← Chapters

ကြယ်ခြွေလက်ဝါးသခင်

Vol. 62 Ch. 873

ကြယ်ခြွေလက်ဝါးသခင်

Vol. 62 Ch. 873

အခန်း (၈၇၃) ကြယ်ခြွေလက်ဝါးသခင်

ရန်တိ၏ဓားချက်ဖြင့် အမတကူးပြောင်းခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် သတ္တမအဆင့်ရှိသော တန်ခိုးစွမ်းအားရှင် ဟယ်တုန်းချန် ဒဏ်ရာရသွားခဲ့သည်။

တာအိုဆရာ’ရှီ’ က တည်ကြည်လေးနက်သောမျက်နှာထားဖြင့် လေထဲသို့ လက်ညှိုးတစ်ချက်ထိုးညွှန်လိုက်သည်။

လေထုထဲတွင် အနီရောင်နှင့် အနက်ရောင်အလင်းတန်းများသည် ရောယှက်ကာ ချက်ချင်းဆိုသလို ပုံမှန်မဟုတ်သော ဆဋ္ဌဂံသဏ္ဌန်တစ်ခုထွက်ပေါ်လာပြီး ဟယ်တုန်းချန်ကို ဒိုင်းတစ်ခုပမာ ကာကွယ်ပေးလိုက်သည်။

ရန်တိ၏ဓားချက်က အလင်းရောင်ဒိုင်းကာကိုထိမှန်သွားပြီး အလင်းရောင်ဒိုင်းကာ ချက်ချင်းအက်ကွဲသွားသည်။

သို့သော် ဟယ်တုန်းချန်က ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး အချိန်ရေစီးကြောင်းတစ်ခုပမာ အဝေးဆီသို့လျှင်မြန်စွာထွက်ပြေးသွားသဖြင့် အသက်အန္တရယ်မှ လွတ်မြောက်သွားသည်။

ထိုအချိန် ဧကရာဇ်ရွှမ်ချန်က ကြောက်ရွံ့စိတ်မရှိဘဲ အလွန်ပြတ်သားစွာဖြင့် ရန်တိကိုဝင်ရောက်တိုက်ခိုက်လိုက်သည်။

ရန်တိက ခန္ဓာကိုယ်ကိုလှည့်ပတ်လိုက်ပြီး ဧကရာဇ်ရွှမ်ချန်၏ အညှာအတာကင်းမဲ့သောထိုးစစ်ကို ချက်ချင်းခုခံလိုက်၏။

ယခု ရန်တိက တာအိုဆရာ’ရှီ’ ၏ မိုးမြေနက္ခတ်အစီအရင်ဖြင့် ပိတ်ဆို့ခံထားရသဖြင့် အနောက်ဘက်မှဝင်ရောက်လာသော ဧကရာဇ်ရွှမ်ချန်၏တိုက်ခိုက်မှုကို အလျှင်အမြန် ခုခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ရန်တိကိုဝိုင်းရံထားသည့် နီညိုရောင် အလင်းတန်းများစွာ ပေါ်လာသည်။ အလင်းဒိုင်းကာများတည်ရှိနေသည့်နေရာတွင် လေထုကအလုံပိတ်နေပြီး ရန်တိကို နေရာမှာပင် ထိန်းချုပ်ထားသည်။

ရန်တိ၏မျက်ဝန်းများတွင် အေးစက်သောအလင်းရောင်တစ်ချက်တောက်ပသွားပြီး ဓားအလင်းတန်းက တဟုန်းဟုန်းတောက်လောင်နေကာ ထိုက်ယီချိုးဖျက်အစီအရင်ကို ပိုပြီးသက်ရောက်မှုရှစေရန် တွန်းအားပေးလိုက်သည်။ ထိုအခါ သူ၏အရှိန်အဟုန်က ရုတ်တရက်မြင့်တက်လာပြီး ပတ်ဝန်းကျင်မှ ရန်သူများ၏လှုပ်ရှားမှုက အရှိန်လျော့သွားသည်။

