← Chapters

ဒေါသထွက်သွားသော ဝိဇ္ဇာတစ်ပါး

Vol. 80 Ch. 1110

ဒေါသထွက်သွားသော ဝိဇ္ဇာတစ်ပါး

Vol. 80 Ch. 1110

မိုဝူကျိက စိတ်ထဲတွင် တွေးလိုက်သည်။

အခုဟာကမှ ပုံမှန်ဖြစ်သွားတာ…

သူက တောကြက်မောက်သီး တစ်လုံး အရွယ်အစားရှိသော ဖီကာရွံ့စေးကို သူ၏ လက်ပေါ်တွင် တင်လိုက်သည်။

“ခင်ဗျားရဲ့စိတ်စွမ်းအားနဲ့ မြန်မြန်လေး ကြည့်ကြည့်လိုက်။ ကျုပ် အခုချက်ချင်းပဲ ပြန်သိမ်းတော့မှာ”

သူ့ဆီမှာ ဖီကာရွံ့စေး တကယ်ရှိတာလား…

မုန့်ယဲ့က မိုဝူကျိ၏ လက်ပေါ်မှ ဖီကာရွံ့စေးအား စိုက်ကြည့်လိုက်သည်။ သူက အံ့သြတကြီး ထအော်မိတော့မလို ဖြစ်သွားသည်။ မိုဝူကျိက နတ်ဘုရားမျှော်စင်ဆီသို့ သွားစဉ် ဖီကာရွံ့စေး ရရှိခဲ့သည်ဟု စပြောပြသည့်အချိန်တုန်းက မုန့်ယဲ့သည် အင်မတန် ပျော်ရွှင်မိခဲ့သည်။ သို့သော် စိတ်ပြန်ငြိမ်သွားသည့်အချိန်၌ မိုဝူကျိက လိမ်ညာနေသည်များလားဟု  သံသယဝင်စ ပြုလာခဲ့သည်။

မိုဝူကျိနှင့်အတူ ဤတောင်ကြားသို့ လိုက်ခဲ့ရန် သဘောတူခဲ့သော်လည်း သူက အကြံနှင့် လိုက်လာခြင်း ဖြစ်သည်။ သို့သော် ယခု မိုဝူကျိဆီတွင် ဖီကာရွံ့စေး အမှန်တကယ် ရှိနေလေရာ သူ၏ အကြံအစည်ကို ပြန်ပြင်ရန် လိုလေပြီ။

မိုဝူကျိက လက်ကို ဝေ့ယမ်းကာ ဖီကာရွံ့စေးကို ပြန်သိမ်းလိုက်သည်။ နတ်ဘုရားမျှော်စင်မှ သူ ရရှိခဲ့သော မြစိမ်းရောင်ရွံ့တုံးမှာ ဖီကာရွံ့စေး ဖြစ်၏။

ထိုအချိန်တုန်းက ဖီကာရွံ့စေးသည် မည်မျှ အဖိုးတန်ကြောင်း မိုဝူကျိက မသိသေးပေ။ နောက်ပိုင်းတွင် တာ့ဟွမ်၏ ခန္ဓာကိုယ်ကို ပြုလုပ်ရန် ဖီကာရွံ့စေးတစ်ဝက်ကို သုံးခဲ့သည်။ ကျန်တစ်ဝက်ကို ဖူရှုဟန်အား ရက်ရက်ရောရော ပေးပစ်ခဲ့သေးသည်။ ဖူရှုဟန်က မိုဝူကျိ ပေးသည့်ထဲကမှ တစ်ဝက်ကိုပဲ တောင်းဆိုရုံလောက်သာ သဘောမကောင်းခဲ့ပါက မိုဝူကျိဆီတွင် ဖီကာရွံ့စေး ကျန်တော့မည် မဟုတ်ပေ။

ဖီကာရွံ့စေးက မည်မျှအဖိုးတန်ကြောင်း သိပြီးသည့်နောက်တွင် မိုဝူကျိက ဆုံးဖြတ်ချက်ချထားသည်။ ဤဖီကာရွံ့စေးကို မုန့်ယဲ့နှင့် အလဲအလှယ်လုပ်ရန် သုံးရမည်ဆိုလျှင်ပင် မုန့်ယဲ့အတွက် အများကြီး ထုတ်ပေးမည် မဟုတ်ပေ။

