ကြက်ပေါက်စ
Vol. 81 Ch. 1132
စိတ်ရှုပ်ထွေးနေသည့် လျန်ကျီက ကျီလီအား ကြည့်ကာ မေးလိုက်သည် “ သူ နိုးလာတာနဲ့ ဘာကွဲပြားသွားမှာမလို့လဲ ”
လျန်ကျီအတွက် မိုဝူကျိ သတိရလာသည် ဖြစ်စေ၊ သတိမရလာသည် ဖြစ်စေ ရလဒ်သည် အတူတူ ဖြစ်၏။ တကယ်တော့ မိုဝူကျိ သတိမေ့နေစဉ် သူတို့ ကွယ်ပျောက်သွားခဲ့လျှင် ကိစ္စများက ပို၍ ငြိမ်သက်သွားပေမည်။
လက်ရှိ ကျီလီက လျန်ကျီစကားများကို မကြားချင်ယောင်ဆောင်ထားလိုက်သည်။ သူမက မိုဝူကျိအား သတိထားကာ ဖျာပေါ် တင်ထားလိုက်၏။ ထို့နောက် သူမက စိတ်လှုပ်ရှားစွာဖြင့် မိုဝူကျိဘေးနား ဝင်ထိုင်လိုက်သည်။
မိုဝူကျိက နတ်ဘုရားမျှော်စင်မှ ထွက်လာနိုင်သူ တစ်ဦး ဖြစ်၏။ သူမအနေနှင့် မိုဝူကျိသာ နိုးထလာပါက သူတို့ ဤနေရာမှ ထွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ထားမိသည်။
***
မိုဝူကျိက သူ့ကို ကျီလီက သယ်ဆောင်ပေးထားကြောင်း ခံစားမိ၏။ ခဏအကြာတွင် သူက အာကာပြင်အတွင်းမှ ဥက္ကာခဲတစ်ခုပေါ် ရောက်သွားမိသလို ခံစားမိပြန်သည်။ ကျီလီ၏ တစ်ကိုယ်လုံးမှာ သွေးများပေကျံနေပြီး ဒဏ်ရာအပြင်းအထန် ရရှိထားလေ၏။
ပညာရှင်တချို့က ကျီလီအား ဝန်းရံပိတ်ဆို့ထားကြသည်။ ဤသည်က မိုဝူကျိအား ဒေါသထွက်လာစေသည်။ သူက အတင်းကြိုးစား၍ မျက်လုံးဖွင့်သော်လည်း သူ့မျက်ခွံ့များက အလွန်လေးလံနေသည်။
အပ်ကျမ်းစာအုပ်၏ စွမ်းအားကို လောင်ကျွမ်းပစ်ကာ ဖီကာရွံ့စေးမှ ဖန်တီးထားသော ကမ္ဘာဦး စိတ်ဝိညာဉ်လည်း နောက်ဆုံးတွင် သက်သာရာ ရသွားလေပြီ။ ဤအဖြစ်အပျက်အပြီးတွင် မိုဝူကျိက မျက်လုံးဖွင့်နိုင်လိုက်၏။
သူ မြင်လိုက်ရသည့် ပထမဆုံးသူမှာ စိတ်ပူပင်သောကရောက်နေသည့် ကျီလီသာ ဖြစ်၏။
မိုဝူကျိက ကျီလီ အသက်ရှင်နေသည်ကို မြင်ကာ စိတ်သက်သာရာ ရသွားသည်။ သူက လူသားကမ္ဘာမှ ဟုန်မုန့်စွမ်းအင်ကို ထုတ်ယူလိုက်၏၊ သူက အင်အား ပြန်ရဖို့ အသည်းသန် ကြိုးစားနေသည်။
အချိန်တိုလေးအတွင်း မိုဝူကျိ ခန္ဓာကိုယ်အထက်၌ နတ်ဝိညာဉ်စွမ်းအား ဝဲကတော့ တစ်ခု ဖြစ်တည်လာလေ၏။ ဟုန်မုန့်စွမ်းအင်မှာလည်း လူသိသွားလေပြီ။
မိုဝူကျိက ဒဏ်ရာများ ပြန်ကောင်းလာပြီးသည့်နောက်တွင် ကျင့်ကြံဆင့်က ဆက်တိုက် မြင့်တက်လာသည်။ ကမ္ဘာဦး စိတ်ဝိညာဉ် အပိုတစ်ခု ရှိသည့် အကျိုးကျေးဇူးကား သူ့ခန္ဓာကိုယ်မှာ နဂိုထက် ပို၍ သန့်စင်လာလေ၏။
တာအိုအသိအမြင် စွမ်းအားများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေသည်။ စည်းမျည်းများ၏ ထူးခြားဆန်းပြား တာအိုအငွေ့အသက်တို့လည်း သူ့ခန္ဓာကိုယ်မှ စတင် ပြန့်နှံ့လာသည်။
နောက်ဆုံးတွင် သူ့လူသားကမ္ဘာအတွင်းရှိ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောများမှ စွမ်းအားများပင် မိုဝူကျိ၏ စုပ်ယူမှုကို ခံလိုက်ရသည်။
မိုဝူကျိ၏ အင်အားမှာ ဆက်တိုက် တိုးမြင့်လာလေ၏။ မိနစ်အနည်းငယ်လေးအတွင်း သူက သဟဇာတ နတ်ဘုရား အဆင့် ၁ ထိပ်ဆုံးသို့ ပြန်လည် ရောက်ရှိသွားသည်။
ဟုန်မုန့်စွမ်းအင်လား …
ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်စွမ်းအားတွေလား ….