သူက ပခုံးနှစ်ဖက်ကိုအသာကျုံ့ရင်း ဧကရာဇ်ရွှမ်ချန်၏ ထိုးနှက်တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

ရန်တိက ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကိုအောင်မြင်စွာကျင့်ကြံထားသူဖြစ်ရာ ပထမဆုံးပြီးမြောက်အောင်မြင်ခဲ့သည့် ဒြပ်စင်ငါးပါးနတ်ဘုရားခန္ဓာစွမ်းအားကိုအသုံးပြုပြီး ဧကရာဇ်ရွှမ်ချန်၏တိုက်ခိုက်မှုကိုတွန်းလှန်ကာ လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် ခံစစ်စွမ်းအားကို ထပ်မံပြသခဲ့သည်။

တစ်ချိန်တည်းမှာပင် ခမ်းနားသည့်ဓားအလင်တန်းက တောက်ပသွားပြီး ရန်တိက မိုးမြေနက္ခတ်အစီအရင်၏ ပိတ်ဆို့ထားခြင်းကို အင်းအားသုံးကျော်ဖြတ်ကာ ထိုနေရာမှလွတ်မြောက်သွားခဲ့သည်။

ဧကရာဇ်ရွှမ်ချန်နှင့် တာအိုဆရာ’ရှီ’ တို့ (၂)ယောက်လုံး မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။

တာအိုဆရာ’ရှီ’က ရင်ဘက်ထက်တွင် လက်နှစ်ဖက်ယှက်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်၏။

မိုးမြေတစ်ခွင်တွင် လိပ်ခွံအပိုင်းအစများကဲ့သို့ ပုံသဏ္ဌန်မတူညီသော အလင်းရောင်ဒိုင်းကာများထွက်ပေါ်လာပြီး အနီရောင်နှင့်အနက်ရောင်အလင်းတန်းများ လွင့်ပျံသွားသည်။

(၇)လီ (၇)ခါ (၄၉)ခုရှိသော လိပ်ခွံများထွက်ပေါ်လာပြီး ဗလာနယ်ထဲတွင် လျှို့ဝှက်နက္ခတ်ပညာ၏ ဆန်းကျယ်မှုများ ထွက်ပေါ်လာသည်။

တာအိုဆရာ’ရှီ’ ၏ စွမ်းအားဖြင့် ‘မိုးမြေနက္ခတ်အစီအရင်’ က အမြင့်ဆုံးအဆင့် လှည့်ပတ်သွားသည်။

ဝိညာဉ်နယ်မြေပတ်ဝန်းကျင်တစ်ခုလုံး နေရာတစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိတော့ဘဲ အပိုင်း (၄၉)ပိုင်းအဖြစ် အက်ကွဲသွားသည်။

အစီအရင်လှည့်ပတ်သွားသည်နှင့် ဗလာနယ်ထဲမှ အစိတ်အပိုင်းတစ်ခုစီ၏ အရွယ်အစားနှင့်အတိုင်းအတာသည်လည်း တာအိုဆရာ’ရှီ’ ဖြစ်စေချင်သည့်အတိုင်း အဆက်မပြတ် ပြောင်းလဲနေသည်။

မိုးမြေနက္ခတ်အစီအရင်၏ လွှမ်းမိုးမှုအောက်တွင် ရန်တိမှာ ရန်သူကို တိုက်ခိုက်လိုက်သည့်အခါတိုင်း သူနှင့်ရန်သူကြားမှအကွာအဝေးက အလွန်ဝေးကွာသွားပုံရပြီး သူတွက်ချက်ထားသည့် အကွာအဝေးနှင့် အရှိန်အဟုန် ၊ အချိန်ကာလတို့က လုံးတအဓိပ္ပါယ်မရှိတော့ကြောင်း တွေ့ရသည်။

ဧကရာဇ်ရွှမ်ချန်နှင့် အခြားရန်သူများက ရန်တိကိုတိုက်ခိုက်သည့်အခါ သူတို့ကြားမှအကွာအဝေးက နီးကပ်သွားပြီး ရန်တိမှာ အပြင်းအထန် ခုခံနေရသည်။

