← Chapters

ကျရောက်လာတော့မည့်တိုက်ပွဲ

Vol. 62 Ch. 868

ကျရောက်လာတော့မည့်တိုက်ပွဲ

Vol. 62 Ch. 868

အခန်း (၈၆၈) ကျရောက်လာတော့မည့်တိုက်ပွဲ

ရှန်လင်ကျီသည် ရောက်လာစဉ်ကလိုပင် လျှင်မြန်စွာပင် ပြန်လည်ထွက်ခွာသွားသည်။

ရေစီးကြောင်းပမာဓားအလင်းတန်းများ မိုးကုတ်စက်ဝိုင်းဆီမှ ဆုတ်ခွာသွားသည်နှင့် ဝါဒတောင်ထက်တွင် နေ့အလင်းရောင်ကို နောက်တစ်ကြိမ် တွေ့မြင်လိုက်ရသည်။

သို့သော် မိုးမြေတစ်ခွင် ပရမ်းပတာဖြစ်ကာကျန်ရစ်ခဲ့‌သော ဝိညာဉ်စွမ်းအားများကို ကြည့်ခြင်းအားဖြင့် ဤနေရာတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တိုက်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့ကြောင်း ညွှန်ပြနေသည်။

ဝါဒတောင်က ကိုယ့်ကိုယ်ကိုယ် အောင်မြင်စွာကာကွယ်နိုင်ခဲ့သော်လည်း ကျူတောပင်ဠဘ်ဒေသမှာတော့ ပြင်းထန်သည့်အပြောင်းအလဲများ ဖြစ်ပေါ်သွားပြီး မိုးမြေတစ်ခုလုံး ကျွမ်းထိုးမှောက်ခုန် ဖြစ်သွားခဲ့သည်။

ယိုးမင်ဂိုဏ်းကျဆင်းသွားပြီး ကွမ်းမင်ဂိုဏ်းလည်း ပြိုလဲသွားချိန်တွင် တာ့ရွှမ်တိုင်းပြည်ကို ဆန့်ကျင်တော်လှန်သူမဟာမိတ်အင်အားစုများတွင် အင်အားကြီးသိုင်းဂိုဏ်း (၄)ဂိုဏ်းအနက် မြောက်ပင်လယ်ဓားခန်းမနှင့် ကြေးနီကျွန်းသာလျှင် ကျန်ရစ်ခဲ့သည်။

ယခုတော့ တစ်ရက်တည်းဖြင့် ထိုသိုင်းဂိုဏ်းနှစ်ခုလုံး ပြိုလဲသွားပေပြီ။

ကြေးနီကျွန်းက ကျူတောပင်လယ်ဒေသတွင် ခံစစ်အင်အားအကောင်းဆုံးဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာအတွင်း မည်သူမှ လာရောက်တိုက်ခိုက်ဝံ့ခြင်း မရှိကြပေ။ တိုက်ခိုက်မည်ဆိုလျှင်လည်း တန်းပြီး အသက်ပျောက်သွားနိုင်သည်။

သို့သော် ယခု ရှန်လင်ကျီလက်ချက်ဖြင့် ကြေးနီကျွန်းသည်လည်း သုတ်သင်ခံခဲ့ရပြီ ဖြစ်၏။

တာ့ရွှမ်တိုင်းပြည်ကိုဆန့်ကျင်ရာတွင် ထိပ်ဆုံးမှပါဝင်ခဲ့သော အမတကူးပြောင်းခြင်း သိုင်းသူတော်စင် ‘ကုဟုန်’ ဦးဆောင်သည့် မြောက်ပင်လယ်ဓားခန်းမသည်လည်း အဆုံးသတ်အခြေအနေသို့ ရောက်ရှိခဲ့ရသည်။

စစ်ခုန်ချင်းဆီသို့ လာရောက်လည်ပတ်နေသည့် ယွဲ့ပေါင်ချီကတော့ ဝါဒတောင်တွင်ဧည့်သည်အဖြစ် ရက်အတန်ကြာ ရောက်ရှိနေသဖြင့် ကပ်ဘေးကိုရှောင်တိမ်းနိုင်ခဲ့သည်။

