← Chapters

ခန္ဓာကိုယ်နှင့် တူသည့် ကမ္ဘာဦး စိတ်ဝိညာဉ်

Vol. 81 Ch. 1129

ခန္ဓာကိုယ်နှင့် တူသည့် ကမ္ဘာဦး စိတ်ဝိညာဉ်

Vol. 81 Ch. 1129

ကောလဟာလများအရ ဤစကြဝဠာကြီးထဲ၌ ကမ္ဘာ ခုနှစ်ခု ရှိပေသည်။ နတ်ဘုရားကမ္ဘာက အဆင့်မြင့်ဆုံး မဟုတ်သေးပေ။ တကယ်တော့ နတ်ဘုရားကမ္ဘာအထက် နောက်ထပ် နှစ်ကမ္ဘာ ရှိနေသေး၏။ တစ်ခုမှာ အပြိုအပျက်ကမ္ဘာ ဟု ခေါ်ဆိုပြီး နောက်တစ်ခုမှာ မတည်ရှိတာ ဖြစ်နေနိုင်သည်။ အကြောင်းမှာ မည်သူက ထိုနေရာသို့ မရောက်ဖူးကြ၍ ဖြစ်၏။ ထိုအကြောင်းကိုး ချန်ထားခဲ့သည့် ဒဏ္ဍာရီ မရှိချေ။

သို့သော်လည်း တစ်စုံတစ်ယောက်က အပြိုအပျက်ကမ္ဘာသို့ ရောက်သွားဖူးသည်။ ထိုလူမှာ ပေကျီ၏ အစ်မဖြစ်သူ ပေတင်း ဖြစ်သည်။

ပေတင်း၏ အပ်ကျမ်းစာအုပ်မှာ ထိုအပြိုအပျက်ကမ္ဘာမှ ဆင်းသက်လာခြင်း ဖြစ်၏။

အပြိုအပျက်ကမ္ဘာကို နတ်ဘုရားအရိုက်အရာ ကမ္ဘာဟုလည်း ခေါ်တွင်ပေသည်။ ပြောရမည်ဆိုလျှင် အရိုက်အရာခံ နတ်ဘုရားများသာ နေခွင့်ရှိသည့် နေရာ ဖြစ်ခဲ့ဖူး၏။ ကပ်ဘေးကြီး မတိုင်ခင် ကျင့်ကြံသူမြောက်များစွာတို့က နတ်ဘုရားအရိုက်အရာနှင့် ကံကြမ္မာကို ရရှိအောင် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ကုန်ကြသည်။

နတ်ဘုရားအရိုက်အရာ ကမ္ဘာက မည်မျှ အားကောင်းစေကာမူ အဆင့်မြင့် ကျင့်ကြံသူများ တိုက်ပွဲများကြောင့် စတင် ပျက်စီးလာသည်။ ကမ္ဘာလမ်းကြောင်း၏ စည်းမျည်းတချို့ ပျက်စီးရုံသာမက  ကမ္ဘာလမ်းကြောင်းအများစုလည်း ဆွဲနှုတ်ခံလိုက်ရသည်။ နောက်ဆုံးတွင် အပြိုအပျက်ကမ္ဘာ၏ စည်းမျည်းများမှာ လုံးဝ ပျက်စီးသွားတော့သည်။

ပကတိကောင်းနေသူ တစ်ဦးထံမှ အရိုးများနှင့် သွေးများကို နှုတ်ယူလိုက်ခြင်းသကဲ့သို့ ဖြစ်ပေသည်။ ဤနေရာမှာ အရိုက်အရာခံ နတ်ဘုရားများအတွက် တော်ဝင်နယ်မြေ တစ်ခု မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် နာမည်သည်လည်း နတ်ဘုရားအရိုက်အရာ ကမ္ဘာမှ အပြိုအပျက်ကမ္ဘာဟု ပြောင်းလဲသွားခြင်း ဖြစ်၏။

