← Chapters

ရန်ကျောက်ကဲ၏နတ်ဘုရားသိမြင်ခြင်း

Vol. 62 Ch. 875

ရန်ကျောက်ကဲ၏နတ်ဘုရားသိမြင်ခြင်း

Vol. 62 Ch. 875

အခန်း (၈၇၅) ရန်ကျောက်ကဲ၏နတ်ဘုရားသိမြင်ခြင်း

ရန်တိဦးဆောင်သော ထိုက်ယီချိုးဖျက်အစီအရင်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားဦးဆောင်သည့် ထိုက်ယီချိုးဖျက်အစီအရင်ထက် ပိုမိုစွမ်းအားမြင့်မားသည်။

တာအိုဆရာ’ရှီ’ သည် မိုးမြေနက္ခတ်အစီအရင်ကို အသက်သွင်းခဲ့သော်လည်း ယခုအကြိမ်မှာတော့ အချိန်တိုအတွင်း ဖြေရှင်းရန် ခက်ခဲလျှက်ရှိသည်။

ထိုက်ယီချိုးဖျက်အစီအရင်ကြောင့် ရန်တိ၏အရှိန်အဟုန်က တစ်ဖန်ပြန်လည် မြင့်တက်လာ၏။

တာအိုဆရာ’ရှီ’ မျက်မှောင်ကြုံ့လိုက်သည်။ သူက ဗလာနယ်ကိုပိုင်းခြားလိုက်ပြီး အားကုန်သုံးကာ မိုးမြေနက္ခတ်အစီအရင်ကို အပြည့်အဝ ချဲ့ထွင်လိုက်သည်။

ဧကရာဇ်ရွှမ်ချန်တို့အုပ်စုမှာ မတူညီသော ဗလာနယ်ထဲတွင်ရှိနေပြီး ထိုက်ယီချိုးဖျက်အစီအရင်ဖြင့် ကာကွယ်ထားနိုင်စွမ်းမရှိသည့် ဝါဒတောင်နေရာအသီးသီးကို တိုက်ခိုက်နေကြသည်။

အစီအရင် (၂)ခုက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ရိုက်ခတ်ပြီးနောက် မိုးမြေတစ်ခွင်တုန်လှုပ်သွားသည်။

အားလုံးအလယ်တွင် ရန်တိက စတင်လှုပ်ရှားလိုက်ပြီး သူ၏ဓားချက်က အခြားသူများထက်မြန်ဆန်ကာ အရပ်မျက်နှာတိုင်းသို့ ပျံ့နှံ့သွားသည်။

ဝါဒတောင်ကို ကာကွယ်ပေးနေသည့် အစီအရင်အတွင်းမှ သူက ထွက်လာနိုင်ခြင်းမရှိသော်လည်း ရန်ကျောက်ကဲ၏လမ်းညွှန်မှုအတိုင်း ဓားအလင်းတန်းက မိုးမြေနက္ခတ်အစီအရင်၏ ထိုက်ယိကြယ်စင်အနေအထားဆီသို့ အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တာအိုဆရာ’ရှီ’ က အခု ‘မုန်တိုင်းမွှေလိပ်’ ကို ကိုယ်တိုင်ကိုယ်ကျ ထိန်းချုပ်နေပြီး ထိုက်ယီကြယ်စင်နေရာကို သိမ်းပိုက်ရင်း ရန်တိ၏ဓားသွားကို ဟန့်တားကာ မိုးမြေနက္ခတ်အစီအရင် လည်ပတ်မှုကို သေချာစေသည်။

သို့သော် သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့် ‘မုန်တိုင်းမွှေလိပ်’ ကိုကာကွယ်ထားသည့်တိုင် ရန်တိ၏ဓားချက်ကို ကြံ့ကြံ့ခံရန်မှာ ခက်ခဲနေဆဲပင်။

ရန်တိက ဝါဒတောင်မှ ခြေတစ်လှမ်းမခွာဘဲ တာအိုဆရာ’ရှီ’ ကို ထိန်းထားနိုင်ခဲ့သည်။

ဒါကိုမြင်တော့ ကွမ်းလီတဲ့၏မျက်ဝန်းများက တည်ကြည်လေးနက်သွား၏။

သူက ဝါဒတောင်ကို ငုံ့ကြည့်လိုက်ပြီး ဖြည်းညင်းစွာဖြင့်...

