အပိုင်း(၅၁၀)
Vol. 34 Ch. 510
သွေးနီရောင်မီးတောက်ဒိုင်းမှာပြင်းထန်သောအသံလှိုင်းတို့အောက်၌ရုတ်ခြည်း
ဖျက်ဆီးခံလိုက်ရသည်။
“အား..အား.အား.အား.အား..အား..”
ရှစ်ဖုန့်၏နောက်၌ရှိနေသောကျိမို့မှာအသံလှိုင်းများကသူ့ထံသို့လာနေသည်အား
တွေ့လိုက်ရသောအခါတွင် ကြောက်လန့်တကြားအော်ဟစ်လိုက်၏။
“ကောင်းကင်ဘုံမိုးကြိုး ဓား ပညာရပ်ပထမလှုပ်ရှားမှု တားဆီးခြင်း”
သွေးသောက်ဓားက ရှစ်ဖုန့်၏လက်အတွင်း၌ပေါ်လာ၏။ထို့နောက် သွေးသောက်ဓားထံမှ အဖြူရောင်မိုးကြိုးလျှပ်စီးတို့ပေါ်လာသည်။ ရှစ်ဖုန့်က သွေးသောက်ဓားအားရေပြင်ညီအတိုင်းကိုင်၍ သူ၏ရှေ့၌ အဖြူရောင်မိုးကြိုးလျှပ်စီး နံရံတစ်ခုဖြစ်ပေါ်စေလိုက်သည်။
ဤအခိုက်အတန့်တွင် ပင်လယ်လှိုင်းလုံးများကဲ့သို့သော အသံလှိုင်းများက ရှစ်ဖုန့်ထံသို့ပြန်းထန်စွာဖြင့်ရိုက်ခတ်လာ၏။
“အား”
အသံလှိုင်း၏သက်ရောက်မှုအားရင်ဆိုင်ရင်း ရှစ်ဖုန့်၏မျက်နှာထက်တွင် ခက်ထန်မှုတို့ဖြစ်ပေါ်လာသည်။ သူကအံကိုတင်းတင်းကြိတ်၍ နောက်သို့အတင်းအကျပ်ဆုတ်ခွာရင်း အော်ဟစ်လိုက်သည်။
ခြေနှစ်လှမ်းခန့်ဆုတ်ပြီးနောက် ရှစ်ဖုန့်ကျယ်လောင်စွာထပ်မံ
အော်ဟစ်လိုက်သည်။သူ၏အမူအယာက ခက်ထန်နေပြီး သွေးသောက်ဓားအားပို၍တင်းကျပ်စွာဆုပ်ကိုင်ထား၏။ သူ့ရှေ့ရှိ အဖြူရောင်လျှပ်စီးတံတိုင်းအား အသံလှိုင်းတို့ကို တားဆီးရန်အသုံးပြုလိုက်သည်။
“ဘန်း”
ရုတ်တရက် ကျယ်လောင်သောပေါက်ကွဲသံ
တစ်ချက်ထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏သွေးသောက်ဓားမှ
ပေါက်ကွဲဖြစ်ပေါ်လာသော အဖြူရောင်လျှပ်စီးကြောင်းများက ပြင်းထန်သောအသံလှိုင်းတို့၏
သက်ရောက်မှုအောက်၌ပျောက်
ကွယ်သွားသည်။ ထို့နောက် ပြင်းထန်သော
အသံလှိုင်းတို့က တောက်ပသောသွေးနီရောင်အလင်း
တို့လင်းလက်နေသည့် ရှစ်ဖုန့်အားထိမှန်သွား၏။
“အား..အား..အား”