မိုဝူကျိက ဖီကာရွံ့စေးအား သိမ်းလိုက်သောအခါ မုန့်ယဲ့က တကယ် တက်ကြွသွားသည်။ သူက သေမင်းထောင်ချောက် အစီအရင်ကို မြန်မြန်ဆန်ဆန် ခင်းကျင်းနေရင်း ပြောလိုက်သည်။

“တာအိုရောင်းရင်းမို… ဒီနေရာက ကျဉ်းတော့ အကျဉ်းသားရယ်ဗျ။  ဒီသေမင်းထောင်ချောက် အစီအရင်ကို ကျုပ်ခင်းကျင်းလို့ ပြီးသွားတာနဲ့ ဟွမ်တိ ထွက်လာအောင် လုပ်ကြမယ်”

မိုဝူကျိက ဘာမှတ်ချက်မှမပေးဘဲ အာကာပြင် သင်္ကေတများကိုသာ ဆက်လက်ရေးဆွဲနေလိုက်သည်။

သူ့ဆီတွင် ဝိညာဉ်သိုလှောင်လမ်းကြောင်း ရှိကာ သူက အဆင့် ၈ နတ်ဘုရားအစီအရင် ဧကရာဇ် တစ်ယောက်လည်း ဖြစ်နေပြီ ဖြစ်သည်။ သူ၏ လက်ရှိအစွမ်းအစဖြင့် မုန့်ယဲ့ပင်လျှင် သူအာကာပြင် သင်္ကေတများ ရေးဆွဲနေမှန်း သတိမပြုမိချေ။

၂ ရက်ကြာပြီးနောက် မုန့်ယဲ့က ရပ်လိုက်ကာ သူက မိုဝူကျိအား ပြောလိုက်သည်။

“တာအိုရောင်းရင်းမို… ကျုပ်ရဲ့သေမင်းထောင်ချောက် အစီအရင်က ပြီးသွားပြီ။ အခု ဟိုကောင်ကို ကျုပ်တို့ ဘယ်လို မျှားခေါ်ကြမလဲ။ ကျုပ် အဆင့် ၉ နတ်ဘုရားသေမင်း ထောင်ချောက် အစီအရင်ကို မခင်းကျင်းနိုင်လိုက်ဘူး။ ဒါက အဆင့် ၈ ပဲရှိတာ”

ထိုသို့ပြောကာ မုန့်ယဲ့က အိုးတိုးအန်းတန်း ဖြစ်နေ၏။ အစောပိုင်းတွင် သူက အဆင့် ၉ အစီအရင်များကို အလွယ်တကူ ခင်းကျင်းနိုင်သည်ဟု ပြောခဲ့မိသည် မဟုတ်ပါလော။

မိုဝူကျိကလည်း သူ၏ သေမင်းထောင်ချောက် အာကာပြင် သင်္ကေတများကို ရေးဆွဲနေခြင်းအား ရပ်လိုက်သည်။ သူက အာကာပြင် သင်္ကေတများချည်းကိုသာ သုံးပြီး အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်ကို ခင်းကျင်းနိုင်လိုက်၏။ မုန့်ယဲ့၏ စကားများကို သူက သိပ်မမှုချေ။ သူအနေနှင့် သူက မုန့်ယဲ့သည် အဆင့် ၉ နတ်ဘုရား သေမင်းထောင်ချောက် အစီအရင်ကို ခင်းကျင်းနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးထားခဲ့ချေ။ အဆင့် ၈ တစ်ခုနှင့်ပင် လုံလောက်နေလေပြီ။

ထို့အပြင် မုန့်ယဲ့၏ အဆင့် ၈ နတ်ဘုရားသေမင်းထောင်ချောက်အစီအရင်သည် ဟွမ်တိအား ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ကြောင်း မိုဝူကျိက ယုံကြည်သည်။ မိုဝူကျိ လိုချင်သည်မှာလည်း ဟွမ်တိအား ထိန်းချုပ်နိုင်ရန် မဟုတ်ပေ။ ထိုအစား သူက ဟွမ်တိထွက်ပြေးမည့်လမ်းကြောင်းကို ထိန်းချုပ်ချင်သည် ဖြစ်၏။

