ရှန်လင်ကျီ ရင်ဆိုင်လိုက်ရသောအတားအဆီး
Vol. 62 Ch. 866
အခန်း (၈၆၆) ရှန်လင်ကျီ ရင်ဆိုင်လိုက်ရသောအတားအဆီး
အစီအရင် မြင့်တက်လာသည်နှင့် ရှန်လင်ကျီ၏မျက်ဝန်းများက ချက်ချင်းစူးစိုက်သွားသည်။
“ဒါက ထိုက်ယီချိုးဖျက်အစီအရင် မဟုတ်လား”
ထာဝရအလင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည့် ရှန်လင်ကျီက ဤတိုက်ပွဲအစီအရင်ကို ချက်ချင်း သိရှိသွားသည်။
လေထဲတွင်ပျံသန်းနေသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရွှမ်ဧကရာဇ်လှံရှည်ကို ရှန်လင်ကျီဆီသို့ ထိုးညွှန်လိုက်ရင်း...
“မင်းက မျက်လုံးကောင်းသားပဲ”
သူက သမုဒ္ဒရာကမ္ဘာတွင် တံခါးပိတ်ကျင့်ကြံနေပြီး နှစ်အနည်းငယ်အတွင်း ပြန်မလာနိုင်သည်ကို သိရှိလေရာ ရန်ကျောက်ကဲက ဝါဒတောင်ကိုကာကွယ်ရန် အစီအစဉ်များလုပ်မထားဘဲ နေပါမည်လား။
ယခု...
ဝါဒတောင် ၊ မိုးကြိုးတောင်ထွတ်ထက်တွင် ဖန်းယွင်ရှန်းက သူမ၏အနက်ရောင်ဓားကို ဝှေ့ယမ်းလိုက်သည်။
အနက်ရောင်မီးတော်ကများက သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားပြီး မှိန်ဖျော့သည့်အပြာရောင်အလင်းတန်းများက နေနှစ်စင်းပမာ သူမ၏မျက်ဝန်းများထဲတွင် ထွက်ပေါ်လာသည်။
နေရိပ်နတ်ဓား၏တွန်းအားပေးမှုကြောင့် သူမသည် တောင်းတျဲထက်ပင်ပိုမိုကြမ်းတမ်းရက်စက်ပုံပေါက်နေပြီး
နေရိပ်နတ်ဓား၏ တွန်းအားပေးမှုကြောင့် ဖန်းယွင်ရှန်းသည် တောင်းတျဲထက်ပင် ပို၍ကြမ်းတမ်းပြီး ရက်စက်ပုံပေါက်နေကာ သူမ၏ရောင်ဝါကလည်း တဟုန်ထိုးမြင့်တက်လာသည်။
သူမ၏ဦးခေါင်းထက်တွင် ဖြူရှင်းသန့်စင်သောသရဖူတစ်ခုက အေးမြကြည်လင်သည့်လရောင်ပမာ တောက်ပနေသည်။
အေးမြကြည်လင်သော လရောင်ခြည်နှင့် ရက်စက်ကြမ်းတမ်းသောအငွေ့အသက်တို့က ဖန်းယွင်ရှန်းခန္ဓာကိုယ်ထက်မှ တစ်ပြိုင်တည်းရောနှောထွက်ပေါ်နေပြီး ပြင်းထန်သည့်တန်ခိုးစွမ်းအားကို ဖော်ပြနေသည်။
သမုဒ္ဒရာကမ္ဘာတွင် ရန်ကျောက်ကဲ တံခါးပိတ်ကျင့်ကြံသည်ကို စောင့်ရှောက်ပေးရန် အသင့်တော်ဆုံးသူကို ပြောပါဆိုလျှင် ဖန်းယွင်ရှန်းသာ ဖြစ်ပေလိမ့်မည်။
လက်ရှိတွင် ဖန်းယွင်ရှန်းက အမတလက်ဖွဲ့ သိုင်းဆရာသခင်အဆင့်မျှသာ ရှိသေးသော်လည်း ထူးကဲယင်သရဖူနှင့် နေရိပ်နတ်ဓားကို ကိုင်ဆောင်ထားသည့်အခါ သူမ၏တန်ခိုးစွမ်းအားက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