အသံလှိုင်း၏သက်ရောက်မှုအောက်တွင်ရှစ်ဖုန့် နာကျင်စွာညည်းညူလိုက်သည်။ ရှစ်ဖုန့်ကသွေးသောက်ဓားအားအဝေးသို့ထားလိုက်၏။ သူ၏လက်မောင်းတို့အား သူ၏ရှေ့၌ယှက်လိုက်ပြီး သူ၏စွမ်းအားအားလုံးကို သွေးနီရောင်ချပ်ဝတ်ပေါ်၌စုစည်းလိုက်သည်။ ကောင်းကင်ဘုံမိုးကြိုးဓားက ကျိုးပျက်သွားသည်။ထို့ကြောင့် သူ့အနေဖြင့် ဤတိုက်ခိုက်မှုအားခုခံရန်အတွက် ဧကရာဇ်အဆင့် သွေးနီရောင်ချပ်ဝတ်အပေါ်၌သာ
အားထားရသည်။
အသံလှိုင်း၏သက်ရောက်မှုအောက်၌ ရှစ်ဖုန့်၏မျက်နှာနှင့်လက်တို့ရှိအရေပြားတို့ကအက်ကွဲလာသည်။ သိပ်သည်းသောသွေးလွှမ်းသည့် ဒဏ်ရာဒဏ်ချက်များ ကသူ၏အရေပြား၌ ပင့်ကူအိမ်ကဲ့သို့ဖြစ်ပေါ်လာ၏။
“အား..ရှစ်ဖုန့်လေး”
ကျိမို့မှာ အသံလှိုင်းအားခုခံနေသာရှစ်ဖုန့်ကို
ငေးကြောင်ကြည့်နေမိသည်။ ရှစ်ဖုန့်၏ကြုံးဝါးသံနှင့်နာကျင်စွာ
ညည်းညူသောအသံတို့ကိုသူကြားရသည်ဖြစ်၏။ ရှစ်ဖုန့်ကသူ၏ရှေ့၌ရှိသည်ဖြစ်သည်။ သူ့ထံသို့သိမ်းကျုံးဦးတည်လာသော စွမ်းအားအားလုံးအား ရှစ်ဖုန့်တစ်ယောက်တည်းကကာဆီးထား၏။သူနှင့်ကျားဖြူကလုံးဝထိခိုက်ခြင်းမရှိပေ။
“အား”
ဤအချိန်တွင် ရှစ်ဖုန့်က သူ၏လက်တို့အားရုတ်တရက်ဖယ်
လိုက်ပြီးအော်ဟစ်လိုက်သည်။ ပြင်းထန်သောအသံလှိုင်းတို့ကနောက်ဆုံး၌ရှစ်ဖုန့်၏တားဆီးခြင်းခံလိုက်ရပြီး
ဟင်းလင်းပြင်ထဲမှပျောက်ကွယ်သွားသည်။
“ဝေါင်း”
အသံလှိုင်းတို့ပျောက်ကွယ်သွားပြီးနောက် ရှစ်ဖုန့်အောက်ရှိကျားဖြူက
ရုတ်တရက်ဟိန်းဟောက်လိုက်သည်။ ၎င်းက၎င်း၏အားအကုန်အသုံးပြု၍ အောက်ဘက်ရှိ နတ်ဆိုးသားရဲတောင်ခြေသို့ ဒေါင်လိုက်အတိုင်းပြေးလိုက်သည်။
ရှစ်ဖုန့်ကကျားဖြူ၏ကျောထက်၌
ဒယိမ်းဒယိုင်ဖြစ်နေသည်။ သူ၏တစ်ကိုယ်လုံးကပျော့ခွေသွားကာသူ၏ခွန်အားအကုန်ဆုံးရှုံးသွားပုံရသည်။
“နောက်ဆုံး….မင်းညီမကို..တားနိုင်ခဲ့….”
မင်းညီမကြီးကိုဟူသောစကားအား
ရှစ်ဖုန့်မပြောနိုင်ခင် ရှစ်ဖုန့်လုံးဝပျော့ခွေလာပြီး ကျားဖြူပေါ်သို့လဲပြိုကျသွားသည်။
“ရှစ်ဖုန့်လေး..ရှစ်ဖုန့်လေး..”
ရှစ်ဖုန့်လဲပြိုကျသွားသည်အားတွေ့ရသောအခါတွင် ကျိမို့ကအလန့်တကြားအော်လိုက်သည်။ သူ၏လက်တို့အားလျှင်မြန်စွာဆန့်ထုတ်၍ လဲပြိုကျလာသောရှစ်ဖုန့်အားဖမ်းလိုက်၏။
“ရှစ်ဖုန်လေး.ရှစ်ဖုန့်လေး.. ရှစ်ဖုန့်လေး..ထအုံး..