သူ၏ အဆင့် ၇ နတ်ဘုရား သေမင်းထောင်ချောက် အစီအရင်သည် မုန့်ယဲ့၏ အဆင့် ၈ အစီအရင်အောက် အားနည်းလိမ့်မည်ဟု ထင်ကောင်းထင်ပေလိမ့်မည်။ သို့သော် သူ၏သေမင်းထောင်ချောက် အစီအရင်ကို အာကာပြင် သင်္ကေတများနှင့်သာ ပြုလုပ်ထားကြောင်း သူတစ်ယောက်တည်း သိသည်။ ဤအစီအရင်၏ အချက်အချာကို ချိုးဖောက်ဖို့ ရှာရန်အတွက် ဟွမ်တိအနေနှင့် အနည်းဆုံး အသက်တစ်ရှိုက်စာလောက် အချိန်လိုအပ်ပေလိမ့်မည်။ မိုဝူကျိ လိုချင်သည်မှာလည်း ဤအသက်တစ်ရှိုက်စာ အချိန်ကို ဖြစ်၏။

မုန့်ယဲ့၏ စကားများကို ကြားသောအခါ ယွဲ့မင်က သူမ၏ မှော်ရတနာကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူမသည် အလွန်အားနည်းသည်မှာ မှန်သော်လည်း သူမက ကူညီရန် စိတ်ပိုင်းဖြတ်ထားသည်။

မိုဝူကျိက လက်ခါပြကာ

“ခဏလောက် ထပ်စောင့်ဦး”

မိုဝူကျိ၏ စကားသံကို ကြားလိုက်ရသည့်အချိန်မှာပင် ပုံရိပ်တစ်ခုက သေမင်းထောင်ချောက် အစီအရင်၏ အပြင်ဘက်တွင် ပေါ်လာသည်။

“တာအိုရောင်းရင်းမို… နောက်ဆုံးတော့ ကျုပ် ခင်ဗျားကို တွေ့ရပြီ”

ဤလူက နွေးထွေးသော အပြုံးတစ်ခုဖြင့် ရောက်ရှိလာသည်။ သူ၏ ကိုယ်ခန္ဓာ မဆင်းသက်လာသေးခင်ပင် သူက မိုဝူကျိဘက်သို့ လက်နှစ်ဖက် ယှက်လိုက်သည်။

“မင်းက ကျဲဟိန်လား… အရှင် ၇၂ ပါးထဲက တစ်ယောက်ဖြစ်တဲ့ ပင်မနတ်ဘုရား ကျဲဟိန်လား”

မုန့်ယဲ့ပင်လျှင် ဤလူ့ကို မှတ်မိနိုင်လေ၏။

မီးခိုးရောင် ဝတ်ဆင်ထားသော ဤပုဂ္ဂိုလ်သည်ကား အနည်းငယ်ဝနေကာ အင်မတန် သေးသော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားလေသည်။ သူ့ကို ကြည့်ရသည်မှာ ယခင်ကျဲဟိန်နှင့် အနည်းငယ် ကွဲပြားနေဟန်ပေါ်သော်လည်း သူ၏ တာအိုအရှိန်အဝါကိုမူ အင်မတန် ရင်းနှီးနေသည်။ ထို့ထက် ယခင်က မိုဝူကျိသည် ကျဲဟိန်အကြောင်း ထည့်ပြောပြခဲ့သည်။ ထို့ကြောင့် ဤလူမှာ ကျဲဟိန်ဖြစ်ကြောင်း မုန့်ယဲ့က သေချာလေသည်။

“မင်းက…”

ကျဲဟိန်က မုန့်ယဲ့က အံ့သြစွာ ကြည့်လိုက်သည်။ သိပ်မကြာခင်ပင် သူက မုန့်ယဲ့သည် သူ့ထက် များစွာပို၍ အားကောင်းကြောင်း ခံစားမိလိုက်သည်။ သူက ကြောက်လန့်တကြား နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်လိုက်ပြီးကာမှ မေးလိုက်သည်။

“ဒီက တာအိုရောင်းရင်းကို ကျုပ်ဘယ်လိုခေါ်ရမလဲ မသိဘူး”

မုန့်ယဲ့က ရယ်မောရင်း သူ၏ တာအိုအရှိန်အဝါကို လှည့်ပတ်လိုက်သည်။

“ကျဲဟိန်… မင်းက ဘယ်လိုလုပ်ပြီး ငါ့ကို မမှတ်မိရတာတုန်းကွ”

