← Chapters

ယိချန်၏ ဆုံးဖြတ်ချက်

Vol. 004 Ch. 302

ယိချန်၏ ဆုံးဖြတ်ချက်

Vol. 004 Ch. 302

နန်ဒူကလန်တွင် စစ်ဆေး အပြစ်ပေးခြင်းများ စတင်ပြီ ဖြစ်သည်။ ယနေ့တွင် ဒွန်ဟိုင်မြို့၏ အရေးပါသော လူများအားလုံး ရောက်ရှိ နေကြသည်။ သူတို့ အားလုံးကား အပ်ချွန်ပေါ်တွင် ထိုင်နေသကဲ့သို့ ခံစားကြသည်။ ဂီတသံစဉ်ကား ပိုမိုမြင့်တက် လာသည်နှင့်အမျှ လက်ရှိ မြင်ကွင်းနှင့် လွန်စွာ ကိုက်ညီသည်ဟု ထင်မှတ်ရသည်။ ကမ္ဘာကြီးက ကစဉ့်ကလျား ဖြစ်နေပုံရ၏။

ရီဖူရှင်းက နန်ဒူကလန်အား သန့်စင်ခြင်းကိုသာ လုပ်ချင်သည် မဟုတ်ဘဲ သူက ဧကရာဇ်လျိုအား သတ်ကာ နန်ဒူဝန်ရှန်းအား သူ့နေရာတွင် အစားထိုးလိုသည်။ သူက နန်ဒူဝန်ရှန်းကို ထောက်ပံ့ပေးထားရာ သူ၏ တန်ခိုးအဆင့်က မလုံလောက်လျှင်ကော အဘယ် အရေးနည်း။

နန်ဒူတိုင်ကား သူ၏ ထိုင်ခုံတွင် လှံတံဖြင့် ထုတ်ချင်းဖောက် တွဲလျက် ထွင်းစိုက်ထားခြင်း ခံရသည်။ သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ကာ သူ၏ နှလုံးသားက နာကျင်ရသည်။ ရီဖူရှင်းက သူ့အား မကြည့်ဘဲ တိတ်ဆိတ်စွာ တီးခတ်နေသည်။ သူ သေရတော့မည်ကို နန်ဒူတိုင် သိသည်။ သူက လွန်စွာ လိုက်ဖက်ညီလှသော ရီဖူရှင်းနှင့် ဟွာဂျီယူအား ကြည့်သည်။

အမှန်တကယ် အားဖြင့် နန်ဒူတိုင်က မူလက ရီဖူရှင်းနှင့် ဟွာဂျီယူအား ကောင်းချီးပေးကာ သဘောတူလိုခဲ့သည်။ သို့သော် ဧကရာဇ်လျို၏ အမိန့်တော် ရောက်ရှိ လာသောအခါ သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။ ဝန်ကြီးချုပ်ဟွာက ဖိအားပေးသောအခါ သူက ရီဖူရှင်းကို သတ်ရန် နည်းလမ်းတစ်ခုသာ ရှိခဲ့သည်။ အကယ်၍ ရီဖူရှင်းအား ကာကွယ်ပေးကာ အရာအားလုံးနှင့် အလောင်းအစား လုပ်ခဲ့လျှင် လက်ရှိတွင် မည်သို့ ဖြစ်နေမည်နည်း သူ စဉ်းစားကြည့်သည်။

ထိုနေ့က အကြီးအကဲချင်နှင့် ယိချန်တို့က ရီဖူရှင်း လွတ်မြောက်အောင် စွမ်းဆောင် နိုင်ခဲ့ကြသည်။ နန်ဒူကလန်၏ အင်အားဖြင့်ဆိုလျှင် ရီဖူရှင်းတို့က အလွယ်တကူ ထွက်ပြေး သွားနိုင်ပေမည်။ ထိုအချိန်က သူသာလျှင် ရီဖူရှင်းအား ကူညီခဲ့လျှင် ယခု သူက နန်ဒူနိုင်ငံ၏ ထီးနန်းတွင် ထိုင်နေရလောက် ပေသည်။