နင်အဆင်ပြေရမယ်နော်…”
ပြတ်ရာရှရာများဖုံးလွှမ်းနေသောရှစ်ဖုန့်က ကျိမို့၏လက်မောင်းအတွင်း၌ မေ့မြောနေသည်။ သူသေသည်ရှင်သည်အားမည်
သူကမျှမသိနိုင်ချေ။
“ဝေါင်း”
ဤအချိန်တွင် ခြင်္သေ့တစ်ကောင်၏ကြမ်းကြတ်သောဟိန်းသံကသူတို့၏အထက်မှ ထပ်မံ ထွက်ပေါ်လာ၏။ နေရာတစ်ခုလုံးရုတ်ခြည်းမှောင်ကျသွားသည်။
ကျိမို့ကမော့ကြည့်လိုက်ပြီး တောင်ငယ်လေးတစ်လုံးစာအရွယ်အစားရှိသောပုံရိပ်တစ်ခုသူတို့၏အထက်၌ပေါ်လာသည်ကိုတွေ့လိုက်ရသည်။၎င်းမှာခန့်ညား
သောရွှေရောင်ခြင်္သေ့တစ်ကောင်ဖြစ်၏။ ကောင်းကင်နှင့်မြေပြင်ကြားထဲရှိအလင်းရောင်အား ဤဧရာမပုံရိပ်ကြီးက ဆီးကာထားပြီး အောက်ဘက်သို့ အမှောင်ထုကိုသာချန်ရစ်ထားသည်။
ဤအချိန်တွင် ရွှေရောင်ခြင်္သေ့၏ဦးခေါင်းထက်ရှိခန့်ညားသောမျက်နှာအားမြင်ရသောအခါ ကျိမို့မှာထိတ်လန့်နေပြီး တူညီစွာကြီးမားသောထပ်တူညီသည့် ရွှေရောင်မျက်လုံးတစ်စုံက သူမအားစိုက်ကြည့်နေသည်ကိုတွေ့ရသည်။
ဤမျက်လုံးနှစ်လုံး၏အကြည့်အောက်၌ ကျိမို့မှာ စွမ်းအားမဲ့သလိုခံစားရပြီး ခုခံရန်ဘာစွမ်းအားကိုမှ ထုတ်ဖော်၍မရချေ။
“ဟမ်”
ဤအချိန်တွင် ဧရာမရွှေရောင်ခြင်္သေ့ကြီးက လူသားတစ်ယောက်ကဲ့သို့ အံ့အားသင့်သောအသံတစ်ခုပြုလုပ်လိုက်သည်။ ထို့နောက် ရွှေရောင်ခြင်္သေ့ကြီးက ၎င်း၏ခေါင်းအားမော့လိုက်ပြီး ရှေ့ရှိဟင်းလင်းပြင်သို့ကြည့်လိုက်သည်။
ရွှေရောင်ခြင်္သေ့၏အကြည့်က ရုတ်တရက်ရွှေ့ပြောင်းသွားပြီး ရုတ်တရက်သူ့၏တစ်ကိုယ်လုံး
ပေါ်ရှိဖိအားတို့ပေါ့ပါးသွားသည်ကို ကျိမို့ခံစားလိုက်ရသည်။ ဤအချိန်တွင်ကျားဖြူက အောက်ဘက်ရှိ အစိမ်းရောင်ပင်လယ်တစ်ခုကဲ့သို့ သိပ်သည်းသောသစ်ရွက်စိမ်းများထံသို့ တစ်ဟုန်ထိုးဦးတည်သွားပြီး သိပ်သည်းထူထပ်သောတော
အုပ်ထဲသို့ဝင်ရောက်လိုက်သည်။
ဟင်းလင်းပြင်ထဲတွင် ကြီးမားပြီးခမ်းနားသော ရွှေရောင်ခြင်္သေ့ကြီးက ရှေ့သို့စိုက်ကြည့်နေဆဲဖြစ်သည်။ ဤဦးတည်ချက်သို့ ခရမ်းရောင်ဆင်နဂါးအုပ်တစ်အုပ်က ပျံသန်းလာနေ၏။
ဗိုလ်ချုပ်ကျိရှောင်းကရှေ့ဆုံးမှနေ၍ပျံသန်းနေသည်။သူ၏မျက်လုံးတို့ကအေး
စက်နေပြီးသူ့ရှေ့ရှိ ရွှေရောင်ခြင်္သေ့ကြီးအား စိုက်ကြည့်နေ၏။ဤနဂါးဆင်အုပ်စုက လုံးဝရပ်တန့်မည့်အရိပ်အယောင်မပြချေ။ သူရှာနေသောလူက နတ်ဆိုးသားရဲတောင်ရှိတောအုပ်အတွင်းဝင်သွားသည်ကိုကျိရှောင်းတွေ့ပြီးဖြစ်သည်။
တောင်ငယ်လေးတစ်လုံးကဲ့သို့ ရွှေရောင်ခြင်္သေ့ကသူ၏လမ်းအား
ပိတ်ထားသည်ကိုတွေ့ရသောအခါတွင် ကျိရှောင်း၏လက်အတွင်းမှခရမ်းရောင် လှံရှည်ကိုထိုးညွှန်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“တိုက်”