ကြောင်အမ်းအမ်း ဖြစ်နေသည့် လျန်ကျီက မိုဝူကျိအား ကြည့်လိုက်သည်။ လက်ရှိ မိုဝူကျိက အကြောက်အလန့်မရှိ အင်အားကို ပြန်လည် တိုးမြင့်နေလေ၏။ လျန်ကျီက မိုဝူကျိသည် လုံးဝ အသုံးမဝင်သည့်သူ မဟုတ်မှန်း သိ၍ ဝမ်းသာသွားသည်။ အနည်းဆုံးတော့ မိုဝူကျိလည်း သဟဇာတ နတ်ဘုရားအဆင့် ဖြစ်၏။
သို့သော်လည်း မိုဝူကျိက အစောပိုင်း သဟဇာတ နတ်ဘုရားအဆင့်အထိ ပြန်ကောင်းလာတော့ရော ဘာအရေးပါမည်နည်း။ တစ်ဖက်လူက ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်နေသည်။ သဟဇာတ နတ်ဘုရား အယောက် တစ်ရာ သို့မဟုတ် အယောက်တစ်ထောင်ပင် လျူဝမ်ရှေ့မှောက်၌ ပုရွက်ဆိတ်မျှသာ ဖြစ်ပေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် လျန်ကျီက ရေရွတ်လိုက်သည်
“ သူ ဒဏ်ရာအပြင်းအထန် ရတဲ့အကြောင်းကို သိပြီ။ သူဆီမှာ ရတနာတွေအများကြီးနဲ့ဆိုတော့ ကျုပ်တောင် သွေးဆောင်ခံရတော့မလို့ …. တခြားသူတွေလည်း သူတို့ဘာသာ သေချာပေါက် ထိန်းနိုင်မှာ မဟုတ်ဘူး ”
ကျီလီက ထိုစကားများကြားကာ စတင် စိုးရိမ်လာမိသည်။
လျန်ကျီက လက်ခါပြရင်း ကျီလီအား ကြည့်ကာ
“ မစိုးရိမ်ပါနဲ့ … ကျုပ်က အဲလိုလူ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ မိတ်ဆွေက အတော်လေး အတွေ့အကြုံ မရှိတာပဲ။ တကယ်လို့ သူက သူ့ဘာသာ ကုစားချင်ရင်တောင် ဟုန်မုန့်စွမ်းအင်ကို ပွင့်လင်းမြင်သာ ထုတ်မသုံးသင့်ဘူးလေ ”
ဟုန်မုန့်စွမ်းအင်ကို ပွင့်လင်းမြင်သာ ထုတ်သုံးလိုက်သည့်အတွက် သူ့အနေနှင့် ဆိုးကျိုးများစွာ ရှိလာနို်သည်။ တကယ်တော့ စကြဝဠာမြို့အတွင်းရှိ ပညာရှင်တိုင်း ဟုန်မုန့်စွမ်းအင်ကို အာရုံခံမိကြလောက်သည်။ သိပ်မကြာခင် သူတို့အားလုံး ရောက်လာလောက်၏။
“ စီနီယာလျန် ကျုပ် တောင်းဆိုပါတယ် ” ဤတစ်ကြိမ် တည်းခိုဆောင်၏ တာဝန်ခံက ကိုယ်တိုင် ရောက်လာသည်။
မိုဝူကျိ၏ နှောင့်နှေးမှုကြောင့် ယခုအချိန်အထိ လျန်ကျီသည် မိုးပျက်တည်းခိုဆောင်မှ မထွက်သွားရသေးပေ။ အကယ်၍ တည်းခိုဆောင် ပိုင်ရှင်သာ ရှိနေလျှင် လျန်ကျီအား အတင်းကျပ် မောင်းထုတ်လောက်သည်။
လျန်ကျီက လက်ခါပြကာ “ ခဏလေး နေပါဦး။ ကျုပ်မိတ်ဆွေ နှိုးလာတော့မှာပါ ”
