← Chapters

Vol. 13 Ch. 182

Vol. 13 Ch. 182

Vol. 13 Ch. 182

Vol. 13 Ch. 182

ကျင်းချောင် အေးခဲသွား၏။

Koenigsegg ကား ပိုင်ရှင်က သူ့ကို တကယ်ကြီး စကားပြောနေတာပဲ...

ပြီးတော့ အလှလေးလို့တောင် ခေါ်လိုက်သေးတယ်...

ငါ့ကို အထာတွေ ဘာတွေ ပေးနေတာများလား မသိဘူး...

"ကျောင်း....ကျောင်းဂိတ်ကို ဖြတ်သွားပြီးတော့ ..အထဲက အမြင့်ဆုံး အဆောက်အအုံထဲမှာ ရှိတယ်"

"ကျေးဇူးပါ အလှလေးရေ..."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး မှန်ပြန်တင်ကာထွက်သွားလိုက်၏။

ရုတ်တရက် အဖြစ်ပျက်က စွန်းနင်၏ အစီစဉ်ကို ခေတ္တနောက်ကျသွားစေသော်လည်း သူ၏ စိတ်အခြေနေကို မထိခိုက်‌သွားစေခဲ့ပေ။ ထို့ကြောင့် သူပရိုပိုစ့်လုပ်မည့် စကားများကို တစ်ဖန် ပြန်ရွတ်ပြလိုက်၏။

"ကျင်းကျင်း ..ငါအလေးနက်ထားပြီး တောင်းဆိုနေတာပါဟာ..ဒီနေ့ ဒီချိန် ဒီနေရာမှာ ဒီလိုဖွင့်ပြောဖို့ဆိုတာ ငါရဲ့ ရှိစုမဲ့စု သတ္တိလေးတွေနဲ့ အရဲစွန့်ပြီး ပြောနေရတာကျေးဇူးပြုပြီး ငါ့ကောင်မလေး ဖြစ်‌ပေးလို့ရမလား... "

အမှန်တော့ စွန်းနင် အရမ်း ‌မကေမနပ် ဖြစ်နေခဲ့၏။

အစက ကျင်းကျင်းမှာ သူ့ကို ငြင်းပယ်ရန် လုံး၀ရည်ရွယ်ချက် မရှိ။

အကယ်၍ ချမ်းသာသည့် ဒုတိယမျိုးဆက်တစ်ယောက်သာ သူမ လက်ခံတော့မည့်အချိန်တွင် မနှောက်ယှက်ခဲ့ပါက စွန်းနင် အရမ်းလှသည့် ကောင်မလေးတစ်ယောက်ကို ချစ်သူတော်ကောက်ပြီး ဖြစ်၏။

ကျင်းချောင် အသက်ပြင်းပြင်း ရှူလိုက်ပြီး

"ငါငြင်းတယ်..."

"ဘာကြီး..."

စွန်းနင် ကြက်သေသေသွား၏။ သူနားကြားများ မှားသွားလေသလော...

"မင်းဘာပြောလိုက်တယ်..."

"ငါငြင်းတယ်လို့ပြောလိုက်တာ..."ကျင်းချောင် နောက်တစ်ကြိမ် ထပ်ပြောလိုက်၏။

"နင့်အချိန်တွေကို ငါ့အပေါ်မှာ အလကား အကုန်ခံမနေပါနဲ့ဟာ...ငါတို့နှစ်ယောက်က ကမ္ဘာခြင်း ခြားနားလွန်းတယ်..."

ထိုစကားလုံးများကို ကြားတော့ ရှိနေကြသည့် လူတိုင်း သူတို့နားကိုသူတို့ မယုံကြည်နိုင်ကြတော့ပေ။

ဒါကြီးက သိပ်ပြီး နည်းလမ်းမကျသေးဘူးလေကွာ...

"ဘာလို့လဲကွ...ဘာလို့လဲ...ဒီမတိုင်ခင်တုန်းက မင်းလက်ခံပေးမယ်လို့ ပြောထားပြီးပြီလေ...ဘာလို့ ခုမှ စိတ်ပြောင်းသွားတာလဲဟ.."စွန်းနင် ‌ကျင်းချောင်၏ ကိုယ်ကို လက်နှစ်ဖက်ဖြင့် ခါရမ်းပြီး စိတ်ပျက်ဒေါသထွက်စွာ မေးမြန်းလိုက်၏။

"နင်ငါ့ကို လာအော်နေလဲ အလကားပဲ...ငါတို့နှစ်ယောက်က မလိုက်ဖက်ဘူး.."

