← Chapters

ပြန်လည်သက်ဝင်လာသော ကျင့်ကြံဆင့်

Vol. 15 Ch. 206

ပြန်လည်သက်ဝင်လာသော ကျင့်ကြံဆင့်

Vol. 15 Ch. 206

မရေမတွက်နိုင်သော လူများကလည်း လိုက်အော်ကြသည်။

ဟွမ်လောင်လျှို တိုက်ခိုက်ခြင်း မပြုပါ။ သူသည် လုချန်းဖျင်၏လက်ကို ဆွဲကိုင်ကာ စစ်မြေပြင်၌ အေးအေးလူလူ လမ်းလျှောက်နေသည်။

ထိုအခိုက်တွင် မည်သည့်စွမ်းအားကမှ သူတို့အဖွဲ့အား တားဆီးနိုင်ခြင်း မရှိပါ။

ချီစုစည်းခြင်းဖြစ်စေ အခြေခံအုတ်မြစ်အဆင့်များဖြစ်စေ သူတို့သည် ဟွမ်လောင်လျှိုတို့အား ကာကွယ်ကာ ရှေ့ကို ဆက်လက်ချီတက်ကြ၏။

“အစ်ကိုဟွမ်…”

တိုက်ပွဲဝင်ပုံစံထဲမှနေ၍ လူတစ်ယောက် အော်ဟစ်သည်။

“အစ်ကိုဟွမ်…”

တိမ်မြုံကမ်းပါးမှ တစ်စုံတစ်ယောက်က အော်လိုက်ပြန်၏.

“အစ်ကိုဟွမ်…”

ကောင်းကင်နှင့်မြေပြင်အကြားတွင် မရေမတွက်နိုင်သော အော်သံများ ကြားရ၏။

သူတို့၏အော်သံများစုပေါင်းလျှင် တောင်ကုန်းများပင် တုန်ခါရသည်။

တိမ်မြုံကမ်းပါး၌ မူလက ကျင့်ကြံနေသော ပညာရှင်များသည် လေထဲသို့ ခုန်တက်လာကြသည်။

“သူက ဘယ်သူလဲ”

အဖြူရောင်မုတ်ဆိတ်ရှည်ဖြင့် အဖိုးအိုတစ်ဦးက မျက်မှောင်ကြုတ်ကာ တောင်အောက်ကို ကြည့်သည်။

“သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဟွမ်လောင်လျှိုပဲ”

လင်တောက်ဂိုဏ်းမှ ကျန်းဝမ်ယွင်က မျက်လုံးမှေးကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

ဖုန်းရှို့တောင်တိုက်ပွဲမှ စတင်ကာ ဂိုဏ်းအသီးသီးမှ ဂျူနီယာများ ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့သည်။

လတ်တလောတွင် အံ့ဖွယ်ကိုးပါးဓာဂိုဏ်းသည် နာမည်ကျော် ဂိုဏ်းတပည့်များအား မွေးထုတ်ပေးခဲ့သည်။

ထိုတိုက်ရိုက်တပည့်သည် ဆရာကြီးထူစွန်းရှစ်ကိုပင် မေးခွန်းထုတ်ရဲ၏။

ယွမ်ထိုက်တာအိုဂိုဏ်းနှင့် အလင်းတောင်ကုန်းဓားဂိုဏ်းတို့သည် ဟန်မူယဲ့အား အလွန်ကာကွယ်လိုစိတ်များ ရှိကြသည်။

သူတို့၏အမြင်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ထူးချွန်သူလူငယ်များ အတော်များနေပြီ ဖြစ်သည်။

ယနေ့တွင် နောက်ထပ် ပုံမှန်မဟုတ်သော ဂိုဏ်းသားတစ်ဦးအား သူတို့ တွေ့ရသည်။

၎င်းသည် လင်တောက်ဂိုဏ်းအတွက် သတင်းကောင်း မဟုတ်ပါ။

ကျန်းဝမ်ယွင်နှင့် တခြားပညာရှင်များသည် ကျင့်ကြံခြင်းများနှင့် တခြားကိစ္စရပ်များ၌ အချိန်ကုန်နေခဲ့ကြသည်။ သူတို့က ဟွမ်လောင်လျှိုအား မသိကြပေ။

“ဟွမ်လောင်လျှို၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဓားထိန်း”

“အရင်က အံ့ဖွယ်ကိုးပါးဓာဂိုဏ်နဲ့ ဖုန်းလင်ဓားဂိုဏ်းတိုက်ပွဲမှာ ဟွမ်လောင်လျှိုက ဂိုဏ်းချုပ်ကျင်းကျီကို ဝိညာဉ်လိပ်ပြာဓား သုံးပြီးတော့ ကူညီခဲ့တယ်။ သူ့ရဲ့ဝိညာဉ်လိပ်ပြာဓားအကူအညီနဲ့ ဂိုဏ်းချုပ်ကျင်းကျီဟာ ဖုန်းလင်ဓားဂိုဏ်းချုပ်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေခဲ့တယ်”