“ စီနီယာလျန် …. ”
တာဝန်ခံက ဆက်ပြောတော့မည့်ဆဲဆဲတွင် အပြင်ဘက်မှ ဒေါသတကြီး အသံတစ်သံ ထွက်ပေါ်လာလေ၏ “ လျန်ကျီ .. မင်းက ငါ့တပည့်ကိုတောင် တိုက်ခိုက်ရဲတယ်ဆိုတော့ ဒီနေ့ မင်း ဘယ်လောက် စွမ်းလဲ ကြည့်ရသေးတာပေါ့ကွာ ”
ထိုအသံကို ကြားပြီးနောက် တာဝန်ခံနှင့် ဆိုင်အကူလေးတို့၏ မျက်နှာက ဖြူဖျော့သွားလေ၏။ တည်းခိုဆောင်က လျန်ကျီကြောင့် ပါဝင်ပတ်သတ်မိသလို ဖြစ်သွားရသည်။ ယခု သူတို့ပိုင်ရှင်က မရှိနေလေရာ သိပ်မကြာခင် မိုးပျက် တည်းခိုဆောင်ကား တစစီ ဖြစ်ပေတော့မည်။
“ ဝုန်း ” အားကောင်းကောင်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မိုးပျက် တည်းခိုဆောင်၏ ကာကွယ်ရေး အစီအရင်နှင့် အဆောက်အဦးမှာ ဖျက်စီးခံလိုက်ရသည်။
လက်ရှိ မိုဝူကျိက သဟဇာတ နတ်ဘုရား အဆင့် ၁ ကို ကျော်လွန်၍ အဆင့် ၂ သို့ ရောက်ရှိသွားလေပြီ။
မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ သူက ဘာပညာရပ်မှ ထုတ်သုံးမနေဘဲ ရိုးရိုးရှင်းရှင်း ဖုန်ခါချလိုက်သည်။ သူက ဟုန်မုန့်စွမ်းအင် တစ်ပုလင်း ထုတ်ယူကာ ကျီလီအား ပေးလိုက်ပြီး
“ စီနီယာအစ်မ ကျုပ်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးပါ…. မကြာသေးခင်ကမှ ပင်းထန်းဝါးနဲ့ ပေါင်းစပ်ထားတာဆိုတော့ ဟုန်မုန့်စွမ်းအင်နဲ့ဆိုရင် စွမ်းအင်ဗဟိုချက် ပြန်ကောင်းလာလိမ့်မယ် ”
မိုဝူကျိက ထိုသို့ပြောပြီးနောက် လက်နှစ်ဖက် ယှက်ကာ “ ဒီက တာအိုရောင်းရင်းလည်း ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
မိုဝူကျိက မျက်လုံးမဖွင့်နိုင်ခဲ့သော်လည်း အကြောင်းအရာများကို သိလိုက်ရသည်။
လျန်ကျီက အပြင်ဘက်ရှိ အမျိုးသားအား လက်ညိုးထိုးကာ ခါးသက်သက် ပြုံးလိုက်ရင်း
“ ကျုပ် ခင်ဗျားကို ကယ်တာ၊ မကယ်တာ ကိစ္စမရှိပါဘူး။ အဲဒီလူက လျူဝမ်တဲ့ …. ခဏနေရင် ကျုပ်တို့ သုံးယောက် ပြန်လည်ဝင်စားဖို့ အခွင့်အရေးတောင် ရချင်မှ ရတော့မှာ ”
နောက်ဆုံးတွင် မိုဝူကျိက အပြင်ဘက်ရှိ မျက်နှာနီနီနှင့် အမျိုးသားအား ခြုံငုံကြည့်လိုက်သည်။ ဤလူက အရပ်မရှည်ဘဲ ဗိုက်ပူပူ ရှိနေသေး၏။ ထို့အပြင် သူ့တွင် နားရွက်အသေးလေး ရှိနေသည်။ သူ့ခေါင်းအထက်၌မူ ဘုန်းကြီး ကျိုင်းတစ်ခု လွှင့်မျှောနေပေသည်။