“ ခင်ဗျားကိုး…နယ်လှည့်ဝိဇ္ဇာသုံးဦးထဲက တစ်ယောက်ဖြစ်တဲ့ မုန့်ယဲ့လား”

ကျဲဟိန်က မုန့်ယဲ့ကို နောက်ဆုံးတွင် မှတ်မိသွားကာ သူ၏ မျက်နှာအမူအယာမှာလည်း ပြောင်းသွားသည်။

နယ်လှည့်ဝိဇ္ဇာသုံးဦးနှင့် ယှဉ်ပါက သူ ကျဲဟိန်မှာ ဘာမှမဟုတ်ချေ။ တာအိုအရကော အဆင့်အတန်းအရပါ သူက မုန့်ယဲ့နှင့် အဝေးကြီးတွင် ရှိသည်။

“အမှန်ပဲ… ငါက မုန့်ယဲ့ပဲ။ မင်း ငါ့ကို ကြောက်နေစရာမလိုပါဘူး။ ငါလည်း တာအိုရောင်းရင်းမိုနဲ့ မဟာမိတ်ဖွဲ့ထားတယ်။ မင်းက တာအိုရောင်းရင်းမိုနဲ့ ရင်းနှီးတယ်ဆိုတော့ ဒီမှာရှိတဲ့ လူအကုန်လုံးကို မဟာမိတ်တွေလို့ သတ်မှတ်ရမှာပေါ့”

မုန့်ယဲ့၏ စကားတို့က ကျဲဟိန်အား အနည်းငယ် စိတ်သက်သာရာ ရသွားစေသည်။

မိုဝူကျိက ဝင်ပြောလိုက်သည်။

“ဟုတ်တယ်… ကျုပ်တို့အားလုံးက တစ်လှေတည်းစီးနေတဲ့ မိတ်ဆွေတွေပဲ”

“တာအိုရောင်းရင်းမိုက ကျုပ်ကို ဒီနေရာကို ဖိတ်လိုက်တယ်ဆိုတော့… ကျုပ်ရဲ့အကူအညီ တစ်ခုခုများ လိုလို့လား”

ကျဲဟိန်က သိချင်စွာ မေးလိုက်သည်။ နတ်ဘုရားသင်္ချိုင်းဂူကို ရှာရန်အတွက် သူ့အား ဤနေရာသို့ မိုဝူကျိဘက်မှ စတင် ဖိတ်ခေါ်လိမ့်မည်ဟု သူက မယုံကြည်ပေ။ ယခင်က မိုဝူကျိအကြောင်းကို သူစုံစမ်းဖူးသည်။ ထို့ကြောင့် မိုဝူကျိသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူက သိသည်။

မိုဝူကျိက ကျဲဟိန်၏ ပုခုံးကို ပုတ်ကာ

“ဟုတ်တယ်… ကျုပ် ခင်ဗျားရဲ့အကူအညီ လိုနေတာလေး ရှိတယ်။ ခင်ဗျားက ကူညီဖို့ ဆန္ဒရှိရဲ့လား”

ကျဲဟိန်မှာ အံ့သြလွန်းကာ နှလုံးခုန်ရင်တုန် ဖြစ်သွားရသည်။ မိုဝူကျိ နတ်ဘုရားနယ်မြေ မြို့အသစ်မှ ထွက်ခွာလာကာစတုန်းက သူက မိုဝူကျိနှင့် တိုက်ခိုက်ရန် အဆင့်မှီသည်ဟု ပြောလို့ရသေးသည်။ ယခုမူကား သူသည် မိုဝူကျိအတွက် ပြိုင်ဖက်တစ်ယောက် မဖြစ်နိုင်တော့မှန်း သူက သိလိုက်ရသည်။ မိုဝူကျိ၏ ပုခုံးပုတ်ရုံ လုပ်ရပ်ကလေးကိုပင် သူ မရှောင်နိုင်မှန်း သိလိုက်ရ၏။

ဤမျှအချိန်တိုလေးအတွင်း မိုဝူကျိသည် အလွန်အားကောင်းလာလေသည်။ ဤကောင်လေးသည် နတ်ဘုရားကမ္ဘာထဲ၌ သူတွေ့ဖူးသမျှထဲတွင် နံပတ်တစ် ဒေသခံ အဆင့်မြင့် ကျင့်ကြံသူ ဖြစ်ကောင်း ဖြစ်နေနိုင်သည်။