ဟင်းလင်းပြင်တစ်ခုလုံး အေးစက်သောကြုံးဝါးသံများ
ကပဲ့တင်ထွက်ပေါ်လာသည်။
“တိုက်”
“တိုက်”
“တိုက်”
“တိုက်”
နဂါးဆင်စီးနင်းတပ်စစ်သည်ဆယ့်သုံးယောက်ထံမှ အော်ဟစ်သံများထွက်ပေါ်လာ၏။ ရုတ်ခြည်း နဂါးဆင်စီးနင်းတပ်စစ်သည်ဆယ့်သုံးဦးထံမှ သတ်ဖြတ်ခြင်းအရှိန်အဝါဆယ့်သုံးခုထွက်ပေါ်လာပြီး ကောင်းကင်ထဲသို့ထိုးတက်သွားသည်။သူတို့၏သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ကမြင့်တက်လာသကဲ့သို့ ရွှေရောင်ခြင်္သေ့အားရင်ဆိုင်လိုက်၏။
“ဝေါင်း”
၎င်း၏အာဏာအားစိန်ခေါ်ခံရသကဲ့သို့ ဤကမ္ဘာ၌ ပြင်းထန်သော ဟိန်းဟောက်သံကထပ်မံပေါ်ထွက်လာပြီး အချိန်အတော်ကြာရပ်တန့်ခြင်းမရှိပေ။
တောအုပ်ထဲတွင် ကျားဖြူ၏ ကိုယ်ပေါ်၌ကျိမို့၏နှစ်လိုဖွယ်ကောင်းသောကိုယ်လေးကထိုင်နေသည်။ကျားဖြူက ရှစ်ဖုန့်နှင့်ကျိမို့တို့အားသယ်ဆောင်၍ တောအုပ်အတွင်းထိုးဆင်းသွား၏။ နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်နှင့်အညီ ကျားဖြူမှာ နတ်ဆိုးသားရဲများ၏ဖိအားအားအရမ်း သတိထားသည်ဖြစ်သည်။ ၎င်းကတောအုပ်အတွင်းမှ အဆင့်ပိုမြင့်သောနတ်ဆိုးသားရဲများအားအာရုံခံမိထားပြီး ဤနေရာ၌ ပို၍စွမ်းအားကြီးမားသည့်နတ်ဆိုးသားရဲများရှိသည်ဖြစ်၏။ ဆန့်ကျင်ဘက်အားဖြင့် အောက်ဘက်ရှိနတ်ဆိုးသားရဲများက အနည်းငယ်အားပိုနည်းသည်ဖြစ်သည်။
ပြေးနေစဉ်တွင် ကျားဖြူက စွမ်းအားကြီးအရှိန်အဝါများဖြင့်
နတ်ဆိုးသားရဲများကို ပင်ကိုယ်အားဖြင့်ရှောင်ကွင်းသွားသည်။
ကျိမို့ကရှစ်ဖုန့်အားသူ၏ရင်ခွဲထဲ၌ဖေးမထား၏။သေလားရှင်လား မသေချာသော ရှစ်ဖုန့်အားကြည့်၍ ကျိမို့အဆက်မပြတ်အော်ပြောနေသည်။
“ရှစ်ဖုန့်လေး. ရှစ်ဖုန့်လေး. မသေပါနဲ့အုံး.မသေပါနဲ့..ရှစ်ဖုန့်လေး”
စကားပြောနေရင်း ကျိမို့ကရှစ်ဖုန့်အားအ
ဆက်မပြတ်လှုပ်ခါနေသည်။
“အား”
ကျိမို့၏လှုပ်ခါမှုအောက်တွင်မော့မြောနေသော ရှစ်ဖုန့်မျာ နာကျင်စွာညည်းလိုက်သည်။ ထို့နောက် သွေးစွန်းနေသောမျက်နှာထက်ရှိ ပိတ်နေသောမျက်လုံးတို့ဖွင့်လာသည်အား တွေ့ရသောအခါတွင်ကျိမို့ ဝမ်းမြောက်ပျော်ရွှင်သွား၏။
“အား..ရှစ်ဖုန့်လေး.မင်းနိုးလာပြီ.မင်းတကယ်မသေဘူးပဲ”
ရှစ်ဖုန့်နိုးလာသည်အားတွေ့ရသောအခါတွင် ကျိမို့ပျော်ရွှင်စွာပြောလိုက်သည်။ ထို့နောက်သူကပြောလိုက်၏။
“မင်းသတိရလာပြီး မသေတာကောင်းတယ်..မင်းအရင်လောက် ကြည့်မကောင်းတော့ပေမဲ့..မင်းအသက်ရှင်တယ်ဆိုရင်ပဲ ..ဒါကကောင်းတယ်”
ဆက်ရန်……….
ဘာသာပြန်သူ-ARISE