သူ့ရင်ဘတ်၌ အရိုးခေါင်းတစ်ခု ဆွဲထားပြီး သူ့ခါးရှိ ခါးပတ်ကား နဂါးအရည်ပြားမှ ပြုလုပ်ထားခြင်း ဖြစ်၏။ ထိုခါးပတ်တွင် ဩချရလောက်သည့် အရှိန်အဝါတို့ ပိုင်ဆိုင်ထားသည်။
“ မင်းဆီ ဘာရောက်လာမယ်ကိုတော့ သိသားပဲ ” လျူဝမ်က သုံးယောက်လုံးကို ကြည့်လိုက်ပြီးနောက် ကျီလီလက်ထဲရှိ ကျောက်စိမ်းပုလင်းဆီ အကြည့်ရောက်လာတာ “ မင်းတို့လိုမျိုး ပါးမွှားလေးတွေက ပစ္စည်းကောင်းတွေ ရှိနေတာပဲ။ ဟုန်မုန့်စွမ်းအင်ကိုတောင် ရှာတွေ့တယ်ဆိုတော့ … ”
မိုဝူကျိက လျူဝမ် စကားများကို ဂရုမစိုက်ပေ။ သူက လက်တစ်ချက် အဝှေ့ဖြင့် ပုဆိန်လှံရှည်က သူ့လက်ထဲ ရောက်ရှိလာသည်။
အလွန်ဆုံး လျူဝမ်မှာ ဝိဇ္ဇာတပိုင်း ဖြစ်လာခါစ တစ်ယောက်သာ ဖြစ်၏။ မိုဝူကျိက ထိုလူသည် အများဆုံး မုန့်ယဲ့နှင့် အဆင့်တူလောက်သာ ရှိမည် ဖြစ်ကြောင်း ယုံကြည်ထားသည်။
မိုဝူကျိက သဟဇာတ နတ်ဘုရား အဆင့် ၂ သို့ ရောက်ရှိသွားပြီ ဖြစ်၏။
နတ်ဘုရားအရိုက်အရာပင် မရထားသည့် သာမာန် ဝိဇ္ဇာတပိုင်းအဆင့်လောက်က သူ့ရှေ့မှောက်၌ မောက်မောက်မာမာ ပြုမူရဲသည်လား။
“ တာအိုရောင်းရင်းလျူ …. ဒီတည်းခိုဆောင် ဖျက်စီးပစ်တဲ့အထိ ဘာလို့များ ဒေါသကြီးနေရတာလဲ ” ထိုအသံနောက်တွင် မုတ်ဆိတ်ရှည်ရှည် မျက်နှာဝါ အမျိုးသားတစ်ယောက် ရောက်ရှိလာသည်။
လျူဝမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် အားနာစကားဆိုလိုက်သည်
“ တာအိုရောင်းရင်းယူ … ကျုပ် အားနာပါတယ်ဗျာ။ အဲဒီတည်းခိုဆောင်က ခင်ဗျားနဲ့ ပတ်သတ်နေမှန်း သိပါတယ်။ ဒါပေမဲ့ အဲဒီလူက ကျုပ်တပည့်ကို သတ်ပစ်ခဲ့တယ်။ တကယ်လို့ ကျုပ်သာ အဲဒီလူကို မသတ်ရင် ကျုပ် လျူဝမ်က အလကား ကျင့်ကြံခဲ့ရသလို ဖြစ်တော့မှာပဲ …
ကျုပ်က တရားမျှတတဲ့သူဆိုတော့ ပြီးရင် ပြန်ပြီးတော့ လျော်ကြေးပေးပါ့မယ် ”
လျူဝမ်က ထိုလူ၏ ရည်ရွယ်ချက်ကို ကောင်းကောင်း သိပေသည်။ ဤသည်မှာ မိုးပျက် တည်းခိုဆောင်ကြောင့် မဟုတ်ဘဲ ဟုန်မုန့်စွမ်းအင်ကြောင့်သာ ဖြစ်၏။