သို့သော် ယခုတော့ သူမ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေရလေသည်။

သူမက ကံကောင်းထောက်မပြီး အန္တရယ်ကင်းခဲ့သော်လည်း သူမ၏တစ်ဂိုဏ်းလုံးက သုတ်သင်ရှင်းလင်းခံခဲ့ရသည်။ ကံကောင်းသည်ဟုဆိုခြင်းထက် နာကျင်ခြင်းနှင့် ဝမ်းနည်းခြင်းကိုသာ ယွဲ့ပေါင်ချီ ခံစားနေရသည်။

ရှန်လင်ကျီက လွှမ်းမိုးနိုင်စွမ်းမြင့်မားရုံသာမက ကျူတောပင်လယ်ဒေသရှိ တာ့ရွှမ်တိုင်းပြည်ဆန့်ကျင်သူများ အချင်းချင်း ကူညီပေးရန်ပင် မဖြစ်နိုင်လောက်အောင် လျှင်မြန်လွန်းသည့်အရှိန်အဟုန်ကို အသုံးချခဲ့သည်။

အဆုံးသတ်မှာတော့ သူတို့အားလုံး တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ချေမှုန်းခံခဲ့ရသည်။

ရှန်လင်ကျီက ဝါဒတောင်တွင် မျှော်လင့်မထားသည့် ခံစစ်စွမ်းအားနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ကျူတောပင်လယ်ဒေသတစ်ခုလုံးကို မွှေနှောက်ကာ ကြောက်မက်ဖွယ်ရာ တစ်ဖက်သတ်တိုက်စစ်ဆင်မှုကို ဆက်လက်ပြုလုပ်ခဲ့သည်။

ဝါဒတောင်မှာတော့ ယွမ်ကျန်းဖုန်းနှင့် အခြားသူများက ယိုးမင်ဂိုဏ်းအခြေအနေနှင့်ပတ်သက်ပြီး ကျူတောပင်လယ်ဒေသ တောင်ပိုင်းမှ ထွက်ပေါ်လာမည့်သတင်းများကို အာရုံစူးစိုက် လေ့လာနေကြသည်။

နောက်ဆုံးရလဒ်က မျှော်လင့်ထားသည်လည်း ဖြစ်နိုင်သလို မျှော်လင့်မထားသည်လည်း ဖြစ်နိုင်သည်။

ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ ထက် မနိမ့်ကျသော အထွတ်အထိပ် ကျွမ်းကျင်သူနဲ့ ရင်ဆိုင်ရသည့်အခါ ယိုးမင်ဂိုဏ်းအနေဖြင့် ကူရာကယ်ရာမဲ့ ဖြစ်ရမည် အမှန်ပင်။

ကြေးနီကျွန်းကျသွားပြီဆိုသောသတင်းကိုရရှိသည်နှင့် ယိုးမင်ဂိုဏ်းက ပြန်လည်တည်ဆောက်ထားသည်မှာ နှစ်အနည်းငယ်သာရှိသေးသော သူတို့၏ဌာနချုပ်အသစ်ကို စွန့်ပစ်ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

သူတို့၏နယ်မြေကိုဆုံးရှုံးရသော်လည်း အနည်းဆုံးတော့ အသက်ရှင်သန်နိုင်ပေမည်။

ယိုးမင်ဂိုဏ်းအနေဖြင့် ဝါဒတောင်နှင့် မြောက်ပင်လယ်ဓားခန်းမတို့အပေါ် တင်းမာမှုများရှိနေသော်လည်း ကြီးမားသောရန်သူကိုရင်ဆိုင်ရန်အတွက် ထိုသိုင်းဂိုဏ်းများနှင့် ပူးပေါင်းရန် စဉ်းစားခဲ့သည်။

သို့သော် မြောက်ပင်လယ်ဓားခန်းမ ကျသွားသည်ဟု သတင်းထွက်လာချိန်တွင် သူတို့လည်း ဤနေရာမှ ထွက်ခွာသွားရန် ပြင်ဆင်ရသည်။

