ သို့သော်လည်း၊ ရလဒ်အနေဖြင့် လူပေါင်း သန်းထောင်နှင့်ချီ၍ အသက်များဆုံးရှုံးခဲ့ရသည်။
စစ်ပွဲပြီးဆုံးသွားချိန်တွင်၊ အန်ဒရီရာသည် မီးလောင်ကျွမ်းထားသော စွန့်ပစ်နယ်မြေများနှင့် ခြောက်သွေ့ညှိုးနွမ်းနေသော သစ်ပင်များသာ ကျန်တော့သည်။ မြစ်ချောင်းများလည်း ပျက်စီးနေပြီး၊ မြေဩဇာကောင်းမွန်ပြီး စိမ်းလန်းစိုပြည်သည့် ရှုခင်းများသည်လည်း မရှိတော့ပေ။ နိုင်ငံ၆နိုင်ငံသည် စစ်ပွဲပြီးနောက် ပစ္စည်းများ သိမ်းဆည်းကာ ပြန်သွားကြပြီး၊ သူတို့ပြုလုပ်ခဲ့ကြသည့် ပျက်စီးမှုများကို လစ်လျူရှုထားကြသည်။
ဟန်ရှောင်းက ဟူရွှမ်းကျန်၏ လက်ပေါ်မှ အရည်ကြည်ဖုများကို သတိထားမိသည်။
“အစ်ကိုက စစ်သားတစ်ယောက် ဖြစ်ခဲ့တာလား။” သူကမေးလိုက်သည်။
“အင်း၊ ဆယ်နှစ်ကျော်လောက်ပေါ့။”
“ကျွန်တော်ထင်တာက အစ်ကို့လို ကျန်ရစ်သူတစ်ယောက်က ဂျာမီနယ်အဖွဲ့အစည်းကိုဝင်ဖို့ ရွေးချယ်ကြမယ်ထင်တာ။”
ဟူရွှမ်းကျန်က ခေါင်းကိုယမ်းလိုက်သည်။
“ငါ့တိုင်းပြည်ကို ကြယ်နဂါးနိုင်ငံက အေးအေးချမ်းချမ်းနဲ့ သိမ်းပိုက်သွားတာ။ ငါတို့လို စစ်သားတွေကတော့ ဘာမှပြောစရာ မရှိဘူးပေါ့။ ငါတို့ခေါင်းဆောင် ချမှတ်တဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရုံပဲလေ။ ငါက နိုင်ငံ၆နိုင်ငံကို တကယ်ရွံရှာမုန်းတီးတယ်၊ ဒါပေမယ့် ဂျာမီနယ်အဖွဲ့အစည်းလည်း ထူးမခြားနားပဲ။ သူတို့က ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာပြီး နိုင်ငံ၆နိုင်ငံအပေါ်မှာရှိတဲ့ ငါတို့ရဲ့ မုန်းတီးမှုတွေကို အခွင့်ကောင်းယူချင်နေတာ။ ဟူး... ငါက ရိုးရှင်းတဲ့လူတစ်ယောက်ပါ။ ငါလိုချင်တာက စစ်ပွဲက လွတ်မြောက်ချင်တာပဲ။”
“စစ်ပွဲက ရက်စက်လွန်းတယ်။ အလင်းဗုံးကြောင့် ငါ့ရဲ့ မျက်လုံး ကန်းခဲ့ရတယ်။ ငါ့ယောကျ်ားနဲ့ငါက ဒီမှာအခြေမချခင် မမောနိုင်မပန်းနိုင် ထွက်ပြေးခဲ့ရတာ။ လေလွင့်သွားလာသူတွေရဲ့ဘဝက မလွယ်ကူပေမယ့်၊ စစ်ပွဲထက်တော့ ကောင်းပါသေးတယ်။” အန်က စိတ်ကူးယဉ်ဆန်စွာ ဝင်ပြောသည်။
