← Chapters

မဟာဖျက်စီးရေး ပညာရပ်နှင့် အပ်ကျမ်း

Vol. 81 Ch. 1123

မဟာဖျက်စီးရေး ပညာရပ်နှင့် အပ်ကျမ်း

Vol. 81 Ch. 1123

မိုဝူကျိ၏ စကားကို ကြားလိုက်ပြီးနောက် နတ်ဘုရား ဧကရာဇ် မင်ယွဲ့၏ အမူအယာမှာ ပျက်ယွင်းသွားလေသည်။ မင်ယွဲ့က ဝိဇ္ဇာဟွမ်တိကို ချုပ်နှောင်နိုင်သူကို မည်သို့ မကြောက်ဘဲ နေမည်နည်း။ ယခု ဟုန်မုန့်သဲက သူ့အပိုင် ဖြစ်နေပြီ ဖြစ်ရာ မိုဝူကျိဆီ လိုလိုလားလား မပေးလိုပေ။

ယခင်က  သူသည် မဟာသဲကန္တာရအား ပင်းထန်းဝါး ယူစေခဲ့ပြီး သူက ဟုန်မုန့်သဲကို သိမ်းထားခဲ့သည်။ တစ်စုံတစ်ယောက်က သူ့အပိုင် ဖြစ်နေပြီးသား ပစ္စည်းကို လာတောင်းလေရာ သူ့အနေနှင့် မည်သို့ စိတ်ကြည်နေမည်နည်း။

မင်ယွဲ့က သူ့အား ကြည့်နေသည့် မဟာသဲကန္တာရကို ပြန်ကြည့်လိုက်သည်။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် မဟာသဲကန္တာရက သူ့ဘာသာ တည်ငြိမ်အောင် ထိန်းလိုက်ရင်း ပြောလိုက်သည်

“ တာအိုရောင်းရင်းမို …. အဲဒီ ပင်းထန်းဝါးက ကျုပ်အတွက် အလွန်အရေးကြီးတဲ့အရာပါ။ တာအိုရောင်းရင်းမို ပြန်ပေးဖို့ တောင်းဆိုပါတယ်။ မင်ယွဲ့နဲ့ ကျုပ်က ခင်ဗျားတို့နှစ်ယောက်ကို ရိုရိုကျိုးကျိုး လိုက်မပို့ခင် လက်ဆောင်တွေလည်း ပေးပါ့မယ် ”

မိုဝူကျိက မဟာသဲကန္တာရ၏  ဆိုလိုရင်းကို နားလည်ပေသည်။ ဤသည်မှာ သူ့အင်အားကို စမ်းသပ်နေခြင်းသာ ဖြစ်၏။ သူ ပြောသည့် “ ရိုရိုကျိုးကျိုး လိုက်ပို့ပါ့မည် ” ဟူသော စကားမှာ သူသာ ပင်းထန်းဝါးကို ထုတ်ပေးလိုက်သည်နှင့် ပျက်ပျယ်သွားမည် ဖြစ်၏။ ထို့အစား သူက မိုဝူကျိနှင့် မုန်ု့ယဲ့တို့အား သတ်ဖြတ်ရန် လုပ်ကြံမှုတစ်ခုသာ ဖြစ်ပေမည်။

ထိုလူများက ကပ်ဘေးအတွင်း ရှင်သန်ပြီး နတ်ဘုရားအရိုက်အရာပင် ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ သူတို့လို လူမျိုးနှင့် အလွယ်လေး ရင်ဆိုင်၍ ရမည် မဟုတ်ပေ။ သို့သော်လည်း မိုဝူကျိက ခြိမ်းခြောက်ဖို့ ရွေးချယ်ခဲ့ခြင်းမှာ သူက ထွက်ပြေးလိုသောကြောင့် မဟုတ်ပေ။ အကြောင်းမှာ သူက သူတို့ကို လုပ်ကြံလို၍ ဖြစ်၏။