ယန်တင်းရှန်က ပြောကာ တစ်ဘက်တွင် ရပ်နေသော အဖိုးအိုတစ်ဦးအား ကြည့်သည်။

ထိုအဖိုးအို၏အမူအရာကား အေးစက်တင်းမာနေကာ မည်သည့်စကားမှ မပြောပေ။

သူသည်ကား ဖုန်းလင်ဓားဂိုဏ်းမှ ကောင်းကင်ဘုံတစ်ဝက်ပညာရှင် ဖြစ်သည်။

“ဟားဟား… ငါ အဲဒီကောင်လေးကို သိတယ်”

ဆရာကြီးထူစွန်းရှစ် သူတို့ဘေးနားသို့ သက်ဆင်းလာကာ ပြုံးသည်။

“ကောင်လေးက သာမန်ဘဝကို လိုလားပြီးတော့ သူ့တာအိုလက်တွဲဖော် အနောက်ဘက်ကုန်းမြေကို သစ္စာဖောက်သွားတဲ့အချိန်မှာ အားလုံးကို စွန့်လွှတ်ပြီးတော့ လိုက်ရှာခဲ့တယ်”

“လူနှစ်သိန်းလောက် သူ့ဆုကြေးကို မက်မောပြီးတော့ သူ့နောက်ကို လိုက်ခဲ့ကြတယ်”

ထူစွန်းရှစ်က ပုံပြင်အား စကားလုံးအနည်းငယ်ဖြင့် ညွန်းဆိုသည်။ ထို့နောက် သူက သက်ပြင်းချကာ ပြောသည်။

“စိတ်နှလုံးရင့်သန်မှုမှာ တောင်ပေါ်က ကျင့်ကြံသူအများစု သူ့ကို မမှီဘူး”

တောင်ပေါ်မှ ပညာရှင်များသည် စိတ်ခံစားချက်များအား သိပ်အလေးမထားကြတော့ပါ။

သူတို့၏စိတ်ကျင့်ကြံခြင်းသည် ထိုအဆင့်အား ကျော်လွန်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်တွင် ပညာရှင်များသည် ဆွံ့အစွာဖြင့် စစ်မြေပြင်တွင် လက်တွဲကာ သွားနေသော စုံတွဲအား ကြည့်နေကြသည်။

“စီနီယာအစ်ကိုထူ… ခင်ဗျားက ဒီပုံပြင်ကို ကောင်းကောင်းသိနေပါလား”

ဘေးနားတွင် ရပ်နေသော အဖိုးအိုတစ်ဦးက စိတ်ဝင်စားစွာ မေးသည်။

“ကောင်လေးရဲ့ ဆုကြေးက မနိမ့်ဘူးလေ… အဟမ်း… ငါလည်း သတင်းတော့ ကြားတာပေါ့…”

ထူစွန်းရှက်က လက်ဝှေ့ယမ်းပြောဆိုကာ ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ဆိုရလျှင် ဆုကြေးနောက်ကို လိုက်သော တကိုယ်တော်ကျင့်ကြံသူ နှစ်သိန်းထဲတွင် သူလည်း ပါဝင်ခဲ့သည်။

ထူစွန်းရှစ်က သာမန်လူတန်းစားများကြားထဲတွင် ကျင်လည်ရသည်ကို နှစ်သက်သည့်အလေ့အထကို သိရှိသော ပညာရှင်များက ပြုံးလျက် ခေါင်းယမ်းကြသည်။

တောင်ခြေတွင် တိုက်စစ်အဟုန်နှင့် ခံစစ်အဟုန်တို့မှာ ပြောင်းလဲသွားပြီ ဖြစ်သည်။

ဟွမ်လောင်လျှိုသည် ကျင့်ကြံသူများအား ဦးဆောင်ကာ မိုင်ပေါင်းများစွာ ရှေ့ကို ချီတက်သွားခဲ့သည်။

သူသည် ထိုးစစ်မြှားဦးအသွင်သို့ ပြောင်းလဲသွားဟန်ရှိကာ မိစ္ဆာများ၏တိုက်ပွဲဝင်ပုံစံအား ထိုးနှက်တိုက်ခိုက်သည်။

ကျောက်ယိုကျစ်ကား သူ့ဘေးတွင် ခေါင်းငုံ့လိုက်ပါလာ၏။

သူ့အနီးသို့ ကပ်လာသော မိစ္ဆာများအားလုံးမှာ အကြောင်းပြချက်တချို့ကြောင့် မြေပြင်ပေါ်သို့ လဲပြိုကာ အသက်ရှုရပ်သွားကြသည်။

