← Chapters

အံ့သြဖွယ်ရာများကိုဖန်တီးသူအနည်းငယ်ကတော့အမြဲတမ်းရှိနေဆဲပင်

Vol. 62 Ch. 871

အံ့သြဖွယ်ရာများကိုဖန်တီးသူအနည်းငယ်ကတော့အမြဲတမ်းရှိနေဆဲပင်

Vol. 62 Ch. 871

အခန်း (၈၇၁) အံ့သြဖွယ်ရာများကိုဖန်တီးသူအနည်းငယ်ကတော့အမြဲတမ်းရှိနေဆဲပင်

ရှန်လင်ကျီနှင့် ခန်းဖင်းတို့ (၂)ယောက်လုံး ထွက်သွားကြသော်လည်း တာ့ရွှမ်မင်းဆက်မှ သိုင်းကျင့်ကြံသူများက ကန့်ကွက်ခြင်း မရှိကြပေ။

ဧကရာဇ်ရွှမ်ချန် ရှိနေသေးသည် မဟုတ်လား။

ဧကရာဇ်ရွှမ်ချန်က ရှန်လင်ကျီထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော်လည်း သူက သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ အမကူးပြောင်းခြင်း အလယ်ဆင့် ဖြစ်သည်။

ဝါဒတောင်က ရှန်လင်ကျီကို ပိတ်ဆို့ရန်အတွက် ထိုက်ယီချိုးဖျက်အစီအရင်ကို ယခင်က အသုံးပြုခဲ့သည်။

တာအိုဆရာ’ရှီ’ ပြောလိုက်သည့်စကားက ထိုအကြောင်းရင်းပင် ဖြစ်သည်။

တာအိုဆရာ’ရှီ’ က အမတကူးပြောင်းခြင်း ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ကျူတောပင်လယ်ဒေသ ၊ သို့မဟုတ် အရှေ့တောင်တေနဝန်းကောင်းကင်ပြည်နယ်သာမက အထက်ဘုံကမ္ဘာတစ်ခုလုံးတွင် အစီအရင်ပညာကျွမ်းကျင်မှုကြောင့် ကျင့်ကြံခြင်းအဆင့် တူညီသူများအလယ်တွင် ထိပ်တန်းအဆင့် ရှိသူ ဖြစ်သည်။

သို့ဖြစ်ရာ ထိုက်ယီချိုးဖျက်အစီအရင်ကိုအသုံးမပြုဘဲ ဝါဒတောင်က ဧကရာဇ်ရွှမ်ချန်နှင့် တာအိုဆရာ’ရှီ’ ကဲ့သို့ သိုင်းကျင့်ကြံသူများကို မည်သို့ဟန့်တားနိုင်ပါမည်နည်း။

အမတကူးပြောင်းခြင်းအဆင့်သို့ ရောက်ရှိလာသည့် ကျင့်ကြံသူတိုင်းက ဤအဆင့်သို့ရောက်ရှိမလာခင် အောက်ခြေအဆင့်မှာကတည်းက ရန်သူမျာစွာကိုအနိုင်ယူခဲ့သော ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့ကျင့်ကြံထားသည့် သိုင်းပညာကလည်း ရှားပါးထူးခြားသော သိုင်းပညာများ ဖြစ်ကြသည်။

ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ ၊ ကျင့်ကြံခြင်းအဆင့်တူညီသူများကြားမှကွာဟချက်နည်းသွားပြီး ကျင့်ကြံခြင်းအဆင့် မတူညီသူများကြားမှ ကွာဟချက်ကတော့ ကြီးမားသွားမည် ဖြစ်သည်။

မိမိထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူများကို တိုက်ခိုက်ရန်မှာ အလွန်တရာခက်ခဲသည့်ကိစ္စဖြစ်သည်။

သို့သော် ဤလောကတွင် ပကတိအကြွင်းမဲ့ မရှိပေ။ အံ့သြဖွယ်ရာများကိုဖန်တီးနိုင်သော လူအနည်းငယ် ရှိကြစမြဲပင် ဖြစ်၏။

ရှန်လင်ကျီက နတ်ဘုရားသိမြင်ခြင်းအဆင့်ကတည်းက အမတကူးပြောင်းခြင်းအဆင့်ကို ကျော်ဖြတ်တိုက်ခိုက်နိုင်သူဖြစ်ပြီး သိုင်းသူ‌တော်စင် ဆဋ္ဌမအဆင့်မှာကတည်းက သိုင်းသူတော်စင် သတ္တမအဆင့်ကို ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်သည်။