သို့သော် ယခု ထိုအရာများ အားလုံးက စိတ်ကူး သက်သက်မျှသာ ရှိတော့သည်။

သူက မျက်လုံးအား မှိတ်လိုက်လျှင် ဂီတသံစဉ်က သူ၏ နားထဲကို ဝင်ရောက် လာသည်။ သူကား အသိစိတ်ကား ကြောက်ရွံ့မှုများနှင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။

ယန်ရှာအိုလည်း ထိုနည်း လည်းကောင်းပင်။ သူ၏ တန်ခိုး အစွမ်းအား အဖျက်ခံထားရရာ သူက ရီဖူရှင်းအား မုန်းတီးစွာ ကြည့်သည်။ ထိုစဉ်က သူနှင် ဟွာဂျီယူတို့က ဒွန်ဟိုင် ကျောင်းတော်တွင် တက်ရောက်ခဲ့ကြသည်။ ဟွာဂျီယူကား ကြယ်စင် ဧကရာဇ် ကျောင်းဆောင်၏ တပည့်မ ဖြစ်ခဲ့သည်။ သို့သော် သူတို့၏ လက်ရှိ အဆင့်အတန်းကား လွန်စွာ မြင့်မားနေပြီ ဖြစ်သည်။

“ငါတို့နှစ်ယောက် တိုက်ခိုက်ရအောင်...” ဟွာဖန်းလူက အနုပညာ သူတော်စင်အား ပြောသည်။

“ကောင်းပြီ...” အနုပညာ သူတော်စင်က ခေါင်းညိတ်သည်။ သူနှင့် ကု့ချင်းမိစ္ဆာတို့၏ တိုက်ပွဲက အပြီး မသတ်သေးပေ။

သူတို့ နှစ်ယောက်က ရီဖူရှင်း၏ ဂီတ၏ သက်ရောက်မှု မရှိစေရန် ထိန်းချုပ်လျက် စတင် တိုက်ခိုက်ကြသည်။ တစ်ယောက်က ကု့ချင်းအား တီးခတ်ကာ နောက်တစ်ယောက်က ပန်းချီဆွဲသည်။ ဖရိုဖရဲသံစဉ်က ကစဉ့်ကလျား ပုံရိပ်များကို ဖြစ်ပေါ်စေသည်။ ကျောက်မူကား ယခင် ကတည်းက ရီဖူရှင်း၏ ပြိုင်ဘက် မဟုတ်ခဲ့ရာ လက်ရှိတွင် သူက ရီဖူရှင်းအား ယှဉ်ပြိုင်ရန် မည်သို့ စဉ်းစားရဲမည်နည်း။

အတန်ကြာလျှင် ကု့ချင်းမိစ္ဆာနှင့် အနုပညာ သူတော်စင်တို့၏ တိုက်ပွဲက ပြီးဆုံးခြင်းကို ရောက်သည်။ ဤတစ်ကြိမ်တွင်ကား ကု့ချင်းမိစ္ဆာက အနုပညာ သူတော်စင်၏ သက်စောင့် ဝိညာဉ်အား ဖျက်ဆီးခဲ့သည်။ သူက ကု့ချင်းကြိုးကား လက်ဖြင့် ဖိလိုက်ကာ ဂီတသံစဉ်အား ရပ်တန့်စေသည်။ သူ၏ ပြိုင်ဘက်ကို ကြည့်ကာ ဟွာဖန်းလူက ပြောသည်... “နောက်ဆုံး အကြိမ်က မင်းငါ့ကို ဘယ်လို အနိုင်ရခဲ့တာလဲ မင်း သိလိမ့်မယ်... ဒါက မင်း အမှား မဟုတ်ဘူး ဆိုတာ ငါသိတယ်... ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က မင်းကို အနိုင်ရစေချင်ခဲ့တယ်... ဒါကြောင့် မင်းနိုင်ခဲ့တယ်... ဆရာက ဘာမှ မတတ်နိုင်ခဲ့ဘူး… ဒါကြောင့် သူက အမြဲတမ်း အပြစ်ရှိသလို ခံစားခဲ့ရတာကြောင့် ငါ့တပည့်နဲ့ သမီးအတွက် အသက်စွန့်ဖို့တောင် ဆုံးဖြတ်ခဲ့တယ်...”