မျက်နှာဝါ အမျိုးသားက ခေါင်းညိတ်ပြကာ ဘာမှဆက်မပြောတော့ပေ။ လျူဝမ်က သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်မှန်း သိလိုက်၏။ လျူဝမ်က မိုဝူကျိတို့ကို ရှင်းထုတ်ပြီးနောက် ဟုန်မုန့်စွမ်းအင် ဝေစု ပေးမည့်အကြောင်း ဆိုလိုခြင်း ဖြစ်၏။
လျန်ကျီက ရယ်မောလိုက်ပြီးနောက် မိုဝူကျိဘက် လှည့်ကာ
“ ခင်ဗျားရဲ့ နာမည်ကို မသိပေမဲ့ ကျုပ်တို့ ဒီနေ့တော့ အသက်ရှင်ရက် ထွက်သွားနိုင်မှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ ကျုပ် လျန်ကျီက ကိုယ့်သေမဲ့အလှည့်ကို ထိုင်စောင့်နေမဲ့သူ မဟုတ်ဘူး။ ကျုပ် သေရမယ်ဆိုရင်တောင် တိုက်ခိုက်ရင်းနဲ့ သေမယ် ”
“ ဟားဟား ” လျန်ကျီ စကားများကို ကြားပြီ လျူဝမ်က အားရပါးရ အော်ရယ်လိုက်သည်။
ဘေးမှ ပွဲကြည့်သူများက ခေါင်းတခါခါသာ လုပ်နိုင်တော့သည်။ လျန်ကျီက စကြဝဠာမြို့၌ နာမည်ကျော်ကြားသော်လည်း သူက အလယ်အလတ် သဟဇာတ နတ်ဘုရားအဆင့်သာ ရှိနေသေး၏။ လျူဝမ်က ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်ကာ စကြဝဠာမြို့၏ ထိပ်တန်း ပညာရှင်ငါးဦးအနက် တစ်ဦး ဖြစ်နေသေးသည်။ ပြောရမည်ဆိုလျှင် လျူဝမ်နှင့် ရင်ဆိုင်ရသည့်အခါ လျန်ကျီတွင် တိုက်ခိုက်မည့် အခွင့်အရေးပင် ရလိုက်မည် မဟုတ်ချေ။
မိုဝူကျိက လက်ခါကာ “ တာအိုရောင်းရင်းလျန် ဝင်တိုက်စရာ မလိုပါဘူး။ ကျုပ်တစ်ယောက်တည်းနဲ့ သူ့လိုမျိုး ကြက်ပေါက်စလေးကို ရှင်းပစ်ဖို့ လုံလောက်ပါတယ် ”
လျန်ကျီက မိုဝူကျိအား တအံ့တဩ စိုက်ကြည့်လိုက်သည်။
မိုဝူကျိက ဘာလို့ အခြေအမြစ်မရှိတဲ့ စကားတွေ ပြောနေတာလဲ ….
သူက သေသည့်အထိ တိုက်ခိုက်မည်ဟု ပြောစဉ်က ကိုယ့်ဘာသာ ဖောက်ခွဲပစ်ဖို့ ကြံရွယ်ထားခြင်း ဖြစ်၏။ အကယ်၍ မိုဝူကျိသာ ကိုယ့်ဘာသာ ဖောက်ခွဲပစ်မည်ဆိုလျှင်ပင် အစောပိုင်း သဟဇာတ နတ်ဘုရားတစ်ယောက်ဖြစ်၍ သူ့ဖောက်ခွဲမှုမှာ မည်သူကိုမှ ထိခိုက်စေမည် မဟုတ်ချေ။
ဘေးပတ်ဝန်းကျင်က မိုဝူကျိ စကားများကြောင့် ကြောင်အမ်းကုန်သည့်အလား တိတ်ဆိတ်သွားကြသည်။
ကြက်ပေါက်စလေးတဲ့လား ….
လျူဝမ်သာ ကြက်ပေါက်စလေး ဖြစ်နေလျှင် စကြဝဠာမြို့ တစ်မြို့လုံးက ကြက်ဥ ဖြစ်မသွားပေဘူးလား ….
