← Chapters

ထန်းဟန်၏ ကြောက်မက်ဖွယ် ကောင်းသော စရိုက်သဘာဝ

Vol. 80 Ch. 1109

ထန်းဟန်၏ ကြောက်မက်ဖွယ် ကောင်းသော စရိုက်သဘာဝ

Vol. 80 Ch. 1109

နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးသည့်နောက်တွင် နတ်ဘုရားနယ်မြေထဲရှိ နေရာ တော်တော်များများသည် သိသိသာသာ ပြောင်းလဲသွား၏။ နတ်ဘုရာဂူသင်္ချိုင်းတောင်ကြားပင် မရှိတော့ချေ။ သို့သော် ၎င်းနည်းတူ ကျော်ကြားသည့် ထောင်ထျဲ့တောင်ကြားသည်ကား များများစားစား ပြောင်းလဲသွားခြင်း မရှိချေ။

ယခင်တစ်ခေါက် ထောင်ထျဲ့တောင်ကြားမှ မိုဝူကျိ ထွက်ပြေးလွတ်မြောက်ခဲ့စဉ်က ထောင်ထျဲ့တောင်ကြားအတွင်းရှိ ဧရာမ အပေါက်ဝကြီးတစ်ခု၏ မြိုချခြင်းကို ခံရတော့မလိုတောင် ဖြစ်ခဲ့ရသည်။ ခွန်းယွင်၏ ပြောစကားများအရ ထောင်ထျဲ့တောင်ကြား၌ ပုန်းအောင်းနေသော နတ်ဘုရားအာဏာစက်ကို ပိုင်ဆိုင်ထားသည့် ရက်စက်သူ တစ်ယောက် ရှိနေကြောင်း မိုဝူကျိက သိရှိခဲ့ရသည်။ သူ၏ နာမည်မှာ ထောင်ထျဲ့ဖြစ်ကာ သူက ထောင်ထျဲ့ဒယ်အိုးဟုခေါ်သည့် ကံကြမ္မာထိပ်သီး ရတနာတစ်ခုကိုပင် ပိုင်ဆိုင်ထားသည်။

(တရုတ်ဒဏ္ဍာရီများအရ ထောင်ထျဲ့သည် နဂါးဘုရင်၏ ပဉ္စမမြောက် သားတော် ဖြစ်သည်)

လက်ရှိအချိန်တွင် ထောင်ထျဲ့တောင်ကြားထဲ၌ ရက်စက်သည့် ထောင်ထျဲ့ မရှိတော့ချေ။ ထိုတောင်ကြား၌ ရှိနေသည့် တစ်ဦးတည်းသောသူမှာ မျက်လုံးပေါက် ကျဉ်းကျဉ်းနှင့် ပိန်ပိန်ပါးပါးလူတစ်ယောက် ဖြစ်သည်။ သူက အနီရောင် သရဖူကို ဆောင်းထားလျက် သုန်မှုန်နေသည့် မျက်နှာအမူအယာ ဖြစ်နေသည်။

ထိုသုန်မှုန်နေသည့်လူတွင် အားကောင်းလွန်းသည့် အရှိန်အဝါတစ်ခု ရှိနေသည်။ သံချေးတက်ပြီး ပေကျံနေသော ကျိုင်းတစ်ခုက ဤလူ၏ ရင်ဘက်ကို ဖြတ်ဖောက်လျက် သူ၏ ကျောဘက်မှ ထိုးထွက်နေသည်။

ဝါဖျော့ဖျော့ရောင် သွေးတို့က ဒဏ်ရာမှ စတင်စိမ့်ထွက်လာသည်။ လျို့ဝှက်ဆန်းကြယ်သော တာအိုအရှိန်အဝါတစ်ခုက သူ၏ဒဏ်ရာပတ်ပတ်လည်တွင် အဆက်မပြတ် ရစ်ဝဲလှည့်ပတ်နေသည်။