အနုပညာ သူတော်စင်က ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ အမှန်တရားကို သူလည်း သိပေသည်။ ထို့ကြောင့်လည်း သူက ထိုအနိုင်ရခြင်း အတွက် တစ်ခါမှ ဂုဏ်ယူဝင့်ကြွားခြင်း မရှိခဲ့ပေ။ ထိုနိုင်ပွဲက သူ့အတွက် ခမ်းနားခြင်း မရှိခဲ့သော်လည်း ဒွန်ဟိုင် ကျောင်းတော်၏ သမိုင်းတွင်မူ လှပသော တိုက်ပွဲတစ်ခု အဖြစ် ရှိနေခဲ့သည်။

ပတ်ဝန်းကျင်မှ လူများအားလုံး ထိတ်လန့် သွားကြသည်။ ထိုစဉ်က တိုက်ပွဲက ထိုသို့ လျှို့ဝှက် ကြံစည်မှုများ ရှိသည်ကို မသိခဲ့ကြပေ။ ဟွာဖန်းလူက တစ်ခါမှ အမှန်တရားကို ထုတ်ဖော် ပြောခဲ့ခြင်း မရှိခဲ့ပေ။ ထိုစဉ်က သူ ရှုံးနိမ့်ခဲ့သည်ဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။ ယခု သူက အနုပညာ သူတော်စင်အား အနိုင်ရခဲ့ရာ သူက အမှန်တရားအား ထုတ်ဖော် ပြောကြားခဲ့သည်။

နောက်ဆုံးတွင် ရီဖူရှင်း၏ ဂီတက ရပ်တန့်သွားသည်။ ရက်စက် ကြမ်းကြုတ်သော ဖိအားများကား နောက်ဆုံးတွင် ပျောက်ကွယ် သွားသည်။ နန်ဒူကလန်ကား ကစဉ့်ကလျား ဖြစ်နေသည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ စွမ်းအားမြင့် တန်ခိုးရှင်များလည်း အပြစ်ပေး ခံကြရသည်။

“ဦးလေး… နန်ဒူကလန်ကို ဦးလေးပဲ အုပ်ချုပ်ပါ...” ရီဖူရှင်းက ပြောသည်... “ဒီနှစ်ယောက်ကို ဒွန်ဟိုင် ကျောင်းသို့ ခေါ်သွား...” ထို့နောက် သူက နောက်လှည့်ကာ ထွက်သွားသည်။ ဤနေရာတွင် ရင်းနှီးသော မျက်နှာများ ရှိသော်လည်း လက်ရှိသူ၏ စိတ်က ကောင်းမွန်သော အခြေအနေတွင် မရှိပေ။

သူတို့အုပ်စုက နန်ဒူတိုင်နှင့် ယန်ရှာအိုတို့ကို ခေါ်ဆောင်ကာ ဒွန်ဟိုင် ကျောင်းတော်သို့ ပြန်ရောက် လာကြသည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကား ရေခဲဖြင့် ပိတ်လှောင်ထားခြင်း ခံရသည်။ ထိုမြင်ကွင်းက ထူးခြားလှသည်။ ကျောင်းတော်မှ လူများက ထိုနေရာတွင် စုစည်းလျက် ရေခဲတောင်ကြီးနှင့် တောင်ထိပ်ပေါ်တွင် ကု့ချင်း တီးခတ်နေသော အဘိုးအိုအား ကြည့်နေကြသည်။ သူ ဘယ်သူ ဖြစ်သည်ကို သိသူ သိပ်မရှိကြပေ။ သူကား တစ်ချိန်က ရီဖူရှင်း လွတ်မြောက်အောင် “ပျက်စီးခြင်းကမ္ဘာ” ကို အသက်ဖြင့် ရင်း၍ တီးခတ်ခဲ့သော အကြီးအကဲ တစ်ယောက် ဖြစ်သည်ကိုသာ သူတို့ သိကြသည်။

“သူတို့ ပြန်လာပြီ...” လူအုပ်က အသက် ဝင်လာသည်။ ရီဖူရှင်းတို့ အုပ်စုက နန်ဒူတိုင်နှင့် ယန်ရှာအိုတို့အား ဖမ်းဆီး ခေါ်ဆောင် လာကြသည်။ လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် ကြရသည်။