သူမစကားသံ ဆုံးသွားပြီးနောက်၊ အစားအသောက်အနံ့များ တဲအတွင်းတွင် မွှေးပျံ့သွားသည်။ ဟန်ရှောင်း၏ ပါးစပ်မှာ သားရည်များ စိုရွှဲလာသည်။
“အစ်မ မမြင်ရဘဲ ဘယ်လိုချက်ပြုတ်တာလဲ။” ဟန်ရှောင်းက မေးလိုက်၏။
သူမက နှုတ်ခမ်းဆူသွားသည်။
“ငါ့ကို အထင်မသေးပါနဲ့။ ငါကမျက်စိကန်းချင်ကန်းနေမယ်၊ အနံ့ခံနိုင်တယ်၊ ကြားနိုင်တယ်၊ ခံစားနိုင်တယ်လေ။ ငါ့မှာ ခြေလက်တွေ မရှိတော့တာမှ မဟုတ်တာ။”
ဟူရွှမ်းကျန်က ပြုံးလိုက်သည်။
“သူက စိတ်ဓါတ်ပြင်းထန်တယ်။ ငါဂရုစိုက်တာတောင် လက်မခံဘူး။”
“ကျွန်မက ရှင့်ရဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ပါဘူး။” အန်က ပြန်ပြောလိုက်သည်။ ဟူရွှမ်းကျန်မှာ ရှက်ကိုးရှက်ကန်းဖြစ်သွားတော့သည်။ သူက အလျင်စလိုဖြင့် နောက်အကြောင်းအရာတစ်ခုကို ပြောင်းလိုက်သည်။
“အိုး ဟုတ်သားပဲ၊ မင်းကို ငါ့ရဲ့ ဘေဘီလေးကို ကြည့်ခွင့်ပေးဦးမယ်။”
ဟူရွှမ်းကျန်က ဘေးမှသေတ္တာကို ဖွင့်လိုက်ပြီး ရှေးဟောင်းသေနတ်တစ်လက်ကို ထုတ်ယူလိုက်သည်။
“မင်းက သေနတ်တွေအကြောင်း သိလားလို့ ကြည့်ရအောင်။” သူက ဂုဏ်ယူစွာ ပြောလိုက်၏။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
လှံစွပ်တပ် ပြောင်းချောသေနတ် (ခေတ်ဟောင်း)
အဆင့်အတန်း - ပျမ်းမျှ
အခြေခံအချက်အလက်များ-
ထိခိုက်နိုင်မှု : 38-40
ပစ်ခတ်မှုနှုန်း : 0.9/s
ကျည်ကပ် - ၂၀
အကွာအဝေး - 200 မီတာ
ပါဝါ - ၂၅
ခိုင်ခံ့မှု - 5/300
ဘောနပ်အမှတ် - လက်စွမ်း +1
အရှည် - 0.77m
အလေးချိန် - 7.1 ကီလိုဂရမ်
ထပ်လောင်းအကျိုးသက်ရောက်မှုများ - တိကျသည်။
မှတ်ချက်- ဤလက်နက်သည် မရေမတွက်နိုင်သော တိုက်ပွဲများကို ၎င်း၏သခင်နှင့်အတူ အဖော်ပြုခဲ့သည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
“တကယ်ကောင်းတဲ့ သေနတ်ပဲ။” ဟန်ရှောင်းက ချီးကျူးလိုက်သည်။ “အချိန်အကြာကြီး အသုံးပြုခဲ့ပေမယ့်၊ သေချာ ပြုပြင်မွမ်းမံထားတာပဲ။ သေနတ်ပြောင်းကလည်း ပြီးပြည့်စုံတယ်။ တကယ်ကို လက်ရာမြောက်တဲ့ သေနတ်ပဲ။”