မိုဝူကျိက ဤတိုက်ပွဲမှာ ရှောင်လွဲ၍ မရကြောင်း အာရုံခံမိ၏။ ထို့ကြောင့် သူက သူ့ဝဲကတော့ စွမ်းအားစက်ကွင်းကို ချက်ချင်း ဖြန့်ကျက်လိုက်ပြီး မုန့်ယဲ့အား တိုက်ခိုက်ဖို့ လှမ်းအကြောင်းကြားလိုက်သည်။ သူက မဟာဖျက်စီးရေး ပညာရပ် လက်ဟန်များ ထုတ်ဖော်လိုက်သောကြောင့် သူတို့ဘေးရှိ အာကာပြင်မှာ အပြင်းအထန် တုန်ခါလာလေသည်။

“ တာအိုရောင်းရင်းမို စိတ်အေးအေး ထားပါ …” မင်ယွဲ့က အော်ပြောလိုက်သည်။ သူလည်း မှော်ရတနာကို ထုတ်ယူလိုက်သည်။ ထိုအရာမှာ အပ်ကျမ်းစာအုပ် ဖြစ်နေ၏။

မိုဝူကျိက ထိုစာအုပ် ထွက်ပေါ်လာသည်နှင့် မသက်မသာ ခံစားမိလိုက်သည်။ သူက လက်ဟန်များကို အရှိန်မြင့်ကာ ထုတ်ဖောလိုက်၏။ သူက ဆက်တိုက်ဆိုသလို လော့ကျမ်းစာရွက်ကို သူ့ရင်ဘတ်၌ ကာရံထားလိုက်သည်။

ဤကြောက်မက်ဖွယ် စွမ်းအားက နေရာတစ်ခုလုံး ဖုံးလွှမ်းသွားလေသည်။ ထိုစွမ်းအားအောက်၌ တာအိုအုပ်စိုးသူ အရှင်မဟာသဲကန္တာရ၏ နိဗာနသဲပင် မုန်တိုင်းကြားမှ မငြိမ်မသက် ဖြစ်နေသည့် လှေတစ်စင်းလို ဖြစ်နေသည်။

“ မဟာဖျက်စီးရေး ပညာရပ် ” အံ့ဩတကြီး ဖြစ်သွားသည့် မဟာသဲကန္တာရနှင့် မင်ယွဲ့တို့က ပြိုင်တူ ရေရွတ်လိုက်ကြသည်။ မိုဝူကျိနှင့် မင်ယွဲ့တို့ပင် မဟာဖျက်စီးရေး ပညာရပ် ဖြစ်တည်လာသည့်အခါ တအံ့တဩ ဖြစ်သွားကြလေသည်။

မိုဝူကျိအတွက် ဤသည်မှာ  မဟာဖျက်စီးရေး ပညာရပ်ကို ကောင်းကောင်း ထုတ်သုံးဖူးသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ယခင် မိန်မျိုးနွယ် အိမ်တော်အတွင်း၌ အနည်းငယ် အရိပ်အယောင်မျှသာ ပါဝင်လေသည်။

ထိုစဉ် သူက မဟာဖျက်စီးရေး ပညာရပ်အတွက် အားအပြည့် ထုတ်သုံးလိုက်ရသည်။ ဤမဟာဖျက်စီးရေး ပညာရပ်သည် သူ၏ အားအကောင်းဆုံးအဖြစ် မှတ်ယူနိုင်ပေသည်။ အနည်းဆုံးတော့ သတ္တကမ္ဘာ လက်ချောင်းပညာရပ်အပေါ် မပြီးပြည့်စုံသည့် နားလည်နိုင်စွမ်းကြောင့် မဟာဖျက်စီးရေး ပညာရပ်နှင့် ယှဉ်၍ မရပေ။