ကျဲဟိန်က ပြုံးနေသော မုန့်ယဲ့အား လှမ်းကြည့်လိုက်သည်။ မုန့်ယဲ့သည်လည်း မိုဝူကျိအား ကူညီဖို့ ဖိတ်ခေါ်ခံထားရမှန်း သူက သိလိုက်သည်။

မည်သည့်ကိစ္စများ ဖြစ်မည်နည်း။

မိုဝူကျိ၏ ပရိယာယ်အကွက်များ… နယ်လှည့်ဝိဇ္ဇာ မုန့်ယဲ့၏အကူအညီ…

ထိုအရာတို့နှင့်ပင် မလုံလောက်သေးသည့် ကိစ္စမှာ မည်သည့်ကိစ္စများနည်း။ သူကျဲဟိန်အား မိုဝူကျိက အကူအညီတောင်းရန် လိုအပ်စေသည်မှာ ဘယ်အရာများနည်း။

“အဲ့ဒါက… တာအိုရောင်းရင်းမို… ခင်ဗျား ဘယ်လိုအကူအညီမျိုး လိုအပ်တာလဲဆိုတာလေး ပြောပြပါလား”

မိုဝူကျိက သူ့အား နတ်ဘုရားသင်္ချိုင်းဂူဆီသို့ ခေါ်ဆောင်သွားရန် ကျဲဟိန်က မျှော်လင့်နေဆဲ ဖြစ်သည်။ သို့သော် အင်မတန် အားကောင်းနေပါလျက်နှင့် သူ၏ အကူအညီကို လိုအပ်နေသေးသည့် မိုဝူကျိအား ကြည့်ကာ ကျဲဟိန်က စိတ်ပူစ ပြုလာသည်။

မိုဝူကျိက တစ်ချက်ရယ်လိုက်ပြီးမှ ကျယ်လောင်စွာ ပြောလိုက်သည်။

“ကျုပ် လူတစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် အကူအညီ လိုနေတာ။ အဲ့လူက ကျုပ်မိတ်ဆွေကို ချောင်းမြောင်းလုပ်ကြံခဲ့တာဆိုတော့ ကျုပ် ကလဲ့စား ပြန်ချေချင်တယ်။ ဒါပေမဲ့ ဒီလူ ထွက်ပြေးသွားမှာကိုလည်း ကျုပ်စိုးရိမ်တယ်ဗျ။ ဒါကြောင့် သူ့ကို ခဏလောက် တားဆီးပေးဖို့ ခင်ဗျားကို ဖိတ်ခေါ်လိုက်ရတာပဲ။

ဒါပေါ့… ကူညီမလား မကူညီဘူးလား ဆိုတာ ခင်ဗျား သဘောပါ။ ခင်ဗျား လုပ်ရမှာက ခင်ဗျားသဘောထားကို ကျုပ်ကို ပေးသိဖို့ပဲ”

မိုဝူကျိ၏ စကားများကို ကြားသောအခါ ကျဲဟိန်က သက်ပြင်းချလိုက်သည်။

မိုဝူကျိနှင့် မုန့်ယဲ့အပါအဝင် ဤနေရာတွင် အဆင့် ၈ နတ်ဘုရား သေမင်းထောင်ချောက် အစီအရင်တစ်ခုလည်း ရှိနေပုံပေါ်သည်။ ထိုလူအား မျှားခေါ်နိုင်သရွေ့ ထိုလူ သေမည်မှာ သေချာသလောက်ရှိသည်။ နတ်ဘုရားလောကထဲတွင် မည်သူမဆို ထိုမျှ အားကောင်းသည့် အကွက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

အကောင်းအဆိုးများကို စဉ်းစားချင့်ချိန်ပြီးသည့်နောက် ကျဲဟိန်က သူ၏ ရင်ဘတ်ကို သူပုတ်ကာ အော်ပြောလိုက်သည်။

“ကျုပ် ကျဲဟိန်က မယုံကြည်ရတဲ့ မိတ်ဆွေ ပုံစံပေါက်နေလို့လားဗျ။ အရင် တာအိုရောင်းရင်းမို နတ်ဘုရားနယ်မြေက ထွက်သွားတော့ ကျုပ်က ခင်ဗျားနဲ့အတူ ပူးပေါင်းမယ်လို့ ကတိပေးထားခဲ့တယ်လေ။