“ဒီသေနတ်က ငါ့ရဲ့ သူငယ်ချင်းပဲ။ သူက ငါနဲ့ နီးနီးကပ်ကပ် အတူတူရှိခဲ့တာ ၁၀နှစ်ရှိပြီ။” ဟူရွှမ်းကျန်က ရယ်မောလိုက်သည်။ “အသစ်လိုဖြစ်နေတာက ခဏခဏဆီထည့်ပေးနေလို့ပဲ။ တကယ်က ဒီကောင်က အသက်ကြီးနေပြီ။ ထပ်ပြီးသုံးလို့ မရတော့ဘူး။”
သူတို့ ၂ယောက်သည် စကားဆက်ပြောနေကြရင်း ကောင်းကင်ကလည်း တဖြည်းဖြည်းမှောင်လာပြီး အန်ကလည်း ချက်ပြုတ်၍ပြီးသွားသည်။
အန်သည် မလိုင်များသော စွပ်ပြုတ်အိုးကြီးတွင် အသားများ၊အသီးအရွက်များနှင့် ချက်ပြုတ်ထားသည်။ အနံ့အရသာနများ အလွန်မွှေးကြိုင်နေရုံသာမက ကြည့်ရသည်မှာလည်း စားချင်စဖွယ်ကောင်းလှသည်။ ဟန်ရှောင်းသည် သားရည်များ မထိန်းနိုင်တော့ဘဲ ကျလာတော့သည်။
ဟန်ရှောင်းသည် အစားအသောက်ကို မြင်သည်နှင့် အငမ်းမရ စားသောက်တော့သည်။ သူသည် လွန်ခဲ့သည့် ၇ရက်လုံး ကောင်းကောင်းမွန်မွန် မစာသောက်ခဲ့ရပေ။ သူနှင့် ဟူရွှမ်းကျန်နှင့်ကြား ရင်းနှီးမှုသည် အမြင့်ဆုံးသို့ ထိုးတက်သွားတော့သည်။
+၁ +၁ +၁
ညစာစားပြီးနောက်၊ ဟူရွှမ်းကျန်က ဟန်ရှောင်းကို ညအိပ်နားနေရန် ပြောလေသည်။ဟန်ရှောင်းလည်း ညဘက်ခရီးသွားရန် ရည်ရွယ်ချက်မရှိ၍ နေရန်ဆုံးဖြတ်လိုက်သည်။ သူတို့က သူ့အတွက် အိပ်ရာခင်းပေးပြီး အခန်းကန့်ပေးလိုက်သည်။
"မင်းရဲ့အိတ်က အရမ်းကြီးတယ်။ ငါအပြင်မှာ ထားလိုက်မယ်။" အန်က ပြော၏။
"ကျွန်တော့်ဖာသာ လုပ်ပါ့မယ်။"
သူ့အိတ်ကို အပြင်သို့မထုတ်မီ၊ ဟန်ရှောင်းက သေနတ်အားလုံးကို မောင်းဖြုတ်ထားလိုက်သည်။ ထို့နောက် တိရစ္ဆာန်အရေခွံနှင့်ပတ်ကာ အခန်းထောင့်တွင် ထားလိုက်၏။
73-WASP သေနတ်ကိုလည်း ကျည်ဖြည့်လိုက်ပြီး ဟန်ရှောင်းက သူ၏ခေါင်းအုံးအောက်တွင် ထားထားသည်။ သူက သူရဲ့အိမ်ရှင်အပေါ် တစ်မျိုးမြင်နေခြင်းမဟုတ်ဘဲ၊ အချိန်တိုင်း အသင့်ဖြစ်နေမှုနှင့် သတိရှိခြင်းက အရေးကြီးသောကြောင့် ဖြစ်သည်။