“ဒီလိုကျင့်ကြံခြင်းအဆင့်နဲ့ ဒီလိုတန်ခိုးစွမ်းအားမျိုးရဖို့ဆိုတာ လွယ်တော့မလွယ်ဘူး ၊ သူက တကယ့်ပါရမီရှင်ပဲ”

“မင်းရဲ့အရည်အချင်းတွေ နှမျောစရာကောင်းလိုက်တာ ၊ ငါ မင်းကိုလုံးဝမသတ်ချင်ဘူး ၊ နောက်ဆုံးအကြိမ် ထပ်မေးမယ် ၊ အမတမှော်ဝင်ပစ္စည်းကို မင်းတို့တွေ ငါ့ဆီအပ်ကြမှာလား”

ရန်တိက ကွမ်းလီတဲ့ကိုကြည့်ရင်း တည်ငြိမ်စွာဖြင့်...

“ဘာတွေပြောနေတာလဲ ၊ လာတိုက်... စကားများမနေနဲ့”

ကွမ်းလီတဲ့က ရန်တိကို အေးစက်စွာကြည့်ရင်း...

“အရည်အချင်းရှိလို့ နှမျောမိပေမယ့် မင်းက ကိုယ့်သေလမ်းကိုယ်ရှာနေတယ် ၊ မင်းလိုလူမျိုးတွေက လူကြားထဲကြာကြာနေမှာမဟုတ်ဘူး ၊ မဟုတ်ရင် နောင်တစ်ချိန် ပြဿနာအကြီးအကျယ်တက်လာလိမ့်မယ်”

ထို့နောက် သူ၏ဦးခေါင်းထက်တွင် ကြယ်စင်များစုဝေးလာပြီး တောက်ပသည့်ကြယ်စင်သရဖူတစ်ခု ထွက်ပေါ်လာသည်။ တစ်ခဏအတွင်း ကောင်းကင်ထက်မှ ကြယ်စင်ရောင်များက မှိန်ဖျော့သွားသည်။

ကွမ်းလီတဲ့သည် ဝါဒတောင်သို့ရောက်လာသော ကြယ်စင်အရှင်သခင်နှင့် ဆင်တူသည်။

သိုင်းသူတော်စင် နဝမအဆင့်ကျင့်ကြံသူတစ်ယောက်က အဆင့်မြင့်အထွတ်ထိပ်မျော်ဝင်ပစ္စည်းတစ်ခုကို ကိုင်ဆောင်လိုက်ခြင်းပင်။

ဤသို့သောအဆင့် ကျ့င်ကြံသူတစ်ယောက်က အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိုင်ဆောင်လိုက်သည့်အခါ အစောပိုင်း ကန့်သတ်ချက်များကို ကျော်လွန်ပြီး နားမလည်နိုင်လောက်အောင် တန်ခိုးစွမ်းအားများ မြင့်တက်လာကြသည်။

ရန်တိသည် ထိုက်ယီချိုးဖျက်အစီအရင်၏အကူအညီဖြင့် ကွမ်းလီတဲ့နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်ထင်မှအလင်းတန်းများ တဟုန်ထိုးတောက်လောင်နေသော်လည်း ရန်တိက တုန်လှုပ်ခြင်း မရှိပေ။

သို့သော် ထိုအချိန်တွင် တာအိုဆရာ’ရှီ’ ၊ ဧကရာဇ်ရွှမ်ချန်နှင့် အခြားသော တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများကလည်း အဆက်မပြတ်တိုက်ခိုက်နေကြသည်။

တာအိုဆရာ’ရှီ’ ဆိုသည်က အစီအရင်ပညာ အလွန်ကျွမ်းကျင်သူ ဖြစ်သည်။

ထိုက်ယီချိုးဖျက်အစီအရင်ကို သူ လျင်မြန်စွာ မချေဖျက်နိုင်သော်လည်း ၎င်း၏ လည်ပတ်မှုကို ကြီးကြီးမားမား အနှောင့်အယှက် ပေးနိုင်သေးသည်။

တာ့ရွှမ်တိုင်းပြည်မှ အခြားသော သိုင်းကျင့်ကြံသူများ၏တိုက်ခိုက်မှုများက ဝါဒတောင်ထက်သို့ ကျဆင်းနေဆဲဖြစ်ပြီး ကောင်းကင်ကိုလွှမ်းခြုံပြီး မြေပြင်ကိုကာဆီးထားသည်။