ထိုနေရာ၌ မြောက်များစွာသော မှော်ရတနာများ ကျန်ရစ်ခဲ့ကြသည်။ အကြောင်းမှာ အဆင့်မြင့် ပညာရှင်များစွာ သေဆုံးခဲ့သောကြောင့် ဖြစ်ပေသည်။

တိုက်ပွဲအတွင်း အဆင့်မြင့် ကျင့်ကြံသူများစွာ ပါဝင်ကြသော်လည်း အများစုက ပျက်စီးသွားကြလေသည်။ အပြိုအပျက်ကမ္ဘာက လုံးဝ ပျက်စီးသွားသော်လည်း အန္တရာယ်အများဆုံး ကမ္ဘာအဖြစ် ကျန်ရှိနေသေး၏။

ဤနေရာ၌ ပျက်စီးသွားကြသော ပညာရှင်များက ထွက်မသွားနိုင်ကြသောကြောင့် ဖြစ်၏။ သူတို့အားလုံးက ထောင့်တိုင်း၌ ပုန်းအောင်းကာ ကျင့်ကြံသူများ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေတတ်ကြသည်။ သူတို့က ထိုကျင့်ကြံသူများကို ဝင်စီးကြမည် ဖြစ်သည်။

ဤကမ္ဘာ၌ စည်းမျည်းများက ပျက်စီးနေသောကြောင့် နတ်ဝိညာဉ်ဆေးပင် ဟူ၍ မကျန်ရှိခဲ့ပေ။ သူတို့အတွက် ရှင်သန်နိင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ ထိုအသက်ရှင်နေသည့် ကျင့်ကြံသူများကို လက်မလွှတ်တမ်း အသုံးချဖို့ ဖြစ်၏။

ပုံမှန်အရ တွေးကြည့်မည်ဆိုလျှင်  မည်သူကမှ ဤသို့အန္တရာယ်များသော အပြိုအပျက်ကမ္ဘာသို့ မလာရောက်သင့်ကြပေ။ တကယ်တမ်းကျ ထိုသဘောတရားနှင့် ဆန့်ကျင်ဘက် ဖြစ်နေ၏။ နှစ်တိုင်း နှစ်တိုင်း မြောက်များစွာသော ကျင့်ကြသူများက ထိုအပြိုအပျက်ကမ္ဘာဆီ ရောက်လာကြသည်။ သူတို့က ထိုပညာရှင်များ၏ ဝင်စီးမှုကို ခံရအောင် သွားခြင်း မဟုတ်ဘဲ ရတနာ သွားရောက် ရှာဖွေကြခြင်း ဖြစ်၏။

ကပ်ဘေးကြီးကြောင့် ကျင့်ကြံသူတော်တော်များများက ထိုနေရာ၌  ပျက်စီးသွားကြသည်။ ထိုအပြိုအပျက်ကမ္ဘာ၌ ရတနာမည်မျှ ကျန်ရှိနေမည်ကို တွေးကြည့်နိုင်ပေသည်။

ရတနာ တစ်ခု ရှာတွေ့ခြင်းက စကြဝဠာကြီးထဲ၌ ခြေကုပ်နေရာ ရဖို့ရာ လုံလောက်နေလေပြီ။

ရတနာ သွားရှာကြသည့် လူအများစုလည်း  သေဆုံးသွားကြသည်။ အောင်မြင်သူ လူအနည်းငယ်တော့ ရှိနေသေး၏။ သူတို့က အပြိုအပျက်ကမ္ဘာမှ ထိပ်တန်း ရတနာများ ယူလာကာ သူတို့နေရာ၌ ထိပ်တန်းပညာရှင်များ ဖြစ်လာကြသည်။ ပေကျီ၏ အစ်မဖြစ်သူ ပေတင်းမှာလည်း ထိုနမူနာထဲမှ တစ်ယောက် ဖြစ်ပေသည်။ သူမ တွေ့ရှိလာသည့် ရတနာမှာ သာမာန်ထိပ်ဆန်းအဆင့် မဟုတ်ပေ။ သူမက လူများစွာ လိုချင်တပ်မက်နေသည့် အပ်ကျမ်းစာအုပ်ကို တွေ့လာခြင်း ဖြစ်၏။