ထိုလူက မြောက်များစွာသော နတ်ဝိညာဉ်သွေးကြောတို့ကို ထုတ်ယူလိုက်သည်။ သွေးကြောတစ်ခုစီတိုင်းတွင် ဖန်ဆင်းမှု စွမ်းအားတို့ ပါဝင်နေသည်။ ထိုနတ်ဝိညာဉ်သွေးကြောတို့ကို စိုက်ထူပြီးသည့်နောက် သူက သူ၏ ပတ်ပတ်လည်တွင် ကာကွယ်ရေးအစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။ ထိုသို့လုပ်ပြီးသည်နှင့် သူက နတ်ဝိညာဉ်သွေးကြောပေါ်တွင် ထိုင်ချလိုက်ပြီးမှ သူ့ဘာသာသူ ကုစားရန် စတင်လိုက်သည်။

ဝိညာဉ်လှည့်ပတ်ခြင်း တစ်ခုပြီးသွားတိုင်း ကျိုင်းက နေရာနည်းနည်း ရွေ့သွား၏။ သူ၏ လက်ရှိနှုန်းအရ ဤကျိုင်းကို အပြည့်အဝ ဖယ်ထုတ်ရန် သူ့အတွက် နောက်ထပ် ၁၀ နှစ် အချိန်ယူရမည် ဖြစ်သည်။

ဤလူသည်ကား မုန့်ယဲ့ ပြောသည့် ဟွမ်တိဆိုသူ ဖြစ်၏။ လောလောဆယ်တွင် သူက  ထောင်ထျဲ့တောင်ကြားထဲ၌ ပုန်းအောင်းနေလျက် ဤသံချေးတက်နေသည့် ကျိုင်းအား ဖယ်ထုတ်ရန် ကြိုးစားနေလေသည်။

***

မိုဝူကျိနှင့် မုန့်ယဲ့တို့သည် နတ်ဘုရားကုန်းမြေထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် အချိန်နည်းနည်းကလေးမျှ မဖြုန်းကြချေ။ သူတို့က နိဗာန တိတ်ဆိတ်မှု ပင်လယ်ကို ကူးဖြတ်ပြီး ထောင်ထျဲ့တောင်ကြားသို့ သွားနိုင်ရန်အတွက် ကူးပြောင်းရေး အစီအရင်ဆီသို့ အလောတကြီး သွားလိုက်ကြသည်။

သူတို့တွေ သိပ်ဝေးဝေးမသွားနိုင်သေးခင် မိုးပေါ်မှ ဧရာမ လက်သီးကြီးတစ်လုံး ကျရောက်လာသည်ကို မြင်လိုက်ကြရသည်။ ဤလက်သီးမှာ အနည်းဆုံး မီတာ ၃၀ ကျယ်ဝန်း၏။

“ဘုန်း”

နတ်ဘုရားလောကသည် စတင်တုန်ခါလာပြီး အာကာပြင်သည် အပြင်းအထန်လှုပ်ခတ်လာသည်။ နတ်ဘုရားကမ္ဘာ၏ စည်းမျဉ်းများသည် သိပ်မကြာသေးခင်ကမှ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သို့သော် ဤလက်သီးက ထိုစည်းမျဉ်းများကို တဖန် ပြန်လျော့သွားအောင် ပြုလုပ်နိုင်သယောင် ထင်ရ၏။

မုန့်ယဲ့မှာ ကြောက်လွန်းသဖြင့် နေရာတွင် ရပ်တန့်သွားသည်။ မိုဝူကျိက မကြည်မသာ မျက်နှာဖြင့် ပျက်စီးသွားသည့် နေရာကို တွေတွေကြီး ကြည့်လိုက်သည်။

လက်သီးက မိုးကောင်းကင် နတ်ဘုရားမြို့ဟု အမည်ရသည့် နတ်ဘုရားမြို့တစ်မြို့ပေါ်သို့ ကျရောက်သွားသည်။ မိုးကောင်းကင် နတ်ဘုရားမြို့ထဲတွင် အချိန်အတိုင်းအတာတစ်ခု မိုဝူကျိက နေခဲ့ဖူးသည်။ ဤမြို့မှာ လက်သီးတစ်လုံးတည်းဖြင့် ယခုလို ပျက်သုန်းသွားပြီ ဖြစ်ကြောင်း သူက သိလိုက်သည်။