ထိုခဏတွင် ဝါဒတောင်သည် လှိုင်းထန်နေသော ပင်လယ်ပြင်ထက်မှ တစ်ခုတည်းသော ရွက်လှေတစ်စင်းနှင့် ဆင်တူသည်။

ဤနေရာတွင် မိုးမြေပြောင်းပြန်လန်သွားစေမည့် တိုက်ပွဲကြီးဖြစ်ပွားနေကြောင်း သိရှိသည့်တိုင် ကွမ်းလီတဲ့က ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ အတွက် ရောက်လာခဲ့သည်။

သို့သော် အမှန်တကယ်တော့ ရန်ကျောက်ကဲနှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းသည် ဝါဒတောင်တွင် ရှိမနေခဲ့ပေ။

တာ့ရွှမ်တိုင်းပြည်က ထိုအချက်ကို သိရှိသောကြောင့် ရှန်လင်ကျီနှင့် ခန်းဖင်းတို့က ရန်ကျောက်ကဲကို ရှာဖွေရန်အတွက် ကျူတောပင်လယ်ဒေသ တောင်ဘက်သို့ ထွက်ခွာသွားကြခြင်း ဖြစ်၏။

ကွမ်းလီတဲ့က  ဒါကို နားမလည်သလို ရန်ကျောက်ကဲက သိုင်းသူတော်စင် တတိယအဆင့်မှာပင် ရှိသေးသည်ဟု ထင်မှတ်နေခဲ့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ အခြေအနေများကိုအာရုံခံရင်း တစ်ချက်ပြုံးလိုက်လေသည်။

***

ကျူတောပင်လယ်ဒေသ တောင်ပိုင်း ၊ ဇာမဏီနယ်မြေ။

ဤနေရာမှ ကောင်းကင်အက်ကွဲကြောင်းတွင် ပုံမှန်မဟုတ်သောအဖြစ်အပျက်များ ဖြစ်ပျက်ပြီးသည့်နောက် တာ့ရွှမ်တိုင်းပြည်က ဤနေရာကို စောင့်ကြည့်ရန်အတွက် ကာကွယ်သူအရှင်သခင် (၄)ပါးတွင် တစ်ယောက်ဖြစ်သော အရှင်သခင်’ကျန်း’ ကိုစေလွှတ်ခဲ့သည်။

ကောင်းကင်အက်ကွဲကြောင်းတည်ရှိရာနေရာသို့ အလျှင်အမြန် ရောက်ရှိသွားပြီးနောက် ဝိညာဉ်နယ်မြေတွင် ဝါဒတောင်ကိုတိုက်ခိုက်ရန် ပြင်ဆင်နေသော ရှန်လင်ကျီ ၊ ဧကရာဇ်ရွှမ်ချန်နှင့် တာအိုဆရာ’ရှိ’ တို့ကို လူလွှတ်ပြီး သတင်းပေးပို့ခဲ့သည်။

သူ ကောင်းကင်အက်ကွဲကြောင်းသို့ရောက်ရှိသည့်အခါ အလင်းတိုင်လုံးကြီးတစ်ခု ကောင်းကင်ထိတိုင်မြင့်တက်နေသည်ကိုတွေ့ရှိရသည်။

ဗလာနယ်ထက်မှ ကောင်းကင်အက်ကွဲကြောင်းက ပြန်လည်ပျောက်ကွယ်နေပြီဖြစ်ပြီး မိုးမြေတစ်ခွင်ကြားတွင်ရှိနေသာ အလင်းတန်းကြီးထဲတွင် ပုံရိပ်တစ်ခု ရှိနေသည်။

ထိုပုံရိပ်က အဖြူရောင်အဝတ်အစားများဝတ်ဆင်ထားပြီး အနက်ရောင်အနားသပ်များပါရှိသည့် အပြာရောင်ဝတ်ရုံကို ခြုံလွှမ်းထားသော လူငယ်တစ်ယောက်သာပင်။

လူငယ်လေး၏ ရှေ့တွင် ကြီးမားသော သုံးမြှောင့်ထောက် အဂ္ဂိရတ်မီးဖိုကြီးတစ်ခုရှိနေပြီး ခရမ်းရောင်နှင့်ရွှေရောင်အခိုးအငွေ့များ ထွက်ပေါ်နေသည်။

