Vol. 13 Ch. 181
Vol. 13 Ch. 181
မောင်နှမ နှစ်ဦးလုံး အမူအရာများ အေးခဲသွားကြသည်။ ယွဲ့ဟိုင် မသိလိုက် မသိစွာဖြင့် ယွဲ့ကျောက်ကို အဝေးသို့ တွန်းထုတ်မိလိုက်ပြီး ရောဂါကပ်ဆိုးကြီးတစ်ခုကိုရှောင်ရှားသကဲ့သို့ ဘေးတွင် သွားရပ်လိုက်၏။
သူတို့နှစ်ယောက်ဘာမျှ မဖြစ်ထားသော်လည်း တရားတပေါင်ရင်ဆိုင်ရာတွင်တော့ နှုတ်၏သက်သေက အကျူံး၀င်ခြင်း အလျင်းမရှိ။
သူတို့ဘက်မှ အရင်စမှားထားသောကြောင့် အကယ်၍ လူတိုင်းသာ အဖြစ်မှန်ကို စုံစမ်းသိရှိသွားမည်ဆိုပါက ကျိုးဟိုင်တွင် နေရလိမ့်မည်တောင် မဟုတ်တော့ချေ။
"မစ္စတာလင်း..ကျုပ်တို့အမှားပါဗျာ..ကျုပ်တို့ ပိုက်ဆံကို လောဘဇော တက်မိသွားပါတယ်..ကျေးဇူးပြုပြီး အခွင့်ရေး နောက်တစ်ကြိမ်လောက် ပေးလို့ရမလားဗျာ..."
"ကျန်းစုန့်...ရှင်လည်း ကူပြောပေးဦးလေ..ဘာလို့ အဲ့မှာပဲ ကျောက်ရုပ်ကြီးလို ရပ်နေတာလဲဟဲ့..."ယွဲ့ကျောက် လောဆော်လိုက်၏။
"ခုက စပြီး ငါတို့နှစ်ယောက်ရဲ့ ဇာတ်လမ်း အဆုံးသတ်ပြီ...ကူပြောပေးဖို့ မျော်လင့်မနေနဲ့တော့...."
"ရှင်...ရှင် ဘာပြောလိုက်တယ်..."ယွဲ့ကျောက် ရူးခါသွားပြီး "ရှင် ကျွန်မကို မချစ်တော့ဘူးလို့ မပြောနဲ့နော်..."
ယွဲ့ကျောက် မျက်နှာ ချက်ချင်း ညိုးငယ်သွား၏။ အကယ်၍ ကျန်းစုန့်သာ ကူမပြောပေးပါက သူမတို့ အဆုံးသတ်ချေပြီ။
"တံခါးက မင်းတို့ နောက်ကျောမှာပဲ..ငါစိတ်ကောင်း၀င်နေတုန်း ခုထွက်သွားလိုက်တော့.."လင်းရီ တံခါး၀ကို လက်ညိုးထိုးပြီး ပြောလိုက်၏။
"ဟုတ် ဟုတ်ကဲ့ပါ...ကျုပ်တို့ခုပဲ ထွက်သွားပေးပါ့မယ်ဗျ..."
နှစ်ယောက်လုံး ၀မ်းသာအားရစွာဖြင့် ထွက်သွားခဲ့ကြသည်။
ကျန်းစုန့် စိတ်ပျက်အားလျော့နေသည်ကိုမြင်တော့ လင်းရီ သူ့ပခုံးကို ပုတ်လိုက်ပြီး "မင်းရဲ့ စိတ်ကူးယဉ်ကမ္ဘာလေးကို ဖျက်ဆီးလိုက်လို့ ငါ့ကို အပြစ်မတင်ဘူးမလား..."
"လောင်တ...မင်းဘာတွေ လာပြောနေတာလဲဟ..."
ကျန်းစုန့် မေးလိုက်ပြီး "ငါ့ကို သူမဘယ်လိုပုံစံရှိလဲဆိုတာ မြင်ခွင့်ပေးလို့ ကျေးဇူးတောင် တင်ရဦးမယ်..မဟုတ်ရင် ကျောက်ယွဲ့က တစ်နေ့ ငါ့အပေါ် ဖောက်ပြန်မှာ အသေအချာပဲ..."
