← Chapters

အဆိပ်စမ်းသပ်ခြင်း

Vol. 5 Ch. 60

အဆိပ်စမ်းသပ်ခြင်း

Vol. 5 Ch. 60

အပိုင်း(၆၀):

ယွီကျစ်ထုံက သူ ပြောလိုက်သော စကားတို့က ဟန်လိကို လှုပ်ရှားသွားစေဟု ယုံကြည်ချက် ရှိနေသည်။ သူက ကျင့်ကြံခြင်းလမ်းကြောင်းပေါ် ခြေလှမ်းနိုင်မည့် ဆွဲဆောင်မှုမျိုး၊ မသေမျိုး(အမတလမ်းစဉ်)၏ စွဲဆောင်မှုကို တင်းခံနိုင်သည့်သူ ရှိလိမ့်မည်ဟု မယုံကြည်ပေ။

သို့သော် ဟန်လိ၏ မတုန်မလှုပ်၊ စိတ်လှုပ်ရှားသည့် အရိပ်အယောင်တစွန်းတစကိုမျှ မမြင်ရသည့်နောက် ယွီကျစ်ထုံသည် အတော်လေး စိတ်ပျက်မိသွား၏။

“ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စကိုတော့ ကျုပ်တို့ နောက်မှ ဆွေးနွေးကြတာပေါ့။ အခုတော့ ကျုပ် အဖြေရှင်းရှင်းလင်းလင်း သိရအောင် ခင်ဗျားအနေနဲ့ မေးခွန်းတစ်ခုကို ဖြေပေးရမယ်…”

ဟန်လိက အလင်းလုံးကို တည်ငြိမ်စွာ ဆိုက်ကြည့်၍ ပြောလိုက်သည်။

“မင်းရဲ့မေးခွန်းကို ငါ ဖြေပေးနိုင်ရင် မင်း ငါနဲ့ ပူးပေါင်းဆောင်ရွက်မှာလား…”

“ဒါကတော့ ခင်ဗျားရဲ့အဖြေက ကျုပ်ကို စိတ်ကျေနပ်စေမလားအပေါ် မူတည်တယ်…”

“ကောင်းပြီ…မေးပါ…” ယွီကျစ်ထုံက ချက်ခငြ်း ကတိပေးလိုက်၏။ သူက ဖိအားအောက်၌ မည်သို့ နာခံပြုမူရမည်ကို နားလည်သလို ပြုမူသည်။

ဟန်လိက ချက်ခြင်း မမေးသေးပေ။ ထိုအစား သူက ခေါင်းမော့ကာ ဂူမျက်နှာကြက်သို့ ကြည့်၍ အလေးအနက် စဉ်းစားနေသည်။

ဟန်လိ၏ အလေးအနက် မျက်နှာပေးကို မြင်သည့်အခါ ယွီကျစ်ထုံက စိုးရိမ်မှုကို မခံစားမိဘဲ မနေနိုင် ဖြစ်မိ၏။ သူက ဟန်လိ၏ မေးခွန်းက သူ့ကို ခေါင်းခဲစေမည်လားဟု တွေးမိနေသည်။

“သမားတော်မော့နဲ့ ခင်ဗျားရဲ့ ကိုယ်ပိုင်စိတ်ဝိညာဉ် တစိတ်တပိုင်းကို ဝါးမြိုတာနဲ့ ပတ်သတ်ပြီး ဘေးဥပဒ် ဖြစ်စေနိုင်မလား ကျုပ် သိချင်တယ်။ ဘာကြောင့်လဲဆိုတော့ ခုလက်ရှိ ကျုပ်ခေါငးထဲမှာ နာကျင်မှု ဖြစ်ခုကို ခံစားနေရလို့ပဲ။ ကျုပ် ရေရေရာရာ မခန့်ခွဲနိုင်တဲ့ သတင်းအချက်အလက်အချို့က ပေါက်ကွဲတောမလို့ ပြည့်နှက်နေသလိုမျိုး ကျုပ် ခံစားမိတယ်…”