အခု တာအိုရောင်းရင်းမိုက ကျုပ်ရဲ့အကူအညီကို လိုနေတယ်ဆိုတော့ ကျုပ် ကျဲဟိန်က အစွမ်းရှိသမျှ ကူညီပေးမှာပေါ့ဗျာ။ တာအိုရောင်းရင်းမိုကို ရန်လာစတဲ့သူဆို ဘယ်သူပဲဖြစ်နေနေ ကျုပ် ကျဲဟိန်က သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး”

မုန့်ယဲ့က ထိုကဲ့သို့မျိုး စကားများကို ပြောသည့်အတွက် ကျဲဟိန်အား ရယ်လိုက်သည်။ အကယ်၍ သူတို့တွေ ရင်ဆိုင်ရမည့်သူမှာ ဟွမ်တိမှန်းသာ ကျဲဟိန်သိပါက ဤကဲ့သို့စကားမျိုး ပြောလိမ့်မည် မဟုတ်ကြောင်း သူက သေချာသည်။ ဤလူမှာ ပင်မနတ်ဘုရား တစ်ယောက် ဖြစ်နေကာ မိုဝူကျိ၏ အစီအစဉ်မှာလည်း အလုပ် ဖြစ်သွားသည်။ သို့သော် ကျဲဟိန်အား အပြစ်တင်၍ မရပေ။ မိုဝူကျိက နတ်ဘုရားလောကထဲတွင် ဝိဇ္ဇာတစ်ယောက်နှင့် ရင်ဆိုင်လိမ့်မည်ဟု မည်သူကများ တွေးမိမည်နည်း။

မိုဝူကျိက ရယ်မောလိုက်သည်။

“ဒီလိုဆိုမှတော့ တာအိုရောင်းရင်း ကျဲဟိန်က ဒီနေရာလေးမှာ မတ်တပ်ရပ်နေရင်ကို ရပါပြီ။ ဟိုလူ ဒီနေရာကနေ ထွက်ပြေးဖို့ ကြိုးစားတာနဲ့ တာအိုရောင်းရင်းကျဲဟိန်က အားကုန်ထုတ်ပြီး ရိုက်ပေးဖို့ပဲ ကျုပ်မျှော်လင့်တယ်။ ကျုပ် ဟိုလူ့ကို သွားမျှားလာခဲ့မယ်။ ခင်ဗျားတို့နှစ်ယောက်က အတူတူ သူ့ကို ထိန်းချုပ်ထားဖို့ လိုမယ်”

ထိုသို့ပြောကာ မိုဝူကျိက ကျဲဟိန်အား နေရာတစ်နေရာကို ညွှန်ပြလိုက်သည်။

“သူက ဒီနားတင် ရှိတယ်လား”

ကျဲဟိန်က အံ့သြသွားသည်။ ထို့နောက် ချက်ချင်းပင် သူက မကောင်းသည့် ခံစားချက်တစ်ခုကို ရရှိလိုက်သည်။

မုန့်ယဲ့ကပါ ရယ်မောလိုက်သည်။

“အမှန်ပဲ… ဒါကြောင့် မင်း စောစောက ပြောသမျှအားလုံးကို အဲ့ဒီလူ ကြားမှာပဲ။ သူ့ကို သတ်နိုင်မှပဲ ကျုပ်တို့တွေ အပူအပင်ကင်းကင်း အသက်ဆက်ရှင်နိုင်မှာကွ”

“ဘယ်သူများလဲဗျာ”

ကျဲဟိန်က စိုးရိန်တကြီး မေးလိုက်သည်။

မုန့်ယဲ့က ထောင်ထျဲ့တောင်ကြားထဲသို့ ခုန်ဆင်းသွားသော မိုဝူကျိအား ကြည့်လိုက်သည်။ သူက မိုဝူကျိ၏ သတ္တိရှိမှုကို လေးစားမိလာသည်။ အကယ်၍ သူသာဆိုလျှင် မိုဝူကျိ စောစောက လုပ်သကဲ့သို့ သူမလုပ်နိုင်ချေ။ သူက ဝိဇ္ဇာတစ်ပိုင်း အစောပိုင်းအဆင့်တွင် ရှိနေလျှင်ပင် ဟွမ်တိအား ထိုကဲ့သို့ ဒေါသသွားမဆွရဲပေ။