နှမြောစရာကောင်းသည်က နတ်ဘုရားဧကရာဇ် မင်ယွဲ့သည် ပေတင်း ထိုရတနာ ရရှိထားကြောင်း သတင်းများ ကြားပြီးနောက် သူမကို ပစ်မှတ်ထားခဲ့၏။ နောက်ဆုံးတွင် သူမက သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ပေကျီက သာမညနတ်ဘုရားတစ်ပါးသာ ဖြစ်၏။ နတ်ဘုရားဧကရာဇ် မင်ယွဲ့အမြင်၌ သူက ပါးမွှားလေးသာ ဖြစ်ပေသည်။ သူ့အနေနှင့် နတ်ဘုရားဧကရာဇ် တစ်ပါးကို ရင်ဆိုင်၍ သူ့အစ်မအတွက် လက်စားချေဖို့ရာ မဖြစ်နိုင်ချေ။ တကယ်တော့ သူက လက်စားချေမည့်အကြောင်း တွေးပင် မတွေးသင့်ပေ။ ပေကျီက မင်ယွဲ့အနေနှင့် သူသည် ပေတင်း မောင်ဖြစ်သူမှန်း မသိသွားစေရန်  သူ့ဇာစ်မြစ်ကို ကောင်းကောင်း ဖုံးကွယ်ကာ နေခဲ့ရသည်။ မဟုတ်လျှင် သူလည်း သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ကျီလီက အပြိုအပျက်ကမ္ဘာသို့ သွားချင်မိသည်။ သူမက ဝိညာဉ်ဖြတ် စုတ်တံမှာ ထိုနေရာတွင် ရှိနိုင်ကြောင်း သိနေ၏။

ပေကျီ စကားအရ ထိုကပ်ဘေးအပြီးတွင် ဝိညာဉ်ဖြတ် စုတ်တံသည် အရိုက်အရာခံ နတ်ဘုရားများကြား ပေါ်မလာသေးပေ။ သို့သော် ထိုအရိုက်အရာခံ နတ်ဘုရားများ တိုက်ပွဲအတွင်း ဝိညာဉ်ဖြတ် စုတ်တံကို တွေ့လိုက်ကြသည်။

ဝိညာဉ်ဖြတ် စုတ်တံမှာ ကပ်ဘေးအပြီးတွင် ပေါ်မလာသောကြောင့် အပြိုအပျက်ကမ္ဘာတွင်သာ ရှိနေဆဲ ဖြစ်ရမည်။

ကျီလီက အပြိုအပျက်ကမ္ဘာသို့ မည်သို့သွားရမည်ကိုလည်း သိထား၏။ သူမ လိုအပ်သည်က သတ္တကမ္ဘာ ကျောက်တုံးကို တွေ့အောင် ရှာဖို့ ဖြစ်သည်။

ကျီလီက သတ္တကမ္ဘာ ကျောက်တုံးဆီ မည်သို့ တိုက်ရိုက်သွားရမှန်း မသိသော်လည်း သူမကို ထိုနေရာဆီ ခေါ်သွားပေးနိုင်မည့် အမှောင်ကမ္ဘာဟု ခေါ်သည့် နေရာကို သိထားသည်။

အမှောင်ကမ္ဘာသို့ သွားဖို့ရာ သူမအနေနှင့် စကြဝဠာအသင်္ချေဆိပ်ကမ်းကို ဖြတ်သွားရပေမည်။

အကယ်၍ သူမသာ နတ်ဘုရားကမ္ဘာထဲ ရှိနေဦးမည်ဆိုလျှင် သူမ အလိုရှိလျှင်ပင် စကြဝဠာအသင်္ချေဆိပ်ကမ်းဆီ သွားနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ သူမက နတ်ဘုရားကမ္ဘာမှ မည်သို့ ထွက်သွားရမှန်း မသိထားပေ။