ဟန်လိသည် သူ ပြန်သတိရလာတည်းက ပူပန်နေသော အခြင်းအရာကို နောက်ဆုံးတွင် ပြောလာ၏။

ထိုအမေးကို ကြားသည့်အခါ ယွီကျစ်ထုံသည် ဟန်လိ ပူပန်နေသော ပြဿနာလေးကို သဘောပေါက်သွား၏။ သူ့စိတ်ထဲရှိ ပူပန်မှုလည်း ရှင်းပျောက်သွားသည်။ သူ့အသံပင် ပိုတက်ကြွလာ၏။

“ဟားဟား…မင်းက ဒီကိစ္စကို စိတ်ပူနေတာကို ညီငယ်လေးရ။ မင်းက သိပ်ပူပန်တတ်တာပဲ။ တကယ်တော့ မင်းအနေနဲ့ ဒါကို စိတ်ထဲထားစရာကို မလိုတာ။ မ မင်းဦးနှောက်ထဲမှာ ခံစားနေရတဲ့ မရေမရာ သတင်းအချက်အလက်တွေဟာ တနှစ်၊နှစ်နှစ်အတွင်း တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကိုသာ မင်း သိထားရင် မင်းအနေနဲ့ ဘာမှကို စိုးရိမ်နေတော့မှာ မဟုတ်ဘူး…”

“ဆိုတော့ ခင်ဗျားဆိုလိုတာက ကျုပ် ဝါးမြိုခဲ့တဲ့ အရာတွေက ဘာမှ မဟုတ်တဲ့ သဘောလား။ ကျုပ် ခင်ဗျားကို မယုံဘူး…”

ဟန်လိက ယွီကျစ်ထုံကို ဖြတ်ခနဲ လှမ်းကြည့်ကာ အေးစက်စက် ပြောသည်။

“လုံးလုံး မသက်ရောက်ဘူးလို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ မင်း ဦးနှောက်ထဲမှာ ဆက်ရှိနေမှာက ဒီအချက်အလက်တွေရဲ့ အနည်းငယ်လောက်ပဲ…”

ယွီကျစ်ထုံက အလျင်အမြန် ထပ်ရှင်းပြ၏။ အကြောင်းမှာ ဟန်လိက နားလည်မှု လွဲသွားမည်ကို သူ စိုးရိမ်၍ ဖြစ်၏။

“ဥပမာအနေနဲ့ မင်းဟာ မင်းဝါးမြိုခဲ့တဲ့ စိတ်ဝိညာဉ်ရဲ့ မှတ်ဉာဏ်တွေ၊၊ အတွေ့အကြုံတွေ၊ စိတ်ခံစားချက်တွေကို ထိနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ဘူး။ မင်းက ဒါတွေကို စုပ်ယူခဲ့မယ်ဆိုရင်လည်း မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ပျက်စီးခြင်း ဆိုက်ဖို့၊ မင်းရဲ့ စိတ်နေစရိုက် ပြောင်းလဲသွားဖို့၊ မင်းရဲ့ အသိစိတ် ပျက်စီးသွားဖို့ များတဘ်။ မင်းရဲ့ ဦးနှောက်ဟာလည်း ပေါက်ကွဲထွက်ပြီး မင်း သေသွားနိုင်တယ်…”

“လူတစ်ယောက်အတွက် စိတ်ဝိညာဉ်က အရေးကြီးဆုံးအရာတစ်ခုဖြစ်တာကို မင်း သဘောပေါက်မှာပါ။ ဒါ့ကြောင့် ဒီလိုအရေးပါလှတဲ့ စိတ်ဝိညာဉ်က တခြားအရာတွေနဲ့ အလွယ်တကူ ဘယ်ပေါင်းစည်းနိုင်ပါ့မလဲ။ မင်းအနေနဲ့ တစုံတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို စုပ်ယူနိုင်တာတော့ အမှန်ပဲ။ ဒီစုပ်ယူလိုက်တဲ့ စိတ်ဝိညာဉ်ကိုလည်း မင်းရဲ့ အသိစိတ်ထဲမှာ ယာယီရှိစေနိုင်တယ်။ ဒါပေမဲ့ ဒါကို မင်းကိုယ်ပိုင် ဖြစ်အောင်လုပ်ဖို့ကတော့ စိတ်ကူးရင်ရာ ရောက်သွားပြီ…”