“ခွေးမသား…”

မိုဝူကျိက အကျယ်ကြီး အော်ဆဲလိုက်သည်။ သဟဇာတနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်ရှိ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဤကဲ့သို့လက်သီးမျိုး မထုတ်သုံးနိုင်မှန်း သူက သေချာသိသည်။

နတ်ဘုရားလောကအား မိုဝူကျိက သူ့ဘာသာသူ အခြေချရပ်တည်နိုင်ခဲ့သည့် နေရာဟူ၍ ယူဆနိုင်သည်။ သူ၏ လူသားဂိုဏ်းသည်လည်း နတ်ဘုရားလောကထဲတွင် တည်ရှိနေသည်။ ယနေ့ လူတစ်ယောက်က လက်သီးတစ်လုံးတည်းဖြင့် မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်ခဲ့သည်။ ကျန်းရှင်းမှ ကျူးချူအား သူက ပြန်လည်သတိရမိသွားသည်။ ကျူးချူသည်လည်း ထိုနည်းတူစွာ ရက်စက်ယုတ်မာကာ သူက ကျင့်ကြံရေးမြို့တစ်မြို့အား မျက်တောင်ပင်မခတ်ဘဲ အလွယ်တကူ ဖျက်ဆီးခဲ့သည်။

“ဒီလူက ခွေးမသား မဟုတ်ဘူး။ သူရဲ့နာမည်က ထန်းဟန်။ မင်း သူ့ကို သိချင်မှသိမှာ။ ဒါပေမဲ့ သူက…”

မုန့်ယဲ့က စကားကို ပြီးအောင်မပြောရသေးခင် မိုဝူကျိက အေးစက်စွာ ဖြတ်ပြောလိုက်သည်။

“ဆိုတော့ သူက ထန်းဟန်ပေါ့”

မုန့်ယဲ့က သူ၏ နဖူးကို သူရိုက်ကာ ပြန်ဖြေလိုက်သည်။

“ဟုတ်သားပဲ… မင်းက ခွန်းယွင်ကို သိမှတော့ ထန်းဟန်အကြောင်း ကြားဖူးထားမှာပေါ့”

မိုဝူကျိက ရှင်းမပြပေ။ ထန်းဟန်အကြောင်း သူ့ကို ပြောပြသည့်သူမှာ ခွန်းယွင် မဟုတ်ပေ။ ကျဲဟိန် ဖြစ်သည်။ ထို့အပြင် မိုဝူကျိ၏ လက်ထဲတွင် ထန်းဟန်၏ မိုးမြေမီးပြင်းဖို ရှိနေသည်။ ထန်းဟန်က မီးပြင်းဖိုအား ရှာနေသည်ကို သိသောကြောင့် မိုဝူကျိက ကျင့်ကြံရန်အတွက် နေရာတစ်နေရာကို အပူတပြင်း လိုက်ရှာနေခြင်း ဖြစ်သည်။ ကံကောင်းစွာပင် သူက သဟဇာနတ်ဘုရားအဆင့် ၁ သို့ ရောက်ပြီးသွားလေပြီ။

“ဘုန်း”

မုန့်ယဲ့ စကားပြောလို့ ပြီးသွားသည့်နောက်၌ နောက်ထပ် လက်သီးကြီးတစ်လုံးက ကျရောက်လာပြန်သည်။

ဤတစ်ကြိမ်တွင်ကား လက်သီးကြီးက မိုးကောင်းကင် နတ်ဘုရားမြို့ပေါ်သို့ မကျရောက်ပေ။ တခြား နတ်ဘုရားမြို့ပေါ်သို့ ကျရောက်သွားသည်။ သူ၏ ပတ်ဝန်းကျင်မှ အာကာပြင်လှုပ်ခတ်မှုများ ပြီးသွားသည့်နောက် နောက်ထပ် နတ်ဘုရားမြို့တစ်မြို့ ပျက်စီးသွားပြန်ပြီ ဖြစ်ကြောင်း မိုဝူကျိက သိလိုက်သည်။