ယခင်က ဝိဇ္ဇာတစ်ယောက် ဖြစ်ခဲ့ဖူးသော အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်သည့်အခါတွင် ထိုကဲ့သို့ ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ အန္တရာယ်များသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ သူအသက်ရှင်လျက် ပြန်မတက်လာနိုင်သည့် ဖြစ်နိုင်ချေမှာ များလှ၏။ ကုလားအုတ်ပိန် တစ်ကောင်သည် မြင်းတစ်ကောင်ထက် အကောင်ကြီးနေဆဲ ဖြစ်သည်။ ထို့အပြင် သိပ်မကြာသေးခင်ကမှ ထောင်ထျဲ့သည် ဟွမ်တိကြောင့် ဒဏ်ရာရခဲ့သည်။

“မင်း ခဏနေကျ သိလိမ့်မယ်”

မုန့်ယဲ့က မိုဝူကျိ သွားမျှားခေါ်သည့်သူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း ကျဲဟိန်အား မပြောပြချေ။

***

“ပုရွက်ဆိတ်တစ်ကောင်ကများ ငါလို ဝိဇ္ဇာတစ်ယောက်ကို ဒေါသလာဆွရဲတယ်လား… သွားသေစမ်း…”

မိုဝူကျိ ထောင်ထျဲ့တောင်ကြား၏ အောက်ခြေသို့ မရောက်သေးခင်၌ ဒေါသချောင်းချောင်း ထွက်နေသည့် အသံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် မမြင်နိုင်သည့် ဓားအလင်းတန်း တစ်ခုက မိုဝူကျိ၏ ပတ်ပတ်လည်ရှိ အာကာပြင်တစ်ခုလုံးကို ပိတ်လှောင်လိုက်သည်။ ဓားအလင်းတန်းက မိုဝူကျိဆီသို့ အရှိန်နှင့် တန်းတန်းမတ်မတ် ရောက်ချလာသည်။

ဟွမ်တိသည် ကုစားရန်ကိုသာ အာရုံအပြည့် စိုက်ထားသည်။ အကယ်၍ မိုဝူကျိတို့သာ ဆင်းမလာရဲပါက သူကလည်း အပေါ်တက်လာရန် ဂရုစိုက်နေမည် မဟုတ်ချေ။ သူ အပြည့်အဝ ပြန်ကောင်းသွားသည့်အချိန်ရောက်မှသာ သူ၏ နတ်ဘုရားမျှော်စင်ကို သူ ရှာနိုင်ပေလိမ့်မည်။

အမှန်တကယ်၌ မိုဝူကျိသည် ထောင်ထျဲ့တောင်ကြား၏ အောက်ခြေအထိ ရောက်အောင်သွားရန် အစီအစဉ် မရှိချေ။ သူ၏တာဝန်မှာ ဟွမ်တိအား အပေါ်သို့ မျှားခေါ်ရန် ဖြစ်သည်။ ဟွမ်တိ တိုက်ခိုက်လိုက်သည့် အချိန်နှင့် တစ်ပြိုင်တည်း မိုဝူကျိကလည်း စိတ်စွမ်းအင် မြှားတစ်စင်းကို ပစ်ခွင်းလိုက်သည်။

မိုဝူကျိ၏ စိတ်စွမ်းအားက ဟွမ်တိ အသိစိတ်ပင်လယ်မှာ အနည်းငယ် ဒဏ်ရာရထားမှန်း ရှာတွေ့သွားသည်။ ထို့အပြင် ခွန်းယွင်၏ ကျိုင်းမှာ သူ့ကိုယ်ထဲကို အမှန်တကယ် ဖြတ်ဖောက်ထွက်နေကာ ဟွမ်တိ၏ စိတ်စွမ်းအားကို အနှောင့်အယှက်ပေးနေသည်။ ကျိုင်း၏ ပတ်ပတ်လည်မှ တာအိုအရှိန်အဝါက နေရာတစ်ခုလုံးကို စိမ့်ဝင်ပျံ့နှံ့နေသည်။ သိသာစွာပင် ဟွမ်တိ၏ ဒဏ်ရာများမှာ ပေါ့သေးသေး မဟုတ်ချေ။