လျူဝမ်က မိုဝူကျိအား ဆက်တိုက် ကြောင်အအ ကြည့်နေလေ၏။ သူက ဉာဏ်မဲ့ကာ ရူးနှမ်းသူများနှင့် တွေ့ခဲ့ဖူးသည်။ ထိုသို့ဆိုလျှင်ပင် မိုဝူကျိလောက် မိုက်မဲပြီး အသိတရားကင်းမဲ့သူကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်၏။
ဝိဇ္ဇာတပိုင်းအဆင့်ကို ကြက်ပေါက်စဟု ခေါ်ရလောက်အောင်အထိ ကျင့်ကြံနိုင်မည့်သူ မည်မျှ ရှိမည်နည်း။
“ ဒီလိုဆိုမှတော့ ဒီကြက်ပေါက်စက မင်း ဘာနဲ့ လုပ်ထားတာလဲဆိုတာ သိချင်မိသား …” လျူဝမ်က ပြောလိုက်ရင်း သူ့ကျိုင်းကိုပင် ဆွဲယူဖို့ စိတ်ထဲ မထားပေ။ သူက မိုဝူကျိအား လက်ဖြင့် ရိုက်သတ်ဖို့ လုပ်လိုက်သည်။
သူ့အမြင်၌ မိုဝူကျိက ကြက်ပေါက်စ တစ်ကောင်မျှပင် မယူဆနိုင်ပေ။
“ ဝုန်း ” လျူဝမ်၏ နတ်သဘာဝစွမ်းအား လက်ကြီးက မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို ထိလိုက်မိသည်နှင့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။
နတ်သဘာဝစွမ်းအားလက်ကြီးက မိုဝူကျိကို ထိဖို့ မဆိုထားနှင့်။ မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းကို မထိုးဖောက်နိင်ပေ။
လျူဝမ်၏ အမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားလေ၏။ မိုဝူကျိလိုမျိုး စွမ်းအားစက်ကွင်းမှာ သဟဇာတ နတ်ဘုရားအဆင့် မဖြစ်နိုင်ပေ။ မိုဝူကျိ၏ စွမ်းအားစက်ကွင်း ပြီးပြည့်စုံမှုက ကြောက်စရာကောင်းလွန်းပြီး လျူဝမ်၏ စွမ်းအားစက်ကွင်းပင် ထိုမျှပင် အားမကောင်းပေ။ သူက မိုဝူကျိကို အထင်လွဲမှားစွာ ကောက်ချချမိဟန် ပေါ်၏။ မိုဝူကျိက သဟဇာတ နတ်ဘုရား အဆင့် ၂ လုံးဝ မဖြစ်နိုင်ပေ။
မိုဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ လခြမ်းကွေး ပုဆိန်လှံရှည်ကို ဝေ့ယမ်းလိုက်သည်။ ထိုစဉ် အာကာပြင်မှ ငွေရောင်မြစ် တစ်စင်း ဖြစ်တည်လာ၏။
ထိုအခိုက်အတန့် လျူဝမ်က မိုဝူကျိအား သာမာန် သဟဇာတ နတ်ဘုရားအဆင့် ၂ ကျင့်ကြံသူကဲ့သို့ ဆက်ဆံရဲမည်နည်း။ သူ့စွမ်းအားစက်ကွင်းကို ဖြန့်ကျက်ကာ ဘုန်းကြီးကျိုင်းကို ဆွဲထုတ်လိုက်သည်။ ထိုကျိုင်းက ကြောက်မက်ဖွယ် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ စကြဝဠာမြို့ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
ထိုသတ်ဖြတ်ငွေ့တို့က ပြန့်နှံ့လာကာ သတ်ဖြတ်ရေး တာအိုစည်းမျည်းများအဖြစ် ပြောင်းလဲသွားသည်။ ပွဲကြည့်သူများပင် ထိုမြင်ကွင်းကြောင့် နောက်ဆုတ်လိုက်ရသည်။ ထိုသတ်ဖြတ်ရေး တာအိုစည်းမျည်းအတွင်း ပိတ်မိသွားပါက ဆုတ်လမ်း မရှိချေ။
လျန်ကျီက မိုဝူကျိသည် လျူဝမ်၏ စွမ်းအားစက်ကွင်းဆီ ပြေးဝင်သွားကြောင်း မြင်လိုက်ရသည့်အခါ အထိတ်တလန့် ရေရွတ်လိုက်မိသည် “ သူက အစောပိုင်း သဟဇာတ နတ်ဘုရားရော ဟုတ်ရဲ့လား ”
မအံ့ဩသည့် တစ်ဦးတည်းသောသူမှာ ကျီလီသာ ဖြစ်၏။ အကယ်၍ မိုဝူကျိက ဤမျှလောက် မစွမ်းဆောင်နိုင်လျှင် ဟွမ်တိကို မည်သို့ ဖမ်းထားနိုင်မည်နည်း။
**