“တာအိုရောင်းရင်းမုန့်… ခင်ဗျားရဲ့အင်အားက ဒီထန်းဟန်နဲ့ လက်ရေညီလား”

မိုဝူကျိက ပြောရင်း မုန့်ယဲ့ဘက်သို့ လှည့်လိုက်သည်။

မုန့်ယဲ့က ခေါင်းယမ်းလိုက်သည်။

“ထန်းဟန်က မိုးမြေမီးပြင်းဖိုလို့ခေါ်တဲ့ ကံကြမ္မာထိပ်သီး ရတနာတစ်ခုနဲ့ ဝိဇ္ဇာတစ်ယောက်။ ဒီလူရဲ့တိုက်ခိုက်စွမ်းရည်က အင်မတန် အံ့သြဖို့ ကောင်းတယ်။ ချောင်းမြောင်းလုပ်ကြံခံရတာတောင်မှ သူက ပကတိကိုယ်ထည် အပြည့်အစုံကို ရအောင် ထိန်းထားနိုင်ခဲ့သေးတယ်။ သူ့ရဲ့မိုးမြေမီးပြင်းဖိုကို ရှာလို့တွေ့သွားတာနဲ့ သူက ဝိဇ္ဇာစွမ်းအားတွေကို ပြန်ရသွားလိမ့်မယ်။

သူ့ရဲ့လက်ရှိအင်အားက ဝိဇ္ဇာတစ်ပိုင်း အလယ်အလတ်အဆင့်မှာ ရှိလောက်တယ်။ ကျုပ်က ဝိဇ္ဇာတစ်ပိုင်း အစောပိုင်းအဆင့်မှာပဲ ရှိနေတုန်း။ တကယ်တမ်းကျ ကျုပ် ဝိဇ္ဇာတစ်ပိုင်း အလယ်အလတ်အဆင့်မှာ ရှိနေရင်တောင်မှ ကျုပ်က သူ့ရဲ့ပြိုင်ဖက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး”

မုန့်ယဲ့က မိုဝူကျိ၏ စိတ်ထဲ ဘာတွေးနေမှန်း ခန့်မှန်းမိသဖြင့် သူက ထပ်ဖြည့်ပြောလိုက်သည်။

“တာအိုရောင်းရင်းမို… ဝိဇ္ဇာအဆင့်အောက်မှာ ရှိနေတဲ့ ဘယ်သူမဆို ပုရွက်ဆိတ် တစ်ကောင်ထက် မပိုဘူးဗျ။ မင်းက နတ်ဘုရားလောကကနေ လာတဲ့သူဆိုတော့ ဒီပျက်စီးသွားတဲ့မြို့တွေအတွက် ဒေါသထွက်မယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ ဒီဒေါသက မလိုအပ်ဘူးလို့ ကျုပ် ခံစားမိတယ်။ မင်း ဝိဇ္ဇာတစ်ပိုင်းအဆင့်ထဲ တက်လှမ်းပြီးသွားတဲ့အချိန်ကျရင် ဘာကြောင့် ကျုပ် ဒီလိုပြောရတာလဲ ဆိုတာနဲ့ ကျုပ် ပြောတာတွေ ဘာကြောင့်မှန်နေတာလဲ ဆိုတာကို မင်း နားလည်လာလိမ့်မယ်”

မိုဝူကျိက မုန့်ယဲ့ ပြောသည်ကို နားထောင်မနေပေ။ ထိုအစား သူက အကယ်၍ သူသာ ထန်းဟန်အား အလစ်ချောင်း တိုက်ခိုက်မည်ဆိုပါက အောင်မြင်နိုင်ချေ ရာခိုင်နှုန်းကို စဉ်းစားနေခြင်း ဖြစ်သည်။

မုန့်ယဲ့က ဆက်ပြောလိုက်သည်။

“တာအိုရောင်းရင်းမို… မင်းက ဒီနတ်ဘုရားမြို့တွေအတွက် စိတ်မကောင်းဖြစ်နေတာ မင်းရဲ့တာအိုနှလုံးသားအဆင့်က အဲ့ဒီ့အဆင့်ထိ မရောက်သေးလို့ပဲ။ ကျုပ် မင်းကို မေးမယ်။ မင်း လူသားတစ်ယောက် ဖြစ်နေတဲ့အချိန်တုန်းက လူတစ်ယောက်က ပိုက်ကွန်အပြည့် ငါးတွေ ဖမ်းနေတာကို မြင်ရင် မင်း စိတ်မကောင်းဖြစ်မိမှာလား”