အခြေအနေက အမှောင်ထုဖုံးလွှမ်းနေသည်ဖြစ်ရာ သူတို့မှာ စိတ်ဓာတ်များ ကျဆင်းလျှင် ရှိသည်။

ယိုးမင်ဂိုဏ်းလှုပ်ရှားနေသည့်ဒေသနှင့်နှိုင်းယှဉ်လျှင် ဝါဒတောင်က မြောက်ပင်လယ်ဓားခန်းမနှင့်ပိုမိုနီးကပ်လေရာ ရှန်လင်ကျီ၏ နောက်ထပ်ပစ်မှတ်က ဝါဒတောင်ဖြစ်မည်မှာ သေချာသည်။

ကျင်းထင်တောင်မှ လင်ဟန့်ဟွာနှင့် အခြားတန်ခိုးစွမ်းအားရှင်များက ကျူတောပင်လယ်ဒေသ အနောက်ဘက်စွန်းတွင် စခန်းချနေပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ တန်ခိုးစွမ်းအားရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်နေကြသည်။

ယိုးမင်ဂိုဏ်းအနေဖြင့် လင်ဟန့်ဟွာတို့ဆီသွားရောက်မည်ဆိုလျှင် လမ်းတွင် ရှန်လင်ကျီ၏ပိတ်ဆို့မှုကိုခံရမည်မှာ မေးခွန်းထုတ်စရာမလိုပေ။

ထို့ကြောင့် ယိုးမင်ဂိုဏ်းအနေဖြင့် ကျူတောပင်လယ်ဒေသ တောင်ပိုင်းသို့ပြန်သွားခြင်းက အကောင်းဆုံးဖြစ်သည်။

သူတို့က ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော တပည့်များကို ပတ်ဝန်းကျင်နေရာများတွင်ပုန်းအောင်းခိုင်းခဲ့ပြီး ကျိုးဟောက်ရှန်းနှင့် ကျင့်ကြံခြင်းအဆင့်မြင့်မားသော ယိုးမင်ဂိုဏ်းအကြီးအကဲများကတော့  သူတို့ကိုယ်သူတို့ကာကွယ်ရန်အတွက် ကျူတောပင်လယ်ဒေသမှ ယာယီထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြသည်။

ကံမကောင်းသည်မှာ ရှန်လင်ကျီအပါအဝင် တာ့ရွှမ်မင်းဆက်မှလူများက သူတို့ကိုဆန့်ကျင်ခဲ့သော ယိုးမင်ဂိုဏ်းကို အေးဆေးစွာဆုတ်ခွာခွင့် မပေးခဲ့ကြပေ။

ရှန်လင်ကျီက ကြေးနီကျွန်း ၊ မြောက်ပင်လယ်ဓားခန်းမနှင့် ဝါဒ‌တောင် အင်အားစု (၃)ခုကို တိုက်ခိုက်နေချိန် တာ့ရွှမ်တိုင်းပြည်မှ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ရှိသော ကာကွယ်သူအရှင်သခင် (၂)ယောက်က များပြားလှစွာသော တာ့ရွှမ်စစ်သည်များကိုဦးဆောင်ကာ ကျူတောပင်လယ်ဒေသ တောင်ပိုင်းသို့ရောက်ရှိလာပြီး ယိုးမင်ဂိုဏ်းကိုဝိုင်းထားခဲ့သည်။

ယခုတစ်ကြိမ်တွင် တာ့ရွှမ်တိုင်းပြည်က သူတို့အားလုံးကို အမြစ်ပြတ်သုတ်သင်ပစ်ရန် အမှန်တကယ် စိတ်ပိုင်းဖြတ်ထားဟန်ပင်။

မည်သူ့ကိုမှ အသက်ရှင်လျှက်မထားခဲ့သလို အကျဉ်းသားလည်းထားရှိခြင်းမရှိဘဲ ရန်သူကို ထွက်ပြေးလွတ်မြောက်စေရန်လည်း အခွင့်အရေး မပေးခဲ့ပေ။