ရန်တိသာမဟုတ် ၊ ဝါဒတောင်မှလူတိုင်း ထိုပြဿနာကို ရင်ဆိုင်နေရသည်ပင်။

အစပိုင်းတွင် ဤဖြစ်စဉ်ကို သတိမထားမိသဖြင့် ချက်ချင်းဆိုသလို ကြီးမားသည့်ဆုံးရှုံးမှုများကို ခံစားခဲ့ကြရသည်။

ရန်တိမျက်ဝန်းများက အေးစက်သည့်အလင်းတန်းတစ်ချက်တောက်ပသွားပြီး ဓားဝိညာဉ်က မြင့်တက်လာသည်။ သူ၏ဓားအလင်းတန်း လင်းလက်သွားပြီး နီညိုရောင် လိပ်ခွံများပေါ်တွင် အက်ကွဲကြောင်းများ ချက်ချင်းပေါ်လာသည်။

သို့ပေသိ ဧကရာဇ်ရွှမ်ချန်က ပြတ်ပြတ်သားသားရှေ့တိုးလာခဲ့ပြီး အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘မီးငါးသွယ် ရတနာခုနစ်သွယ်’ ချပ်ဝတ်၏ တန်ခိုးစွမ်းအားကိုအသုံးပြုကာ ရန်တိ၏ဓားချက်ကို တွန်းလှန်လိုက်သည်။

မိုးမြေနက္ခတ်အစီအရင်အကူအညီဖြင့် ယခု သူ့အတွက် တိုက်ခိုက်ရပိုပြီးလွယ်ကူနေသည် မဟုတ်ပါလား။

ပြီးတော့ သူက ရှေ့တန်းမှနေပြီး ရန်တိကိုပိတ်ဆို့ထားသဖြင့် တာအိုဆရာ’ရှီ’ အတွက် အချိန်ပိုမိုရရှိသည်။

ရန်တိ၏ဓားချက်က မိုးမြေဖန်ဆင်းခြင်းသဏ္ဌန်ပမာ အဆက်မပြတ်လှုပ်ရှားနေပြီး ဧကရာဇ်ရွှမ်ချန်က ဆက်တိုက်ဆိုသလို ခုခံကာကွယ်နေသည်။

ထိုအချိန် တာအိုဆရာ’ရှီ’ က နေရာအနှံ့အြားတွင်ရှိနေသည့် ကြီးမားသောအစီအရင်ကို ပြန်လည်ချိန်ညှိရင်း ပြုပြင်ပြောင်းလဲရန် အခွင့်အရေးရရှိနေသည်။

တိုက်ပွဲစကတည်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အာရုံစိုက်မှုက တာအိုဆရာ’ရှီ’ ထံတွင် အမြဲတမ်း ရှိနေခဲ့သည်။

ထိုပုဂ္ဂိုလ်က အမတကူးပြောင်းခြင်းအဆင့်သိုင်းသူတော်စင်များအလယ်တွင် အလွန်နာမည်ကျော်ကြားပြီး ကမ္ဘာ့နံပါတ်(၁) အစီအရင်ပညာရှင်ဆိုသည့်ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်သည်။

သူက ထိုက်ယီချိုးဖျက်အစီအရင်ကို ချိုးဖျက်နိုင်သည့်အပြင် ကစားပွဲကိုပြောင်းပြန်လှန်ပြီး ဝိညာဉ်နယ်မြေရှိ ဝါဒတောင်၏ အိမ်ကွင်းအားသာချက်ကို တာ့ရွှမ်တိုင်းပြည်၏အားသာချက်ဖြစ်လာအောင် အစီအရင်တစ်ခု တည်ဆောက်နိုင်ခဲ့သည်။

ရန်ကျောက်ကဲ၏မူလရုပ်ခန္ဓာမဟုတ်သဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအနေဖြင့် တာအိုဆရာ’ရှီ’ ၏ အစီအရင် ရှုတ်ထွေးမှုများကို လုံလောက်စွာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိခဲ့ပါ။