“ဒီလိုမှ မဟုတ်ရင် ရိုးရှင်းတဲ့ခန္ဓာကိုယ်ပိုင်စိုးမှုတစ်ခုက မင်းကို လူတစ်ယောက်ရဲ့ မှတ်ဉာဏ်အတွေ့အကြုံတွေ၊ ချီနည်းစနစ်တွေ၊ကိုပါ စုပ်ယူစေနိုင်ခဲ့မယ်ဆို တလောကလုံး ကမောက်ကမ ဖြစ်ကုန်မှာ မဟုတ်လား။ အဲ့လောက်သာ ရိုးစင်းနေမယ်ဆို ဘယ်လိုလုပ် အပင်ပန်းခံပြီး ခက်ခက်ခဲခဲ ကျင့်ကြံနေတော့မလဲ။ တစုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပိုင်စိုးလိုက်တာနဲ့ သူ ပိုင်ဆိုင်သမျှ အရာရာကို ရနိုင်နေပြီ မဟုတ်လား…”

“စိတ်ဝိညာဉ်တစ်ခုကို စုပ်ယူလိုက်တာနဲ့ ဝါးမြိုခံလိုက်ရတဲ့ စိတ်ဝိညာဉ်ရဲ့ စွမ်းအင် အနည်းငယ်ကို အချိန်တိုတော့ ခဏ အသုံးပြုနိုင်လိမ့်မယ်။ ပြီးရင် အဲ့စွမ်းအင်ကလည်း ဝါးမြိုခံရတဲ့ စိတ်ဝိညာဉ်နဲ့အတူ ရက်အနည်းငယ်ကြာရင် ပျောက်ကွယ်သွားမှာပဲ။ အဲ့လိုဖြစ်သွားတာနဲ့ မင်းအနေနဲ့ ဒါကို အသုံးပြုနိုင်တော့မှာ မဟုတ်ဘူး…”

ဟန်လိက ယွီကျစ်ထုံ၏ ရှင်းပြချက်ကို ဆက်နားထောင်နေပြီး သူ့စိတ်ထဲရှိ သံသယကို လျှော့ချလိုက်၏။ အကြောင်းမှာ ယွီကျစ်ထုံ၏ လေသံအရ အမှန်ပြောနေသည်ဟု သူ ပြောနိုင်သောကြောင့်ပင်။ တကယ်တော့ ယွီကျစ်ထုံသည် မော့ကျူးရင်ကဲ့သို့ ဟန်လိနှင့် ပူးပေါင်းလိုနေသည်မှာ သိသာနေသည်။ သူသည် ဟန်လိက သူ့ကို စမ်းသပ်နေတာအား သိ၏။ ထို့ကြောင့် သူ မလိမ့်ဝံ့ပေ။

ယွီကျစ်ထုံ၏ ရှင်းပြချက် ပြီးသည့်အခါ သူက ဟန်လိ ခေါင်းညိတ်လိုက်သည်ကို မြင်သည်။ ထိုအခါ ဟန်လိက သူ့ကို ယုံကြည်မှု ရှိသွားပြီကို သိလိုက်သဖြင့် စိတ်သက်သာရာ ရမိသွား၏။ တချိန်တည်းမှာ သူက တက်တက်ကြွကြွ မေးလာ၏။ “ညီလေးဟန်…ငါ့အဖြေကို မင်း ကျေနပ်တဲ့ပုံပဲ။ ဒါ့ကြောင့် အခု ငါတို့ ပူးပေါင်းမယ့်အကြောင်း ဆွေးနွေးဖို့ အချိန်ကောင်းလို့ မင်း မထင်ဘူးလား…”

“ဒါပေါ့။ ကျင့်ကြံသူတစ်ယောက်နဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ရတာ ကျုပ်အတွက် ဂုဏ်ဝင့်စရာပါပဲ…” ဟန်လိက ပြုံး၍ ထိုသို့ ဆို၏။