ထိုအဂ္ဂိရတ်မီးဖိုကြီးထက်မှာတော့ အနက်ရောင်မီးဖိုငယ်တစ်ခု ရှိနေသည်။

မီးပြင်းဖို (၂)ခုက အဖုံးပွင့်ဟနေပြီး သူတို့၏အဝများက မျက်နှာချင်းဆိုင်ထားသည်။ မီးဖို (၂)ခု ဤသို့တွဲစပ်ထားသည်မှာ အနည်းငယ်တော့ ထူးဆန်းနေဟန် ရှိ၏။

ကာကွယ်သူအရှင်သခင်’ကျန်း’ သည် လူငယ်၏အသွင်အပြင်ကို ဒီထက်ပိုပြီး မရင်းနှီးနိုင်တော့ပေ။

လက်ရှိတွင် ကျူတောပင်လယ်ဒေသတစ်ခူလုံးတွင် သူ့အကြောင်း မသိသူ မရှိပေ။

ဝါဒတောင်မှ ‘ရန်ကျောက်ကဲ’။

“သူက အရင်တုန်းက သမုဒ္ဒရာကမ္ဘာကလား...”

ကာကွယ်သူအရှင်သခင်’ကျန်း’ စိတ်ထဲမချိ ဖြစ်သွားသည်။

"သူက အဲဒီနေရာမှာ နတ်ဘုရားသိမြင်ခြင်းဆိုတာကိုနားလည်သဘောပေါက်ပြီး သိုင်းသူတော်စင် စတုတ္ထအဆင့်ကိုရောက်ပြီး အထက်ဘုံကမ္ဘာကိုတက်လယတာလား"

ကာကွယ်သူအရှင်သခင်"ကျန်း" က သိုင်းသူတော်စင် ဆဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ဖြစ်သည်။ သို့သော် လက်ရှိမှာတော့ စိတ်ပူပန်လျှက် အနားမရနိုင် ဖြစ်နေသည်။

ရန်ကျောက်ကဲကိုမဆိုနှင့် ၊ သူ၏ဖခင်ဖြစ်သူ ရန်တိ အထက်ဘုံကမ္ဘာသို့တက်လာစဉ်က သိုင်းသူတော်စင် အဌမအဆင့်ရှိသော ဧကရာဇ်ရွှမ်မုကို သတ်ဖြစ်ပစ်ပြီး နာမည်ကျော်ကြားလာခဲ့သည်။

ထိုစဉ်က ဧကရာဇ်ရွှမ်မု ဒဏ်ရာရထားသည်မှန်သော်လည်း ရန်တိ၏ စွမ်းအားကြီးမားမှုက ငြင်းဆန်မရအောင်ထင်ရှားသည်။

ကာကွယ်သူအရှင်သခင်"ကျန်း" က ဧကရာဇ်ရွှမ်မုထက်ပင် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသည်မှာ အံ့သြစရာ မရှိပေ။

သူက ရန်ကျောက်ကဲကို အဝေးမှပင် စူးစမ်းရန် ဆုံးဖြတ်ခဲ့ပြီး ရှန်လင်ကျီနှင့် ဧကရာဇ်ရွှမ်ချန်တို့ ကိုင်တွယ်ရန် ထားရစ်ခဲ့မည်ဟု ဆုံးဖြတ်ထား၏။

ကာကွယ်သူအရှင်သခင်"ကျန်း" တွေးတောနေစဉ်မှာပင် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များမှ အလင်းရောင်များတောက်ပလာသည်ကို တွေ့ရသည်။

သူ့ကိုကြည့်ရသည်မှာ ကြယ်ရောင်စုံသော ကောင်းကင်ပြင်ကြီး လင်းလက်နေသည့်ပမာ ထင်မှတ်ရ၏။

ကာကွယ်သူအရှင်သခင်’ကျန်း’ မှာ မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြစ်သွားပြီး...

“ကြယ်ရောင်တွေတောက်ပနေတာပဲ ၊ ဒါက နတ်ဘုရားသိမြင်ခြင်းကနဦးအဆင့်ကနေ နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့်ကို ဦးတည်နေတာပဲ ၊ ဒါပေမယ့် ဒီ ရန်ကျောက်ကဲက နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်ကို ရောက်ပြီးအခုပဲ အထက်ဘုံကမ္ဘာကိုတက်လာတာ မဟုတ်ဘူးလား"