သူမကိုင်ဆောင်ထားသည့် မှော်ဝင်ပစ္စည်း (၂)မျိုးလုံးက ရှားပါးပစ္စည်းများဖြစ်ကြပြီး အောက်ဘုံကမ္ဘာသို့ဆင်းသက်သည့်အခါ ထိုလက်နက်ပစ္စည်းများ၏စွမ်းအားကို အလယ်အလတ်အဆင့် ကန့်သတ်ထားနိုင်စွမ်း ရှိကြသည်။
သို့ပေသိ ရန်ကျောက်ကဲကတော့ ဖန်းယွင်ရှန်းကို အထက်ဘုံကမ္ဘာတွင်သာနေထိုင်ရန် တောင်းဆိုခဲ့သည်။
ထိုသို့တောင်းဆိုရသည်က ဖန်းယွင်ရှန်းကို သူနှင့်အတူ မလိုက်စေချင်သောကြောင့် မဟုတ်ပေ။ ဖန်းယွင်ရှန်းအနေဖြင့် အထက်ဘုံကမ္ဘာတွင် ကျန်ရစ်ခဲ့ခြင်းက ပိုမိုကောင်းမွန်သောကြောင့် ဖြစ်သည်။
သူမ အထက်ဘုံကမ္ဘာတွင်နေခဲ့ခြင်းအားဖြင့် တာ့ရွှမ်တိုင်းပြည်က လှုပ်ရှားမှုပြုခဲ့လျှင် သူမအနေဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်မည် ဖြစ်သည်။
ဖန်းယွင်ရှန်းသာမဟုတ်ပေ။ ရန်ကျောက်ကဲက မိစ္ဆာဓားတောင်းတျဲကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် ထားရစ်ခဲ့ခြင်း ဖြစ်သည်။ တကယ်တော့ သူက ထိုဓားကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအတွက် ထားရစ်ခဲ့ခြင်း မဟုတ်ပေ။
ယခု...
မီးတောက်တောင်ထွတ်ထက်တွင် ကြီးမားသည့် အဖြူရောင်နှင့်အနက်ရောင်သားရဲကြီးတစ်ကောင်ပေါ်လာပြီး ကောင်းကင်ထက်သို့မော့ကြည့်ရင်း ကြုံးဝါးသံတစ်ချက် ပြုလိုက်သည်။
သူ၏နဖူးထက်တွင် အနက်ရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ကြီးမားလှသောသားရဲကြီး၏ခန္ဓာကိုယ်ထက်တွင် တောင်းတျဲသတ္တဝါအလား ထင်ယောင်ထင်မှား ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ပန်ပန် ပါးစပ်ကိုဖွင့်ဟလိုက်သည်နှင့် အတွင်းထဲမှ ကြောက်မက်ဖွယ်ရာ စုပ်ယူစွမ်းအားကြီး ထွက်ပေါ်လာသည်။
မိစ္ဆာဓားတောင်းတျဲက ကမ္ဘာမြေဖျက်ဆီးကောင်းကင်ဝါးမျို ဓားသေတ္တာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ပန်ပန်၏နဖူးထက်သို့ ကျဆင်းလာသည့်အခါ ဖီရှိုးသတ္တဝါ၏စွမ်းအားက ပိုမိုမြင့်မားလာသည်။
လူသားများသာလျှင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းရှိကြသည်။ လူသားမဟုတ်သော မိစ္ဆာသားရဲများက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို မည်သို့ထိန်းချုပ်နိုင်ပါမည်နည်း။