"မင်းအဲ့လို စဉ်းစားတာကိုပဲ ၀မ်းသာလှပြီ.."လင်းရီ စိတ်သက်သာ ရသွားသည့် လေသံဖြင့် ပြောလိုက်ပြီး
"သွားသောက်ရအောင်..ငါမင်းကို ပြောစရာရှိသေးတယ်..."
နှစ်ယောက်သား ဘာဘီကျူးရှေ့တွင် ထိုင်လိုက်ကြပြီး နောက်ကျန်းစုန့် စောနက မုဒ်ကို ပြန်ရသွား၏။
"လောင်တ ပြောစရာရှိရင်လည်း ပြောလေကွာ..ဘာမှ အားနာမနေနဲ့.."
လင်းရီ ဝိုင်တစ်ဂွတ်လောက် ငုံလောက်ပြီး "မင်း Cisco အကြောင်း ဘယ်လောက်သိလဲ..."
"Cisco...ငါတို့ ပါတနာတွဲမယ့် ကုမ္ပဏီလား..."
"အင်း...အဲ့ ကုမ္ပဏီပဲ..."
"မင်းက ဘာကို သိချင်တာ.."ကျန်းစုန့် မေးလိုက်ပြီး " ကြိုပြောထားမယ်နော်..ငါက ဘာမှ သိပ်သိတာမဟုတ်ဘူး....ဒါပေမယ့် ငါသိသလောက်တော့ ပြောပြမယ်..."
"အေးပါ...ငါသိချင်တာ Ciscoက ထုတ်မယ့် ချစ်ပ်အကြောင်းပဲ..အဲ့အကြောင်း မင်းသိသလောက် ပြောပြ..."
ကျန်းစုန့် တစ်ခဏမျှ ရပ်တန့်သွားပြီး "Ciscoက ချစ်ပ်ပရိုဂရမ်းမင်းမှာ ဆန်းသစ်မှုတစ်ခု ပြုလုပ်လိုက်ပြီဟ...ငါ့ဘောစ့် ပြောပုံအရဆိုရင်တော့ ဒါက ငါတို့ တ-ရုတ်ပြည်ရဲ့ ချစ်ပ်နယ်ပယ်သမိုင်းမှာ စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်သွားစေမယ့် ကိစ္စကြီးပဲ..ငါ့ဘော့စ်ဆို သူတို့နဲ့ သောက်ရမ်းရင်းနှီးနေတာတောင်မှ ပရောဂျက်ရဖို့အတွက်ဆိုပြီးတော့ အမှောင်ထဲကနေ ပိုက်ဆံတွေအများကြီး သုံးထားသေးတယ်..."
"ဒီခု မင်းက ဘယ်သူနဲ့တွေ့ပြီး စာချုပ်ချုပ်မှာ..."
"သူတို့ကုမ္ပဏီရဲ့ ပရောဂျက်မန်နေဂျာ ရန်ဟုန်ယွီနဲ့လေ...ဒါပေမယ့် ရောင်းမယ့် ချစ်ပ်တွေ အကုန်လုံးကိုတော့ သူတို့ ဒုဥက္ကဌက ထိန်းချုပ်ထားတာ..ငါ့အထင်တော့ ယွင်ပန်းကျားမင်လို့ ခေါ်တဲ့ တစ်ယောက်လားမသိဘူး.."
လင်းရီ ဝိုင်တစ်ငုံလောက် ထပ်မော့လိုက်ပြီး ထိုလူနှစ်ယောက်၏ နာမည်ကို မှတ်သားထားလိုက်သည်။
"Cisco ရဲ့ သုတေသန စင်တာအကြောင်းကော ဘာသိသေးလဲ...ဘယ်လို IT ဂျီးနီးရပ်စ်က ဒီပရိဂရမ်ကို တီထွင်လိုက်တာလဲဆိုတာကော သိလား..."