ထိတ်လန့်နေသည့် နတ်ဘုရားဧကရာဇ် မင်ယွဲ့က မိုဝူကျိ၏ ဇာစ်မြစ်ကို ဂရုမစိုက်နိုင်တော့ပေ။ သူ့အပ်ကျမ်းစာအုပ်ရှိ အပ်ဿဏ္ဍာန် မြှားနက် ခုနှစ်စင်းက ချက်ချင်း ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့်လေး၌ မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းမှာ ထိုအပ်သဏ္ဍာန် မြှားခုနှစ်စင်းကြောင့် တစစီ ဖြစ်သွားလေ၏။

“ ဝုန်း ဝုန်း ဝုန်း ” အပ်သဏ္ဍာန်မြှား ခြောက်ချောင်းက လော့ကျမ်းစာရွက်နှင့် ထိပ်တိုက် တွေ့သွားသည်။ လော့ကျမ်းစာရွက်မှာ ရှန်းထျန်း ရတနာ ဖြစ်သော်ငြား  နတ်သဘာဝစွမ်းအား ပေါက်ကွဲမှုနှင့် တာအိုလှိုင်းများက အရမ်းအားကောင်းလွန်းလှသည်။ လော့ကျမ်းစာရွက် အကာအကွယ်နှင့်ပင် မိုဝူကျိက သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ လော့ကျမ်းစာရွက်က တုန်ခါလာကာ အက်ကြောင်းလေး ပေါ်လာလေ၏။ ခုနှစ်စင်းမြှောက် အပ်သဏ္ဍာန်မြှားက မိုဝူကျိ၏ ရင်ဘတ်အတွင်း ဝင်ရောက်သွားသည်။

“ အား ” မိုဝူကျိက နာကျင်မှုကို တောင့်မခံနိုင်တော့ဘဲ သွေးတစ်ပွက် အန်ထုတ်လိုက်ရပြန်သည်။ သူ့တစ်ကိုယ်လုံးမှာ ကျောရိုးမကြီ ကျိုးကြေသွားသကဲ့သို့ ချက်ချင်း အားပျော့သွားလေ၏။ အပ်သဏ္ဍာန်မြှားက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည့်အခိုက်အတန့်  သူ့စွမ်းအား အားလုံး နှုတ်ယူခံလိုက်ရန်ဟန် ပေါ်သည်။ သူ့အသက်ဓာတ်ပင် လျော့ပါးနေလေ၏။

“ ဝုန်း ဝုန်း ဝုန်း ” မဟာဖျက်စီးရေး ပညာရပ်သည် အပြည့်အဝ အသက်ဝင်လာပြီး  မဟာသဲကန္တာရနှင့် မင်ယွဲ့တို့မှာ ချက်ချင်း လွှမ်းမိုးခံလိုက်ရ၏။

အာကာပြင်အတွင်း အရာအားလုံးသည် ဟင်းလင်ပြင်ထဲ ဝါးမျိုခံလိုက်ရသကဲ့သို့ စတင် ပျက်စီးလာသည်။

အစီအစဉ် မကျ ကမောက်ကမ ဖြစ်လာသည့် စည်းမျည်းများကြောင့် မဟာသဲကန္တာရ၏ နိဗာနသဲမှာ ပျောက်ကွယ်သွားတော့သည်။ လက်ရှိ မိုဝူကျိအား ကူညီရန် ကြံရွယ်ထားသည့် မုန့်ယဲ့က သူ အသက်ရှင်လိုလျှင် ထွက်ပြေးဖို့သာ တတ်နိုင်လေသည်။ ကံကောင်းစွာဖြင့် သူက မိုဝူကျိဘေး ရပ်နေလေ၏။ ဤသည်မှာ မဟာဖျက်စီးရေး ပညာရပ်၏ အားအနည်းဆုံး နေရာ ဖြစ်ပေသည်။