နန်ဒူတိုင်ကား နိုဘယ် တစ်ယောက် ဖြစ်သည်။ ယန်ရှာအိုကား ဒွန်ဟိုင် ကျောင်းတော်အား အုပ်ချုပ်သူ ဖြစ်သည်။ ယခု သူတို့အား ပုရွက်ဆိတ်များလို ဖမ်းဆီး ခေါ်လာကြသည်။ ထို့နောက် သူတို့အား အကြီးအကဲချင်၏ ရုပ်တုရှေ့တွင် အတင်း ဒူးထောက် ခိုင်းသည်။

“ရီဖူရှင်း… ငါ့ကို လွှတ်ပေးပါ... အကြီးအကဲချင်က ငါ့ရဲ့ စီနီယာ အစ်ကိုပဲ... မင်းရဲ့ဆရာကလည်း ငါ့ကို ဆရာဦးလေး ခေါ်ရတယ်...” ယန်ရှာအိုက ကြောက်ရွံ့စွာ ပြောသည်။ ယခု သူကား သေရတော့မည် သာမက အကြီးအကဲချင်၏ ရုပ်တုရှေ့တွင် ထာဝရ ဒူးထောက် ရတော့မည် ဖြစ်သည်။ သူ၏ အပြစ်များအတွက် သေခြင်းကပင် မကျေလေစေနိုင်ပေ။

ရီဖူရှင်းက သူ့အား လျစ်လျူရှုထားသည်။ သူက ယခုမှ စီနီယာအစ်ကို ဖြစ်ကြောင်း လာပြောနေသည်။ သူ၏ ဆရာဘိုးဘိုး သေသွားသောအခါ သူ၏ အရိုးပြာနှင့် ကမ္ပည်းတိုင်အား ဖုန်တစ်လုံးလုံးဖြင့် ပစ်ထားသူက မည်သူနည်း။ အဆောက်အဦက ပျက်စီး ယိုယွင်းကာ နေရာကလည်း မြက်ရိုင်းရှည်များ ဖုံးလွှမ်းနေသည်။ သူက ဆရာဘိုးဘိုးကို စီနီယာ အစ်ကိုဟု သဘောထားခဲ့သလော။

“ဆရာဘိုးဘိုး... ဧကရာဇ်လျိုနဲ့ ဝန်ကြီးချုပ်ဟွာတို့ ကလည်း သူတို့ အပြစ်အတွက် ဒီမှာ ဒူးထောက် ကြရလိမ့်မယ်...” ရုပ်တုအား ကြည့်ကာ ရီဖူရှင်းက အေးစက်စွာ ပြောသည်... “သူတို့ကို အေးခဲလိုက်တော့...”

ငွေသက်တော်စောင့်က ခေါင်းညိတ်သည်။ ကြောက်မက်ဖွယ် အေးစိမ့်သော အားလှိုင်းက သူတို့ထံ ဆင်းသက် လာသည်။ လွန်စွာ အားကောင်းသော ရေခဲ အစီအရင်က သူတို့ထံ ရောက်ရှိလာလျှင် နန်ဒူတိုင်နှင့် ယန်ရှာအိုတို့ ရေခဲရုပ်တုများ အဖြစ် ပြောင်းလဲ သွားကြသည်။

ရီဖူရှင်းက ထိုရုပ်တုများကို စကားမပြောဘဲ အတန်ကြာ ကြည့်နေခဲ့သည်။ ဤတစ်ကြိမ် ဒွန်ဟိုင်မြို့ကို ပြန်ရောက်လာချိန် သူက ကိစ္စရပ် အတော် များများကို ဖြေရှင်းခဲ့သည်။ ယခု လျိုဂျန်လန်၊ ဧကရာဇ်လျိုနှင့် ဝန်ကြီးချုပ်ဟွာတို့သာ ကျန်တော့သည်။ သူတို့ကသာ တကယ့် တရားခံများ ဖြစ်ကြသည်။

“ဆရာကြီး... ဘယ်သူက ဒွန်ဟိုင် ကျောင်းတော်ကို တာဝန်ယူမှာလဲ...” ရီဖူရှင်းက ယိချန်ကို မေးသည်။