လင်းရီ စိတ်ထဲတွင် အကြမ်းဖျင်း ခန့်မှန်းထားသော်လည်း အတည်ပြုချင်နေဆဲဖြစ်၏။
"အဲ့ဒီ နည်းပညာ ထုတ်လုပ်မှုပိုင်းတွေကတော့ ငါလည်း သိပ်မသိဘူး..ငါက ဒီတိုင်း အရောင်းဌာနကလေကွာ..အဲ့တော့ သုတေသန ကိစ္စတွေကျ ငါနဲ့ ဘာမှ မဆိုင်တော့ဘူး..."ကျန်းစုန့် ဝိုင်ခွက်ကို ကိုင်ထားပြီး အချိန်အကြာကြီး လေ့လာပြီးတော့မှ ပြောလိုက်၏။
"ဒါပေမယ့် ငါကြားသလောက်ကတော့ ဒါရိုက်တာလျိုရဲ့ လူတွေကနေ စခဲ့တာတဲ့...သူတို့ လေးငါးနှစ်ယောက် သုတေသန လုပ်ပြီးတော့မှ အောင်မြင်သွားတာဆိုပဲ..."
"သေချာပြီ...အဲ့ကောင်ပဲ..."
လင်းရီ သူ့ဘာသူ တွေးတောလိုက်၏။
ဒါရိုက်တာလျိုဆိုတဲ့ကောင်က သေချာပေါက် လျိုချူးပဲ ဖြစ်ရမယ်...
ဒါပေမယ့် ဒီကောင်တွေက သောက်ရမ်းကြွားဝါလွန်းတယ်...
ငါလချီးကို လေးငါးနှစ် လေ့လာထားတာလား...သူများဆီက ခိုးသွားပြီးတော့မှများကွာ...
ကျန်းစုန့် လင်းရီကို ထူးဆန်းသလို ကြည့်လိုက်ပြီး "လောင်တ မင်းက ဘာလို့ ဒါတွေ လာမေးနေတာ..မင်းက ချစ်ပ်နယ်ပယ်ကို စိတ်၀င်စားလို့လား..."
"ဒီတိုင်း မေးကြည့်တာပါကွာ..."
လင်းရီ ဘန်ထလေ ကားသော့ကို ပစ်ပေးလိုက်ပြီး "ငါတို့က ကျိုးဟိုင် ရောက်နေတာဆိုတော့ ဘယ်သွားသွား ကားမပါရင် အဆင်မပြေဘူး...ရော့...ဒါယူပြီး မောင်းထားလိုက်..."
"နိုး နိုး နိုး လောင်တ..ဒီလောက်ဈေးကြီးတဲ့ကားကြီးတော့ မမောင်းရဲဘူးဟျောင့်."ကျန်းစုန့် ခါးခါးသီးသီး ငြင်းဆန်လိုက်ပြီး "မတော်လို့ တိုက်မိသွားရင် ငါ့ကိုယ်ငါ ရောင်းရင်တောင် လျော်နိုင်မှာ မဟုတ်ဘူး..."
"မင်းလျော်စရာ မလိုပါဘူးကွာ..ငါကမင်းကို ပေးနေတာ....ဒီတိုင်း လက်ခံလိုက်စမ်းပါဟ..."
ကျန်းစုန့် ရိုးသားစွာ ပြုံးလိုက်ပြီး "လောင်တ မင်းငါ့ကို ကူညီချင်နေမှန်း ငါနားလည်တယ်ဒါပေမယ့် ခုလောလောဆယ် ငါ့အလုပ်ကလည်း အဆင်ပြေနေတယ်ကွာ..နောက်ပြီး တောက်ပမယ့် အလားအလာ တွေလည်း ရှိတယ်...တကယ်လို့ ငါငတ်တဲ့ အချိန်ကျမှ ကူညီလည်း နောက်မကျသေးပါဘူးဟ..."
"အေး...အဲ့ဒါဆိုလည်း သဘော..လာသောက်ကြစို့..
ဒီည မမူးမချင်း အိမ်မပြန်ကြေး..."
"ချီးယားစ်...."