“ ဝုန်း ဝုန်း ” မဟာသဲကန္တာရနှင့် မင်ယွဲ့တို့၏ အရိုးများမှာ သစ်ကိုင်းခြောက်များကဲ့သို့ စတင် အက်လာ၏။ မိုဝူကျိကလည်း မင်ယွဲ့၏ အပ်ကျမ်းစာအုပ်ကြောင့် သွေးခဏတိုင်း အန်ထုတ်လိုက်ရသည်။ သို့သော်လည်း မဟာသဲကန္တာရနှင့် မင်ယွဲ့၏ ထိခိုက်မှုကား သွေးအန်ရုံလောက် မရိုးရှင်းပေ။ သူတို့၏ မပြီးပြည့်စုံသေးသော ခန္ဓာကိုယ်က မဟာဖျက်စီးရေး ပညာရပ်အောက်တွင် စတင် ပြိုကွဲလာလေ၏။ သူတို့ ကမ္ဘာဦး စိတ်ဝိညာဉ်များ၏ တာအိုလှိုင်းများပင် အဖျက်စွမ်းအားအောက် ဦးညွှတ်သွားရသည်။

အကယ်၍ နတ်ဘုရားဧကရာဇ်၏ အချိန်ကိုက် အပ်သဏ္ဍာန် မြှားကြောင့်သာ မဟုတ်လျှင် မဟာသဲကန္တာရနှင့် မင်ယွဲ့တို့ နှစ်ယောက်လုံး မဟာဖျက်စီးရေး ပညာရပ်အောက်၌ ပျက်စီးသွားလောက်လေပြီ။

မိုဝူကျိ၏ ဒဏ်ရာကြောင့် မဟာဖျက်စီးရေး ပညာရပ်၏ စွမ်းအားကို လျော့ကျသွားစေသည်။ ဤသည်မှာ မဟာသဲကန္တာရနှင့် မင်ယွဲ့တို့ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွား၏။

မဟာသဲကန္တာရ၏ ၁၈ လုံး ပုတီးက ဗုဒ္ဓပုတီးစေ့ ကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။ သူက သူ့ကိုယ်သူ ထိုအဆုံးမဲ့ ဗုဒ္ဓရောင်ခြည်တော်ဖြင့် ရစ်ပတ်ကာ မဟာဖျက်စီးရေး ပညာရပ်အား ကာကွယ်ထားလိုက်သည်။ ထို့နောက် တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရက နောက်ဆုတ်လိုက်သည်။ သူက မည်သို့ တုံ့ပြန်ရဲမည်နည်း။

သူက မိုဝူကျိကို အရင်တိုက်ခိုက်ခွင့် ပေးလိုက်သည့်အတွက် အနည်းငယ် နောင်တရနေမိသည်။ မိုဝူကျိ ထုတ်ဖော်လိုက်သော မဟာဖျက်စီးရေး ပညာရပ်သည် အမှန်တကယ် ကြောက်ဖို့ ကောင်းလှသည်။ သို့သော်လည်း သူက မိုဝူကျိ၏ အင်အား အစစ်အမှန်မှာ ထိုမျှ ကြောက်ဖို့ မကောင်းကြောင်း ပြောနိုင်ပေသည်။ သူက မိုဝူကျိ၏ ပထမတိုက်ကွက်ဖြင့် အတော်လေး ထိတ်လန့်မိသွားခြင်း ဖြစ်၏။

အကယ်၍ သူနှင့် မင်ယွဲ့သာ မိုဝူကျိအား အရင်ဦးဆုံး တိုက်ခိုက်ခဲ့လျှင် မိုဝူကျိအနေနှင့် ထိုမျှလောက် လွယ်ကူနေမည် မဟုတ်ပေ။ နှမြောစရာကောင်းသည်က မဟာဖျက်စီးရေး ပညာရပ်ကို ထုတ်ဖော်ပြီးသွားပြီ ဖြစ်၍ နေရာတစ်ခုလုံးက စတင် ပျက်စီးလာပြီ ဖြစ်၏။ တုံ့ပြန်ဖို့ အခွင့်အေရးပင် မရတော့ဘဲ ယခုလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ နောက်ဆုတ်ဖို့ရာသာ ဖြစ်ပေသည်။