သို့သော် မိုးမြေနက္ခတ်အစီအရင်ကို ခဏမျှစောင့်ကြည့်ပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရုတ်တရက် လှုပ်ရှားလိုက်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရွှမ်ဧကရာဇ်လှံရှည်ကို ကိုင်မြှောက်လိုက်ပြီး ကုကျန်းရှိရာသို့ ထိုးစိုက်ချလိုက်သည်။ သို့သော် သူ၏လှံရှည်က ကုကျန်းထံသို့ ကျရောက်ခြင်းမရှိဘဲ မည်သည့်ရန်သူမှမရှိသည့် ဗလာနယ်တစ်ခုအတွင်း ထိုးစိုက်ကျရောက်သွားသည်။

သို့သော် ထိုလှံရှည်ကျရောက်သွားသည်နှင့် ‘မိုးမြေနက္ခတ်အစီအရင်’ လှည့်ပတ်မှုက အနည်းငယ် နှေးကွေးသွားသည်။

တာအိုဆရာ’ရှိ’ ရုတ်ချည်းပင် မျက်နှာပျက်သွား၏။

နက္ခတ်ကြယ်တာရာများ၏ နေရာပေါင်း (၅၀)တွင် ဤအစီအရင်က နေရာ (၄၉)နေရာကိုသာ သုံးဆွဲထားပြီး ‘ထိုက်ယိကြယ်’ နေရာကိုတော့ အသုံးပြုထားခြင်း မရှိပေ။

မိုးမြေနက္ခတ်အစီအရင်က မိုးမြေတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်စွမ်းရှိသော်လည်း အစီအရင်ဗဟိုချက်ကတော့ ထိုက်ယိကြယ်နေရာဖြစ်ပြီး ဟာကွက်ရှိသည့်နေရာလည်းဖြစ်သည်။ ထိုနေရာက စဉ်ဆက်မပြတ်ပြောင်းလဲနေပြီး ထိုအချက်ကို ပြုပြင်၍မရနိုင်ပေ။

ထိုက်ယိကြယ်စင်၏ရပ်တည်ချက်ကို နှောက်ယှက်နိုင်မည်ဆိုလျှင် အစီအရင်တစ်ခုလုံး ထိခိုက်မည် ဖြစ်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လှံရှည်က ထိုက်ယိကြယ်စင်နေရာကို ပစ်မှတ်ထား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

မိုးမြေနက္ခတ်အစီအရင်တစ်ခုလုံး လည်ပတ်မှု နှေးကွေးသွားပြီး အပြောင်းအလဲကို ပထမဆုံးခံစားရသူမှာ ရန်တိ ဖြစ်သည်။

သူက ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်နှင့် ဧကရာဇ်ရွှမ်ချန်ကိုကာကွယ်ပေးထားသည့် လိပ်ခွံအမြောက်အမြားက အချိန်မီမတားဆီးနိုင်ဘဲ ပြင်းထန်စွာကွဲကြေသွားသည်။

တာအိုဆရာ’ရှီ’ က အောက်ဘက်တွင်ရှိနေသည့် ‘မုန်တိုင်းမွှေလိပ်’ ၏ နောက်ကျောထက်သို့ လျှင်မြန်စွာဆင်းသက်လိုက်ပြီး လက်ဖဝါးတစ်ဖက်ဖြင့် လိပ်ခွံကိုဖိနှိပ်လိုက်သည်။

‘မုန်တိုင်းမွှေလိပ်’ ၏ နောက်ကျောထက်မှ ဝိညာဉ်သင်္ကေတအလင်းရောင်များက မိုးမြေနက္ခတ်အစီအရင်ကို အလျင်အမြန်ပင် ပြန်လည်ပြုပြင်ပေးသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ ဗလာနယ်ထဲသို့ဖြတ်သန်းသွားပြီး အဆက်မပြတ်ပြောင်းလဲနေသည့် ထိုက်ယိကြယ်စင်နေရာကို မကြာခဏ ထိုနှက်တိုက်ခိုက်နေသည်။