ညည့်နက်သည်အထိ သောက်ပြီးနောက် လင်းရီ သူ့အခန်းသူ ပြန်အိပ်လိုက်သည်။
နောက်တစ်နေ့နံနက် လင်းရီ နိုးလာသည့် အချိန်တွင်တော့ ကိုးနာရီ ကျော်နေပြီး ဖြစ်၏။
အိပ်ခန်းတံခါးဖွင့်ပြီး အပြင်သို့ ထွက်ကြည့်လိုက်သောအခါ ကျန်းစုန့်မှာ စာတိုလေးတစ်စောင်သာ ချန်ခဲ့ပြီး အလုပ်သွားတော့မည်ဖြစ်ကြောင်း ရေးသားထားခဲ့၏။
လင်းရီ အာသန်းလိုက်ပြီး မျက်နှာသစ်ကာ ပန်နီဆူလာဟိုတယ်သို့ သွား၍ နံနက်စာ သွားစားလိုက်သည်။
ထို့နောက် အော်ဒါများ စတင် လက်ခံတော့၏။
"သင့်မှာ အော်ဒါအသစ်ရှိပါတယ်..ကျေးဇူးပြုပြီး သေချာစစ်ဆေးပေးပါ..."
လင်းရီအော်ဒါကို လက်ခံလိုက်သည်။ သို့သော်လည်း ရေးထားသည်များကတော့ လင်းရီအတွက် အတော်လေး စိတ်၀င်စားဖို့ ကောင်းနေခဲ့၏။
စာတမ်းတစ်ခု ပြုစုပေးရန်။။
ဘယ်လိုကြီးလဲဟ...
ယေဘုယျအားဖြင့် အီရန်ဘွိုင်းများ၏ ပညာရည်အဆင့်အတန်းမှာ မမြင့်မားပေ။
တစ်ချို့ဆိုလျင် စာတမ်းဆိုတာက ဂျိုနှင့်လားဟုတောင် မေးပေလိမ့်မည်။ ထို့ကြောင့် ပြုစုရန်ဝေးစွ၊ ဖတ်ပင် ဖတ်တတ်လိမ့်မည် မဟုတ်ချေ။
သူ့ရဲ့ကတ်စတန်မာက ဒီလို ထူးဆန်းတဲ့ အော်ဒါတွေ တင်ပြီးတော့ ပလေးချင်နေတာလား...
လင်းရီကတော့ ဘာကိုမျှ စိုးရိမ်ခြင်း အလျင်းမရှိ။ သူ၏ လက်ရှိ နှံ့နှံ့စပ်စပ် သိကျွမ်းသမျှကို ထုတ်သုံးလိုက်ပါက စာတမ်းလေးတစ်စောင် ပြုစုရေးသားရန်မှာ သူ့အတွက် ထမင်းစားရေသောက်ဟုပင် ပြော၍ရသည်။
သို့သော်လည်း သူသွားပြီး ဘာတွေဖြစ်ပျက်နေလဲဆိုတာ အရင်ဆုံး စူးစမ်းကြည့်သည်က ပိုကောင်းပေလိမ့်မည်။
အော်ဒါလက်ခံပြီးနောက် လင်းရီ သူ၏ ကတ်စတန်မာကို ဖုန်းဆက်လိုက်၏။
"ဟယ်လို ဒါက မိန်းကလေးကျောက်လားခင်ဗျ...ကျုပ်က ခုနလေးတင် မိန်းကလေးရဲ့ အော်ဒါကို လက်ခံလိုက်တဲ့ အီရန်ဘွိုင်းပါ ..."
"ဟူး..တော်သေးတာပေါ့..ကျွန်မက တစ်ယောက်မှ လက်မခံဘူးလို့တောင် ထင်နေတာ..."တစ်ဖက်မှ ပြောလာပြီး "ကျွန်မက ကျိုးဟိုင် အင်ဂျင်နီယာကျောင်းက...ရှင်လာတဲ့အချိန်ကျရင် ဘီရှော့ ၁၀၀၈ မှာ ကျွန်မကိုလာရှာလှည့်..."
"ပြဿနာမရှိဘူး..."
လင်းရီ ပြန်ပြောလိုက်၏။
"ဒါပေမယ့် မိန်းကလေးရဲ့ စာတမ်းကို ကိုယ်စားရေးပေးရမှာ သေချာရဲ့လား..အဲ့လိုအရေးကြီးတဲ့ စာတမ်းမျိုးဆိုတာက တစ်ခုခု မှားသွားရင် မိန်းကလေး ဘွဲ့ယူတဲ့အချိန်ကျ အဆင်မပြေ ဖြစ်လာနိုင်တယ်နော..."