“အဲ့ဒါတွေက မတူညီတဲ့ ကိစ္စတွေလေဗျာ”

မိုဝူကျိက ခပ်တိုးတိုးသာ ပြန်ဖြေလိုက်သည်။

မုန့်ယဲ့က အေးစက်စွာ ပြုံးလိုက်သည်။

“မဟာတာအိုအောက်မှာ သက်ရှိအားလုံးက ချွင်းချက်မရှိ တန်းတူညီတူပဲလေ။ ဒါက ဗုဒ္ဓဂိုဏ်းတော်သားတွေရဲ့ တာအိုအမြင်တွေပဲ။ အဓိပ္ပာယ်မရှိဘူးလို့ ထင်ရပေမဲ့ ဒါလည်းပဲ စကြဝဠာရဲ့ မဟာတာအိုတွေထဲက တစ်ခုပဲ။ ဒီဟာတွေက မတူတဲ့ကိစ္စတွေလို့ မင်းက ထင်ကောင်း ထင်နိုင်ပေမဲ့ ငါးတွေကတော့ ထင်မှာ မဟုတ်ဘူးလေ”

မိုဝူကျိ ပြန်ငြင်းသည်ကို မစောင့်ဘဲ မုန့်ယဲ့က ဆက်ပြောလိုက်သည်။

“အဲ့ဒီ့အပြင်ကို ကျုပ်တို့တွေ ပူးပေါင်းတိုက်ခိုက်ရင်တောင်မှ ထန်းဟန်ကို ကျုပ်တို့တွေ သတ်နိုင်မှာမဟုတ်ဘူး။ အများဆုံး ဒဏ်ရာရရုံလောက်ပဲ တတ်နိုင်မှာ။ ဝိဇ္ဇာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကြောင့် သူက ရန်လာစတာကို လုံးဝ သည်းခံမှာ မဟုတ်ဘူး။ သူ ပြန်ကောင်းလာတာနဲ့ နတ်ဘုရားမြို့ ၂ မြို့မပြောနဲ့ သူက နတ်ဘုရားလောက တစ်ခုလုံးကိုတောင် အပျောက်ရှင်းရင်တောင် ရှင်းပစ်လိမ့်မယ်”

မုန့်ယဲ့က တစ်ဖက်ပိတ် ပြောနေသည်ဟု မထင်သောကြောင့် မိုဝူကျိက စိတ်ကို ပြန်ငြိမ်အောင် လုပ်လိုက်သည်။

အစောပိုင်း၌ သူက သူ၏ သေမင်းထောင်ချောက်အစီအရင်ထဲသို့ မုန့်ယဲ့ကိုပါ ဆွဲထည့်ရန် စိတ်ကူးထားသည်။ ထန်းဟန်ကို လက်စဖျောက်ရန် သေမင်းထောင်ချောက် အစီအရင်ထဲတွင် မုန့်ယဲ့၏ အကူအညီကို သူက အသုံးချချင်ခဲ့သည်။ သို့သော် ဝိဇ္ဇာတစ်ယောက်သည် သာမန်ဝိဇ္ဇာတစ်ပိုင်းတစ်ယောက်က ရင်ဆိုင်ရန် မျှော်လင့်၍ မဖြစ်နိုင်သောသူမျိုး ဖြစ်သည်။ ယခင်တစ်ခေါက်က ထိုကြောက်မက်စရာ ကပ်ဆိုးကြီး ပြီးသွားပြီးသည့်တိုင်အောင် ဝိဇ္ဇာတစ်ဦး တစ်ယောက်မျှ မကျဆုံးခဲ့ပေ။