ခြေတစ်လှမ်းပတ်လည်တွင် သူ့အား မည်သူမှ မယှဉ်နိုင်ပါ။

ဂါး…

ပေသုံးဆယ်ခန့် မြင့်မားသော ရွှေရောင်လူဝံကြီးတစ်ကောင်က မာန်သွင်းအာ်ဟစ်ကာ ကျောက်ယိုကျစ်အား လှမ်းရိုက်လိုက်သည်။

ထိုလူဝံကြီးသည် ကမ္ဘာမြေတစ်ဝက်အဆင့်တွင် ရှိသည်။ သူက ကျောက်ယိုကျစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိသည်။

ကျောက်ယိုကျစ်က မော့ကြည့်ကာ သူ့ခန္ဓာကိုယ်အား အနည်းငယ် နှိမ့်ချလိုက်ပြီး ဘယ်လက်မှ ဓားကို ဝှေ့ယမ်းလိုက်သည်။

ထိုသို့သော မိစ္ဆာအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် သူ့အတွက် အနည်းငယ် ခက်ခဲပေသည်။

“ညီလေး… ငါ လုပ်မယ်…”

ဟွမ်လောင်လျှို ရှေ့ကို တစ်လှမ်းတိုးကာ သူ၏ဓားကို မြှောက်လိုက်သည်။

ဝုန်း…

ဓားသည် ပေတစ်ရာအလင်းတန်းအသွင် ပြောင်းလဲသွားကာ သူတို့ရှေ့မှ လူဝံကြီးအား နှစ်ပိုင်းပြတ်သွားစေသည်။

ဓားတစ်ချက်တည်းဖြင့် သူသည် ကမ္ဘာမြေတစ်ဝက်အဆင့်အား သတ်ဖြတ်ခဲ့သည်။

“အစ်ကိုဟွမ်… အရမ်းမိုက်တယ်…”

တစ်ယောက်က အော်ဟစ်လိုက်သည်။

“အစ်ကိုဟွမ်…”

“အရမ်းမိုက်တယ်ဟေ့…”

မရေမတွက်နိုင်သော လူများက အော်ဟစ် ချီးကျူးကြသည်။ သူတို့၏စိတ်ဓာတ်များ အမြင့်ဆုံးသို့ ရောက်လာခဲ့ကြကာ အရှိန်အဟုန်သည် ဆူနာမီလှိုင်းလုံးကဲ့သို့ မိစ္ဆာများထံသို့ ရိုက်ခတ်သွား၏။

ဟွမ်လောင်လျှိုက ပြုံးလိုက်ကာ သူ၏ဓားကို သိမ်းဆည်းလိုက်၏။ သူက လုချန်းဖျင်၏လက်ကို ဆွဲကိုင်ကာ ရှေ့ကို ဆက်သွားကြ၏။

တိုက်ပွဲဝင်ပုံစံအလယ်တွင် ရှိနေသော ထန်ချီသည် ခဏတာမျှ ရပ်လိုက်သည်။ သူ့မျက်လုံးများထဲ၌ ဝေခွဲမရဟန်များ ဖြစ်ပေါ်လာ၏။

သူသည် ယခင်ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့ကာ စစ်မြေပြင်တွင်သာ အခွင့်အလမ်းအတွက် တိုက်ခိုက်နေရသည်။

စစ်မြေပြင်အား ဦးဆောင်သူမှာ သူ ဖြစ်နေသင့်သည်။

ယခုကား သူ၏တစ်ခုတည်းသော အခွင့်အလမ်းအား လုယက်လိုသူ ပေါ်လာပြန်၏။

“မင်းသား… တွန့်ဆုတ်မနေနဲ့… ကျုပ်တို့က သွေးယဇ်ပူဇော်ဖို့ သွေးအဆီအနှစ်နည်းနည်းပဲ လိုတော့တယ်။ ကျုပ်တို့က ချိပ်စည်းကို ချိုးဖျက်နိုင်တာနဲ့ ဒီကမ္ဘာက ထွက်သွားမယ်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းလောက်က ဘာမှ မဟုတ်ဘူး”

ထန်ချီဘေးတွင် အနက်ရောင်ဝတ်အဖိုးအိုတစ်ဦးက တီးတိုးပြောသည်။

ထန်ချီက ခေါင်းညိတ်ကာ အံကြိတ်လျှက် ရှေ့ကို ဓားဖြင့် ပြေးလွှားသွားသည်။

ဝုန်း…

ကောင်းကင်တွင် အနက်ရောင် မိစ္ဆာအခိုးအငွေ့များ သူ့ထံသို့ ပြေးဝင်လာသည်။

ဟွမ်လောင်လျှိုသည် ဓားဆွဲကိုင်ကာ သူ့မျက်လုံးများထဲ၌ အနီရောင်အလင်းတစ်ချက် လက်သွားသည်။