မဟာသဲကန္တာရနှင့် ယှဉ်လိုက်လျှင် မင်ယွဲ့က ချုံးချုံးကျကာ မောပန်းနေလေ၏။ သူ့အပ်ကျမ်းစာအုပ်က မိုဝူကျိအား ဒဏ်ရာပေးခဲ့ကာ  အပြန်အလှန်အားဖြင့် သူတို့အား အသက်ဆက်ရန် အခွင့်အရေး ပေးခဲ့သည်။ သို့သော်လည်း သူက မဟာဖျက်စီးရေး ပညာရပ်၏ ဖုံးလွှမ်းမှုကို ခံထားရလေသည်။ သူ့အရိုးများက ကျိုးနေကာ တာအိုအငွေ့အသက်တို့မှာလည်း စတင် ပျောက်ကွယ်လာပြီ ဖြစ်၏။ သူ့လက်ရှိ ပြန်ကောင်းထားသည့် ဝိညာဉ်လမ်းကြောင်းများပင် စတင်၍ တစစီ ဖြစ်လာလေပြီ။

ဤသို့ အခြေအနေအောက်၌ မင်ယွဲ့က မိုဝူကျိကို သတ်ဖို့ရာ မည်သို့ တွေးနိုင်မည်နည်း။ သူက မိုဝူကျိသည် မီးစာကုန်နေသည့် ဖယောင်းတိုင်လို ဖြစ်နေကြောင်း သိပေမဲ့ ယခုလက်ရှိ အရေးကြီးဆုံးမှာ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးဖို့ ဖြစ်၏။ သူက ရပ်တန့်၍ မဖြစ်သလို မုန့်ယဲ့၏ တားဆီးမှုကို ခံ၍လည်း မဖြစ်ပေ။

သူက အပ်ကျမ်းစာအုပ်ကို ဖွင့်လိုက်ပြီးနောက် အမည်းရောင် တာအိုအငွေ့အသက်တို့က ကာကွယ်ရေး ပိတ်ကားချပ်သဖွယ် ဖြစ်တည်လာသည်။ ထိုသည်မှာ စိတ်စွမ်းအားနှင့်ပင် အာရုံမခံနိုင်သည့် ကာကွယ်ရေး အစီအရင်တစ်ခု ဖြစ်၏။ မင်ယွဲ့က ထွက်ပြေးဖို့ရာ ထိုကာကွယ်ရေး ပိတ်ကားချပ်ကို အသုံးချလိုက်သည်။

ဤကာကွယ်ရေး ပိတ်ကားချပ်မှာ အားကောင်းသော်လည်း မဟာဖျက်စီးရေး ပညာရပ်က ပို၍ အားကောင်းပေသည်။ ကာကွယ်ရေး ပိတ်ကားချပ် ပေါ်လာသော်ငြား ချက်ချင်း ဖျက်စီးခံလိုက်ရကာ ကျုံ့သွားလေသည်။ တကယ်တော့ ထိုအပေါ် အက်ရာ ပေါ်လာသည်။

“ ဝုန်း ဝုန်း  ဝုန်း ” ဗလာကန္တာရက စတင်၍ ပျက်စီးကာ ပျောက်ကွယ်သွားသည်။

ကျောက်သား ခန်းမကြီးသည်လည်း အမှုန့်ဖြစ်သွားလေပြီ။ မဟာဖျက်စီးရေး ပညာရပ်၏ ဖျက်စီးနိုင်သည့် သဘာဝကြောင့် ဤတိုက်ပွဲတစ်ခုလုံးမှာ အလွန်တိုတောင်းလှသည်။ ထို့နောက် နှစ်ဖက်လုံးကလည်း အသည်းအသန် နောက်ဆုတ်လိုက်ရ၏။

