← Chapters

မိန်အိမ်တော်၏ လျို့ဝှက်ချက်

Vol. 80 Ch. 1117

မိန်အိမ်တော်၏ လျို့ဝှက်ချက်

Vol. 80 Ch. 1117

သူ့ဆီမှ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ယူဆောင်ခံရလုနီးပါး ဖြစ်သွားသောကြောင့် မုန့်ယဲ့ စိတ်နှလုံးသား၌ နောက်ထပ် အရိပ်မည်းတစ်ခု ဖြစ်လာသည်။ တကယ်တော့ သူက မိုဝူကျိနှင့် ဆက်မသွားလိုတော့ပေ။

သို့သော်လည်း သူက မိုဝူကျိတွင် ဖီကာရွံ့စေး ရှိနေသေးကြောင်း တွေးမိသွား၏။ ထို့အပြင် သူက မိုဝူကျိသည် ဤနေရာ၌ မည်သို့ တိုက်ကွက် ထုတ်ဖော်နိုင်ကြောင်း သိချင်နေမိသေးသည်။ ထိုအကြောင်းအရင်းများကြောင့် သူက အံ့ကြိတ်ကာ အလောင်းအစား ပြုဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။

ဖီကာရွံ့စေး မရှိလျှင်  သူ့ဘဝမှာ ဤနေရာ၌သာ ရပ်တန့်နေပေလိမ့်မည်။

ကောလဟာလများအရ စကြဝဠာတစ်ခုလုံး၌ ဖီကာရွံ့စေး တစ်ခုသာ ကျန်ရှိပေတော့သည်။ ထိုတစ်ခုတည်းသောအရာက မိုဝူကျိဆီ ရှိနေပေရာ သူက အခွင့်အရေးကို လက်လွှတ်လိုက်ရလျှင် သူ့မဟာတာအို အနာဂတ်ကား ကန့်သတ်ချက် ရှိလခြင်းနှင့်အတူတူသာ ဖြစ်ပေမည်။

“ ခင်ဗျားကို ခေါ်သွားပေးမယ် ”  မုန့်ယဲ့က အံ့ကြိတ်ကာ ပြောလိုက်၏။

ထိုသို့ပြောပြီးနောက် သူက တားမြစ် ပညာရပ်ကို ထုတ်သုံးလိုက်သည်။ သိပ်မကြာခင် သူက ရေးထွင်းထားသည့် သင်္ကေတစွမ်းအားကို အာရုံခံစားမိလာသည်။

“ ဒီလမ်းပဲ ” မုန့်ယဲ့က မိုဝူကျိကို ဦးဆောင်ခေါ်သွားလိုက်သည်။

အမွေးတိုင်တစ်ဝက်စာ ကြာမြင့်ပြီးနောက် သူနှင့် မိုဝူကျိက မိန်အိမ်တော် အနက်ပိုင်းသို့ ရောက်ရှိလာကြသည။ ဤနေရာတွင် ကြာရေကန်တစ်ခု ရှိသင့်သော်လည်း ယခုတွင် ကြာပန်းများလည်း မရှိနေတော့ချေ။ ရေကန်အလယ်၌ ရေနည်းနည်းတော့ ရှိနေသေး၏။

ဤတစ်လျှောက်လုံး မိုဝူကျိနှင့် မုန့်ယဲ့တို့က လုပ်ကြံမခံရတော့ပေ။

“ ဟုတ်တယ် … ဒီရေကန်အလယ်မှာပဲ။ ကျုပ် မမှားဘူးဆိုတာ သေချာတယ်။ ကျုပ်ရဲ့ သင်္ကေတတွေကို ဒီမှာ ခံစားမိနေတယ် ” ကန်ဘေးတွင် ရပ်နေသည့် မုန့်ယဲ့က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းရှိ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သော်လည်း သိပ်မကြာခင် ပိတ်ဆို့ခံလိုက်ရသည်။ အိုဟောင်းနေသည့် ကျောက်တံခါးကြီးက သူ့စိတ်စွမ်းအားကို ပိတ်ဆို့ထားလေသည်။ ဤကျောက်တံခါးကြီးက ကျောက်တုံးနှင့် လုပ်ထားခြင်း မဟုတ်သကဲ့သို့  မိုဝူကျိအား  ထူးထူးခြားခြား ခံစားချက်ပေး၏။ ထို့အစား မိုဝူကျိက အထီးကျန်မှုနှင့် ခိုကိုးရာမဲ့မှုနှင့် ပြုလုပ်ထားသကဲ့သို့ ခံစားမိနေသည်။