“ငါတာဝန်ယူမယ်...” ယိချန်က ပြောသည်။ သူက လောကကြီးအား မြင်ဖူးပြီး ဖြစ်သည်။ သူကား အသက်ကြီးပြီ ဖြစ်ကာ သူ၏ အကန့်အသတ်ကို ရောက်နေပြီ ဖြစ်သည်။ သူက ဤနေရာတွင် ဆက်နေကာ လူငယ်မျိုးဆက်အား သင်ကြားပေးရန် စဉ်းစားထားသည်။ နောင်တွင် ကြယ်စင် ဧကရာဇ် ကျောင်းဆောင် ကဲ့သို့သော အာဏာမက်သော အဖွဲ့အစည်းများ ပေါ်ထွက် မလာရန် သူ မျှော်လင့်သည်။

ကျောင်းဟူသည်မှာ ပညာသင်ပေးရန် ဖြစ်သည်။ သူက ဤနေရာတွင် ဆက်နေကာ လူငယ်များအား သူက ပျိုးထောင်ပေးရန် ဆန္ဒရှိပေသည်။

ရီဖူရှင်း အေးခဲသွားသည်။ တန်လန်နှင့် ယူချင်းတို့ ရှေ့ကို တိုးလာကာ ခေါ်သည်... “ဆရာ...”

“အဖေ...” ယိချိန်ချန်၏ မျက်လုံးများက အေးစက် သွားသည်။

ယိချန်က ရယ်မော လိုက်သည်… “ဘာလဲ... ငါက အသက်ကြီးနေပြီ … မင်းတို့နဲ့ လိုက်ရှုပ်နေဖို့ အချိန် မရှိတော့ဘူး ... ယူချင်း… ချိန်ချန်ကို မင်းလက်ထဲကို ငါအပ်တယ်... ငါ့မှာ မင်းလို တပည့်ရှိတာ အရမ်း စိတ်ကျေနပ်စရာ ကောင်းတယ်...”

“ဆရာကြီး...” ရီဖူရှင်းက သူ့အား ကြည့်သည်... “ဆရာကြီးက ဘာတွေ တွေးနေတာလဲ... ဒီလို သေးငယ်တဲ့ နေရာမှာ ဆရာကြီးက ဘယ်လိုလုပ် တိုးတက်မှာလဲ...”

ယိချန်က သူ့အား ကြည့်သည်... “မင်း ဘာသိလို့လဲ ... ဒွန်ဟိုင်က သေးငယ်တဲ့ နေရာပဲ... ဒါကြောင့်ပဲ ငါဒီမှာ နေရမှာ... ငါက ဒီနှစ်နှစ် ကာလမှာ အတွေ့အကြုံ အများကြီး ရပြီးပြီ… ဒါကြောင့် ငါက ဒီမှာ ဆက်နေပြီး လူငယ်တွေရဲ့ အသိအမြင်တွေကို ဖွင့်ပေးလို့ရတယ်... သူတို့ကို ပိုမို ကျယ်ပြန့်တဲ့ လောကကြီးကို မြင်တွေ့ခွင့်ရဖို့ ငါက တွန်းအားပေးလို့ ရတယ်...”

ရီဖူရှင်း ဆွံ့အသွားသည်။ ယိချန်က မည်သို့သောသူ ဖြစ်သည်ကို သူသိသည်။ သူ ဆုံးဖြတ်ပြီးလျှင် မည်သူမှ ပြောင်းလဲ၍ မရနိုင်ပေ။

“ဒီလိုဆိုရင်လည်း ဆရာကြီးက ဒီမှာ မနေချင်တော့တဲ့အခါ ကျွန်တော်တို့ကို လာရှာပါ...” ရီဖူရှင်းက ထပ်မံ၍ နားမချတော့ပေ။

“မင်းက အခု နောက်ခံ ကောင်းနေပြီ ဆိုတော့ အခု ဒီလို ပြောရဲပြီပေါ့ ... နောက်မှ မင်းက ငါ့ကို မသိသလို မလုပ်နဲ့...” ယိချန်က ပြောသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...” ရီဖူရှင်းက မျက်လုံး ပြူးကျယ်လျက် ပြောသည်။

ယိချန်က နောက်လှည့်ကာ ကျောင်းတော်မှ လူများကို ကြည့်လိုက်သည်။ မရေမတွက်နိုင်သော ကျောင်းသားများက သူတို့အား ကြည့်နေကြသည်။ သူက လူအုပ်ကြီးအား ကြည့်ကာ ပြောသည်... “ငါက လာဘ်လာဘ ကျောင်းဆောင်ရဲ့ ယခင် ကျောင်းအုပ် ယိချန်ပဲ... အခု ကျုပ်က ဒွန်ဟိုင် ကျောင်းတော်ကို ပြန်လာဖို့ ဆုံးဖြတ်ထားတယ်...”