"ဘာလို့လဲ...မင်းငါ့ကို အကြောင်းပြချက်လေးတော့ ပေးသင့်တယ်လေကွာ..."

"အကြောင်းပြချက်လား..ရိုးရိုးလေးပါ..နင်မောင်းတဲ့ ကားက ငါ့အတွက် လုံလောက်အောင် မကောင်းလို့လေ..စောနက စူပါကားကြီးကမှ ငါနဲ့ အသင့်တော်ဆုံးပဲ.."

သို့နှင့် သူမ စွန်းနင်ကို စကားပြောရန် အခွင့်ရေးမပေးဘဲ လှည့်ထွက်သွားခဲ့သည်။

စွန်းနင် လုံး၀ ဆွံ့အသွားတော့၏။

ဟိုကောင်က ပြိုင်ကားလေးစီးပြီး ဒီတိုင်းလမ်းလေးပဲ မေးသွားတာလေ...အဲ့တာမှ ငါ့ကောင်မလေးကို ချိတ်သွားသေးတယ်တဲ့လား....

ဘယ်လို ငရဲလဲဟ...

____

လင်းရီကားကို သတ်မှတ်ထားသည့် နေရာသို့ မောင်းသွားလိုက်၏။

သူလမ်းမေးရုံသာ မေးလိုက်သော်လည်း အတွဲတစ်တွဲ ပြတ်သွားစေသည်အထိ ဖြစ်သွားလိမ့်မည်လို့တော့ ထင်ထားလိမ့်မည်မဟုတ်။

Koenigsegg RS နှင့် ချောမောခန့်ညားသော လင်းရီတို့မှာ လူအုပ်ကြီးကို ဆွဲဆောင်သွားပြီး အားလုံး ဖုန်းကိုယ်စီထုတ်ကာ ဝီချက်စတိုရီတွင် အပြိုင်တင်ကြတော့၏။

"ကောင်မတွေ ကြည့်ကြဦးဟဲ့...ဟိုရှောင်ကောကော လေးက အရမ်းခန့်တာပဲနော်.."

"သူက ဘာလို့ အရမ်းချမ်းသာပြီး အရမ်းချောနေတာလဲဟ..ဒါကြီးက နည်းနည်းတော့ များသွားပြီ..."

"သူနဲ့အတူ ဓာတ်ပုံတွေ ရိုက်ပြီးတော့ ငါ့အခန်းထဲ ခေါ်ထားချင်လိုက်တာနော်...‌ငါ့လျှပ်စစ်ကောင်လေးက သာယာအောင် မလုပ်ပေးနိုင်တော့ဘူး..."

လင်းရီကတော့ လူအုပ်ကြီးနှင့် ထိုစကားလုံးများကို နားယဉ်နေပြီး ဂရုစိုက်မနေခဲ့။

ကားထဲမှ ထွက်လာပြီးနောက် ကျောင်း၀န်းထဲသို့ တန်းသွားလိုက်၏။

ထိုအခါ အမြင့်တူညီလုနီးပါးသည့်ရှိသည့် အဆောက်အအုံသုံးခုကို မြင်လိုက်ရပြီး အချိန်အ‌တော်ကြာ လှည့်ပတ်ရှာဖွေပြီးတော့မှ ဘီရှော့လမ်းကို ရှာတွေ့သွားခဲ့သည်။

___

ဘီရှော့၊ အခန်း ၁၀၀၈

ကွန်ပျူတာရှေ့တွင်‌တော့ကောင်မလေးနှစ်ယောက် စာရိုက်သံ တတောက်တောက်နှင့် အလုပ်များနေလေသည်။

"ငါတော့ မရတော့ဘူးဟာ..တစ်မနက်ခင်းလုံး ဒီနေရာမှာ ထိုင်နေရတာ...လက်တွေတောင် ရို-က်ချိုးထားသလိုပဲ..."

ပြောလိုက်သူကတော့ ဆံပင်အတိုနှင့် အနည်းငယ် ၀တုတ်နေသော ကောင်မလေးတစ်ဦးဖြစ်ပြီး သူမ၏မျင်နှာပေါ်တွင် တင်းတိပ်တစ်ချို့ ရှိနေပေမယ့် အတော်ချစ်စရာကောင်းသည့် ကောင်မလေးတစ်ဦးတော့ ဖြစ်၏။

"ဟီးဟီး နင့်ကို ဘယ်သူက လုပ်ခိုင်းလို့လဲ..အီရန်ဘွိုင်းက ခဏနေဆို ရောက်လာတော့မှာ ..အဲခါကျ ငါ့ရဲ့ စာတမ်းကို သူက ကိုယ်စားရေးပေးလိမ့်မယ်..."