သို့သော် လက်ရှိမှာတော့ ပန်ပန်သည် မိစ္ဆာဓားတောင်းတျဲနှင့် ပဲ့တင်ထပ်ပေါင်းစည်းခြင်းကို သိသိသာသာပင် အောင်မြင်သွားခဲ့သည်။
ပန်ပန်က တောင်းတျဲသတ္တဝါ၏အသွေးအသားကို စားသုံးထားသည်ဖြစ်ရာ တောင်းတျဲသတ္တဝါ၏ ဒေါသထွက်နေသောဝိညာဉ်ဖြင့် ပြုလုပ်ဖန်တီးထားသည့် မိစ္ဆာဓားတောင်းတျဲနှင့် ပေါင်းစပ်နိုင်စွမ်းရှိလေသည်။ ယခု သူ၏တန်ခိုးစွမ်းအားက အဆက်မပြတ် မြင့်တက်လာသည်။
ပန်ပန်က သွေးသန့်စင်သည့် ဖီရှိုးတစ်ကောင်ဖြစ်ပြီး မူလကပင် အဖြူရောင်ရေနှင့် အနက်ရောင်မီးတောက်ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
သူ၏စွမ်းအား အဆက်မပြတ်မြင့်တက်လာသည့်အခါ မိုးမြေနိယာမသဘောတရားများကို နားလည်နိုင်စွမ်းကလည်း ကြီးထွားနက်ရှိုင်းလာသည်။
သာမန်အချိန်များတွင် ချင်းစရာကောင်းပြီး ပျင်းရိနေလေ့ရှိသော ပန်ပန်သည် ဆရာမရှိဘဲ ယင်နှင့်ယန် အသွင်ပြောင်းခြင်းကို အမှန်တကယ်ပင် ကျွမ်းကျင်တတ်မြောက်သူပင်။
ပန်ပန်၏ ယင်နှင့်ယန်ဒဿနသည် ထိုက်ကျိယင်ယန်လက်ဖဝါး ၊ ယင်ယန်လက်ချောင်းသိုင်းနှင့် အနည်းငယ် ကွဲပြားသည်။
ပြတ်သားသောအခန်းကဏ္ဍတစ်ခုမှ မပါဝင်နိုင်သည့်တိုင် ပန်ပန်က ရန်ကျောက်ကဲ၏ ထိုက်ကျိယင်ယန်လက်ဝါးသိုင်း လုပ်ငန်းစဉ်တွင် ကူညီပေးနိုင်သည် အမှန်ပင်။
ထို့ပြင် တောင်းတျဲသတ္တဝါ၏ အသက်သွေးနှင့် နှလုံးသားကို စုပ်ယူစားသုံးထားပြီး မရေမတွက်နိုင်သော အဖိုးတန်ရတနာပစ္စည်းများကို စုပ်ယူကျင့်ကြံထားသဖြင့် ပန်ပန်၏ တန်ခိုးစွမ်းအားက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ပမာ မြင့်မားနေပြီ ဖြစ်သည်။
သူက ရန်ကျောက်ကဲ၏စီးတော်ဖြစ်ပုံသာမက သဘာဝအစောင့်အရှောက် သားရဲတစ်ကောင်လည်း ဖြစ်သည်။
အမှန်တော့ တန်ခိုးစွမ်းအားရှင်များစွာ၏ စီးတော်များသည် သင့်တော်သည့် ကျင့်ကြံခြင်းအဆင့်ရှိကြပြီး သူတို့၏အရှင်သခင်များကို စောင့်ရှောက်ပေးလေ့ရှိကြသည်။
သို့သော် ယခုတစ်ကြိမ်မှာတော့ ရန်ကျောက်ကဲက သူ့ကိုစောင့်ရှောက်ရန် မည်သူ့ကိုမှခေါ်မသွားသဖြင့် ပန်ပန်သည်လည်း ဝါဒတောင်မှာပင် ကျန်ရစ်ခဲ့ရသည်။
သူ ကျန်ရစ်ခဲ့ရသည့်အကြောင်းရင်းက ယခုကဲ့သို့ တိုက်ပွဲရင်ဆိုင်ရသည့် အခိုက်အတန့်အတွက် ဖြစ်၏။