တာ့ရွှမ်စစ်သည်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ကျိုးဟောက်ရှန်းတို့အုပ်စုမှာ ဆုတ်ခွာသွားနိုင်ခြင်းမရှိတော့ဘဲ မည်သို့မှမတတ်နိုင်စွာ တိုက်ပွဲဝင်ခဲ့ကြရသည်။

မကြာမီပင် ဝါဒတောင်မှထွက်ခွာလာသော ရှန်လင်ကျီသည် ကျူတောပင်လယ်ဒေသ တောင်ပိုင်းသို့လျှင်မြန်စွာရောက်ရှိလာပြီး ကပ်ဘေးတစ်ခုပမာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။

သို့သော် ရှန်လင်ကျီ၏လုပ်ရပ်က မအောင်မြင်ခဲ့ပေ။

လင်ဟန့်ဟွာတို့အုပ်စုက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်နှင့် တိုက်ခိုက်နေချိန် ရှန်လင်ကျီက ကျူတောပင်လယ်ဒေသတစ်လျှောက် လျှပ်စီးပမာ လျှင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။

ရန်ကျောက်ကဲက ကျင်းထင်တောင်နှင့် ဆက်ဆံရေးကောင်းမွန်သလို ကုဟုန်ကလည်း အရင်က ကျင်းထင်တောင်ကို ကူညီပြီး တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်မှ သိုင်းကျင့်ကြံသူတစ်ယောက်ကို ဖမ်းဆီးပေးခဲ့သည်။

ထို့ပြင် ယခင်က လင်ဟန့်ဟွာ ကျူတောပင်လယ်ဒေသသို့ ရောက်ရှိလာစဉ်က ယိုးမင်ဂိုဏ်းတွင် ယာယီနေထိုင်ခဲ့ဖူးသည်။

ရှန်လင်ကျီပစ်မှတ်ထားသည်က ကြေးနီကျွန်းတစ်ခုတည်းဆိုလျှင် ကိစ္စမရှိသော်လည်း အခြားသိုင်းဂိုဏ်း (၃)ခုလုံး မျိုးသုဉ်းမည့်အန္တရယ်နှင့်ရင်ဆိုင်ရသည့်အခါ ကျင်းထင်တောင်က သေချာပေါက် ဝင်ရောက်စွက်ဖက်ရမည် ဖြစ်၏။

ထို့ကြောင့် သတင်းရရချင်း လင်ဟန့်ဟွာက လျှင်မြန်စွာ ရောက်ရှိလာခဲ့သည်။ သို့သော် ရှန်လင်ကျီက သူထင်ထားသည်ထက် ပိုပြီးပြတ်သားစွာ တိုက်ခိုက်သွားပြီ ဖြစ်သည်။

လင်ဟန့်ဟွာအနေဖြင့် ဝါဒတောင်တိုက်ပွဲကိုပင် အချိန်မမီလိုက်သော်လည်း ဝါဒတောင်အန္တရယ်ကင်းကြောင်း အတည်ပြုပြီးသည့်နောက် သူက ရှန်လင်ကျီထွက်ခွာသွားသည့် ကျူတောပင်လယ်ဒေသ တောင်ပိုင်းသို့ လိုက်ပါသွားခဲ့သည်။

ထို့နောက် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင် (၂)ယောက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။ ကျူတောပင်လယ်ဒေသတောင်ပိုင်းတွင်ဖြစ်ပွားသည့်တိုက်ပွဲက ပြင်းထန်သည့်တိုင် အချိန်ကတိုတောင်းသည်။

အဆုံးသတ်မှာတော့ မည်သူမှ အနိုင်ရအောင်မတိုက်ခိုက်နိုင်ခဲ့ကြဘဲ လင်ဟန့်ဟွာက ရှန်လင်ကျီ၏တိုက်ခိုက်မှုကိုရင်ဆိုင်ကာ ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်း၏အသက်ကို ကယ်တင်နိုင်ခဲ့သည်။