မိုဝူကျိတို့က ဝိဇ္ဇာတစ်ယောက်ထက် ပို၍အားကောင်းနိုင်ပါ့မည်လော… ဝိဇ္ဇာတစ်ယောက်ပင်လျှင် ထန်းဟန်နှင့် ရင်ဆိုင်နိုင်ပါ့မည်လော…

“သွားကြစို့… ဟွမ်တိကို ရှာဖို့ ထောင်ထျဲ့တောင်ကြားဆီကို အရင်သွားကြရအောင်”

မိုဝူကျိသည် နောက်ဆုံး၌ ထန်းဟန်နှင့် ရင်ဆိုင်တိုက်ခိုက်ချင်သည့် သူ့ဆန္ဒကို ချုပ်တည်းလိုက်၏။

ထန်းဟန်ကဲ့သို့ လူတစ်ယောက်သည် သေချာပေါက် အလွယ်တကူ သေလိမ့်မည် မဟုတ်ပေ။ အကယ်၍ မိုဝူကျိက ထိုဘိုးတော်အား ထိန်းချုပ်နိုင်ပြီး သတ်နိုင်ခဲ့လျှင်ပင် ဘိုးတော်၏ နတ်ဘုရားစိတ်အသိစိတ် တစ်စတစ်မျှင်လောက် ကျန်ရစ်ခဲ့ပါက ထိုဘိုးတော်သည် နောက်တစ်ဖန် အသက်ပြန်ရှင်လာမည်သာ ဖြစ်သည်။

ဤသည်မှာ ထန်းဟန်အား သတ်ချင်သည့် သူ၏ဆန္ဒကို ချုပ်တည်းရန် ရွေးချယ်လိုက်ရသည့် အကြောင်းအရင်းတော့ မဟုတ်ပေ။ မိုဝူကျိက လှုပ်ရှားပြီဆိုသည်နှင့် ထန်းဟန်က ကလဲ့စားချေရန် သူ့အား လိုက်လံအငြိုးထားမည်ကို မစိုးရိမ်ပေ။ ထိုအစား သူက ကျီလီအတွက် စိုးရိမ်မိခြင်း ဖြစ်သည်။ ကျီလီ ဒုက္ခရောက်နေသည်မှာ အချိန်တော်တော် ကြာနေပြီ ဖြစ်သည်။ သူမ၏ ဝိညာဉ်လမ်းကြောင်းများနှင့် အသိစိတ်ပင်လယ်ကို အဖျက်ဆီးခံထားရခြင်းမှာ အလွန်အန္တရာယ်များသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဤကိစ္စအား တစ်ရက်ကလေးပင် အချိန်ဆွဲ မနေသင့်တော့ချေ။

သူ ကျီလီကို ကယ်ပြီးမှ ထန်းဟန်အတွက် ပြန်လာတော့မည်။

***

ထောင်ထျဲ့တောင်ကြား၏ အတွင်းပိုင်းထဲ၌ ဟွမ်တိ၏ ဘေးပတ်ပတ်လည်မှ နတ်ဝိညာဉ်စွမ်းအားတို့သည် ဝဲကယက်တစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။ သူ့အား ဖြတ်ဖောက်ထွက်နေသော ကျိုင်း၏ တာအိုအရှိန်အဝါကိုလည်း ထိန်းချုပ်ပြီးသွားပြီ ဖြစ်သည်။

ဤအခိုက်အတန့်၌ ဟွမ်တိ၏ ကိုယ်ခန္ဓာက တုန်တက်သွားသည်။ ထို့နောက် သူက အံ့သြတကြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။

သိပ်မကြာလိုက်ခင် သူက တစ်ချက်ရယ်လိုက်ပြီး အပြင်ဘက်မှ အခြေအနေကို လျစ်လျူရှုလိုက်သည်။ ကျိုင်း၏ တာအိုအရှိန်အဝါကို ထိန်းချုပ်ရန် သူက ဝိညာဉ်လှည့်ပတ်ခြင်းအား ပို၍ ပြင်းပြင်းထန်ထန် စတင်လိုက်သည်။