သို့သော် သိုင်းသူတော်စင် အဋ္ဌမအဆင့်ပြိုင်ဘက်နှင့်ရင်ဆိုင်ရလျှင်တော့ သူ့အားကာကွယ်ရန် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများရှိနေလျှင်ပင် လွတ်မြောက်ရန်သာ ကြိုးစားနိုင်မည် ဖြစ်သည်။ အဆင့်မြင့်အထွတ်ထိပ် မှော်ဝင်ပစ္စည်းသာမရှိလျှင် ရန်သူကို ကျိန်းသေရှုံးနိမ့်ပြီး အသက်အန္တရယ်ကျရောက်မည်ဖြစ်၏။

သို့တိုင် ရှန်လင်ကျီ လုပ်ဆောင်နိုင်ခဲ့သောအရာများသည် လူအများ အိပ်မက်ပင်မမက်ဖူးသည့် အံ့သြဖွယ်ရာကိစ္စ ဖြစ်နေပေပြီ။  အံ့သြဖွယ်ရာကိစ္စဟု ပြောရသည့်အကြောင်းရင်းမှ လူအများ မလုပ်နိုင်သောကိစ္စဖြစ်သောကြောင့်သာပင်။

တာအိုဆရာ’ရှီ’ က လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ ကုကျန်းနှင့် ဟယ်တုန်းချန်တို့က သူ့ကိုလေးနက်စွာဦးညွှတ်ဂါရဝပြုလိုက်ပြီး ဝါဒတောင်ရှိရာသို့ တပြိုင်တည်း ဆင်းသက်သွားသည်။

ရှည်လျားသောမြစ် (၂)စင်းပမာ ဓားအလင်းတန်း (၂)ခု ကျဆင်းလာပြီး ဝါဒ‌တောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထက်မြက်သည့်ဓားဝိညာဉ်က နေရာတိုင်းတွင်ရှိနေပြီး ဝါဒတောင်တဝိုက်အချိန်စီးဆင်းမှုက ရုတ်တရက် နှေးကွေးသွားသည်။ ထိုနေရာတွင် အချိန်က အေးခဲသွားပုံရ၏။

ဟယ်တုန်းချန်နှင့် ကုကျန်းက ရှန်လင်ကျီလောက်အစွမ်းမထက်သော်လည်း အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်ဖြစ်လေရာ သူတို့၏စွမ်းအားက ထိုက်စန်းတောင်ကြီးပမာ လွှမ်းမိုးနိုင်စွမ်း မြင့်မားလှသည်။

သို့သော် ထိုခဏတွင် တစ်လောကလုံး တုန်လှုပ်သွားသည်။

တောက်ပသည့်ဓားအလင်းတန်းတစ်ခု ဝါဒတောင် ၊ မိုးထိတောင်ထွတ်မှ ထိုးဖောက်ထွက်ပေါ်လာပြီး အရှိန်အဟုန်ဖြင့် ကောငင်းကင်အား ထိုးခွင်းသွားသည်။

လရောင်ပမာ ဓားအလင်းတန်း ဖြတ်သန်းသွားပြီး ကုကျန်းနှင့် ဟယ်တုန်းချန်တို့၏ တန်ခိုးစွမ်းအားဖြင့် ပေါင်းစပ်ထားသော အချိန်ရေစီးကြောင်းဓားသိုင်းကို အတင်းအကျပ် ခုတ်ပိုင်းပစ်လိုက်သည်။

ထိုဓားအလင်းတန်းက လောက၏လမ်းကြောင်းတစ်ခုပမာထင်မှတ်ရပြီး ကြီးကျယ်ခမ်းနားသော ဓားဝိညာဉ်ရှေ့တွင် အချိန်‌ရေစီးကြောင်းဓားအလင်းတန်းများ ရပ်တန့်သွားရသည်။

ထို့နောက်....