သူမအနေနှင့် ထိုစကြဝဠာအသင်္ချေဆိပ်ကမ်းအကြောင်း ကြားထားဖူးသည်မှာ သူမ အဖေဆီက ကြားထားဖူးခြင်းသာ ဖြစ်၏။

ဤကျယ်ပြောလှသည့် စကြဝဠာကြီးထဲ၌ နတ်ဘုရားကမ္ဘာနှင့် အဆင့်တူသည့် တခြားသော ကမ္ဘာနယ်ပယ်များစွာ ရှိပေသည်။

ထိုကမ္ဘာနယ်ပယ်များကြား ဆက်သွယ်ဖို့ရာ အလွန်ခက်ခဲလှသည်။ စကြဝဠာအသင်္ချေဆိပ်ကမ်းက နတ်ဘုရားကမ္ဘာအားလုံး၏ ကျင့်ကြံသူများစွာ ဆက်သွယ်နိုင်သည့် နေရာ ဖြစ်၏။

သို့သော်လည်း  ထိုနေရာ ရောက်ဖို့ နတ်ဘုရားကမ္ဘာမှ ထွက်သွားရပေမည်။ ကျီလီက ယခုလက်ရှိ နတ်ဘုရားကမ္ဘာထဲတွင် မဟုတ်ကြောင်း သေချာသိထားသည်။

ကျီလီက သူမ ပျံသန်းရေး ရတနာကို ထုတ်ကာ မိုဝူကျိကို သင်္ဘောပျံ အခန်းတစ်ခုထဲ ထားလိုက်သည်။ ထို့နောက် သူမက ကမ္ဘာထဲမှ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။

ကပ်ဘေးမတိုင်ခင် ကျီဖေးချင်က စကြဝဠာအသင်္ချေဆိပ်ကမ်း လမ်းကြောင်းမြေပုံအား သူမအတွက် ဆွဲပေးခဲ့သည်။ ကပ်ဘေးမတိုင်ခင်လေး သူမ ကျင့်ကြံဆင့်က သူမအဖေကို ကျော်တက်သွားခဲ့လေ၏။ အစပိုင်းတွင် ကျီလီက စကြဝဠာအသင်္ချေဆိပ်ကမ်းဆီ သွားဖို့ ကြံရွယ်ထားခဲ့သည်။ သို့သော်လည်း ကပ်ဘေး ဖြစ်လာပြီး နတ်ဘုရားမျှော်စင်ထဲ ရောက်ရှိသွားခဲ့၏။ ထိုနတ်ဘုရားမျှော်စင်အတွင်း သေလုနီးပါး ဖြစ်ခဲ့ရသေးသည်။

ကပ်ဘေးအတွင်း နတ်ဘုရားကမ္ဘာသာ သက်ရောက်မှု ခံရခြင်း မဟုတ်ပေ။ နတ်ဘုရားကမ္ဘာနှင့် အဆင့်တူ အခြားကမ္ဘာများသည်လည်း အတူတူ ကပ်ဘေးကြုံခဲ့ရသည်။

ထိုကမ္ဘာနယ်ပယ်များကား  အရိုက်အရာခံ နတ်ဘုရားများ၏ ထိန်းချုပ်မှုကို ခံထားရသည်။ ကပ်ဘေးအပြီးတွင် ထိုပညာရှင်များက ကံကြမ္မာ အသုံးပြုလိုသည်မှာ ကမ္ဘာနယ်ပယ် ထိန်းချုပ်မှုများကြောင့် ဖြစ်၏။ သူတို့က ထိုကမ္ဘာများ၏ ကံကြမ္မာကို ဆွဲနှုတ်ကာ အင်အားကို တိုးတက်အောင် လုပ်ချင်ကြသည်။ သူတို့က ကပ်ဘေးမှ ဖိအားကို ကာကွယ်လိုကြခြင်း ဖြစ်ပေသည်။