သူ့ဘေးတွင် လုချန်းဖျင်က သူ့လက်များအား တင်းတင်းဆုပ်ကိုင်ထားသည်။

“ရွှေခြင်္သေ့… ဒီနေ့ ငါတို့ တိုက်ပွဲကို အဆုံးသတ်ကြမယ်”

လေထဲတွင် အစိမ်းရောင်လူရိပ်တစ်ခု ပေါ်လာကာ မိစ္ဆာတိမ်ထုအား တားဆီးသည်။

စွန်းမူ…

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအကြီးအကဲ။

ကျင့်ကြံဆင့် ရပ်တန့်သွားပြီးကာ အလားအလာ ကုန်ခမ်းသွားသူတစ်ဦး။

ကျယ်လောင်သော ရယ်သံတစ်ချက်နှင့်အတူ မိစ္ဆာတိမ်ထုတစ်ခုသည် စွန်းမူထံသို့ ပြေးဝင်လာသည်။

စွန်းမူ၏မျက်လုံးများ ရုတ်တရက် စူးရှသွားကာ သူ့လက်မှ ဓားသည် ပေတစ်ထောင်အလင်းတန်းအသွင်ဖြင့် ပြေးထွက်သွားသည်။

“အဖိုးကြီးစွန်း… မင်း အဆင့်တော့မှာလားလား… မဖြစ်နိုင်ဘူး”

တိမ်ထုထံမှ အော်သံတစ်ချက်နှင့်အတူ ရွှေခြင်္သေ့သည် နောက်ကို အလောသုံးဆယ် ဆုတ်ခွာရန် ကြိုးစားသည်။

သို့သော်လည်း ဓားအလင်းသည် ထိုမိစ္ဆာတိမ်ထုအား နှစ်ပိုင်းခွဲခြမ်းသွား၏။

စွန်းမူ၏ရွှေအမြုတေအလင်းများ စူးရှစွာ ထွက်ပေါ်လာသည်။

သူ၏ရပ်တန့်နေသော ကျင့်ကြံခြင်းမှာ ပြန်လည်သက်ဝင်လာခဲ့၏။

ကောင်းကင်တွင် တိမ်ထုများ လူးလိမ့်သွားသည်။

“အဆင့်တက်မှာတာလား…”

“စွန်းမူ… နှစ် ၂၀၀ လောက် ကျင့်ကြံဆင့် ရပ်တန့်နေတဲ့သူ အဆင့်တက်နိုင်သေးတာလား”

တိမ်မြုံကမ်းပါး၌ မရေမတွက်နိုင်သော ရေရွက်သံများအား ကြားရသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း အခြေစိုက်စခန်းမှနေ၍ အစိမ်းရောင်ဝတ်လူတစ်ဦး လေထဲသို့ ပျံတက်လာကာ စွန်းမူဘေးသို့ သက်ဆင်းလာသည်။

ကျင့်ကြံခြင်းလောကတွင် အများလက်ခံထားသော စည်းမျဉ်းများ ရှိပေသည်။

ကျင့်ကြံခြင်းသည် အဆင့်တစ်ခု၌ နှစ်ပေါင်းများစွာ ရပ်တန့်သွားသောအခါ အလားအလာကုန်ဆုံးပြီး နောက်တစ်ဆင့်သို့ တက်လှမ်းရန် အလွန်အမင်း ခက်ခဲ၏။

တစ်ဘက်တွင် ထိုသို့သော သူသာ အဆင့်တက်သွားပါကလည်း အလွန်မြန်ဆန်စွာ ကြီးထွားနိုင်၏။ မည်သို့ဆိုစေ ထိုသို့သောသူတွင် သာမန်လူများ မရှိနိုင်သော အတွေ့အကြုံများအား ပိုင်ဆိုင်သည်။

ဥပမာအားဖြင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နံပါတ် ၁ အပြင်စည်းဂိုဏ်းသား မော့ယွမ်သည် ချီစုဆောင်းခြင်းမှ ချီစုစည်းခြင်းသို့ ကျင့်ကြံဆင့် တက်လှမ်းသွားသောအခါ သူ့အဆင့်အတွင်း၌ ပြိုင်စံရှားရုံသာမက ကမ္ဘာမြေအဆင့်များကိုပင် အနိုင်ယူနိုင်စွမ်း ရှိသည်။ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်များနှင့်ပင် ယှဉ်နိုင်စွမ်း ရှိ၏။

All Chapters