ဟန်ရှောင်းသည် ခေါင်းအုံးနှင့်ခေါင်းထိသည်နှင့် ချက်ချင်းအိပ်ပျော်သွားလေသည်။
သူ၏ဟောက်သံမှာ လိုက်ကာကိုပင်ဖြတ်၍ ကြားနေရ၏။ ဟူရွှမ်းကျန်က ခေါင်းကိုယမ်းကာ ရယ်မောလိုက်သည်။
"ကြည့်ရတာ သူတကယ်ကို ပင်ပန်းနေတာပဲ။ သူ့ကို မနှောင့်ယှက်နဲ့တော့။"
အန်က ခေါင်းညိတ်လိုက်ပြီး ပန်းကန်ခွက်ယောက်များကို ဆေးကြောရန် ထွက်သွားသည်။
"အန်ကယ် အန်ကယ်၊ ကျွန်တော်အရမ်းဆာနေပြီ။"
ရုတ်တရက်၊ ဖိုသီဖတ်သီဖြစ်နေသော လူငယ်တစ်ယောက် တဲထဲသို့ ဝင်လာသည်။ သူ၏ မျက်နှာတစ်ခုလုံးမှာ ရွှံ့များပေကျံလျက်ရှိပြီး၊ နဖူးတွင်လည်း ဖူးယောင်နေသည်။ ထိုလူငယ်က အခြားသူတော့ မဟုတ်ပေ၊ ဟန်ရှောင်းနှင့် နေ့လည်က ရင်ဆိုင်တွေ့ခဲ့သည့် လူငယ်ပင် ဖြစ်သည်။
သူသည် ဟူရွှမ်းကျန်၏ တူဖြစ်သူ ဟူဖေးဖြစ်သည်။
"မင်းတစ်နေ့လုံး ဘယ်ရောက်နေတာလဲ။ ငါမင်းကို လုံးဝမတွေ့မိပါလား။" ဟူရွှမ်းကျန်က မေးလိုက်သည်။
"ကျွန်တော်... ကျွန်တော် အမဲလိုက်ထွက်နေတာ။" ဟူဖေးက အထစ်ထစ်အငေါ့ငေါ့နှင့် ပြောသည်။
ဟူရွှမ်းကျန်က သူ့တူလိမ်နေကြောင်း ပြောနိုင်သည်။ သူက ဟူဖေး၏ နားရွက်ကိုဆွဲကာ တင်းတင်းကြပ်ကြပ် ဆူပူတော့သည်၊ သို့သော် ညင်ညင်သာသာပင်။ "မင်းရဲ့ ဟာသတွေ ထပ်လုပ်ပြန်ပြီလား၊ ငါပြောထားတယ်လေ၊ မင်းနောက်ထပ် အဲဒီပျက်နေတဲ့သေနတ်ကို ယူပြီး လူတွေကို ကြောက်လန့်အောင် စဦးမယ်ဆိုရင် အဲဒါကို ဖြတ်ခုတ်ပစ်မယ်လို့၊ မပြောခဲ့ဘူးလား။"
နာကျင်မှုနှင့် မခံမရပ်နိုင်မှုများကြောင့် ဟူဖေး၏ မျက်လုံးမှ မျက်ရည်များ စီးကျလာပြီး "ဦးရဲ့တူလေးက ဒီနေ့ အနိုင်ကျင့်ခံရရုံမကဘူး၊ သစ်ပင်မှာလည်း တစ်နေ့လုံး အချည်ခံထားရတယ်။ ကျွန်တော် အရမ်းပင်ပန်းပြီး ဗိုက်လည်းဆာနေပြီ အန်ကယ်ရယ်၊ ကျွန်တော့်ကို နားခွင့်ပေးပါဦး။" သူတွေးမိနေသည်။
"ကျေးဇူးပြုပြီး၊ အန်ကယ်၊ အဲဒါတွေကို မခုတ်ဖြတ်ပါနဲ့။" ကျယ်လောင်စွာငိုလိုက်သည်။
"ဘယ်ခြေထောက်ကို ခုတ်စေချင်လဲ။"
"ကျွန်တော့် ဘောကိုသာ မခုတ်ပါနဲ့..."
"..."