ထိုနတ်ဘုရားနယ်ပယ်များ၏ ကံကြမ္မာများကို ဆွဲနှုတ်ပြီးသွားသည်နှင့် နတ်ဝိညာဉ်စွမ်းအားနှင့် စည်းမျည်းစွမ်းအားတို့မှာ သိသိသာသာ အားလျော့လာပေမည်။ သို့သော်လည်း ထိုပညာရှင်များက ဂရုမစိုက်ပေ။ ထိုကမ္ဘာနယ်ပယ်တစ်ခု ပျက်စီးသွားလျှင်ပင် သူတို့အတွက် ကိစ္စကြီး မဟုတ်ချေ။  သူတို့ ဂရုစိုက်သည်က ကပ်ဘေးအတွင်း ရှင်သန်၍ သူတို့နတ်ဘုရား အရိုက်အရာကို ကာကွယ်ရန် ဖြစ်၏။

ကပ်ဘေးအပြီးတွင် နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများက ပြန်လည် ကောင်းမွန်လာခဲ့၏။  တခြားသော ကမ္ဘာများ ပြန်ကောင်းမွန်လာသလားတော့ မသေချာပေ။

ကျီလီအတွက် အစိုးရိမ်ဆုံးအရာမှာ စကြဝဠာအသင်္ချေဆိပ်ကမ်းသည် ကပ်ဘေးပြီးနောက် ပျောက်ကွယ်သွားမည်ကို ဖြစ်၏။ အကယ်၍ ထိုသို့ ဖြစ်နေခဲ့လျှင် သူမ ရောက်လာရသည့် ခရီးမှာ အချည်းနှီး ဖြစ်သွားပေမည်။

စကြဝဠာအသင်္ချေဆိပ်ကမ်း မရှိဘဲ သူမက အမှောင်ကမ္ဘာကို ရှာတွေ့မည် မဟုတ်ချေ။ ယခင်ကပ်ဘေးအတွင်း အမှောင်ကမ္ဘာက နတ်ဘုရားကမ္ဘာထက် သေချာပေါက် အခြေအနေ မကောင်းပေ။

စကြဝဠာအသင်္ချေဆိပ်ကမ်း ပျက်စီးသွားသည် ဖြစ်စေ၊ မပျက်စီးသည် ဖြစ်စေ ကျီလီက သွားကြည့်ဖို့ လိုအပ်နေမှန်း သိပေသည်။ ဤသည်မှာ သူမအတွက် တစ်ခုတည်းသော ဖြေရှင်းနည်း ဖြစ်၏။

***

ကျီလီက အာကာပြင်ထဲ အရှိန်မြင့် သွားလာနေစဉ် မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်းရှိ ခရမ်းရေကန်ထဲ၌ ပုံရိပ်အသေးလေး တစ်ခု ပေါ်လာသည်။

ထိုပုံရိပ်လေးက မိုဝူကျိနှင့် အနည်းငယ် ဆင်တင်တင် ရှိ၏။ ထိုခရမ်းရေကန်အတွင်း ထိုပုံရိပ်လေး ဝန်းကျင်၌  တာအိုအငွေ့အသက်တချို့ လှည့်ပတ်နေလေ၏။ ယခင် မမြင်နိုင်သော ဝိညာဉ်လမ်းကြောင်းတချို့မှာ ဆက်လက် ဖြန့်ကျက်ဖြစ်တည်လာသည်။

ထိုစွမ်းအားအမျှင်လေးကို တခြားသူများက အလွယ်တကူ အာရုံခံမိမည် မဟုတ်ပေ။ အကယ်၍ သူတို့ စိတ်စွမ်းအားကို မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း ပို့လွှတ်လိုက်လျှင်ပင် အတူတူ ဖြစ်နေပေဦးမည်။ အစကတည်းက ကျီလီ၏ စိတ်စွမ်းအားသည် မိုဝူကျိ၏ အသိစိတ်ပင်လယ်ထဲ မဝင်ရောက်ခဲ့ပေ။ ထို့ကြောင့် သူမက အာရုံမခံမိပေ။ အကယ်၍ သူမက အလိုရှိလျှင်ပင် လုပ်နိုင်မည် မဟုတ်ပေ။ သူမက သူ့အသိစိတ်ပင်လယ်ကို အတင်းကျပ် ဖျက်စီးပစ်ဖို မကြိုးစားသရွေ့ ဖြစ်၏။