“ကျောင်းအုပ်ယိ...”

“ဆရာကြီး...”

လာဘ်လာဘ ကျောင်းဆောင်၏ တပည့်ဟောင်းများ အားလုံးက စိတ်လှုပ်ရှားစွာ ခေါ်ကြသည်။ လက်ရှိ အခြေအနေတွင် သူတို့၏ ကျောင်းအုပ်က အမှန်တကယ် ပြန်လာမည်လော။

“မင်းတို့ အားလုံးက ဒီနေ့ ဖြစ်ခဲ့တာတွေ အတွက် မေးခွန်းတွေ ရှိနေတာကို သိတယ်... တချို့က ဒေါသ ထွက်ကြလိမ့်မယ်...” ယိချန်က လူတိုင်းကို ပြောသည်... “လွန်ခဲ့တဲ့ နှစ်နှစ်က ကျုပ်တပည့် ရီဖူရှင်းက ကြယ်စင် ဧကရာဇ် ကျောင်းဆောင်က ဟွာဂျီယူနဲ့ ချစ်သူဖြစ်ခဲ့တယ် ... သူတို့က အဲဒီ အချိန်တုန်းက ဘယ်လောက် ပါရမီမြင့်တယ် ဆိုတာ မင်းတို့ ကြားဖူးမယ်လို့ ငါထင်တယ်...”

“နောက်ပိုင်း ဝန်ကြီးချုပ်ဟွာရဲ့ ထောက်ခံ အားပေးမှုနဲ့ ကြယ်စင် ဧကရာဇ် ကျောင်းဆောင်က တခြား ကျောင်းဆောင်တွေကို လွှမ်းမိုး ချုပ်ကိုင်ဖို့ ကြိုးစား လာခဲ့ကြတယ် ... သူက တစ်ကျောင်းလုံးကို ချုပ်ကိုင်ချင်တယ်… ဒါကြောင့် ရီဖူရှင်းနဲ့ ငါက ကျောင်းတော်က ထွက်ခဲ့တယ်... ပြီးနောက် ဧကရာဇ်လျိုက ရီဖူရှင်းကို အိမ်ရှေ့စံရဲ့ အစေခံဖြစ်ဖို့နဲ့ ဟွာဂျီယူကို အိမ်ရှေ့စံရဲ့ ကြင်ရာတော်ဖြစ်ဖို့ အမိန့်ထုတ်ခဲ့တယ်... ဒါက မကောင်းမှုဆိုတာ ပြောနေစရာတောင် မလိုဘူး... ဘယ်သူ သည်းခံနိုင်မှာလဲ...”

“နန်ဒူကလန်နဲ့ ကြယ်စင်ဧကရာဇ် ကျောင်းအုပ်က အာဏာကို မက်မောခဲ့ကြတယ်... သူတို့က လူငယ်တွေရဲ့ အနာဂတ်ကို ဂရုမစိုက်ကြဘူး... ကျုပ်တို့က ပြန်ခုခံခဲ့တယ်... အကြီးအကဲချင်က သူ့ရဲ့ နောက်ဆုံး သံစဉ်ကို တီးခတ်ခဲ့ပြီး သေဆုံးခဲ့တယ်... ကျုပ်က ဒဏ်ရာရပြီး လွတ်မြောက်ခဲ့သလို ရီဖူရှင်းနဲ့ ဟွာဂျီယူကလည်း သေလုနီးပါး အခြေအနေက ထွက်ပြေး လွတ်မြောက်ခဲ့တယ်... ဒီနောက်ပိုင်း ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ မင်းတို့ သိလိမ့်မယ်လို့ ငါထင်တယ်...”

“ရီဖူရှင်းနဲ့ ယူချင်းက တန်ဖန်းပွဲတော်မှာ ပြန်လာခဲ့ပြီးတော့ သူတို့ရဲ့ ပါရမီတွေကို ပြသခဲ့တယ်… ဘယ်သူက သူတို့ကို ယှဉ်နိုင်လဲ… နန်ဒူနိုင်ငံကိုထား... နယ်မြေတစ်ရာ ဒေသမှာတောင်မှ သူတို့ကို ယှဉ်နိုင်တဲ့လူ မရှိဘူး...”