"တစ်ယောက်ထဲ မှောင်နေတဲ့ကောင်... စိတ်မပူပါနဲ့၊ မင်းပြောမှတော့ အဲဒါကိုပဲ ခုတ်ပစ်ဦးမယ်။"
ဟူရွှမ်းကျန်က လက်မြှောက်ပြီး ဟူဖေးကို ရိုက်မည်အပြုတွင်၊ ဟန်ရှောင်းအိပ်နေသည်ကို သတိရသွားသည်။ ဟူဖေးကို သတိပေး၍သာ လွှတ်ပေးလိုက်သည်။
တဲထဲတွင် လူတစ်ယောက်ရှိသည်ကို သတိပြုမိသွားသော ဟူဖေးက လိုက်ကာမှ ချောင်းကြည့်လိုက်သည်။ ဟန်ရှောင်းကို မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ဒါနေ့လည်က နတ်ဆိုးကောင် မဟုတ်ဘူးလား။"
"မင်းဘာကြည့်နေတာလဲ၊ ဒီနေ့ မင်းအပြင်ဘက်မှာ အိပ်ရမယ်။" ဟူရွှမ်းကျန်က သူ့ကို တီးတိုးပြောလိုက်သည်။
ဟူဖေးက နောက်သို့လဲကျသွားသည်။ သူက အလျှင်အမြန်ပင် တဲထဲမှ လေးဖက်ထောက် ထွက်လာပြီး၊ ဟူရွှမ်းကျန်ကို
တွေဝေသွားစေသည်။
"ငါ့မျက်နှာက အဲ့လောက် ကြောက်စရာ ကောင်းနေလို့လား။"
...
"ငါ့ရဲ့အိမ်ကနေ ငါကဘာလို့ ပြေးနေရတာလဲ။ ဒါက လက်စားချေဖို့ အကောင်းဆုံး အခွင့်အရေးပဲ။" အသိဝင်သွားသည့် ဟူဖေးက ပြေးနေရာမှ ရပ်လိုက်သည်။
တဲဆီသို့ ပြန်လှည့်သွားရန် ပြင်လိုက်သော်လည်း ဟန်ရှောင်း၏ ကြောက်ရွံ့ဖွယ်မျက်နှာကို တွေးကြည့်မိသည်နှင့် စိတ်ပြောင်းသွားပြန်သည်။
"ဟူဖေး၊ အား... ဟူဖေး၊ သတ္တိနည်းနည်း ရှိစမ်းပါ။"
ထိုနောက် လက်စားချေရန် အစီအစဉ် ဆွဲရာတွင် တဲထဲ၌ သူတစ်ခါမှ မမြင်ဖူးသော အိတ်တစ်အိတ်ရှိသည်ကို ပြန်တွေးမိသည်။
"အဲ့ဒါ သူ့ဟာပဲဖြစ်ရမယ်..."
ဟူဖေး ညနက်သည်အထိ စောင့်လိုက်ပြီး၊ လူတိုင်း အိပ်ရာဝင်သွားသည့်အချိန်တွင်၊ သူ၏အိမ်အတွင်းသို့ ခြေဖျားထောက်၍ ဝင်လာပြီး အိတ်ကို ကောက်ယူသွားသည်။
"ဟီးဟီး၊ ဒီမှာ ဘာတွေရှိလဲ ကြည့်ရအောင်။"ဟူဖေး အိတ်ကိုဖွင့်ကြည့်လိုက်သောအခါ၊ သူ့မျက်လုံးများ မယုံနိုင်မှုကြောင့် ပြူးထွက်သွားသည်။
သေနတ်တွေ
အဆင့်မြင့် သေနတ်တွေ
"ငါ ဒါတွေအကုန်လုံး ယူလို့မရဘူး..."
ဟူဖေးက 73-WASP ၂ လက်ကို ထုတ်ယူလိုက်သည်။
"ထားလိုက်တော့၊ ငါအန်ကယ်က မင်းကိုဧည့်ခံနေမှတော့၊ ငါလည်း ဒီ၂လက်ကိုပဲ နစ်နာကြေးအနေနဲ့ ယူလိုက်တော့မယ်။"
သူက ကျန်သည့် သေနတ်များကို သိမ်းဆည်းလိုက်ပြီး အိတ်ကို နဂိုနေရာသို့ ပြန်ထားလိုက်သည်။
"သေနတ် ၂လက်ထဲပဲ၊ သူသတိမထားမိလောက်ပါဘူး။"
အခန်း (၁၅) ပြီး၏။
လင်းဆက်
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1694590484592.jpg