ဖခင်ဖြစ်သူ ရန်တိ တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာဘဲ အရာအားလုံးအဆင်ပြေစေရန် ဖြေရှင်းမှုများ ပြုလုပ်ထားရခြင်း ဖြစ်သည်။
သားအဖ (၂)ယောက်လုံး ရှိမနေလျှင်တောင်မှ ဝါဒတောင်တွင် လုံလောက်သည့်စွမ်းအားများ ရှိနေပါသေးသည်။
ထို့ကြောင့် တန်ခိုးစွမ်းအားမြင့်မားသော ရန်သူများရောက်လာလျှင်ပင် ရန်တိနှင့် ရန်ကျောက်ကဲတို့က အေးအေးဆေးဆေး ကျင့်ကြံနိုင်ကြပြီး တံခါးပိတ်ကျင့်ကြံခြင်းမှာ စောစီးစွာထွက်လာကြမည် မဟုတ်ပေ။
ထိုခဏတွင် ယွမ်ကျန်းဖုန်းက ဝါဒတောင် မဟာပင်မအစီအရင်ကြီး၏ ထိန်းချုပ်မှုကို ပြန်လည်ရယူလိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရွှမ်ဧကရာဇ်လှံရှည်ကို ဝှေ့ယမ်းလိုက်၏။
မိစ္ဆာဓားတောင်းတျဲနှင့် ပေါင်းစည်းထားသည့် ပန်ပန် ၊ ထူးကဲယင်သရဖူနှင့် နေရိပ်နတ်ဓားတို့ကို ကိုင်ဆောင်ထားသော ဖန်းယွင်ရှန်းတို့နှင့်အတူ အစီအရင်၏ ထောင့် (၄)ထောင့်တွင် တန်ခိုးစွမ်းအားရှင် (၄)ယောက်ရှိနေပြီး ထိုက်ယီချိုးဖျက်အစီအရင်ကို အတူတကွ တည်ဆောက်လိုက်ကြသည်။
အရင်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရန်တိ သိုင်းသူတော်စင် ပထမအဆင့်ရောက်ရှိစဉ်က ဟွမ်ကွမ်လီနှင့် အဘိုးအို’မော့’ တို့က သိုင်းသူတော်စင်ဒုတိယအဆင့်ရှိပြီး ၊ စုန့်ဝူလျန်က သိုင်းသူတော်စင် ပထမအဆင့်ဖြစ်သလို အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ဓားဖြစ်သော ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ကိုကိုင်ဆောင်ကာ ‘ထိုက်ယီချိုးဖျက်အစီအရင်’ ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
ထိုအစီအရင်စွမ်းအားဖြင့် မီးတောက်မိစ္ဆာတန်ခိုးစွမ်းအားရှင်များစွာကို ဆုတ်ခွာသွားစေပြီး မီးတောက်မိစ္ဆာကမ္ဘာက အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ကျူးကျော်ဝင်ရောက်မှုကို နှိမ်နင်းနိုင်ခဲ့သည်။
ယခု ယွမ်ကျန်းဖုန်း ၊ ဖန်းယွင်ရှန်း ၊ ပန်ပန်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့က ထိုက်ယီချိုးဖျက်အစီအရင်ကို တည်ဆောက်လိုက်သောအခါ အဖြူရောင်ဝိညာဉ်အလင်းတန်းများက ကောင်းကင်ထိတိုင် ထိုးဖောက်ထွက်ပေါ်လာပြီး အချိန်ရေစီးကြောင်းဓားအလင်းတန်းကို တားဆီးလိုက်သည်။
မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကျယ်သည့် ဝိညာဉ်သင်္ကေတများက ကြီးမားကျယ်ပြန့်သော အဖြူရောင်ကမ္ဘာအစီအရင်ကြီးထဲတွင် လွင့်မျောလျှက် ရှိကြသည်။
ထိုက်ယီချိုးဖျက်အစီအရင်က ‘တိုက်စစ်’ နှင့် ‘ခံစစ်’ အကြား ကွဲပြားမှုကို ထင်ရှားစေပြီး အဆုံးမရှိသော နက်ရှိုင်းမှုများကို ပြသခဲ့သည်။
“ခံစစ်” နှင့် “တိုက်စစ်” အစွန်းနှစ်ဖက် ပေါင်းစပ်သွားသည်နှင့်တစ်ပြိုင်နက် အချိန်ရေစီးကြောင်းဓားသိုင်း၏ စစ်မှန်သောဓားဝိညာဉ်က ထိုးဖောက်နိုင်ခြင်း မရှိတော့ပေ။ အစီအရင်စွမ်းအားမြင့်တက်လာပြီး အဖြူရောင်အလင်းတန်းက ကောင်းကင်ထက်မှ ဓားအလင်တန်းကို ခုခံထားသည်။
စောစောက ပရမ်းပတာဖြစ်နေသော ဝါဒတောင်ထက်မှ အချိန်စီးဆင်းမှု ပျောက်ကွယ်စပြုသွားပြီး မူလအခြေအနေ ပြန်လည်ရောက်ရှိလာသည်။
“ဒီအစီအရင်က အတော်လေး နက်ရှိုင်းသိမ်မွေ့တာပဲ...”
အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ဓားသဏ္ဍန်စည်းတံဆိပ်ကိုကိုင်ဆောင်ထားရင်း ရှန်လင်ကျီ၏မျက်ဝန်းများက တည်ကြည်လေးနက်လျှက် ရှိသည်။
“သူတို့မှာ တကယ်ပဲ ထိုက်ယီချိုးဖျက်အစီအရင်ရှိနေတာလား ၊ ဧကရာဇ်မှာတောင် ဒီအစီအရင်က အပိုင်းအစတစ်ခုပဲ ရှိတာ”
သူ၏ဓားဝိညာဉ်က ကြီးကျယ်ခမ်းနားသော်လည်း ထိုက်ယီချိုးဖျက်အစီအရင်က ပိတ်ဆို့ထားသဖြင့် သက်ရောက်နိုင်ရန် ခက်ခဲသွားသည်။
ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် အခြားသူများက တန်ပြန်တိုက်ခိုက်ရန် မကြိုးစားခဲ့ပေ။
ထိုက်ယီချိုးဖျက်အစီအရင်စွမ်းအားကို အသုံးပြုကာ တန်ပြန်တိုက်ခိုက်မည်ဆိုလျှင်လည်း ကျ့င်ကြံခြင်းအဆင့်မြင့်မားပြီး အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိုကိုင်ဆောင်ထားသော ရှန်လင်ကျီကို ထိခိုက်စေမည် မဟုတ်ပေ။
ဝါဒတောင်အနေဖြင့် ခံစစ်ကိုတည်ငြိမ်အောင်ထိန်းထားပြီး ရှန်လင်ကျီ သူတို့ကိုတိုက်ခိုက်နိုင်ခြင်းမရှိအောင် ကာကွယ်ထားရန်သာ လိုအပ်သည်။
“ကောလဟလတွေကြားနေရတဲ့ စွမ်းအားအကြီးမားဆုံးသားအဖက အခုထိ ပေါ်မလာသေးဘူး”
ရှန်လင်ကျီ မျက်မှောင်ကြုံ့ရင်း တွေးလိုက်သည်။
“တခြားပြဿနာတွေဝင်မလာခင် ဒီပြဿနာကို အမြန်ဆုံးရှင်းရမယ်”
သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ အလင်းတန်းက တဖြည်းဖြည်း ကျယ်ပြန့်သွားပြီး တောက်ပသည့်အလင်းအမှုန်များအဖြစ်သို့ ပြောင်းလဲသွားသည်။
အလင်းမှုန်များက ဝိညာဉ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားပြီး မိုးမြေတစ်ခုလုံးရှိ အချိန်စီးဆင်းမှုက ပြောင်းပြန်လည်ပတ်သွားသည်။
စောစောက တည်ဆောက်ထားသော ထိုက်ယီချိုးဖျက်အစီအရင်မှအလင်းတန်းများက ကောင်းကင်ထိတိုင် ထိုးဖောက်ဝင်ရောက်သွားသည်။
သိ့သော် အချိန်ပြောင်းပြန်စီးဆင်းပြီးနောက် သိပ်မကြာခင်မှာတော့ ထိုက်ယီချိုးဖျက်အစီအရင်ကြီးက တုန်လှုပ်စရာကောင်းစွာပင် ပျောက်ကွယ်သွားသည်။
အစီအရင်သာ ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။
မီးတောက်တောင်ထွတ်တွင် ပန်ပန်သည် ကောင်းကင်ထက်ခေါင်းမော့လျှက် ကြုံးဝါးနေပြီး မိုးကြိုးတောင်ထွတ်မှာတော့ ဖန်းယွင်ရှန်းက သူမ၏ဓားကိုကိုင်ရင်း မားမားမတ်မတ်ရပ်တည်နေသလို မိုးထိတောင်ထွတ်တွင် ယွမ်ကျန်းဖုန်းကလည်း အသင့်အနေအထားဖြင့် မတ်တတ်ရပ်နေသည်။
ကောင်းကင်ထက်မှာတော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မဟာဝိညာဉ်ကျောက်တုံးအမြုတေဖြင့် အနုစိတ်ဖွဲ့စည်းထားသော ရတနာပစ္စည်းများစွာကို ထုတ်ဖော်တော့မည့်အနေအထားတွင် ရှိနေသည်။
ဤမြင်ကွင်းက ထိုက်ယီချိုးဖျက်အစီအရင်မတည်ဆောက်မီ ဖြစ်ပျက်ခဲ့သော အစောပိုင်းအဖြစ်အပျက်ဆိုသည်မှာ ထင်ရှားသည်။
ရှန်လင်ကျီက အစီအရင်ကို ချိုးဖျက်ခဲ့ခြင်း မဟုတ်ပေ။
အလင်းမှုန်များနှင့် ဖုံးလွှမ်းသွားသော ဝိညာဉ်နယ်မြေအတွင်း မိုးမြေတစ်ခွင်မှ အချိန်ကာလ နောက်ပြန်ဆုတ်သွားခြင်း ဖြစ်သည်။
ရှန်လင်ကျီ ဖြည်းညင်းစွာ အသက်တစ်ချက်ရှူထုတ်လိုက်ပြီး အလင်းပမာလျှင်မြန်သောအရှိန်အဟုန်ဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအနားသို့ရောက်ရှိလာကာ မဟာဝိညာဉ်ကျောက်တုံးအမြုတေဖြင့်ပြုလုပ်ထားသော ရတနာပစ္စည်းများကို ဓားချက်တစ်ချက်တည်းဖြင့် ခုတ်ပိုင်းချလိုက်၏။
အံ့သြဖွယ်ရာ ရတနာပစ္စည်းဖြစ်သော အလင်းမှုံများက အချိန်ကိုပြောင်းပြန်လှည့်ပတ်ပြီး စောစောက ရှန်လင်ကျီ ပြုလုပ်ခဲ့သော တိုက်ပွဲတွင်းအမှားများကို ပြန်လည်ပြုပြင်နိုင်မည်ပင်။