မိုဝူကျိက စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းကာ မေးလိုက်သည်  “ အဲဒီ သွေ့ကျောင်းရန်က ကျင့်ကြံသူတွေရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို စုပ်ယူဖို့ ကျင့်ကြံရတာကို ကြိုက်တာလား ”

မုန့်ယဲ့က ခေါင်းခါကာ

“ မဟုတ်ဘူး …. ဒါပေမဲ့ သူ့ဆီမှာ အဲလိုလုပ်နိုင်တဲ့ လျို့ဝှက်ပညာရပ်တစ်ခု ရှိတယ်။ တကယ်တော့ အဲဒီပညာရပ်ကြောင့် သူ့ကျင့်ကြံဆင့် မြန်မြန်ဆန်ဆန် တိုးတက်လာတာလ …. ကောလဟာလတွေအရတော့ သူက ဝိဇ္ဇာ ဖြစ်လာနိုင်ပေမဲ့ သူက အဲနည်းလမ်းကို ကျင့်ကြံဖို့ မရွေးခဲ့တာတဲ့လေ။

ကပ်ဘေးကြီးပြီးသွားတော့ သွေ့ကျောင်းရန် သူ့ကျင့်စဉ်ကို ပြောင်းလိုက်လားတော့ မပြောတတ်ဘူး ”

“ ကျုပ် တစ်ချက် သွားကြည့်လိုက်ဦးမယ်။ ကျုပ်နဲ့အတူတူ လိုက်မှာလား ” မိုဝူကျိက မုန့်ယဲ့အား ကြည့်လိုက်သည်။ သူက မုန့်ယဲ့သာ မလိုက်လိုလျှင် စောင့်ခိုင်းခဲ့မည်သာ ဖြစ်၏။

“ ခင်ဗျားနဲ့ လိုက်မှာပေါ့ ” မုန့်ယဲ့က စဉ်းစားမနေဘဲ တန်းဖြေလိုက်သည်။

သူက မိုဝူကျိသည် ဤနေရာ၌ ရှင်သန်ရန် သူ့ထက် ပိုများသည့် နည်းလမ်းများ ရှိကြောင်း အသေအချာ သိထားသည်။

မိုဝူကျိက မြန်မြန် သွားသည့်အတွက် မုန့်ယဲ့လည်း နောက်မှ လိုက်ပါသွားလိုက်သည်။ မိုဝူကျိက သွားနေစဉ် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း၏ စိတ်စွမ်းအားမှ သူ့ဘေးပတ်လည်ရှိ စွမ်းအားတစ်ခုကို အာရုံခံစားမိလိုက်သည်။ သို့သော်လည်း  ထိုစွမ်းအားက မိုဝူကျိကို ဘာမှမလုပ်ပေ။ မိုဝူကျိက ထိုသူသည် သူ့စိတ်စွမ်းအင်မြှားကို ကြောက်သွားကြောင်း မှန်းဆမိလိုက်၏။

သူ့လှုပ်ရှားမှုများကို စောင့်ကြည့်နေသည့် စွမ်းအားကြောင့် မိုဝူကျိက အရှိန်ကို လျော့ချလိုက်သည်။ အမွေးတိုင်တစ်တိုင်စာလောက် ကြာမြင့်ပြိးနောက် သူက မုန့်ယဲ့နှင့်အတူ ရပ်တန့်လိုက်တော့သည်။ နှစ်ယောက်လုံးက ကျောက်တံခါးရှေ့ ရောက်လာကြသည်။

ကျောက်တံခါးပေါ်တွင် စာလုံးသုံးလုံး ရေးထွင်းထားလေ၏  “ ဝိဇ္ဇာအတည်ပြု တံခါး ”

ထိုတံခါးကို မြင်လိုက်သည်နှင့် မုန့်ယဲ့၏ အမူအယာမှာ ချက်ချင်း ပျက်ယွင်းသွားလေသည်။

“ တာအိုရောင်းရင်းမုန့် ဘာဖြစ်လို့လဲ ” မိုဝူကျိက မုန့်ယဲ့အား နားမလည်စွာ ကြည့်လိုက်မိသည်။

မုန့်ယဲ့က ကျောက်တံခါးကြီးကို ညွှန်ပြရင်း   “ တံခါးပေါ်မှာ အပေါ်ယံ အရည်ပြားကြီး ရှိနေတယ်။ အဲဒါက  …. ”