သူက ဝိဇ္ဇာတစ်ယောက် ဖြစ်သည်။ ထောင်ထျဲ့က သတ္တဗုဒ္ဓကျိုင်းကို သုံးပြီး သူ့အား ချောင်းမြောင်းတိုက်ခိုက်သည့် အချက်ကို စိတ်ထဲမထားပေ။ သို့သော် နတ်ဘုရားအုပ်စိုးသူ ပုရွက်ဆိတ်တစ်ကောင်ကများ လာ၍ ကူညီရဲသေးသည်။ ဤသည်မှာ အတော့်ကို ရယ်စရာကောင်းလေ၏။

“ကျုပ်တို့တွေ ဒီရောက်လာမှန်း သူသိတယ်”

မုန့်ယဲ့က ထောင်ထျဲ့တောင်ကြား၏ အစွန်နားတွင် ရပ်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

အစောပိုင်း၌ သူက နည်းနည်း ကြောက်နေမိသည်။ သို့သော် ဤနေရာတွင် ရပ်လိုက်သောအခါတွင်ကား သူ၏ အကြောက်တရားတို့ သိသိသာသာ လျော့သွားလေ၏။ ဟွမ်တိသည် ဒဏ်ရာအပြင်းအထန် ရထားကာ ပြန်လည်ကုစားနေဆဲ ဖြစ်ကြောင်း သူက သေချာသွားသည်။ သို့မဟုတ်ပါက သူတို့တွေ ဤတောင်ကြားသို့ ရောက်လာသည်ကို သိပါလျက်နှင့် ဟွမ်တိက မည်သည့် လှုပ်ရှားမှုမျှ မပြုဘဲနေလိမ့်မည် မဟုတ်ပေ။

မိုဝူကျိက ခေါင်းငြိမ့်လိုက်သည်။ မုန့်ယဲ့ထက် အလျင် ဟွမ်တိ၏ စိတ်စွမ်းအားကို သူက ရှာတွေ့ထားပြီးပြီ ဖြစ်သည်။ သူ၏အင်အားကို မထုတ်ပြလိုသောကြောင့်သာ မိုဝူကျိက ဟွမ်တိအား ကြည့်ရန် သူ၏ စိတ်စွမ်းအားကို မသုံးလိုက်ခြင်း ဖြစ်သည်။

“တာအိုရောင်းရင်းမို… ကျုပ်က ခင်ဗျားကို ကူညီဖို့ ပါလာတာ။ ခင်ဗျားပြောသမျှ ကျုပ်က အကုန်လိုက်လုပ်ပေးမှာပါ”

မုန့်ယဲ့က မလှုပ်ရှားသေးဘဲ မိုဝူကျိအား ကြည့်လိုက်သည်။ သူက ဤနေရာသို့ ကျောက်တုံးတစ်တုံး မရန်သာ ရောက်လာသည့် ပုံစုံမျိုး ပြောဆိုနေလေသည်။

“တာအိုရောင်းရင်းမုန့်ရဲ့ အစီအရင်တာအိုက ဘယ်လိုအခြေအနေရှိလဲ”

မိုဝူကျိက မေးကြည့်လိုက်၏။

မုန့်ယဲ့က ခေါင်းငြိမ့်ပြကာ

“ကျုပ်ရဲ့အစီအရင်တာအိုက မဆိုးဘူးလို့ ပြောရမယ်။ မင်း ကျုပ်ကို လိုအပ်တဲ့ပစ္စည်းတွေ ပေးနိုင်ရင် ကျုပ်က အဆင့် ၉ နတ်ဘုရား သေမင်းထောင်ချောက် အစီအရင်ကိုတောင် ခင်းကျင်းနိုင်တယ်။ ဒါပေမဲ့ တစ်ခုတော့ သတိပေးထားရဦးမယ်။ ထိပ်ဆုံးတကာ့ ထိပ်ဆုံးဖြစ်တဲ့ ထိပ်တန်းအဆင့် နတ်ဘုရားအစီအရင်ကတောင် ဝိဇ္ဇာတစ်ယောက်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

မိုဝူကျိက အသာ ဖြေလိုက်သည်။

“အဲ့ဒါ ကျုပ်ကိစ္စပါ။ ဒါနဲ့ ကျုပ်ဆီမှာ အဆင့် ၉ နတ်ဘုရား သေမင်းထောင်ချောက် အစီအရင် အတွက် ဘာပစ္စည်းမှ မရှိဘူးနော်”