ပြောလိုက်သူကတော့ ကျောက်ဝေရန်ဟုခေါ်သည့် မိန်းကလေးဖြစ်ပြီး သူမ၏ ရှည်လျားဖြောင့်စင်းသော ဆံကေသာများကို မြင်းမြီးပုံစံ ချည်ထားကာ မိနီဂျင်းစကတ်အတိုနှင့် နိုက်ကီရှပ်ကို ၀တ်ဆင်ထားလေသည်။

သူမ၏ ခြေတံသွယ်သွယ်လေးများ လှစ်ဟထားသည်မှာ အင်မတန်မှ မျက်စိအမြင် တင့်တယ်လွန်းလှ၏။

ဆံပင်အတိုနှင့် မိန်းကလေးမှာတော့ လျိုဝေ့ဖြစ်ပြီး ကျောက်ဝေရန်၏ အခန်းဖော်ဖြစ်ကာ ဘွဲ့ယူရန်အတွက် စာတမ်းပြင်ဆင်နေကြခြင်းပင်။

သို့သော်လည်း အခန်းထဲ၌ စာမလိုက်နိုင်သည့် ကျောင်းသူလေးများဖြစ်နေသည့်အပြင် အခက်ခဲ‌ဆုံးမေဂျာဖြစ်သည့် ရူပဗေဒကိုမှ ရွေးချယ်ထားမိသောကြောင့် ဘွဲ့ရ စာတမ်းပြုစုဖို့အတွက် ဒုက္ခအကြီးကြီး ရောက်နေတော့၏။

ကံကောင်းထောက်မစွာဖြင့် သူမ အထက်တန်းတက်စဥ်တုန်းက ခင်ခဲ့သည့် သူငယ်ချင်းတစ်ယောက်ထံမှ စာတမ်းအချိုရရှိထားသော်လည်း ပရင့်ထုတ်ပြီးသားဖြစ်နေလေသည်။ ထို့ကြောင့် ထုံးစံအတိုင်းကွန်ပျူတာထဲသို့ ပြန်ရိုက်ထည့်ပေးနေရ၏။

စာတမ်းအပ်ရတော့မည့် အချိန်ကလည်း နီးတစ်ထက် နီးကပ်လာပြီး‌ဖြစ်သောကြောင့် ကျောက်ဝေရန်လည်း ကြံရာမရတော့သည့်အဆုံး အီရန်ဘွိုင်းကိုသာ ခေါ်ရေးခိုင်းရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း တစ်စုံတစ်ယောက်မှ သူမအော်ဒါကို လက်ခံသွားသည်အထိ ကံကောင်းနေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့။

ထိုအီရန်ဘွိုင်း ရောက်လာသည်နှင့်တစ်ပြိုင်နက် သူမ အနားယူနိုင်တော့ပေမည်။

"နင့်အကြံကြီးက မယုံရဘူးနော်..."

"ဘာကို မယုံရတာလဲ..ငါတော့ ငါ့အကြံက မဆိုးဘူးလို့ ထင်တာပဲ..."

"အီရန်ဘွိုင်းလုပ်ဖို့ လိုအပ်ချက်တွေကိုလည်း နင်သိရဲ့သားနဲ့.. အမြင့်ဆုံးကမှ ဂျူနီယာအထင်တန်း‌လောက် ပြီးထားတဲ့ ကောင်လေးတွေ ..ဒီလောက် အဆင့်မြင့်တဲ့ ရူပဗေဒ စကားလုံးတွေကို နားလည်မယ်လို့ ထင်လား...ဒီတိုင်း ကြည့်ပြီး ရေးဖို့တောင် အဆင်ပြေမယ် မထင်ဘူးနော်...နောက်ဆုံးကျတော့လည်း နင့်ဘာနင်ပဲ အားကိုးရမှာကိုဟယ်..အလကား အလုပ်ရှုပ်အောင်လို့..."

"ဘာမှဖြစ်ဘူး..ဘယ်လောက် ကုန်သွားတာမှတ်လို့..နင်သာ ငါ့ကို နည်းနည်းလောက်လေး ကူညီလိုက်တာနဲ့ ငါ့ရည်မှန်းချက်က ပြီးပြည့်စုံသွားမှာနော်..."

"ဟွန့်..ငပျင်းမ.."လျိုဝေ့ မကျေမနပ် ဖြစ်သွားခဲ့သည်။

"နင်ကျတော့ကော...တစ်မနက်လုံး တစ်မနက်ခင်းလုံးရေးနေပြီးတော့မှ ဘာတွေ ပြီးသေးလို့လဲ.."