"ရှင်အထင်လွဲနေပြီ...ကျွန်မကိုယ်စား ရေးခိုင်းမှာ မဟုတ်ဘူး..ကျွန်မရေးပြီးသားတွေကို ကွန်ပျူတာထဲ ထည့်ပေးရုံပဲ..ကျွန်မမှာက အချိန်မရှိလို့..."
"အော်..အဲ့လိုလား..ကောင်းပါပြီဗျ..."
'ကျွန်မမှာ ရေးပြီးသား စာရွက်တွေရှိတယ်' ဟူသော စကားလုံးများမှာ မိမိုက်သည်ဟု ထင်ရသော်လည်း သေချာတွေးကြည့်ပါက သူမအတွက် ရေးခိုင်းရုံတင်သာမက ကွန်ပျူတာထဲသို့ပါ ထည့်ပေးဖို့ သွယ်ဝိုက်ပြီး တောင်းဆိုလိုက်သည့် သဘောပင်။
စာရွက်ထဲရှိ အကြောင်းအရာများကို ကွန်ပျူတာထဲ ရိုက်ထည့်ရန်မှာတော့ လင်းရီအတွက် ပြဿနာ များများစားစား မရှိ။ ထို့နောက် ဖုန်းချလိုက်ပြိး အင်ဂျင်နီယာကျောင်းဆီသို့ ဦးတည်သွားလိုက်၏။
တစ်ချိန်တည်းတွင် အဝါရောင် Ford Mustang တစ်စီး ကျောင်းဂိတ်၀ ရှေ့သို့ ထိုးရပ်လာသည်။
အဝါရောင် ဖြစ်နေသောကြောင့် နေရောင်ထဲတွင် တလက်တလက် တောက်ပြောင်နေပြီး လူအများအပြား၏ အာရုံကို ဆွဲဆောင်သွားတော့၏။
ဖြတ်သွားဖြတ်လာ လုပ်နေကြသည့်လူတိုင်း ခဏရပ်၍ ဘာတွေ ဖြစ်နေလဲဆိုတာ ရပ်ပြီး စပ်စုကြတော့သည်။
ထိုအချိန်တွင် သာမန်ပေါ့ပေါ့ပါးပါး အ၀တ်စားများနှင့် လူတစ်ယောက် ထွက်လာပြီး သူ့လက်ထဲတွင်လည်း နှင်းဆီပန်းတစ်စည်းကို ကိုင်ထား၏။
"အစ်ကိုကြီးစွန်း..ခင်များရဲ့ကားကတော့ စွန်းလန်းတာပဲဗျာ..မြင်းကောင်ရေအား များရုံတင်မကသေးဘူး..ဒီဇိုင်းကာလာအနေအထားကလည်း ပြောစရာမလိုလောက်အောင်ကိုပဲ..ကျွန်တော့် ကောင်မလေးထက်တောင် သည်ကားက ပိုလန်းနေသေးတယ်...ဟီးဟီး"
အစ်ကိုစွန်းဟု အခေါ်ခံလိုက်ရသူ၏ အမည်မှာ စွန်းနင်ဖြစ်ပြီး ကျိုးဟိုင် အင်ဂျင်နီယာကျောင်းမှ စီနီယာကျောင်းသားတစ်ဦးဖြစ်လေသည်။ ထို့ပြင် ကျောင်းရှိ ကျော်ကြားသော ဒုတိယမျိုးဆက် သခင်လေးများထဲမှ တစ်ဦးအပါအ၀င်လည်း ဖြစ်၏။
"အစ်ကိုစွန်း..ခင်များက ကား၀ယ်လိုက်ရုံတင်မကသေးဘူး..ပန်းစည်းနဲ့ စိန်လက်စွပ်တစ်ကွင်းကို တောင် ပြင်ဆင်ထားလိုက်သေးတယ်ပေါ့....ကျုပ်လို ယောက်ျားရင့်မာကြီးကတောင် ဒီလိုမျိုး ပရိုပိုစ့် လုပ်ခံရလို့ကတော့ ချက်ချင်း လက်ခံမိမှာပဲ..ကျင်းချောင်လို ရိုမန်းတစ်ဆန်တာကြိုက်တဲ့ မိန်းကလေးဆိုရင်တော့ ပြောမနေနဲ့တော့..."