သို့သော် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်း ဆုံးရှုံးသွားပြီဖြစ်သော မြောက်ပင်လယ်ဓားခန်းမ၏အရှင်သခင် ‘ကုဟုန်’ ကတော့ သေလုမျောပါးဒဏ်ရာများ ရရှိခဲ့ပြီဖြစ်ရာ လင်ဟန့်ဟွာ မည်သို့မှ မတတ်နိုင်‌တော့ပေ။

ထိပ်တန်းဓားသမား (၂)ယောက်ကြားတိုက်ပွဲတွင် အရင်ဆုံး ဆုတ်ခွာသွားသည်က လင်ဟန့်ဟွာ ဖြစ်သည်။ သူက ကျုတောပင်လယ်ဒေသ အနောက်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော သူ ယာယီထားရစ်ခဲ့သည့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်နှင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် နယ်ခြားဒေသတွင် ရန်သူများ ချဉ်းကပ်လာသောကြောင့်ပင်။

ရှန်လင်ကျီနှင့်အခြားသူများကလည်း ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပေ။

သို့သော် ကျူတောပင်လယ်ဒေသ၏ မြောက်ပိုင်းနှင့်အရှေ့ပိုင်းတစ်လျှောက်တိုက်ခိုက်ခဲ့ပြီး ကျူတောပင်လယ်ဒေသတောင်ပိုင်းအထိ တာ့ရွှမ်တိုင်းပြည်က သိမ်းပိုက်နိုင်ခဲ့သည်။

ယွမ်ကျန်းဖုန်းက...

“ကြည့်ရတာ... ကျင်းထင်တောင်ကလည်း ကျူတောပင်လယ်ဒေသမှာဖြစ်ပျက်နေတာတွေကို တကယ်ပဲ အရေးမစိုက်နိုင်တော့ဘူး ထင်တယ်”

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်နှင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်အကြား ပဋိပက္ခသည် ကျူတောပင်လယ်ဒေသတစ်လျှောက် အနည်းငယ်စတင်သည့်ရန်ငြိုးရန်စမှ ပေါက်ကွဲထွက်နိုင်သည့်အနေအထား ရောက်ရှိနေပေပြီ။

ဖန်ကျွင်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုလှမ်းကြည့်ရင်း...

“အခု အဓိကပြဿနာက ကျူတောပင်လယ်ဒေသတောင်ပိုင်း ဇာမဏီနယ်မြေမှာရှိတဲ့ သမုဒ္ဒရာကမ္ဘာကိုသွားတဲ့ ကောင်းကင်အက်ကွဲကြောင်းက တာ့ရွှမ်တိုင်းပြည်ထိန်းချုပ်မှုအောက်ကို ကျရောက်သွားတာပဲ”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက...

“သမုဒ္ဒရာကမ္ဘာက ကျွန်တော်တို့ရဲ့ဂိုဏ်းသားတွေအားလုံးကို အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်ပို့မှဖြစ်မယ်”

သူက ဆက်ပြောသည်။

“ကျွန်တော့်အတွက်တော့မစိုးရိမ်နဲ့  ၊ ကျွန်တော် ဘယ်ရောက်နေလဲဆိုတာ ဆရာဦးလေးတို့ကလွဲရင် ဘယ်သူမှမသိဘူး ၊ သမုဒ္ဒရာကမ္ဘာကလူတွေတောင် မသိဘူး ၊ ပြီးတော့ သမုဒ္ဒရာကမ္ဘာက လူတစ်ယောက်က ကျွန်တော် ဝင်္ကပါပင်လယ်ဒေသမှာရှိတယ်ဆိုတာသိရင်တောင် ကျွန်တော့်ကိုရှာတွေ့နိုင်မှာမဟုတ်ဘူး”

ရန်သူက သမုဒ္ဒရာကမ္ဘာသို့သွားလိုသည်ဆိုလျှင် သိုင်းသူတော်စင် စတုတ္ထအဆင့်အောက် ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ရမည်ဖြစ်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက...