မိုဝူကျိ၏ စိတ်နှလုံး၌လည်း ထိတ်လန့်နေမိသည်။ သူ့အသက်ဓာတ် လမ်းကြောင်း၊ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းကြောင့်သာ မဟုတ်လျှင် သူက အန္တရာယ်ကြား ကျရောက်နေလောက်လေပြီ။ ဤအပ်သဏ္ဍာန် မြှားမှာ အလွန်ကြောက်ဖို့ ကောင်းလှ၏။ ဤသည်မှာ သူ့ဝိညာဉ်ကို မဖျက်စီးပစ်ခင် တာအိုအငွေ့အသက်ကို ပိတ်လှောင်ထားနိုင်စွမ်း ရှိ၏။ သူ့စွမ်းအား လှည့်ပတ်မှုနှင့် ချီသွေးကြောများကိုပင် ပိတ်လှောင်ထားနိုင်သည်။

ကံကောင်းစွာဖြင့် သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မပိုင်ဆိုင်ထားချေ။ မဟုတ်လျှင် သူ့ကမ္ဘာဦးစိတ်ဝိညာဉ်က ထိုမြှား ထိုးဖောက်ခံရပြီးလောက်လေပြီ။

သူ့အသက်ဓာတ်မှာ ထိုမြှားကြောင့် ဆက်တိုက် လွှင့်ပါးနေသည်။ သို့သော်လည်း သူ့အသက်ဓာတ်၊ စိတ်ဝိညာဉ် သိုလှောင်ရေး နှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့က သူ့အား ထွက်ပြေးနိုင်မည့် အခွင့်အရေး ပေးထားလေသည်။

မိုဝူကျိက ထွက်ပြေးနေတုန်း စိတ်သက်သာ ရနေမိသည်။ သူ စိတ်သက်သာရာ ရမိခြင်းမှာ သူက လော့ကျမ်းစာရွက် တစ်ရွက်တည်း ထုတ်ယူလိုက်သောကြောင့် ဖြစ်၏။ အကယ်၍ သူသာ နှစ်ရွက်နှင့် အထက် ထုတ်ယူလိုက်လျှင် ထိုအပ်သဏ္ဍာန်မြှား သူ့ဆီ ရောက်နိုင်ခြေ ပိုမြင့်ပေသည်။ အကြောင်းမှာ မဟာဖျက်စီးရေး ပညာရပ် ထုတ်ဖော်ထားမှုကြောင့် စွမ်းအားကုန်ခမ်းမှုမှာ အလွန်များပြားပေသည်။ ထိုအကြောင်းအရင်းကြောင့် သူက လော့ကျမ်းစာရွက် နှစ်ရွက်နှင့်အထက် ကာကွယ်ဖို့ရာ စွမ်းအား ပိုမို သုံးစွဲရပေမည်။ ထိုအခါ ပျော့ကွက်ပေါ်လာပြီး မြှားချက်ကြောင့်  သူ့ဝိညာဉ်ပင် စုတ်ပြဲသွားနိုင်လေ၏။

……….…

အဆုံးမဲ့ အာကာပြင်အတွင်း တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရက နတ်ဘုရား ဧကရာဇ် မင်ယွဲ့အား ကာကွယ်ပေးထားပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်  “ အဲဒီ မိုကောင်လေးက ဘယ်က ရောက်လာတာလဲ။ အရမ်းကြောက်ဖို့ ကောင်းတယ်။ တာအိုရောင်းရင်း မင်ယွဲ့ အဆင်ပြေရဲ့လား ”

မင်ယွဲ့က ခေါင်းခါပြကာ အစိမ်းရောင် တာအိုအသီးကို မျိုချလိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ အရိုးများက သူ့ဘာသာ စတင် ပြန်ဆက်ကာ ကောင်းလာလေ၏။

အပေါ်ယံ၌ ပြန်ကောင်းမွန်လာသော်လည်း နတ်ဘုရား ဧကရာဇ် မင်ယွဲ့က ထိုသို့ မဟုတ်ကြောင်း ကောင်းကောင်း သိပေသည်။ သူ့ဝိညာဉ်လမ်းကြောင်းများနှင့် အသိစိတ်ပင်လယ်တို့က ပျက်စီးသွားလေပြီ။ သူ့တာအိုအငွေ့အသက်ပင် ရှုပ်ထွေးနေလေ၏။