“အခု သူတို့က အရှေ့မြေရိုင်း ဒေသက ထိပ်သီး အင်အားစုတွေရဲ့ တပည့် ဖြစ်နေကြပြီ... အရင်က သူတို့နှစ်ယောက်ကို နန်ဒူဘုရင်နဲ့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က သတ်လုနီးပါးပဲ... လူငယ်ပါရမီရှင် တစ်ယောက်ကို သတ်ဖို့ ကြိုးစားတဲ့ ကျောင်းတော်ကို ဘယ်လိုလုပ်ပြီး ကျောင်းတော်လို့ ခေါ်လို့ရမှာလဲ...” ယိချန်က မေးသည်။

“ငါပြန်လာတာက အာဏာကို လိုချင်လို့ မဟုတ်ဘူး... ရီဖူရှင်းနဲ့ ယူချင်းတို့ နှစ်ယောက်လုံးက ငါ့တပည့်တွေပဲ ... ငါကလည်း အရှေ့မြေရိုင်း ဒေသမှာ လေ့ကျင့်တယ် ... ဒီမှာ နေတာထက် စာရင် ဟိုမှာ ပိုပြီး တိုးတက်နိုင်တယ်... ဒါပေမဲ့ ဒွန်ဟိုင် ကျောင်းတော်က ငါ့ရဲ့အိမ်ပဲ … ငါ့ရဲ့ အသက် ထက်ဝက်က ဒီမှာ ကုန်ဆုံးခဲ့တာ… ကျောင်းတော် ပြန်ပြီး ဦးမော့လာတာကို ငါမြင်ချင်တယ်... ငါက ဒွန်ဟိုင် ကျောင်းတော်ကို အရင်လို အာဏာရှင် ကျောင်းတော် မဟုတ်ဘဲ တကယ့် ကျောင်းတော် အစစ်ကို မြင်ချင်တယ်...”

“ဒါကြောင့် ငါ ဒီမှာ ဆက်နေမယ်...” ယိချန်က ပြောသည်။ ကျောင်းသားများ အားလုံး တိတ်ဆိတ် နေကြသည်။ ထို့နောက် အသံတစ်သံ ထွက်လာသည်... “ကျောင်းအုပ်ယိကို နှုတ်ဆက်ပါတယ်...”

“ကျောင်းအုပ်ယိကို နှုတ်ဆက်ပါတယ်...” နောက်ထပ် လူများ အော်ဟစ်ကြသည်။ အသံများက ကောင်းကင်ယံ တစ်ခုလုံး တုန်ခါသွားစေသည်။

လောကကြီးကား မျှတကာ လူအများအား စိတ်ရင်းဖြင့် မိမိ၏ ရိုးသားမှုကို ပြသကာ သူတို့၏ ယုံကြည်မှုကို ရယူနိုင်သည်။ ဒွန်ဟိုင် ကျောင်းတော်မှ ကျောင်းသာများကား ငယ်ရွယ်ကြသော်လည်း သူတို့က အမှန်အမှားကို ခွဲခြားနိုင်စွမ်း ရှိကြသည်။ လာဘ်လာဘ ကျောင်းဆောင်မှ ယိချန်က သူ၏ ရာထူး ဂုဏ်ဒြပ်များကို စွန့်ပစ်ကာ နန်ဒူကလန်နှင့် ကြယ်စင် ဧကရာဇ် ကျောင်းဆောင်အား ရင်ဆိုင်လျက် ရီဖူရှင်းကို ကယ်တင်ခဲ့သည်။ ယခု ရီဖူရှင်းကား အောင်မြင်နေပြီ။ ယိချန်က သူ၏ ဘဝကို သက်သောင့်သက်သာ နေနိုင်သော်လည်း ထိုအခွင့်အရေးကို လက်လွှတ်ကာ ဒွန်ဟိုင် ကျောင်းတော်ကို ပြန်တည်ဆောက် လိုသည်။ ထိုအရာကား ယိချန်၏ ဆုံးဖြတ်ချက်ပင်။

***

All Chapters