ကံကောင်းသည်မှာ ထိုအလင်းမှုံများက ပြင်ပကမ္ဘာ မိုးမြေတစ်ခွင်၏ အချိန်စီးဆင်းမှုကိုသာလျှင် ပြောင်းလဲနိုင်ပြီး ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် အခြားသူများ၏စိတ်အာရုံများနှင့် မှတ်ဉာဏ်ကို ထိခိုက်ခြင်း မရှိခဲ့ပေ။
ချက်ချင်းပင် လူတိုင်းက ဘာဖြစ်သည်ကို သဘောပေါက်သွားကြသည်။
ဖန်းယွင်ရှန်း၏ မျက်ဝန်းများက စူးရှပြတ်သားလျှက် ရှိပြီး ချက်ချင်းဆိုသလို သွေးတစ်ပွက်အန်ထုတ်ကာ သွေးစက်များက နေရိပ်နတ်ဓားထက်သို့ ကျရောက်သွားသည်။
အနက်ရောင်ဓားရှည်က ချက်ချင်းပင် အနက်ရောင်မီးတောက်အဖြစ်ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာ အမှောင်နတ်ဆိုးချီစွမ်းအားများက ဖန်းယွင်ရှန်းခန္ဓာကိုယ်ပတ်ပတ်လည်ကို ဝန်းရံကာကွယ်ပေးသည့် ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အဆက်မပြတ်တောက်လောင်နေသည်။
ဖန်းယွင်ရှန်း၏ တန်ခိုးစွမ်းအားရောင်ဝါက အမြင့်ဆုံးအဆင့် ရောက်ရှိသွားပြီး တစ်ချိန်တည်းပင် သူမ၏ဦးခေါင်းထက်မှ ထူကဲယင်သရဖူက အလင်းတန်းများပေါက်ကွဲထွက်သွားကာ မထင်မှတ်လောက်အောင် တောက်ပလင်းထိန်လာသည်။
တစ်ခဏ ၊ အချိန်တစ်ခဏလေးမျှသာပင်။
သို့သော် ထိုအချိန်တစ်ခဏလေးမှာပင် ထူးကဲယင်သရဖူ၏တန်ခိုးစွမးအား ရုတ်တရက်မြင့်တက်လာပြီး ရှန်လင်ကျီ၏ ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်ကို ရိုက်ချပစ်လိုက်သည်။
ရှန်လင်ကျီ ခဏတာမျှ နှောင့်နှေးသွားခြင်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား လှုပ်ရှားရန်အတွက် အခွင့်အရေးရရှိသွားပြီး ထိုက်ယီချိုးဖျက်အစီအရင်တည်ဆောက်မည့် ရတနာပစ္စည်းများကို ကာကွယ်လိုက်နိုင်ကာ နေရာအတည်တကျ ထားရှိလိုက်နိုင်သည်။
ထို့နောက်မှာတော့ ထူးကဲယင်သရဖူမှ တန်ခိုးစွမ်းအားများ လျော့နည်းသွားပြီး ဖန်းယွင်ရှန်းခန္ဓာကိုယ်ထက်မှ အနက်ရောင်ချပ်ဝတ်သည်လည်း ပျောက်ကွယ်သွားသည်။ သူမ၏မျက်နှာသည်လည်း ဖြူဖပ်ဖြူလျော် ဖြစ်သွားလေသည်။
သို့သော် ထိုက်ယီချိုးဖျက်အစီအရင်ကတော့ နောက်တစ်ကြိမ် ပြန်လည်ဖြစ်တည်လာခဲ့၏။
လွှမ်းခြုံထားသော အစီအရင်အလင်းတန်းများကြားတွင် ရှန်လင်ကျီနောက်သို့ပြန်ဆုတ်သွားရပြီး ရှေ့သို့ခြေတစ်လှမ်းတိုးရန်ပင် ခက်ခက်ခဲခဲတွန်းအားပေးရသည့်အခြေအနေသို့ ရောက်ရှိသွားလေသည်။