မုန့်ယဲ့၏ တုန်တုန်ယင်ယင် အသံနှင့် မယုံကြည်နိုင်မှုတို့ကို သတိပြုမိကာ မိုဝူကျိက မေးလိုက်၏  “ အဲဒါက နယ်လှည့် ဝိဇ္ဇာသုံးပါးထဲက သွေ့ကျောင်းရန်လား ”

မုန့်ယဲ့က တုန်လှုပ်တကြီး ကြည့်ကာ ပြန်ဖြေလိုက်သည်

“ ဟုတ်တယ် …. အဲဒါ သွေ့ကျောင်းရန်ရဲ့ အရည်ပြားပဲ။ ကျုပ်နဲ့ သွေ့ကျောင်းရန် ရင်းနှီးလာတာ ကြာလှပြီ သူ့စွမ်းအင်ကို အသေအချာကို မှတ်မိတယ် ”

မုန့်ယဲ့ကို လုပ်ကြံခဲ့သူမှာ သွေ့ကျောင်းရန် မဟုတ်ကြောင်း အရူးပင် ပြောနိုင်လိမ့်မည်။ သူ့အရည်ပြားပင် အခွာခံ၍ ကျောက်တံခါးပေါ် အထားခံထားရလေရာ သွေ့ကျောင်းရန်အနေနှင့် မုန့်ယဲ့အား မည်သို့ ရင်ဆိုင်နိုင်မည်နည်း။

“ ဒီကျောက်တံခါးက ချိုးဖောက်ဖို့ ခက်ခဲတဲ့ပုံပဲ ” မိုဝူကျိက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို လှည့်ပတ်လိုက်ရင်း ပြောလိုက်သည်။

“ငါတောင် ဒီတံခါးကို မဖွင့်နိုင်ဘူး ” မုန့်ယဲ့က စိုးရိမ်တကြီး အမူအယာဖြင့် ပြောလိုက်သည်။

ဤကျောက်တံခါးကြီးက ဝိဇ္ဇာတပိုင်း ပညာရှင် ဖြစ်သည့် သွေ့ကျောင်းရန်၏ တာအိုအငွေ့အသက်ဖြင့် ဖြစ်တည်လာလေရာ သူ့တာအိုအငွေ့အသက်နှင့် ထိပ်သီး အစီအရင်တို့မှ ဖွဲ့စည်းဖြစ်တည်လာခြင်း ဖြစ်၏။ လက်ရှိ မုန့်ယဲ့အနေနှင့် မဖွင့်နိုင်သည်မှာ ပုံမှန်သာ ဖြစ်ပေသည်။

မုန့်ယဲ့ စိတ်ထဲ နောက်ထပ် အရိပ်မည်းတစ်ခု ထပ်ပေါ်လာသည်။ ယခင် သွေ့ကျောင်းရန်က ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်ခဲ့၏။ ထိုသို့ဆိုလျှင်ပင် တစ်စုံတစ်ယောက်က သူ့အရည်ပြားကို ခွာ၍ တံခါးလုပ်ထားပြီး ဤနေရာကို အပိုင်စီးထားလေသည်။ ဤလူက မည်သို့ အားနည်းမည်နည်း။

မိုဝူကျိက လေးလေးနက်နက် ပြောလိုက်သည်

“ တာအိုရောင်းရင်းမုန့် … ဒီလူက ခင်ဗျား ရောက်လာတကို စောင့်နေတာ ဖြစ်မယ် ”

မုန့်ယဲ့က ဘာမှမပြောဘဲ သက်ပြင်းချလိုက်သည်။ မိုဝူကျိ မပြောလျှင်ပင် တစ်ဖက်လူက သူ့အား စောင့်နေကြောင်း ခန့်မှန်းမိ၏။

ယခု သူ ထွက်သွားလိုလျှင်ပင် သူ့အနေနှင့် မလုပ်နိုင်တော့ကြောင်း ကောင်းကောင်း သိလိုက်သည်။ ကံကောင်းစွာဖြင့် သူက မိုဝူကျိနှင့် အတူတူ ရောက်လာခြင်း ဖြစ်၏။ မိုဝူကျိက သူပင် မခန့်မှန်းနိုင်သည့် ထူးခြားဆန်းထွေ နည်းလမ်းများ ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။