အခြားလူများက လုပ်ကောင်း လုပ်နိုင်သော်လည်း ကျီလီက လုပ်မည် မဟုတ်ပေ။

မိုဝူကျိက အိပ်မောကျနေသော်လည်း သူ့အသက်ဓာတ်မှာ မပျောက်ကွယ်သွားသေးပေ။ ထို့အပြင် ဆက်တိုက် လှည့်ပတ်နေသည့် ချီသွေးကြော တစ်ခု ရှိနေသေး၏။ ဤသည်မှာ သူ အသုံးပြုခဲသည့်  ၁၀၄ ခုမြောက် အသက်ရှုလမ်းကြောင်း ဖြစ်၏။

မိုဝူကျိ၏ အသက်ဓာတ်၊ ချီသွေးကြော၊ စွမ်အားတို့နှင့် တာအိုအငွေ့အသက်တို့က သူ့အသက်ရှုလမ်းကြောင်းကြောင့် အိပ်မောကျနေလေသည်။ မိုဝူကျိက သေဆုံးတော့မည့်အတွက်ကြောင့် မဟုတ်ပေ။ ဤသည်မှာ  သူ့စွမ်းအားကို ပြန်လည် အားဖြည့်နေသည့် ဖြစ်စဉ်တစ်ခုသာ ဖြစ်၏။

မိုဝူကျိက ဖီကာရွံ့စေးမှတဆင့် ဝိညာဉ်လမ်းကြောင်း ၁၀၈ ခုကို ထုဆစ်နိုင်ခဲ့သည်။ ဒဏ်ရာများ ရထားကာ သူ့စိတ်စွမ်းအား ခမ်းခြောက်နေသောကြောင့် မိုဝူကျိက ဝိညာဉ်လမ်းကြောင်း၏ အရင်းသာ ထုဆစ်နိုင်ခဲ့သည်။

မိုဝူကျိ အသက်ရှု ဖြစ်စဉ်အတွင်း ဝင်ရောက်လိုက်သည်နှင့် သူ့ဝိညာဉ်လမ်းကြောင်းများက စတင် ဖြစ်တည်လာသည်။ ဤသည်မှာ သူ့ခရမ်းရေကန် အကူအညီကြောင့် ဖြစ်၏။

ဝိညာဉ်ကြောနှင့် ကျင့်ကြံသူများက မိုဝူကျိ မည်သည့်အရာ ဖန်တီးထားသည်ကို သေချာသိကြပေမည်။ ထိုဝိညာဉ်လမ်းကြောင်း ၁၀၈ ခုနှင့် ပုံရိပ်အသေးလေးက ကမ္ဘာဦး စိတ်ဝိညာဉ် ဖြစ်လေ၏။

အကယ်၍ ထိုဝိညာဉ်လမ်းကြောင်း ၁၀၈ ခုသာ အပြည့်အဝ ပုံပေါ်လာလျှင် ဤစကြဝဠာကြီးထဲ၌ မိုဝူကျိက ခန္ဓာကိုယ်နှင့်တူသော ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ပထမဆုံးသူ ဖြစ်လာပေမည်။ ထို့အပြင် သူက ကမ္ဘာဦး စိတ်ဝိညာဉ်တွင် ဝိညာဉ်လမ်းကြောင်း ၁၀၈ ခုနှင့် ခန္ဓာကိုယ်အစစ်တွင် ချီသွေးကြော ၁၀၈ ခုတို့ ပိုင်ဆိုင်ထားသော တစ်ဦးတည်းသောသူ ဖြစ်၏။