စိတ်စွမ်းအင်မြှားသည် နက်မှောင်ချွန်ထက်နေသော ဓားတစ်ချောင်းပမာ ဟွမ်တိ၏ နဂိုကတည်းက ဒဏ်ရာရထားသော အသိစိတ်ပင်လယ်ထဲသို့ ထိုးဝင်သွားသည်။ ဟွမ်တိ၏ အသိစိတ်ပင်လယ်မှာ တုန်ခါသွားကာ သူ့ဝိညာဉ်စွမ်းအားလှည့်ပတ်ခြင်းမှာ ရပ်တန့်သွားရသည်။ သူ၏ အသိစိတ်ပင်လယ်ထဲတွင် နာကျင်ကိုက်ခဲမှုတစ်ခုကို ခံစားလိုက်ရသည်။

ဟွမ်တိက ပြင်းထန်ကျယ်လောင်သော ဟိန်းသံကြီးတစ်ခုကို ပြုလုပ်လိုက်သည်။ ကိုယ်ခန္ဓာထဲမှ တစ်ဝက်မက ထွက်နေပြီဖြစ်သော ကျိုင်းက သူ့ကိုယ်ထဲ ပြန်ဝင်သွားလေပြီ။

ကြီးမားပြင်းထန်သော ဒေါသတရားက ဟွမ်တိ၏ ရင်ထဲ ဖုံးလွှမ်းသွားသည်။ သူက မိုဝူကျိအား ဖမ်းဆုပ်ရန် အလို့ငှာ မတ်တပ်ရပ်လိုက်သည်။

ကြိုတင်ပြင်ဆင်ထားပါလျက်နှင့် ထိုမမြင်နိုင်သော ဓားအလင်းတန်းအား မရှောင်နိုင်ကြောင်းကို မိုဝူကျိက အံ့သြစွာ သိလိုက်ရသည်။

ထိုဓားအလင်းတန်းက သူ၏ စွမ်းအားစက်ကွင်းကို ဖြတ်ဖောက်ကာ သူ၏ ရင်ဘတ်ဆီသို့ ရောက်လာသည်။ သူက ဝိဇ္ဇာကိုယ်ထည် အဆင့်တွင် ရှိနေလျှင်ပင် ဤဓားအလင်းတန်း၏ ထိုးဖောက်ခြင်းကိုသာ ခံလိုက်ရပါက သူအနေနှင့် ဒဏ်ရာအပြင်းအထန် ရရှိမည် ဖြစ်သည်။

ဤအခြေအနေမျိုးတွင် အဘယ်ကြောင့် မိုဝူကျိက သူ၏ မှော်ရတနာများအား ဖုံးကွယ်ထားဖို့ ဂရုစိုက်နေအားပါ့မည်နည်း။ ချက်ချင်းပင် လော့ကျမ်းစာရွက် တစ်ရွက်က သူ့အား ကာကွယ်ရန် ပေါ်လာသည်။

“ဘုန်း”

မမြင်နိုင်သော ဓားအလင်းတန်းက လော့ကျမ်းစာရွက်ပေါ်သို့ ကျရောက်သွားသည်။ လော့ကျမ်းစာရွက်ကဲ့သို့သော ရတနာမျိုးပေါ်တွင်ပင် အဖြူရာလေးတစ်ခု ဖြစ်သွားအောင် ဤဓားအလင်းတန်းက ရိုက်ခတ်နိုင်ခဲ့သည်။ ကမောက်ကမဖြစ်နေသော တာအိုဝိညာဉ်စွမ်းအားတို့က တဟုန်ထိုးပြည့်နှက်လာကာ မိုဝူကျိက ထိုစွမ်းအားကို အပြည့်အဝ မထိန်းသိမ်းနိုင်လိုက်ချေ။ ဤသို့ အတိုက်ခံရပြီးသည့်နောက် သူက ပါးစပ်အပြည့်စာ သွေးတစ်ကွက်ကို အန်ထုတ်လိုက်သည်။

မိုဝူကျိအား လေလွတ်မြောက်ရေး နည်းစနစ်နှင့် ထွက်ပြေးရန် အချိန်မပေးဘဲ ဟွမ်တိ၏ အရိပ်လက်သည်းက မိုဝူကျိ စွမ်းအားစက်ကွင်းကို နောက်တစ်ကြိမ် ထပ်မံ၍ ဖောက်ထွက်လိုက်သည်။ ယခု သူက မိုဝူကျိ၏ ဦးခေါင်းကို ဖမ်းဆုပ်ရန် ဦးတည်နေလေ၏။

***

All Chapters