ဤလူငယ်သည် အလွန်တိုတောင်းသောအချိန်ကာလအတွင်း သွေးကြောဆုံချက်အားလုံးကို တပြိုင်တည်း သို့မဟုတ် ဆက်တိုက်ဆိုသလို သန့်စင်နိုင်ခြင်းမရှိပါက နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်သို့ တက်ရောက်နိုင်မည် မဟုတ်ပေ။

"ပြီးတော့ ကြယ်စင်ရောင်တွေ ဒီလိုတောက်ပနေတာက ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ဖြစ်ရမှာ ၊ အပြင်လူတွေ မမြင်နိုင်ဘူး ၊  ဒါပေမဲ့ သူက ကြယ်ရောင်တွေ ဒီလောက်လင်းလက်နေတာ သူ့ရဲ့တန်ခိုးစွမ်းအားက ဘယ်လောက်များပြားပြည့်လျှံနေမလဲ တွေးကြည့်လို့တောင်မရဘူး"

တိုက်ခိုက်ခြင်းမပြုဘဲ  အဝေးမှ ကြည့်နေရုံဖြင့် ကာကွယ်သူအရှင်သခင်"ကျန်း" မှာ ခြေဖဝါးအောက်ခြေမှ ငယ်ထိပ်အထိ ရေခဲပန်းပုရုပ်ပမာ အေးစက်တောင့်တင်းသွားရသည်။

သိုင်းကျင့်ကြံသူများ ကျင့်ကြံခြင်းအဆင့်တက်သည့်အခါ အခြားသူများ နှောက်ယှက်မည်ကို စိုးရွံ့ကြသည်။ အကြောင်းမှာ ထိုသို့သောအချိန်က အလစ်ချောင်းတိုက်ခိုက်ရန် အကောင်းဆုံးအချိန် ဖြစ်နေသောကြောင့်ပင်။

ရန်ကျောက်ကဲသည်လည်း ထို့အတူပင် ဖြစ်၏။

သို့သော် သူ့ရှေ့မှမြင်ကွင်းကိုကြည့်ရင်း ကာကွယ်သူအရှင်သခင်’ကျန်း’ အရမ်းကာရော မလှုပ်ရှားရဲပေ။

အဖြစ်အပျက်များက သူ၏ဆုံးဖြတ်ချက်အတိုင်း အမှန်တကယ်မဟုတ်ကြောင်း သက်သေပြနေပေသည်။

ရန်ကျောက်ကဲက သူ့မျက်စိရှေ့မှာပင် အတားအဆီးများကိုကျော်ဖြတ်ကာ သိုင်းသူတော်စင် ပဉ္စမအဆင့်သို့ ရောက်ရှိသွားသည်ကို အဝေးမှ ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တွင် ထွက်ပေါ်နေသည့် ကြယ်ရောင်အလင်းတန်းများ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားသည်။

လေထုထဲသို့လှမ်းဝင်လိုက်သော ရန်ကျောက်ကဲ၏အသွင်သဏ္ဍန်သည် သိုင်းပညာမလေ့ကျင့်ဖူးသော သာမန်လူတစ်ယောက်ကဲ့သို့ပင်။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကာ ပြုံးလိုက်ပြီး အဝေးတွင်ရှိနေသည့် ကာကွယ်သူအရှင်သခင်"ကျန်း" ရှိရာသို့ ဆင်းသက်လိုက်သည်။

ကပ်ဘေးတစ်ခု သူ့ဆီရောက်လာသည့်အလား ကာကွယ်သူအရှင်သခင်"ကျန်း" ၏ စိတ်နှလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။

ရန်ကျောက်ကဲကို သူလျှိုလုပ်ခြင်းသည် အောင်မြင်မည်မဟုတ်ကြောင်း ချက်ခြင်းသဘောပေါက်သွားပြီး သူဆက်နေပါက အသက်ပျောက်မည် ဖြစ်၏။

တစ်ချက်မတုံ့ဆိုင်းဘဲ ကာကွယ်သူအရှင်သခင်ကျန်းက လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်...

ရန်ကျောက်ကဲက နေရာမှာပင် မတ်တတ်ရပ်လိုက်ပြီး သူ၏မီးပြင်းဖို (၂) ခုကို သိမ်းဆည်းလိုက်သည်။

ထို့နောက် သူက ပြုံးလိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။

နောက်ခဏမှာတော့ ရန်ကျောက်ကဲက ကာကွယ်သူအရှင်သခင်ကျန်း၏ နောက်ကျောဘက်သို့ ရောက်ရှိသွားလေသည်။

All Chapters