သို့သော်လည်း မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ် ကြီးထွားလာမှုမှာ အင်မတန် နှေးကွေးလွန်းလှသည်။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်က အသက်ရှုလမ်းကြောင်းနှင့် ခရမ်းရေကန်တို့ ထောက်ပံ့ထားမှုကြောင့် ကြီးထွားလာလေသည်။ လက်ရှိ မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ် ကြီးထွားမှုကို တားဆီးထားသော အနှောင့်အယှက်တစ်ခု ရှိနေသည်။

မိုဝူကျိ၏ ခန္ဓာကိုယ်အတွင်း အသိစိတ်ပင်လယ်၌ မြောက်များစွာသော တာအိုအငွေ့အသက်တို့ ရွေ့လျားနေကြသည်။ ဤသည်မှာ ကျီလီပင် အာရုံမခံနိုင်ပေ။ နောက်ဆုံးတွင် ထိုအရာက မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ထဲ စီးဝင်သွားလေ၏။

အနည်းဆုံးတော့ မိုဝူကျိက ဟွမ်တိသည် ဤကိစ္စကို သူ့အပေါ် မလိမ်ညာထားကြောင်း သိလိုက်ရသည်။ ဤစွမ်းအားမှာ အပ်ကျမ်းစာအုပ်၏ စွမ်းအား ဖြစ်၏။

ဤစွမ်းအားက မိုဝူကျိပင် ဖယ်ရှားဖို့ရာ မဆိုနှင့် ရှာပင် မတွေ့ခဲ့သောအရာ ဖြစ်၏။ ယခု မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ်က ဖြစ်တည်လာပြီ ဖြစ်ရာ ထိုစွမ်းအားက ထွက်ပေါ်လာသည်။ နှမြောစရာကောင်းသည်က မိုဝူကျိသည် သတိမေ့မြောနေသောကြောင့် ဘာကိုမှ အာရုံမခံမိပေ။ အကယ်၍ မိုဝူကျိသာ အသိဝင်နေဦးမည်ဆိုလျှင် ထိုအပ်ကျမ်းစာအုပ် စွမ်းအားကို တန်းဖမ်းဆုပ်နိုင်ပေမည်။ သူ့လူသားတာအိုဖြင့် ထိုအပ်ကျမ်းစာအုပ် စွမ်းအားအား ဖယ်ရှားကာ  သေချာပေါက် ဖျက်စီးပစ်နိုင်လိမ့်မည်။

ကျီလီက မိုဝူကျိကို မထိခဲ့လျှင် မိုဝူကျိက သူ့လူသားကမ္ဘာအတွင်း ရှိနေဦးမည် ဖြစ်၏။ သူက ဖီကာရွံ့စေးကို အသုံးပြု၍ အပ်ကျမ်းစာအုပ် စွမ်းအားကို ရင်ဆိုင်ပြီးလျှင် တစ်ရက်ရက် နှိုးထလာနိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုအပ်ကျမ်းစာအုပ် စွမ်းအားက မိုဝူကျိ၏ ဖီကာရွံ့စေး ကမ္ဘာဦး စိတ်ဝိညာဉ်ကို အတင်းကျပ် သိမ်းပိုက်နိုင်သွားမည့် အခွင့်အရေးလည်း ကြီးမားပေသည်။ ဖီကာရွံ့စေး ကမ္ဘာဦး စိတ်ဝိညာဉ် ပျက်စီးသွားသည်နှင့် မိုဝူကျိက လုံးဝ နှိုးထနိုင်တော့မည် မဟုတ်ချေ။

***

ကျီလီက မိုဝူကျိ ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲများကို မသိပေ။ သူမက စကြဝဠာအသင်္ချေ ဆိပ်ကမ်းဆီ မြန်မြန် သွားနေလေ၏။

စကြဝဠာအသင်္ချေဆိပ်ကမ်းသည် အတော်လေး ဝေးမှန်း သိသာလှသည်။  နှစ်ဝက်ကြာ ပျံသန်းလာသော်လည်း သူတို့က ထိုနယ်နမိတ်ကိုပင် မရောက်ရှိသေးပေ။

All Chapters