ချလပ်..

နှစ်ယောက်သား စကားများနေတုန်း စာသင်ခန်း တံခါးမှာ တွန်းပွင့်လာခဲ့ပြီး‌ ယောက်ျားလေးနှစ်ယောက် အပြင်ဘက်မှ ၀င်လာခဲ့လေသည်။ သူတို့ နှစ်ယောက်လုံး ဖက်ရှင်ကျကျနှင့် သားနားစွာ ၀တ်ဆင်ထားကြ၏။

တိုက်ဆိုင်စွာဖြင့် ထိုအထဲမှ တစ်ယောက်မှ ကျောင်းဂိတ်၀၌ ကျင်းချောင်ကို ချစ်ရေးဆိုထားသည့် စွန်းနင်ပင်။

"စွန်းနင်..နင်ဘာလို့ ဒီရောက်နေတာ..နင်ပြောတော့ ကျင်းကျင်းကို သွားပြီး ၀န်ခံမယ်ဆို..."လျိုဝေ့ ကြောင်အသွားပြီ မေးလိုက်၏။

"ဟားဟား..ဒီနေ့ ဖြစ်ပျက်သွားခဲ့တာတွေက သောက်ရမ်း စိတ်၀င်စားဖို့ကောင်းတယ်သိလား..နင်တို့သာ ကိုယ်တိုင်မမြင်လိုက်ရရင် ယုံနိုင်မှာတောင် မဟုတ်ဘူး..."

စကားပြောလိုက်သူကတော့ စွန်းနင်နှင့် အတူ ရောက်လာခဲ့သည့် ကျန်းကျန်း(Zhang Jian)ပင်။

အင်ဂျင်နီယာကျောင်း တစ်ခုလုံးတွင် စွန်းနင်ထက်ချမ်းသာသူ နှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး ကျောက်ဝေရန်ကို အ‌ေ-သအလဲ ပိုးပန်းနေသူလည်း ဖြစ်၏။

သို့သော်လည်း ကျောက်ဝေရန်ကတော့ သူ့ကို သဘောကျရန်ဝေးစွ..မြင်တာနှင့်တင် မျက်စိစပါးမွေး စူးနေတော့၏။

"ဘာ‌ဖြစ်တာလဲတဲ့..ငါ့ကိုလဲပြောပြပါဦးလား....ဒီတစ်မနက်လုံး ဒီစာတမ်းရေးရတာနဲ့ ဦးနှောက်ခြောက်လွန်းလို့..."

"ကျင်းကျင်း သဘောတူတော့မယ့်အချိန် စူပါကားအလန်းကြီးနဲ့ ဘယ်ကမှန်းမသိတဲ့ ဒုတိယမျိုးဆက်တစ်ယောက် ရောက်လာခဲတယ်လေ..သူက ဒီတိုင်း လမ်းမေးတယ်ဆိုပေမယ့် ကျင်းချောင်က တစ်ခါတည်း အဲ့ကောင်ကားကို စွဲလမ်းသွားရော..အဲ့တာနဲ့ပဲ ဒီကောင် ကြိုးစားထားတာတွေ အကုန် သဲထဲရေသွန် ဖြစ်သွားတာလေ..ပြီးတော့..ဟားဟား..တစ်ကျောင်းလုံးရှေ့မှာ စော်ငြင်းခံရတဲ့ကောင်ကြီးဖြစ်သွားတာပေါ့ကွာ...."

"မဖြစ်နိုင်တာ..အဲ့လို ကိစ္စမျိုး ဖြစ်သွားသေးတာလားတဲ့...ဟိုက ဒီတိုင်း လမ်း‌မေးလိုက်တာကို နင်က ဖောက်ပြန်ခံလိုက်ရ‌တယ်ပေါ့..တော်သေးတယ်...လမ်းလေးပဲ မေးလိုက်လို့..."

"လစ်စမ်း...ဘာကို ဖောက်ပြန်ခံရတာလဲကွ..အဲ့လို စကားလုံးမျိုးက ဆရာစွန်းရဲ့ အဘိဓာတ်ထဲမှာ မရှိသေးဘူး..."

စွန်းနင် ဒေါသထွက်စွာဖြင့် "ငိုးပဲ အဲ့ ဒုတိယမျိုးဆက်ကလည်း အချိန်ကောင်းမှ ရောက်လာရလားကွာ..နည်းနည်းလေး နောက်ကျမှ လာတော့ကော ယီးဖြစ်သွားမှာမို့လို့တဲ့လား...ဘွဲ့မယူခင် ဖွင့်ပြောမယ်ဆိုပြီးတော့ တစ်လလောက် ကြိုစီစဉ်ထားခဲ့ရတာကို..ခုတော့ အားလုံး သဲထဲရေသွန်ပဲ..."