"ဒါပေမယ့် ကျုပ်ကြားတာတော့ ကျင်းချောင်လို့ခေါ်တဲ့ ကောင်မလေးက တော်တော်လေး အသုံးဖြုန်းကြိးတယ်ဆိုပဲ..အစ်ကိုကြီးစွန်းက ထောက်ပံ့ပေးနိုင်ပါ့မလား..."
နောက်ထပ် သူငယ်ချင်းတစ်ယောက်မှ ပြောလိုက်၏။
"ဟမ့်..သူ့(မ)ရဲ့ သုံးဖြုန်းနိုင်တဲ့ လယ်ဗယ်က ငါ့မျက်စိထဲမှာတော့ ပါမွှားလေးပဲ..ငါ့မိသားစုရဲ့ ဘဏ္ဍာရေးအခြေနေနဲ့ဆိုရင် အဲ့လောက်လေးက ဘာမှ မဟုတ်သေးဘူး...."စွန်းနင် ဂုဏ်ယူစွာပြောလိုက်လေသည်။
"အမှန်ပဲ..အစ်ကိုကြီးက ဘွဲ့တောင်မရသေးဘူး..ယွမ်၅သိန်းကျော်တဲ့ Ford Mustang ကြီး ၀ယ်ပြီးသွားပြီ...သာမန်လူတွေက အစ်ကိုကြီးနဲ့ တန်းတူနေဖို့ အဆင့်ကို မရှိတော့တာ..."
"ဟားဟား...မင်းတို့နှစ်ကောင်က ငါ့ကို လာမြောက်နေတာပဲကွ..."စွန်းနက် ပီတိပြုံးကြီးဖြင့် ပြောလိုက်ပြီး
"တကယ်တော့ ကျောင်းမှာ ငါ့ထက် ချမ်းသာတဲ့သူတွေ ရှိပါသေးတယ်ကွာ..အဆင့်စီမယ်ဆိုရင် ငါက သုံးလောက်ပဲ ရှိဦးမှာ..အစ်ကိုကြီးကျန်းက ငါ့ထက်အများကြီး ပိုဘောစိတယ်..."
"ဟုတ်တယ်..အစ်ကိုကြီးကျန်းက ကျုပ်တို့ထက် အများကြီးသာတယ်..ဒါပေမယ့် အစ်ကိုကြီးစွန်းကလည်း အကောင်သေးသေးလေးမှ မဟုတ်တာ...ကျင်းချောင်က သေချာပေါက် အစ်ကိုကိးကို ငြင်းမှာ မဟုတ်ဘူး"
"အိုကေ အိုကေ ဆက်မပြောကြနဲ့တော့...ကျင်းကျင်းက ခဏနေ ဒီရောက်လာတော့မှာ..မှတ်ထားနော်..သူ(မ) သဘောတူပြီဆိုတာနဲ့ မီးရှူးမီးပန်းတွေ ဖောက်ဖို့ မမေ့နဲ့..."
"စိတ်ချထားလိုက် အစ်ကိုကြီး..ကျုပ်တို့ဘက်က တာ၀န်ကျေစေရမယ်.."
အားလုံး၏ အကြည့်များအောက်တွင် ဆံနွယ်ရှည်ရှည်နှင့် မိန်းကလေးတစ်ဦး သူမ သူငယ်ချင်းများနှင့်အတူ ကျောင်းပေါက်၀သိ့ ရောက်လာခဲ့၏။
သူမ စွန်းနင်ကိုမြင်တော့ ရှက်ကိုးရှက်ကမ်းလေး ဖြစ်သွားပြီး သူမကို လက်ထပ်ခွင့်တောင်းမည်မှန်း ကြိုသိနေသကဲ့သို့ ဖြစ်နေလေသည်။
"ဒီတော့ သူက ကျင်းကျင်းကို ချစ်ရေးဆို မလို့ပေါ့..."အင်ဂျင်နီယာ ဌာနမှ ကျောင်းသားတစ်ဦး ရေရွတ်လိုက်၏။
"အင်း..ဘာပဲဆိုဆို သူတို့နှစ်ယောက်က လိုက်ပါတယ်ကွာ.."