ကုကျန်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနောက်သို့ လျှင်မြန်စွာ လိုက်ပါလာ၏။  သူ၏ အချိန်ရေးစီးကြောင်းဓားအလင်းတန်းက ထူးထူးခြားခြား လျှင်မြန်လွန်းသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လျှင်မြန်သည်ဆိုသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးသဖြင့် ကုကျန်းကသူ့ကိုအမီလိုက်လာနိုင်၏။

သို့ပေသိ ရုတ်တရက် ကုကျန်းစိတ်ထဲ အေးစက်မှုတစ်ခုကိုခံစားလိုက်ရပြီး တိုက်ခိုက်မှုကိုရှောင်တိမ်းရန် မသိစိတ်မှ နောက်သို့အသာဆုတ်လိုက်မိသည်။

ဟုတ်ပေ၏။

သူ ရုတ်တရက် လှည့်ကြည့်လိုက်တော့ သူ့ရှေ့ရောက်လာပြီး ဓားဖြင့်ခုတ်ပိုင်းချလိုက်သည့် ရန်တိကိုတွေ့လိုက်ရသည်။ ကံကောင်းသည်မှာ ဧကရာဇ်ရွှမ်ချန်က ကုကျန်းကို အချိန်မီကူညီပေးခဲ့ပြီး အန္တရယ်မှ ကယ်တင်ခဲ့ခြင်းပင်။

ဝိညာဉ်နယ်မြေတိုက်ပွဲက အဆုံးမရှိ အရှိန်အဟုန် မြင့်တက်လာသည်။

ထိုအချိန်...

ကောင်းကင်တစ်ခုလုံး ရုတ်တရက် တုန်လှုပ်လာသည်။

ဗလာနယ်တစ်ခုလုံးအက်ကွဲသွားပြီး အမှောင်ထုထဲမှ ကြီးမားသော ကြယ်ခြွေလက်ဝါးကြီးတစ်ခု ထိုးခွင်းထွက်ပေါ်လာ၏။

ထိုလက်ဖဝါးကြီးထက်တွင် ကြယ်စင်ရောင်များတောက်ပနေပြီး ကောင်းကင်နှင့်နေမင်းကို ဖုံးလွှမ်းသွားလောက်အောင် ကြီးမားလွန်းသည်။

ဤသို့ သိသာထင်ရှားသောလက္ခဏာကိုတွေ့လိုက်သည်နှင့် ရောက်ရှိလာသူမည်သူဖြစ်ကြောင်း တာ့ရွှမ်တိုင်းပြည်ရော ဝါဒ‌တောင်ပါ ရိပ်မိလိုက်ကြသည်။

အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် နဝမအဆင့် တန်ခိုးစွမ်းအားရှင် ၊ ကြယ်ခြေလက်ဝါးသခင် ‘ကွမ်းလီတဲ့’။

ကြယ်စင်ရောင်များဖြင့် ဧရာမလက်ကြီးတစ်ဖက်က ကောင်းကင်ထက်တွင်ရပ်တန့်သွားသည်။ ပြီးမှ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး လူရွယ်စာပေသမားတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။

ထိုသူက ဝါဒတောင်ကို ခေါင်းငုံ့ကြည့်ရင်း...

“ရန်ကျောက်ကဲ ရှိသလား...”