“တကယ်လား…” ယွီကျစ်ထုံက မယုံကြည်နိုင်ဟန်ဖြင့် စိတ်လှုပ်တရှား မေးမိလိုက်သည်။

“ဒါပေါ့…” ဟန်လိက ပြန်ဖြေသည်။

ထို့နောက် သူက သူ့ဝတ်ရုံထဲမှ တစုံတစ်ခုကို ဆွဲထုတ်ကာ ယွီကျစ်ထုံကို တရင်းတနှီးလေသံဖြင့် ပြောလာသည်။ “အခု ကျုပ်တို့က ပါတနာတွေ ဖြစ်သွားကြပြီ။ ဒီတော့ ကျုပ်တို့ မဆွေးနွေးခင် ကျုပ်ရှေ့မှာ စမ်းသပ်မှုလေး လုပ်ရမယ်ဆို ခင်ဗျား စိတ်မရှိဘူးမလား…”

“စမ်းသပ်မှု…” ယွီကျစ်ထုံက တုံ့ဆိုင်းဆိုင်း ဖြစ်သွားသည်။ ထို့နောက်တွင် သူက ဟန်လိ၏လက်ထဲရှိ သူနှင့် ရင်းနှီးသော ဒုလုံးပုံအရာဝတ္ထုတစ်ခုကို လှမ်းကြည့်သည်။

“အမှန်ပါပဲ။ ပိုပြီး တိတိပပဆိုရရင် အဆိပ်စမ်းသပ်မှုတစ်ခုပါ…”

ဟန်လိက လက်ထဲရှိ ဒုလုံးပုံအရာကို ပင့်မြှောက်ကာ ဆို၏။ ထို့နောက် သူ့လက်မကို အနည်းငယ် လှုပ်ရှားစေရာ အနံ့ဆိုးကို သယ်ဆောင်သည့် အနက်ရောင်အရည်တချို့သည် ၎င်း၏ ပစ်မှတ်ထံ တန်းတန်းမတ်မတ် ထိုးထွက်လာချေသည်။

“အား…”

ထိုအနက်ရောင်အရည်က အစိမ်းရောင်အလုံးကို ခြုံလွှမ်းသည့်အခါ ယွီကျစ်ထုံသည် စူးရှနာကျင်စွာ အော်ဟစ်လေ၏။ အစိမ်းရောင်အလုံးသည် သိသိသာသာ အရောင်ဖျော့သွား၏။

“မင်း ငါ့ကို တိုက်ခိုက်ရဲ၊ အဆိပ်ခတ်ရဲတယ်လား…” ယွီကျစ်ထုံက ဒေါမာန်တကြီး အော်ဟစ်၏။

ဟန်လိက ယွီကျစ်ထုံ၏ အော်ဟစ်သံတို့ကို အရေးမစိုက်နေဘဲ ထိုအစား သူ့ခါးတွင် ရှိနေသော ဓားမြှောင့်ကို လှမ်းယူသည်။ ထို့နောက် သူက ဓားအိမ်ထဲကနေ ဓားကို ဆွဲထုတ်ယူ၏။ တောက်ပသော ဓားသွားတလက် ပေါ်လာသည်။

ထိုဓားမြှောင်သည် တွေ့မြင်ရခဲသော ကျောက်စိမ်းဓားမြှောင်များထဲမှ တစ်ခု ဖြစ်ကာ မီတာဝက်မျှ အရှည်ရှိ၏။

ဟန်လိသည် ထိုနှစ်ဖက်စွန်းဓားမြှောင်ကို သူ့စိတ်ကြိုက်ရဖို့ ငွေကုန်ကြေးကျခံကာ ပန်းပဲသများထံ အပ်နှပ်ခဲ့တာ ဖြစ်၏။ ဟန်လိသည် လက်နက်များကို အထူးပြု မလေ့ကျင့်ခဲ့၍ သူ့အနေဖြင့် သမားတော်မော့နှင့် တိုက်ပွဲတွင် သည်ဓားမြှောင်ကို ထုတ်ယူဖို့ အခွင့်အရေး မရခဲ့ပေ။ သို့သော် အခု ၎င်းကို အသုံးပြုရမည့် အချိန် ရောက်လာသည့်ပုံပင်။

သူသည် တောင်းပန်ငဲ့ညှာလိုဟန်ဖြင့် တုန်ယင်နေသော အလင်းလုံးကို ကြည့်ကာ စကားတခွန်းမှ မဆိုဘဲ ၎င်းထံ ဓားဖြင့် ထိုးစိုက်လိုက်သည်။

All Chapters