မုန့်ယဲ့က အလန့်တကြား ထခုန်လိုက်၏။

“မင်းတောင်းလို့လည်း ကူညီရသေးတယ်… ကျုပ်ရဲ့ပစ္စည်းကိုပါ သုံးရဦးမယ်ဆိုတာ တကယ် မယုံနိုင်စရာပဲ။ အဆင့် ၉ နတ်ဘုရား သေမင်းထောင်ချောက် အစီအရင်အတွက် ပစ္စည်းတွေက ဘယ်လောက်အဖိုးတန်လဲဆိုတာ မင်းသိရဲ့လား…”

မိုဝူကျိက ဘာမှမပြောဘဲ မုန့်ယဲ့ကိုသာ စိုက်ကြည့်နေလိုက်သည်။

မိုဝူကျိ၏ အကြည့်ကြောင့် မုန့်ယဲ့၏ အမွေးများ ထောင်လာလေသည်။ သူက သက်ပြင်းချကာ တုံ့ပြန်လိုက်သည်။

“ဟုတ်ပါပြီ… ကျုပ်ရဲ့ပစ္စည်းတွေကို သုံးလိုက်ပါ့မယ်”

ဝိဇ္ဇာတစ်ယောက်ကို ချောင်းမြောင်းတိုက်ခိုက်ဖို့အတွက် မိုဝူကျိအား ကူညီရန် သူက သဘောတူခဲ့သည်။ ပင်းထန်းဝါးကို မိုဝူကျိအား ကူရှာပေးဖို့လည်း သဘောတူခဲ့သေးသည်။ ယခု မိုဝူကျိကို အဆင့် ၉ အစီအရင် ကူညီခင်းကျင်းရန် သူ၏ ကိုယ်ပိုင်ပစ္စည်းများကိုပင် သုံးပေးရဦးမည်။ ပြောရမည်ဆိုလျှင် သူသည်လည်း နယ်လှည့်ဝိဇ္ဇာ တစ်ဦး ဖြစ်၏။ အဘယ်ကြောင့်များ သူ၏ ဘဝက အလွန်ခက်ခဲနေရသနည်း။

မိုဝူကျိက မုန့်ယဲ့အား ဂရုမစိုက်ချေ။ မုန့်ယဲ့က သေမင်းထောင်ချောက် အစီအရင်အား ခင်းကျင်းနေစဉ် သူက အာကာပြင် သင်္ကေတတို့ကို တိတ်တိတ်လေး စတင်ရေးဆွဲလိုက်၏။ မုန့်ယဲ့က ဟွမ်တိနှင့် သိသဖြင့် မိုဝူကျိက ဤဘိုးတော်အား မယုံကြည်ပေ။ သူနှင့် မုန့်ယဲ့တို့သည် အတူတူ ရောက်လာသော သူစိမ်းများသာ ဖြစ်ကြသည်။ ထို့အပြင် သူ့ဆီတွင် ဖီကာရွံ့စေး ရှိသည်ဟု သူက ပြောပြထားသည်။ သို့သော် ယခုအချိန်အထိ မုန့်ယဲ့က ဖီကာရွံ့စေးကို ပြရန် မတောင်းဆိုသေးပေ။ ဤအချက်နှင့်ပင် တော်တော်လေး သံသယ ဝင်စရာကောင်းနေပြီ ဖြစ်သည်။

ဤသို့တွေးနေစဉ်မှာပင် မုန့်ယဲ့က စကားပြောလိုက်သည်။

“တာအိုရောင်းရင်းမို… မင်းအတွက် အဆင့် ၉ နတ်ဘုရား သေမင်းထောင်ချောက် အစီအရင်ကို ကျုပ် ကူညီခင်းကျင်းပေးပြီးသွားပြီ။ အနည်းဆုံးတော့ မင်း ကျုပ်ကို ဖီကာရွံ့စေး ထုတ်ပြသင့်တယ် မဟုတ်ဘူးလားဗျ”

***

All Chapters