“နေရာအတိအကျမသိဘဲ မျက်စိစုံမှိတ်ရှာဖွေဖို့ဆိုတာ သိုင်းသူတော်စင် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် ဝင်္ကပါပင်လယ်မှာ ကျွန်တော့်ကိုရှာတွေ့ဖို့ အရမ်းခက်ခဲပါလိမ့်မယ် ၊ ဒါကြောင့်ပဲ ကျွန်တော်က တံခါးပိတ်ကျင့်ကြံဖို့ အဲဒီနေရာကို ရွေးချယ်ခဲ့တာပါ ၊ ဘယ်အရာမဆို လျှို့ဝှက်ထားတာက အကြီးမားဆုံးအကာအကွယ်ပဲ မဟုတ်လား”

ရန်ကျောက်ကဲ ၊ ဖန်ကျွင်းနှင့် အခြားသူများ တွေးတောသကဲ့သို့ပင် တာ့ရွှမ်တိုင်းပြည်က ဇာမဏီနယ်မြေရှိ ကောင်းကင်အက်ကွဲကြောင်းမှတစ်ဆင့် သမုဒ္ဒရာကမ္ဘာသို့ လူအများဆင်းသက်သွားခဲ့သည်။

သို့သော် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားသည့် ဝါဒတောင်က မည်သည့်ဆုံးရှုံးမှုမှ မခံစားခဲ့ရပေ။

ချန်လီတောင်သာလျှင် သူတို့၏ဌာနချုပ်ကိုစွန့်လွှတ်ရန် အတင်းအကျပ်ဖိအားပေးခံရပြီး ဂိုဏ်းသားများမှာ ကြယ်စင်လှည့်ပြောင်းပင်လယ်နှင့် ဝင်္ကပါပင်လယ်တို့တွင် ပုန်းအောင်းနေကြရပြီး ဒုက္ခများစွာ ခံစားခဲ့ကြရသည်။

သမုဒ္ဒရာကမ္ဘာမှ အခြားသော ထိပ်သီးသိုင်းဂိုဏ်းများက ဤအခြေအနေကိုအခွင့်ကောင်းယူပြီး ချန်လီတောင်ကို ထပ်မံတိုက်ခိုက်ခဲ့ကြသဖြင့် ချန်လီတောင်မှာ များစွာ ထိခိုက်ခဲ့ရသည်။

အချိန်နှစ်ဝက်ခန့်ကြာပြီးနောက်...

ရန်တိ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလေသည်။

ထို့ကြောင့် ထိုက်ယီချိုးဖျက်အစီအရင်ပြုလုပ်ရန် လူအင်အားလုံလောက်သွားပြီဖြစ်သဖြင့် ယွမ်ကျန်းဖုန်းနှင့် ဖန်းယွင်ရှန်းတို့က သမုဒ္ဒရာကမ္ဘာသို့ဆင်းသက်ပြီး ချန်လီတောင်ကို ပြန်လည်ထူထောင်ပေးခဲ့ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ...

ခန်းဖင်းတို့အုပ်စုသည်လည်း သဘာဝပသာဒနယ်မြေတွင် အလင်းရောင်ကိုတွေ့မြင်ရပြီး မကြာမီပင် အတွင်းမှထွက်ခွာလာနိုင်ကြပေတော့မည်။

တစ်နေ့မှာတော့...

တာ့ရွှမ်တိုင်းပြည်မြို့တော်ထက် ကောင်းကင်ယံထက်မှ လူရိပ်တစ်ရိပ် ရုတ်တရက် ဆင်းသက်လာသည်။

ထိုလူရိပ်ကိုတွေ့တော့ ရှန်လင်ကျီမျက်နှာထက် အပြုံးရိပ်တစ်ခု ထင်ဟပ်လာပြီး...

“ပြင်ပဗလာနယ်ထဲကပြန်လာတာ ကြိုဆိုပါတယ် ဂိုဏ်းတူညီလေး’ရှီ’”

All Chapters