မဟာသဲကန္တာရက မင်ယွဲ့အား ဘာမှဆက်မမေးတော့ပေ။ မင်ယွဲ့၏ ဒဏ်ရာများမှာ မည်မျှ ပြင်းထန်ကြောင်း သူလည်း ကောင်းကောင်း သိထားသည်။ အဓိကအကြောင်းမှာ မဟာဖျက်စီးရေး ပညာရပ် ထွက်ပေါ်လာသည့်အခါ သူက တိုက်ခိုက်လိုက်သောကြောင့် ဖြစ်၏။ မဟာသဲကန္တာရက ဒဏ်ရာရထားသောကြောင့် ဆေးလုံးတချို့ မျိုချလိုက်သည်။

အမွေးတိုင်ဝက်စာ ကြာပြီးနောက် နတ်ဘုရားဧကရာဇ် မင်ယွဲ့က စကားပြောလာသည်  “ အဲလူက တကယ်ကို အားကောင်းလွန်းတယ် ”

မဟာသဲကန္တာရက ခေါင်းခါကာ

“ တာအိုရောင်းရင်း မင်ယွဲ့  … ကျုပ်တော့ အဲဒီလူ အရမ်းအားကောင်းလို့တော့ မထင်ဘူး။ ကျုပ်တို့ စိတ်ထဲက အကြောက်တရားတွေက ကျုပ်တို့ကို ပြန်လုပ်ကြံဖို့ ခွင့်ပြုသလို ဖြစ်နေတာ  …. အဲဒီလူက မဟာဖျက်စီးရေး ပညာရပ် ထုတ်သုံးနိုင်တယ်ဆိုတာ ဘယ်သူက သိမှာလဲ ”

နတ်ဘုရားဧကရာဇ် မင်ယွဲ့က ပြန်ဖြေလိုက်သည်

“ သူ အားကောင်းတာက မဟာဖျက်စီးရေး ပညာရပ်ကြောင့် မဟုတ်ဘူး။ သူ့ကျင့်ကြံဆင့်ကြောင့်ပဲ … အစောပိုင်း သဟဇာတ နတ်ဘုရားအဆင့်က ဒီလောက် ကြောက်ဖို့ ကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး ”

အံ့ဩသွားသည့် မဟာသဲကန္တာရက မင်ယွဲ့အား ကြည့်ကာ

“ သူက အစောပိုင်း သဟဇာတ နတ်ဘုရားအဆင့်ဆိုတာ ဘယ်လို သိတာလဲ။ အဲဒီလူက တာအိုအငွေ့အသက်ကို ကောင်းကောင်း ဖုံးကွယ်ထားပြီးတော့ ဝဲကတော့ စွမ်းအားစက်ကွင်းနဲ့ဆိုတော့ သူ့အကြောင်း သိဖို့ မဖြစ်နိုင်ဘူး ”

မင်ယွဲ့က သက်ပြင်းချကာ

“ မဟုတ်ဘူး  … ကျုပ်ရဲ့ တာအိုအငွေ့အသက်တွေနဲ့ သူနဲ့ ထိပ်တိုက် တွေ့လိုက်တယ်။ အဲဒါကြောင့် သူ့ကျင့်ကြံဆင့်ကို သိလိုက်တာ … သူက သဟဇာတ နတ်ဘုရား အဆင့် ၃ မကျော်သေးတာတော့ သေချာတယ်။ ဒါပေမဲ့ သူ့တာအိုက ပင်လယ်ပြင်ကြီးလိုပဲ  … ကျုပ်တောင်  စစ်ဆေးကြည့် လို့ မရဘူး ”

တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရက အဝေးတစ်နေရာရှိ အာကာပြင်ကြီးကို ကြည့်ကာ နောင်တရစွာ ပြောလိုက်သည်