မိုးထိတောင်ထွတ်တွင် လူရိပ်တစ်ခု ပေါ်လာသည်။

ချောမောလှပသောရုပ်သွင်နှင့် မျက်ခုံးများကတော့နှင်းပွင့်ပမာဖြူစင်နေပြီး အသက်အရွယ်က (၃၀)ကျော်ခန့် ရှိသော လူရွယ်တစ်ယောက်ပင်။

သူ့လက်ထဲတွင်ကိုင်ဆောင်ထားသော ခရမ်းရောင်ဓားရှည်မှ နဂါးအစစ်ကြုံးဝါးသံများစွာထွက်ပေါ်နေပြီး ဆူညံသောမြည်ဟည်းသံများက ကျင့်ကြံသူတစ်ယောက်ကိုပင် နားပင်းလုနီးပါး ဖြစ်သည်။

ထိုသူက ဝါဒတောင် လက်ရှိဂိုဏ်းချုပ် ‘ရန်တိ’ ဖြစ်၏။

ရန်တိ၏ခန္ဓာကိုယ်တစ်ခုလုံး ဓားဝိညာဉ်အလင်းတန်းဖြင့်တောက်ပနေပြီး သူ၏ဓားရောင်ဝါကလည်း ထက်မြက်လျှက် ရှိသည်။

တာအိုဆရာ’ရှီ’ က မျက်မှောင်ကြုံ့လိုက်ပြီး...

“သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ‌ရောက်နေပြီပဲ ၊ ကလေးတွေပြောတာတော့ ဒီပုဂ္ဂိုလ် အထက်ဘုံကမ္ဘာကိုတက်လာတာ (၅)နှစ်တောင် မရှိသေးဘူး...”

သူ့အတွေးမဆုံးခင်မှာပင် တုန်လှုပ်ဖွယ်ရာမြင်ကွင်းကို တွေ့မြင်လိုက်ရသည်။

အချိန်ရေစီးကြောင်းဓားသိုင်း၏ရှည်လျားသောမြစ်ရေကိုဖြတ်ကျော်ပြီးနောက် ရန်တိ၏ ကြောက်မက်ဖွယ်ရာဓားအလင်းတန်းက အရှိန်အဟုန်ဖြင့် ကုကျန်းနှင့် ဟယ်တုန်းချန်တို့ဆီ မရပ်တန့်ဘဲ ထိုးဖောက်ဝင်ရောက်သွားသည်။

အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်သည် နတ်ဘုရားသိမြင်ခြင်းအဆင့်တွင်သာရှိနေဆဲဖြစ်သော ရန်တိကို အမှန်တကယ် မယှဉ်ပြိုင်နိုင်ခဲ့ပေ။

သူတို့ရှေ့မှ လူရွယ်သည် သူတို့မျှော်မှန်းထားသည်ထက် အဆမတန် တန်ခိုးစွမ်းအားမြင့်မားရုံသာမက သူ၏သိုင်းပညာကလည်း လွှမ်းမိုးနိုင်စွမ်း လွန်ကဲလှ၏။

တာအိုဆရာ’ရှီ’ သာမက သူ့ဘေးနားမှ ဧကရာဇ်ရွှမ်ချန်က စကားတစ်ခွန်းမဆိုဘဲ ရန်တိကို အေးစက်စွာ စိုက်ကြည့်နေသည်။

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာသို့ရောက်လာပြီးနောက် ရန်တိ တိုက်ခိုက်ခဲ့သည့်တိုက်ပွဲ (၁)ခုတည်းသာ ရှိခဲ့သည်။

ထိုတိုက်ပွဲက ရန်တိ အထက်ဘုံကမ္ဘာသို့ ရောက်ရောက်ချင်းဆင်နွှဲခဲ့သည့်တိုက်ပွဲဖြစ်ပြီး ထိုတိုက်ပွဲတစ်ခုတည်းဖြင့် ကမ္ဘာတစ်ဝှမ်းကျော်ကြားသွားခဲ့သည်။

ထိုတိုက်ပွဲတွင် ရန်တိက တာ့ရွှမ်မင်းဆက်၏ တတိယမြောက်ဘုရင် ၊ ဧကရာဇ်’ရွှမ်မု’ ကို ခေါင်းဖြတ်သတ်ခဲ့သည်။

ဧကရာဇ်ရွှမ်မုက ဧကရာဇ်ရွှမ်ချန်၏ တရားဝင် သားတော်တစ်ပါး ဖြစ်၏။

ရှန်လင်ကျီ ဤနေရာကိုချန်ထားခဲ့ပြီး တောင်ပိုင်းပင်လယ်မှ အခြေအနေကို သွားရောက်စုစမ်းရခြင်းမှာ အကြောင်းတစ်ခုရှိသည်။