"စိတ်ထိန်းပါဦးဟ..ကမ္ဘာပေါ်မှာ မိန်းကလေး မရှားပါဘူးကွာ..တစ်ယောက်မရတော့ နောက်တစ်ယောက်ရှာပေါ့ကွ..ဘာဆန်းတာမှတ်လို့..."

"အေးပါဟယ် တော်ကြပါတော့..နင်ကလည်း ဖွင့်မပြောခင် နေ့ကောင်းရက်မြတ်လေးတော့ ကြိုမရွေးထားပဲနဲ့...ဘယ်လောက်တောင် ကံဆိုးလိုက်လဲ..."

စွန်းနင် ဆက်မပြောချင်တာကို မြင်တော့ ကျန်းကျန်းလည်း ဆက်မစ‌နောက်တော့ပဲ ယူလာခဲ့သည့် သောက်စရာများကိုသာ မိန်းကလေးနှစ်ယောက်ထံ ကမ်းပေးလိုက်၏။

"ဝေဝေ...တစ်မနက်လုံး ပင်ပမ်းထားတာဆိုတော့ အအေးလေးဘာလေးသောက်ပြီး ခဏနားပါဦးလား..."

"ပြန်ယူသွား..ငါမသောက်ချင်ဘူး.."ကျောက်ဝေရန် မျက်နှာထား တည်တည်ဖြင့် ပြောလိုက်၏။

"ဘာမှ ထွေထူး မရှိတော့ဘူးဆိုရင်လည်း နင်တို့နှစ်ယောက်လုံးဂျောင်းတော့ဟာ..ငါတို့ စာ‌တမ်းပြုစုနေတာကို လာမနှောက်ယှက်နဲ့..."

"မိန်းကလေးကျောက်..အစ်ကိုကျန်းက နင်တို့ကို သောက်စေချင်လို့ ဘ‌လော့နှစ်ခုလောက်အထိ ဆက်တိုက် ပြေးထားရတာနော်....၀ယ်ပေးတဲ့သူ စိတ်ချမ်းသာအောင် အနည်းဆုံးတစ်ငုံလောက်တော့ သောက်ပေးသင့်တာပေါ့...."စွန်းနင် သူ့အစ်ကိုကြီး၏ အနစ်နာခံမှုတွေကို ပြောပြလိုက်ပြီး

"ပြီးတော့ အစ်ကိုကျန်းက ထိပ်တန်းကျောင်းသားပဲဟာ ..စာတမ်းလေးပဲမလား...သူ့ကို ကူညီ‌ခိုင်းလိုက်.."

"မလိုဘူး..ငါတို့ကို ကူညီပေးမယ့်သူက ရောက်လာတော့မှာ ..နင်တို့ နှစ်ယောက်သာ မြန်မြန်ဂျောင်းလိုက်တော့..."

"မဖြစ်နိုင်တာ..နင်က အစ်ကိုကြီးကျန်း မျက်စိကျနေတဲ့ တစ်ဦးတည်းသော ကောင်မလေးလေ..အင်ဂျင်နီယာဌာနာ တစ်ခုလုံးမှာ အစ်ကိုကျန်းဟိတ်ဆို ဘယ်သူက တိတ်လို့ ပြန်ပြောရဲလို့လဲ..."

"အဲ့တာ နင့်ကိစ္စမဟုတ်ဘူး.."ကျောက်ဝေရန် လေသံခပ်တင်းတင်းဖြင့် ပြောလိုက်၏။

"အဲ့တာဆိုလည်း မသွားဘူးကွာ....တစ်နေ့လုံး ဒီမှာပဲ ထိုင်နေမှာ .."ကျန်းကျန်း ထိုင်ခုံတစ်လုံး ဆွဲယူလိုက်ပြီး ခြေတင်ချိတ် ထိုင်နေလိုက်၏။

"ဘယ်သူက နင့်ကို ကူညီရဲလဲဆိုတာ ငါကြည့်စမ်းပါဦးမယ်..."

ဒေါက် ဒေါက် ဒေါက်...

"၀င်ခဲ့ပါ..."ကျောက်ဝေရန် အော်လိုက်သည်။

အခန်းတံခါး ပွင့်လာပြီး လင်းရီ အပြင်ဘက်မှ ၀င်လာခဲ့၏။

"တစ်စိတ်လောက်ပါ..ဒီထဲမှာ ဘယ်သူက မိန်းကလေးကျောက်လဲခင်ဗျ..."

All Chapters