"စွန်းနင်ရဲ့ မိသားစုကလည်း ချမ်းသာတယ်..ကျင်းကျင်းရဲ့ ရုပ်ရည်လေးကလည်း မဆိုးဘူး...နှစ်ယောက်စလုံးက နေနဲ့လ ရွှေနဲ့မြပဲ.."
သူမ၏ အတန်းဖော်များနှင့် ဝန်းရံလျက် ကျင်းချောင် စွန်းနင်ရှေ့၌ ရှက်ပြုံးလေးဖြင့် မတ်တပ်ရပ်နေလေသည်။
"နင်...ဘာလုပ်ဖို့ ငါ့ကို ဒီခေါ်လိုက်တာ..."
သိပေမယ့်လည်း မိန်းကလေးဆိုတော့ မူရသေး၏။
စွန်းနင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဒူးတစ်ဖက်ထောက်ချလိုက်သည်။
"ကျင်းကျင်း... ဒီလေးနှစ်လုံး ငါ့စိတ်တွေက တစ်ချိန်လုံး မင်းဆီမှာပဲ ရှိနေခဲ့တာ..ခု ကျောင်းလည်းပြီးတော့မှာဆိုတော့ ငါ့ဘ၀မှာ နင့်ကို ဖွင့်မပြောလိုက်ရလို့ နောင်တရသွားတဲ့ အဖြစ်မျိုး မဖြစ်ချင်ဘူး...ကျင်းကျင်း ကျေးဇူးပြုပြီး ငါ့ရဲ့ မိန်းကလေး ဖြစ်ပေးနိုင်မလား..ငါ့တစ်ဘ၀လုံးကို မင်းဆီမှာပဲ အပ်နှံပါတယ်
..မင်းပြောသမျှကိုလည်း မြေ၀ယ်မကျ နားထောင်ပါ့မယ်..နှစ်ယောက်အတူ ကမ္ဘာလေးတစ်ခု ထူထောင်ခွင့်လေး ပေးနိုင်မလား ကျင်းကျင်း..."
"ထို့နောက် နှင်းဆီပန်းစည်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော စိန်လက်စွပ်ကို ထုတ်လိုက်သည်။
နေရောင်အောက်တွင် တလက်လင်တောက်ပနေသည့် စိန်လက်စွပ်ကို ကြည့်ရင်း ကျင်းကျင်း သူမ ပါးစပ်ကို လက်ဝါးဖြင့် အုပ်မိလိုက်၏။ သူမ၏ မျက်လုံးများမှာ တော့ စိတ်လှုပ်ရှားလွန်းသောကြောင့် ပီတိမျက်ရည်များဖြင့် ကြည်လဲ့နေလေသည်။
"ကျေးဇူးပြုပြီး ငါ့ကို လက်.....,"
ဘွန်း ဘွန်း ဘွန်း...
ထိုအချိန်တွင် ကျယ်လောင်သည့် ကားအင်ဂျင်သံကြီးက သူမအား လက်ထပ်ခွင့်တောင်းနေသည့် အခမ်းအနားကို နှောက်ယှက်သွားခဲ့၏။
"ဖက်ခ်...ကြည်လိုက်ဦး... Koenigsegg Rs ကြီးဟ...အဲ့ကားက တ-ရုတ်မှာ ယွမ်သန်း ၃၀ ကျော်တယ်လို့ ကြားဖူးတယ်..."
"ကျိုးဟိုင်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေကတော့ တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ..ကျိုးဟိုင်တစ်ခုလုံးမှာတောင်မှ ဒီလိုကားမျိုးက သိပ်မရှိဘူး...ခုတော့ တကယ်ကြိီး ငါတို့ကျောင်းပေါက်၀မှာ မြင်နေရတယ်တဲ့လား..."
Koenigsegg မောင်းလာသည်ကိုမြင်တော့ လူအုပ်ကြီးမှာ အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြ၏။
ဂိတ်၀၌ တစ်စုံတစ်ယောက် ရပ်နေသည်ကိုမြင်တော့လင်းရီ ကားပြတင်းပေါက်မှန်ချကာ ကောင်မလေးတစ်ယောက်ကို မေးလိုက်၏။ "အလှလေး...ဘီရှော့လမ်းကို ဘယ်လိုသွားရမလဲသိလား..."