“ အရင်တုန်းက ခင်ဗျားတို့ နှစ်ယောက် ရောက်လာတုန်းကလည်း ဒီလိုမျိုး မှုန်မှိုင်းမှိုင်း ဖြစ်နေတာပဲလား ” မိုဝူကျိက နောက်ထပ် မေးလိုက်ပြန်သည်။

မုန့်ယဲ့က စကားပြောချင်စိတ် မရှိသောကြောင့် ခေါင်းသာ ခါပြလိုက်သည်။

မိုဝူကျိက သက်ပြင်းချကာ   “ ဒီနေရာမှာ ဘယ်သူ ရှိနေတာလဲဆိုတာ သိပြီ ”

“ ဘယ်သူလဲ ” မုန့်ယဲ့က စိုးရိမ်စွာ မေးလိုက်၏။

“ ထန်းဟန် ” မိုဝူကျိက အေးအေးဆေးဆေး ဖြေလိုက်သည်။

မုန့်ယဲ့က နှလုံးခုန်နှုန်း မြန်လာကာ မြန်မြန် ပြောလိုက်၏  “ မဖြစ်နိုင်တာ ”

သူက ထန်းဟန်သာ ရောက်နေသည်ဆိုလျှင် သူ မုန့်ယဲ့အနေနှင့် ဆက်လက် အသက်မရှင်နေတော့ကြောင်း သိပေသည်။ ထန်းဟန်က သူ့အား အစကတည်းက ရှင်းပစ်ပြီးလောက်လေပြီ။ တကယ်တော့ မိုဝူကျိပင် ထန်းဟန်အား နှောင့်ယှက်နိုင်မည် မဟုတ်ပေ။

မိုဝူကျိက အေးစက်စက် ပြန်ဖြေလိုက်သည်

“ ဖြစ်နိုင်ခြေ မဟုတ်ဘူး အသေအချာပဲ …. အရင် ကျုပ် နိဗာန တိတ်ဆိတ်မှုပင်လယ်ကနေ ရောက်လာတော့ ထူးဆန်းတယ်လို့ ထင်နေတာ။ မိန်အိမ်တော်ရဲ့ စွမ်းအားက တကယ်တော့ နိဗာန တိတ်ဆိတ်မှုပင်လယ်ရဲ့ စွမ်းအားနဲ့ တူနေခဲ့တာပဲ။

ကျုပ် ထန်းဟန် လုပ်တာကို အခုမှ သတိပြုမိတယ်။ ဒါပေမဲ့ စိုးရိမ်နေစရာတော့ မရှိပါဘူး။ ထန်းဟန် ဒီမှာ မရှိတာ သေချာတယ်။ အဲဒီလူက နတ်ဘုရားကုန်းမြေမှာတောင် မဟုတ်ဘူး  ”

မုန့်ယဲ့၏ စိုးရိမ်ပူပင်ရောက်နေသည့် စိတ်နှလုံးသားမှာ ပြန်လည် တည်ငြိမ်သွားလေ၏  “ တာအိုရောင်းရင်းမို … ဒီနေရာကနေ မြန်မြန် ထွက်သွားရအောင်။ ကျုပ်တို့တွေ အချိန်ဆွဲနေရင် ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး ”

ထန်းဟန် ပြန်ရောက်လာသည်နှင့် သူနှင့် မိုဝူကျိတို့ မည်သို့ လွှတ်မြောက်နိုင်တော့မည်နည်း။

မိုဝူကျိက ထပ်ပြောလိုက်သည်

“ တာအိုရောင်းရင်းမုန့် … ခင်ဗျား ထွက်သွားချင်တာနဲ့ ထွက်သွားလို့ ရမယ် ထင်နေလား။ ထန်းဟန်က ခင်ဗျား ပြန်အလာကို စောင့်နေတာ ကျိန်းသေတယ်။ အခု ခင်ဗျား ရောက်လာပြီဆိုတော့ သူ့ဂူထဲ ဝင်သွားသလိုပဲ ….