အဘယ်ကြောင့်ဆိုသော် သားဖြစ်သူအတွက် လက်စားချေလိုသော ဧကရာဇ်ရွှမ်ချန်က ဝါဒတောင်ကို ဖြိုဖျက်ပြီးအားလုံးကို သုတ်သင်ပစ်လို့စိတ် ပြင်းထန်နေသောကြောင့်သာပင်။

ဝိညာဉ်နယ်မြေကောင်းကင်ယံထက်တွင် တောက်လောင်နေသောမီးတောက်မီးလျှံများ အသံတိတ်ထွက်ပေါ်လာသည်။

ဘောက်ဘက်မှ ပင်လယ်ပြင်က လျှင်မြန်စွာအငွေ့ပျံသွားပြီး ပင်လယ်ရေမျက်နှာပြင် သိသိသာသာ ကျဆင်းသွားသည်။

ရာသီဥတုက ချက်ချင်းဖောက်ပြန်ပြောင်းလဲသွားပြီး ပင်လယ်ပြင်အနီးတစ်ဝိုက်တွင် လေပြင်းတိုက်ခတ်ကာ မိုးများရွာသွန်းလသည်။ ကောင်းကင်ပြိုကျသည့်အရှိန်အဟုန်ဖြင့် ဆူနာမီလှိုင်းလုံးများက တဟုန်ထိုးမြင့်တက်လာသည်။

စောစောက ကုကျန်းနှင့် ဟယ်တုန်းချန် ပေါင်းစပ်စွမ်းအားထက် ပိုမိုကြောက်စရာကောင်းသည့် ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဟုန်ဖြင့် ဧကရာဇ်ရွှမ်ချန် ထွက်ခွာသွားသည်။

မရှိမှုမီးတောက် ၊ ကျောက်သားမီးတောက် ၊ သစ်သားမီးတောက် ၊ သမာဓိမီးတောက် ၊ သေမျိုးမီးတောက်။

မီးတောက် (၅)မျိုးက ‌ကောင်းကင်ကိုပင်လောင်ကျွမ်းသွားသည်။

ဇာမဏီ ၊ အပြာရောင်ငှက် ၊ ဂဠုန်ငှက် ၊ ဒေါင်း ၊ ကြိုးကြာဖြူ ၊ ငန်းနှင့် ဇီးကွက်။

ကောင်းကင်ထက်တွင် ငှက် (၇)ကောင် ထွက်ပေါ်လာသည်။

ကောင်းကင်တစ်ခွင်လုံးမီးလောင်ျကွမ်းပြီး ကမ္ဘာမြေပြင်ကို ပျက်သုဉ်းသွားစေသည့် မီးတောက်မုန်တိုင်းလှည့်ပတ်သွားပြီး မုန်တိုင်းအောက်ခြေတွင် လှံရှည်တစ်လက်ထွက်ပေါ်လာကာ ပြင်းထန်သောအရှိန်အဟုန်ဖြင့် ရန်တိထံသို့ ဝင်ရောက်သွားသည်။

မီးငါးသွယ်ရတနာခုနစ်သွယ်လှံရှည်ထွက်ပေါ်လာပြီး အမတကူးပြောင်းခြင်း အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဟုန်က ဧကရာဇ်ရွှမ်မု ၊ ယောင်းဟိုင်နှင့် ယန်ကျောက်ကျန်းတို့ထက် ပိုပြီးအရှိန်အဟုန် မြင့်မားသည်။

ဧကရာဇ်ရွှမ်မုကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်သုတ်သင်ခဲ့သော ‘ရန်တိ’ က ဤအချက်ကို အလွန်ရှင်းလင်းစွာ ခံစားနိုင်ခဲ့သည်။

သူ့အရှေ့မှ မီးတောက်မုန်တိုင်းကို ရင်ဆိုင်ရသည့်အခါ အတိတ်တစ်ချိန်က မီးတောက်မိစ္ဆာကမ္ဘာနှင့်တိုက်ခိုက်ခဲ့ခြင်းက အရေးမပါသည့် မီးတောက်တစ်ခုမျှသာ ဖြစ်သွား၏။

ဧကရာဇ်ရွှမ်ချန်၏ လှံရှည်အောက်မှ ပြင်းထန်သောအပူလှိုင်းများထွက်ပေါ်လာပြီး ဝါဒတောင် မဟာပင်မအစီအရင်ကြီးက ကာကွယ်ပေးထားသည့်တိုင် ဝါဒတောင်တစ်ခုလုံးအား အသက်ရှူကြပ်စေသည့်ခံစားချက် ပေးစွမ်းသည်။