ကွမ်းလီတဲ့ ဤနေရာသို့ ရုတ်တရက်ရောက်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများရပ်တန့်သွားသည်။ ဖိတ်ကြားမထားဘဲ ရောက်ရှိလာသောဧည့်သည်တော်ကြောင့် တာ့ရွှမ်တိုင်းပြည်ရော ဝါဒတောင်ပါ သတိရှိနေကြသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကွမ်းလီတဲ့မေးခွန်းကိုဖြေကြားရန် ဟန်ပြင်လိုက်သော်လည်း ရန်တိက အရင်ဆုံးဝင်ပြောလိုက်၏။

“ငါ့ရဲ့သား ‌ကျောက်ကဲကိုရှာတာ ဘာကိစ္စများရှိလို့လဲ”

ပြောရင်း သူက ဧကရာဇ်ရွှမ်ချန်ကို တစ်ချက်ရိုက်ထုတ်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်ရင်း ကွမ်းလီတဲ့ကို ကြည့်လိုက်သည်။

တန်ပြန်မေးခွန်းထုတ်လိုက်သော်လည်း တစ်ဖက်လူရောက်ရှိလာရသည့်အကြောင်းရင်းကို ရန်တိက အကြမ်းဖျင်းခန့်မှန်းမိထားသည်ပင်။

ရန်ကျောက်ကဲ ယိုးမင်ဧကရာဇ်ဂူဗိမာန်ကိုရှာဖွေစဉ်တုန်းကလည်း ဤပုဂ္ဂိုလ်က လှုပ်ရှားမှု ပြုခဲ့ဖူးသည်။

ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်း လှည့်စားခြင်းကို ခံခဲ့ရပြီးနောက် ၊ နောက်ပိုင်းတွင် သူက ယိုးမင်ဂိုဏ်းကို လက်စားချေခဲ့သည်။

လင်ဟန့်ဟွာကြောင့်သာမဟုတ်ပါက ကွမ်းလီတဲ့ကြောင့် ယိုးမင်ဂိုဏ်းတစ်ခုလုံး သုတ်သင်ရှင်းလင်းခံရနိုင်ခြေ ရှိသည်ပင်။

ရန်ကျောက်ကဲလက်ထဲတွင် ယိုးမင်ဂမ္ဘီရစက်ဝန်းရှိနေကြောင်းကို ကွမ်းမင်ဂိုဏ်းက ကျူတောပင်လယ်ဒေသတစ်ခုလုံးသို့ သတင်းဖြန့်ခဲ့သည်။

ဝါဒတောင်ကလည်း ထိုကိစ္စကို ခြွင်းချက်မရှိ မငြင်းဆန်ခဲ့ပေ။

တာ့ရွှမ်တိုင်းပြည်နှင့် ရင်ဆိုင်ရန် အလုပ်ရှုနေရသဖြင့် လောလောဆယ်တွင် ထိုအကြောင်းများကို အာရုံစိုက်ရန် အချိန်မရှိခဲ့ပေ။

သို့ဖြစ်ရာ ကွမ်းလီတဲ့ ဤနေရာတွင် ရုတ်တရက်ပေါ်လာသည့် အကြောင်းရင်းက ထင်ရှားနေပေပြီ။

ကွမ်းလီတဲ့က...

“မင်းက ရန်ကျောက်ကဲအဖေလား ၊ သူ့ကိုယ်စားစကားပြောလို့ရမလား”

ရန်တိကိုကြည့်လိုက်တော့ ကွမ်းလီတဲ့၏မျက်ဝန်းများ အနည်းငယ်လှုပ်ရှားသွားသည်။

“သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ပဲရှိသေးတယ် သိုင်းသူတော်စင် အဋ္ဌမအဆင့်ကို ဖိနှိပ်ထားနိုင်တာပဲ ၊ တွေ့ရခဲတယ် တွေ့ရခဲတယ်”

ရန်တိက...

“ချီးကျူးလွန်းနေပါပြီ”

ကွမ်းလီတဲ့၏အကြည့်က ဝိညာဉ်နယ်မြေတစ်ခုလုံးအား လွှမ်းခြုံသွားပြီး သူက ဖြည်းညင်းသည့်လေသံဖြင့်...

“တည့်တည့်ပဲပြောတော့မယ် ၊ ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ အမတမှော်ဝင်ပစ္စည်း ငါ့ကိုထုတ်ပေးစမ်း ၊ မင်းတို့ ဝါဒတောင် အခုရင်ဆိုင်နေရတဲ့တိုက်ပွဲကို ငါ ကူညီပေးမယ်”

All Chapters