ထန်းဟန် မရှိရင်တောင် ဒီသတင်းကို မြန်မြန်ဆန်ဆန် သိလာလိမ့်မယ်။ အခု ကျုပ်တို့အတွက် လွတ်မြောက်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက ဒီကူးသန်းရေး အစီအရင်ကနေ ထွက်သွားတာပဲ ”

ဤနေရာသို့ မိုဝူကျိ  ရောက်လာသည့် ရည်ရွယ်ချက်မှာ ဤနေရာကို အပိုင်စီးရန် မဟုတ်ပေ။ ထို့အစား သူက ပင်းထန်းဝါးကို လာရှာခြင်း ဖြစ်၏။ ပင်းထန်းဝါး မပါဘဲ ဤနေရာမှ မည်သို့ ထွက်သွားနိုင်မည်နည်း။

“ ကျုပ်တို့တွေ ဒီတံခါးကို မဖွင့်နိုင်မှတော့ ဘာလုပ်နေရမှာလဲ ” မုန့်ယဲ့က စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ သူက မိုဝူကျိ စကားများက မှန်ကန်ကြောင်းလည်း သိပေသည်။ အကယ်၍ ထန်းဟန် ပြန်ရောက်လာလျှင် သူက လွတ်မြောက်ဖို့ အခွင့်အရေးပင် ရမည် မဟုတ်ပေ။ သူက ထန်းဟန်အနေနှင့် သူ့ကို ရှာဖွေနေသည့် အကြောင်းအရင်းကိုလည်း သိထားသည်။ သွေ့ကျောင်းရန်၏ ပင်းထန်းဝါးအပြင် နောက်ထပ် ပစ္စည်းတစ်ခုလည်း ရှိနေသေး၏။

မိုဝူကျိက လက်မြှောက်လိုက်သည်နှင့် ခွန်းဝူဓားက လက်ထဲ ရောက်ရှိလာသည်။

“ ခွန်းဝူလား ” မုန့်ယဲ့က မိုဝူကျိ လက်ထဲရှိ မီးခိုးရောင်ဓားကို တအံ့တဩ ကြည့်ကာ ရေရွတ်လိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ကာ   “ အမှန်ပဲ … ခင်ဗျားက မချိုးဖောက်နိုင်ဘူးဆိုပေမဲ့ ကျုပ် မလုပ်နိုင်ဘူးလို့ ပြောတာ မဟုတ်ဘူးလေ ”

ထိုသို့ပြောပြီးနောက် ခွန်းဝူဓားက မီးခိုးရောင် တာအိုစည်းမျည်းအဖြစ် ပြောင်းလဲသွားကာ ရှေ့ကို တိုးဝင်သွားလေ၏  “ ဝုန်း ”

ကျယ်ကျယ်လောင်လောင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ကျောက်တံခါး‌ပေါ်၌ အက်ရာ ပေါ်လာသည်။ တုံ့ဆိုင်းနေခြင်းမရှိဘဲ ခွန်းဝူမှ နောက်ထပ် အလင်းတန်းတစ်ချက် ထပ်ထွက်သွားသည်။ နတ်ဘုရားကုန်းမြေ၏ စည်းမျည်းများကို စုတ်ဖြဲပစ်လိုက်သည့်အလား ကျောက်တံခါးအပေါ်တွင်လည်း အတူတူ ဖြစ်ပေသည်။

“ ဝုန်း ” နောက်ထပ် အက်ရာတစ်ခု ထပ်မံ ပေါ်လာသည်။ နောက်အခိုက်အတန့်လေး၌ မိုဝူကျိက လက်သီးချက် ပစ်ခွင်းလိုက်သည်။ ထိုအက်ရာထင်နေသည့် ကျောက်တံခါးကြီးမှာ ချက်ချင်း ပျက်စီးသွားလေ၏။

မိုဝူကျိနှင့် မုန့်ယဲ့တို့ရှေ့မှောက်တွင် အင်မတန် ကြီးကျယ်ခမ်းနားသော ခန်းမတစ်ခု ပေါ်လာသည်။

ခန်းမအလယ်၌ ကြက်ခြေခတ် အစီအရင် သင်္ကေတများ ရှိနေ၏။ ထိုအစီအရင်သင်္ကေတများကို ကာကွယ်ရေး အစီအရင်တစ်ခုဖြင့် ကာရံထားလေ၏။ ထိုအစီအရင်သင်္ကေတများအပြင် အရိုးခြောက်နှင့်တူသော အမျိုးသားတစ်ယောက်က လေဟာနယ်ထဲ ထိုင်နေသည်။

“ မုန့်ယဲ့ … မင်းက ငါ့တံခါးကို ဖောက်လာဖို့ သတ္တိကောင်းနေတာပေါ့ ” အရိုးခြောက်လူသားက ခက်ထန်စွာ ပြောလိုက်သည်။