ဧကရာဇ်ရွှမ်ချန်၏ တိုက်ခိုက်မှုက ရှန်လင်ကျီ၏တိုက်ခိုက်မှုကဲ့သို့ အလွန်လေးနက်ပြီး ခန့်မှန်းရမခက်သလို အံ့သြဖွယ်ရာလည်း မရှိပေ။ သို့သော် သူ၏လျှင်မြန်သော်လှံရှည်က ပြင်းထန်ပြီး အလွန်တရာ ခြိမ်းခြောက်နိုင်စွမ်း မြင့်မားသည်။

ဘေးမှကြည့်မြင်နေသူများသည်ပင် ခြိမ်း‌ခြောက်မှုကို ခံစားရနေရပြီး ကိုယ်တိုင်တိုက်ခိုက်နေသည့် ရန်တိအတွက်တော့ ပြောနေစရာပင် မလိုတော့ပေ။

သို့ရာတွင် ပြင်းထန်ကြမ်းတမ်းသည့် တိုက်ခိုက်မှုရင်ဆိုင်ရချိန်မှာပင် ရန်တိ၏တုံ့ပြန်မှုကမပြောင်းလဲသလို မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားခြင်း မရှိပေ။

ရန်သူ၏တိုက်ခိုက်မှုက မည်မျှပြင်းထန်ကြမ်းတမ်းပါစေ သူ၏ဓားဖြင့် ခုတ်ပိုင်းခံရပေမည်။

ရန်တိ၏ ကြီးကျယ်ခမ်းနားသော ဓားအလင်းတန်းက ကောင်းကင်ထက်သို့ပျံတက်သွားပြီး မီးတောက်မုန်တိုင်းများကြားမှ လှံရှည်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“ဟင်...”

မြင်ကွင်းကိုကြည့်ပြီး တာအိုဆရာ’ရှီ’ နှင့် တာ့ရွှမ်တိုင်းပြည်မှကျင့်ကြံသူများ ရုတ်တရက် မျက်နှာပျက်သွားကြသည်။

သာမန်မျက်စိဖြင့် ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်မှာ ရန်တိ၏ဓားအလင်းတန်းက ဧကရာဇ်ရွှမ်ချန်၏လှံရှည်ကို ဖြတ်ကျော်သွားခြင်း ဖြစ်၏။

ဤဓားက မိုးမြေတစ်ခွင်ဖန်ဆင်းနိုင်သလို မိုးမြေတစ်ခွင်ကို ဖျက်ဆီးနိုင်စွမ်းလည်း ရှိသည်။

မိုးနှင်မြေကိုဖန်ဆင်းခြင်းလုပ်ငန်းဆင်သည် ရပ်တန့်မရသလို နောက်ပြန်လှည့်၍လည်းမရသည့်အလား ရန်တိ၏ဓားသည်လည်း နောက်ပြန်လှည့်၍မရပေ။

ရန်တိ၏ဓားသိုင်းအယူအဆလှုပ်ရှားမှုအားလုံးက ဤသဘောတရားများကို ပေါင်းစည်းထားခြင်း ဖြစ်၏။

ဧကရာဇ်ရွှမ်ချန်က မြင်ကွင်းကိုအေးစက်စွာကြည့်ရင်း တည်ငြိမ်စွာဆိုသည်။

“မင်း ဒီအတိုင်းဆက်လုပ်နိုင်မယ်လို့ ငါ မယုံဘူး”

သူက လက်သီးချက်များကို လှံရှည်ပမာဝှေ့ယမ်းရင်း ဆက်လက်တိုက်ခိုက်လေရာ ပြင်းထန်သောမုန်တိုင်းတစ်ခုပမာ ထောင်ပေါင်းများစွာသောထိုးနှက်မှုများ ထွက်ပေါ်လာသည်။

ပြင်းထန်သော မီးတောက်များသည် ကောင်းကင်တစ်ခွင်လုံး တောက်လောင်ကာ ကောင်းကင်တစ်ခွင် ဖြတ်ကျော်သွားသည်။