“ အရင်ဆုံးဖြတ်ချက်ကို တကယ် နောင်တရမိတယ်။ ကျုပ် ပင်းထန်းဝါးကို စောစောစီးစီး သုံးလိုက်သင့်တာ …. မုန့်ယဲ့က ဒီနေရာကို ပညာရှင်တစ်ယောက် ခေါ်လာလိမ့်မယ်လို့ ထင်မထားဘူး။ အခုတော့ ထိပ်ဆုံး ပြန်ရောက်ဖို့ တစ်ခုတည်းသော အခွင့်အရေးကို လက်လွှတ်လိုက်ရပြီ ”

ထိုသို့ပြောပြီးနောက် တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရက သက်ပြင်းချကာ နတ်ဘုရားဧကရာဇ် မင်ယွဲ့အား ကြည့်လိုက်သည်

“ တာအိုရောင်းရင်း မင်ယွဲ့ … ဒီကနေ တတ်နိုင်သမျှ မြန်မြန် ထွက်သွားရအောင်။ ဟုန်မုန့်သဲက ကျုပ်တို့နဲ့ ရှိနေတုန်းဆိုတော့ သူက ကျုပ်တို့ကို အလွယ်လေး လွှတ်ပေးမှာ မဟုတ်ဘူး ”

မင်ယွဲ့က ခေါင်းခါကာ

“ တာအိုရောင်းရင်း မဟာသဲကန္တာရ … ကျုပ်တော့ ဒါက ကျုပ်တို့အတွက် အခွင့်အရေးလို့ ထင်တယ်။ တကယ်လို့ ကျုပ်သာ မမှားရင် မိုကောင်လေးက သူ့နောက်ဆုံးထွက်သက်ပဲ ကျန်တော့မှာ  … အဲလိုဆိုတော့ မုန့်ယဲ့က သူ့ကိ သတ်ပြီးလောက်ပြီ။ မုန့်ယဲ့လို လူမျိုးက ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံမှာ မဟုတ်ဘူး ”

“ ဘာကို ပြောချင်တာလဲ ” မဟာသဲကန္တာရက မင်ယွဲ့အား နားမလည်စွာ ကြည့်လိုက်သည်။

မင်ယွဲ့က လေးလေးနက်နက် ပြန်ပြောလိုက်သည်

“ ကျုပ်ရဲ့ အပ်သဏ္ဍာန် မြှားတစ်ချောင်းက အဲဒီလူဆီ စိုက်ဝင်နေတာ … သူက ဘယ်လောက်ပဲ ပါရမီရှိရှိ အသက်ရှင်ဖို့ ရုန်းကန်နေရလောက်တယ်။ နှမြောစရာကောင်းတာက ကျုပ်တို့တွေ သူ့ကို ကြောက်ခဲ့ကြတာပဲ။ မဟုတ်ရင် ကျုပ်တို့တွေ ဒီလိုမျိုး ဒဏ်ရာအပြင်းအထန် ရပြီး ထွက်ပြေးဖို့ မလိုလောက်ဘူး။ အဲလိုဆိုရင် ကျုပ်တို့တွေ မုန့်ယဲ့နဲ့သူ့ကို ကျောက်သားခန်းမထဲမှာ ပိတ်လှောင်နိုင်ခဲ့လောက်တယ် ”

“ အဲဆိုတော့ ခင်ဗျားပြောတာ မိုကောင်လေးက ခင်ဗျားရဲ့ အပ်သဏ္ဍာန်မြှား မှန်သွားတာပေါ့ ” မဟာသဲကန္တာရက စိတ်လှုပ်ရှားမိသွားသည်။ သူက မင်ယွဲ့၏ အပ်သဏ္ဍာန်မြှားမှာ မည်မျှ ကြောက်ဖို့ ကောင်းကြောင်း သိပေသည်။ သဟဇာတ နတ်ဘုရားကို မဆိုထားနှင့်  ဝိဇ္ဇာတစ်ပါးပင် ထိုမြှား ထိမှန်ပြီးနောက် အသက်ရှင်ဖို့ ရုန်းကန်နေရပေမည်။

All Chapters