သူက မိုဝူကျိအား ဘာမှမပြောရဲပေ။ ယခင် သူက မိုဝူကျိ၏ စိတ်စွမ်းအင်မြှားနှင့် အပစ်ခံရပြီးနောက် ပြန်ကောင်းမလာသေးချေ။

မုန့်ယဲ့က အေးစက်စက် သရော်လိုက်သည်  “ မင်းက ဘယ်သူလဲ … ငါ့နဲ့ စကားလာပြောဖို့ တန်လို့လား ”

မိုဝူကျိက ရယ်မောကာ

“ ဒီနေရာက အဲဒီဟာက ခင်ဗျား ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဆွဲနှုတ်ခဲ့တဲ့သူပဲ … ကြည့်ရတာ တော်တော် အားကောင်းတယ် ထင်တယ်။ ကျုပ် ခန့်မှန်းသလောက်ဆိုရင် သူက ထန်းဟန်ရဲ့ နောက်လိုက် ဖြစ်လိမ့်မယ် ”

မိုဝူကျိက ရုတ်ချည်းဆိုသလို စကားပြောရပ်ကာ ဘေးပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ ဤခန်းမထဲ၌ ကျင့်ကြံသူအမျိုးမျိုး၏ အရည်ပြားများနှင့် ပြည့်နှက်နေသည်။ အနီးကပ်ကြည့်ပါက ဤခန်းမကြီးကား  ရင်တထိတ်ထိတ် ဖြစ်ဖွယ် ကောင်းလှသည်။

ရှီလင်းယုနှင့် ယခင်ပတ်သတ်မှုများကြောင့် မိုဝူကျိ၏ ရှီလင်းယု၏ စွမ်းအားကို ကောင်းကောင်း သိထားသည်။ မိုဝူကျိက ရှီလင်းယု အရည်ပြားကို မြန်မြန်ဆန်ဆန် ရှာတွေ့သွားလေသည်။ သို့သော်လည်း သူက မိန်ချင်းချင်း၏ အရည်ပြားကိုတော့ မမှတ်မိပေ။ အကြောင်းမှာ သူတို့က သိပ်မရင်းနှီးခဲ့ပေ။ ထို့အပြင် မိန်ချင်းချင်းက အမျိုးသမီး ဖြစ်သည့်အတွက် သူ့အနေနှင့် မိန်ချင်းချင်း၏ စွမ်းအားကို ခံစားမိတာမျိုး သို့မဟုတ် နီးကပ်ထိတွေ့မိတာမျိုး မရှိခဲ့ဖူးပေ။

မိုဝူကျိ မျက်ဝန်းထဲ အေးစက်စက် သတ်ဖြတ်ငွေ့ ပြည့်နှက်လာကာ အရိုးခြောက်လူသားကို ကြည့်လိုက်၏။ မိုဝူကျိ လေသံ၌ သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေလေ၏  “ ကြည့်ရတာ ခင်ဗျားက မိန်မျိုးနွယ်ကို ရှင်းပစ်လိုက်တဲ့ တစ်ယောက်လား ”

“ ဟားဟား ….” အရိုးခြောက် လူသားက မျက်လုံးမှ မျက်ရည်များပင် စီးကျလာသည့်အထိ အားရပါးရ ရယ်မောလိုက်ပြီး  “ငါ့နာမည်က မိန်ဟန်ရှန်းပဲ … ငါက မိန်မျိုးနွယ် အိမ်တော်ကို တည်ဆောက်ခဲ့တဲ့သူ …. မင်း ဘယ်လိုထင်လဲ ဟားဟား  ”

“ ခင်ဗျားက ကိုယ့်အိမ်တော်ကို ပြန်ဖျက်စီးပစ်နိုင်တယ်လို့ တွေးလောက်မိတဲ့အထိ ယုတ်မာတဲ့သူမလို့ပဲ …. ခင်ဗျားက သတ်ပြီးတဲ့သူတွေကိုတောင် နံရံပေါ် ကပ်ထားလိုက်သေးတယ်။ မိန်မျိုးနွယ်အတွက် ခင်ဗျားလိုမျိုး ဘိုးဘေးရှိတာ တကယ့်ကို ကံဆိုးတာပဲ ” ထိုသို့ပြောပြီးနောက် မိုဝူကျိ၏ ပုဆိန်လှံရှည်မှ အလင်းတန်းများ ဖြာထွက်လာသည်။

*

All Chapters