ရန်တိက ခေါင်းကိုမော့ပြီး ဧကရာဇ်ရွှမ်ချန်ကိုကြည့်လိုက်သည်။ သို့သော် သူ့မျက်လုံးများက အောက်သို့ငုံ့ကြည့်နေသကဲ့သို့ပင်။

ထို့နောက်မှာတော့ ဓားအလင်းတန်းများဆက်တိုက်ထွက်ပေါ်လာပြီး တုံ့ဆိုင်းခြင်းမရှိ ၊ ဧကရာဇ်ရွှမ်ချန်၏လှံရှည်စွမ်းအားကို ဖြတ်ကျော်ကာ တန်ပြန်တိုက်ခိုက်လိုက်၏။

ဧကရာဇ်ရွှမ်ချန်၏ မျက်တန်းများတောက်ပသွားပြီး...

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

တူညီသောကျင့်ကြံခြင်းအဆင့်ရှိသူများအလယ်တွင် ရန်တိက အဆုံးစွန်သောသာလွန်မှုနှင့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ယခုကဲ့သို့အခြေအနေတွင် ကြာရှည်တောင့်ခံထားရန်မှာ ယုတ္တိမတန်သည့်ကိစ္စသာ ဖြစ်သည်။

သူ၏တိုက်ခိုက်မှုက နတ်ဘုရားသိမြင်ခြင်း သိုင်းသူတော်စင်တစ်ယောက်၏ ကန့်သတ်ချက်များကို ကျော်လွန်သွားပြီး အဆုံးမရှိသည့်အလား အဆက်မပြတ် စီးဆင်းသွားသည်။

သို့သော် ဤသည်က အမှန်တရားပင်ဖြစ်ပြီး သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ဧကရာဇ်ရွှမ်ချန်သည် ထိုအမှန်တရားကို လုံးဝမယုံကြည်နိုင်သလို လက်မခံနိုင်ဖြစ်ခဲ့ရသည်။

ရန်တိ၏ချီစွမ်းအားလှည့်ပတ်လိုက်သည်နှင့် သူ၏မျက်ဝန်းများထဲတွင် နတ်ဘုရားအလင်းတန်းများတောက်ပလာပြီး အနက်ရောင်ချီအလင်းတန်းတစ်ခုနှင့် အဖြူရောင်ချီစွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ကိုရစ်ပတ်ကာ အဆက်မပြတ်စီးဆင်းနေသည်။

လက်ရှိကျင့်ကြံခြင်းအဆင့်၏ကန့်သတ်ချက်ကို ကျော်လွန်သော ပြင်းထန်သည့်တိုက်ခိုက်မှုသည် အမှန်တကယ်တွင် ကြာရှည်ထိန်းထားရန် မဖြစ်နိုင်ပေ။ ကန့်သတ်ချက်ထက် ကျော်လွန်လေ့ရှိသော ပြင်းထန်သော တိုက်ခိုက်မှုမျိုးသည် အမှန်တကယ်ပင် ရေရှည်တည်တံ့နိုင်မည်မဟုတ်ပေ။

သို့သော် လက်ရှိမှာတော့ ရန်တိက မိုးမြေပမာ အားကောင်းပြင်းထန်လွန်းလှသည်။

သူက ရန်ကျောက်ကဲပေးထားသည့် ယင်ယန်ကောင်းကင်ကျမ်းစာကိုလေ့လာခဲ့ပြီး ယန်နှင့်ယန်ကို ထိန်းချုပ်နိုင်ပြီဖြစ်ရာ ချီစွမ်းအားပြန်လည်ပြည့်ဝအောင်စွမ်းဆောင်ရာတွင် သာမန်ကျင့်ကြံသူများထက် များစွာလျှင်မြန်သည်။

ရန်တိ၏ဓားအလင်းတန်းက ကောင်းကင်ကိုပိုင်းခြားလိုက်ပြီး မီးတောက်မုန်တိုင်းများအားလုံးကို ခုတ်ပိုင်းပစ်လိုက်သည်။

သူက လေထုထဲသို့ခုန်ဝင်လိုက်ပြီး ဧကရာဇ်ရွှမ်ချန်ထံအဆက်မပြတ် ထိုးနှက်တိုက်ခိုက်လိုက်သည်။

တိုက်ပွဲတွင် ဧကရာဇ်ရွှမ်ချန်နောက်ပြန်ဆုတ်သွားသည်ကို တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများ မယုံကြည်နိုင်စွာ တွေ့မြင်လိုက်ရလေသည်။

All Chapters